" ဒါနဲ႔ နတ္သက္ေျခြပန္းက ပန္းနာမည္သက္သက္လား"
သူက စကားလႊဲရံုေမးလိုက္ေပမယ့္ စစ္၀ူရွဲ႕က ျပန္ေျဖမလာခဲ႔ေတာ့။ သိသိသာသာကိုတိတ္က်သြားသည့္တိုင္ သက္ျပင္းခ်သံကိုၾကားမိလိုက္ေသးသည္။
သီနတ္ဘုရား မိသြားမွာေၾကာက္လို႔မ်ားလား.....
--------------------------------------------------------------------------------
သူက ေနာက္တြင္ခ်န္ရစ္ကာ စစ္၀ူရွဲ႕ႏွင့္စကားေျပာေနခဲ႔သည္မို႔ ဆရာတို႔ႏွင့္အကြာအေ၀းက အနည္းငယ္လွမ္းသြားသည္။ သူဆိုင္အျပင္သို႔အေရာက္ လက္ကိုလာဆြဲျခင္းကိုခံလိုက္ရျပီး သူ႔ကိုယ္ကေျမာက္တက္သြားရသည္။
ေၾကာင္အခ်ိန္ပင္မရလိုက္ ေလထဲတြင္ပင္ပ်ံသန္းလ်က္ျဖင့္ တစ္ေနရာဆီေခၚေဆာင္သြားခံရ၏။ လက္ႏွစ္ဖက္ကိုကိုင္ဆြဲထားေသာ မိန္းမတစ္ဦးသည္ ေလထဲတြင္အေတာင္ပံမပါဘဲ ထီးထီးခ်ည္းပ်ံသန္းေန၏။ ျမင္ရသည္မွာေၾကာက္ရြံ႕ဖြယ္ေကာင္းလွျပီး အသံကုန္ေအာ္ဟစ္သည့္တိုင္ သူ႔ကိုထိုမိစာၦမက မည္သို႔လုပ္ထားသနည္းမသိ သူ၏ပါးစပ္မွမည္သည့္အသံမွ မထြက္ဘဲရွိေနသည္။
ဆရာတို႔ထံျပန္ငံု႔ၾကည့္ေတာ့ က်န္ရွိေနေသာမိစာၦအစုလိုက္၏ ၀ိုင္းရံထားျခင္းကိုခံရေနသည္။ အံ႕ၾသမင္သက္ေနေသာ လူအုပ္၏အလယ္တြင္ေပမို႔ ဆရာတို႔မွာ အခက္ၾကံဳေနရဟန္။
၀ူရွဲ႕ ၀ူရွဲ႕ ၀ူရွဲ႕ ငါ့ကို ကယ္ပါဦး ၀ူရွဲ႕
လက္ႏွက္ဖက္မွဆြဲသြားခံေနရသည္မို႕ လက္ေမာင္းေတြမွာနာက်င္ေနရျပီ။ ေလထဲတို႔လို႔တြဲေလာင္းၾကီးျဖစ္ေနပံုမွာ သားသည္မိခင္မွကေလးငယ္အားခ်ီသြားသည့္သရုပ္ျဖစ္ေနေတာ့ သူရွက္လည္းရွက္မိသည္။ တေျဖးေျဖးေတာအုပ္ထဲသို႔ေရာက္လာေတာ့ သူ ပိုလန္႕လာရျပီ။ ေၾကာက္မက္ဖြယ္ေကာင္းသည့္ပါးစပ္ျပဲျပဲ မိစာၦေတြအလယ္သို႔ သူ႔အားပစ္ခ်ခဲ႔မည္ဆိုလွ်င္......
အနာခံကာ အတင္းရုန္းေတာ့ ထိုမိန္းမ သို႔မဟုတ္ မိစာၦမက စူးရဲစြာငံု႔ၾကည့္လာသည္။
လႊတ္စမ္း ငါ့ကို လႊတ္စမ္း ငါ့ကို ဘာလို႔ ဒုကၡလာေပးရတာလဲ လႊတ္စမ္းးး
ပါးစပ္မွမည္သည့္အသံမွ မထြက္လာသည္မို႔ စိတ္အတြင္းမွအားရွိသမွ်ၾကံဳးေအာ္ပစ္လိုက္စဥ္ သူ႔ကိုယ္တြင္းမွ တစ္စံုတစ္ရာ စိမ့္ထြက္သြားသေယာင္ ေအးခနဲခံစားလိုက္ရသည္။ ထို႔အတူ သူ႔ကိုဆြဲကိုင္ထားသည့္လက္လည္း လြတ္သြားျပီး ထိုမိစာၦမက ခပ္ေ၀းေ၀းသို႔ေအာ္ဟစ္ကာ လြင့္စင္သြား၏။ သူ႔တြင္ အံ႕ၾသေနခ်ိန္မရွိ အျမင့္မွေျမသို႔အရွိန္ျပင္းစြာျဖင့္ ျပဳတ္က်ေနေတာ့ ေၾကာက္လန္႕မႈေၾကာင့္ ရင္ထဲေအးစိမ့္၍သာေနသည္။ သစ္ပင္ေတြအနီးသို႔ေရာက္ေတာ့ ၀ူရွဲ႕ေျပာခဲ႔သည္ကိုအမွတ္ရကာ အပင္ေတြကိုလိုသလိုေစခိုင္းၾကည့္သည္။
ေျပာင္းလဲမႈမရွိသည္ေၾကာင့္ မ်က္စိကိုသာစံုမွိတ္ျပီး ယခင္ဘ၀မွကိုးကြယ္ရာကိုသာ ဆုေတာင္းရေတာ့သည္။ သို႔ေသာ္ မည္သည့္နာက်င္မႈကိုမွမခံစားရသည့္အျပင္ ေႏြးေထြးလွသည့္အပူခ်ိန္ကိုပင္ ထိေတြ႕မိဟန္မို႔ ကျပာကယာမ်က္စိဖြင့္ၾကည့္မိ၏။
မည္သည့္အမ်ိဳးအစားမွန္းမသိသည့္ ရဲတိုက္ၾကီးတစ္တိုက္သဖြယ္ၾကီးမားလွေသာ အံု႕ဆိုင္းလြန္းသည့္အပင္ၾကီး ... သူက ထိုအပင္၏ အရြက္ေတြၾကားတြင္လဲလ်က္သားရွိေနသည္။ ထူထဲလွသည့္သစ္ရြက္ေတြက သူ႔အတြက္ေမြ႕ယာျဖစ္ေပးကာ ေစာင္သဖြယ္လည္းရစ္ပတ္ေပးထားျပန္သည္။ သစ္ရြက္ေတြမွဂြမ္းေစာင္သဖြယ္ေႏြးေထြးႏူးညံ႕မႈကိုသာ ခံစားရသည္က ထူးဆန္းေနသလို ထိုထူထဲလွသည့္သစ္ရြက္ေတြၾကားမွ အျပင္သို႔ေဖာက္မျမင္နိုင္သည္ကလည္း ထူးဆန္းေနသည္။
ငါ အိပ္မက္ မက္ေနတာလား။ ငါ ဒီတစ္ေလွ်ာက္လံုး အိပ္မက္ မက္ေနခဲ႔တာလား... ငါ အိပ္ယာကနိုးရင္ ...
ျဖာက်လာေသာေနေရာင္ျခည္ႏွင့္ ေႏြးေထြးေသာအိပ္ယာက သူ႔ကိုငိုက္ျမည္းေစသည္မွာ ထိန္းမနိုင္ သိမ္းမရျဖစ္သည္အထိ။
----------------
တက်ည္က်ည္ေအာ္ျမည္ေနတဲ႔ ေက်းဌက္သံေတြက သူ႔ကိုႏႈိးေနသေယာင္ခံစားရျပီး တ၀ါး၀ါးသမ္းရင္း သူနိုးထလာေတာ့ ျမင့္မားလွသည့္သစ္ပင္ၾကီးထက္တြင္ျဖစ္၏။
မ်က္ေတာင္ဆယ္ၾကိမ္မွ်ခတ္အျပီးတြင္ ၾကည္လင္စြာနိုးသြားျပီး ယခုမွ သူေၾကာက္လန္႕ရေကာင္းမွန္းသိေတာ့သည္။
" ဆရာ ဆရာ ဆရာ ဆရာ့ ..... သီနတ္ဘုရား သီနတ္ဘုရား ..... "
မည္မွ်ေအာ္ေအာ္ တုန္႔ျပန္မႈမရွိသည့္၀န္းက်င္ေၾကာင့္ သူထိတ္လန္႕သြားရသည္။ သူက ဘာဆိုဘာမွ် လုပ္တတ္သည္မဟုတ္။ ဆရာ့ဆီမွာလည္း ေသခ်ာမသင္ယူရေသးသည့္အျပင္ သူမသိတဲ႔အရာေတြက အမ်ားၾကီးရွိေနေသးသည္ကို။
ေအးစက္ေနေသာလက္ဖ၀ါးေတြျဖင့္ လည္ပင္းဆီစမ္းေတာ့ ဆြဲၾကိဳးရွိမေနေတာ့။ မိစာၦမႏွင့္ရုန္းရင္းဆန္ခတ္ျဖစ္ရင္း ျပဳတ္က်က်န္ခဲ႔ဟန္တူသည္။
ေျခပစ္လက္ပစ္ ေနာက္သို႔မွီကာထိုင္ခ်လိုက္ျပီး ထူထပ္အံု႕ဆိုင္းလြန္းသည့္သစ္ကိုင္းေတြ၊ သစ္ရြက္ေတြကို ၾကည့္ေနမိသည္။ အသက္ျပင္းျပင္းတစ္ခ်က္ရွဴျပီး သစ္ကိုင္းေတြၾကားမွ အျပင္သို႔ေခ်ာင္းၾကည့္ဖို႔ၾကိဳးစားမိေပမယ့္ ျမဴေတြကိုသာ ျမင္ရ၏။ သူ႔အဖို႔ သစ္ရြက္ေတြၾကားတြင္သာ တစ္ေယာက္ေယာက္လာကယ္ဖို႔ ေစာင့္ရေတာ့မည္ထင္သည္။
သစ္ရြက္ေတြၾကားမွ ေနေျပာက္က်ားထိုးေနသည္ကိုေငးေနရင္း သက္ျပင္းအထပ္ထပ္ခ်ေနျဖစ္သည္မွာ အၾကိမ္ေရမနည္းေတာ့။ အခ်ိန္ေတြအေတာ္ၾကာေနျပီမွန္း သူသိေနသည္။ ေက်းဌက္ေတြေတးဆိုေနသည္မွာလည္း ရပ္သြားသည္မွာၾကာခဲ႔ျပီ။ လင္းခ်င္းေနခဲ႔သည့္ပတ္၀န္းက်င္ပင္ ေမွာင္စျပဳေနျပီ။ သူက သစ္ရြက္ေတြ၊ သစ္ကိုင္းေတြၾကား ညပ္ေနခဲ႔ေသာ္ျငား အသက္ရွဴရမခက္တာကပင္ ေတာ္ေရာ့သည္။ က်ဥ္းမေနခဲ႔ဘဲ သူ႔တစ္ကိုယ္စာလြတ္လြတ္လပ္လပ္ေနနိုင္သည္ကပင္ ေတာ္ေသးသည္ ။ မဟုတ္လွ်င္ စိတ္က်ဥ္းက်ပ္လြန္း၍ အလွ်င္အသက္ထြက္ေလာက္၏။
" ပ်င္းလိုက္တာကြာ မိုးေတာင္ခ်ဳပ္ေနျပီ။ ဘာမွမထူးျခားပါလား ဟင္း"
ေလးတိေလးကန္ထြက္လာသည့္အသံက ရႊင္လန္းလ်က္... တမင္ပင္ ေလးဖင့္၍ေျပာေနဟန္။ ခ်ိဳသာမေနေသာ္ျငား ၾကမ္းတမ္းၾသရႈမေနသည့္အသံကိုၾကားလိုက္ရေတာ့ သူ ေက်ာမတ္လိုက္ျဖစ္သည္။ အျပင္ကိုျမင္ရေလာက္ေအာင္အထိ သစ္ရြက္ေတြကက်ဲမေနေသာ္ျငား သူ ေခ်ာင္းၾကည့္လိုက္မိသည္။ ေတာထဲ၀င္လာသည့္လူသားတစ္ေယာက္အသံျဖစ္မည္။ သူအားတက္သြားရကာ လည္ေခ်ာင္းတစ္ခ်က္ရွင္းျပီး ေအာ္ဟစ္အကူအညီေတာင္းလိုက္မိသည္။
" လူရွိလားခင္မ်ာ။ ကၽြန္ေတာ့္ကို ဒီသစ္ရြက္ေတြၾကားက ထုတ္ေပးပါလား။ အျပင္က အကိုခင္မ်ား ေက်းဇူးျပဳျပီး ကၽြန္ေတာ့္ကို ကူညီပါ။ ကၽြန္ေတာ့္ဆရာဆီကေန မိတ္ေဆြလိုခ်င္တာကိုေတာင္းေပးပါ့မယ္။ ကၽြန္ေတာ့္အကိုေတြကလည္း ခ်မ္းသာေတာ့ အကိုလိုခ်င္တာရရပါေစ့မယ္ ကၽြန္ေတာ့္ကိုသာ ကူညီေပးပါဗ်ာ အျပင္က အကို႕"
သူစကားစကတည္းက အျပင္မွလႈပ္ရႈားမႈသံမ်ားမွာ ျငိမ္က်သြားခဲ႔သည္။ အသံၾကားခဲ႔ရစဥ္က သူႏွင့္အရမ္းနီးကပ္ေန၍သာ သူက အကူအညီေတာင္းခဲ႔ျခင္းလည္းျဖစ္သည္။ အရမ္းကိုျပြတ္သိပ္ေနသည့္သစ္ရြက္ေတြအၾကား တည္ရွိေနမႈေၾကာင့္ အထဲမွအသံမွာ အျပင္သို႔ေတာ္ရံုမေပါက္နိုင္ေၾကာင္း သူသိသည္ေလ။ တခဏမွ်အသံတိတ္သြားျပီးေနာက္ သစ္ရြက္ေတြၾကားမွ ေလပူေတြ၀င္လာသည္ကို သူခံစားမိလိုက္သည္။ အလင္းေရာင္မရွိေတာ့သည္အထိ ညကအသက္၀င္ေနသလို၊ လ၏မွိန္ပ်ပ်အလင္းမွာလည္း သစ္ရြက္ေတြအားတိုးမေပါက္သည္မို႔ ၀န္းက်င္ကိုသိပ္မျမင္နိုင္ေတာ့။ သို႔ေပမယ့္ ေလပူေတြႏွင့္အတူ အမည္းေရာင္ျမဴေတြစိမ့္၀င္လာသည္ကိုျမင္နိုင္ေသးသည္က နီးကပ္လြန္၍လား၊ သူ႔ရဲ႕မရွိမယ့္ရွိမယ့္ နတ္စြမ္းအားေၾကာင့္ေပလား မေျပာနိုင္ေပ။
" ကၽြန္ေတာ္ သစ္ကိုင္းေတြကို ခုတ္ျဖတ္ေပးမယ္။ အကိုက အေနာက္ကိုကပ္ေနလိုက္ပါ။"
တစ္ဖက္လူမရွိေတာ့ဘူး ဟုသူေတြးမိစဥ္မွာပင္ စကားသံက ထြက္လာသည္။ သူ႔ကိုထိခိုက္မိမည္စိုးသျဖင့္ အေနာက္သို႔ဆုတ္၍ရသမွ် ဆုတ္လိုက္၏။ မၾကာခင္မွာ သစ္ကိုင္းအားခုတ္ေနသံကို ၾကားလိုက္ရေတာ့ သူ႔အား သစ္ကိုင္းစေတြလာစင္မည္ကိုစိုးကာ မ်က္လံုးမွိတ္လိုက္ျပီး ဒူးပိုက္ကာ ေစာင့္ေၾကာင့္ထိုင္ေနလုိက္သည္။ ခုတ္ျဖတ္ေနသံကိုအတန္ၾကာၾကားလိုက္ရျပီး
" မ်က္လံုးဖြင့္လိုက္ပါေတာ့ ထြက္လို႔ရျပီေလ"
အသံက ေလွာင္ရယ္သံစြက္ေနေသာ္ျငား သူစိတ္မတိုမိသည့္အျပင္ ယခုလိုကူညီေပးသည့္အတြက္ ေက်းဇူးပင္တင္မိေသးသည္။ မ်က္စိေရွ႕မွသစ္ကိုင္းေတြရွင္းသြားေတာ့ မီးေရာင္၏အကူအညီျဖင့္ တဖက္လူကိုရွင္းလင္းစြာျမင္ရသည္။ ဆံပင္အနက္ေရာင္ကို ၾကိဳးျဖင့္သိမ္းခ်ည္ထားျပီး သစ္လြင္ေနသည့္အနက္ေရာင္အ၀တ္အစားျဖင့္ လူငယ္က အမ်ားဆံုးရွိမွ တစ္ဆယ့္ရွစ္ႏွစ္အရြယ္ေလးျဖစ္သည္။ မတိုင္မီက ေခါင္းငံု႕ေနခဲ႔သျဖင့္ သူ႔ကိုထိုလူငယ္ကေသခ်ာျမင္ပံုမရ။ ယခု သူေမာ့ၾကည့္လိုက္ေတာ့မွ ထိုလူငယ္ကတခဏမွ် အံ႕အားသင့္သေယာင္ျဖစ္သြားျပီးေနာက္ သူ႔အားရႊင္လန္းစြာျပံဳးျပလာသည္။
သူ႔အားကမ္းေပးလာသည့္လက္၏အကူအညီကိုယူကာ တိုးထြက္လိုက္ေတာ့ ထိုသစ္ပင္အနီးရွိ မီးပံုကိုေတြ႕ရသည္။
" လာ မီးပံုနားမွာထိုင္။ ဒီလိုဆို ေတာေကာင္ေတြ မလာရဲဘူး"
သူ႔ကို တစ္ဖက္လူမွ သစ္ပင္အတြင္းပိတ္မိေနသည့္အေၾကာင္းအား ေမးလာမည္ကိုစိုးရိမ္ေနစဥ္ ေတာေကာင္ ဟုရည္ညႊန္းသံၾကားလိုက္ရေတာ့ ထခုန္မိမတတ္ လန္႕သြားမိ၏။ သူ႔အျဖစ္အားၾကည့္ကာ လူငယ့္ထံမွရယ္သံထြက္လာသည္။ ရွက္ရွက္ျဖင့္ လည္ပင္းကိုလက္တစ္ဖက္ျဖင့္ပြတ္ရင္း ထိုလူငယ္ေခၚသြားရာ မီးပံုအနီးသို႔လိုက္သြားလိုက္သည္။
ေသခ်ာထိုင္ျပီးသည့္ေနာက္ မလႊတ္ရေသးသည့္လက္ကိုပင္ တဖန္ဆြဲယူကာ အက်ႌလက္ကိုပါလွန္ကာၾကည့္လာရင္း
" ဒဏ္ရာေတြရသြားေလးလား ကိုကို "
ကိုကိုေခၚသံအားျပဳအျပီး သူ႔ကိုၾကည့္လာပံုက မႏွစ္ျခိဳက္မွာစိုးသည့္ႏွယ္။ တစ္ဆယ့္ရွစ္ႏွစ္ဆုိတာက အထက္တန္းေအာင္ျပီးစအရြယ္ေလးရွိေသးတာ သူေတာ့ခ်စ္စရာညီေလးတစ္ေယာက္ရေတာ့မယ္ထင္ပါရဲ႕။
" မရဘူး ညီေလးရဲ႕။ ကိုကိုကေလ သစ္ရြက္ေတြၾကား ၀င္ၾကည့္ရင္းနဲ႔ ျပန္မထြက္တတ္ေတာ့တာရယ္ အဟီး"
မေမးခင္ကတည္းက ၾကိဳတင္ကာေျဖရွင္းခ်က္ေပးလိုက္ေပမယ့္ ထိုလူငယ္က သူ႔အားအကုန္သိေနသလို ၾကည့္လာေတာ့ ခပ္အန္းအန္းျဖစ္သြားရသည္။
" ေၾသာ္ ကိုကိုက ေတာ္ေတာ္ေဆာ့တာပဲ"
" အမ္ အဟား ဟုတ္တယ္ေနာ္ အဟား "
ႏွစ္ဦးၾကားတိတ္ဆိတ္သြားျပန္သည္။ ဆက္ေျပာသင့္သည္ကို သူေတြးေနစဥ္မွာ လူငယ္က လက္ကိုလႊတ္ေပးလာျပီး သူ႔အား ၾကည့္လာသည္။ မီးေရာင္ေၾကာင့္ေပပဲလားမသိ လူငယ္၏မ်က္၀န္းေတြထဲ ေရာင္ျပန္ေတြဟပ္ေန၏။
" ကိုကိုက က်ဴးယင္ဆိုတာလား"
"ဟမ္"
သူ႔အား သိေနမႈေၾကာင့္ ေက်ာမတ္ကာ ခပ္ေတာင့္ေတာင့္အေနအထားျဖစ္သြားေတာ့ လူငယ္ကရယ္သည္။
" ကိုကို႕နာမည္က က်ဴးယင္လားလို႔ေမးတာပါ။ ကိုကိုပဲေျပာျပီးေတာ့ "
" ဟမ္ အကိုေျပာခဲ႔မိတာလား ။ အင္း ဟုတ္တယ္ အကို႔နာမည္က က်ဴးယင္ပါ ညီေလးကေရာ"
ဇေ၀ဇ၀ါျဖစ္စြာျပန္ေျဖရင္း လူငယ္ရဲ႕အရိပ္အေျခကိုၾကည့္လိုက္သည္။ သူ႔ကိုအႏၱရာယ္ျပဳမည့္ဟန္မရွိဘဲ နဂိုအတိုင္းတက္ၾကြေနဆဲ အမူအယာအတိုင္းရွိေနသည္ကိုေတြ႕ေတာ့မွ သူသက္ျပင္းခ်မိသည္။ သူကိုက အေတြးမ်ားေနသည္သာ။ ေကာင္ေလးက သာမန္လူတစ္ေယာက္ပဲျဖစ္သည္ကို။
" ကၽြန္ေတာ္က က်န္႕၀ူပါ က်ဴးယင္ကိုကို "
–----------------
" အား၀ူလို႔ ငါေခၚလို႔ရမလား"
သူ႔ကိုသာ ေရွာင္ယင္ေတြ အားယင္ေတြေခၚေနၾကေပမယ့္ သူကေတာ့ အကုန္လံုးကိုတ၇ိုတေသေတြခ်ည္းေခၚေနရသည္။ ၀ူရွဲ႕ကိုေတာင္မွ တရင္းတႏွီးမေခၚရတာမို႔ က်န္႕၀ူလို ခ်စ္စရာေကာင္ငယ္ေလးကိုေတာ့ လြတ္လြတ္လပ္လပ္ေျပာဆိုခ်င္မိသည္။
" ရတာေပါ့ ကိုကိုက်ဴးယင္ရဲ႕။ ကိုကို ၾကိဳက္သလိုသာေခၚ"
" ဒါဆို အား၀ူပဲေခၚမယ္။ ေျပာပါဦး မင္းအရြယ္ေလးနဲ႔ ေတာၾကီးထဲ တစ္ေယာက္ထဲ ဘာလာလုပ္ေနတာလဲ အေကာင္ၾကီးေတြကို မေၾကာက္ဘူးလား"
သူ႔အေမးကို က်န္႕၀ူက ျပံဳးစစမ်က္ႏွာေပးႏွင့္ ေျဖသည္။
" ကၽြန္ေတာ္က ဒီ့ထက္ဆိုးတဲ႔အေကာင္ေတြကိုေတာင္ ေတြ႕ဖူးတယ္ကိုကိုက်ဴးယင္ရ။ ကၽြန္ေတာ့္အေဖက ကၽြန္ေတာ့္ကိုဆို အရမ္းဆူတာ ကၽြန္ေတာ္က နားျငီးရင္ ထြက္လာျပီး တစ္ေယာက္ထဲေလွ်ာက္သြားတာပဲ ေၾကာက္စရာဘာမွမရွိပါဘူး"
" ဟုတ္လား။ ငါ့ညီေလး သနားစရာပဲ"
သူက သည္းသည္းလႈပ္အခ်စ္ခံရသည့္ မိသားစုတြင္ေပ်ာ္ပါးေနခ်ိန္ ဒီခ်စ္စရာေကာင္ငယ္ေလးကေတာ့ လမ္းေပၚေလလြင့္ေနရသည္။ ကံကအေတာ္ကြာလိုက္ေလျခင္း။
" သနားတယ္... ကိုကိုက်ဴးယင္က ကၽြန္ေတာ့္ကိုသနားတယ္လို႔ေျပာလိုက္တာလား။ "
သူေခါင္းျငိမ့္ေတာ့ က်န္႕၀ူက ရယ္သည္ မခိုးမခန္႕ျဖင့္...
" အဟား..။ "
" ဒါနဲ႔ မင္း ဒီေတာထဲမွာ လူႏွစ္ေယာက္ေလာက္ကို ေတြ႕လိုက္ေသးလားဟင္။ ေအးစက္ျပီး အရမ္းေခ်ာတဲ႔အကိုတစ္ေယာက္ရယ္ ဆံပင္ကိုသိမ္းစည္းထားတဲ႔ တည္ၾကည္ခန္႕ညားတဲ႔အကိုတစ္ေယာက္ရယ္ကိုေလ။ မင္းဒီေတာထဲ၀င္လာေတာ့ ေတြ႕လိုက္မိလား။"
သူ႔အေမးအဆံုးမွာ သူသည္ပဲစိတ္ထင္၍လားမသိ က်န္႔၀ူ၏ေျပာင္စပ္စပ္မ်က္ႏွာေပးက တည္တန္႕သြားကာ သူ႔အားမႈိင္းညိဳ႕စြာ ရႈလာပါ၏။
" မေတြ႕ပါဘူး ကိုကို။ သူတို႔က ဘယ္သူေတြလဲဟင္။ ကိုကိုနဲ႔ဘာေတာ္တာလဲ"
" မေတြ႕ဘူးလား။ ေၾသာ္ သိသိသာသာေခ်ာေမာတဲ႔တစ္ေယာက္က ကိုကို႔အကို၀မ္းကြဲ အဟဲ ေနာက္တစ္ေယာက္ကေတာ့ ဆရာပါ"
" ေၾသာ္ ကိုကိုက်ဴးယင္မွာဆရာက တစ္ေယာက္ထဲလား။ ကၽြန္ေတာ့္မွာဆို အမ်ားၾကီးရွိတယ္။ "
လမ္းစရျပီမို႔ ဆရာေတြကစျပီး ထိုကေလးအေၾကာင္းကိုဆက္ေမးမည္အျပဳ က်န္ႈ၀ူက သူ႔အက်ႌအတြင္းဘက္မွ ထုတ္လိုက္သည့္တစ္စံုတစ္ခုကို ျမင္လိုက္ရသည္။ ေက်ာက္စရစ္ခဲဆြဲသီးေလး ပါ၀င္တဲ႔ ေၾကးေရာင္ဆြဲၾကိဳးေလးပင္။ ေၾကးေရာင္ဆိုသည့္တိုင္ ထိုၾကိဳးက တဖ်က္ဖ်က္လက္ေနပါ၏။
" ဒါ ဆရာတစ္ေယာက္ေပးထားတာေလ။ ဒီဆြဲၾကိဳးကိုဆြဲထားရင္ သံုးေလာကက ဘယ္သူမွ ကၽြန္ေတာ့္ကို အႏၱရာယ္ျပဳလို႔မရဘူးတဲ႔။ ဒီဆြဲၾကိဳးရွိလို႔ပဲ ကၽြန္ေတာ္ဒီလိုေလွ်ာက္သြားေနနိုင္တာေပါ့။ မဟုတ္ရင္ နတ္ေတြရဲ႕ေရာင္၀ါေၾကာင့္ေသတာျဖစ္ျဖစ္၊ မိစာၦေတြေၾကာင့္ ေသတာျဖစ္ျဖစ္ ေတာေကာင္ေတြေၾကာင့္ဒုကၡေရာက္တာျဖစ္ျဖစ္ ကၽြန္ေတာ္ေသျပီးေနေလာက္ျပီ"
ဒီဆြဲၾကိဳးရွိ၍ က်န္႕၀ူက သူ႔ကိုျမင္သည့္အခါ ရူးမသြားခဲ႔တာျဖစ္မည္။ ေတာ္ေသးသည္ေပ။
" ေကာင္းတာေပါ့။ ကိုယ္နဲ႔မကြာေဆာင္ထားေနာ္။ "
" ဟုတ္ကဲ႔ ကိုကို။ ကိုကိုက်ဴးယင္ ဗိုက္မဆာဘူးလား ကၽြန္ေတာ္အသားကင္ေပးမယ္ ခဏေစာင့္ေပးပါလား"
သူ႔ကိုေမးျပီးသည္ႏွင့္ အေျဖမေတာင္းဘဲ ခ်က္ခ်င္းထရပ္ကာ မီးပံုအနီးသာ၍ တိုးကပ္သြားေသာ က်န္႕၀ူကို သူျပံဳး၍သာ လိုက္ၾကည့္ျဖစ္သည္။ ဒီကေလး အေတာ္ေဆာ့တာပဲ။
သူအေစာကမျမင္ခဲ႔တဲ႔ မီးပံုေဘးမွ ေတာေကာင္အေလာင္းၾကီးအား ဓားျဖင့္ခုတ္ျဖတ္ကာ ေရျဖင့္ေဆးေၾကာရင္း မီးႏွင့္ကင္ဖို႔ျပင္ေနတဲ႔ က်န္႕၀ူကိုၾကည့္ရင္း သူသနားစိတ္၀င္လာရသည္။ အေဆာင္ဆြဲၾကိဳးသာမရွိလွ်င္ ကေလးမွာ ဒုကၡေရာက္ေနေလာက္ျပီ။ သူလည္း ဒုကၡေရာက္ေနေလာက္ျပီ။ သူ ဒီကေလးကိုမည္သို႔ေက်းဇူးဆပ္သင့္သနည္း။ သူက နတ္ဆိုေတာ့ ဒီကေလးလိုခ်င္ရာ ဆုတစ္ခုေတာင္းခိုင္းလိုက္ရမည္လား။ သို႔ေပမယ့္ သူကလည္း နတ္စြမ္းအားအသံုးျပဳပံုကို ကၽြမ္းက်င္ျခင္းမရွိေသးေတာ့ ခက္၏။ ပန္းပြင့္ပြင့္ေအာ
င္လုပ္ျပီး လက္ေဆာင္ေပးလိုက္ရင္ေရာ သို႔မဟုတ္ ပန္းမ်ိဳးေစ့ေပးလိုက္ရေကာင္းမလား။
" ကိုကိုက်ဴးယင္ စားလို႔ရျပီ။ "
သူအေတြး၀င္သည္မွာ မၾကာေသး... သူ႔မွာ ယခုမွစေတြးရံုရွိေသးသည္ အကင္က က်က္ျပီလား။
က်န္႕၀ူက သူ႔ကိုတုန္႔ျပန္ခြင့္မေပးျပန္ လက္ထဲသို႔ တုတ္ထိုးအကင္အား ထည့္ေပးလာသည္။ ယခုမွ ေမႊးအီလြန္းသည့္ လတ္ဆတ္သည့္အသားရနံ႕အား သတိျပဳမိရသည္။
" ေမႊးလိုက္တာ အား၀ူရ ။ ဒါ ဘာအသားလဲဟင္"
" ယုန္သားေလ"
" ယုန္က အဲ႔ေလာက္ၾကီးလို႔လား။ ခုနက ငါျမင္လိုက္တာေတာ့ အရြယ္က ၀က္ေလာက္ရွိပါတယ္။ ငါ့ညီက ငါ့လာပတ္ေနတာကိုး မင္းအကိုက ဒီေလာက္မညံ႕ေသးပါဘူးကြာ"
အသားတစ္ဖဲ႔စားလိုက္ေတာ့ အရသာက အမွန္ပင္ ထူးကဲလြန္းေနသည္။ လွ်ာေပၚမွာ ခ်ိဳျမျပီးေပ်ာ္၀င္သြားသည့္အျပင္ စားလို႔အရမ္းေကာင္းေန၏။
" ကၽြန္ေတာ္က ယုန္ဆို ယုန္လိုက္ေပါ့ကိုကိုရာ။ ကၽြန္ေတာ္ဖမ္းလာတဲ႔ယုန္က ရိုးရိုးယုန္မွမဟုတ္တာ ယုန္မိစာၦေလ"
" အဟြတ္ အဟြတ္ "
အသားနင္သြားတဲ႔သူ႔ကို က်န္႕၀ူက ခပ္ေအးေအးပင္ၾကည့္သည္။ သူ႔မ်က္ႏွာ နီရဲလာေလာက္ေအာင္ ေခ်ာင္းေတြဆိုးတာမရပ္ေတာ့မွ ေက်ာကိုလာပုတ္သည္။
" ေျဖးေျဖးစားပါ ။ ကိုကိုၾကိဳက္တယ္မဟုတ္လား။ "
" ၾကိဳက္တာက ၾကိဳက္ပါတယ္။ ဒါေပမယ့္ မိစာၦအသားေတာ့ငါမစားရဲဘူးကြ။ ေရာ့ကြာ ငါဆက္မစားရဲေတာ့ဘူး"
အရသာက ေကာင္းလြန္းသည့္တိုင္ မိစာၦအသားကိုေတာ့ သူမစားရဲပါေခ်။
" အဲ ခက္ျပီကိုကိုက်ဴးယင္ေရ။ မိစာၦသားဆိုတာက တစ္ခါစားျပီးရင္ ကုန္ေအာင္စားရတယ္ကိုကိုရ။ ျပီးေတာ့ ဒီေတာထဲမွာ ရိုးရိုးေတာေကာင္ေတြမွမရွိတာ မိစာၦပဲစားရတာေပါ့။ ကိုကိုအရင္က စားခဲ႔တာက သာမန္ေတာေကာင္ေတြေရာ ဟုတ္ရဲ႕လား"
က်န္႕၀ူေျပာမွ သူစဥ္းစားမိသည္။ ဆရာခ်က္ေကၽြးသည့္အသားဟင္းေတြကလည္း ယခုနည္းတူ ေကာင္းလြန္းသည္ပဲ။ ေျပာရလွ်င္ျဖင့္ က်န္႕၀ူခ်က္တာကိုဆရာ႔လက္ရာကမမွီေပမယ့္ သူ႔အထင္ ထိုအရာေတြကလည္း မိစာၦသားပဲျဖစ္ေနေလာက္သည္။
" ဆက္စားျပီကြာ ျဖစ္ခ်င္ရာျဖစ္"
ျပန္ကမ္းထားတဲ႔ လက္ကိုရုတ္ကာ သူျပန္စားေတာ့ က်န္႕၀ူက ေျပာင္ေခ်ာ္ေခ်ာ္ရယ္သည္။
" ဘာမွမျဖစ္ဘူး ကၽြန္ေတာ္ရွိတယ္။ လာကိုကို ဒီမွာ ေရေသာက္"
လက္ထဲထည့္ေပးလာသည့္ပုလင္းကိုယူကာ ေမာ့ေသာက္လိုက္ျပီးမွ ငံု႕ၾကည့္မိေတာ့ ေက်ာက္စိမ္းပုလင္းျဖစ္ေန၏။ ေရက အနံ႕၊အရသာမရွိဟုဆိုသည့္တိုင္ ယခုေရက အနည္းငယ္ထူးကဲေနခဲ႔သေယာင္....
စားေသာက္ျပီးသည့္ေနာက္ က်န္႕၀ူႏွင့္သူ ေရာက္တတ္ရာရာေျပာျဖစ္ၾကသည္။ က်န္႕၀ူမွာလည္း သူ႕နည္းတူ အကိုေတြမ်ားသည္ ဟုဆို၏။ သူ႔ထက္သာသည္က အစ္မေတြပါ မ်ားျခင္းပင္။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ေျပာရင္း ေနာက္ သူအိပ္ေပ်ာ္သြားခဲ႔သည္ထင္သည္။
------------------------------------------------
" ဒါနဲ့ နတ်သက်ခြွေပန်းက ပန်းနာမည်သက်သက်လား"
သူက စကားလွှဲရုံမေးလိုက်ပေမယ့် စစ်ဝူရှဲ့က ပြန်ဖြေမလာခဲ့တော့။ သိသိသာသာကိုတိတ်ကျသွားသည့်တိုင် သက်ပြင်းချသံကိုကြားမိလိုက်သေးသည်။
သီနတ်ဘုရား မိသွားမှာကြောက်လို့များလား.....
--------------------------------------------------------------------------------
သူက နောက်တွင်ချန်ရစ်ကာ စစ်ဝူရှဲ့နှင့်စကားပြောနေခဲ့သည်မို့ ဆရာတို့နှင့်အကွာအဝေးက အနည်းငယ်လှမ်းသွားသည်။ သူဆိုင်အပြင်သို့အရောက် လက်ကိုလာဆွဲခြင်းကိုခံလိုက်ရပြီး သူ့ကိုယ်ကမြောက်တက်သွားရသည်။
ကြောင်အချိန်ပင်မရလိုက် လေထဲတွင်ပင်ပျံသန်းလျက်ဖြင့် တစ်နေရာဆီခေါ်ဆောင်သွားခံရ၏။ လက်နှစ်ဖက်ကိုကိုင်ဆွဲထားသော မိန်းမတစ်ဦးသည် လေထဲတွင်အတောင်ပံမပါဘဲ ထီးထီးချည်းပျံသန်းနေ၏။ မြင်ရသည်မှာကြောက်ရွံ့ဖွယ်ကောင်းလှပြီး အသံကုန်အော်ဟစ်သည့်တိုင် သူ့ကိုထိုမိစ္ဆာမက မည်သို့လုပ်ထားသနည်းမသိ သူ၏ပါးစပ်မှမည်သည့်အသံမှ မထွက်ဘဲရှိနေသည်။
ဆရာတို့ထံပြန်ငုံ့ကြည့်တော့ ကျန်ရှိနေသောမိစ္ဆာအစုလိုက်၏ ဝိုင်းရံထားခြင်းကိုခံရနေသည်။ အံ့သြမင်သက်နေသော လူအုပ်၏အလယ်တွင်ပေမို့ ဆရာတို့မှာ အခက်ကြုံနေရဟန်။
ဝူရှဲ့ ဝူရှဲ့ ဝူရှဲ့ ငါ့ကို ကယ်ပါဦး ဝူရှဲ့
လက်နှက်ဖက်မှဆွဲသွားခံနေရသည်မို့ လက်မောင်းတွေမှာနာကျင်နေရပြီ။ လေထဲတို့လို့တွဲလောင်းကြီးဖြစ်နေပုံမှာ သားသည်မိခင်မှကလေးငယ်အားချီသွားသည့်သရုပ်ဖြစ်နေတော့ သူရှက်လည်းရှက်မိသည်။ တဖြေးဖြေးတောအုပ်ထဲသို့ရောက်လာတော့ သူ ပိုလန့်လာရပြီ။ ကြောက်မက်ဖွယ်ကောင်းသည့်ပါးစပ်ပြဲပြဲ မိစ္ဆာတွေအလယ်သို့ သူ့အားပစ်ချခဲ့မည်ဆိုလျှင်......
အနာခံကာ အတင်းရုန်းတော့ ထိုမိန်းမ သို့မဟုတ် မိစ္ဆာမက စူးရဲစွာငုံ့ကြည့်လာသည်။
လွှတ်စမ်း ငါ့ကို လွှတ်စမ်း ငါ့ကို ဘာလို့ ဒုက္ခလာပေးရတာလဲ လွှတ်စမ်းးး
ပါးစပ်မှမည်သည့်အသံမှ မထွက်လာသည်မို့ စိတ်အတွင်းမှအားရှိသမျှကြုံးအော်ပစ်လိုက်စဉ် သူ့ကိုယ်တွင်းမှ တစ်စုံတစ်ရာ စိမ့်ထွက်သွားသယောင် အေးခနဲခံစားလိုက်ရသည်။ ထို့အတူ သူ့ကိုဆွဲကိုင်ထားသည့်လက်လည်း လွတ်သွားပြီး ထိုမိစ္ဆာမက ခပ်ဝေးဝေးသို့အော်ဟစ်ကာ လွင့်စင်သွား၏။ သူ့တွင် အံ့သြနေချိန်မရှိ အမြင့်မှမြေသို့အရှိန်ပြင်းစွာဖြင့် ပြုတ်ကျနေတော့ ကြောက်လန့်မှုကြောင့် ရင်ထဲအေးစိမ့်၍သာနေသည်။ သစ်ပင်တွေအနီးသို့ရောက်တော့ ဝူရှဲ့ပြောခဲ့သည်ကိုအမှတ်ရကာ အပင်တွေကိုလိုသလိုစေခိုင်းကြည့်သည်။
ပြောင်းလဲမှုမရှိသည်ကြောင့် မျက်စိကိုသာစုံမှိတ်ပြီး ယခင်ဘဝမှကိုးကွယ်ရာကိုသာ ဆုတောင်းရတော့သည်။ သို့သော် မည်သည့်နာကျင်မှုကိုမှမခံစားရသည့်အပြင် နွေးထွေးလှသည့်အပူချိန်ကိုပင် ထိတွေ့မိဟန်မို့ ကပြာကယာမျက်စိဖွင့်ကြည့်မိ၏။
မည်သည့်အမျိုးအစားမှန်းမသိသည့် ရဲတိုက်ကြီးတစ်တိုက်သဖွယ်ကြီးမားလှသော အုံ့ဆိုင်းလွန်းသည့်အပင်ကြီး ... သူက ထိုအပင်၏ အရွက်တွေကြားတွင်လဲလျက်သားရှိနေသည်။ ထူထဲလှသည့်သစ်ရွက်တွေက သူ့အတွက်မွေ့ယာဖြစ်ပေးကာ စောင်သဖွယ်လည်းရစ်ပတ်ပေးထားပြန်သည်။ သစ်ရွက်တွေမှဂွမ်းစောင်သဖွယ်နွေးထွေးနူးညံ့မှုကိုသာ ခံစားရသည်က ထူးဆန်းနေသလို ထိုထူထဲလှသည့်သစ်ရွက်တွေကြားမှ အပြင်သို့ဖောက်မမြင်နိုင်သည်ကလည်း ထူးဆန်းနေသည်။
ငါ အိပ်မက် မက်နေတာလား။ ငါ ဒီတစ်လျှောက်လုံး အိပ်မက် မက်နေခဲ့တာလား... ငါ အိပ်ယာကနိုးရင် ...
ဖြာကျလာသောနေရောင်ခြည်နှင့် နွေးထွေးသောအိပ်ယာက သူ့ကိုငိုက်မြည်းစေသည်မှာ ထိန်းမနိုင် သိမ်းမရဖြစ်သည်အထိ။
----------------
တကျည်ကျည်အော်မြည်နေတဲ့ ကျေးဌက်သံတွေက သူ့ကိုနှိုးနေသယောင်ခံစားရပြီး တဝါးဝါးသမ်းရင်း သူနိုးထလာတော့ မြင့်မားလှသည့်သစ်ပင်ကြီးထက်တွင်ဖြစ်၏။
မျက်တောင်ဆယ်ကြိမ်မျှခတ်အပြီးတွင် ကြည်လင်စွာနိုးသွားပြီး ယခုမှ သူကြောက်လန့်ရကောင်းမှန်းသိတော့သည်။
" ဆရာ ဆရာ ဆရာ ဆရာ့ ..... သီနတ်ဘုရား သီနတ်ဘုရား ..... "
မည်မျှအော်အော် တုန့်ပြန်မှုမရှိသည့်ဝန်းကျင်ကြောင့် သူထိတ်လန့်သွားရသည်။ သူက ဘာဆိုဘာမျှ လုပ်တတ်သည်မဟုတ်။ ဆရာ့ဆီမှာလည်း သေချာမသင်ယူရသေးသည့်အပြင် သူမသိတဲ့အရာတွေက အများကြီးရှိနေသေးသည်ကို။
အေးစက်နေသောလက်ဖဝါးတွေဖြင့် လည်ပင်းဆီစမ်းတော့ ဆွဲကြိုးရှိမနေတော့။ မိစ္ဆာမနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပြုတ်ကျကျန်ခဲ့ဟန်တူသည်။
ခြေပစ်လက်ပစ် နောက်သို့မှီကာထိုင်ချလိုက်ပြီး ထူထပ်အုံ့ဆိုင်းလွန်းသည့်သစ်ကိုင်းတွေ၊ သစ်ရွက်တွေကို ကြည့်နေမိသည်။ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး သစ်ကိုင်းတွေကြားမှ အပြင်သို့ချောင်းကြည့်ဖို့ကြိုးစားမိပေမယ့် မြူတွေကိုသာ မြင်ရ၏။ သူ့အဖို့ သစ်ရွက်တွေကြားတွင်သာ တစ်ယောက်ယောက်လာကယ်ဖို့ စောင့်ရတော့မည်ထင်သည်။
သစ်ရွက်တွေကြားမှ နေပြောက်ကျားထိုးနေသည်ကိုငေးနေရင်း သက်ပြင်းအထပ်ထပ်ချနေဖြစ်သည်မှာ အကြိမ်ရေမနည်းတော့။ အချိန်တွေအတော်ကြာနေပြီမှန်း သူသိနေသည်။ ကျေးဌက်တွေတေးဆိုနေသည်မှာလည်း ရပ်သွားသည်မှာကြာခဲ့ပြီ။ လင်းချင်းနေခဲ့သည့်ပတ်ဝန်းကျင်ပင် မှောင်စပြုနေပြီ။ သူက သစ်ရွက်တွေ၊ သစ်ကိုင်းတွေကြား ညပ်နေခဲ့သော်ငြား အသက်ရှူရမခက်တာကပင် တော်ရော့သည်။ ကျဉ်းမနေခဲ့ဘဲ သူ့တစ်ကိုယ်စာလွတ်လွတ်လပ်လပ်နေနိုင်သည်ကပင် တော်သေးသည် ။ မဟုတ်လျှင် စိတ်ကျဉ်းကျပ်လွန်း၍ အလျှင်အသက်ထွက်လောက်၏။
" ပျင်းလိုက်တာကွာ မိုးတောင်ချုပ်နေပြီ။ ဘာမှမထူးခြားပါလား ဟင်း"
လေးတိလေးကန်ထွက်လာသည့်အသံက ရွှင်လန်းလျက်... တမင်ပင် လေးဖင့်၍ပြောနေဟန်။ ချိုသာမနေသော်ငြား ကြမ်းတမ်းသြရှုမနေသည့်အသံကိုကြားလိုက်ရတော့ သူ ကျောမတ်လိုက်ဖြစ်သည်။ အပြင်ကိုမြင်ရလောက်အောင်အထိ သစ်ရွက်တွေကကျဲမနေသော်ငြား သူ ချောင်းကြည့်လိုက်မိသည်။ တောထဲဝင်လာသည့်လူသားတစ်ယောက်အသံဖြစ်မည်။ သူအားတက်သွားရကာ လည်ချောင်းတစ်ချက်ရှင်းပြီး အော်ဟစ်အကူအညီတောင်းလိုက်မိသည်။
" လူရှိလားခင်မျာ။ ကျွန်တော့်ကို ဒီသစ်ရွက်တွေကြားက ထုတ်ပေးပါလား။ အပြင်က အကိုခင်များ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ။ ကျွန်တော့်ဆရာဆီကနေ မိတ်ဆွေလိုချင်တာကိုတောင်းပေးပါ့မယ်။ ကျွန်တော့်အကိုတွေကလည်း ချမ်းသာတော့ အကိုလိုချင်တာရရပါစေ့မယ် ကျွန်တော့်ကိုသာ ကူညီပေးပါဗျာ အပြင်က အကို့"
သူစကားစကတည်းက အပြင်မှလှုပ်ရှုားမှုသံများမှာ ငြိမ်ကျသွားခဲ့သည်။ အသံကြားခဲ့ရစဉ်က သူနှင့်အရမ်းနီးကပ်နေ၍သာ သူက အကူအညီတောင်းခဲ့ခြင်းလည်းဖြစ်သည်။ အရမ်းကိုပြွတ်သိပ်နေသည့်သစ်ရွက်တွေအကြား တည်ရှိနေမှုကြောင့် အထဲမှအသံမှာ အပြင်သို့တော်ရုံမပေါက်နိုင်ကြောင်း သူသိသည်လေ။ တခဏမျှအသံတိတ်သွားပြီးနောက် သစ်ရွက်တွေကြားမှ လေပူတွေဝင်လာသည်ကို သူခံစားမိလိုက်သည်။ အလင်းရောင်မရှိတော့သည်အထိ ညကအသက်ဝင်နေသလို၊ လ၏မှိန်ပျပျအလင်းမှာလည်း သစ်ရွက်တွေအားတိုးမပေါက်သည်မို့ ဝန်းကျင်ကိုသိပ်မမြင်နိုင်တော့။ သို့ပေမယ့် လေပူတွေနှင့်အတူ အမည်းရောင်မြူတွေစိမ့်ဝင်လာသည်ကိုမြင်နိုင်သေးသည်က နီးကပ်လွန်၍လား၊ သူ့ရဲ့မရှိမယ့်ရှိမယ့် နတ်စွမ်းအားကြောင့်ပေလား မပြောနိုင်ပေ။
" ကျွန်တော် သစ်ကိုင်းတွေကို ခုတ်ဖြတ်ပေးမယ်။ အကိုက အနောက်ကိုကပ်နေလိုက်ပါ။"
တစ်ဖက်လူမရှိတော့ဘူး ဟုသူတွေးမိစဉ်မှာပင် စကားသံက ထွက်လာသည်။ သူ့ကိုထိခိုက်မိမည်စိုးသဖြင့် အနောက်သို့ဆုတ်၍ရသမျှ ဆုတ်လိုက်၏။ မကြာခင်မှာ သစ်ကိုင်းအားခုတ်နေသံကို ကြားလိုက်ရတော့ သူ့အား သစ်ကိုင်းစတွေလာစင်မည်ကိုစိုးကာ မျက်လုံးမှိတ်လိုက်ပြီး ဒူးပိုက်ကာ စောင့်ကြောင့်ထိုင်နေလိုက်သည်။ ခုတ်ဖြတ်နေသံကိုအတန်ကြာကြားလိုက်ရပြီး
" မျက်လုံးဖွင့်လိုက်ပါတော့ ထွက်လို့ရပြီလေ"
အသံက လှောင်ရယ်သံစွက်နေသော်ငြား သူစိတ်မတိုမိသည့်အပြင် ယခုလိုကူညီပေးသည့်အတွက် ကျေးဇူးပင်တင်မိသေးသည်။ မျက်စိရှေ့မှသစ်ကိုင်းတွေရှင်းသွားတော့ မီးရောင်၏အကူအညီဖြင့် တဖက်လူကိုရှင်းလင်းစွာမြင်ရသည်။ ဆံပင်အနက်ရောင်ကို ကြိုးဖြင့်သိမ်းချည်ထားပြီး သစ်လွင်နေသည့်အနက်ရောင်အဝတ်အစားဖြင့် လူငယ်က အများဆုံးရှိမှ တစ်ဆယ့်ရှစ်နှစ်အရွယ်လေးဖြစ်သည်။ မတိုင်မီက ခေါင်းငုံ့နေခဲ့သဖြင့် သူ့ကိုထိုလူငယ်ကသေချာမြင်ပုံမရ။ ယခု သူမော့ကြည့်လိုက်တော့မှ ထိုလူငယ်ကတခဏမျှ အံ့အားသင့်သယောင်ဖြစ်သွားပြီးနောက် သူ့အားရွှင်လန်းစွာပြုံးပြလာသည်။
သူ့အားကမ်းပေးလာသည့်လက်၏အကူအညီကိုယူကာ တိုးထွက်လိုက်တော့ ထိုသစ်ပင်အနီးရှိ မီးပုံကိုတွေ့ရသည်။
" လာ မီးပုံနားမှာထိုင်။ ဒီလိုဆို တောကောင်တွေ မလာရဲဘူး"
သူ့ကို တစ်ဖက်လူမှ သစ်ပင်အတွင်းပိတ်မိနေသည့်အကြောင်းအား မေးလာမည်ကိုစိုးရိမ်နေစဉ် တောကောင် ဟုရည်ညွှန်းသံကြားလိုက်ရတော့ ထခုန်မိမတတ် လန့်သွားမိ၏။ သူ့အဖြစ်အားကြည့်ကာ လူငယ့်ထံမှရယ်သံထွက်လာသည်။ ရှက်ရှက်ဖြင့် လည်ပင်းကိုလက်တစ်ဖက်ဖြင့်ပွတ်ရင်း ထိုလူငယ်ခေါ်သွားရာ မီးပုံအနီးသို့လိုက်သွားလိုက်သည်။
သေချာထိုင်ပြီးသည့်နောက် မလွှတ်ရသေးသည့်လက်ကိုပင် တဖန်ဆွဲယူကာ အကျႌလက်ကိုပါလှန်ကာကြည့်လာရင်း
" ဒဏ်ရာတွေရသွားလေးလား ကိုကို "
ကိုကိုခေါ်သံအားပြုအပြီး သူ့ကိုကြည့်လာပုံက မနှစ်ခြိုက်မှာစိုးသည့်နှယ်။ တစ်ဆယ့်ရှစ်နှစ်ဆိုတာက အထက်တန်းအောင်ပြီးစအရွယ်လေးရှိသေးတာ သူတော့ချစ်စရာညီလေးတစ်ယောက်ရတော့မယ်ထင်ပါရဲ့။
" မရဘူး ညီလေးရဲ့။ ကိုကိုကလေ သစ်ရွက်တွေကြား ဝင်ကြည့်ရင်းနဲ့ ပြန်မထွက်တတ်တော့တာရယ် အဟီး"
မမေးခင်ကတည်းက ကြိုတင်ကာဖြေရှင်းချက်ပေးလိုက်ပေမယ့် ထိုလူငယ်က သူ့အားအကုန်သိနေသလို ကြည့်လာတော့ ခပ်အန်းအန်းဖြစ်သွားရသည်။
" သြော် ကိုကိုက တော်တော်ဆော့တာပဲ"
" အမ် အဟား ဟုတ်တယ်နော် အဟား "
နှစ်ဦးကြားတိတ်ဆိတ်သွားပြန်သည်။ ဆက်ပြောသင့်သည်ကို သူတွေးနေစဉ်မှာ လူငယ်က လက်ကိုလွှတ်ပေးလာပြီး သူ့အား ကြည့်လာသည်။ မီးရောင်ကြောင့်ပေပဲလားမသိ လူငယ်၏မျက်ဝန်းတွေထဲ ရောင်ပြန်တွေဟပ်နေ၏။
" ကိုကိုက ကျူးယင်ဆိုတာလား"
"ဟမ်"
သူ့အား သိနေမှုကြောင့် ကျောမတ်ကာ ခပ်တောင့်တောင့်အနေအထားဖြစ်သွားတော့ လူငယ်ကရယ်သည်။
" ကိုကို့နာမည်က ကျူးယင်လားလို့မေးတာပါ။ ကိုကိုပဲပြောပြီးတော့ "
" ဟမ် အကိုပြောခဲ့မိတာလား ။ အင်း ဟုတ်တယ် အကို့နာမည်က ကျူးယင်ပါ ညီလေးကရော"
ဇဝေဇဝါဖြစ်စွာပြန်ဖြေရင်း လူငယ်ရဲ့အရိပ်အခြေကိုကြည့်လိုက်သည်။ သူ့ကိုအန္တရာယ်ပြုမည့်ဟန်မရှိဘဲ နဂိုအတိုင်းတက်ကြွနေဆဲ အမူအယာအတိုင်းရှိနေသည်ကိုတွေ့တော့မှ သူသက်ပြင်းချမိသည်။ သူကိုက အတွေးများနေသည်သာ။ ကောင်လေးက သာမန်လူတစ်ယောက်ပဲဖြစ်သည်ကို။
" ကျွန်တော်က ကျန့်ဝူပါ ကျူးယင်ကိုကို "
–----------------
" အားဝူလို့ ငါခေါ်လို့ရမလား"
သူ့ကိုသာ ရှောင်ယင်တွေ အားယင်တွေခေါ်နေကြပေမယ့် သူကတော့ အကုန်လုံးကိုတရိုတသေတွေချည်းခေါ်နေရသည်။ ဝူရှဲ့ကိုတောင်မှ တရင်းတနှီးမခေါ်ရတာမို့ ကျန့်ဝူလို ချစ်စရာကောင်ငယ်လေးကိုတော့ လွတ်လွတ်လပ်လပ်ပြောဆိုချင်မိသည်။
" ရတာပေါ့ ကိုကိုကျူးယင်ရဲ့။ ကိုကို ကြိုက်သလိုသာခေါ်"
" ဒါဆို အားဝူပဲခေါ်မယ်။ ပြောပါဦး မင်းအရွယ်လေးနဲ့ တောကြီးထဲ တစ်ယောက်ထဲ ဘာလာလုပ်နေတာလဲ အကောင်ကြီးတွေကို မကြောက်ဘူးလား"
သူ့အမေးကို ကျန့်ဝူက ပြုံးစစမျက်နှာပေးနှင့် ဖြေသည်။
" ကျွန်တော်က ဒီ့ထက်ဆိုးတဲ့အကောင်တွေကိုတောင် တွေ့ဖူးတယ်ကိုကိုကျူးယင်ရ။ ကျွန်တော့်အဖေက ကျွန်တော့်ကိုဆို အရမ်းဆူတာ ကျွန်တော်က နားငြီးရင် ထွက်လာပြီး တစ်ယောက်ထဲလျှောက်သွားတာပဲ ကြောက်စရာဘာမှမရှိပါဘူး"
" ဟုတ်လား။ ငါ့ညီလေး သနားစရာပဲ"
သူက သည်းသည်းလှုပ်အချစ်ခံရသည့် မိသားစုတွင်ပျော်ပါးနေချိန် ဒီချစ်စရာကောင်ငယ်လေးကတော့ လမ်းပေါ်လေလွင့်နေရသည်။ ကံကအတော်ကွာလိုက်လေခြင်း။
" သနားတယ်... ကိုကိုကျူးယင်က ကျွန်တော့်ကိုသနားတယ်လို့ပြောလိုက်တာလား။ "
သူခေါင်းငြိမ့်တော့ ကျန့်ဝူက ရယ်သည် မခိုးမခန့်ဖြင့်...
" အဟား..။ "
" ဒါနဲ့ မင်း ဒီတောထဲမှာ လူနှစ်ယောက်လောက်ကို တွေ့လိုက်သေးလားဟင်။ အေးစက်ပြီး အရမ်းချောတဲ့အကိုတစ်ယောက်ရယ် ဆံပင်ကိုသိမ်းစည်းထားတဲ့ တည်ကြည်ခန့်ညားတဲ့အကိုတစ်ယောက်ရယ်ကိုလေ။ မင်းဒီတောထဲဝင်လာတော့ တွေ့လိုက်မိလား။"
သူ့အမေးအဆုံးမှာ သူသည်ပဲစိတ်ထင်၍လားမသိ ကျန့်ဝူ၏ပြောင်စပ်စပ်မျက်နှာပေးက တည်တန့်သွားကာ သူ့အားမှိုင်းညို့စွာ ရှုလာပါ၏။
" မတွေ့ပါဘူး ကိုကို။ သူတို့က ဘယ်သူတွေလဲဟင်။ ကိုကိုနဲ့ဘာတော်တာလဲ"
" မတွေ့ဘူးလား။ သြော် သိသိသာသာချောမောတဲ့တစ်ယောက်က ကိုကို့အကိုဝမ်းကွဲ အဟဲ နောက်တစ်ယောက်ကတော့ ဆရာပါ"
" သြော် ကိုကိုကျူးယင်မှာဆရာက တစ်ယောက်ထဲလား။ ကျွန်တော့်မှာဆို အများကြီးရှိတယ်။ "
လမ်းစရပြီမို့ ဆရာတွေကစပြီး ထိုကလေးအကြောင်းကိုဆက်မေးမည်အပြု ကျန်ှုဝူက သူ့အကျႌအတွင်းဘက်မှ ထုတ်လိုက်သည့်တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ ကျောက်စရစ်ခဲဆွဲသီးလေး ပါဝင်တဲ့ ကြေးရောင်ဆွဲကြိုးလေးပင်။ ကြေးရောင်ဆိုသည့်တိုင် ထိုကြိုးက တဖျက်ဖျက်လက်နေပါ၏။
" ဒါ ဆရာတစ်ယောက်ပေးထားတာလေ။ ဒီဆွဲကြိုးကိုဆွဲထားရင် သုံးလောကက ဘယ်သူမှ ကျွန်တော့်ကို အန္တရာယ်ပြုလို့မရဘူးတဲ့။ ဒီဆွဲကြိုးရှိလို့ပဲ ကျွန်တော်ဒီလိုလျှောက်သွားနေနိုင်တာပေါ့။ မဟုတ်ရင် နတ်တွေရဲ့ရောင်ဝါကြောင့်သေတာဖြစ်ဖြစ်၊ မိစ္ဆာတွေကြောင့် သေတာဖြစ်ဖြစ် တောကောင်တွေကြောင့်ဒုက္ခရောက်တာဖြစ်ဖြစ် ကျွန်တော်သေပြီးနေလောက်ပြီ"
ဒီဆွဲကြိုးရှိ၍ ကျန့်ဝူက သူ့ကိုမြင်သည့်အခါ ရူးမသွားခဲ့တာဖြစ်မည်။ တော်သေးသည်ပေ။
" ကောင်းတာပေါ့။ ကိုယ်နဲ့မကွာဆောင်ထားနော်။ "
" ဟုတ်ကဲ့ ကိုကို။ ကိုကိုကျူးယင် ဗိုက်မဆာဘူးလား ကျွန်တော်အသားကင်ပေးမယ် ခဏစောင့်ပေးပါလား"
သူ့ကိုမေးပြီးသည်နှင့် အဖြေမတောင်းဘဲ ချက်ချင်းထရပ်ကာ မီးပုံအနီးသာ၍ တိုးကပ်သွားသော ကျန့်ဝူကို သူပြုံး၍သာ လိုက်ကြည့်ဖြစ်သည်။ ဒီကလေး အတော်ဆော့တာပဲ။
သူအစောကမမြင်ခဲ့တဲ့ မီးပုံဘေးမှ တောကောင်အလောင်းကြီးအား ဓားဖြင့်ခုတ်ဖြတ်ကာ ရေဖြင့်ဆေးကြောရင်း မီးနှင့်ကင်ဖို့ပြင်နေတဲ့ ကျန့်ဝူကိုကြည့်ရင်း သူသနားစိတ်ဝင်လာရသည်။ အဆောင်ဆွဲကြိုးသာမရှိလျှင် ကလေးမှာ ဒုက္ခရောက်နေလောက်ပြီ။ သူလည်း ဒုက္ခရောက်နေလောက်ပြီ။ သူ ဒီကလေးကိုမည်သို့ကျေးဇူးဆပ်သင့်သနည်း။ သူက နတ်ဆိုတော့ ဒီကလေးလိုချင်ရာ ဆုတစ်ခုတောင်းခိုင်းလိုက်ရမည်လား။ သို့ပေမယ့် သူကလည်း နတ်စွမ်းအားအသုံးပြုပုံကို ကျွမ်းကျင်ခြင်းမရှိသေးတော့ ခက်၏။ ပန်းပွင့်ပွင့်အော
င်လုပ်ပြီး လက်ဆောင်ပေးလိုက်ရင်ရော သို့မဟုတ် ပန်းမျိုးစေ့ပေးလိုက်ရကောင်းမလား။
" ကိုကိုကျူးယင် စားလို့ရပြီ။ "
သူအတွေးဝင်သည်မှာ မကြာသေး... သူ့မှာ ယခုမှစတွေးရုံရှိသေးသည် အကင်က ကျက်ပြီလား။
ကျန့်ဝူက သူ့ကိုတုန့်ပြန်ခွင့်မပေးပြန် လက်ထဲသို့ တုတ်ထိုးအကင်အား ထည့်ပေးလာသည်။ ယခုမှ မွှေးအီလွန်းသည့် လတ်ဆတ်သည့်အသားရနံ့အား သတိပြုမိရသည်။
" မွှေးလိုက်တာ အားဝူရ ။ ဒါ ဘာအသားလဲဟင်"
" ယုန်သားလေ"
" ယုန်က အဲ့လောက်ကြီးလို့လား။ ခုနက ငါမြင်လိုက်တာတော့ အရွယ်က ဝက်လောက်ရှိပါတယ်။ ငါ့ညီက ငါ့လာပတ်နေတာကိုး မင်းအကိုက ဒီလောက်မညံ့သေးပါဘူးကွာ"
အသားတစ်ဖဲ့စားလိုက်တော့ အရသာက အမှန်ပင် ထူးကဲလွန်းနေသည်။ လျှာပေါ်မှာ ချိုမြပြီးပျော်ဝင်သွားသည့်အပြင် စားလို့အရမ်းကောင်းနေ၏။
" ကျွန်တော်က ယုန်ဆို ယုန်လိုက်ပေါ့ကိုကိုရာ။ ကျွန်တော်ဖမ်းလာတဲ့ယုန်က ရိုးရိုးယုန်မှမဟုတ်တာ ယုန်မိစ္ဆာလေ"
" အဟွတ် အဟွတ် "
အသားနင်သွားတဲ့သူ့ကို ကျန့်ဝူက ခပ်အေးအေးပင်ကြည့်သည်။ သူ့မျက်နှာ နီရဲလာလောက်အောင် ချောင်းတွေဆိုးတာမရပ်တော့မှ ကျောကိုလာပုတ်သည်။
" ဖြေးဖြေးစားပါ ။ ကိုကိုကြိုက်တယ်မဟုတ်လား။ "
" ကြိုက်တာက ကြိုက်ပါတယ်။ ဒါပေမယ့် မိစ္ဆာအသားတော့ငါမစားရဲဘူးကွ။ ရော့ကွာ ငါဆက်မစားရဲတော့ဘူး"
အရသာက ကောင်းလွန်းသည့်တိုင် မိစ္ဆာအသားကိုတော့ သူမစားရဲပါချေ။
" အဲ ခက်ပြီကိုကိုကျူးယင်ရေ။ မိစ္ဆာသားဆိုတာက တစ်ခါစားပြီးရင် ကုန်အောင်စားရတယ်ကိုကိုရ။ ပြီးတော့ ဒီတောထဲမှာ ရိုးရိုးတောကောင်တွေမှမရှိတာ မိစ္ဆာပဲစားရတာပေါ့။ ကိုကိုအရင်က စားခဲ့တာက သာမန်တောကောင်တွေရော ဟုတ်ရဲ့လား"
ကျန့်ဝူပြောမှ သူစဉ်းစားမိသည်။ ဆရာချက်ကျွေးသည့်အသားဟင်းတွေကလည်း ယခုနည်းတူ ကောင်းလွန်းသည်ပဲ။ ပြောရလျှင်ဖြင့် ကျန့်ဝူချက်တာကိုဆရာ့လက်ရာကမမှီပေမယ့် သူ့အထင် ထိုအရာတွေကလည်း မိစ္ဆာသားပဲဖြစ်နေလောက်သည်။
" ဆက်စားပြီကွာ ဖြစ်ချင်ရာဖြစ်"
ပြန်ကမ်းထားတဲ့ လက်ကိုရုတ်ကာ သူပြန်စားတော့ ကျန့်ဝူက ပြောင်ချော်ချော်ရယ်သည်။
" ဘာမှမဖြစ်ဘူး ကျွန်တော်ရှိတယ်။ လာကိုကို ဒီမှာ ရေသောက်"
လက်ထဲထည့်ပေးလာသည့်ပုလင်းကိုယူကာ မော့သောက်လိုက်ပြီးမှ ငုံ့ကြည့်မိတော့ ကျောက်စိမ်းပုလင်းဖြစ်နေ၏။ ရေက အနံ့၊အရသာမရှိဟုဆိုသည့်တိုင် ယခုရေက အနည်းငယ်ထူးကဲနေခဲ့သယောင်....
စားသောက်ပြီးသည့်နောက် ကျန့်ဝူနှင့်သူ ရောက်တတ်ရာရာပြောဖြစ်ကြသည်။ ကျန့်ဝူမှာလည်း သူ့နည်းတူ အကိုတွေများသည် ဟုဆို၏။ သူ့ထက်သာသည်က အစ်မတွေပါ များခြင်းပင်။ တစ်ယောက်အကြောင်းတစ်ယောက်ပြောရင်း နောက် သူအိပ်ပျော်သွားခဲ့သည်ထင်သည်။
------------------------------------------------