book

Index 7

အပိုင်း ၆

ဒီနတ်တွေကတော့...


သူအပြင်ပန်းဟန်က ပိန်ပါးကာပျော့ညံ့သည့်ပုံရှိပေမယ့် အတွင်းစိတ်မှာတော့ သူ့ကိုယ်သူတည်ကြည်သည့်ယောကျၤားတစ်ယောက်အဖြစ် ခံယူထားသည်မို့ ယခုကဲ့သို့ ကလေးအရုပ်လုသည့်သဖွယ် အတင်းတိုးဖက်နေကြသည်ကို လက်မခံနိုင်ပါချေ။ခေတ်စကားဖြင့်ပြောရလျှင် ဤအပြုအမူက သူ့imageပျက်၏။ သူ့စိတ်တွင်းတွင် လက်မခံချင်သည့်စိတ်သာကြီးစိုးနေတော့သည်။ 


ထိုနတ်နှစ်ပါး၏ပွေ့ဖက်မှုမှာ တခဏမျှလျော့ရဲသွားသဖြင့် သူသက်သာရာရမည်ပဲကြံရသေးသည် တစ်ဖန် ပိုတိုးကာဖက်ခြင်းကိုသာ ခံလိုက်ရတော့သည်။


တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခံထားရသည့်အပြင် လေထုဖိအားမှာလည်း သက်တောင့်သက်သာမရှိသည်မို့ ကျူးယင်မှာ ထိုလက်လေးဘက်အကြား ညပ်ကာမျက်နှာလေးရှုံ့မဲ့နေလေသည်။ 


ဒီနတ်တွေကတော့ သူတို့အိမ်မှာဖက်စရာကလေးမရှိဘူးလား.... အဲ့လောက်ဖက်ချင်နေကြရင်လည်း အရုပ်သာဝယ်ဖတ်ပါတော့လား.... ဘာလို့အခုထိ မလွှတ်သေးရတာလဲ


ကျူးယင်ရှိသမျှအားအကုန်သုံးကာရုန်းကန်ပြီးသည့်နောက် အနည်းငယ်အကြာတွင်တော့ ထိုနတ်နှစ်ပါးဟာ တစ်ဦးမျက်နှာတစ်ဦးရှုပြီး သူ့အားဖက်ထားရာမှ လွတ်ပေးကြတော့သည်။ 


အပြုံးမျက်နှာနှင့်နတ်သားနှစ်ပါးတွင် တစ်ပါးက အစိမ်းတွင်ရွှေရောင်လှိုင်းလေးများစပ်ထားသည့် ဝတ်ရုံကိုဆင်မြန်းထားပြီး ရွှေရောင်ဆံထိုးဖြင့် ဆံနွယ်တစ်ချိုု့တစ်ဝက်ကို သိမ်းတင်ထားကာ ခါးထိတိုင်ရှည်လျားသောကျန်ဆံပင်တို့ကိုဖြင့် ဖြန့်ကာချထားသည်။ မျက်ခုံးအညိုရောင် မျက်စံစိမ်းဖန့်ဖန့်နှင့် သွယ်သောမေးရိုး၊ ချွန်သောနှာတံတို့ဖြင့် သူကားကျူးယင်နှင့်ပိုပြီးနီးစပ်သောရုပ်၇ည်ရှိသည်။ 


နောက်နတ်တစ်ပါးကမူ မျက်နှာထားက အနည်းငယ်ပိုပြီးတည်မယောင်နိုင်သည်။ ကျောက်စိမ်းဖြူဆံထိုးကိုတည့်တည့်မထိုးထားဘဲ အနည်းငယ်စောင်းကာထိုးထားပြီး နားထင်မှဆံမျှင်နှစ်ခုက ရင်ဘတ်ပေါ်သို့စင်းကျနေလေသည်။ အဖြူရောင်တွင် အနက်စပ်ထားသောဝတ်စုံကိုဝတ်ထားသည်ကြောင့် ထိုနတ်ကပိုပြီးရှေးရိုးဆန်ပုံပေါ်နေ၏။ အနည်းငယ်ကားမယောင်ရှိသောမေးရိုးနှင့် စင်းကျနေသောနှာတံက လိုက်ဖက်လှသည်။ မျက်ခုံးနက်တို့က ပြေပြစ်သောနှဖူးနှင့် ပနံသင့်၏။ ရှည်လျားလှသောမျက်တောင်ထူတို့ကား ကော့ညွတ်နေကာ နီမြန်းနေသည့်နှုတ်ခမ်းတို့ဖြင့်ပေါင်းလိုက်တော့ အလွန်ကိုဆွဲဆောင်အားကောင်းသွားတော့သည်။ ဆံနွယ်ရှည်တို့က ဝါးရုံတောမှဝါးပင်များအတိုင်းစင်းကျနေကာ ဒူးအထက်နားတိုင်ရောက်လျက်ရှိသည့်အပြင် လေအဝေ့တွင် ထိုဆံနွယ်နက်တို့က တလွင့်လွင့်ဖြင့်....


ဒီနတ်ကတော့ဖြင့် နီမြန်းနေသည့်နှုတ်ခမ်းတစ်စုံဖြင့် သေဆိုသေ၊ရှင်ဆိုရှင် စေခိုင်းနိုင်မည်မှာမလွဲအမှန်ဖြစ်မည်ဟု ကျူးယင်တွေးလိုက်မိသည်။


ထိုနတ်ကိုသာ အနုပညာရှင်အဖြစ်လုပ်ခိုင်းပါက အင်မတန်အောင်မြင်လိုက်မည့်ဖြစ်ခြင်း.... ထိုနတ်နှင့်သာစာချုပ်ချုပ်နိုင်ပါက ကျောင်းပြီးသည့်အခါမည်သည့်အလုပ်မှလိုက်လျှောက်နေစရာမလိုတော့ဘဲ ကျူးယင့်လက်ဖျားတွင် ငွေသီးနေပေလိမ့်မည်။ ဒါ့အပြင် သွားတိုက်တံကအစ ကြမ်းခင်းကောဇောအဆုံး ထိုနတ်ပုံဖြင့်ပစ္စည်းတွေသာထုတ်လိုက်မည်ဆိုလျှင်လည်း စက္ကန့်ပိုင်းအတွင်း ဆိုးအောက်ကုန်မှာအမှန်ပင်။ 


ကျူးယင်ပြူးကာကြည့်လျက်ရှိသောအနေအထားတွင် ထိုငွေသီးစေမည့်နတ်မှ သူ့အားပြုံးယောင်ယောင်ဖြင့် လက်အတွင်းမှကျောက်စိမ်းနုရောင် ယပ်တောင်ကိုတစ်ချက်ခတ်ကာပြောလာသည်။ ထိုယပ်တောင်မှာ တောက်ပသယောင်ရှိကာ မည်သည့်အလှမှဆင်ထားခြင်းမ၇ှိ ပြောင်ကြီးသာဖြစ်သည်။


"ရှောင်ယင် ငါကပိုချောလာလို့ အဲ့လောက်ပြူးကြည့်နေတာလား"


ထိုအမေးကိုကျူးယင်မည်သို့ဖြေရမည်လဲ ဟုတွေးနေစဉ်မှာပင် ငြိမ့်ငြောင်းသောကျေးဌက်၏တေးဆိုသံအလားထင်ရသောအသံဖြင့် နဘေးမှနတ်ကဆိုလာသည်။


"အကို့ မင်းချောတာဖြစ်ဖြစ် လှတာဖြစ်ဖြစ် ရှောင်ယင်ကဘာလုပ်လို့ရမှာမို့လို့လဲ။ မင်းမျက်နှာကြီးဖြုတ်ပြီး သူ့မျက်နှာမှာတပ်ထားလို့ ရတာလည်းမဟုတ်ဘဲ"


ထိုစကားများကရန်စကားအသွင်ဆောင်သော်လည်း ညီအကိုချင်းချစ်ကြည်မှုကိုတော့ဖြင့် မပျက်စီးစေနိုင်ပေ။ 


ဒီအသံ ဒီအသံကဘာလို့ဒီလောက်တောင် နားထောင်ကောင်းနေရတာလဲ။ သူ့ကိုလည်း ငါအဆိုတော်လုပ်ခိုင်းသင့်လား... နှစ်ယောက်ဆိုတော့ ဘန်းတစ်ခုဖွဲ့လို့ရပြီ။ 


"ရှောင်ယင် မင်းအဆင့်တက်သွားတယ်လို့ငါတို့ကြားတာ တကယ်ပဲကိုး။ ကြည့်ပါဦး ငါတို့ရှောင်ယင်လေးက ပိုပြီးချောလာလိုက်တာ အဲ ဒါနဲ့ မင်းအတိတ်မေ့သွားတယ်ဆို ငါစကားတွေအများကြီးပြောနေတာ မင်းငါဘယ်သူလဲရော သိရဲ့လား"


ထိုစကားကြားမှ ကျူးယင်၏အတွေးထဲမှ ဘန်းလေးဟာပလုံဟုပင်မမြည်ဘဲ ပျောက်ကွယ်သွားကာ လက်ရှိအခြေအနေသို့ အာရုံပြန်လည်ရောက်ရှိလာတော့သည်။ 


ဒီနတ်တွေကနတ်တွေလေ... ငါကလည်းဒီမှာလေ သူတို့နဲ့ဘယ်လိုလုပ်စာချုပ်ချုပ်နိုင်တော့မှာလဲ......


စက္ကန့်ပိုင်းလောက်ကြေကွဲပြီးမှ ပြင်မရတော့သည့်သူ၏နတ်သရုပ်ကို အပီကဖို့ဆုံးဖြတ်လိုက်တော့သည်။ အလုပ်လုပ်စရာမလိုတဲ့နတ်လောကကြီးထဲမှာ အေးအေးဆေးဆေးနေသွားမှပါလေ


နဉ်အားပြုံးပြနေကြအပြုံးမျိုး ထိုနတ်နှစ်ပါးကိုလည်း ပြုံးပြလိုက်သည်။ လက်ရှိထိုနတ်နှစ်ပါးပြောပုံတွေအရ သူသည်ထိုနှစ်ယောက်နှင့်စာလျှင် ငယ်ရွယ်ပုံရသည်။ အင်မတန်ချောသောနတ်ကားအကြီးဖြစ်နိုင်ပြီး ခပ်ပြုံးပြုံးနှင့် သဘောကောင်းကာခင်တတ်ဟန်ရသောနတ်ကား အလတ်ဖြစ်လောက်သည်။ သို့ပေမယ့် ခန့်မှန်းတာကမှားနေနိုင်သေးသည်မို့ ထိုနတ်တွေပြောသည့်အတိုင်း အလိုက်သင့်သာနေဖို့ဆုံးဖြတ်မိသည်။ ထို့နောက် သူ့ထက်ကြီးဟန်ရသည့်နတ်နှစ်ပါးအား နဉ်အားပြုမူသကဲ့သို့ တရိုတသေဖြင့်အရိုအသေပေးလိုက်သည်။


"ဒီက အကိုပြောတာမှန်ပါတယ်။ ကျွန်တော်အားလုံးကို မေ့လျော့သွားတာမို့ အကိုတို့နာမည်ကိုတောင် မသိတော့ပါဘူးဗျာ"


ကျူးယင်၏အပြောကိုကြားတော့ အစိမ်းဝတ်ထားသည့်နတ်၏အပြုံးတွေတန့်သွားကာ တည်ငြိမ်ချောမောသောနတ်အား တအံ့တသြတစ်ချက်လှည့်ကြည့်ပြီးမှ ကျူးယင်၏အရိုအသေပြုနေမှုကို လက်နှစ်ဖက်ဖြင့်တားဆီးလိုက်သည်။


"အကိုရေ ရှောင်ယင်က အတိတ်မေ့သွားတာခပ်ကောင်းကောင်းလို့ပြောရမလားဘဲ ။သိပ်သိတတ်လာတယ်။ အမေတော့ ပိုချစ်တော့မယ်။ ရှောင်ယင်လေး မင်းကငါတို့နှစ်ယောက်ကို ဘယ်တုန်းကမှအရိုအသေမပေးဖူးဘူးကွ။ ရှောင်ယင် မင်း ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့ ကျောင်းလျှန်ရဲ့မိုးကြိုးစက်ကွင်းကြီး ငါ့ဆီပျံဝဲလာသလိုငါခံစားလိုက်ရတယ်"


ယခင်ကျူးယင်ကအတော်ဆိုးတာပဲ အင်း နဉ်ကအနည်းငယ်ပဲပြောပြထားပေမယ့် ထိုအနည်းကိုကဆိုးသည့်အရာတွေချည်းမို့ ကျူးယင်သက်ပြင်းချလိုက်မိသည်။ အခုကသူဖြစ်နေပြီမို့ ရှေ့ဆက်ပြီးအကောင်းဆုံးတွေပဲဖြစ်အောင် ကြိုးစားသွားရမယ်.......


ကျူးယင် သူ့လက်မောင်းနှစ်ဖက်ကိုကိုင်ထားကာ ခပ်နောက်နောက်ဆိုလာသည့်နတ်ကို အားနာသည့်အပြုံးလေးပြုံးပြလိုက်သည်။


"အားနာလိုက်တာ ကျွန်တော်အရင်ကအရမ်းဆိုးခဲ့တာဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တကယ်မမှတ်မိတော့ဘူး ဒါကြောင့် ကျွန်တာ့်အပြုအမူတွေက အရင်ကနဲ့တူချင်မှတူတော့မှာ"


"အံမယ် ကျွန်တော် ကျွန်တော်နဲ့ ရှောင်ယင်လေးရယ် မင်းကြည့်ပြီးငါ့မှာအာခြောက်လိုက်တာ။ အရင်လိုနေလည်း မင်းကိုဘယ်သူမှဘာမှမပြောဘူး ။တစ်ယောက်ယောက်က တစ်ခုခုပြောရဲရင် အဲ့ဒီသူငါနဲ့တွေ့မယ်"


ကျူးယင်ထံမှလက်ကိုလွှတ်ကာ လက်ပိုက်လျက် ရင်ကော့ကာဟန်ချီချီပြောလိုက်သည်ကိုကြား၇သည့်အခါ ဘာရယ်မဟုတ် ကျူးယင်စိတ်ထဲနွေးသွားရသည်။ ယခင်ကျူးယင်ဘာကြောင့်ဆိုးရသည်ကို သူသိသလိုလိုရှိပြီ။ 


သူက အရမ်းအချစ်ခံခဲ့ရတာကိုး.....


တည်တန့်သောနတ်က သူ့လက်ထဲမှယပ်တောင်နှင့် ရင့်ကောကာနေသောနတ်၏ ခေါင်းအားခေါက်လိုက်သည်။


ဤသည်ကို ထိုနတ်က ခပ်ပြုံးပြုံးသာပြန်ကြည့်၏။


"မင်းက ရှောင်ယင့်ကိုအရမ်းအလိုလိုက်နေတယ် အဲ့ဒါကြောင့် ကလေးကဆိုးခဲ့တာ ။ လာ ရှောင်ယင် ငါ့ကိုမင်းအခန်းလိုက်ပြ ဟိုအဘိုးကြီး ငါ့ညီကိုဘယ်လိုထားလဲဆိုတာ ကြည့်ရမယ်၊ တစ်ခုခုဆို ငါနဲ့တွေ့မယ်"


ဟိုအဘိုးကြီးက ဘယ်အဘိုးကြီးလဲ။ တောင်ပေါ်မှာသူနေတာ၃ရက်ရှိပါပြီ အသက်ကြီးတဲ့သူတွေ မတွေ့မိပါဘူး။ 


သို့ပေမယ့် သူထုတ်မမေးဖြစ် အမေးဆိုထားသောနတ်အားခေါင်းတစ်ချက်ငြိမ့်ရင်း အဆောင်သို့ပြန်ရာလမ်းဘက်ခြေဦးလှည့်လိုက်သည်။ 


လမ်းသွားရင်းမှ သူသိလာရသည်က ခပ်ပြုံးပြုံးနှင့်နတ်မှာ ကျူးစစ်ဟုခေါ်သော သူ့အကိုငယ်ဖြစ်ပြီး တည်ကြည်သောနတ်ကမူ ကျူးလျန်ဟုခေါ်သော သူ၏ဒုတိယအကိုဖြစ်နေသည်။ အကိုအကြီးဆုံးက အဆောင်ပိတ်ကာလေ့ကျင့်နေသဖြင့် သူ့အကြောင်းမပြောရသေးသောကြောင့် လိုက်မလာခြဲ့ခင်းပေတဲ့......


-------------

ဆက်ရန်



ဒီနတ္ေတြကေတာ့...


သူအျပင္ပန္းဟန္က ပိန္ပါးကာေပ်ာ့ညံ႔သည့္ပံုရွိေပမယ့္ အတြင္းစိတ္မွာေတာ့ သူ႔ကိုယ္သူတည္ၾကည္သည့္ေယာက်ၤားတစ္ေယာက္အျဖစ္ ခံယူထားသည္မို႔ ယခုကဲ႔သို႔ ကေလးအရုပ္လုသည့္သဖြယ္ အတင္းတိုးဖက္ေနၾကသည္ကို လက္မခံနိုင္ပါေခ်။ေခတ္စကားျဖင့္ေျပာရလွ်င္ ဤအျပဳအမူက သူ႔imageပ်က္၏။ သူ႔စိတ္တြင္းတြင္ လက္မခံခ်င္သည့္စိတ္သာၾကီးစိုးေနေတာ့သည္။ 


ထိုနတ္ႏွစ္ပါး၏ေပြ႔ဖက္မႈမွာ တခဏမွ်ေလ်ာ့ရဲသြားသျဖင့္ သူသက္သာရာရမည္ပဲၾကံရေသးသည္ တစ္ဖန္ ပိုတိုးကာဖက္ျခင္းကိုသာ ခံလိုက္ရေတာ့သည္။


တင္းတင္းက်ပ္က်ပ္ေပြ႔ဖက္ခံထားရသည့္အျပင္ ေလထုဖိအားမွာလည္း သက္ေတာင့္သက္သာမရွိသည္မို႔ က်ဴးယင္မွာ ထိုလက္ေလးဘက္အၾကား ညပ္ကာမ်က္ႏွာေလးရႈံ႕မဲ႔ေနေလသည္။ 


ဒီနတ္ေတြကေတာ့ သူတို႔အိမ္မွာဖက္စရာကေလးမရွိဘူးလား.... အဲ႔ေလာက္ဖက္ခ်င္ေနၾကရင္လည္း အရုပ္သာ၀ယ္ဖတ္ပါေတာ့လား.... ဘာလို႔အခုထိ မလႊတ္ေသးရတာလဲ


က်ဴးယင္ရွိသမွ်အားအကုန္သံုးကာရုန္းကန္ျပီးသည့္ေနာက္ အနည္းငယ္အၾကာတြင္ေတာ့ ထိုနတ္ႏွစ္ပါးဟာ တစ္ဦးမ်က္ႏွာတစ္ဦးရႈျပီး သူ႔အားဖက္ထားရာမွ လြတ္ေပးၾကေတာ့သည္။ 


အျပံဳးမ်က္ႏွာႏွင့္နတ္သားႏွစ္ပါးတြင္ တစ္ပါးက အစိမ္းတြင္ေရႊေရာင္လႈိုင္းေလးမ်ားစပ္ထားသည့္ ၀တ္ရံုကိုဆင္ျမန္းထားျပီး ေရႊေရာင္ဆံထိုးျဖင့္ ဆံႏြယ္တစ္ခ်ိုဳ႔တစ္၀က္ကို သိမ္းတင္ထားကာ ခါးထိတိုင္ရွည္လ်ားေသာက်န္ဆံပင္တို႔ကိုျဖင့္ ျဖန္႔ကာခ်ထားသည္။ မ်က္ခံုးအညိဳေရာင္ မ်က္စံစိမ္းဖန္႔ဖန္႔ႏွင့္ သြယ္ေသာေမးရိုး၊ ခ်ြန္ေသာႏွာတံတို႔ျဖင့္ သူကားက်ဴးယင္ႏွင့္ပိုျပီးနီးစပ္ေသာရုပ္၇ည္ရွိသည္။ 


ေနာက္နတ္တစ္ပါးကမူ မ်က္ႏွာထားက အနည္းငယ္ပိုျပီးတည္မေယာင္နိုင္သည္။ ေက်ာက္စိမ္းျဖဴဆံထိုးကိုတည့္တည့္မထိုးထားဘဲ အနည္းငယ္ေစာင္းကာထိုးထားျပီး နားထင္မွဆံမွ်င္ႏွစ္ခုက ရင္ဘတ္ေပၚသို႔စင္းက်ေနေလသည္။ အျဖဴေရာင္တြင္ အနက္စပ္ထားေသာ၀တ္စံုကို၀တ္ထားသည္ေၾကာင့္ ထိုနတ္ကပိုျပီးေရွးရိုးဆန္ပံုေပၚေန၏။ အနည္းငယ္ကားမေယာင္ရွိေသာေမးရိုးႏွင့္ စင္းက်ေနေသာႏွာတံက လိုက္ဖက္လွသည္။ မ်က္ခံုးနက္တို႔က ေျပျပစ္ေသာႏွဖူးႏွင့္ ပနံသင့္၏။ ရွည္လ်ားလွေသာမ်က္ေတာင္ထူတို႔ကား ေကာ့ညြတ္ေနကာ နီျမန္းေနသည့္ႏႈတ္ခမ္းတို႔ျဖင့္ေပါင္းလိုက္ေတာ့ အလြန္ကိုဆြဲေဆာင္အားေကာင္းသြားေတာ့သည္။ ဆံႏြယ္ရွည္တို႔က ၀ါးရံုေတာမွ၀ါးပင္မ်ားအတိုင္းစင္းက်ေနကာ ဒူးအထက္နားတိုင္ေရာက္လ်က္ရွိသည့္အျပင္ ေလအေ၀့တြင္ ထိုဆံႏြယ္နက္တို႔က တလြင့္လြင့္ျဖင့္....


ဒီနတ္ကေတာ့ျဖင့္ နီျမန္းေနသည့္ႏႈတ္ခမ္းတစ္စံုျဖင့္ ေသဆိုေသ၊ရွင္ဆိုရွင္ ေစခိုင္းနိုင္မည္မွာမလြဲအမွန္ျဖစ္မည္ဟု က်ဴးယင္ေတြးလိုက္မိသည္။


ထိုနတ္ကိုသာ အႏုပညာရွင္အျဖစ္လုပ္ခိုင္းပါက အင္မတန္ေအာင္ျမင္လိုက္မည့္ျဖစ္ျခင္း.... ထိုနတ္ႏွင့္သာစာခ်ဳပ္ခ်ဳပ္နိုင္ပါက ေက်ာင္းျပီးသည့္အခါမည္သည့္အလုပ္မွလိုက္ေလွ်ာက္ေနစရာမလိုေတာ့ဘဲ က်ဴးယင့္လက္ဖ်ားတြင္ ေငြသီးေနေပလိမ့္မည္။ ဒါ့အျပင္ သြားတိုက္တံကအစ ၾကမ္းခင္းေကာေဇာအဆံုး ထိုနတ္ပံုျဖင့္ပစၥည္းေတြသာထုတ္လိုက္မည္ဆိုလွ်င္လည္း စကၠန္႔ပိုင္းအတြင္း ဆိုးေအာက္ကုန္မွာအမွန္ပင္။ 


က်ဴးယင္ျပဴးကာၾကည့္လ်က္ရွိေသာအေနအထားတြင္ ထိုေငြသီးေစမည့္နတ္မွ သူ႔အားျပံဳးေယာင္ေယာင္ျဖင့္ လက္အတြင္းမွေက်ာက္စိမ္းႏုေရာင္ ယပ္ေတာင္ကိုတစ္ခ်က္ခတ္ကာေျပာလာသည္။ ထိုယပ္ေတာင္မွာ ေတာက္ပသေယာင္ရွိကာ မည္သည့္အလွမွဆင္ထားျခင္းမ၇ွိ ေျပာင္ၾကီးသာျဖစ္သည္။


"ေရွာင္ယင္ ငါကပိုေခ်ာလာလို႔ အဲ႔ေလာက္ျပဴးၾကည့္ေနတာလား"


ထိုအေမးကိုက်ဴးယင္မည္သို႔ေျဖရမည္လဲ ဟုေတြးေနစဥ္မွာပင္ ျငိမ့္ေျငာင္းေသာေက်းဌက္၏ေတးဆိုသံအလားထင္ရေသာအသံျဖင့္ နေဘးမွနတ္ကဆိုလာသည္။


"အကို႔ မင္းေခ်ာတာျဖစ္ျဖစ္ လွတာျဖစ္ျဖစ္ ေရွာင္ယင္ကဘာလုပ္လို႔ရမွာမို႔လို႔လဲ။ မင္းမ်က္ႏွာၾကီးျဖဳတ္ျပီး သူ႔မ်က္နွာမွာတပ္ထားလို႔ ရတာလည္းမဟုတ္ဘဲ"


ထိုစကားမ်ားကရန္စကားအသြင္ေဆာင္ေသာ္လည္း ညီအကိုခ်င္းခ်စ္ၾကည္မႈကိုေတာ့ျဖင့္ မပ်က္စီးေစနိုင္ေပ။ 


ဒီအသံ ဒီအသံကဘာလို႔ဒီေလာက္ေတာင္ နားေထာင္ေကာင္းေနရတာလဲ။ သူ႔ကိုလည္း ငါအဆိုေတာ္လုပ္ခိုင္းသင့္လား... ႏွစ္ေယာက္ဆိုေတာ့ ဘန္းတစ္ခုဖြဲ႔လို႔ရျပီ။ 


"ေရွာင္ယင္ မင္းအဆင့္တက္သြားတယ္လို႔ငါတို႔ၾကားတာ တကယ္ပဲကိုး။ ၾကည့္ပါဦး ငါတို႔ေရွာင္ယင္ေလးက ပိုျပီးေခ်ာလာလိုက္တာ အဲ ဒါနဲ႔ မင္းအတိတ္ေမ့သြားတယ္ဆို ငါစကားေတြအမ်ားၾကီးေျပာေနတာ မင္းငါဘယ္သူလဲေရာ သိရဲ႕လား"


ထိုစကားၾကားမွ က်ဴးယင္၏အေတြးထဲမွ ဘန္းေလးဟာပလံုဟုပင္မျမည္ဘဲ ေပ်ာက္ကြယ္သြားကာ လက္ရွိအေျခအေနသို႔ အာရံုျပန္လည္ေရာက္ရွိလာေတာ့သည္။ 


ဒီနတ္ေတြကနတ္ေတြေလ... ငါကလည္းဒီမွာေလ သူတို႔နဲ႔ဘယ္လိုလုပ္စာခ်ုပ္ခ်ုပ္နိုင္ေတာ့မွာလဲ......


စကၠန္႔ပိုင္းေလာက္ေၾကကြဲျပီးမွ ျပင္မရေတာ့သည့္သူ၏နတ္သရုပ္ကို အပီကဖို႔ဆံုးျဖတ္လိုက္ေတာ့သည္။ အလုပ္လုပ္စရာမလိုတဲ႔နတ္ေလာကၾကီးထဲမွာ ေအးေအးေဆးေဆးေနသြားမွပါေလ


နဥ္အားျပံဳးျပေနၾကအျပံဳးမ်ိုး ထိုနတ္ႏွစ္ပါးကိုလည္း ျပံဳးျပလိုက္သည္။ လက္ရွိထိုနတ္ႏွစ္ပါးေျပာပံုေတြအရ သူသည္ထိုႏွစ္ေယာက္ႏွင့္စာလွ်င္ ငယ္ရြယ္ပံုရသည္။ အင္မတန္ေခ်ာေသာနတ္ကားအၾကီးျဖစ္နိုင္ျပီး ခပ္ျပံဳးျပံဳးႏွင့္ သေဘာေကာင္းကာခင္တတ္ဟန္ရေသာနတ္ကား အလတ္ျဖစ္ေလာက္သည္။ သို႔ေပမယ့္ ခန္႔မွန္းတာကမွားေနနိုင္ေသးသည္မို႔ ထိုနတ္ေတြေျပာသည့္အတိုင္း အလိုက္သင့္သာေနဖို႔ဆံုးျဖတ္မိသည္။ ထို႔ေနာက္ သူ႔ထက္ၾကီးဟန္ရသည့္နတ္ႏွစ္ပါးအား နဥ္အားျပဳမူသကဲ႔သို႔ တရိုတေသျဖင့္အရိုအေသေပးလိုက္သည္။


"ဒီက အကိုေျပာတာမွန္ပါတယ္။ က်ြန္ေတာ္အားလံုးကို ေမ့ေလ်ာ့သြားတာမို႔ အကိုတို႔နာမည္ကိုေတာင္ မသိေတာ့ပါဘူးဗ်ာ"


က်ဴးယင္၏အေျပာကိုၾကားေတာ့ အစိမ္း၀တ္ထားသည့္နတ္၏အျပံဳးေတြတန္႕သြားကာ တည္ျငိမ္ေခ်ာေမာေသာနတ္အား တအံ႔တၾသတစ္ခ်က္လွည့္ၾကည့္ျပီးမွ က်ဴးယင္၏အ၇ိုအေသျပဳေနမႈကို လက္ႏွစ္ဖက္ျဖင့္တားဆီးလိုက္သည္။


"အကိုေရ ေရွာင္ယင္က အတိတ္ေမ့သြားတာခပ္ေကာင္းေကာင္းလို႔ေျပာရမလားဘဲ ။သိပ္သိတတ္လာတယ္။ အေမေတာ့ ပိုခ်စ္ေတာ့မယ္။ ေရွာင္ယင္ေလး မင္းကငါတို႔ႏွစ္ေယာက္ကို ဘယ္တုန္းကမွအရိုအေသမေပးဖူးဘူးကြ။ ေရွာင္ယင္ မင္း ထူးထူးဆန္းဆန္းေတြမလုပ္ပါနဲ႔ ေက်ာင္းလွ်န္ရဲ႕မိုးၾကိဳးစက္ကြင္းၾကီး ငါ့ဆီပ်ံ၀ဲလာသလိုငါခံစားလိုက္ရတယ္"


ယခင္က်ဴးယင္ကအေတာ္ဆိုးတာပဲ အင္း နဥ္ကအနည္းငယ္ပဲေျပာျပထားေပမယ့္ ထိုအနည္းကိုကဆိုးသည့္အရာေတြခ်ည္းမို႔ က်ဴးယင္သက္ျပင္းခ်လိုက္မိသည္။ အခုကသူျဖစ္ေနျပီမို႔ ေရွ႕ဆက္ျပီးအေကာင္းဆံုးေတြပဲျဖစ္ေအာင္ ၾကိဳးစားသြားရမယ္.......


က်ဴးယင္ သူ႔လက္ေမာင္းႏွစ္ဖက္ကိုကိုင္ထားကာ ခပ္ေနာက္ေနာက္ဆိုလာသည့္နတ္ကို အားနာသည့္အျပံဳးေလးျပံဳးျပလိုက္သည္။


"အားနာလိုက္တာ က်ြန္ေတာ္အရင္ကအရမ္းဆိုးခဲ႔တာျဖစ္မယ္။ ဒါေပမယ့္ က်ြန္ေတာ္တကယ္မမွတ္မိေတာ့ဘူး ဒါေၾကာင့္ က်ြန္တာ့္အျပဳအမူေတြက အရင္ကနဲ႔တူခ်င္မွတူေတာ့မွာ"


"အံမယ္ က်ြန္ေတာ္ က်ြန္ေတာ္နဲ႔ ေရွာင္ယင္ေလးရယ္ မင္းၾကည့္ျပီးငါ့မွာအာေျခာက္လိုက္တာ။ အရင္လိုေနလည္း မင္းကိုဘယ္သူမွဘာမွမေျပာဘူး ။တစ္ေယာက္ေယာက္က တစ္ခုခုေျပာရဲရင္ အဲ႔ဒီသူငါနဲ႔ေတြ႕မယ္"


က်ဴးယင္ထံမွလက္ကိုလႊတ္ကာ လက္ပိုက္လ်က္ ရင္ေကာ့ကာဟန္ခ်ီခ်ီေျပာလိုက္သည္ကိုၾကား၇သည့္အခါ ဘာရယ္မဟုတ္ က်ဴးယင္စိတ္ထဲေႏြးသြားရသည္။ ယခင္က်ဴးယင္ဘာေၾကာင့္ဆိုးရသည္ကို သူသိသလိုလိုရွိျပီ။ 


သူက အရမ္းအခ်စ္ခံခဲ႔ရတာကိုး.....


တည္တန္႔ေသာနတ္က သူ႔လက္ထဲမွယပ္ေတာင္ႏွင့္ ရင့္ေကာကာေနေသာနတ္၏ ေခါင္းအားေခါက္လိုက္သည္။


ဤသည္ကို ထိုနတ္က ခပ္ျပံဳးျပံဳးသာျပန္ၾကည့္၏။


"မင္းက ေရွာင္ယင့္ကိုအရမ္းအလိုလိုက္ေနတယ္ အဲ႔ဒါေၾကာင့္ ကေလးကဆိုးခဲ႔တာ ။ လာ ေရွာင္ယင္ ငါ့ကိုမင္းအခန္းလိုက္ျပ ဟိုအဘိုးၾကီး ငါ့ညီကိုဘယ္လိုထားလဲဆိုတာ ၾကည့္ရမယ္၊ တစ္ခုခုဆို ငါနဲ႔ေတြ႔မယ္"


ဟိုအဘိုးၾကီးက ဘယ္အဘိုးၾကီးလဲ။ ေတာင္ေပၚမွာသူေနတာ၃ရက္ရွိပါျပီ အသက္ၾကီးတဲ႔သူေတြ မေတြ႕မိပါဘူး။ 


သို႔ေပမယ့္ သူထုတ္မေမးျဖစ္ အေမးဆိုထားေသာနတ္အားေခါင္းတစ္ခ်က္ျငိမ့္ရင္း အေဆာင္သို႔ျပန္ရာလမ္းဘက္ေျခဦးလွည့္လိုက္သည္။ 


လမ္းသြားရင္းမွ သူသိလာရသည္က ခပ္ျပံဳးျပံဳးႏွင့္နတ္မွာ က်ဴးစစ္ဟုေခၚေသာ သူ႔အကိုငယ္ျဖစ္ျပီး တည္ၾကည္ေသာနတ္ကမူ က်ဴးလ်န္ဟုေခၚေသာ သူ၏ဒုတိယအကိုျဖစ္ေနသည္။ အကိုအၾကီးဆံုးက အေဆာင္ပိတ္ကာေလ့က်င့္ေနသျဖင့္ သူ႔အေၾကာင္းမေျပာရေသးေသာေၾကာင့္ လိုက္မလာချဲ႔ခင္းေပတဲ႔......


-------------

ဆက္ရန္




rate now:

2 Reviews
  • reader Essence_Flame 12.12.2019, 06:35 5

    😍

    reply

  • reader Kaung Wai Yan 01.12.2019, 05:45 5

    🥰

    reply