ခမ္းနားသည့္မ်က္ႏွာက်က္ေအာက္တြင္ အစိမ္းရင့္ေရာင္၀တ္စံုျဖင့္ လက္ႏွစ္ဖက္ပိုက္လ်က္ သူ႔အား ဟန္ခ်ီခ်ီငံု႕ၾကည့္ေနေသာ စစ္၀ူရွဲ႕ကိုေတြ႕လိုက္ရသည္။ သူအလန္႕တၾကားထထိုင္ေတာ့ စစ္၀ူရွဲ႕က လက္တစ္ဖက္ကိုျဖန္႕ကာ ထိုလက္ေပၚတြင္ေရတစ္ခြက္ေပၚလာေစျပီး သူ႔ကိုတိုက္သည္။
" က်ဴးမ်ိဳးႏြယ္ေတြလည္း အိပ္မက္မက္တာပဲလား။ ကိုယ္ဆို အိပ္မက္ဆိုတာ ဘာမွန္းေတာင္မသိဘူး။ "
ေရတစ္ခြက္လံုးကုန္ေအာင္ ေမာ့ေသာက္လိုက္ျပီးသည့္ေနာက္ ကတုန္ကယင္ျဖစ္ေနမႈကလည္း ျငိမ္က်သြားသည္။ သူက အိပ္မက္မက္ေနခဲ႔သည္သာျဖစ္ျပီး အျပင္မွာ အကိုၾကီးက တကယ္မရွိေခ်။ အကိုၾကီးမရွိမွေတာ့ ၀ူရွဲ႕ႏွင့္ပတ္သတျ္ပီး စိုးရိမ္ေနရန္လိုမည္မထင္ေတာ့။
" အိပ္မက္မက္တာမမက္တာက မ်ိဳးႏြယ္နဲ႔ဆိုင္ေသးတာလား"
ေရခြက္ကိုျပန္ကမ္းေပးရင္း သူေမးေတာ့ ၀ူရွဲ႕က အိပ္ယာစြန္းတြင္း တင္ပါးလြဲထိုင္လာရင္းယူသည္။
" သီနတ္ဘုရား၊ စစ္မ်ိဳးႏြယ္နဲ႔ က်ဴးမ်ိဳးႏြယ္ေတြက နတ္ဘုရားစစ္မ်ိဳးရိုးေတြမို႔ ကင္းလႊတ္ခြင့္ရွိတယ္ေလ။ ကိုယ္တို႔ေတြ ေသသြားရင္ေတာင္ ကိုယ့္တို႔အေဖေတြက ျပန္ရွင္ေအာင္လုပ္ေပးလို႔ရေသးတာပဲဟာ။အဟက္ ယင္ေလး အိပ္မက္ဆိုးမက္တာကိုသာ က်ဴးယန္နတ္မင္းသိရင္ အိပ္မက္နတ္ဘုရားကို ေရႏွစ္သတ္ေလာက္တယ္"
" အင့္ အေဖက အဲ႔လိုလုပ္ပါ့မလား"
သူက ထိုသို႔ေမးေတာ့ ၀ူရွဲ႕က ညစ္က်ယ္က်ယ္ျပံဳးသည္။
" ယင္ေလးအေဖက အဲ႔လိုပိုလုပ္တတ္တာပါ။ ခမည္းေတာ္ဆို ဘုရင္ဆိုတဲ႔ဂုဏ္ကိုထိန္းျပီး လုပ္ခ်င္ရင္ေတာင္ လုပ္နိုင္မွာမဟုတ္ဘူး။ ယင္ေလးရဲ႕အေဖကေတာ့ အဲ႔လိုေတြဂရုစိုက္ေနစရာမရွိဘူး။ က်ဴးယန္နတ္မင္းဂရုစိုက္တာက က်ဴးမ်ိဳးႏြယ္ပဲရွိတာ"
" ေျသာ္"
" အဲ႔ဒါထက္ ယင္ေလးက ဘာအိပ္မက္ေတြမက္တာလဲ။ နာမည္ေတြေယာင္တာမွ တစ္ခုျပီးတစ္ခုပဲ"
နီးကပ္ေနခဲ႔သည့္မ်က္ႏွာတစ္ခုကို သူျပန္ျမင္ေယာင္မိေတာ့ ပါးျပင္ေတြက ပူထူလာခဲ႔သည္။
" က်ဴးယင္ "
" ဟင္ ဟင္ ဘာျဖစ္လို႔လဲ "
ယင္ေလးဟုေခၚေနရာကေန ရုတ္ခ်ည္းေျပာင္းလဲကာ နာမည္အရင္းေခၚေ၀ၚလာမႈေၾကာင့္ သူစိုးရိမ္သြားရသည္။
'သူ ဘာအမွားလုပ္မိလို႔လဲ။'
စစ္၀ူရွဲ႕က လက္ႏွစ္ဖက္ျပန္ပိုက္ကာ သူ႔အနားတိုးကပ္ျပီး ခပ္စူးစူးၾကည့္လာေတာ့ သူေခါင္းငံု႕လိုက္မိသည္။
" အဲ႔ဒိအိပ္မက္ကိုထားလိုက္ ျပန္ေတြးမေနနဲ႔။ အခု ငါဒီမွာရွိေနတယ္ မင္းငါ့အေၾကာင္းပဲေတြး"
" ဟုတ္ကဲ႔"
ေဒါသထြက္ေနမည္စိုး၍ သူအလွ်င္ျပန္ေျဖေတာ့ စစ္၀ူရွဲ႕က တစ္ခ်က္ရယ္သည္။
" လိမၼာတယ္။ ယင္ေလး ဦးရီးေတာ္နဲ႔လိုက္သြားမွာကို ကိုယ္သိေတာ့ တစ္ခါတည္းအတူလိုက္ခဲ႔ခ်င္ခဲ႔တာ ဒါေပမယ့္ .. အဟက္ ထားလိုက္ပါ။ အခု သီနတ္ဘုရားက ရွိေနေတာ့ ကိုယ္ယင္ေလးအနား ေနရမွာမဟုတ္ဘူး။ ကိုယ္ေရာင္ေဖ်ာက္ထားျပန္ရင္လည္း ကိုယ့္ရဲ႕နတ္စြမ္းအားကနုေနေသးေတာ့ ဟင္း... တစ္နည္းပဲရွိေတာ့တယ္ ယင္ေလး။ လာ ကိုယ့္အနားလာ ကိုယ္ ယင္ေလးကိုေပးစရာရွိတယ္။"
သူ႔ကိုေခၚေတာ့ ေစာင္ေတြႏွင့္လံုးေထြးေနသည့္ကိုယ္ကို အတင္းရုန္းကာ စစ္၀ူရွဲ႕အနားသို႔ေလးဘက္ေထာက္သြားျပီး ထိုင္လိုက္သည္။
သူလုပ္သမွ်ကို လိုက္ၾကည့္ေနသည့္၀ူရွဲ႕ရဲ႕မ်က္၀န္းေတြက တဖ်က္ဖ်က္လက္ေနေလေတာ့ သူရွက္သြားရသည္။
' ငါ့ႏွယ္ မိန္းကေလးလည္း မဟုတ္'
၀ူရွဲ႕ညႊန္ျပသည့္ေနရာနဲ႔ အနည္းငယ္ခြာျပီးက်ံဳ႕က်ံဳ႕ေလးထိုင္ေနတဲ႔သူ႔ကို စစ္၀ူရွဲ႕က ပခံုးကေနကိုင္ကာ သူ႔အနားသို႔ဆြဲယူသည္။ သူသည္ကသာ ေသးေကြးေန၍လားမသိ ၀ူရွဲ႕ဆြဲရာသို႔ တစ္ကိုယ္လံုးဖင္တရြတ္တိုက္ ပါသြားရသည္။ သူ အေမးမျပဳနိုင္ခင္မွာ ေလထဲတြင္ေပၚလာသည့္ ေတာက္ပလြန္းသည့္ ဆြဲၾကိဳးေၾကာင့္ စကားလံုးတို႔ကို ျပန္ျမိဳခ်လိုက္သည္။
ဆြဲၾကိဳးမွာ အျပာနုေရာင္ေက်ာက္ဆြဲၾကိဳးျဖစ္ျပီး ဆြဲသီးကား ေရစက္သ႑ာန္ေလးျဖစ္သည္။ ထိုဆြဲၾကိဳးကို စစ္၀ူရွဲ႕က လက္တစ္ဖက္ျဖင့္လွမ္းယူကာ က်န္လက္က ပခံုးေပၚကပိုကရိုတင္ေနေသာ သူ႔ဆံပင္တို႔ကို ေက်ာဘက္သို႔ပို႔သည္။
" ၀ူရွဲ႕ ဒါ ... "
သူ႔ကို ဆြဲၾကိဳးဆြဲေပးလာသည္မို႔ ေမးေတာ့မည္ျပင္ေတာ့ မ်က္ေမွာင္က်ံဳ႕ၾကည့္သည္ကို ရင္ဆိုင္ရသျဖင့္ ပါးစပ္ျပန္ပိတ္လိုက္ရ၏။
" ဒါ ခမည္းေတာ္ဆီက ကိုယ္ေတာင္းလာတာ။ ဒီဆြဲသီးေလးထဲမွာ ကိုယ္၀င္ေနလို႔ရေတာ့ ကိုယ္ ယင္ေလး အနားမွာရွိေနနိုင္ျပီေလ။ ျပီးေတာ့ သီနတ္ဘုရားေတာင္ ကိုယ့္ရဲ႕တည္ရွိမႈကို ခံစားမိမွာ မဟုတ္ဘူး"
" ဟင္ တကယ္ ဒီေသးေသးေလးထဲကို လူတကယ္၀င္ေနလို႔ရတယ္"
လည္ပင္းမွဆြဲသီးေလးကို ကိုင္ကာ သူတအံ႕တၾသေမးေတာ့ ၀ူရွဲ႕က ခန္႕မွန္းရခက္စြာျပံဳးသည္။
" လူေတာ့၀င္လို႔မရဘူးေလ ကိုယ္က လူမွမဟုတ္တာ "
' ေမးမိတဲ႔ ငါ့ပါးစပ္ -_-'
ဆြံ႕အသြားရတဲ႔သူ႔ကို စစ္၀ူရွဲ႕က ျပံဳးျပံဳးၾကီးၾကည့္သည္။
" က်ဴးယင္ "
သီနတ္ဘုရား၏အသံကိုၾကားလိုက္ရခ်ိန္တြင္ သူပင္သတိမေပးရေသး စစ္၀ူရွဲ႕ကအေငြ႕အျဖစ္ေျပာင္းကာ ဆြဲသီးထဲသို႔၀င္သြားေလျပီ။ ဆြဲၾကိဳးကို အက်ႌေအာက္သို႔အျမန္ထည့္လိုက္ျပီး မတ္တပ္ထရပ္လိုက္ခ်ိန္မွာ သီနတ္ဘုရားက ေပၚလာသည္။
" ဘာလုပ္ေနတာလဲ "
သူ႔အား မ်က္ေမွာင္က်ံဳ႕ၾကည့္ကာ ေမးလာေတာ့ သူ ဘာျပန္ေျဖရမည္မွန္းမသိျဖစ္သြားသည္။ တုန္႔ျပန္မႈမရွိတဲ႔သူ႔ကို လ်စ္လ်ဴရႈကာ သီနတ္ဘုရားက အခန္းတြင္းကို လိုက္ၾကည့္သည္။ တစ္စံုတစ္ေယာက္၏ တည္ရွိမႈအားခံစားမိသကဲ႔သို႔ ျပဳမူေနသည္မို႔ လက္သီးတင္းတင္းဆုပ္ထားမိသည္။
' ေတြ႕သြားေတာ့မွာလား။ ၀ူရွဲ႕ေျပာေတာ့ မသိဘူးဆို။ ဒါဆို ဘာလို႔လိုက္ရွာေနတာလဲ '
သီနတ္ဘုရား၏ကိုယ္လွည့္ရာသို႔ သူပါလိုက္ပါေနသည္ျဖစ္ရာ တန္႕ခနဲအရွိန္ရပ္တန္႕သြားသည့္အခါ သီနတ္ဘုရား၏ေက်ာႏွင့္ သူ႔မ်က္ႏွာေစာင့္မိရေတာ့သည္။
" က်ဴးယင္ မင္းဟာေလ.... "
သူ႔အား ေဒါသတၾကီးျဖင့္ တစ္ခုခုျပဳမူျပီ ဟုမွတ္ကာ ကိုယ္ကိုက်ံဳ႕၍ ျပင္ဆင္လိုက္ပါေသာ္ျငား ႏွဖူးသို႔ခပ္ဖြဖြတို႔ထိလာသည္ကို ခံစားလိုက္ရသည္။ မ်က္စိကိုမွိတ္ထားမိရာက ျပန္ဖြင့္ၾကည့္ေတာ့ ႏွဖူးေၾကာေတြတြန္႕ခ်ိဳး၍ သူ႔မ်က္ႏွာကိုသာ ႏွံ႕ႏွံ႕စပ္စပ္ၾကည့္ေနေသာသီနတ္ဘုရား။ အာရံုစူးစိုက္ေနသည့္အျပင္ ႏႈတ္ခမ္းေတြကလည္းတင္းတင္းေစ့ကပ္ကာ သက္ျပင္းကိုလည္းခ်ေနေသးသည္။
" နေမာ္နမဲ့ေလးပဲ "
သီနတ္ဘုရားက သူ၏၀တ္ရံုလက္ျဖင့္ ႏွဖူးကိုတဖန္ထိကပ္ေပးျပီး ပါးႏွစ္ဖက္ကိုညွစ္ကာ ဘယ္ျပန္၊ညာျပန္ လွည့္ၾကည့္သည္။
" ခုနက မင္းနဲ႔ဘယ္သူ ရွိေသးလဲ"
ႏွလံုးေသြး ဒိန္ဒခနဲေစာင့္တက္သလားပင္ ထင္ရသည္ သူအေတာ္ရင္ခုန္ျမန္သြားရ၏။ ခပ္သြက္သြက္ေခါင္းကိုခါသည့္တိုင္ သူ႔အားသီက မယံုသလိုၾကည့္ဆဲ။
" ထားပါေတာ့ ။ နဥ္က သြားေတာ့မယ္ေျပာလို႔ ငါက ၀င္လာၾကည့္တာ ။ အဆင္သင့္လုပ္ထားလိုက္ ခဏေနသြားၾကမယ္ "
" ဟုတ္ကဲ႔"
ထံုးစံအတိုင္း ေခါင္းေလးငံု႕ကာ သူအရိုအေသေပးေတာ့ သီနတ္ဘုရားက သူ႔ပခံုးတစ္ဘက္ကို အားျဖင့္ဖိညွစ္သြားျပီးမွ ျပန္ထြက္သြားသည္။
အေဆာင္မွ ထြက္လာလာခ်င္း ဆရာႏွင့္သီနတ္ဘုရားတို႔ သူ႔အားရပ္ေစာင့္ေနသည္ကို ျမင္လိုက္ရေတာ့ ကမန္းကတန္းေျပးသြားမိသည္။
" ဆရာ "
ဆရာ့ကိုသူအရိုအေသေပးေတာ့ သီနတ္ဘုရားက မၾကည္သလိုၾကည့္လာတာမို႔ အနီးသို႔အလွ်င္သြားကာ အရိုအေသေပးလိုက္ရသည္။
" သြားၾကရေအာင္ သီနတ္ဘုရား ေရွ႕ကၾကြပါ"
သူႏွင့္သီနတ္ဘုရား၏ အနီးသို႔ ဆရာကေရာက္လာကာ သူ႔လက္ကိုဆြဲျပီး အေနာက္သို႔တြန္းပို႔လိုက္ရင္းဆိုေတာ့ သီနတ္ဘုရား၏ ေျဖာင့္တန္းေနေလ့မရွိေသာ မ်က္ခံုးတို႔က တြန္႕ခ်ိဳးသြားျပန္သည္။
တြဲထားသည့္လက္ေတြကို ေၾကာက္ဖို႔ေကာင္းေအာင္ၾကည့္လာေတာ့ သူ႔မွာ လက္ပဲလႊတ္ရေတာ့မလိို၊ ဆရာ့ေနာက္ပဲ ကြယ္ရပ္လိုက္ရမလို ျဖစ္သြားရသည္။ သူ႔ကိုျပန္ၾကည့္ကာ သက္ျပင္းခ်ျပီး ေရွ႕မွထြက္သြားျပန္ေတာ့လည္း သူ ေက်ာထဲစိမ့္သလို ခံစားေနရေသးသည္။ လက္ကိုဖ်စ္ညွစ္လာသည့္ဆရာ့ကို ေမာ့ၾကည့္ေတာ့ ယခင္အတိုင္း ေႏြးေထြးစြာျပံဳးျပသည္။
" မေၾကာက္နဲ႔။ ဆရာ့အနားမွာေန "
" ဟုတ္ကဲ႔ ဆရာ "
--------------------------------------------------------
၂၁ရာစုအေနႏွင့္ဆိုလွ်င္ ကားႏွစ္စီးလြတ္လြတ္ကၽြတ္ကၽြတ္သြားနိုင္ေလာက္သည့္ လမ္းမၾကီးတြင္ လူေတြပ်ားပန္းခတ္မွ်စည္ကား၍ေနသည္။ ထိုလမ္းေပၚတြင္ရပ္ကာသြားနိုင္ဖို႔ရာအတြက္ သူ႔မွာအားအင္အကုန္သံုးကာ တိုးေ၀ွ႕ေနရသည္။ သီနတ္ဘုရားက ကိုယ္ေရာင္ေဖ်ာက္ကာသြားမည္ ဟုအဆိုျပဳျခင္းအား ဆရာကျငင္းဆန္ခဲ႔သည္ကို သူမေက်နပ္ျဖစ္မိသည္။
' ဒီတစ္ခုေတာ့ ဆရာမွားသြားျပီ'
သူ႔ကိုေနာက္ဆံုးသို႔ပို႔ထားခဲ႔တဲ႔ဆရာက ရုတ္ခ်ည္းသူ႔ေနာက္သို႔ေရြ႕သြားကာ သူ႔ပခံုးႏွစ္ဖက္ကို ခပ္တင္းတင္းကိုင္လိုက္သျဖင့္ အလိုအေလ်ာက္ ကိုယ္မွာက်ံဳ႕သြားရသည္။ သီနတ္ဘုရားသည္လည္း အေနာက္သို႔ျပန္ေရာက္လာကာ သူ႔ေရွ႕ကပ္လ်က္တြင္ မားမားမတ္မတ္ရပ္လိုက္မႈေၾကာင့္ အေနအထားအရ သူက ဆရာႏွင့္သီၾကားတြင္ ညပ္သြားသည္။ ေဘးဘက္မွတိုးလာသည့္လူေတြမွာ သီနတ္ဘုရားႏွင့္ဆရာ့ကို သတိျပဳမိသြားသည့္အခိုက္ အလိုအေလ်ာက္ ရွဲသြားပါ၏။ သီနတ္ဘုရား၏ ေခ်ာေမာျခင္းႏွင့္ ဆရာ့၏ခန္႕ညားျခင္းေတြက အသံုး၀င္ပံုရကာ ယခင္ကတိုးေ၀ွ႔ေနၾကသူေတြမွာ ယခုေတာ့ ေငးၾကည့္၍သာေနေတာ့သည္။
သို႔ေပမယ့္ ဆရာက သူ႔ပခံုးႏွစ္ဖက္ကို ဖိဆုပ္ကာကိုင္ထားဆဲျဖစ္သလို သီနတ္ဘုရားမွာလည္း သူ႔ေရွ႕ကပ္လ်က္မွေလွ်ာက္လွမ္းေနဆဲပါေပ။ ထို႔ေၾကာင့္မို႔ သူကလူေတြအားျမင္ရသည့္တိုင္ ထိုလူေတြကေတာ့ သူ႔ကိုသတိပင္ထားမည္ၾကမည္မဟုတ္။
က်ဥ္းက်ပ္လြန္းသည့္အေနအထားကို အတန္ၾကာေတာင့္ခံျပီးသည့္ေနာက္မွာေတာ့ ၾကီးမားလွသည့္အေဆာက္အအံုေရွ႕တြင္ ရပ္မိၾကသည္။ ' ရွန္းဟြာ စားေသာက္ဆိုင္' ဟုေရးထိုးထားသည့္ဆိုင္းဘုတ္ၾကီးကိုက ခမ္းနားလြန္းေနသည့္အဆိုပါဆိုင္မွာ အျပင္အဆင္အရ သာမန္မဟုတ္မွန္းသိနိုင္သည္။ ေရွးေခတ္ဇာတ္လမ္းေတြမွာပါ၀င္ေနၾကျဖစ္ေသာ ေဆာင္ၾကာျမိဳင္ဆန္ဆန္အေဆာက္အအံုၾကီးေပမို႔ ေဘးတစ္ခ်က္တစ္ခ်က္ဆီတြင္ ရပ္ေနၾကေသာ ဆရာႏွင့္သီနတ္ဘုရားကို မသိမသာၾကည့္လိုက္မိသည္။
' ဆရာ သီနတ္ဘုရား ဒီထဲကို၀င္မွာေတာ့ မဟုတ္ပါဘူးေနာ္။ ဒီဆိုင္က ဆရာ့လို ျမင့္ျမတ္တဲ႔သူမ်ိဳးနဲ႔မသင့္ေတာ္ပါဘူး။ သီနတ္ဘုရား အရွင္နတ္မင္းရဲ႕အက်င့္နဲ႔ဆို ဒီဆိုင္မီးကၽြမ္းနိုင္ပါတယ္ မ၀င္သင့္ပါဘူး မ၀င္သင့္ပါဘူး'
ေအာက္ႏႈတ္ခမ္းကို တြင္တြင္ကိုက္ကာ အေတြးျဖင့္တားျမစ္ေနတဲ႔သူ႔ကို ေလွာင္ေျပာင္စြာျဖင့္ အဆိုပါအထက္ပုဂၢိဳလ္တို႔မွာ ၾကြၾကြရြရြလွမ္း၀င္သြားၾကပါ၏။
သက္ျပင္းတြင္တြင္ခ်ရင္း ခပ္ေလးေလး၀င္လိုက္သြားေတာ့ ႏွာေခါင္းအတြင္းမႊန္ကာ၀င္လာေသာ မိတ္ကပ္အနံ႕ေတြႏွင့္အတူ မိန္းမႏွစ္ေယာက္က သူ႔လက္ကိုလာဆြဲၾကသည္။
" သခင္ေလး သခင္ေလးက အရမ္းေခ်ာတာပဲ။ "
" သခင္ေလးရဲ႕အသားအရည္က နူးညံ႕ေနတာပဲ။ အရမ္းကိုင္လို႔ေကာင္းတာပဲ"
" သခင္ေလး ညီမနဲ႔အတူ တစ္ညတာမကုန္ဆံုးခ်င္ဘူးလားဟင္"
" သခင္ေလး စိတ္ေက်နပ္ေအာင္ ညီမကျပဳစုေပးမွာ သခင္ေလး ကၽြန္မကိုေခၚေနာ္"
ထူထဲေလာက္မည့္မိတ္ကပ္ေတြကိုမွ်မေထာက္ ထိုမ်က္ႏွာၾကီးေတြျဖင့္ သူ႔ပခံုးအားပြတ္တိုက္ကာ ျမဴေနေတာ့ သူ႔မွာမနည္းေရွာင္ဖယ္ေနရသည္။ ဆရာႏွင့္သီနတ္ဘုရားတို႔ထံလွမ္းၾကည့္ေတာ့ နေဘးတြင္မိန္းမလွမ်ား၀ိုင္းေနသည့္တိုင္ တည္တင္းလြန္းေသာမ်က္ႏွာထားေတြေၾကာင့္ အနားမကပ္ရဲၾက။ ခပ္လွမ္းလွမ္းမွသာ ၀ိုင္း၀န္းေအာ္ဟစ္ေနၾကသည္။ ႏွစ္ဦးသားသူ႔ထံလွည့္ၾကည့္လာသည့္အခိုက္ သူ႔အားေတာက္တဲ႕လိုကပ္တြယ္ေနၾကေသာ မိန္းမႏွစ္ေယာက္မွာ အျမန္လက္လႊတ္သြားၾကသည္။ စူးရႈလြန္းေသာဆရာ့အၾကည့္ႏွင့္ ေက်ာခ်မ္းဖြယ္ေကာင္းေသာနတ္ဘုရားၾကီးတို႔၏အၾကည့္က အက်ိဳးသက္ေရာက္ပံုရသည္ ထိုမိန္းမႏွစ္ေယာက္မွာ သူႏွင့္ခပ္လွမ္းလွမ္းသို႔ေရြ႕သြားၾကပါ၏။
" လာ အနားကမခြာနဲ႔။ "
သူ႔ဆီျပန္ေလွ်ာက္လာကာ လက္ကိုဆြဲလ်က္ေခၚေနစဥ္မွာပင္ ဆရာ့ရဲ႕အၾကည့္ေတြက နေဘးမွမိန္းမေတြအား ျဖန္႕ေ၀လ်က္ ၊ သာယာ၍မဟုတ္ ရံြ႕ရွာေနဟန္ျဖင့္။
သီနတ္ဘုရားထိုင္ေနေသာ စားပြဲသို႔ သူတို႔သြားေတာ့ ေက်ာက္ရုပ္ၾကီးလိုမတုန္မလႈပ္ျဖစ္ေနသည့္သီအား ေမးျမန္းေနခဲ႔ပံုရေသာစားပြဲထိုးက သက္ျပင္းခ်၏။ သူတို႔ကိုသာေမးျမန္းရန္ဆံုးျဖတ္လိုက္ပံုရသည့္စားပြဲထိုးလူငယ္ကို သူျပံဳးျပေတာ့ သူ႔အားယခုမွျမင္သလို ျပဴးက်ယ္ေသာမ်က္၀န္းအစံုျဖင့္စိုက္ၾကည့္လာသည္။ ျပန္လည္ျပံဳးျပျခင္းမ်ိဳးလည္းမရွိဘဲ ေတာင့္ေတာင့္ၾကီးရပ္၍သာ ျပဴးေၾကာင္ေၾကာင္ၾကီးဆက္ၾကည့္ေနသည့္စားပြဲထိုးကို လ်စ္လ်ဴရႈလိုက္ျပီး စားပြဲေပၚရွိ ဟင္းလ်ာအမည္စာရင္းကုိသာ လွန္ၾကည့္လိုက္သည္။
ေရနန္းေတာ္မွာ ေတြးေတာစရာေတြမ်ားခဲ႔၍လား ဗိုက္ကိုကမဆာခဲ႔သည္မို႔လားမသိ စားဖို႔ကိုသူေမ့ေနခဲ႔ရာ ယခုဆိုင္အတြင္းမွ သင္းပ်ံ႕ေနေသာဟင္းရနံ႕ေတြေၾကာင့္ ဗိုက္ဆာသေယာင္ျဖစ္လာရေလျပီ။
" ဒါ ဒါ ဒါ ဒါေရာ ဒါေရာ အျမန္လုပ္ေပးေနာ္အကို ဟီး"
အေပၚသို႔ေမာ့မၾကည့္ဘဲ ဟင္းလ်ာစာရင္းတြင္သာ လက္ညိဳးထိုး၍ တစ္ခုျပီးတစ္ခုမွာျပီးသည့္တိုင္ စကားျပန္မရသည့္အျဖစ္ေၾကာင့္ အျပစ္တင္ရန္ပင့္ေမာ့ၾကည့္မိသည့္အခိုက္ ပါးစပ္ေဟာင္းေလာင္းအျဖစ္သို႔ေရာက္ရသည္။ လူငယ္စားပြဲထိုးသည္ ျပံဳးျဖီးလြန္းေသာမ်က္ႏွာျဖင့္ စားပြဲတစ္ဖက္ျခမ္းမွေန၍စားပြဲေပၚသို႔ငံု႔ကိုင္းကာ သူ႕အနီးသို႔တိုးကပ္ျပီး သူ႔အားျပီတီတီၾကည့္ေနပါ၏။
" ဘာ ဘာျဖစ္သြားတာလဲ"
သူ႔ကိုသာ ခပ္ေအးေအးရႈေနခဲ႔သည့္သီနတ္ဘုရားက စားပြဲထိုးအားတစ္ခ်က္ၾကည့္ကာ တံုးတိေျဖသည္။
" ရူးသြားတာ"
" ဟမ္ ရူးသြားတာ ဟုတ္လား"
သူကေမးျမန္းေနေသာ္ျငား တန္ခိုးၾကီးလွပါေသာနတ္မင္းမွာေျဖခ်င္ပံုမရဘဲ ႏႈတ္ခမ္းကိုေစ့ပိတ္လိုက္၏။သူ ဆရာ႔ဘက္သို႔လွည့္ၾကည့္ကာ မ်က္ေတာင္ႏွစ္ခ်က္မွ်ခတ္လိုက္ေတာ့ ဆရာက သက္ျပင္းခ်သည္။
" သီနတ္မင္းက မင္းရဲ႕နတ္တန္ခိုးေတြ၊ အရွိန္အ၀ါေတြကို ေဖ်ာက္ထားေပးေပမယ့္ ......... "
စကားကိုရပ္ကာ သူ႔မ်က္ႏွာအား တဖန္ေစ့ေစ့ၾကည့္သည္။ ပတ္၀န္းက်င္ေၾကာင့္စိတ္ပ်က္ေနပံုရတဲ႔အၾကည့္ေတြမွ ခ်ိဳသာျခင္းေတြသို႔ေျပာင္းသြားကာ
" ငါ့တပည့္ရဲ႕ မ်က္ႏွာလွလွေလးကိုေတာ့ ရုပ္ဆိုးေအာင္ေျပာင္းမရခဲ႔ဘူး ရုပ္ေျပာင္းလိုက္ရင္လည္း ငါ့တပည့္က လွေနဦးမွာဆိုေတာ့ ဒီအတိုင္းထားလိုက္တယ္ထင္တယ္။ အဲ႔ဒါေၾကာင့္ ဒီလူသားက ရူးသြားတာ။ ငါ့တပည့္ရဲ႕အလွကိုေတာင့္မခံနိုင္လို႔ေလ။ လူသားေတြက ခံနိုင္ရည္မရွိဘူး"
စကားဆံုးသည့္ေနာက္ ဆရာ့မ်က္ႏွာက အနည္းငယ္နီသြားသည္။ သူေျပာမည္ျပင္လိုက္စဥ္မွာပဲ စားပြဲကိုအသံမည္ေအာင္ ရိုက္လိုက္သည့္သီနတ္ဘုရားေၾကာင့္ စကားလံုးေတြကို ျပန္ျမိဳခ်လိုက္ရ၏။
" ငါတို႔တျခားနည္းလမ္းနဲ႔ စံုစမ္းၾကတာေပါ့။ ဒီ ... ငါ ျဖစ္မွာမဟုတ္ဘူး"
ခပ္ျမန္ျမန္ထရပ္ကာ စားပြဲထိုးကိုသာ မ်က္ေမွာင္က်ံဳ႕ၾကည့္ေနသည့္သီနတ္ဘုရားေၾကာင့္ သူႏွင့္ဆရာပါ ထရပ္လိုက္ရသည္။ မၾကာမွီေရာက္လာမည့္စားဖြယ္ေတြကို သူသံုးေဆာင္နိုင္ေတာ့မည္မထင္ေတာ့။ နတ္ေတြကလွလြန္းေတာ့ လူသားေတြရူးၾကတယ္ပဲဆိုဆို မွာျပီးမစားဘဲထားခဲ႔တာက ရိုင္းသလိုျဖစ္တယ္မဟုတ္ဘူးလား......... ဒါက
" ယင္ေလးက အဲ႔ဒါေတြကို စားခ်င္ေသးတယ္ေပါ့"
သူ႔အေတြးေတြၾကားမွထိုးထြက္လာသည့္ စကားသံေၾကာင့္ ပတ္၀န္းက်င္ကိုအလွ်င္ပတ္ၾကည့္လိုက္မိသည္။
" ကိုယ္က ဒီမွာေလ။ ဘယ္ေတြေလွ်ာက္ၾကည့္ေနတာလဲ"
စိတ္ထဲမွသာ သူျပန္ေမးၾကည့္လိုက္သည္။
" ၀ူရွဲ႕ မင္း မင္းေျပာတာကို သီနတ္ဘုရားၾကား...."
" မၾကားပါဘူး စိတ္ပူမေနနဲ႔။ ၾကားရင္အဲ့နတ္မင္းက ဒီလိုမေနဘူး"
" ဒါဆို ငါတို႔ေတြပဲ ၾကားရတာေပါ့"
လာစဥ္ကလိုပင္ တည္တည္ျငိမ္ျငိမ္ျပန္ထြက္ေနၾကတဲ႔နတ္ႏွစ္ပါးေနာက္မွလိုက္ရင္း ၀ူရွဲ႕ႏွင့္သူစကားေျပာျဖစ္သည္။
" အင္း ။ စားပြဲထိုးက လူသားဆိုေတာ့ ယင္ေလးကိုျမင္တာနဲ႔ရူးတာပံုမွန္ပါပဲ။ "
" ဒါဆို ဟိုမိန္းမေတြကေရာ"
" သူတို႔ကလူမွမဟုတ္တာ။ သီနတ္ဘုရားနဲ႔ ဦးရီးေတာ္က စားဖို႔အတြက္နဲ႔ဒီဆိုင္ထဲ၀င္တယ္ထင္လို႔လား ဒီဆိုင္မွာမိစာၦေတြရွိလို႔သာ စံုစမ္းဖို႔၀င္လာတာ။ အခုေတာ့ သည္းမခံနိုင္ေတာ့တဲ႔ပံုပါပဲ"
" ေၾသာ္ ေတာ္ေသးတာေပါ့။ မိစာၦေတြခ်က္တဲ႔စားစရာကို ကၽြန္ေတာ္စားမိေတာ့မလို႔။ အန္ေတာင္အန္ခ်င္လာျပီ"
" အဟက္ "
" အာ ၀ူရွဲ႕"
"အင္း"
" စားပြဲထိုးက ကၽြန္ေတာ့္ထက္စာရင္ သီနတ္ဘုရားကိုအရင္ျမင္တာမဟုတ္လား။ ကၽြန္ေတာ္နဲ႔စာရင္ သီနတ္ဘုရားက ပိုေခ်ာတာေလ ဒါေပမယ့္ အဲ့ဒိတုန္းက ဘာလို႔အေကာင္းအတိုင္းပဲရွိေနတာလဲ"
" ပိုေခ်ာတယ္ အဟား ငါ့ရဲ႕ယင္ေလးထက္ ဘယ္သူကမ်ားပိုေခ်ာရမွာလဲ။ ေခ်ာတာမဟုတ္ဘူး လွတာ လမင္းၾကီးေတာင္ငိုေၾကြးရေအာင္ လွတာ။ ၾကယ္ေတြေတာင္ အလင္းမွိန္တဲ႔အထိ၊ တိမ္ေတြကေပ်ာက္ကြယ္ေပးရတဲ႔အထိ၊ နတ္သက္ေျခြပန္းေတာင္ မယွဥ္နိုင္ေတာ့တဲ႔အထိ ယင္ေလးက အရမ္းကိုလွတာ။ သံုးေလာကမွာ ယင္ေလးနဲ႔ယွဥ္နိုင္တဲ႔အရာ ဘာမွမရွိဘူး"
ၾသရႈသည့္အသံကို နီးနီးကပ္ကပ္ၾကီးၾကားေနရလို႔လားမသိ သူရွက္လာသလို ခံစားရသည္။
------
ခမ်းနားသည့်မျက်နှာကျက်အောက်တွင် အစိမ်းရင့်ရောင်ဝတ်စုံဖြင့် လက်နှစ်ဖက်ပိုက်လျက် သူ့အား ဟန်ချီချီငုံ့ကြည့်နေသော စစ်ဝူရှဲ့ကိုတွေ့လိုက်ရသည်။ သူအလန့်တကြားထထိုင်တော့ စစ်ဝူရှဲ့က လက်တစ်ဖက်ကိုဖြန့်ကာ ထိုလက်ပေါ်တွင်ရေတစ်ခွက်ပေါ်လာစေပြီး သူ့ကိုတိုက်သည်။
" ကျူးမျိုးနွယ်တွေလည်း အိပ်မက်မက်တာပဲလား။ ကိုယ်ဆို အိပ်မက်ဆိုတာ ဘာမှန်းတောင်မသိဘူး။ "
ရေတစ်ခွက်လုံးကုန်အောင် မော့သောက်လိုက်ပြီးသည့်နောက် ကတုန်ကယင်ဖြစ်နေမှုကလည်း ငြိမ်ကျသွားသည်။ သူက အိပ်မက်မက်နေခဲ့သည်သာဖြစ်ပြီး အပြင်မှာ အကိုကြီးက တကယ်မရှိချေ။ အကိုကြီးမရှိမှတော့ ဝူရှဲ့နှင့်ပတ်သြတ်ပီး စိုးရိမ်နေရန်လိုမည်မထင်တော့။
" အိပ်မက်မက်တာမမက်တာက မျိုးနွယ်နဲ့ဆိုင်သေးတာလား"
ရေခွက်ကိုပြန်ကမ်းပေးရင်း သူမေးတော့ ဝူရှဲ့က အိပ်ယာစွန်းတွင်း တင်ပါးလွဲထိုင်လာရင်းယူသည်။
" သီနတ်ဘုရား၊ စစ်မျိုးနွယ်နဲ့ ကျူးမျိုးနွယ်တွေက နတ်ဘုရားစစ်မျိုးရိုးတွေမို့ ကင်းလွှတ်ခွင့်ရှိတယ်လေ။ ကိုယ်တို့တွေ သေသွားရင်တောင် ကိုယ့်တို့အဖေတွေက ပြန်ရှင်အောင်လုပ်ပေးလို့ရသေးတာပဲဟာ။အဟက် ယင်လေး အိပ်မက်ဆိုးမက်တာကိုသာ ကျူးယန်နတ်မင်းသိရင် အိပ်မက်နတ်ဘုရားကို ရေနှစ်သတ်လောက်တယ်"
" အင့် အဖေက အဲ့လိုလုပ်ပါ့မလား"
သူက ထိုသို့မေးတော့ ဝူရှဲ့က ညစ်ကျယ်ကျယ်ပြုံးသည်။
" ယင်လေးအဖေက အဲ့လိုပိုလုပ်တတ်တာပါ။ ခမည်းတော်ဆို ဘုရင်ဆိုတဲ့ဂုဏ်ကိုထိန်းပြီး လုပ်ချင်ရင်တောင် လုပ်နိုင်မှာမဟုတ်ဘူး။ ယင်လေးရဲ့အဖေကတော့ အဲ့လိုတွေဂရုစိုက်နေစရာမရှိဘူး။ ကျူးယန်နတ်မင်းဂရုစိုက်တာက ကျူးမျိုးနွယ်ပဲရှိတာ"
" သြော်"
" အဲ့ဒါထက် ယင်လေးက ဘာအိပ်မက်တွေမက်တာလဲ။ နာမည်တွေယောင်တာမှ တစ်ခုပြီးတစ်ခုပဲ"
နီးကပ်နေခဲ့သည့်မျက်နှာတစ်ခုကို သူပြန်မြင်ယောင်မိတော့ ပါးပြင်တွေက ပူထူလာခဲ့သည်။
" ကျူးယင် "
" ဟင် ဟင် ဘာဖြစ်လို့လဲ "
ယင်လေးဟုခေါ်နေရာကနေ ရုတ်ချည်းပြောင်းလဲကာ နာမည်အရင်းခေါ်ဝေါ်လာမှုကြောင့် သူစိုးရိမ်သွားရသည်။
'သူ ဘာအမှားလုပ်မိလို့လဲ။'
စစ်ဝူရှဲ့က လက်နှစ်ဖက်ပြန်ပိုက်ကာ သူ့အနားတိုးကပ်ပြီး ခပ်စူးစူးကြည့်လာတော့ သူခေါင်းငုံ့လိုက်မိသည်။
" အဲ့ဒိအိပ်မက်ကိုထားလိုက် ပြန်တွေးမနေနဲ့။ အခု ငါဒီမှာရှိနေတယ် မင်းငါ့အကြောင်းပဲတွေး"
" ဟုတ်ကဲ့"
ဒေါသထွက်နေမည်စိုး၍ သူအလျှင်ပြန်ဖြေတော့ စစ်ဝူရှဲ့က တစ်ချက်ရယ်သည်။
" လိမ္မာတယ်။ ယင်လေး ဦးရီးတော်နဲ့လိုက်သွားမှာကို ကိုယ်သိတော့ တစ်ခါတည်းအတူလိုက်ခဲ့ချင်ခဲ့တာ ဒါပေမယ့် .. အဟက် ထားလိုက်ပါ။ အခု သီနတ်ဘုရားက ရှိနေတော့ ကိုယ်ယင်လေးအနား နေရမှာမဟုတ်ဘူး။ ကိုယ်ရောင်ဖျောက်ထားပြန်ရင်လည်း ကိုယ့်ရဲ့နတ်စွမ်းအားကနုနေသေးတော့ ဟင်း... တစ်နည်းပဲရှိတော့တယ် ယင်လေး။ လာ ကိုယ့်အနားလာ ကိုယ် ယင်လေးကိုပေးစရာရှိတယ်။"
သူ့ကိုခေါ်တော့ စောင်တွေနှင့်လုံးထွေးနေသည့်ကိုယ်ကို အတင်းရုန်းကာ စစ်ဝူရှဲ့အနားသို့လေးဘက်ထောက်သွားပြီး ထိုင်လိုက်သည်။
သူလုပ်သမျှကို လိုက်ကြည့်နေသည့်ဝူရှဲ့ရဲ့မျက်ဝန်းတွေက တဖျက်ဖျက်လက်နေလေတော့ သူရှက်သွားရသည်။
' ငါ့နှယ် မိန်းကလေးလည်း မဟုတ်'
ဝူရှဲ့ညွှန်ပြသည့်နေရာနဲ့ အနည်းငယ်ခွာပြီးကျုံ့ကျုံ့လေးထိုင်နေတဲ့သူ့ကို စစ်ဝူရှဲ့က ပခုံးကနေကိုင်ကာ သူ့အနားသို့ဆွဲယူသည်။ သူသည်ကသာ သေးကွေးနေ၍လားမသိ ဝူရှဲ့ဆွဲရာသို့ တစ်ကိုယ်လုံးဖင်တရွတ်တိုက် ပါသွားရသည်။ သူ အမေးမပြုနိုင်ခင်မှာ လေထဲတွင်ပေါ်လာသည့် တောက်ပလွန်းသည့် ဆွဲကြိုးကြောင့် စကားလုံးတို့ကို ပြန်မြိုချလိုက်သည်။
ဆွဲကြိုးမှာ အပြာနုရောင်ကျောက်ဆွဲကြိုးဖြစ်ပြီး ဆွဲသီးကား ရေစက်သဏ္ဍာန်လေးဖြစ်သည်။ ထိုဆွဲကြိုးကို စစ်ဝူရှဲ့က လက်တစ်ဖက်ဖြင့်လှမ်းယူကာ ကျန်လက်က ပခုံးပေါ်ကပိုကရိုတင်နေသော သူ့ဆံပင်တို့ကို ကျောဘက်သို့ပို့သည်။
" ဝူရှဲ့ ဒါ ... "
သူ့ကို ဆွဲကြိုးဆွဲပေးလာသည်မို့ မေးတော့မည်ပြင်တော့ မျက်မှောင်ကျုံ့ကြည့်သည်ကို ရင်ဆိုင်ရသဖြင့် ပါးစပ်ပြန်ပိတ်လိုက်ရ၏။
" ဒါ ခမည်းတော်ဆီက ကိုယ်တောင်းလာတာ။ ဒီဆွဲသီးလေးထဲမှာ ကိုယ်ဝင်နေလို့ရတော့ ကိုယ် ယင်လေး အနားမှာရှိနေနိုင်ပြီလေ။ ပြီးတော့ သီနတ်ဘုရားတောင် ကိုယ့်ရဲ့တည်ရှိမှုကို ခံစားမိမှာ မဟုတ်ဘူး"
" ဟင် တကယ် ဒီသေးသေးလေးထဲကို လူတကယ်ဝင်နေလို့ရတယ်"
လည်ပင်းမှဆွဲသီးလေးကို ကိုင်ကာ သူတအံ့တသြမေးတော့ ဝူရှဲ့က ခန့်မှန်းရခက်စွာပြုံးသည်။
" လူတော့ဝင်လို့မရဘူးလေ ကိုယ်က လူမှမဟုတ်တာ "
' မေးမိတဲ့ ငါ့ပါးစပ် -_-'
ဆွံ့အသွားရတဲ့သူ့ကို စစ်ဝူရှဲ့က ပြုံးပြုံးကြီးကြည့်သည်။
" ကျူးယင် "
သီနတ်ဘုရား၏အသံကိုကြားလိုက်ရချိန်တွင် သူပင်သတိမပေးရသေး စစ်ဝူရှဲ့ကအငွေ့အဖြစ်ပြောင်းကာ ဆွဲသီးထဲသို့ဝင်သွားလေပြီ။ ဆွဲကြိုးကို အကျႌအောက်သို့အမြန်ထည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်ချိန်မှာ သီနတ်ဘုရားက ပေါ်လာသည်။
" ဘာလုပ်နေတာလဲ "
သူ့အား မျက်မှောင်ကျုံ့ကြည့်ကာ မေးလာတော့ သူ ဘာပြန်ဖြေရမည်မှန်းမသိဖြစ်သွားသည်။ တုန့်ပြန်မှုမရှိတဲ့သူ့ကို လျစ်လျူရှုကာ သီနတ်ဘုရားက အခန်းတွင်းကို လိုက်ကြည့်သည်။ တစ်စုံတစ်ယောက်၏ တည်ရှိမှုအားခံစားမိသကဲ့သို့ ပြုမူနေသည်မို့ လက်သီးတင်းတင်းဆုပ်ထားမိသည်။
' တွေ့သွားတော့မှာလား။ ဝူရှဲ့ပြောတော့ မသိဘူးဆို။ ဒါဆို ဘာလို့လိုက်ရှာနေတာလဲ '
သီနတ်ဘုရား၏ကိုယ်လှည့်ရာသို့ သူပါလိုက်ပါနေသည်ဖြစ်ရာ တန့်ခနဲအရှိန်ရပ်တန့်သွားသည့်အခါ သီနတ်ဘုရား၏ကျောနှင့် သူ့မျက်နှာစောင့်မိရတော့သည်။
" ကျူးယင် မင်းဟာလေ.... "
သူ့အား ဒေါသတကြီးဖြင့် တစ်ခုခုပြုမူပြီ ဟုမှတ်ကာ ကိုယ်ကိုကျုံ့၍ ပြင်ဆင်လိုက်ပါသော်ငြား နှဖူးသို့ခပ်ဖွဖွတို့ထိလာသည်ကို ခံစားလိုက်ရသည်။ မျက်စိကိုမှိတ်ထားမိရာက ပြန်ဖွင့်ကြည့်တော့ နှဖူးကြောတွေတွန့်ချိုး၍ သူ့မျက်နှာကိုသာ နှံ့နှံ့စပ်စပ်ကြည့်နေသောသီနတ်ဘုရား။ အာရုံစူးစိုက်နေသည့်အပြင် နှုတ်ခမ်းတွေကလည်းတင်းတင်းစေ့ကပ်ကာ သက်ပြင်းကိုလည်းချနေသေးသည်။
" နမော်နမဲ့လေးပဲ "
သီနတ်ဘုရားက သူ၏ဝတ်ရုံလက်ဖြင့် နှဖူးကိုတဖန်ထိကပ်ပေးပြီး ပါးနှစ်ဖက်ကိုညှစ်ကာ ဘယ်ပြန်၊ညာပြန် လှည့်ကြည့်သည်။
" ခုနက မင်းနဲ့ဘယ်သူ ရှိသေးလဲ"
နှလုံးသွေး ဒိန်ဒခနဲစောင့်တက်သလားပင် ထင်ရသည် သူအတော်ရင်ခုန်မြန်သွားရ၏။ ခပ်သွက်သွက်ခေါင်းကိုခါသည့်တိုင် သူ့အားသီက မယုံသလိုကြည့်ဆဲ။
" ထားပါတော့ ။ နဉ်က သွားတော့မယ်ပြောလို့ ငါက ဝင်လာကြည့်တာ ။ အဆင်သင့်လုပ်ထားလိုက် ခဏနေသွားကြမယ် "
" ဟုတ်ကဲ့"
ထုံးစံအတိုင်း ခေါင်းလေးငုံ့ကာ သူအရိုအသေပေးတော့ သီနတ်ဘုရားက သူ့ပခုံးတစ်ဘက်ကို အားဖြင့်ဖိညှစ်သွားပြီးမှ ပြန်ထွက်သွားသည်။
အဆောင်မှ ထွက်လာလာချင်း ဆရာနှင့်သီနတ်ဘုရားတို့ သူ့အားရပ်စောင့်နေသည်ကို မြင်လိုက်ရတော့ ကမန်းကတန်းပြေးသွားမိသည်။
" ဆရာ "
ဆရာ့ကိုသူအရိုအသေပေးတော့ သီနတ်ဘုရားက မကြည်သလိုကြည့်လာတာမို့ အနီးသို့အလျှင်သွားကာ အရိုအသေပေးလိုက်ရသည်။
" သွားကြရအောင် သီနတ်ဘုရား ရှေ့ကကြွပါ"
သူနှင့်သီနတ်ဘုရား၏ အနီးသို့ ဆရာကရောက်လာကာ သူ့လက်ကိုဆွဲပြီး အနောက်သို့တွန်းပို့လိုက်ရင်းဆိုတော့ သီနတ်ဘုရား၏ ဖြောင့်တန်းနေလေ့မရှိသော မျက်ခုံးတို့က တွန့်ချိုးသွားပြန်သည်။
တွဲထားသည့်လက်တွေကို ကြောက်ဖို့ကောင်းအောင်ကြည့်လာတော့ သူ့မှာ လက်ပဲလွှတ်ရတော့မလို၊ ဆရာ့နောက်ပဲ ကွယ်ရပ်လိုက်ရမလို ဖြစ်သွားရသည်။ သူ့ကိုပြန်ကြည့်ကာ သက်ပြင်းချပြီး ရှေ့မှထွက်သွားပြန်တော့လည်း သူ ကျောထဲစိမ့်သလို ခံစားနေရသေးသည်။ လက်ကိုဖျစ်ညှစ်လာသည့်ဆရာ့ကို မော့ကြည့်တော့ ယခင်အတိုင်း နွေးထွေးစွာပြုံးပြသည်။
" မကြောက်နဲ့။ ဆရာ့အနားမှာနေ "
" ဟုတ်ကဲ့ ဆရာ "
--------------------------------------------------------
၂၁ရာစုအနေနှင့်ဆိုလျှင် ကားနှစ်စီးလွတ်လွတ်ကျွတ်ကျွတ်သွားနိုင်လောက်သည့် လမ်းမကြီးတွင် လူတွေပျားပန်းခတ်မျှစည်ကား၍နေသည်။ ထိုလမ်းပေါ်တွင်ရပ်ကာသွားနိုင်ဖို့ရာအတွက် သူ့မှာအားအင်အကုန်သုံးကာ တိုးဝှေ့နေရသည်။ သီနတ်ဘုရားက ကိုယ်ရောင်ဖျောက်ကာသွားမည် ဟုအဆိုပြုခြင်းအား ဆရာကငြင်းဆန်ခဲ့သည်ကို သူမကျေနပ်ဖြစ်မိသည်။
' ဒီတစ်ခုတော့ ဆရာမှားသွားပြီ'
သူ့ကိုနောက်ဆုံးသို့ပို့ထားခဲ့တဲ့ဆရာက ရုတ်ချည်းသူ့နောက်သို့ရွေ့သွားကာ သူ့ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းကိုင်လိုက်သဖြင့် အလိုအလျောက် ကိုယ်မှာကျုံ့သွားရသည်။ သီနတ်ဘုရားသည်လည်း အနောက်သို့ပြန်ရောက်လာကာ သူ့ရှေ့ကပ်လျက်တွင် မားမားမတ်မတ်ရပ်လိုက်မှုကြောင့် အနေအထားအရ သူက ဆရာနှင့်သီကြားတွင် ညပ်သွားသည်။ ဘေးဘက်မှတိုးလာသည့်လူတွေမှာ သီနတ်ဘုရားနှင့်ဆရာ့ကို သတိပြုမိသွားသည့်အခိုက် အလိုအလျောက် ရှဲသွားပါ၏။ သီနတ်ဘုရား၏ ချောမောခြင်းနှင့် ဆရာ့၏ခန့်ညားခြင်းတွေက အသုံးဝင်ပုံရကာ ယခင်ကတိုးဝှေ့နေကြသူတွေမှာ ယခုတော့ ငေးကြည့်၍သာနေတော့သည်။
သို့ပေမယ့် ဆရာက သူ့ပခုံးနှစ်ဖက်ကို ဖိဆုပ်ကာကိုင်ထားဆဲဖြစ်သလို သီနတ်ဘုရားမှာလည်း သူ့ရှေ့ကပ်လျက်မှလျှောက်လှမ်းနေဆဲပါပေ။ ထို့ကြောင့်မို့ သူကလူတွေအားမြင်ရသည့်တိုင် ထိုလူတွေကတော့ သူ့ကိုသတိပင်ထားမည်ကြမည်မဟုတ်။
ကျဉ်းကျပ်လွန်းသည့်အနေအထားကို အတန်ကြာတောင့်ခံပြီးသည့်နောက်မှာတော့ ကြီးမားလှသည့်အဆောက်အအုံရှေ့တွင် ရပ်မိကြသည်။ ' ရှန်းဟွာ စားသောက်ဆိုင်' ဟုရေးထိုးထားသည့်ဆိုင်းဘုတ်ကြီးကိုက ခမ်းနားလွန်းနေသည့်အဆိုပါဆိုင်မှာ အပြင်အဆင်အရ သာမန်မဟုတ်မှန်းသိနိုင်သည်။ ရှေးခေတ်ဇာတ်လမ်းတွေမှာပါဝင်နေကြဖြစ်သော ဆောင်ကြာမြိုင်ဆန်ဆန်အဆောက်အအုံကြီးပေမို့ ဘေးတစ်ချက်တစ်ချက်ဆီတွင် ရပ်နေကြသော ဆရာနှင့်သီနတ်ဘုရားကို မသိမသာကြည့်လိုက်မိသည်။
' ဆရာ သီနတ်ဘုရား ဒီထဲကိုဝင်မှာတော့ မဟုတ်ပါဘူးနော်။ ဒီဆိုင်က ဆရာ့လို မြင့်မြတ်တဲ့သူမျိုးနဲ့မသင့်တော်ပါဘူး။ သီနတ်ဘုရား အရှင်နတ်မင်းရဲ့အကျင့်နဲ့ဆို ဒီဆိုင်မီးကျွမ်းနိုင်ပါတယ် မဝင်သင့်ပါဘူး မဝင်သင့်ပါဘူး'
အောက်နှုတ်ခမ်းကို တွင်တွင်ကိုက်ကာ အတွေးဖြင့်တားမြစ်နေတဲ့သူ့ကို လှောင်ပြောင်စွာဖြင့် အဆိုပါအထက်ပုဂ္ဂိုလ်တို့မှာ ကြွကြွရွရွလှမ်းဝင်သွားကြပါ၏။
သက်ပြင်းတွင်တွင်ချရင်း ခပ်လေးလေးဝင်လိုက်သွားတော့ နှာခေါင်းအတွင်းမွှန်ကာဝင်လာသော မိတ်ကပ်အနံ့တွေနှင့်အတူ မိန်းမနှစ်ယောက်က သူ့လက်ကိုလာဆွဲကြသည်။
" သခင်လေး သခင်လေးက အရမ်းချောတာပဲ။ "
" သခင်လေးရဲ့အသားအရည်က နူးညံ့နေတာပဲ။ အရမ်းကိုင်လို့ကောင်းတာပဲ"
" သခင်လေး ညီမနဲ့အတူ တစ်ညတာမကုန်ဆုံးချင်ဘူးလားဟင်"
" သခင်လေး စိတ်ကျေနပ်အောင် ညီမကပြုစုပေးမှာ သခင်လေး ကျွန်မကိုခေါ်နော်"
ထူထဲလောက်မည့်မိတ်ကပ်တွေကိုမျှမထောက် ထိုမျက်နှာကြီးတွေဖြင့် သူ့ပခုံးအားပွတ်တိုက်ကာ မြူနေတော့ သူ့မှာမနည်းရှောင်ဖယ်နေရသည်။ ဆရာနှင့်သီနတ်ဘုရားတို့ထံလှမ်းကြည့်တော့ နဘေးတွင်မိန်းမလှများဝိုင်းနေသည့်တိုင် တည်တင်းလွန်းသောမျက်နှာထားတွေကြောင့် အနားမကပ်ရဲကြ။ ခပ်လှမ်းလှမ်းမှသာ ဝိုင်းဝန်းအော်ဟစ်နေကြသည်။ နှစ်ဦးသားသူ့ထံလှည့်ကြည့်လာသည့်အခိုက် သူ့အားတောက်တဲ့လိုကပ်တွယ်နေကြသော မိန်းမနှစ်ယောက်မှာ အမြန်လက်လွှတ်သွားကြသည်။ စူးရှုလွန်းသောဆရာ့အကြည့်နှင့် ကျောချမ်းဖွယ်ကောင်းသောနတ်ဘုရားကြီးတို့၏အကြည့်က အကျိုးသက်ရောက်ပုံရသည် ထိုမိန်းမနှစ်ယောက်မှာ သူနှင့်ခပ်လှမ်းလှမ်းသို့ရွေ့သွားကြပါ၏။
" လာ အနားကမခွာနဲ့။ "
သူ့ဆီပြန်လျှောက်လာကာ လက်ကိုဆွဲလျက်ခေါ်နေစဉ်မှာပင် ဆရာ့ရဲ့အကြည့်တွေက နဘေးမှမိန်းမတွေအား ဖြန့်ဝေလျက် ၊ သာယာ၍မဟုတ် ရွံ့ရှာနေဟန်ဖြင့်။
သီနတ်ဘုရားထိုင်နေသော စားပွဲသို့ သူတို့သွားတော့ ကျောက်ရုပ်ကြီးလိုမတုန်မလှုပ်ဖြစ်နေသည့်သီအား မေးမြန်းနေခဲ့ပုံရသောစားပွဲထိုးက သက်ပြင်းချ၏။ သူတို့ကိုသာမေးမြန်းရန်ဆုံးဖြတ်လိုက်ပုံရသည့်စားပွဲထိုးလူငယ်ကို သူပြုံးပြတော့ သူ့အားယခုမှမြင်သလို ပြူးကျယ်သောမျက်ဝန်းအစုံဖြင့်စိုက်ကြည့်လာသည်။ ပြန်လည်ပြုံးပြခြင်းမျိုးလည်းမရှိဘဲ တောင့်တောင့်ကြီးရပ်၍သာ ပြူးကြောင်ကြောင်ကြီးဆက်ကြည့်နေသည့်စားပွဲထိုးကို လျစ်လျူရှုလိုက်ပြီး စားပွဲပေါ်ရှိ ဟင်းလျာအမည်စာရင်းကိုသာ လှန်ကြည့်လိုက်သည်။
ရေနန်းတော်မှာ တွေးတောစရာတွေများခဲ့၍လား ဗိုက်ကိုကမဆာခဲ့သည်မို့လားမသိ စားဖို့ကိုသူမေ့နေခဲ့ရာ ယခုဆိုင်အတွင်းမှ သင်းပျံ့နေသောဟင်းရနံ့တွေကြောင့် ဗိုက်ဆာသယောင်ဖြစ်လာရလေပြီ။
" ဒါ ဒါ ဒါ ဒါရော ဒါရော အမြန်လုပ်ပေးနော်အကို ဟီး"
အပေါ်သို့မော့မကြည့်ဘဲ ဟင်းလျာစာရင်းတွင်သာ လက်ညိုးထိုး၍ တစ်ခုပြီးတစ်ခုမှာပြီးသည့်တိုင် စကားပြန်မရသည့်အဖြစ်ကြောင့် အပြစ်တင်ရန်ပင့်မော့ကြည့်မိသည့်အခိုက် ပါးစပ်ဟောင်းလောင်းအဖြစ်သို့ရောက်ရသည်။ လူငယ်စားပွဲထိုးသည် ပြုံးဖြီးလွန်းသောမျက်နှာဖြင့် စားပွဲတစ်ဖက်ခြမ်းမှနေ၍စားပွဲပေါ်သို့ငုံ့ကိုင်းကာ သူ့အနီးသို့တိုးကပ်ပြီး သူ့အားပြီတီတီကြည့်နေပါ၏။
" ဘာ ဘာဖြစ်သွားတာလဲ"
သူ့ကိုသာ ခပ်အေးအေးရှုနေခဲ့သည့်သီနတ်ဘုရားက စားပွဲထိုးအားတစ်ချက်ကြည့်ကာ တုံးတိဖြေသည်။
" ရူးသွားတာ"
" ဟမ် ရူးသွားတာ ဟုတ်လား"
သူကမေးမြန်းနေသော်ငြား တန်ခိုးကြီးလှပါသောနတ်မင်းမှာဖြေချင်ပုံမရဘဲ နှုတ်ခမ်းကိုစေ့ပိတ်လိုက်၏။သူ ဆရာ့ဘက်သို့လှည့်ကြည့်ကာ မျက်တောင်နှစ်ချက်မျှခတ်လိုက်တော့ ဆရာက သက်ပြင်းချသည်။
" သီနတ်မင်းက မင်းရဲ့နတ်တန်ခိုးတွေ၊ အရှိန်အဝါတွေကို ဖျောက်ထားပေးပေမယ့် ......... "
စကားကိုရပ်ကာ သူ့မျက်နှာအား တဖန်စေ့စေ့ကြည့်သည်။ ပတ်ဝန်းကျင်ကြောင့်စိတ်ပျက်နေပုံရတဲ့အကြည့်တွေမှ ချိုသာခြင်းတွေသို့ပြောင်းသွားကာ
" ငါ့တပည့်ရဲ့ မျက်နှာလှလှလေးကိုတော့ ရုပ်ဆိုးအောင်ပြောင်းမရခဲ့ဘူး ရုပ်ပြောင်းလိုက်ရင်လည်း ငါ့တပည့်က လှနေဦးမှာဆိုတော့ ဒီအတိုင်းထားလိုက်တယ်ထင်တယ်။ အဲ့ဒါကြောင့် ဒီလူသားက ရူးသွားတာ။ ငါ့တပည့်ရဲ့အလှကိုတောင့်မခံနိုင်လို့လေ။ လူသားတွေက ခံနိုင်ရည်မရှိဘူး"
စကားဆုံးသည့်နောက် ဆရာ့မျက်နှာက အနည်းငယ်နီသွားသည်။ သူပြောမည်ပြင်လိုက်စဉ်မှာပဲ စားပွဲကိုအသံမည်အောင် ရိုက်လိုက်သည့်သီနတ်ဘုရားကြောင့် စကားလုံးတွေကို ပြန်မြိုချလိုက်ရ၏။
" ငါတို့တခြားနည်းလမ်းနဲ့ စုံစမ်းကြတာပေါ့။ ဒီ ... ငါ ဖြစ်မှာမဟုတ်ဘူး"
ခပ်မြန်မြန်ထရပ်ကာ စားပွဲထိုးကိုသာ မျက်မှောင်ကျုံ့ကြည့်နေသည့်သီနတ်ဘုရားကြောင့် သူနှင့်ဆရာပါ ထရပ်လိုက်ရသည်။ မကြာမှီရောက်လာမည့်စားဖွယ်တွေကို သူသုံးဆောင်နိုင်တော့မည်မထင်တော့။ နတ်တွေကလှလွန်းတော့ လူသားတွေရူးကြတယ်ပဲဆိုဆို မှာပြီးမစားဘဲထားခဲ့တာက ရိုင်းသလိုဖြစ်တယ်မဟုတ်ဘူးလား......... ဒါက
" ယင်လေးက အဲ့ဒါတွေကို စားချင်သေးတယ်ပေါ့"
သူ့အတွေးတွေကြားမှထိုးထွက်လာသည့် စကားသံကြောင့် ပတ်ဝန်းကျင်ကိုအလျှင်ပတ်ကြည့်လိုက်မိသည်။
" ကိုယ်က ဒီမှာလေ။ ဘယ်တွေလျှောက်ကြည့်နေတာလဲ"
စိတ်ထဲမှသာ သူပြန်မေးကြည့်လိုက်သည်။
" ဝူရှဲ့ မင်း မင်းပြောတာကို သီနတ်ဘုရားကြား...."
" မကြားပါဘူး စိတ်ပူမနေနဲ့။ ကြားရင်အဲ့နတ်မင်းက ဒီလိုမနေဘူး"
" ဒါဆို ငါတို့တွေပဲ ကြားရတာပေါ့"
လာစဉ်ကလိုပင် တည်တည်ငြိမ်ငြိမ်ပြန်ထွက်နေကြတဲ့နတ်နှစ်ပါးနောက်မှလိုက်ရင်း ဝူရှဲ့နှင့်သူစကားပြောဖြစ်သည်။
" အင်း ။ စားပွဲထိုးက လူသားဆိုတော့ ယင်လေးကိုမြင်တာနဲ့ရူးတာပုံမှန်ပါပဲ။ "
" ဒါဆို ဟိုမိန်းမတွေကရော"
" သူတို့ကလူမှမဟုတ်တာ။ သီနတ်ဘုရားနဲ့ ဦးရီးတော်က စားဖို့အတွက်နဲ့ဒီဆိုင်ထဲဝင်တယ်ထင်လို့လား ဒီဆိုင်မှာမိစ္ဆာတွေရှိလို့သာ စုံစမ်းဖို့ဝင်လာတာ။ အခုတော့ သည်းမခံနိုင်တော့တဲ့ပုံပါပဲ"
" သြော် တော်သေးတာပေါ့။ မိစ္ဆာတွေချက်တဲ့စားစရာကို ကျွန်တော်စားမိတော့မလို့။ အန်တောင်အန်ချင်လာပြီ"
" အဟက် "
" အာ ဝူရှဲ့"
"အင်း"
" စားပွဲထိုးက ကျွန်တော့်ထက်စာရင် သီနတ်ဘုရားကိုအရင်မြင်တာမဟုတ်လား။ ကျွန်တော်နဲ့စာရင် သီနတ်ဘုရားက ပိုချောတာလေ ဒါပေမယ့် အဲ့ဒိတုန်းက ဘာလို့အကောင်းအတိုင်းပဲရှိနေတာလဲ"
" ပိုချောတယ် အဟား ငါ့ရဲ့ယင်လေးထက် ဘယ်သူကများပိုချောရမှာလဲ။ ချောတာမဟုတ်ဘူး လှတာ လမင်းကြီးတောင်ငိုကြွေးရအောင် လှတာ။ ကြယ်တွေတောင် အလင်းမှိန်တဲ့အထိ၊ တိမ်တွေကပျောက်ကွယ်ပေးရတဲ့အထိ၊ နတ်သက်ခြွေပန်းတောင် မယှဉ်နိုင်တော့တဲ့အထိ ယင်လေးက အရမ်းကိုလှတာ။ သုံးလောကမှာ ယင်လေးနဲ့ယှဉ်နိုင်တဲ့အရာ ဘာမှမရှိဘူး"
သြရှုသည့်အသံကို နီးနီးကပ်ကပ်ကြီးကြားနေရလို့လားမသိ သူရှက်လာသလို ခံစားရသည်။