ဒီလောကအကြောင်းကျူးယင်သေချာမသိသေးသော်ငြား နဉ်ကိုမေးမြန်းဖို့လည်းမကြိုးစားပါပေ။ နဉ်ထံမှရသည့်ရှိန်ေ လာက်သည့်အရှိန် အဝါအားကျူးယင်စိုးရွံ့မိသည်။ နောက်ကျတဖြေးဖြေးနားလည်သွားဖို့သာမျှော်လင့်ရသည်။
ညစာစားရအောင်ဆိုကာ ကျူးယင်လက်အားလာဆွဲပြီးစက္ကန့်ပိုင်းအကြာတွင် သူ့လက်ပြန်လွှတ်ပေးသည်။အနည်းငယ်နာကျင်သွားသည့်လက်ကောက်ဝတ်လေးကိုအကျႌအားဆွဲမကာကြည့်ပြီးမှ ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကိုကျူးယင်သတိထားမိသည်။ တောင်ထိပ်မှာရှိတဲ့လှပတဲ့မြင်ကွင်းအစား ရိုဆန်ဆန်လမ်းကြားလေးထဲသူရောက်နေသည်။ ပတ်ပတ်လည်မှာပန်းရောင်အရွက်တွေပဲရှိတဲ့သစ်ပင်တွေဟာစီတန်းလို့နေပြီး ရှေ့၊နောက်မသဲကွဲအောင်မြူအနည်းငယ်ဆိုင်းနေသည်။ ဒီကဗျာဆန်တဲ့နေရာမှာပုံရိုက်ပြီး weiboမှာတင်မယ်ဆိုလျှင် အသဲတော်တော်များများရမည်ဟုကျူးယင်တွေးလိုက်မိသေးသည်။ နောက်သူတစ်စုံတစ်ခုကိုသတိထားလိုက်မိသည်. ခုနကနဉ်ကသူ့လက်အားစက္ကန့်ပိုင်းလောက်လာကိုင်လိုက်ရုံဖြင့် အခြားနေရာတစ်ခုကိုရောက်သွားခဲ့သည်။ ရှေကခပ်လှမ်းလှမ်းမှာတည်တည်ငြိမ်ငြိမ်သွားနေတဲံနဉ်အားကျူးယင် မျက်မှောင်ကျုံ့ကာကြည့်လိုက်သည်။ ဒီလောကကသူထင်ထားသလောက်မရိုးရှင်းလောက်။ ကျင့်ကြံခြင်းလောကမဟုတ်ဘဲ ဒါက...
တစ်ဆက်တည်းမှပဲ သူကနတ်ဝိဇ္ဇာအဆင့်ရောက်နေပြီဖြစ်ကြောင်းနဉ်ပြောခဲ့တာကိုသတိရလိုက်သည်။ အိုး... ဒါဆို သူကနတ်လောကထဲရောက်လာတာပေါ့...
အတွေးတွေမရှင်းလင်းခင်မှာနဉ်ဟာ အဆောက်အဦးတစ်ခုရှိတဲ့ခြံဝန်းလေးထဲဝင်သွားသည်။ ထိုအဆောက်အဦးသည် ဗိသုကာပညာရှင်တစ်ယောက်ဆောက်ခဲ့သည်အလား ခမ်းနားလှသည်။ ဘုံကျောင်းဆန်ပေမယ့် သိပ်လည်းမမြင့်လှ။ ရုပ်သံဇာတ်လမ်းတွဲတွေထဲက ရှေးခေတ်နေအိမ်တွေထက်တော့များစွာခမ်းနားလှသည်။ အဝင်ဝမှာအစောင့်နှစ်ယောက်ပေါ်လာကာနဉ်အားခေါင်းငုံ့ကာနှုတ်ဆတ်သည်။ ထိုနှစ်ယောက်အားအစောင့်ဟုတန်းသိရသည်မှာ ထိုသူတို့လက်ထဲရှိဓားရှည်တွေကြောင့်ပင်။ ကျူးယင်နဲ့မတူတဲ့အညိုရောင်ဝတ်စုံကိုသပ်သပ်ရပ်ရပ်ဝတ်ထားကာ ဆံပင်အားကြိုးဖြင့်ထုံးထားသည်။ နဉ်ကတစ်ချက်မျှမကြည့်ပဲဝင်သွားတာမို့ကျူးယင်လည်းအနောက်ကအမြန်လိုက်ဝင်ရသည်။ အစောင့်တွေမှာကျူးယင်ကိုတော့ဖြင့် နှာခေါင်းရှုံ့ကာ ပြီးပြီးရောဦးညွတ်သည်။ ကျူးယင်စိတ်တိုသွားရသည်။ နဉ်ပြောပုံအရဆို ဒီခန္ဓာပိုင်ရှင်ကမျိုးရိုးကြီးကတဲ့။ အခုလိုအစောင့်တွေကသူ့ကိုဒီလိုမထီမဲ့မြင်ပြုစရာလား...
ကျူးယင်စိတ်ထဲထောင်းခနဲဖြစ်သွားသည်။ ခေတ်သစ်ကာလကသူသည်အပေါင်းအသင်းနည်းပေမယ့်လူအများ၏လေးစားမှုတို့ကိုရရှိထားသူဖြစ်လေရာ အခုလိုရှုံ့ချမှုမျိုးကိုလက်သင့်မခံနိုင်ပေ။ ထိုအစောင့်နှဏ်ယောက်ကိုစူးစိုက်ကြည့်နေစဉ်မှာ မျက်နှာအမူအရာတွေပြောင်းလဲကာပျက်ယွင်းကုန်တဲ့ဟန်တွေကြောင့် ကျူးယင်လက်သီးဆုပ်ထားသည်ကိုဖြေလျော့လိုက်ဖြစ်သည်။ အစောင့်တွေဟာ ဒူးတွေညွတ်ကျသွားကာတောင်းပန်စကားတွေဆိုလာသည်မို့ကျူးယင်အံ့သြသွားရသည်။ သို့ပေမယ့်ဒေါသစိတ်ကတော့မပျောက်သေး။ ကျူးယင်ရဲ့ပခုံးကိုနဉ်ကတစ်ချက်လာပုတ်ကာ သူ့အားအနီးကပ်ကာသေချာစူးစမ်းသလိုကြည့်လာသည်။ ကျူးယင်ကိုအပော်အောက်သေချာကြည့်ပြီး အံ့သြသလိုပါးစပ်အနည်းငယ်ဟကာ ဟန်တစ်ချက်ပျက်သွားပေမယ့်ချက်ချင်းပြန်ထိန်းလိုက်သည်ကိုသူသိလိုက်ပါသည်။
ဒူးထောက်ကာတောင်းပန်နေကြဆဲအစောင့်တွေအား လက်ဟန်ဖြင့်နဉ်ကထွက်သွားစေလိုက်သည်။
သူ့ကိုပြန်ကြည့်ကာ နှဖူးကိုလက်ဖြင့်တစ်ချက်တို့ပြန်သည်။ ထိုနေရာမှအေးခနဲဖြစ်သွားသည်နှင့်အတူ ဒေါသတို့ပြေပျောက်သွားရသည်။
"ဒေါသကြီးတဲ့ကောင်လေး လာ လိုက်ခဲ့"
လိုက်ခဲ့ဟုဆိုကာ အထဲဝင်သွားပြန်တာမို့အနောက်ကနေလိုက်ဝင်သွားရပြန်သည်။ တံခါးဟုထင်ရသည့်နေရာတွင်တံခါးရှိမနေပေမယ့် အစိမ်းနုရောင်လိုက်ကာအပါးလေးကိုအလှဆင်ထားသည်။ ဇရပ်အဆောင်သဖွယ်ဆောက်လုပ်ထားပြီး စားပွဲပုလေးတစ်လုံးသာခင်းကျင်းထားလေသည်။ ထိုစားပွဲပေါ်မှာတော့အငွေ့တစ်ထောင်းထောင်းထနေတဲ့စားကောင်းသောက်ဖွယ်တွေပြည့်လိုနေသည်။ နဉ်ဝင်ထိုင်ပြီးတဲ့နောက် မျက်နှာချင်းဆိုင်နေရာတွင်ကျူးယင်ဝင်ထိုင်လိုက်သည်။ ထုံးစံအတိုင်းနဉ်ကရေနွေးငှဲ့ကာကျူးယင်ထံအရင်ချပေးသည်။ ကျူးယင်နဉ်အားမော့ကြည့်လိုက်တော့ သူ့ကိုကြည့်မနေခဲ့ပဲ တွေးတောစဉ်းစားနေဟန်ရှိသည်။
ယခုအခါမှာတော့နဉ်အားသံသယဝင်မနေတော့ဘဲ သူ့ရှေ့မှစားဖွယ်တွေကိုခေါင်းမဖော်တမ်းလွေးတော့သည်။ မည်သို့ချက်ထားသနည်း သူမသိ သူသိသည်ကအရမ်းစားကောင်းသည်ကိုပင်။ ထမင်းမှာလည်းအိကာစိမ့်နေသည်။ ဟင်းတွေကလည်းမွှေးပျံ့ရုံတင်မဟုတ် အရသာကအမှန်ကောင်းလှသည်။ သူအားရပါးရစားရင်းသီးတော့မှနဉ်ကအသိဝင်လာသလိုသူ့အားပြူးကြည့်သည်။
စားပွဲအလယ်ကအိုးကြီးထဲမှစွပ်ပြုတ်တွေခွက်တစ်ခုထဲခပ်ထည့်ကာ သူ့ရှေ့ချပေးလာသည်။ ကျူးယင်စားနေသည်မှာတစ်ဝက်လောက်ရှိသည်အထိ နဉ်ကဘာမှမတို့မထိသေး။ သူ့ကိုသာမိန့်မိန့်ကြီးထိုင်ကာကြည့်နေသည်။
"ဘာဖြစ်လို့လဲ"
သူ့ပဲထိုင်ကြည့်နေသည်မို့ကျူးယင်မေးလိုက်တော့ နဉ်ကပြုံးသွားပြန်သည်။
"ငါ့တပည့် အရမ်းလှမှန်းအခုမှသိလို့ပါ"
"အဟွတ် "
ကျူးယင်သီးပြန်တော့ ကုန်ခါနီးပြီဖြစ်တဲ့စွပ်ပြုတ်ခွက်ထဲထပ်ထည့်ပေးပြန်သည်။ ဆက်လက်၍လက်ထောက်ကာ သူ့အားကြည့်နေပြန်သည်။ ကျူးယင်ဆက်စားလို့လည်းမဝင်တော့မည့်အတူတူ စွပ်ပြုတ်ကိုကုန်အောင်သောက်ရင်းလက်စသပ်လိုက်သည်။
ခပ်မတ်မတ်ထိုင်နေသည့်ကျူးယင်ထံငုံ့ ကိုင်းလာသည့်နဉ်ကြောင့် ကြောင်နေစဉ်မှာ နဉ်ကအကျႌလက်အနားဖြင့်ကျူးယင်နှုတ်ခမ်းအားသုတ်ပေးပြီး ခပ်တည်တည်ပြန်ထိုင်နေလေပြီ။ ကျူးယင်မျက်တောင်နှဏ်ချက်လောက်ခတ်လိုက်သည်ကိုတွေ့တော့ နဉ်ကစိတ်ဝင်တစားကြည့်နေပြန်သည်။
"စားလို့ကောင်းလား"
ခေါင်းငြိမ့်ပြလိုက်တော့ပြုံးပြန်သည်။ ကျူးယင်စိတ်ထင် နဉ်ကလူ့ဂွစာကြီးမဟုတ်လားလေ အခုလိုမကြာခဏပြုံးပြီးသဘောကောင်းနေတတ်လို့လား..
"မင်းကဘာမှမမှတ်မိတာတင်မဟုတ်ဘူး အခြားလူတစ်ယောက်လိုကိုပြောင်းသွားတာ"
သူ့အားအကြည့်စူးစူးတွေဖြင့် ဖောက်ထွက်တော့မတတ်ကြည့်လာတာမို့ကျူးယင်လက်သီးဆုပ်လိုက်မိသည်။ သိသွားတော့မှာလား သိသွားတော့မှာများလား ဒီခေတ်ကအစွမ်းထက်တဲ့နတ်တွေကြီးပဲရှိတာဆိုရင် မနှေးမမြန်သိသွားကြမှာပေါ့
စိတ်လှုပ်ရှားစွာကျူးယင်ခပ်တောင့်တောင့်ကြီးထိုကာနဉ်ကိုမျက်လုံးပြူးလျက်ကြည့်နေသည်ကို နဉ်ကသဘောတကျရယ်ပြန်သည်။
"ဘာတွေစိုးရိမ်နေတာလဲ။ မမှတ်မိတာတွေကိုထားလိုက်ပါ။ ကျူးယင်မင်းမှတ်ထားရမှာက မင်းမှာငါရှိတယ်ဆိုတာပဲ။ တစ်ခုခုသိချင်တာရှိရင်ငါ့ကိုမေးနိုင်တယ် ။ မင်းခန္ဓာကိုယ်ကတစ်ခုခုထူးဆန်းတာရှိရင်လည်း ငါ့ကိုလာပြောနိုင်တယ်။ "
နဉ်က ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကိုသူ့ထံပေးလာသည်။
"ဒါယူထား။ ငါ့ကိုရှာချင်ရင် ဒီကျောက်စိမ်းတံဆိပ်ကိုတစ်ချက်ပုတ် ပြီးငါ့နာမည်ခေါ်လိုက်"
ထိုစကားပြောနေတဲ့နဉ်ရဲ့မျက်နှာဟာနှုတ်ခမ်းတင်မက မျက်လုံးတွေပါပြုံးနေသည်။
ထိုင်နေသည်မို့နဉ်ရဲ့ဆံပင်ရှည်တွေဟာ ကြမ်းပြင်မှာကျနေပြီး လေအဝှေ့မှာမျက်စိရှေ့ရောက်လာတဲ့ဆံပင်တွေကိုနားအနောက်သို့ခပ်သာသာသိမ်းသည်။ စိမ်းပြာရောင်မျက်ဝန်းတွေဟာ အလွန်တရာနူးညံ့သောအကြည့်တို့ကိုပေးသည်။ စင်စစ်နဉ်ဟာသူတွေ့ဖူးသမျှထဲတွင်အချောဆုံးဖြစ်သည်။
ကျူးယင်ခေါင်းငြိမ့်လိုက်တော့နဉ်ကစကားဆက်သည်။
"လောလောဆယ်မင်းသိတာဆိုလို့ ငါပဲရှိတာမဟုတ်လား"
ကျူးယင်ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို ငါ့ကိုရင်းရင်းနှီးနှီးဆက်ဆံလေ။ မင်းမှာငါပဲရှိတာမဟုတ်လား"
နဉ်ကတပည့်တွေအပေါ်နွေးထွေးတဲ့ဆရာကောင်းတစ်ယောက်ပါပဲလား။ ကြည့်ရတာကျူးယင်အထင်လွဲနေခဲ့ပုံရသည်။ အစောကသူကအသုံးမကျတာတွေလျှောက်လုပ်ခဲ့လို့ စိတ်ဆိုးနေခဲ့ပုံရသည်။ အခုသူကမမှတ်မိတော့ပဲ အမူအကျင့်တွေပြောင်းကာကောင်းသည့်ဘက်ရောက်သွားတဲ့အခါ သဘောကျသွားပုံရသည်။ အင်းပေါ့ ဆရာတွေဆိုတာတပည့်ကိုစိတ်ဆိုးလည်းခဏပါလေ။ သူနဉ်အားလေးစားသွားကာ ရိုရိုသေသေဆက်ဆံမည်ဟုဆုံးဖြတ်ချက်ချလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
ခပ်တိုးတိုးပြန်ဖြေသံနှင့်အတူ အပြုံးလေးပါပါလာတာကြောင့် နဉ်သည် တခဏမျှတိတ်ဆိတ်ကာကြည့်နေခဲ့သည်။
နေရောင်အောက်မှာမဟုတ်ပေမယ့် ကျူးယင်ရဲ့မျက်ဝန်းတွေကတောက်ပကာဝင်းလက်နေဆဲ။ ကော့ညွတ်နေတဲ့နှုတ်ခမ်းပါးတွေဟာ ပန်းရောင်သန်းကာစိုအိနေဟန်။ နဉ်သူ့ထံလက်လှမ်းလာတာမို့ ကျူးယင်ဇက်ကလေးပုသွားသည်။
သူ့ခေါင်းကိုအသာပုတ်ပေးရင်း နဉ်သည်ပြုံးနေပြန်ပါသည်။
"ဒီနေ့တော့နားလိုက်ပါ။ နောက်နေ့ကျ ဘာလုပ်ရမယ်ဆိုတာငါပြောပြမယ် "
အရင်ထက်များစွာနူးညံ့သွားတဲ့နဉ်၏အသံဟာ အလွန်နှစ်လိုဖွယ်ကောင်းသည်။
"ဒီလမ်းအဆုံးမှာ မင်းအဆောင်ရှိတယ်။ "
ကျူးယင်ထရပ်ကာ နဉ်အားအစောကအစောင့်တွေလုပ်သလိုအရိုအသေပေးလိုက်တော့နဉ်ကခေါင်းအသာခါကာရယ်သည်။
"လိမ္မာတယ် သွားအနားယူတော့ "
"ဟုတ်"
ခပ်တိုးတိုးလေးပြန်ဖြေကာ ထိုအဆောင်မှထွက်မည်အပြုတွင် နဉ်သည်သူ့အားသတိပေးပြန်သည်။
"မနက်ဖန်ကျရင် ကျောက်စိမ်းပြားကိုပုတ်ဖို့မမေ့နဲ့နော်"တဲ့
-----------
အဆောင်ထဲကပြန်ထွက်လာပေမယ့် သူ့နောက်ပါလာသည့်နဉ်ရဲ့အကြည့်တွေကိုခံစားမိနေသည်။ နဉ်သည် သူ့တပည့်ကိုအရမ်းစိတ်ပူတတ်တာပဲလား အရင်ကကျူးယင်ကအချိုးမပြေခဲ့တော့ ဒီတပည့်ကြောင့်နဲ့ခေါင်းခဲခဲ့ရမှာအမှန်ပဲ။ ဒါကြောင့်လည်း စတွေ့တွေ့ချင်းတုန်းကသူ့ကိုဂရုဏာဒေါသောနဲ့ဆူတာဖြစ်မယ်။
နဉ်ပြောပြလိုက်သည့်အတိုင်း လျှောက်လမ်း၏အဆုံးတွင်တွေ့ရသည့်အဆောင်ထဲသူဝင်သွားလိုက်သည်။ အဆောင်အတွင်းတွင် အကန့်လေးတွေအများအပြားကန့်ထားပြီး အပေါ့၊အလေးသွားရန်လည်းပါရှိသည်။ စာအုပ်အချို့ရှိသောစင်အသေးလေးလည်းရှိပြီး စားသောက်ရန်အတွက်စားပွဲပုလေးတစ်လုံးရှိသည်။ တစ်ယောက်အိပ် အိပ်ယာလေးဟာတော့ ထီးထီးမားမားတည်ရှိနေသည်။ အခန်းကကျဉ်းပေမယ့်ရှုပ်ပွနေတာမျိုး ပြည့်ကြပ်နေတာမျိုးမရှိသည့်အတွက် ကျူးယင်သဘောကျမိသည်။ အခန်းပဲဟာ နေချင်စဖွယ်ရိုးရိုးရှင်းရှင်းလေးဖြစ်နေရမှာပေါ့။
ကုတင်ရဲ့အစွန်းဘက်တွင် ဗီရိုလေးတစ်လုံးလည်းရှိသေးသည်။ သူဖွင့်ကြည့်လိုက်တော့ အစိမ်းနု၊အပြာနုစတဲ့အနုသောအရောင်တွေကိုဖွေးသန့်နေအောင်လျှော်ထားပြီး သပ်သပ်ရပ်ရပ်ထည့်ထားသည်ကိုတွေ့ရသည်။ အရင်ကျူးယင်ဟာ စည်းကမ်းတော့ရှိသားပဲ ...
ဒီနေ့အတွက်သိရတာတွေရော ၊နားလည်လိုက်ရတာတွေရောများနေသဖြင့်ကျူးယင်အနားယူဖို့ဆုံးဖြတ်လိုက်သည်။အကျႌကိုချွတ်လိုက်ပြီး ကုတင်ခြေရင်းကတိုင်ပေါ်တင်ထားလိုက်သည်။ ပိုးသားဘောင်းဘီအဖျော့လေးဝတ်လျက်ဖြင့် ကုတင်ပေါ်လှဲချလိုက်တော့ မာနေတာကြောင့်ကျူးယင်အတော်နာသွားရသည်။
ငါ့အိမ္က မြေ့ယာကြီးသတိရလိုက္တာကြာ ...
မျက်နှာကျက်စိုက်ကြည့်ရင်း သူညည်းတွားမိသည်။
အပျင်းပြေဖုန်းတောင်ပွတ်လို့မရတော့ပါလား
ကျူးယင် သက်ပြင်းအသာချကာ ကုတင်အတည့်ဖြစ်အောင် ကိုယ်ကိုရွေ့ပြီးအိပ်ဖို့ပြင်သည်။ စောင်ကတော့အသားအတော်ကောင်းသည်ပြောရမည်။ ပါးပါးလေးပေမယ့် ခြုံလိုက်သည့်အခါနွေးလို့နေသည်။ ခုနကဖိနပ်စီးမထားခဲ့တာကြောင့် သဲအနည်းငယ်ပေနေလောက်မည့်ခြေဖဝါးတို့အား အိပ်ယာခင်းဖြင့်ပွတ်သုတ်လိုက်သည်။ စိတ်ကျေနပ်အောင်သုတ်ပြီးတော့မှ စောင်ကိုခေါင်းထိဆွဲခြုံရင်းညာဘက်သို့စောင်းကာအိပ်တော့သည်။ လေးကန်နေသည့်မျက်ခွံတို့သည် ပိတ်တော့မည်ချည်းလုပ်နေသဖြင့် မထိန်းနိုင်တော့မည့်အတူတူ မှိတ်ချလိုက်တော့သည်။ အိပ်မပျော်ခင်ဆက်ကြားတွင် အဖြူရောင်ဝတ်စုံဖြင့်နဉ်ကိုမပီဝိုးတစ်ဝါးတွေ့မြင်လိုက်ရသေးသည်။
-------
ဆက်ရန်😃