" အခု ရေပြာပန်းပုံသဏ္ဍာန်ကို စိတ်ထဲမှာမြင်ယောင်ကြည့်လိုက်တော့ "
သူ့လက်ထဲကရေစက်တွေက တစ်ဖြည်းဖြည်းလေပေါ်ပျံတက်ကာ ပန်းပွင်းပုံပြောင်းသွားသည်ကို သူအံ့သြစွာမြင်တွေ့လိုက်ရသည်။ ထိုပန်းပွင့်ကို ယခုထက်ပိုမိုပွင့်စေချင်တော့လည်း အမှန်ပင် ကားစွင့်ကာပွင့်လာသည်။ လှလိုက်လေခြင်း .... သူက ပန်းတစ်ပွင့်ကို ဖန်ဆင်းနိုင်သွားပြီ။ မြူတွေလည်း လိုရာပုံဖြင့် သူဖန်ဆင်းနိုင်သေးသည်။ ဆိုတော့ သူက အမှန်တကယ် နတ်တစ်ပါးဖြစ်လာပြီပေါ့... နောင်ဆို ဆရာ့လို တစ်ချက်တွေးလိုက်ရုံဖြင့် လိုရာကိုသွားနိုင်တော့မည်လား...
" သဘောကျလား "
" အင်း သဘောကျတယ်။ ဒါအရမ်း အံ့သြဖို့ကောင်းတယ်သိလား။ ကျွန်တော့် တကယ့်နတ်တစ်ပါး ဖြစ်သွားသလိုပဲ"
" အဟား ယင်လေး မင်းက နတ်တစ်ပါးပဲလေ။ အသက်ကျောက်တိုင်ကိစ္စက ကိုယ်လည်း မပြောတတ်ပေမယ့် ယင်လေးက နတ်တစ်ပါးဆိုတာထက် ပိုတာတော့ အသေအချာပဲ နောင်ဆို ကိုယ်က ယင်လေးဆီက အကူအညီတွေ အများကြီးယူရဦးမှာ။ "
" ဟုတ်လား ဒါဆို ကျွန်တော်က အရမ်းတန်ခိုးကြီးလာမှာပေါ့ "
" အခုလည်း အင်း တဖြေးဖြေးတော့ ယင်လေး လုပ်နိုင်တာတွေကို သိလာမှာပါ။ တစ်ခါထဲအများကြီးသိရင် ပျော်စရာမကောင်းဘူး မဟုတ်လား "
" ဟုတ်တယ်။ ကျွန်တော်က မှတ်ဉာဏ်မကောင်းဘူး မေ့သွားလိမ့်မယ်"
" ကိုယ်က ယင်လေးမေ့သွားတိုင်း ပြန်သင်ပေးဖို့ အနားမှာအမြဲရှိနေမှာလေ။ မေ့လည်းကိစ္စမရှိဘူး "
" ကျေးဇူးတင်ပါတယ်ဗျာ"
" ကျေးဇူးတင်ရင် ကိုယ်နဲ့ကောင်းကင်နန်းတော်မှာ လိုက်နေ"
အကိုကြီး၏ မျက်နှာကိုပြန်မြင်ယောင်မိတော့ သူအလျှင်စလို ခေါင်းခါလိုက်မိသည်။
" အကိုကြီးက ပြောတယ်။ ဒီမှာပဲ ဆရာပြန်မလာမချင်းနေရမယ်တဲ့ "
" ကျူးလင်နတ်ဘုရားကလား။ ရှေ့လျှောက် ခက်ခဲဦးတော့မှာပဲ ... ကိစ္စမရှိပါဘူး ကံကြမ္မာက ကိုယ့်ဘက်မှာပဲဟာ"
" ဘာကို...."
" ရှောင်ယင်"
သူဆက်မေးမည်ကြံစဉ်တွင် ကျူးလင်၏ခေါ်သံကိုကြားလိုက်ရသည်မို့ သူလန့်သွားရသည်။ ကျူးလင်မှာကိုယ်ရောင်ကိုယ်ဝါတောက်ပစွာဖြင့် ခပ်လှမ်းလှမ်းတွင် မားမတ်စွာပေါ်လာသည်။ သူ့ကိုမြင်တော့ ထိုနေရာမှပျောက်ပြီး ချက်ချင်းအနားရောက်လာသည်ဖြစ်ရာ သူလန့်သွားရသေးသည်။ ကြာလျှင်တော့ သူကျင့်သားရလာလောက်ပါသည်။ သူသာ ထိုသို့ပျောက်လိုက်၊ပေါ်လိုက် လုပ်နိုင်မည်ဆိုလျှင် လမ်းလျှောက်နေစရာလိုတော့မည်မဟုတ်။
" ရှောင်ယင် တစ်ယောက်တည်းလား"
စစ်ဝူရှဲ့ဘက်ကိုလက်ညိုးထိုးပြရင်း လှည့်ကြည့်တော့ ရှင်းလင်းနေသည့်နေရာလပ်တစ်ခုကသာ ဆီးကြိုသည်ဖြစ်ရာ သူခေါင်းသာပြန်ငြိမ့်ပြလိုက်ရသည်။ အသိပေးခြင်းမရှိဘဲ စစ်ဝူရှဲ့ကပျောက်သွားပြန်ပြီ။ ဒီနတ်တွေက သူ့ကိုလုံးဝမလေးစားကြဘူး။ အကိုတွေကအကြီးမို့ထားပါတော့ စစ်ဝူရှဲ့ကတော့........
" ညနေမှာ နဉ်နတ်ဘုရားက သေမျိုးနယ်ပယ်ကိုသွားလိမ့်မယ် ရှောင်ယင်လေးလည်း လိုုက်သွားရမယ်"
သူ့ရဲ့အလိုမကျမှုက ကျူးလင်၏စကားကြောင့်လွှင့်ပျယ်သွားရသည်။
" အကိုကြီးပြောတော့ ဒီမှာပဲနေဆို "
သူထိုသို့မေးတော့ ကျူးလင်၏မျက်နှာကတည်တင်းသွားကာ သက်ပြင်းကိုချသည်။ မတတ်နိုင်သည့်ဟန်ဖြင့်
" အစည်းအဝေးမှာ စစ်ချီနတ်ဘုရားက ရှောင်ယင့်ကိုကောင်းကင်နန်းတော်ဆီ အလည်ခေါ်နေတယ်။ စစ်ချီနတ်ဘုရားက တောင်းဆိုခဲတယ် အဖေကငြင်းရခက်နေတယ်။ ဒါကြောင့် ရှောင်ယင်ကနဉ်နတ်ဘုရားနဲ့အတူ သေမျိုးနယ်ပယ်ကိုလိုက်သွားလိုက်ရင် ကောင်းကင်နန်းတော်ကို မသွားဖို့အကြောင်းပြချက်ရပြီ။ ပြန်လာရင်လည်း တောင်စိမ်းတောင်ကိုတန်းပြန်ရမှာဆိုတော့ အခွင့်ရှိတော့မှာမဟုတ်ဘူးလေ ရှောင်ယင်လေး နဉ်နတ်ဘုရားနဲ့လိုက်သွားနော်။ "
ကောင်းကင်နန်းတော်က ဘယ်လိုဖြစ်လို့ အကိုကြီးက သူ့ကို မသွားစေချင်ရသည်လဲ။
" နဉ်နတ်ဘုရားက ရှောင်ယင်လေးကို သေချာကာကွယ်ပေးနိုင်မှာပါ။ "
သူမျက်နှာမသာယာတော့ ကျူးလင်ကချော့မြူသယောင်ပြောလာသည်။ သူ့ပခုံးတစ်ဖက်ကိုပါ ပုတ်ရင်း
" ကောင်းကင်နန်းတော်က ကြောက်ဖို့ကောင်းတယ် ကလေးရဲ့။ လူတွေလည်း အရမ်းများပြီး ပတ်ဝန်းကျင်က လှလည်းမလှဘူး"
" ဟင် တကယ်လား"
" တကယ်ပေါ့ အကိုကြီးက လိမ်ပါ့မလား။ "
" ဟုတ်ကဲ့ ကျွန်တော် အဆောင်ကိုပြန်ပြီး ပြင်ဆင်လိုက်ပါ့မယ်"
" အင်း ရှောင်လျန်တို့လည်း စောင့်နေတယ်။ အမေလည်း ရှိတယ် သွားရအောင်"
ကောင်းကင်နန်းတော်က ကျူးလင်ပြောသည့်အတိုင်းဆိုလျှင်ဖြင့် နောင်ဝူရှဲ့ကအလည်ခေါ်လျှင်တောင် သူငြင်းရလိမ့်မည်။
------------------------------
" ရှောင်ယင် နဉ်နတ်ဘုရားက ဆရာဆိုပေမယ့် အရမ်းကြီးနီးနီးကပ်ကပ်မနေနဲ့နော်။ အရေးအကြောင်းရှိရင် အကိုတို့ကို စိတ်ထဲကနေမှန်းပြီး နာမည်ခေါ်လိုက် ချက်ချင်းရောက်လာခဲ့မယ် ကြားလား "
ကျူးစစ်က အနားတွင်အဖေတို့ရှိနေ၍သာ ဆရာ့ကိုနတ်ဘုရားထည့်ခေါ်ပေမယ့် အသံကကြည်သာခြင်းတော့မရှိ။
" ရှောင်ယင်လေးက မှတ်ဉာဏ်မေ့နေလို့ အတော်များများကိုမေ့နေတာ ဒါကြောင့် ငါ့ညီငယ်လေးပြန်လာရင် လက်ဆောင်ပေးဖို့ အကိုကတစ်ခုခုပြင်ထားမယ်" အမေနဲ့အကိုကြီးနည်းတူ ကျူးလျန်ကပြာယာကာမမှာပေမယ့် ပြန်လာရင်လက်ဆောင်ပေးမည့်အကြောင်းကို ဆိုသည်။
သူ ဆရာနှင့်သေမျိုးနယ်ပယ်ကိုလိုက်သွားရမည်အား စစ်တိုက်ထွက်မည့်သားငယ်ကို မိသားစုမှ စိတ်ပူနေကြသလို အဖေမှလွဲ အားလုံးကမှာတမ်းခြွေနေကြသည်မှာ သူအဆောင်သို့ပြန်ရောက်ကတည်းကပါပေ။
" ကဲ ကဲ တော်ပါတော့ကွာ။ ငါ့သားငယ်လေး စိတ်ညစ်သွားပါဦးမယ်။ နဉ်နတ်ဘုရားလို စစ်နဂါးနတ်ဘုရားက ငါတို့သားငယ်လေးကို ကာကွယ်ပေးနိုင်မှာပါ။ မကာကွယ်နိုင်ခဲ့ရင်လည်း ပြန်လာရင် တောင်စိမ်းတောင်ကိုရေလွှမ်းပစ်ကြတာပေါ့"
အများရှေ့တွင်တည်ကြည်စွာပြုမူတတ်သည့်အဖေက မိသားစုရှေ့တွင်တော့ ယခုလိုခပ်နောက်နောက်ဆိုတတ်သေးသည်။ အခုနောက်ပိုင်းသူသိလာရသည်က ကျူးမျိုးနွယ်ဝင်တွေဟာ မိသားစုကိုသိပ်သိတတ်ခြင်းပင်။ မိသားစုဝင်တိုင်းက တစ်ပါးသူတွေရှေ့တွင်တစ်မျိုးနေတတ်ကြပြီး မိသားစုချင်းရှိချိန်ဆို တစ်မျိုးပြုမူတတ်ကြသည်။
" ဒါပေမယ့် ကျွန်မကတော့ သားလေးကို စိတ်မချသေးဘူး။ အကို ကျွန်မ ကိုယ်ရောင်ဖျောက်ပြီး လိုက်သွားလိုက်ရင်ကောင်းမလား"
အမေက စိုးရိမ်တကြီးဆိုလာတော့ အဖေပင်မဟန့်ရသေး အကိုကြီးက ဝင်ပြောသည်။
" အမေက အိမ်မှာအေးအေးဆေးဆေးနေပါ။ ကလေးကိုသားက လိုက်စောင့်ရှောက်လိုက်မယ်။ သားပဲ ကိုယ်ရောင်ဖျောက်ပြီး လိုက်သွားလိုက်မယ်"
" အကိုကြီးက ဖြေရှင်းရမယ့်အရေးတွေရှိသေးတယ်မဟုတ်လား ကျွန်တော်ပဲ ရှောင်ယင့်နောက်လိုက် လိုက်ပါ့မယ်"
" အကိုလျန်လိုက်ရင် ကျွန်တော်လည်းလိုက်မယ်။ ကျွန်တော်တို့ညီအကိုတွေ အတူလိုက်စောင့်ရှောက်ကြတာပေါ့"
" နဉ်နတ်ဘုရားက ရှောင်လင့်ကိုမမှီသေးပေမယ့် ရှောင်လျန်နဲ့ရှောင်စစ် မင်းတို့ကိုတော့ တန်းသတိထားမိမှာပဲ။ ငါတို့က အစကတည်းက သုံးလောကအရေးတွေမှာ ဝင်မပက်သက်ဘူးလို့နေခဲ့ကြတော့ အခုမှ ဝင်ပါရင် သူများတွေးစရာဖြစ်မယ်။ တစ်ယောက်မှ လိုက်မသွားကြနဲ့"
အဖေက ပိတ်ပြောလိုက်မှ အမေအပါအဝင်အားလုံးငြိမ်သွားကြသည်။ သူကတော့ ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက်ဖြင့်သာ။
မျက်နှာမသာယာစွာနှင့်ငြိမ်သက်နေသည့်မိသားစုဝင်တွေကိုကြည့်ကာ အဖေကသက်ပြင်းချသည်။ နောက် သူ့ကိုလှည့်ကြည့်လာပြီး
" ငါ့သားရဲ့ယင်နတ်ဘုရားဆိုတဲ့နိမိတ်က အလကားမဟုတ်ဘူးပဲ။ ဟွားဟွား ၊ ငါ့သားတွေ စိတ်မပူနဲ့တော့ ။ ငါတို့ယင်နတ်ဘုရားလေးကို စောင့်ရှောက်မယ့်သူရှိပြီ"
အကိုတွေက ပဟေဋိဖြစ်စွာကြည့်လာသလို၊ အမေကလည်း အဖေ့အနားကပ်ကာ ခပ်တိုးတိုးသွားမေးပေမယ့် အဖေကပြုံးရုံသာပြံုးနေသည်။
" သွားကြမယ် ။ အကြာကြီး မစောင့်စေနဲ့"
အဖေ့စကားဆုံးသည်နှင့် အဖေကအမေနှင့်အတူ ပျောက်ကွယ်သွားသည်။ အကိုကြီးက သူ့ကိုတစ်ချက်ကြည့်ကာပျောက်ကွယ်သွားမှ အကိုလျန်နှင့် အကိုစစ်က သူ့ကိုတစ်ဖက်တစ်ချက်ဆီကနေ လက်လာတွဲသည်။
အရင်ရက် ဆရာနှင့်သူအတူရောက်လာစဉ်က ပင်လယ်ကမ်းစပ်သို့ ယခုပြန်ရောက်လာသည်။ ရေလှေကားကိုကျောခိုင်း၍ခြေချလိုက်သည်နှင့် မြူတွေဆိုင်းနေခဲ့သည့်ကမ်းစပ်ပတ်ဝန်းကျင်မြင်ကွင်းက ရှင်းလင်းပီသသွားသည်။ ဝေ့ခနဲဖြင့် လေ၏ဖြတ်တိုက်သွားမှုက သူ့ကိုယ်မှအဝတ်တို့အား လူးလွန့်သွားစေသည်။ အကြောင်းအရင်းသေချာမသိပါဘဲ သူ ဘေးဘီကိုလိုက်ရှာကြည့်မိသေးသည်။ မည်သို့ကြောင့်မှန်းမသိ ဝူရှဲ့ရှိနေသည် ဟုသူခံစားမိနေသည်။
" ကျူးယင် "
ဆရာ့ကိုဦးစွာမြင်လိုက်ရပေမယ့် အသံအရင်ထွက်လာသည်ကတော့ ရှေ့တွင်ရုတ်တရက်ပေါ်လာခဲ့သော သီနတ်ဘုရားဆီမှဖြစ်သည်။ ဆရာက မျက်နှာတည်တည်ဖြင့်သာ သူ့ကိုပြုံးယောင်ယောင်ကြည့်လာသည်။
သီနတ်ဘုရားကို အရိုအသေတစ်ချက်ပေးကာ ဆရာ့အနီးသွား၍ နှုတ်ဆတ်လိုက်တော့ ဆရာ့မျက်နှာကအပြုံးက ပီပြင်သွားသည်။
" သီနတ်ဘုရားလည်း ပါနေတော့ ကျွန်တော်တို့ စိတ်ချရပါပြီ "
အဖေက ထိုသို့ဆိုတော့ လေမတိုက်သော်ငြား သီနတ်ဘုရား၏ဝတ်စုံက တစ်ချက်လွှင့်သွားသည်။ နားထင်ဘေးသို့ကျလာသောဆံပင်တွေအား နောက်သို့အသာသိမ်းရင်း ကိုယ်ကိုအဖေ့ဘက်လှည့်ကာ သီနတ်ဘုရားကခေါင်းညိတ်သည်။
" ကျူးယင်အတွက် စိတ်ချ။ ကျွန်တော့်လက်သာ အပ်ထားလိုက်ပါ"
ထိုအခါ အဖေအပါအဝင် သူမှလွဲပြီးအားလုံးက မျက်နှာပျက်သွားကြသည်။ အဖေက ချက်ချင်းဟန်လုပ်ကာ
" သီနတ်ဘုရားကို နှောင့်ယှက်မိပြီ။ ငါတို့ သွားစို့" နောက်သို့ပြန်လှည့်လိုက်သည်နှင့် အဖေကမျက်နှာတည်သွားသည်ကို သူမြင်လိုက်သေးသည်။ အကိုတွေက သူ့ကိုတစ်ချက်ကြည့်ကာ အသီးသီးပျောက်ကွယ်သွားကြသည်။
" ရှောင်ယင် အမေသွားမယ်နော် "
မပျောက်သွားခင်လေးကို အမေကသူ့အနားရောက်လာပြီး လက်ကိုတစ်ချက်ဖျစ်ညစ်သွားသေးသည်။
သူငယ်ချင်းတွေနှင့်ခရီးထွက်မည်ကို မိသားစုကစိုးရိမ်နေသည်နှင့် အဖြစ်ကတူနေတော့ သူပြုံးလိုက်မိသည်။ ဒီလိုစိုးရိမ်ပေးမယ့် မိသားစုရှိတာ သိပ်ကောင်းတာပဲ။
" ငါတို့လည်း သွားကြတာပေါ့ အသေးစိတ်အစီအမံက နဉ် မင်းပဲအစီအစဉ်ချ"
သီနတ်ဘုရားက ထိုသို့ဆိုကာ ရှေ့မှထွက်သွားပြီး နှစ်လမ်းလောက်နေတော့ သူ့ထံလည်ပြန်ကြည့်သည်။
" ကျူးယင် လိုက်မလာဘဲ ဘာလုပ်နေတာလဲ" ဟု ငေါက်တော့ သီနတ်ဘုရားနောက်သို့ သူအမြန်လိုက်သွားရသည်။ ဆရာကတော့ နောက်မှာ တစ်ဖြေးဖြေးသာ လျှောက်လာနေသည်။
တီဗွီထဲတွင်မြင်ခဲ့ဖူးသလို ရှေးခေတ်ကာလမှလူတွေမှာ လှပသည့်ဝတ်စုံအကြီးကြီးတွေကိုဝတ်ကာ သွားလာလျက်ရှိကြသည်။ စျေးဆိုလည်း ပျားပန်းခတ်ကာ လှုပ်ရှုားနေသူများနှင့် စည်ကားလျက်။ သူအဝေးမှမြင်ရပေမယ့် သွားကြည့်ချင်စိတ်ဖြစ်နေသည်။ ဆရာ့ကိုအဖော်စပ်လို့ရပါ့မလား။ သီနတ်ဘုရားကရော သွားခွင့်ပြုပါ့မလား။
သူတို့ရောက်သွားသည့်နေရာက သပ်ရပ်ကျယ်ဝန်းသည့်ခြံအကျယ်ကြီးရှေ့ဖြစ်သည်။ ရောက်လျှင်ရောက်ချင်း ဆရာက စာပေသမားပုံစံပြောင်းလိုက်သလို သီနတ်ဘုရားက သူဌေးသားပုံစံပြောင်းလိုက်ကြရာ သူတို့ကိုယ်တွင်တောက်ပသည့်ရောင်ဝါများမရှိတော့ ။ ဆရာက အကိုလျန့်လိုယပ်တောင်တစ်ခုကို မည်သည့်နေရာကမှန်းမသိထုတ်ကာ တစ်ချက်တစ်ချက်ခတ်သည်။ သီနတ်ဘုရားကတော့ ထုံးစံအတိုင်း ဆံပင်တွေကိုသပ်တင်ရင်းသာ ။ နှစ်ဦးသားသူ့ထံအကြည့်ရောက်လာတော့ သူဟီးခနဲသာရယ်ပြလိုက်မိသည်။ သူမှ ထိုသို့ဖန်ဆင်းခြင်းအတတ်ကို မတတ်သေးသည်ဘဲ။
" နဉ် ကျူးယင်ကို မင်းဒါလေးတောင် မသင်ပေးရသေးဘူးလား။ မဟုတ်သေးပါဘူး ကျူးယင် မင်းတကယ်အတိတ်မေ့သွားတာပဲလား။ "
သူခေါင်းငြိမ့်ပြလိုက်တော့ သီနတ်ဘုရားကအနားတိုးကပ်လာကာ သူ့နှဖူးကိုလက်ဖြင့်တို့ထိသည်။ နွေးခနဲဖြစ်သွားပြီးသည့်နောက် သူ့ကိုယ်မှာအဝတ်အစားတွေပြောင်းသွားကြောင်း သတိထားမိလိုက်ရသည်။
အစိမ်းနုရောင်ဝတ်စုံနှင့်သူက ဆရာ့လိုစာပေးသမားပုံစံပေါက်နေလောက်သည်။
" မင်းကိုယ်ထဲမှာ ငါတောင်မသိတဲ့ စွမ်းအားတွေကိန်းအောင်းနေတာပဲ"
သီက ပဟေဋိဖြစ်စွာပြောပြီး ဆရာ့ကိုလှည့်ကြည့်သည်။ ဆရာက သူတို့ကိုကြည့်မနေ တစ်စုံတစ်ယောက်နှင့် စကားသွားပြောနေသည်။ ခါးကုန်းကုန်းနှင့်တောင်ဝှေးတစ်ခုကို ကိုင်ထားသည့်အဘိုးကြီးက ဆရာပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နှင့်...။
ဆရာက ခဏေနမွ ျပန္လာကာ
" သီနတ်ဘုရားနဲ့ကျူးယင်က နားနားနေနေနေရစ်ခဲ့ပါ။ ကျွန်တော်က သွားစုံစမ်းလိုက်ပါမယ်" ဟုဆိုလာသည်။
ထိုသို့ပြောကာ ထွက်သွားတော့မည်ပြင်တော့ သူဆရာ့လက်ကိုလှမ်းဆွဲလိုက်မိသည်။
" ဆရာ စုံစမ်းရင်အတူတူ သွားစုံစမ်းကြမယ်လေ။ တပည့်လည်း လိုက်ချင်တာပေါ့"
ဆရာကသူ့ကို ပြုံးယောင်သန်းနေသည့်မျက်ဝန်းတွေဖြင့် ထုံးစံအတိုင်းကြည့်သည်။ သီနတ်ဘုရားက ထိုအခါ ချောင်းဟန့်၏။
" ဟုတ်တယ်။ မင်းတစ်ယောက်ထဲ သွားဖို့မလိုဘူး။ ငါတို့ပါ လိုက်မယ် ။ ဒီနေ့တော့ ကျူးယင်ကိုပေးနားကြတာပေါ့။ နောက်နေ့မှ သွားစုံစမ်းကြမယ်"
သီ၏အဆုံးအဖြတ်ကို သူသဘောကျစွာပြုံးတော့ ဆရာ့က သူ့ခေါင်းကို အသာ ဖွဖွ ပုတ်သည်။
သူတို့နေကြမည့်ခြံကြီးဟာ အလွန်ကျယ်သည်။ အိမ်တော်မှာလည်း အလွန်ခမ်းနားကာ အတွင်းပန်းပြင်ဆင်မှုသည်ပင် မျက်စိကျိန်းစက်စေလောက်သည်အထိ။ ပတ်ဝန်းကျင်တွင်လည်းထိုသို့ခြံကျယ်ကြီးတွေသာရှိတော့ တိတ်ဆိတ်နေသည်မှာ ၂၁ရာစုက ဆိတ်ငြိမ်ရပ်ကွက်တွေအတိုင်းပါပင်။
အိမ်တော်အတွင်းမှာ အခန်းတွေများသော်ငြား ဆရာနှင့်သီနတ်ဘုရားက သူနေဖို့ရွေးလိုက်သည့်အခန်း၏ တစ်ဘက်တစ်ချက်ဆီတွင်နေရာယူကြသည်။ ရေနန်းတော်တွင်လင်းထိန်နေခဲ့သော်ငြား သေမျိုးနယ်ပယ်သို့ရောက်တော့ မိုးချုပ်လုပြီဖြစ်သည်။ ထို့ကြောင့် အခန်းတွင်းမှာ ဖယောင်းတိုင်တွေအမြောက်အများကိုသာ ထိန်ထိန်ညီးအောင်ထွန်းထားရာ တစ်မျိုးလှနေတော့သည်။
ကျွန်းကုတင်ကြီးပေါ် ပစ်လှဲလိုက်တော့ ထူထဲသည့်ဂွမ်းစောင်အခံကြောင့်
သက်တောင့်သက်သာရှိလှပြန်သည်။ မျက်နှာကျက်မှ ပန်းကနုတ်တွေကိုကြည့်ရင်း
သူ့မျက်ခွံတွေလေးလံလာခဲ့သည်။ အခန်းတွင်း လေတစ်ချက်ဝေ့တိုက်သွားသည်ကို သူ
အသိစိတ်မပျောက်မှီ သတိထားလိုက်မိသည်။
-----------------------------------------------
အရောင်အသွေးစုံကာ လှပလွန်းသည့်ပန်းခင်းကြီးထဲ သူ ပတ်ပြေးနေသည်။ မောဟိုက်နေပေမယ့် ပင်ပန်းမနေခဲ့သည့်အပြင် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေသည်မှာ ထူးဆန်း၏။ အမောတကောပြေးကာ နောက်ကိုလှည့်ကြည့်မိသည့်အခိုက် ရှင်းလင်းနေသည့်ဝန်းကျင်ကြောင့် ကြောင်အသွားရသည်။ သူရော ဘယ်ရောက်သွားသည်လဲ။
နောက်သို့ပြန်လှည့်ကာ ဟိုဟိုဒီဒီလိုက်ရှာကြည့်မိပါသော်လည်း တစ်စုံတစ်ယောက်ကား မရှိတော့။ ထိုသို့ရှာနေရင်းမှ ထိုတစ်စုံတစ်ယောက်မှာ မည်သူနည်း ဟုအတွေးဝင်လာပြန်သည်။ ခေါင်းယမ်းက ရှေ့ပြန်လှည့်လိုက်စဉ် ခါးမှနေ၍ ပွေ့ချီခံလိုက်ရမှုကြောင့် အလန့်တကြားဖြင့် နီးရာကိုဖမ်းကိုင်လိုက်ရသည်။ အမျိုးအမည်မသိသော ပန်းရနံ့မွှေးမွှေးတို့လွှမ်းထုံရာ ထိုနီးစပ်ရာသည် စင်စစ် တစ်စုံတစ်ဦး၏ရင်ဘတ်ကျယ်ကြီးဖြစ်နေလေသည်။ အံ့သြကာ လွှတ်တော့မည်အပြု ညို့နိုင်လွန်းသော ရယ်သံလွင်လွင်ကိုကြားလိုက်ရသည်။ မော့ကြည့်မိလိုက်ရာ ငုံ့ကိုင်းလာသည့်မျက်နှာချောချောကြောင့် သူ၏ပါးတို့နီးမြန်းလာရသည်။
" ယင်လေး "
သူ့မျက်နှာနှင့်ထိလုထိခင်တွင်ရပ်သွားသည့် တစ်ဖက်သူကြောင့် မချင့်မရဲသလိုခံစားလိုက်ရသည်။ ထိုခံစားချက်မှမဆုံးသေး နားနားကပ်ကာခေါ်လာသည့်အသံကြောင့် တဖန်အနောက်သို့ပြန်လှည့်ကြည့်တော့ ချောမောသည့်မျက်နှာတစ်ခုအားတွေ့လိုက်ရပြန်သည်။
" ဝူရှဲ့.... "
ဝူရှဲ့၏ချောမောသောမျက်နှာမှ တဖြည်းဖြည်းဖြင့် အကိုကြီး၏မျက်နှာသို့ပြောင်းသွားမှုကြောင့် သူကြောက်လန့်၍မဆုံးသေး လက်တစ်ဖက်မြှောက်ကာ သူ့အား အားကုန်လွှွဲပြီးရိုက်ဟန်ပြင်လာသည်ကြောင့် သူအော်ဟစ်မိလိုက်သည်။
" အကိုကြီး"
မျက်စိစုံမှိတ်ကာ အော်လိုက်ပြီးသည့်တိုင် အတော်ကြာသည်အထိ ဘာသက်ရောက်မှုကိုမှ မခံစားရသည်မို့ မဝံ့မရဲဖြင့် မျက်လုံးတစ်ဖက်ဖွင့်ကြည့်လိုက်သည်။
-----
zawgyi
" အခု ေရျပာပန္းပုံသ႑ာန္ကို စိတ္ထဲမွာျမင္ေယာင္ၾကည့္လိုက္ေတာ့ "
သူ႕လက္ထဲကေရစက္ေတြက တစ္ျဖည္းျဖည္းေလေပၚပ်ံတက္ကာ ပန္းပြင္းပုံေျပာင္းသြားသည္ကို သူအံ့ၾသစြာျမင္ေတြ႕လိုက္ရသည္။ ထိုပန္းပြင့္ကို ယခုထက္ပိုမိုပြင့္ေစခ်င္ေတာ့လည္း အမွန္ပင္ ကားစြင့္ကာပြင့္လာသည္။ လွလိုက္ေလျခင္း .... သူက ပန္းတစ္ပြင့္ကို ဖန္ဆင္းနိုင္သြားၿပီ။ ျမဴေတြလည္း လိုရာပုံျဖင့္ သူဖန္ဆင္းနိုင္ေသးသည္။ ဆိုေတာ့ သူက အမွန္တကယ္ နတ္တစ္ပါးျဖစ္လာၿပီေပါ့... ေနာင္ဆို ဆရာ့လို တစ္ခ်က္ေတြးလိုက္႐ုံျဖင့္ လိုရာကိုသြားနိုင္ေတာ့မည္လား...
" သေဘာက်လား "
" အင္း သေဘာက်တယ္။ ဒါအရမ္း အံ့ၾသဖို႔ေကာင္းတယ္သိလား။ ကြၽန္ေတာ့္ တကယ့္နတ္တစ္ပါး ျဖစ္သြားသလိုပဲ"
" အဟား ယင္ေလး မင္းက နတ္တစ္ပါးပဲေလ။ အသက္ေက်ာက္တိုင္ကိစၥက ကိုယ္လည္း မေျပာတတ္ေပမယ့္ ယင္ေလးက နတ္တစ္ပါးဆိုတာထက္ ပိုတာေတာ့ အေသအခ်ာပဲ ေနာင္ဆို ကိုယ္က ယင္ေလးဆီက အကူအညီေတြ အမ်ားႀကီးယူရဦးမွာ။ "
" ဟုတ္လား ဒါဆို ကြၽန္ေတာ္က အရမ္းတန္ခိုးႀကီးလာမွာေပါ့ "
" အခုလည္း အင္း တေျဖးေျဖးေတာ့ ယင္ေလး လုပ္နိုင္တာေတြကို သိလာမွာပါ။ တစ္ခါထဲအမ်ားႀကီးသိရင္ ေပ်ာ္စရာမေကာင္းဘူး မဟုတ္လား "
" ဟုတ္တယ္။ ကြၽန္ေတာ္က မွတ္ဉာဏ္မေကာင္းဘူး ေမ့သြားလိမ့္မယ္"
" ကိုယ္က ယင္ေလးေမ့သြားတိုင္း ျပန္သင္ေပးဖို႔ အနားမွာအၿမဲရွိေနမွာေလ။ ေမ့လည္းကိစၥမရွိဘူး "
" ေက်းဇူးတင္ပါတယ္ဗ်ာ"
" ေက်းဇူးတင္ရင္ ကိုယ္နဲ႕ေကာင္းကင္နန္းေတာ္မွာ လိုက္ေန"
အကိုႀကီး၏ မ်က္ႏွာကိုျပန္ျမင္ေယာင္မိေတာ့ သူအလွ်င္စလို ေခါင္းခါလိုက္မိသည္။
" အကိုႀကီးက ေျပာတယ္။ ဒီမွာပဲ ဆရာျပန္မလာမခ်င္းေနရမယ္တဲ့ "
" က်ဴးလင္နတ္ဘုရားကလား။ ေရွ႕ေလွ်ာက္ ခက္ခဲဦးေတာ့မွာပဲ ... ကိစၥမရွိပါဘူး ကံၾကမၼာက ကိုယ့္ဘက္မွာပဲဟာ"
" ဘာကို...."
" ေရွာင္ယင္"
သူဆက္ေမးမည္ႀကံစဥ္တြင္ က်ဴးလင္၏ေခၚသံကိုၾကားလိုက္ရသည္မို႔ သူလန႔္သြားရသည္။ က်ဴးလင္မွာကိုယ္ေရာင္ကိုယ္ဝါေတာက္ပစြာျဖင့္ ခပ္လွမ္းလွမ္းတြင္ မားမတ္စြာေပၚလာသည္။ သူ႕ကိုျမင္ေတာ့ ထိုေနရာမွေပ်ာက္ၿပီး ခ်က္ခ်င္းအနားေရာက္လာသည္ျဖစ္ရာ သူလန႔္သြားရေသးသည္။ ၾကာလွ်င္ေတာ့ သူက်င့္သားရလာေလာက္ပါသည္။ သူသာ ထိုသို႔ေပ်ာက္လိုက္၊ေပၚလိုက္ လုပ္နိုင္မည္ဆိုလွ်င္ လမ္းေလွ်ာက္ေနစရာလိုေတာ့မည္မဟုတ္။
" ေရွာင္ယင္ တစ္ေယာက္တည္းလား"
စစ္ဝူရွဲ႕ဘက္ကိုလက္ညိုးထိုးျပရင္း လွည့္ၾကည့္ေတာ့ ရွင္းလင္းေနသည့္ေနရာလပ္တစ္ခုကသာ ဆီးႀကိဳသည္ျဖစ္ရာ သူေခါင္းသာျပန္ၿငိမ့္ျပလိုက္ရသည္။ အသိေပးျခင္းမရွိဘဲ စစ္ဝူရွဲ႕ကေပ်ာက္သြားျပန္ၿပီ။ ဒီနတ္ေတြက သူ႕ကိုလုံးဝမေလးစားၾကဘူး။ အကိုေတြကအႀကီးမို႔ထားပါေတာ့ စစ္ဝူရွဲ႕ကေတာ့........
" ညေနမွာ နဥ္နတ္ဘုရားက ေသမ်ိဳးနယ္ပယ္ကိုသြားလိမ့္မယ္ ေရွာင္ယင္ေလးလည္း လိုုက္သြားရမယ္"
သူ႕ရဲ႕အလိုမက်မႈက က်ဴးလင္၏စကားေၾကာင့္လႊင့္ပ်ယ္သြားရသည္။
" အကိုႀကီးေျပာေတာ့ ဒီမွာပဲေနဆို "
သူထိုသို႔ေမးေတာ့ က်ဴးလင္၏မ်က္ႏွာကတည္တင္းသြားကာ သက္ျပင္းကိုခ်သည္။ မတတ္နိုင္သည့္ဟန္ျဖင့္
" အစည္းအေဝးမွာ စစ္ခ်ီနတ္ဘုရားက ေရွာင္ယင့္ကိုေကာင္းကင္နန္းေတာ္ဆီ အလည္ေခၚေနတယ္။ စစ္ခ်ီနတ္ဘုရားက ေတာင္းဆိုခဲတယ္ အေဖကျငင္းရခက္ေနတယ္။ ဒါေၾကာင့္ ေရွာင္ယင္ကနဥ္နတ္ဘုရားနဲ႕အတူ ေသမ်ိဳးနယ္ပယ္ကိုလိုက္သြားလိုက္ရင္ ေကာင္းကင္နန္းေတာ္ကို မသြားဖို႔အေၾကာင္းျပခ်က္ရၿပီ။ ျပန္လာရင္လည္း ေတာင္စိမ္းေတာင္ကိုတန္းျပန္ရမွာဆိုေတာ့ အခြင့္ရွိေတာ့မွာမဟုတ္ဘူးေလ ေရွာင္ယင္ေလး နဥ္နတ္ဘုရားနဲ႕လိုက္သြားေနာ္။ "
ေကာင္းကင္နန္းေတာ္က ဘယ္လိုျဖစ္လို႔ အကိုႀကီးက သူ႕ကို မသြားေစခ်င္ရသည္လဲ။
" နဥ္နတ္ဘုရားက ေရွာင္ယင္ေလးကို ေသခ်ာကာကြယ္ေပးနိုင္မွာပါ။ "
သူမ်က္ႏွာမသာယာေတာ့ က်ဴးလင္ကေခ်ာ့ျမဴသေယာင္ေျပာလာသည္။ သူ႕ပခုံးတစ္ဖက္ကိုပါ ပုတ္ရင္း
" ေကာင္းကင္နန္းေတာ္က ေၾကာက္ဖို႔ေကာင္းတယ္ ကေလးရဲ႕။ လူေတြလည္း အရမ္းမ်ားၿပီး ပတ္ဝန္းက်င္က လွလည္းမလွဘူး"
" ဟင္ တကယ္လား"
" တကယ္ေပါ့ အကိုႀကီးက လိမ္ပါ့မလား။ "
" ဟုတ္ကဲ့ ကြၽန္ေတာ္ အေဆာင္ကိုျပန္ၿပီး ျပင္ဆင္လိုက္ပါ့မယ္"
" အင္း ေရွာင္လ်န္တို႔လည္း ေစာင့္ေနတယ္။ အေမလည္း ရွိတယ္ သြားရေအာင္"
ေကာင္းကင္နန္းေတာ္က က်ဴးလင္ေျပာသည့္အတိုင္းဆိုလွ်င္ျဖင့္ ေနာင္ဝူရွဲ႕ကအလည္ေခၚလွ်င္ေတာင္ သူျငင္းရလိမ့္မည္။
------------------------------
" ေရွာင္ယင္ နဥ္နတ္ဘုရားက ဆရာဆိုေပမယ့္ အရမ္းႀကီးနီးနီးကပ္ကပ္မေနနဲ႕ေနာ္။ အေရးအေၾကာင္းရွိရင္ အကိုတို႔ကို စိတ္ထဲကေနမွန္းၿပီး နာမည္ေခၚလိုက္ ခ်က္ခ်င္းေရာက္လာခဲ့မယ္ ၾကားလား "
က်ဴးစစ္က အနားတြင္အေဖတို႔ရွိေန၍သာ ဆရာ့ကိုနတ္ဘုရားထည့္ေခၚေပမယ့္ အသံကၾကည္သာျခင္းေတာ့မရွိ။
" ေရွာင္ယင္ေလးက မွတ္ဉာဏ္ေမ့ေနလို႔ အေတာ္မ်ားမ်ားကိုေမ့ေနတာ ဒါေၾကာင့္ ငါ့ညီငယ္ေလးျပန္လာရင္ လက္ေဆာင္ေပးဖို႔ အကိုကတစ္ခုခုျပင္ထားမယ္" အေမနဲ႕အကိုႀကီးနည္းတူ က်ဴးလ်န္ကျပာယာကာမမွာေပမယ့္ ျပန္လာရင္လက္ေဆာင္ေပးမည့္အေၾကာင္းကို ဆိုသည္။
သူ ဆရာႏွင့္ေသမ်ိဳးနယ္ပယ္ကိုလိုက္သြားရမည္အား စစ္တိုက္ထြက္မည့္သားငယ္ကို မိသားစုမွ စိတ္ပူေနၾကသလို အေဖမွလြဲ အားလုံးကမွာတမ္းေႁခြေနၾကသည္မွာ သူအေဆာင္သို႔ျပန္ေရာက္ကတည္းကပါေပ။
" ကဲ ကဲ ေတာ္ပါေတာ့ကြာ။ ငါ့သားငယ္ေလး စိတ္ညစ္သြားပါဦးမယ္။ နဥ္နတ္ဘုရားလို စစ္နဂါးနတ္ဘုရားက ငါတို႔သားငယ္ေလးကို ကာကြယ္ေပးနိုင္မွာပါ။ မကာကြယ္နိုင္ခဲ့ရင္လည္း ျပန္လာရင္ ေတာင္စိမ္းေတာင္ကိုေရလႊမ္းပစ္ၾကတာေပါ့"
အမ်ားေရွ႕တြင္တည္ၾကည္စြာျပဳမူတတ္သည့္အေဖက မိသားစုေရွ႕တြင္ေတာ့ ယခုလိုခပ္ေနာက္ေနာက္ဆိုတတ္ေသးသည္။ အခုေနာက္ပိုင္းသူသိလာရသည္က က်ဴးမ်ိဳးႏြယ္ဝင္ေတြဟာ မိသားစုကိုသိပ္သိတတ္ျခင္းပင္။ မိသားစုဝင္တိုင္းက တစ္ပါးသူေတြေရွ႕တြင္တစ္မ်ိဳးေနတတ္ၾကၿပီး မိသားစုခ်င္းရွိခ်ိန္ဆို တစ္မ်ိဳးျပဳမူတတ္ၾကသည္။
" ဒါေပမယ့္ ကြၽန္မကေတာ့ သားေလးကို စိတ္မခ်ေသးဘူး။ အကို ကြၽန္မ ကိုယ္ေရာင္ေဖ်ာက္ၿပီး လိုက္သြားလိုက္ရင္ေကာင္းမလား"
အေမက စိုးရိမ္တႀကီးဆိုလာေတာ့ အေဖပင္မဟန႔္ရေသး အကိုႀကီးက ဝင္ေျပာသည္။
" အေမက အိမ္မွာေအးေအးေဆးေဆးေနပါ။ ကေလးကိုသားက လိုက္ေစာင့္ေရွာက္လိုက္မယ္။ သားပဲ ကိုယ္ေရာင္ေဖ်ာက္ၿပီး လိုက္သြားလိုက္မယ္"
" အကိုႀကီးက ေျဖရွင္းရမယ့္အေရးေတြရွိေသးတယ္မဟုတ္လား ကြၽန္ေတာ္ပဲ ေရွာင္ယင့္ေနာက္လိုက္ လိုက္ပါ့မယ္"
" အကိုလ်န္လိုက္ရင္ ကြၽန္ေတာ္လည္းလိုက္မယ္။ ကြၽန္ေတာ္တို႔ညီအကိုေတြ အတူလိုက္ေစာင့္ေရွာက္ၾကတာေပါ့"
" နဥ္နတ္ဘုရားက ေရွာင္လင့္ကိုမမွီေသးေပမယ့္ ေရွာင္လ်န္နဲ႕ေရွာင္စစ္ မင္းတို႔ကိုေတာ့ တန္းသတိထားမိမွာပဲ။ ငါတို႔က အစကတည္းက သုံးေလာကအေရးေတြမွာ ဝင္မပက္သက္ဘူးလို႔ေနခဲ့ၾကေတာ့ အခုမွ ဝင္ပါရင္ သူမ်ားေတြးစရာျဖစ္မယ္။ တစ္ေယာက္မွ လိုက္မသြားၾကနဲ႕"
အေဖက ပိတ္ေျပာလိုက္မွ အေမအပါအဝင္အားလုံးၿငိမ္သြားၾကသည္။ သူကေတာ့ ဟိုဘက္ၾကည့္လိုက္၊ ဒီဘက္ၾကည့္လိုက္ျဖင့္သာ။
မ်က္ႏွာမသာယာစြာႏွင့္ၿငိမ္သက္ေနသည့္မိသားစုဝင္ေတြကိုၾကည့္ကာ အေဖကသက္ျပင္းခ်သည္။ ေနာက္ သူ႕ကိုလွည့္ၾကည့္လာၿပီး
" ငါ့သားရဲ႕ယင္နတ္ဘုရားဆိုတဲ့နိမိတ္က အလကားမဟုတ္ဘူးပဲ။ ဟြားဟြား ၊ ငါ့သားေတြ စိတ္မပူနဲ႕ေတာ့ ။ ငါတို႔ယင္နတ္ဘုရားေလးကို ေစာင့္ေရွာက္မယ့္သူရွိၿပီ"
အကိုေတြက ပေဟဋိျဖစ္စြာၾကည့္လာသလို၊ အေမကလည္း အေဖ့အနားကပ္ကာ ခပ္တိုးတိုးသြားေမးေပမယ့္ အေဖကၿပဳံး႐ုံသာၿပံဳးေနသည္။
" သြားၾကမယ္ ။ အၾကာႀကီး မေစာင့္ေစနဲ႕"
အေဖ့စကားဆုံးသည္ႏွင့္ အေဖကအေမႏွင့္အတူ ေပ်ာက္ကြယ္သြားသည္။ အကိုႀကီးက သူ႕ကိုတစ္ခ်က္ၾကည့္ကာေပ်ာက္ကြယ္သြားမွ အကိုလ်န္ႏွင့္ အကိုစစ္က သူ႕ကိုတစ္ဖက္တစ္ခ်က္ဆီကေန လက္လာတြဲသည္။
အရင္ရက္ ဆရာႏွင့္သူအတူေရာက္လာစဥ္က ပင္လယ္ကမ္းစပ္သို႔ ယခုျပန္ေရာက္လာသည္။ ေရေလွကားကိုေက်ာခိုင္း၍ေျခခ်လိဳက္သည္ႏွင့္ ျမဴေတြဆိုင္းေနခဲ့သည့္ကမ္းစပ္ပတ္ဝန္းက်င္ျမင္ကြင္းက ရွင္းလင္းပီသသြားသည္။ ေဝ့ခနဲျဖင့္ ေလ၏ျဖတ္တိုက္သြားမႈက သူ႕ကိုယ္မွအဝတ္တို႔အား လူးလြန႔္သြားေစသည္။ အေၾကာင္းအရင္းေသခ်ာမသိပါဘဲ သူ ေဘးဘီကိုလိုက္ရွာၾကည့္မိေသးသည္။ မည္သို႔ေၾကာင့္မွန္းမသိ ဝူရွဲ႕ရွိေနသည္ ဟုသူခံစားမိေနသည္။
" က်ဴးယင္ "
ဆရာ့ကိုဦးစြာျမင္လိုက္ရေပမယ့္ အသံအရင္ထြက္လာသည္ကေတာ့ ေရွ႕တြင္႐ုတ္တရက္ေပၚလာခဲ့ေသာ သီနတ္ဘုရားဆီမွျဖစ္သည္။ ဆရာက မ်က္ႏွာတည္တည္ျဖင့္သာ သူ႕ကိုၿပဳံးေယာင္ေယာင္ၾကည့္လာသည္။
သီနတ္ဘုရားကို အရိုအေသတစ္ခ်က္ေပးကာ ဆရာ့အနီးသြား၍ ႏႈတ္ဆတ္လိုက္ေတာ့ ဆရာ့မ်က္ႏွာကအၿပဳံးက ပီျပင္သြားသည္။
" သီနတ္ဘုရားလည္း ပါေနေတာ့ ကြၽန္ေတာ္တို႔ စိတ္ခ်ရပါၿပီ "
အေဖက ထိုသို႔ဆိုေတာ့ ေလမတိုက္ေသာ္ျငား သီနတ္ဘုရား၏ဝတ္စုံက တစ္ခ်က္လႊင့္သြားသည္။ နားထင္ေဘးသို႔က်လာေသာဆံပင္ေတြအား ေနာက္သို႔အသာသိမ္းရင္း ကိုယ္ကိုအေဖ့ဘက္လွည့္ကာ သီနတ္ဘုရားကေခါင္းညိတ္သည္။
" က်ဴးယင္အတြက္ စိတ္ခ်။ ကြၽန္ေတာ့္လက္သာ အပ္ထားလိုက္ပါ"
ထိုအခါ အေဖအပါအဝင္ သူမွလြဲၿပီးအားလုံးက မ်က္ႏွာပ်က္သြားၾကသည္။ အေဖက ခ်က္ခ်င္းဟန္လုပ္ကာ
" သီနတ္ဘုရားကို ေႏွာင့္ယွက္မိၿပီ။ ငါတို႔ သြားစို႔" ေနာက္သို႔ျပန္လွည့္လိုက္သည္ႏွင့္ အေဖကမ်က္ႏွာတည္သြားသည္ကို သူျမင္လိုက္ေသးသည္။ အကိုေတြက သူ႕ကိုတစ္ခ်က္ၾကည့္ကာ အသီးသီးေပ်ာက္ကြယ္သြားၾကသည္။
" ေရွာင္ယင္ အေမသြားမယ္ေနာ္ "
မေပ်ာက္သြားခင္ေလးကို အေမကသူ႕အနားေရာက္လာၿပီး လက္ကိုတစ္ခ်က္ဖ်စ္ညစ္သြားေသးသည္။
သူငယ္ခ်င္းေတြႏွင့္ခရီးထြက္မည္ကို မိသားစုကစိုးရိမ္ေနသည္ႏွင့္ အျဖစ္ကတူေနေတာ့ သူၿပဳံးလိုက္မိသည္။ ဒီလိုစိုးရိမ္ေပးမယ့္ မိသားစုရွိတာ သိပ္ေကာင္းတာပဲ။
" ငါတို႔လည္း သြားၾကတာေပါ့ အေသးစိတ္အစီအမံက နဥ္ မင္းပဲအစီအစဥ္ခ်"
သီနတ္ဘုရားက ထိုသို႔ဆိုကာ ေရွ႕မွထြက္သြားၿပီး ႏွစ္လမ္းေလာက္ေနေတာ့ သူ႕ထံလည္ျပန္ၾကည့္သည္။
" က်ဴးယင္ လိုက္မလာဘဲ ဘာလုပ္ေနတာလဲ" ဟု ေငါက္ေတာ့ သီနတ္ဘုရားေနာက္သို႔ သူအျမန္လိုက္သြားရသည္။ ဆရာကေတာ့ ေနာက္မွာ တစ္ေျဖးေျဖးသာ ေလွ်ာက္လာေနသည္။
တီဗြီထဲတြင္ျမင္ခဲ့ဖူးသလို ေရွးေခတ္ကာလမွလူေတြမွာ လွပသည့္ဝတ္စုံအႀကီးႀကီးေတြကိုဝတ္ကာ သြားလာလ်က္ရွိၾကသည္။ ေစ်းဆိုလည္း ပ်ားပန္းခတ္ကာ လႈပ္ရႈားေနသူမ်ားႏွင့္ စည္ကားလ်က္။ သူအေဝးမွျမင္ရေပမယ့္ သြားၾကည့္ခ်င္စိတ္ျဖစ္ေနသည္။ ဆရာ့ကိုအေဖာ္စပ္လို႔ရပါ့မလား။ သီနတ္ဘုရားကေရာ သြားခြင့္ျပဳပါ့မလား။
သူတို႔ေရာက္သြားသည့္ေနရာက သပ္ရပ္က်ယ္ဝန္းသည့္ၿခံအက်ယ္ႀကီးေရွ႕ျဖစ္သည္။ ေရာက္လွ်င္ေရာက္ခ်င္း ဆရာက စာေပသမားပုံစံေျပာင္းလိုက္သလို သီနတ္ဘုရားက သူေဌးသားပုံစံေျပာင္းလိုက္ၾကရာ သူတို႔ကိုယ္တြင္ေတာက္ပသည့္ေရာင္ဝါမ်ားမရွိေတာ့ ။ ဆရာက အကိုလ်န႔္လိုယပ္ေတာင္တစ္ခုကို မည္သည့္ေနရာကမွန္းမသိထုတ္ကာ တစ္ခ်က္တစ္ခ်က္ခတ္သည္။ သီနတ္ဘုရားကေတာ့ ထုံးစံအတိုင္း ဆံပင္ေတြကိုသပ္တင္ရင္းသာ ။ ႏွစ္ဦးသားသူ႕ထံအၾကည့္ေရာက္လာေတာ့ သူဟီးခနဲသာရယ္ျပလိုက္မိသည္။ သူမွ ထိုသို႔ဖန္ဆင္းျခင္းအတတ္ကို မတတ္ေသးသည္ဘဲ။
" နဥ္ က်ဴးယင္ကို မင္းဒါေလးေတာင္ မသင္ေပးရေသးဘူးလား။ မဟုတ္ေသးပါဘူး က်ဴးယင္ မင္းတကယ္အတိတ္ေမ့သြားတာပဲလား။ "
သူေခါင္းၿငိမ့္ျပလိုက္ေတာ့ သီနတ္ဘုရားကအနားတိုးကပ္လာကာ သူ႕ႏွဖူးကိုလက္ျဖင့္တို႔ထိသည္။ ေႏြးခနဲျဖစ္သြားၿပီးသည့္ေနာက္ သူ႕ကိုယ္မွာအဝတ္အစားေတြေျပာင္းသြားေၾကာင္း သတိထားမိလိုက္ရသည္။
အစိမ္းႏုေရာင္ဝတ္စုံႏွင့္သူက ဆရာ့လိုစာေပးသမားပုံစံေပါက္ေနေလာက္သည္။
" မင္းကိုယ္ထဲမွာ ငါေတာင္မသိတဲ့ စြမ္းအားေတြကိန္းေအာင္းေနတာပဲ"
သီက ပေဟဋိျဖစ္စြာေျပာၿပီး ဆရာ့ကိုလွည့္ၾကည့္သည္။ ဆရာက သူတို႔ကိုၾကည့္မေန တစ္စုံတစ္ေယာက္ႏွင့္ စကားသြားေျပာေနသည္။ ခါးကုန္းကုန္းႏွင့္ေတာင္ေဝွးတစ္ခုကို ကိုင္ထားသည့္အဘိုးႀကီးက ဆရာေျပာသမွ်ကို ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္...။
ဆရာက ခေဏနမြ ်ပႏႅာကာ
" သီနတ္ဘုရားနဲ႕က်ဴးယင္က နားနားေနေနေနရစ္ခဲ့ပါ။ ကြၽန္ေတာ္က သြားစုံစမ္းလိုက္ပါမယ္" ဟုဆိုလာသည္။
ထိုသို႔ေျပာကာ ထြက္သြားေတာ့မည္ျပင္ေတာ့ သူဆရာ့လက္ကိုလွမ္းဆြဲလိုက္မိသည္။
" ဆရာ စုံစမ္းရင္အတူတူ သြားစုံစမ္းၾကမယ္ေလ။ တပည့္လည္း လိုက္ခ်င္တာေပါ့"
ဆရာကသူ႕ကို ၿပဳံးေယာင္သန္းေနသည့္မ်က္ဝန္းေတြျဖင့္ ထုံးစံအတိုင္းၾကည့္သည္။ သီနတ္ဘုရားက ထိုအခါ ေခ်ာင္းဟန႔္၏။
" ဟုတ္တယ္။ မင္းတစ္ေယာက္ထဲ သြားဖို႔မလိုဘူး။ ငါတို႔ပါ လိုက္မယ္ ။ ဒီေန႕ေတာ့ က်ဴးယင္ကိုေပးနားၾကတာေပါ့။ ေနာက္ေန႕မွ သြားစုံစမ္းၾကမယ္"
သီ၏အဆုံးအျဖတ္ကို သူသေဘာက်စြာၿပဳံးေတာ့ ဆရာ့က သူ႕ေခါင္းကို အသာ ဖြဖြ ပုတ္သည္။
သူတို႔ေနၾကမည့္ၿခံႀကီးဟာ အလြန္က်ယ္သည္။ အိမ္ေတာ္မွာလည္း အလြန္ခမ္းနားကာ အတြင္းပန္းျပင္ဆင္မႈသည္ပင္ မ်က္စိက်ိန္းစက္ေစေလာက္သည္အထိ။ ပတ္ဝန္းက်င္တြင္လည္းထိုသို႔ၿခံက်ယ္ႀကီးေတြသာရွိေတာ့ တိတ္ဆိတ္ေနသည္မွာ ၂၁ရာစုက ဆိတ္ၿငိမ္ရပ္ကြက္ေတြအတိုင္းပါပင္။
အိမ္ေတာ္အတြင္းမွာ အခန္းေတြမ်ားေသာ္ျငား ဆရာႏွင့္သီနတ္ဘုရားက သူေနဖို႔ေ႐ြးလိုက္သည့္အခန္း၏ တစ္ဘက္တစ္ခ်က္ဆီတြင္ေနရာယူၾကသည္။ ေရနန္းေတာ္တြင္လင္းထိန္ေနခဲ့ေသာ္ျငား ေသမ်ိဳးနယ္ပယ္သို႔ေရာက္ေတာ့ မိုးခ်ဳပ္လုၿပီျဖစ္သည္။ ထို႔ေၾကာင့္ အခန္းတြင္းမွာ ဖေယာင္းတိုင္ေတြအေျမာက္အမ်ားကိုသာ ထိန္ထိန္ညီးေအာင္ထြန္းထားရာ တစ္မ်ိဳးလွေနေတာ့သည္။
ကြၽန္းကုတင္ႀကီးေပၚ ပစ္လွဲလိုက္ေတာ့ ထူထဲသည့္ဂြမ္းေစာင္အခံေၾကာင့္ သက္ေတာင့္သက္သာရွိလွျပန္သည္။ မ်က္ႏွာက်က္မွ ပန္းကႏုတ္ေတြကိုၾကည့္ရင္း သူ႕မ်က္ခြံေတြေလးလံလာခဲ့သည္။ အခန္းတြင္း ေလတစ္ခ်က္ေဝ့တိုက္သြားသည္ကို သူ အသိစိတ္မေပ်ာက္မွီ သတိထားလိုက္မိသည္။
-----------------------------------------------
အေရာင္အေသြးစုံကာ လွပလြန္းသည့္ပန္းခင္းႀကီးထဲ သူ ပတ္ေျပးေနသည္။ ေမာဟိုက္ေနေပမယ့္ ပင္ပန္းမေနခဲ့သည့္အျပင္ ေပ်ာ္႐ႊင္ၿပီး စိတ္လႈပ္ရွားေနသည္မွာ ထူးဆန္း၏။ အေမာတေကာေျပးကာ ေနာက္ကိုလွည့္ၾကည့္မိသည့္အခိုက္ ရွင္းလင္းေနသည့္ဝန္းက်င္ေၾကာင့္ ေၾကာင္အသြားရသည္။ သူေရာ ဘယ္ေရာက္သြားသည္လဲ။
ေနာက္သို႔ျပန္လွည့္ကာ ဟိုဟိုဒီဒီလိုက္ရွာၾကည့္မိပါေသာ္လည္း တစ္စုံတစ္ေယာက္ကား မရွိေတာ့။ ထိုသို႔ရွာေနရင္းမွ ထိုတစ္စုံတစ္ေယာက္မွာ မည္သူနည္း ဟုအေတြးဝင္လာျပန္သည္။ ေခါင္းယမ္းက ေရွ႕ျပန္လွည့္လိုက္စဥ္ ခါးမွေန၍ ေပြ႕ခ်ီခံလိုက္ရမႈေၾကာင့္ အလန႔္တၾကားျဖင့္ နီးရာကိုဖမ္းကိုင္လိုက္ရသည္။ အမ်ိဳးအမည္မသိေသာ ပန္းရနံ႕ေမႊးေမႊးတို႔လႊမ္းထုံရာ ထိုနီးစပ္ရာသည္ စင္စစ္ တစ္စုံတစ္ဦး၏ရင္ဘတ္က်ယ္ႀကီးျဖစ္ေနေလသည္။ အံ့ၾသကာ လႊတ္ေတာ့မည္အျပဳ ညို႔နိုင္လြန္းေသာ ရယ္သံလြင္လြင္ကိုၾကားလိုက္ရသည္။ ေမာ့ၾကည့္မိလိုက္ရာ ငုံ႕ကိုင္းလာသည့္မ်က္ႏွာေခ်ာေခ်ာေၾကာင့္ သူ၏ပါးတို႔နီးျမန္းလာရသည္။
" ယင္ေလး "
သူ႕မ်က္ႏွာႏွင့္ထိလုထိခင္တြင္ရပ္သြားသည့္ တစ္ဖက္သူေၾကာင့္ မခ်င့္မရဲသလိုခံစားလိုက္ရသည္။ ထိုခံစားခ်က္မွမဆုံးေသး နားနားကပ္ကာေခၚလာသည့္အသံေၾကာင့္ တဖန္အေနာက္သို႔ျပန္လွည့္ၾကည့္ေတာ့ ေခ်ာေမာသည့္မ်က္ႏွာတစ္ခုအားေတြ႕လိုက္ရျပန္သည္။
" ဝူရွဲ႕.... "
ဝူရွဲ႕၏ေခ်ာေမာေသာမ်က္ႏွာမွ တျဖည္းျဖည္းျဖင့္ အကိုႀကီး၏မ်က္ႏွာသို႔ေျပာင္းသြားမႈေၾကာင့္ သူေၾကာက္လန႔္၍မဆုံးေသး လက္တစ္ဖက္ျမႇောက္ကာ သူ႕အား အားကုန္လႊြဲၿပီးရိုက္ဟန္ျပင္လာသည္ေၾကာင့္ သူေအာ္ဟစ္မိလိုက္သည္။
" အကိုႀကီး"
မ်က္စိစုံမွိတ္ကာ ေအာ္လိုက္ၿပီးသည့္တိုင္ အေတာ္ၾကာသည္အထိ ဘာသက္ေရာက္မႈကိုမွ မခံစားရသည္မို႔ မဝံ့မရဲျဖင့္ မ်က္လုံးတစ္ဖက္ဖြင့္ၾကည့္လိုက္သည္။