အကိုတွေကို သူတစ်ယောက်တည်း အေးအေးဆေးဆေးသာ ရေနန်းတော်အတွင်းလျှောက်ကြည့်မယ်လို့ပြောလိုက်တော့ သဘောတူကာ ပြန်သွားကြသည်။ မပျောက်သွားခင်မှာ ကျူးလင်က သူ့ကိုအရေးအကြောင်းရှိရင် နာမည်ကိုအသံထွက်ပြီးခေါ်လိုက်၊ သူက ချက်ချင်းရောက်လာမယ် ဟုပြောသွားသေးသည်။ ကျူးလင်နည်းတူ ကျူးလျန်နှင့်ကျူးစစ်ကလည်း အလားတူပြောသွားကြသည်။
သူ့အကိုတွေ သူ့ကိုသည်းသည်းလှုပ်ကြပုံကိုပြန်တွေးမိတော့ သူသဘောတကျရယ်မိသည်။
သူ တကယ်ကံကောင်းသည်။ ထိုသို့ ဝိုင်းပြီးဂရုစိုက်ခံရသည်မှာ သူသိပ်ကံကောင်းသည်။
တွေးရင်း သဘောတကျဖြင့် ကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ သူက ယခု ရေနန်းတော်ရဲ့ပန်းခြံအလယ်ရှိ ရေကြမ်းပြင်ပေါ်တွင် လှဲအိပ်နေတာဖြစ်သည်။ ရေကြမ်းပြင်ဆိုသည့်အတိုင်း ဖောက်ထွင်းမြင်နေရပြီး ကူးခတ်နေသည့်ငါးလေးတွေကိုကြည့်ရသည်က စိတ်ကိုကြည်စေသည်။ အပေါ်မော့ကြည့်မည်ဆိုလျှင်လည်း ရေကောင်းကင်ကြီးကိုမြင်ရပေမည်။ ငါးပြတိုက်ထဲရောက်နေသလို ခံစားမှုမျိုးကိုသူရသည်။ သူပင် မမြင်ဖူးသည့်ရေသတ္တဝါအစုံကို တစ်ချက်တစ်ချက် မြင်ရသဖြင့် သူလန့်လန့်သွားရသည်ကလွဲလျှင် ပျော်ဖို့ကောင်းပါသည်။
ငါးပြတိုက်ကိုသူတစ်ခါမှမရောက်ဖူးပေမယ့် တီဗွီမှာမြင်ရသလောက်ဆိုလျှင် ရေသတ္တဝါတွေ၏အာရုံစိုက်မှုကိုရဖို့ အပြင်ဘက်ကနေမှန်နံရံကိုရိုက်ကြသည်ကို သူသတိရတော့ ပြုံးမိလိုက်သည်။ ယခု တွေ့ရတဲ့ရေသတ္တဝါတွေက သူ့ကိုမြင်သည်နှင့် ခေါင်းလေးငုံ့ကာ အရိုအသေပေးသယောင်လုပ်ပြီး လစ်ပြေးကြသည်ချည်း။ တော်သေးသည်က အရမ်းကြောက်ဖို့ကောင်းသည့်သတ္တဝါတွေပေါ်မလာခြင်းပင်။ သူ့ကိုထိခိုက်အောင်မလုပ်နိုင်မှန်းသိသော်လည်း သူကြောက်နေဆဲ။
တောင်တောင်အီအီတွေးရင်း ဘေးကိုလှိမ့်လိုက်တော့ ရေကြမ်းပြင်တစ်ဖက်မှ နီးကပ်စွာမြင်လိုက်ရသည့် ကြီးမားလှသည့်မြွေကြီးကြောင့် သူအာခေါင်ခြစ်အော်လိုက်မိသည်။
" အား အု "
သို့ပေမယ့် အသံထွက်ထွက်ခြင်းမှာ ပါးစပ်အားနောက်မှလက်တစ်ဖက်ထွက်လာပြီး ပိတ်ခြင်းကိုခံလိုက်ရမှုကြောင့် သူ့အော်သံကရပ်တန့်သွားရသည်။
ထို့ပြင် တစ်ဖက်သို့ဆွဲလှည့်ခံလိုက်ရသေးသည်။
" မင်း ဝူရှဲ့"
စစ်ဝူရှဲ့မှာ သူ့ကိုလွှတ်ပေးပြီး လက်တစ်ဖက်ကိုထောက်လျက် ဘေးတစောင်းပြန်လှဲနေသည်။ ရယ်မြူးရိပ်သန်းနေသည့်မျက်ဝန်းတွေက သူ့ကိုအကြည့်လွှဲစေသည်။ ထိုအခါ လှောင်သလိုပြုံးပြန်၏။
ဒီမင်းသားက သူ့ကိုလာကစားနေသည်လား
" အကျယ်ကြီးအော်လိုက်ရင် မင်းအကိုတွေသိသွားပြီး ချက်ချင်းရောက်လာနေဦးမယ်။ "
သူ့ကို အပြစ်တင်သလိုပြောလိုက်ရင်း ခဏရပ်ကာ သူ့မျက်နှာနားအနည်းငယ်တိုးကပ်ကြည့်သည်။
" ရေနန်းတော်က မင်းသားငယ်လေးက ရေမြွေကိုကြောက်တယ် ဒါက မထူးဆန်းဘူးလား"
" ကျွန်တော်က အတိတ်မေ့.. "
" အတိတ်မေ့မေ့ မမေ့မေ့... ကျူးယင် ဗီဇဆိုတာက မပြောင်းလဲတတ်ဘူးလေ"
သူ ဘာဆက်ပြောရမည်မှန်းမသိတော့ ။
၀ူရှဲ့ မင်းပြောတဲ့ရေမင်းသားလေးက ငါမှမဟုတ်တာ။ ဟောဒီ့က ငါ ကျူးယင်က မြွေဆို မွေးကင်းစတောင် အသေကြောက်တာကွ။ ဟု သူခပ်ချဉ်ချဉ်တွေးမိသည်။
သူက ဆိတ်ဆိတ်ငြိမ်နေတော့ ဝူရှဲ့က ပက်လက်လှန်ကာ လက်တစ်ဖက်ကိုခေါင်းအုံးပြီး တွေးဆဆပြောလာသည်။
" မင်း တောင်စိမ်းတောင်မှာ ဒဏ်ရာရတဲ့နေ့က ၊ တိတိကျကျပြောရရင် မင်းဒဏ်ရာရပြီး သတိလစ်သွားတဲ့အချိန်မှာ မင်းရဲ့အသက်ကျောက်တိုင်က ပျောက်ကွယ်သွားတယ်"
တောင်စိမ်းတောင်ဆိုသည်မှာ ဆရာနဲ့နေတဲ့တောင်ကို ပြောနေခြင်းဖြစ်ကြောင်း သူနားလည်ပေမယ့် အသက်ကျောက်တိုင်ဆိုသည်ကိုတော့ သူမသိပါချေ။ ဤသည်ကို ဝူရှဲ့ကလည်း သတိထားမိသွားပုံရပြီး ရှင်းပြလာသည်။
" အသက်ကျောက်တိုင်ဆိုတာက နတ်တစ်ပါးမွေးလာပြီဆိုတာနဲ့အလိုအလျောက်ပေါ်လာတဲ့ကျောက်တိုင်ကိုပြောတာ။ မင်းကြုံတွေ့ရသမျှကို အသက်ကျောက်တိုင်မှာပေါ်တယ်။ အသက်ကျောက်တိုင်ပျောက်သွားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ မင်းသိလား"
သူခေါင်းခါတော့ ဝူရှဲ့က ထင်သားပဲဆိုသည့်အကြည့်ကို ပေးသည်။
" အသက်ကျောက်တိုင် ပျောက်သွားတယ်ဆိုတာက ... ကျူးယင် မင်း သေသွားပြီ ဆိုတဲ့အဓိပ္ပါယ်ပဲ။"
စကားကိုရပ်လိုက်ပြီး ဝူရှဲ့ကသူ့ကို အကဲခတ်လာသည်။
သူကိုယ်တိုင်လည်း ယခင်ကျူးယင်က မည်သို့ကြောင့် မရှိတော့မှန်းမသိ။ သူက ဘာကြောင့် ဒီကိုရောက်လာပြီး ဒီခန္ဓာအတွင်းရောက်နေသည်ကိုလည်း သူမသိ။
သူ့အထင် ယခင်ကျူးယင်ကအမှန်သေသွားခဲ့တာဖြစ်လောက်သည် ထို့ကြောင့် အသက်ကျောက်တိုင်က ပျောက်သွားတာဖြစ်ရမည်။ ဒါဆို သူက ကျူးယင်အစစ်မဟုတ်မှန်း သိသွားကြတော့မည်ပေါ့...။ သူ့ကို သူ့ကို စစ်မေးကြမှာလား။ သူ့ကို နတ်အစွမ်းတွေဖြင့် ဖမ်းချုပ်ပြီး ပြန်မဝင်စားနိုင်တော့အောင် ဝိဉာဉ်ကိုပါ ဖျက်ဆီးကြတော့မှာလား။ ကျူးမိသားစု၏ ကျူးယင်ကိုချစ်ကြပုံကိုပြန်တွေးမိတော့ သူ ကျောရိုးထိတိုင် စိမ့်သွားရသည်။ အရမ်းချစ်တတ်တဲ့အကိုတွေက သူ့ကိုချစ်နိုင်ပါ့မလား။ သူက သူတို့ညီမဟုတ်မှန်းသိရင် သူ့ကိုစွန့်ပစ်ကြမှာလား ။ သူ့ကိုပေးထားတဲ့ကတိတွေကိုရော ချက်ချင်းဖျက်ပစ်ကြတော့မှာလား။ ဒါဆို သူ
" ကျူးယင် ... "
သူ့ရဲ့ပြန့်ကျဲကုန်သည့်အတွေးတွေဟာ ဝူရှဲ့ရဲ့ခေါ်သံကြောင့် ပျောက်ကွယ်သွားရသည်။
မျက်နှာတည်နေပေမယ့် သူသည်ပဲစိတ်ထင်၍လားမသိ ဝူရှဲ့အကြည့်က စိုးရိမ်မှုတွေစွက်နေသည်။
" ငါတစ်ယောက်ပဲ သိတာ "
" ဟင် "
" ငါ တစ်ယောက်ပဲ သိတာလို့။ အသက်ကျောက်တိုင်တွေက ကောင်းကင်နန်းတော်က ကန့်သတ်နယ်မြေမှာရှိတယ်။ အဲ့နေ့က ငါ ကိစ္စရှိလို့ ကန့်သတ်နယ်မြေကို ဖြတ်သွားတုန်းမှာ အသက်ကျောက်တိုင်တွေဘက်မှာပြောင်းလဲတာကို တွေ့လိုက်ရတာ။ ငါအနီးကပ်သွားကြည့်တော့ အဲ့ဒါ မင်းရဲ့အသက်ကျောက်တိုင်ဖြစ်နေတယ်။ ငါအတော်စိတ်ပူသွားမိတာ မင်းသိလား"
ထိုပျောက်ကွယ်သွားတဲ့အသက်ကျောက်တိုင်က သူ့ဟာမဟုတ်ဘူးလေ။ ဒါကို စစ်ဝူှရဲ့ကဘာလို့ စိတ်ပူရတာလဲ။ အရင် ကျူးယင်နဲ့ဝူရှဲ့က အရမ်းရင်းနှီးခဲ့တာလား။
" ငါ စိတ်ပူရတာပေါ့။ မင်းသေရင် မင်းအဖေက ဒေါသတကြီးတုန့်ပြန်မှာလေ။ မင်းအကိုတွေကလည်း ရှိသေးတော့ ငါ လောကအတွက် တကယ်စိုးရိမ်သွားတာ"
လောကအတွက်ကိုများ...
" ဒါပေမယ့် အံံသြစရာကောင်းတာက ဖြစ်လာတယ်။ ပျောက်သွားတဲ့ကျောက်တိုင်နေရာမှာ အသစ်တစ်ခုပေါ်လာတာပဲ။ အရင်ကျောက်တိုင်က မှတ်တမ်းတွေဘာမှမရှိတော့ဘဲနဲ့ စာတစ်ကြောင်းပဲပေါ်နေတယ်။ အဲ့ဒါဘာလဲ သိလား"
သူခေါင်းခါလိုက်သည်။ ဝူရှဲ့ဆီက အဖြေကို သူစိတ်လှုပ်ရှားစွာနားစွင့်နေမိသည်။
" ကျူးမျိုးနွယ်ရဲ့ အငယ်ဆုံးသား ကျူးယင်မွေးဖွား နတ်ဝိဇ္ဇာအဆင့် ၊ နောင်တွင် ယင်နတ်ဘုရား ဖြစ်လာမည့်သူ တဲ့"
သူအံ့သြလွန်း၍ ငုတ်တုပ်ပင်ထထိုင်လိုက်မိသည်။ ဘယ်လိုတွေဖြစ်ခဲ့တာလဲ သူတကယ်ကို မတွေးတတ်တော့။
" ထူးဆန်းတာတော့အမှန်ပဲ ဒါပေမယ့် အဲ့ထက်ထူးဆန်းတာရှိသေးတယ်"
ဒီ့ထက်ထူးဆန်းတာ ရှိသေးသည်လား... သူတော့ ဒုက္ခရောက်ပြီ။ ဒီတစ်ခါကရော ဘာများလဲ...
သူကြောက်ရွံ့စွာဖြင့် စစ်ဝူရှဲ့ဆက်ပြောလာမည့်စကားကို နားစွင့်နေရသည်။
၀ူရှဲ့က ဆတ်ခနဲထထိုင်လာတော့ သူနောက်ဆုတ်လိုက်မိသည်။
" ငါ အရင်က မင်းကို၃ခါလောက် တွေ့ဖူးတယ်။ ကျူးမျိုးနွယ်ရဲ့အငယ်ဆုံးဖြစ်တဲ့မင်းက မင်းအကိုတွေလိုပဲ ချောမောပါတယ်။ ဒါပေမယ့် ငါ့ကို မထူးဆန်းစေဘူး။ အဲ့လိုဆိုပေမယ့် မနေ့ကမင်းကိုငါတွေ့တော့ မင်းကအရင်နဲ့ဘာလို့မတူတော့တာလဲ။ မင်းရဲ့ရုပ်ရည်ကအစ အရင်ထက်အများကြီး ဘာလို့ပိုလှလာရတာလဲ။ "
ပြောနေရင်းမှ စစ်ဝူရှဲ့ကအားမရသလို သူ့အနားထပ်ကပ်လာသည်။
" ဘာလို့ ဒီလောက်အထိ လှလာရတာလဲ။ ဘာလို့ အကြည့်မလွှဲနိုင်လောက်အောင် လှလာရတာလဲ။ မင်းက ကျူးယင်ဟုတ်တာ မဟုတ်တာကို ငါဂရုမစိုက်ဘူး။ ဒါပေမယ့် အခု မင်းက ငါ့ကိုထူးဆန်းစေနေတာကိုတော့ ငါဂရုစိုက်တယ်။ ကျူးယင် မင်းငါ့ကို တာဝန်ယူရမယ်။ မင်းကြောင့် ထူးဆန်းလာတဲ့ငါ့ကို တာဝန်ယူရမယ်။ ဒီလိုဆိုရင် အသက်ကျောက်တိုင်ကိစ္စကို ငါဖျောက်ဖျက်ပေးမယ်"
အရမ်းနီးကပ်နေလို့ပဲလားမသိ သူရင်ထဲဒိတ်ခနဲဖြစ်သွားရ၏။ စစ်ဝူှရဲ့ရှူထုတ်လိုက်သည့်လေတွေက သူ့မျက်နှာကိုလာဟပ်သည်။ မသိမသာ အနောက်ကိုဖင်တရွတ်တိုက် ဆုတ်ရင်း ဝူရှဲ့ရဲ့အကြည့်တွေကို လွှဲဖယ်မိသည်။
စစ်ဝူရှဲ့ရဲ့စကားတွေက မည်သည့်အတွက်ကြောင့်ထူးဆန်းနေရသည်လဲ။ သူက အရမ်းလှလာလို့ အသက်ကျောက်တိုင်ကိစ္စကို မသိချင်ယောင်ဆောင်ပေးမည် ဟုဆိုလိုသည်လား။ သူကရော စစ်ဝူရှဲ့ကိုမည်သို့တာဝန်ယူပေးရမှာလဲ။ သူ့ဝေယျာဝေစ္စတွေခိုင်းဖို့ လိုချင်နေသည်များလား။ အဖေတွေကအပြိုင်အဆိုင်ဖြစ်နေတော့ သူကကျူးယင်ကိုအခိုင်းအစေလုပ်ခိုင်းပြီး အဖေ့ကိုသိက္ခာချချင်နေသည်လား။
" မဖြစ်ဘူး။ ကျွန်တော် အိမ်ရှေ့စံရဲ့အခိုင်းအစေမလုပ်နိုင်ပါဘူး။ "
သူ့စကားက မှားသွား၍လာမသိ စစ်ဝူရှဲ့က တခဏသာကြောင်ကြည့်ပြီးနောက် တဟားဟားအော်ရယ်လာပါ၏။
သြရှုကာ ရွှင်ပျသည့်ရယ်သံက အနည်းငယ်ဆွဲဆောင်မှုရှိသည်။ စစ်ဝူရှဲ့သာ ၂၁ရာစုမှာရှိလျှင် အတော်လေး ကျော်ကြားလောက်သည်။
" အခိုင်းအစေ ဟုတ်လား။ ဟား ကျူးယင် မင်းကကွာ ။ ငါ့ကိုတကယ် စိတ်ဝင်စားစေတာပဲ အဟား။ ငါတောင် အော်ရယ်လိုက်မိသွားတယ်။ မင်းကတကယ်ကို .... "
စစ်ဝူရှဲ့က အရယ်ရပ်ကာ သူ့ကိုတဖန်ပြန်စိုက်ကြည့်လာပြန်သည်။
" ငါပြောတဲ့တာဝန်ယူရမယ်ဆိုတာက အခုတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် မသိသေးလဲဖြစ်တယ်။ အချိန်တန်မှ ငါပြောပြမယ်။ ငါလေ ကံတရားဆိုတာကို တကယ်ကျေးဇူးတင်တယ် ငါ့ကို ရွေးချယ်ပေးလို့ ငါတကယ်ကျေးဇူးတင်တယ်။ "
စစ်ဝူရှဲ့က သူနားမလည်သော စကားတို့ကိုတရားစပ်ပြောနေသည်။ သူ့ကို ရှင်းပြမည့်ဟန်လည်းမရှိ ။သူ့ဘာသာပြောနေတာလည်း ဖြစ်နိုင်သည်။
" ဘာပဲဖြစ်ဖြစ် ငါက လောကအရှင်ဖြစ်မယ့်သူပဲ ယင်လေး "
ယင်လေး လို့ထပ်ခေါ်ပြန်ပြီ။ ဒီလိုခေါ်လိုက်တိုင်း သူ့စိတ်ထဲတစ်မျိုးဖြစ်ဖြစ်သွားတတ်သည်ကိုလည်း သတိထားမိနေသည်။ ဝူရှဲ့ကထိုသို့ခေါ်သည်ကို သူမနှစ်သက်နေ၍ပဲလား။ ဒီလိုဆိုရင်တော့ မဖြစ်။ စစ်ဝူရှဲ့က သူသေချာနားမလည်သေးသည့် လျှို့ဝှက်ချက်ကြီးကို ထိန်းသိမ်းပေးထားမည့်သူဖြစ်သည်။ ဒီ့မတိုင်ခင်ကတည်းက သူ့ကိုမဖွင့်ပြောခင်ကတည်းက ထိန်းသိမ်းပေးထားခဲ့သည်။ ဤသည်ကို သူကျေးဇူးတင်ရမည်။ သူ့လျှို့ဝှက်ချက်ကို သိသည့်တစ်ဦးတည်းသောသူက စစ်ဝူရှဲ့လို သစ္စာရှိသည့် မိတ်ဆွေမျိုးဖြစ်နေ၍ သူကံကောင်းခြင်းဖြစ်သည်။
" ကျွန်တော်လည်း ကံကြမ္မာကို ကျေးဇူးတင်တယ်။ အဲ့ဒိသူက ဝူရှဲ့ဖြစ်ပေးလို့"
၀ူရှဲ့သာမဟုတ်ဘဲ အခြားနတ်တစ်ပါးပါးသာဆို သူ့လျှို့ဝှက်ချက်ကပေါ်သွားပြီး သူယခုလိုအေးအေးဆေးဆေးနေနိုင်တော့မည် မဟုတ်။ ထို့အပြင် ယခုလို မိသားစုရဲ့အချစ်ကိုခံရမည်လည်း မဟုတ်ပေ။
စစ်ဝူရှဲ့က သူ့ကိုတအံ့တသြကြည့်လာတော့ သူစိတ်လိုလက်ရ ပြုံးပြလိုက်သည်။
မအံ့သြပါနဲ့ ကျူးယင်ဆိုတဲ့ကျွန်တော်က သိပ်သစ္စာရှိတာ ။ နောင် မင်းအကူအညီလိုတဲ့အခါ ငါက သေချာပေါက်ကူညီမှာ။ ငါ့အကိုတွေဆီမှာ မင်းအတွက် ကျိန်းသေပေါက်အကူအညီတောင်းပေးမှာပါ။ .... စစ်ဝူှရဲ့မကြားနိုင်ပေမယ့် သူကိုယ့်ကိုယ်ကိုယ် ကတိပေးဖြစ်သည်။
စစ်ဝူရှဲ့က လျှင်မြန်စွာဖြင့် သူ့လက်မောင်းတစ်ဖက်ကိုလှမ်းဆွဲပြီး တင်းတင်းကျပ်ကျပ်ဖက်လာတော့ သူတခဏသာအံ့သြမိသည်။ ယခုအဖြစ်က သေရေးရှင်ရေးအတူကြုံတွေ့လိုက်ရတဲ့ သူငယ်ချင်းနှစ်ယောက်၊ အသက်ဘေးမှ လွတ်မြောက်လာသည့်ဇာတ်ဝင်ခန်းနှင့် ဆင်ဆင်တူနေသည်။ ပွေ့ဖက်ရုံတင်မဟုတ်ဘဲ အော်ဟစ်ကာ ကခုန်သင့်သေးသည်။
ဝူရှဲ့လား "
အကိုတွေအားလုံးကိုပါ အဖေကအစည်းအဝေးတက်ရမည်ဆိုကာ ခေါ်သွားမှုကြောင့် ကျူးယင်တစ်ယောက်တည်းဖြစ်နေသည်။ ပျင်းတိပျင်းခြောက်ဖြစ်ကာ တစ်ဦးတည်း ဥယျာဉ်ဘက်လမ်းလျှောက်လာတော့ စစ်ဝူရှဲ့ကိုလှမ်းမြင်လိုက်ရသည်မို့ သူပျော်သွားရသည်။ နောက်ဆုံးတော့ စကားပြောဖေါ်တွေ့ပြီ ။
သူ့ခေါ်သံကြားတဲ့စစ်ဝူှရှဲ့က လှည့်ကြည့်လာသည်။ နေရောင်ဟာ ရေနန်းတော်အတွင်းမကျရောက်နိုင် ဟုဆိုကြပြီး မည်သည်ကြောင့် စစ်ဝူရှဲ့ကလင်းထိန်နေရသည်လဲ။ စစ်ဝူရှဲ့ကိုယ်တိုင်က ရောင်ဝါထွန်းလင်းစေလိုက်သည်များလား...
စစ်ဝူရှဲ့က သူ့ကိုပြုံးပြကာ အနားကိုပုတ်ပြသည်မို့ ... စစ်ဝူရှဲ့ထိုင်နေရာ ရေကန်စပ်ဘေးတွင် သူပါဝင်ထိုင်လိုက်သည်။ ရေကန်ကြီးမှာ ရေပြာရောင်ပန်းတွေဝေဆာနေကာ တံလျှပ်ထင်နေသောရေပြင်တလှုပ်လှုပ်နှင့်ပေါင်းစပ်လိုက်တော့ အင်မတန်လှပသွားတော့သည်။
" ရှုခင်းက လှလိုက်တာ"
" ဟင် အင်း လှတယ် ။ ယင်လေးက ပိုလှတယ်"
" ကျွန်တော်ကလား... အဟား ကျေးဇူးပါဗျာ"
သူက မိန်းမဆန်ဆန်ဖြင့် သိပ်ကိုလှပလွန်းမှန်းသူသိသော်ငြား ယခုကဲ့သို့ ခနခနအပြောခံရခြင်းကိုတော့ သူကျင့်သားမရသေး။ မည်သို့ဆိုစေ သူကား ယောကျၤားတစ်ယောက်ဖြစ်သည်ပဲ။
ဝူရှဲ့ဆီက အကြည့်လွှဲကာ ရေပြာပန်းလေးတွေကိုသာ ငေးနေတော့ စစ်ဝူရှဲ့က သူ့မျက်လုံးရှေ့လက်တစ်ဖက်ကာလာသည်။
" ဘာလုပ်တာလဲ "
ထိုလက်အား လက်ဖြင့်အသာဖယ်ရင်းမေးလျက်မှ စစ်ဝူရှဲ့ကိုတဖန်ပြန်ကြည့်လိုက်မိသည်။
" ကိုယ့်ကို ကြည့်လေ"
အနည်းငယ်မှေးသောမျက်ဝန်းတွေက ယခုအရောင်တွေလက်နေသည်မှာ ရေ၏တံလျှပ်ကြောင့်လားမသိနိုင်။ ငွေရောင်မျက်ဆံဖျော့ဖျော့တွေထဲ သူ့ရဲ့ပုံရိပ်ကိုပြန်မြင်နေရသည်။ ထိုပုံရိပ်ကို ရေပြာရောင်မြူငွေ့ခပ်ပါးပါးက ဝန်းရံနေသည်တဲ့....
" ဒါ ဒါက "
အမှန်ပင် သူသတိထားကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရေပြာရောင်မြူငွေ့တွေသူ့ဘေးမှာရှိနေသည်။ ကြည်လဲ့နေသောရေမှပုံရိပ်တွင်လည်း ထိုမြူတွေဝန်းရံထားမှုက သူ့ကိုပိုပြီးကြည့်ကောင်းစေသည်။ သူက သူထင်ထားသည်ထက် အများကြီးပိုပြီး ချောလွန်းနေသည်ပဲ...
၂၁ရာစုကိုသာပြန်ရောက်မည်ဆိုလျှင် သူ့ကိုယ်သူအဓိကဇာတ်လိုက်နေရာမှနေ၍ ရှေးခေတ်ဇာတ်လမ်းတွေရိုက်ရမည်။
" ယင်လေး ယင်လေး မသိတာတွေအများကြီးပဲ။ ဒီမြူလေးတွေ့တာကို အဲ့လောက်အံ့သြနေစရာလား ။ "
" ဝူရှဲ့ပြောသလိုဆို ကျွန်တော်ကဒီမြူတွေကို လုပ်လိုက်တာလား။ ဘယ်လိုလုပ်လိုက်တာလဲ ပြီးတော့ ဒီ့ထက်အများကြီးလုပ်နိုင်သေးတာလား ဘယ်လိုမျိုးတွေလဲ"
" အင်း ။ ဒီမြူတွေက သူ့အလိုလိုပေါ်လာတာ။ ယင်လေးက ဒီမြူတွေကိုပေါ်လာစေချင်တယ်လို့ တွေးလိုက်တာနဲ့အလိုလိုပေါ်လာမှာ"
သူတကယ်ပဲထိုသို့တွေးလိုက်မိခဲ့သည်။ ရေပြာကန်ကြီးနဲ့လှပတဲ့ရေပြာပန်းတွေကိုကြည့်ကာ ရေပြာမြူတွေကိုပေါ်လာစေချင်ခဲ့သည်။
" ကျွန်တော့်ဘေးမှာမဟုတ်ဘဲ အခြားနေရာမှာပေါ်လာစေချင်ရင်ရော ရလား"
" ရတာပေါ့။ ပေါ်လာစေချင်တဲ့နေရာကိုသာ တွေးလိုက်။ ယင်လေး ယင်လေးကအရာအားလုံးကိုဖြစ်နိုင်အောင်လုပ်နိုင်မယ့်သူပဲ။ ယင်လေး မင်းက ယင်နတ်ဘုရားဖြစ်နေတာ ကိုယ့်အတွက်တော့သိပ်ကံကောင်းတယ်။ ဒါပေမယ့် မင်းအတွက်ကံကောင်းပါ့မလား ကိုယ်မသိဘူး။ မင်းက ဘာဆိုဘာမှကိုမသိတဲ့နတ်ဝိဇ္ဇာလေးဖြစ်နေသေးတယ်။ ယင်လေး မင်းအကြောင်းတွေကို မိစ္ဆာတွေသိသွားရင် အရမ်းအန္တရာယ်များသွားပြီ။ မင်းကအခု နတ်ဝိဇ္ဇာအဆင့်ပဲရှိသေးတော့ စွမ်းအားတွေက သုံးလို့ရသေးပါ့မလားမသိဘူး အဲ့လိုဆိုရင် အန္တရာယ်ကြုံတဲ့အခါ ... မဖြစ်ဘူး ယင်လေး ကောင်ကင်နန်းတော်မှာ ကိုယ်နဲ့လိုက်နေပါ ။ ကိုယ့်အနားမှာယင်လေးရှိရင် ကိုယ်အပြည့်အဝကာကွယ်နိုင်မှာ။ဒါပေမယ့် ဒီအခြေအနေနဲ့ခေါ်လို့မရနိုင်သေးဘူး ကိုယ်နတ်ဘုရားဖြစ်အောင် မိုးကြိုးစမ်းသပ်မှုကိုအရင်ခံယူရမယ် ပြီးရင် ခမည်းတော်ကိုပြောပြီး စီစဉ်သင့်တာကိုစီစဉ်မယ် ယင်လေး ကိုယ်ပြောနေတာတွေကိုကြားရဲ့လား ယင်လေး"
" ဟင် ကျွန်တော်ကြားပါတယ် ဒီမှာကြည့် ။ မလှဘူးလား"
သူက တစ်ခုခုကိုအာရုံဝင်စားမိပြီဆို သူ့ဘေးနားမှာယာဉ်တိုက်မှုကြီးဖြစ်သွားရင်တောင် သူကသိမည်မဟုတ်။ ယခုလည်း ဝူရှဲ့ပြောသည့်အတိုင်း မြူငွေ့တွေသာဖန်တီးနေသဖြင့် စစ်ဝူရှဲ့ပြောတာတွေကိုကြားလိုက်သော်ငြား စင်စစ် နားမလည်လိုက်ပါချေ။ ကြားတော့ကြားသည် သို့ပေမယ့် အာရုံထဲမရောက်ဆိုသလိုမျိုး..
သူကြိုးစားပမ်းစားလုပ်ထားသည့် ရေစက်သဏ္ဍာန်ရေပြာရောင်မြူလုံးလေးအား လက်ဖဝါးထဲထည့်ကာ စစ်ဝူရှဲ့ကိုပြတော့ ခန့်ညားလှသောမျက်နှာပိုင်ရှင်ဟာ မျက်လုံးကိုမှေးလျက် လက်ကိုပိုက်ကာ သူ့အားရှူတည်တည်ကြည့်လာသည်။
" ဒီမြူလုပ်နည်းကို သဘောကျလား"
" အင်း "
" အခြား စိတ်ဝင်စားစရာကောင်းတဲ့လုပ်နည်းတစ်ခု ပြောပြမယ်"
" တကယ်လား ပြောပြပါ ကျွန်တော်တစ်ယောက်တည်းရှိချိန်ဆို ပျင်းနေတာ အခု ဝူရှဲ့ပြောပြတာတွေကို ပြန်လုပ်ရင်း အချိန်ဖြုန်းလို့ရပြီ"
" ပျော်လား "
" ဟင် "
" ကိုယ်နဲ့အတူ ရှိရတာ ပျော်လားလို့"
" အင်း ပျော်တယ်။ အကိုတို့က မရှိတော့ ကျွန်တော်ပျင်းနေတာ ဝူရှဲ့ရှိလို့သာပေါ့ မဟုတ်ရင် ပျင်းလို့သေတော့မှာ"
စိတ်လိုလက်ရရယ်မောရင်း သူပြောတော့ ဝူရှဲ့က သေသပ်စွာပြုံးသည်။
" ဒါဆို ကိုယ်ပြောပြမယ်။ ဟိုးက ရေပြာပန်းတွေကိုတွေ့လား သူတို့ကို ကျူးယန်နတ်ဘုရား ယင်လေးအဖေက ဖန်ဆင်းထားတာ။ ရေပြာပန်းလို့ပဲခေါ်စေတယ်။ အဲ့ဒိရေပြာပန်းတွေကို ကျူးမျိုးနွယ်ဝင်တွေပဲ ပွင့်အောင်လုပ်နိုင်တာ။ "
" ဟုတ်လား ဝူရှဲ့ရောလုပ်လို့မရဘူးပေါ့"
" အင်း မရဘူး။ လာ ကိုယ်ပြောသလို လိုက်လုပ် အရင်ဆုံး လက်ဖဝါးကို ဖြန့်လိုက်"
စစ်ဝူရှဲ့စကားဆုံးသည်နှင့် လက်လေးကိုအလျှင်အမြန် သူဖြန့်လိုက်တော့ ဝူရှဲ့ကရယ်သည်။ ဘာကိုရယ်သည်လဲ သူကပြောတဲ့အတိုင်းလုပ်သည်ပဲကို...
" ရေစက်တွေကို လက်ပေါ်ယူလိုက်။ ခုနက မြူတွေကို ဖန်ဆင်းလိုက်သလိုပဲ ရေစက်တွေကိုလည်း အဲ့ဒိအတိုင်းပဲ လုပ်လိုက်ပါ။ ကန်ထဲကရေတွေကို လက်ဖဝါးပေါ်အနည်းငယ် လာတင်စေလိုက်ပါ ယင်လေး"
" လုပ်ကြည့်မယ် ကြည့်ပေးဦး ဝူရှဲ့"
သူမျက်လုံးမှိတ်လိုက်သည်အထိ စစ်ဝူရှဲ့၏ပြုံးကာကြည့်နေမှုကိုခံစားနေမိသေးသည်။
ကန်ထဲမှရေစက်အချို့ပျံတက်ကာ သူ့လက်ထဲရောက်လာသည် ဟုခံစားမိပြီးပြီးခြင်း မျက်လုံးဖွင့်ကြည့်ရာ သူ့လက်ထဲတွင် ရေအချို့ရှိနေသည်ပေ။
-------------------
အကိုေတြကို သူတစ္ေယာက္တည္း ေအးေအးေဆးေဆးသာ ေရနန္းေတာ္အတြင္းေလွ်ာက္ၾကည့္မယ္လို႔ေျပာလိုက္ေတာ့ သေဘာတူကာ ျပန္သြားၾကသည္။ မေပ်ာက္သြားခင္မွာ က်ဴးလင္က သူ႕ကိုအေရးအေၾကာင္းရွိရင္ နာမည္ကိုအသံထြက္ၿပီးေခၚလိုက္၊ သူက ခ်က္ခ်င္းေရာက္လာမယ္ ဟုေျပာသြားေသးသည္။ က်ဴးလင္နည္းတူ က်ဴးလ်န္ႏွင့္က်ဴးစစ္ကလည္း အလားတူေျပာသြားၾကသည္။
သူ႕အကိုေတြ သူ႕ကိုသည္းသည္းလႈပ္ၾကပုံကိုျပန္ေတြးမိေတာ့ သူသေဘာတက်ရယ္မိသည္။
သူ တကယ္ကံေကာင္းသည္။ ထိုသို႔ ဝိုင္းၿပီးဂ႐ုစိုက္ခံရသည္မွာ သူသိပ္ကံေကာင္းသည္။
ေတြးရင္း သေဘာတက်ျဖင့္ ကိုယ္ကို တစ္ပတ္လွည့္လိုက္သည္။ သူက ယခု ေရနန္းေတာ္ရဲ႕ပန္းၿခံအလယ္ရွိ ေရၾကမ္းျပင္ေပၚတြင္ လွဲအိပ္ေနတာျဖစ္သည္။ ေရၾကမ္းျပင္ဆိုသည့္အတိုင္း ေဖာက္ထြင္းျမင္ေနရၿပီး ကူးခတ္ေနသည့္ငါးေလးေတြကိုၾကည့္ရသည္က စိတ္ကိုၾကည္ေစသည္။ အေပၚေမာ့ၾကည့္မည္ဆိုလွ်င္လည္း ေရေကာင္းကင္ႀကီးကိုျမင္ရေပမည္။ ငါးျပတိုက္ထဲေရာက္ေနသလို ခံစားမႈမ်ိဳးကိုသူရသည္။ သူပင္ မျမင္ဖူးသည့္ေရသတၱဝါအစုံကို တစ္ခ်က္တစ္ခ်က္ ျမင္ရသျဖင့္ သူလန႔္လန႔္သြားရသည္ကလြဲလွ်င္ ေပ်ာ္ဖို႔ေကာင္းပါသည္။
ငါးျပတိုက္ကိုသူတစ္ခါမွမေရာက္ဖူးေပမယ့္ တီဗြီမွာျမင္ရသေလာက္ဆိုလွ်င္ ေရသတၱဝါေတြ၏အာ႐ုံစိုက္မႈကိုရဖို႔ အျပင္ဘက္ကေနမွန္နံရံကိုရိုက္ၾကသည္ကို သူသတိရေတာ့ ၿပဳံးမိလိုက္သည္။ ယခု ေတြ႕ရတဲ့ေရသတၱဝါေတြက သူ႕ကိုျမင္သည္ႏွင့္ ေခါင္းေလးငုံ႕ကာ အရိုအေသေပးသေယာင္လုပ္ၿပီး လစ္ေျပးၾကသည္ခ်ည္း။ ေတာ္ေသးသည္က အရမ္းေၾကာက္ဖို႔ေကာင္းသည့္သတၱဝါေတြေပၚမလာျခင္းပင္။ သူ႕ကိုထိခိုက္ေအာင္မလုပ္နိုင္မွန္းသိေသာ္လည္း သူေၾကာက္ေနဆဲ။
ေတာင္ေတာင္အီအီေတြးရင္း ေဘးကိုလွိမ့္လိုက္ေတာ့ ေရၾကမ္းျပင္တစ္ဖက္မွ နီးကပ္စြာျမင္လိုက္ရသည့္ ႀကီးမားလွသည့္ေႁမြႀကီးေၾကာင့္ သူအာေခါင္ျခစ္ေအာ္လိုက္မိသည္။
" အား အု "
သို႔ေပမယ့္ အသံထြက္ထြက္ျခင္းမွာ ပါးစပ္အားေနာက္မွလက္တစ္ဖက္ထြက္လာၿပီး ပိတ္ျခင္းကိုခံလိုက္ရမႈေၾကာင့္ သူ႕ေအာ္သံကရပ္တန႔္သြားရသည္။
ထို႔ျပင္ တစ္ဖက္သို႔ဆြဲလွည့္ခံလိုက္ရေသးသည္။
" မင္း ဝူရွဲ႕"
စစ္ဝူရွဲ႕မွာ သူ႕ကိုလႊတ္ေပးၿပီး လက္တစ္ဖက္ကိုေထာက္လ်က္ ေဘးတေစာင္းျပန္လွဲေနသည္။ ရယ္ျမဴးရိပ္သန္းေနသည့္မ်က္ဝန္းေတြက သူ႕ကိုအၾကည့္လႊဲေစသည္။ ထိုအခါ ေလွာင္သလိုၿပဳံးျပန္၏။
ဒီမင္းသားက သူ႕ကိုလာကစားေနသည္လား
" အက်ယ္ႀကီးေအာ္လိုက္ရင္ မင္းအကိုေတြသိသြားၿပီး ခ်က္ခ်င္းေရာက္လာေနဦးမယ္။ "
သူ႕ကို အျပစ္တင္သလိုေျပာလိုက္ရင္း ခဏရပ္ကာ သူ႕မ်က္ႏွာနားအနည္းငယ္တိုးကပ္ၾကည့္သည္။
" ေရနန္းေတာ္က မင္းသားငယ္ေလးက ေရေႁမြကိုေၾကာက္တယ္ ဒါက မထူးဆန္းဘူးလား"
" ကြၽန္ေတာ္က အတိတ္ေမ့.. "
" အတိတ္ေမ့ေမ့ မေမ့ေမ့... က်ဴးယင္ ဗီဇဆိုတာက မေျပာင္းလဲတတ္ဘူးေလ"
သူ ဘာဆက္ေျပာရမည္မွန္းမသိေတာ့ ။
၀ူရွဲ႕ မင္းေျပာတဲ့ေရမင္းသားေလးက ငါမွမဟုတ္တာ။ ေဟာဒီ့က ငါ က်ဴးယင္က ေႁမြဆို ေမြးကင္းစေတာင္ အေသေၾကာက္တာကြ။ ဟု သူခပ္ခ်ဥ္ခ်ဥ္ေတြးမိသည္။
သူက ဆိတ္ဆိတ္ၿငိမ္ေနေတာ့ ဝူရွဲ႕က ပက္လက္လွန္ကာ လက္တစ္ဖက္ကိုေခါင္းအုံးၿပီး ေတြးဆဆေျပာလာသည္။
" မင္း ေတာင္စိမ္းေတာင္မွာ ဒဏ္ရာရတဲ့ေန႕က ၊ တိတိက်က်ေျပာရရင္ မင္းဒဏ္ရာရၿပီး သတိလစ္သြားတဲ့အခ်ိန္မွာ မင္းရဲ႕အသက္ေက်ာက္တိုင္က ေပ်ာက္ကြယ္သြားတယ္"
ေတာင္စိမ္းေတာင္ဆိုသည္မွာ ဆရာနဲ႕ေနတဲ့ေတာင္ကို ေျပာေနျခင္းျဖစ္ေၾကာင္း သူနားလည္ေပမယ့္ အသက္ေက်ာက္တိုင္ဆိုသည္ကိုေတာ့ သူမသိပါေခ်။ ဤသည္ကို ဝူရွဲ႕ကလည္း သတိထားမိသြားပုံရၿပီး ရွင္းျပလာသည္။
" အသက္ေက်ာက္တိုင္ဆိုတာက နတ္တစ္ပါးေမြးလာၿပီဆိုတာနဲ႕အလိုအေလ်ာက္ေပၚလာတဲ့ေက်ာက္တိုင္ကိုေျပာတာ။ မင္းႀကဳံေတြ႕ရသမွ်ကို အသက္ေက်ာက္တိုင္မွာေပၚတယ္။ အသက္ေက်ာက္တိုင္ေပ်ာက္သြားတယ္ဆိုတာ ဘာအဓိပၸါယ္လဲ မင္းသိလား"
သူေခါင္းခါေတာ့ ဝူရွဲ႕က ထင္သားပဲဆိုသည့္အၾကည့္ကို ေပးသည္။
" အသက္ေက်ာက္တိုင္ ေပ်ာက္သြားတယ္ဆိုတာက ... က်ဴးယင္ မင္း ေသသြားၿပီ ဆိုတဲ့အဓိပၸါယ္ပဲ။"
စကားကိုရပ္လိုက္ၿပီး ဝူရွဲ႕ကသူ႕ကို အကဲခတ္လာသည္။
သူကိုယ္တိုင္လည္း ယခင္က်ဴးယင္က မည္သို႔ေၾကာင့္ မရွိေတာ့မွန္းမသိ။ သူက ဘာေၾကာင့္ ဒီကိုေရာက္လာၿပီး ဒီခႏၶာအတြင္းေရာက္ေနသည္ကိုလည္း သူမသိ။
သူ႕အထင္ ယခင္က်ဴးယင္ကအမွန္ေသသြားခဲ့တာျဖစ္ေလာက္သည္ ထို႔ေၾကာင့္ အသက္ေက်ာက္တိုင္က ေပ်ာက္သြားတာျဖစ္ရမည္။ ဒါဆို သူက က်ဴးယင္အစစ္မဟုတ္မွန္း သိသြားၾကေတာ့မည္ေပါ့...။ သူ႕ကို သူ႕ကို စစ္ေမးၾကမွာလား။ သူ႕ကို နတ္အစြမ္းေတြျဖင့္ ဖမ္းခ်ဳပ္ၿပီး ျပန္မဝင္စားနိုင္ေတာ့ေအာင္ ဝိဉာဥ္ကိုပါ ဖ်က္ဆီးၾကေတာ့မွာလား။ က်ဴးမိသားစု၏ က်ဴးယင္ကိုခ်စ္ၾကပုံကိုျပန္ေတြးမိေတာ့ သူ ေက်ာရိုးထိတိုင္ စိမ့္သြားရသည္။ အရမ္းခ်စ္တတ္တဲ့အကိုေတြက သူ႕ကိုခ်စ္နိုင္ပါ့မလား။ သူက သူတို႔ညီမဟုတ္မွန္းသိရင္ သူ႕ကိုစြန႔္ပစ္ၾကမွာလား ။ သူ႕ကိုေပးထားတဲ့ကတိေတြကိုေရာ ခ်က္ခ်င္းဖ်က္ပစ္ၾကေတာ့မွာလား။ ဒါဆို သူ
" က်ဴးယင္ ... "
သူ႕ရဲ႕ျပန႔္က်ဲကုန္သည့္အေတြးေတြဟာ ဝူရွဲ႕ရဲ႕ေခၚသံေၾကာင့္ ေပ်ာက္ကြယ္သြားရသည္။
မ်က္ႏွာတည္ေနေပမယ့္ သူသည္ပဲစိတ္ထင္၍လားမသိ ဝူရွဲ႕အၾကည့္က စိုးရိမ္မႈေတြစြက္ေနသည္။
" ငါတစ္ေယာက္ပဲ သိတာ "
" ဟင္ "
" ငါ တစ္ေယာက္ပဲ သိတာလို႔။ အသက္ေက်ာက္တိုင္ေတြက ေကာင္းကင္နန္းေတာ္က ကန႔္သတ္နယ္ေျမမွာရွိတယ္။ အဲ့ေန႕က ငါ ကိစၥရွိလို႔ ကန႔္သတ္နယ္ေျမကို ျဖတ္သြားတုန္းမွာ အသက္ေက်ာက္တိုင္ေတြဘက္မွာေျပာင္းလဲတာကို ေတြ႕လိုက္ရတာ။ ငါအနီးကပ္သြားၾကည့္ေတာ့ အဲ့ဒါ မင္းရဲ႕အသက္ေက်ာက္တိုင္ျဖစ္ေနတယ္။ ငါအေတာ္စိတ္ပူသြားမိတာ မင္းသိလား"
ထိုေပ်ာက္ကြယ္သြားတဲ့အသက္ေက်ာက္တိုင္က သူ႕ဟာမဟုတ္ဘူးေလ။ ဒါကို စစ္ဝူွရဲ႕ကဘာလို႔ စိတ္ပူရတာလဲ။ အရင္ က်ဴးယင္နဲ႕ဝူရွဲ႕က အရမ္းရင္းႏွီးခဲ့တာလား။
" ငါ စိတ္ပူရတာေပါ့။ မင္းေသရင္ မင္းအေဖက ေဒါသတႀကီးတုန႔္ျပန္မွာေလ။ မင္းအကိုေတြကလည္း ရွိေသးေတာ့ ငါ ေလာကအတြက္ တကယ္စိုးရိမ္သြားတာ"
ေလာကအတြက္ကိုမ်ား...
" ဒါေပမယ့္ အံံၾသစရာေကာင္းတာက ျဖစ္လာတယ္။ ေပ်ာက္သြားတဲ့ေက်ာက္တိုင္ေနရာမွာ အသစ္တစ္ခုေပၚလာတာပဲ။ အရင္ေက်ာက္တိုင္က မွတ္တမ္းေတြဘာမွမရွိေတာ့ဘဲနဲ႕ စာတစ္ေၾကာင္းပဲေပၚေနတယ္။ အဲ့ဒါဘာလဲ သိလား"
သူေခါင္းခါလိုက္သည္။ ဝူရွဲ႕ဆီက အေျဖကို သူစိတ္လႈပ္ရွားစြာနားစြင့္ေနမိသည္။
" က်ဴးမ်ိဳးႏြယ္ရဲ႕ အငယ္ဆုံးသား က်ဴးယင္ေမြးဖြား နတ္ဝိဇၨာအဆင့္ ၊ ေနာင္တြင္ ယင္နတ္ဘုရား ျဖစ္လာမည့္သူ တဲ့"
သူအံ့ၾသလြန္း၍ ငုတ္တုပ္ပင္ထထိုင္လိုက္မိသည္။ ဘယ္လိုေတြျဖစ္ခဲ့တာလဲ သူတကယ္ကို မေတြးတတ္ေတာ့။
" ထူးဆန္းတာေတာ့အမွန္ပဲ ဒါေပမယ့္ အဲ့ထက္ထူးဆန္းတာရွိေသးတယ္"
ဒီ့ထက္ထူးဆန္းတာ ရွိေသးသည္လား... သူေတာ့ ဒုကၡေရာက္ၿပီ။ ဒီတစ္ခါကေရာ ဘာမ်ားလဲ...
သူေၾကာက္႐ြံ႕စြာျဖင့္ စစ္ဝူရွဲ႕ဆက္ေျပာလာမည့္စကားကို နားစြင့္ေနရသည္။
၀ူရွဲ႕က ဆတ္ခနဲထထိုင္လာေတာ့ သူေနာက္ဆုတ္လိုက္မိသည္။
" ငါ အရင္က မင္းကို၃ခါေလာက္ ေတြ႕ဖူးတယ္။ က်ဴးမ်ိဳးႏြယ္ရဲ႕အငယ္ဆုံးျဖစ္တဲ့မင္းက မင္းအကိုေတြလိုပဲ ေခ်ာေမာပါတယ္။ ဒါေပမယ့္ ငါ့ကို မထူးဆန္းေစဘူး။ အဲ့လိုဆိုေပမယ့္ မေန႕ကမင္းကိုငါေတြ႕ေတာ့ မင္းကအရင္နဲ႕ဘာလို႔မတူေတာ့တာလဲ။ မင္းရဲ႕႐ုပ္ရည္ကအစ အရင္ထက္အမ်ားႀကီး ဘာလို႔ပိုလွလာရတာလဲ။ "
ေျပာေနရင္းမွ စစ္ဝူရွဲ႕ကအားမရသလို သူ႕အနားထပ္ကပ္လာသည္။
" ဘာလို႔ ဒီေလာက္အထိ လွလာရတာလဲ။ ဘာလို႔ အၾကည့္မလႊဲနိုင္ေလာက္ေအာင္ လွလာရတာလဲ။ မင္းက က်ဴးယင္ဟုတ္တာ မဟုတ္တာကို ငါဂ႐ုမစိုက္ဘူး။ ဒါေပမယ့္ အခု မင္းက ငါ့ကိုထူးဆန္းေစေနတာကိုေတာ့ ငါဂ႐ုစိုက္တယ္။ က်ဴးယင္ မင္းငါ့ကို တာဝန္ယူရမယ္။ မင္းေၾကာင့္ ထူးဆန္းလာတဲ့ငါ့ကို တာဝန္ယူရမယ္။ ဒီလိုဆိုရင္ အသက္ေက်ာက္တိုင္ကိစၥကို ငါေဖ်ာက္ဖ်က္ေပးမယ္"
အရမ္းနီးကပ္ေနလို႔ပဲလားမသိ သူရင္ထဲဒိတ္ခနဲျဖစ္သြားရ၏။ စစ္ဝူွရဲ႕ရႉထုတ္လိုက္သည့္ေလေတြက သူ႕မ်က္ႏွာကိုလာဟပ္သည္။ မသိမသာ အေနာက္ကိုဖင္တ႐ြတ္တိုက္ ဆုတ္ရင္း ဝူရွဲ႕ရဲ႕အၾကည့္ေတြကို လႊဲဖယ္မိသည္။
စစ္ဝူရွဲ႕ရဲ႕စကားေတြက မည္သည့္အတြက္ေၾကာင့္ထူးဆန္းေနရသည္လဲ။ သူက အရမ္းလွလာလို႔ အသက္ေက်ာက္တိုင္ကိစၥကို မသိခ်င္ေယာင္ေဆာင္ေပးမည္ ဟုဆိုလိုသည္လား။ သူကေရာ စစ္ဝူရွဲ႕ကိုမည္သို႔တာဝန္ယူေပးရမွာလဲ။ သူ႕ေဝယ်ာေဝစၥေတြခိုင္းဖို႔ လိုခ်င္ေနသည္မ်ားလား။ အေဖေတြကအၿပိဳင္အဆိုင္ျဖစ္ေနေတာ့ သူကက်ဴးယင္ကိုအခိုင္းအေစလုပ္ခိုင္းၿပီး အေဖ့ကိုသိကၡာခ်ခ်င္ေနသည္လား။
" မျဖစ္ဘူး။ ကြၽန္ေတာ္ အိမ္ေရွ႕စံရဲ႕အခိုင္းအေစမလုပ္နိုင္ပါဘူး။ "
သူ႕စကားက မွားသြား၍လာမသိ စစ္ဝူရွဲ႕က တခဏသာေၾကာင္ၾကည့္ၿပီးေနာက္ တဟားဟားေအာ္ရယ္လာပါ၏။
ၾသရႈကာ ႐ႊင္ပ်သည့္ရယ္သံက အနည္းငယ္ဆြဲေဆာင္မႈရွိသည္။ စစ္ဝူရွဲ႕သာ ၂၁ရာစုမွာရွိလွ်င္ အေတာ္ေလး ေက်ာ္ၾကားေလာက္သည္။
" အခိုင္းအေစ ဟုတ္လား။ ဟား က်ဴးယင္ မင္းကကြာ ။ ငါ့ကိုတကယ္ စိတ္ဝင္စားေစတာပဲ အဟား။ ငါေတာင္ ေအာ္ရယ္လိုက္မိသြားတယ္။ မင္းကတကယ္ကို .... "
စစ္ဝူရွဲ႕က အရယ္ရပ္ကာ သူ႕ကိုတဖန္ျပန္စိုက္ၾကည့္လာျပန္သည္။
" ငါေျပာတဲ့တာဝန္ယူရမယ္ဆိုတာက အခုေတာ့ မဟုတ္ေသးပါဘူး။ ဒါေၾကာင့္ မသိေသးလဲျဖစ္တယ္။ အခ်ိန္တန္မွ ငါေျပာျပမယ္။ ငါေလ ကံတရားဆိုတာကို တကယ္ေက်းဇူးတင္တယ္ ငါ့ကို ေ႐ြးခ်ယ္ေပးလို႔ ငါတကယ္ေက်းဇူးတင္တယ္။ "
စစ္ဝူရွဲ႕က သူနားမလည္ေသာ စကားတို႔ကိုတရားစပ္ေျပာေနသည္။ သူ႕ကို ရွင္းျပမည့္ဟန္လည္းမရွိ ။သူ႕ဘာသာေျပာေနတာလည္း ျဖစ္နိုင္သည္။
" ဘာပဲျဖစ္ျဖစ္ ငါက ေလာကအရွင္ျဖစ္မယ့္သူပဲ ယင္ေလး "
ယင္ေလး လို႔ထပ္ေခၚျပန္ၿပီ။ ဒီလိုေခၚလိုက္တိုင္း သူ႕စိတ္ထဲတစ္မ်ိဳးျဖစ္ျဖစ္သြားတတ္သည္ကိုလည္း သတိထားမိေနသည္။ ဝူရွဲ႕ကထိုသို႔ေခၚသည္ကို သူမႏွစ္သက္ေန၍ပဲလား။ ဒီလိုဆိုရင္ေတာ့ မျဖစ္။ စစ္ဝူရွဲ႕က သူေသခ်ာနားမလည္ေသးသည့္ လွ်ို႔ဝွက္ခ်က္ႀကီးကို ထိန္းသိမ္းေပးထားမည့္သူျဖစ္သည္။ ဒီ့မတိုင္ခင္ကတည္းက သူ႕ကိုမဖြင့္ေျပာခင္ကတည္းက ထိန္းသိမ္းေပးထားခဲ့သည္။ ဤသည္ကို သူေက်းဇူးတင္ရမည္။ သူ႕လွ်ို႔ဝွက္ခ်က္ကို သိသည့္တစ္ဦးတည္းေသာသူက စစ္ဝူရွဲ႕လို သစၥာရွိသည့္ မိတ္ေဆြမ်ိဳးျဖစ္ေန၍ သူကံေကာင္းျခင္းျဖစ္သည္။
" ကြၽန္ေတာ္လည္း ကံၾကမၼာကို ေက်းဇူးတင္တယ္။ အဲ့ဒိသူက ဝူရွဲ႕ျဖစ္ေပးလို႔"
၀ူရွဲ႕သာမဟုတ္ဘဲ အျခားနတ္တစ္ပါးပါးသာဆို သူ႕လွ်ို႔ဝွက္ခ်က္ကေပၚသြားၿပီး သူယခုလိုေအးေအးေဆးေဆးေနနိုင္ေတာ့မည္ မဟုတ္။ ထို႔အျပင္ ယခုလို မိသားစုရဲ႕အခ်စ္ကိုခံရမည္လည္း မဟုတ္ေပ။
စစ္ဝူရွဲ႕က သူ႕ကိုတအံ့တၾသၾကည့္လာေတာ့ သူစိတ္လိုလက္ရ ၿပဳံးျပလိုက္သည္။
မအံ့ၾသပါနဲ႕ က်ဴးယင္ဆိုတဲ့ကြၽန္ေတာ္က သိပ္သစၥာရွိတာ ။ ေနာင္ မင္းအကူအညီလိုတဲ့အခါ ငါက ေသခ်ာေပါက္ကူညီမွာ။ ငါ့အကိုေတြဆီမွာ မင္းအတြက္ က်ိန္းေသေပါက္အကူအညီေတာင္းေပးမွာပါ။ .... စစ္ဝူွရဲ႕မၾကားနိုင္ေပမယ့္ သူကိုယ့္ကိုယ္ကိုယ္ ကတိေပးျဖစ္သည္။
စစ္ဝူရွဲ႕က လွ်င္ျမန္စြာျဖင့္ သူ႕လက္ေမာင္းတစ္ဖက္ကိုလွမ္းဆြဲၿပီး တင္းတင္းက်ပ္က်ပ္ဖက္လာေတာ့ သူတခဏသာအံ့ၾသမိသည္။ ယခုအျဖစ္က ေသေရးရွင္ေရးအတူႀကဳံေတြ႕လိုက္ရတဲ့ သူငယ္ခ်င္းႏွစ္ေယာက္၊ အသက္ေဘးမွ လြတ္ေျမာက္လာသည့္ဇာတ္ဝင္ခန္းႏွင့္ ဆင္ဆင္တူေနသည္။ ေပြ႕ဖက္႐ုံတင္မဟုတ္ဘဲ ေအာ္ဟစ္ကာ ကခုန္သင့္ေသးသည္။
ဝူရွဲ႕လား "
အကိုေတြအားလုံးကိုပါ အေဖကအစည္းအေဝးတက္ရမည္ဆိုကာ ေခၚသြားမႈေၾကာင့္ က်ဴးယင္တစ္ေယာက္တည္းျဖစ္ေနသည္။ ပ်င္းတိပ်င္းေျခာက္ျဖစ္ကာ တစ္ဦးတည္း ဥယ်ာဥ္ဘက္လမ္းေလွ်ာက္လာေတာ့ စစ္ဝူရွဲ႕ကိုလွမ္းျမင္လိုက္ရသည္မို႔ သူေပ်ာ္သြားရသည္။ ေနာက္ဆုံးေတာ့ စကားေျပာေဖၚေတြ႕ၿပီ ။
သူ႕ေခၚသံၾကားတဲ့စစ္ဝူွရွဲ႕က လွည့္ၾကည့္လာသည္။ ေနေရာင္ဟာ ေရနန္းေတာ္အတြင္းမက်ေရာက္နိုင္ ဟုဆိုၾကၿပီး မည္သည္ေၾကာင့္ စစ္ဝူရွဲ႕ကလင္းထိန္ေနရသည္လဲ။ စစ္ဝူရွဲ႕ကိုယ္တိုင္က ေရာင္ဝါထြန္းလင္းေစလိုက္သည္မ်ားလား...
စစ္ဝူရွဲ႕က သူ႕ကိုၿပဳံးျပကာ အနားကိုပုတ္ျပသည္မို႔ ... စစ္ဝူရွဲ႕ထိုင္ေနရာ ေရကန္စပ္ေဘးတြင္ သူပါဝင္ထိုင္လိုက္သည္။ ေရကန္ႀကီးမွာ ေရျပာေရာင္ပန္းေတြေဝဆာေနကာ တံလွ်ပ္ထင္ေနေသာေရျပင္တလႈပ္လႈပ္ႏွင့္ေပါင္းစပ္လိုက္ေတာ့ အင္မတန္လွပသြားေတာ့သည္။
" ရႈခင္းက လွလိုက္တာ"
" ဟင္ အင္း လွတယ္ ။ ယင္ေလးက ပိုလွတယ္"
" ကြၽန္ေတာ္ကလား... အဟား ေက်းဇူးပါဗ်ာ"
သူက မိန္းမဆန္ဆန္ျဖင့္ သိပ္ကိုလွပလြန္းမွန္းသူသိေသာ္ျငား ယခုကဲ့သို႔ ခနခနအေျပာခံရျခင္းကိုေတာ့ သူက်င့္သားမရေသး။ မည္သို႔ဆိုေစ သူကား ေယာက်ၤားတစ္ေယာက္ျဖစ္သည္ပဲ။
ဝူရွဲ႕ဆီက အၾကည့္လႊဲကာ ေရျပာပန္းေလးေတြကိုသာ ေငးေနေတာ့ စစ္ဝူရွဲ႕က သူ႕မ်က္လုံးေရွ႕လက္တစ္ဖက္ကာလာသည္။
" ဘာလုပ္တာလဲ "
ထိုလက္အား လက္ျဖင့္အသာဖယ္ရင္းေမးလ်က္မွ စစ္ဝူရွဲ႕ကိုတဖန္ျပန္ၾကည့္လိုက္မိသည္။
" ကိုယ့္ကို ၾကည့္ေလ"
အနည္းငယ္ေမွးေသာမ်က္ဝန္းေတြက ယခုအေရာင္ေတြလက္ေနသည္မွာ ေရ၏တံလွ်ပ္ေၾကာင့္လားမသိနိုင္။ ေငြေရာင္မ်က္ဆံေဖ်ာ့ေဖ်ာ့ေတြထဲ သူ႕ရဲ႕ပုံရိပ္ကိုျပန္ျမင္ေနရသည္။ ထိုပုံရိပ္ကို ေရျပာေရာင္ျမဴေငြ႕ခပ္ပါးပါးက ဝန္းရံေနသည္တဲ့....
" ဒါ ဒါက "
အမွန္ပင္ သူသတိထားကာ ပတ္ဝန္းက်င္ကိုၾကည့္လိုက္ေတာ့ ေရျပာေရာင္ျမဴေငြ႕ေတြသူ႕ေဘးမွာရွိေနသည္။ ၾကည္လဲ့ေနေသာေရမွပုံရိပ္တြင္လည္း ထိုျမဴေတြဝန္းရံထားမႈက သူ႕ကိုပိုၿပီးၾကည့္ေကာင္းေစသည္။ သူက သူထင္ထားသည္ထက္ အမ်ားႀကီးပိုၿပီး ေခ်ာလြန္းေနသည္ပဲ...
၂၁ရာစုကိုသာျပန္ေရာက္မည္ဆိုလွ်င္ သူ႕ကိုယ္သူအဓိကဇာတ္လိုက္ေနရာမွေန၍ ေရွးေခတ္ဇာတ္လမ္းေတြရိုက္ရမည္။
" ယင္ေလး ယင္ေလး မသိတာေတြအမ်ားႀကီးပဲ။ ဒီျမဴေလးေတြ႕တာကို အဲ့ေလာက္အံ့ၾသေနစရာလား ။ "
" ဝူရွဲ႕ေျပာသလိုဆို ကြၽန္ေတာ္ကဒီျမဴေတြကို လုပ္လိုက္တာလား။ ဘယ္လိုလုပ္လိုက္တာလဲ ၿပီးေတာ့ ဒီ့ထက္အမ်ားႀကီးလုပ္နိုင္ေသးတာလား ဘယ္လိုမ်ိဳးေတြလဲ"
" အင္း ။ ဒီျမဴေတြက သူ႕အလိုလိုေပၚလာတာ။ ယင္ေလးက ဒီျမဴေတြကိုေပၚလာေစခ်င္တယ္လို႔ ေတြးလိုက္တာနဲ႕အလိုလိုေပၚလာမွာ"
သူတကယ္ပဲထိုသို႔ေတြးလိုက္မိခဲ့သည္။ ေရျပာကန္ႀကီးနဲ႕လွပတဲ့ေရျပာပန္းေတြကိုၾကည့္ကာ ေရျပာျမဴေတြကိုေပၚလာေစခ်င္ခဲ့သည္။
" ကြၽန္ေတာ့္ေဘးမွာမဟုတ္ဘဲ အျခားေနရာမွာေပၚလာေစခ်င္ရင္ေရာ ရလား"
" ရတာေပါ့။ ေပၚလာေစခ်င္တဲ့ေနရာကိုသာ ေတြးလိုက္။ ယင္ေလး ယင္ေလးကအရာအားလုံးကိုျဖစ္နိုင္ေအာင္လုပ္နိုင္မယ့္သူပဲ။ ယင္ေလး မင္းက ယင္နတ္ဘုရားျဖစ္ေနတာ ကိုယ့္အတြက္ေတာ့သိပ္ကံေကာင္းတယ္။ ဒါေပမယ့္ မင္းအတြက္ကံေကာင္းပါ့မလား ကိုယ္မသိဘူး။ မင္းက ဘာဆိုဘာမွကိုမသိတဲ့နတ္ဝိဇၨာေလးျဖစ္ေနေသးတယ္။ ယင္ေလး မင္းအေၾကာင္းေတြကို မိစာၦေတြသိသြားရင္ အရမ္းအႏၲရာယ္မ်ားသြားၿပီ။ မင္းကအခု နတ္ဝိဇၨာအဆင့္ပဲရွိေသးေတာ့ စြမ္းအားေတြက သုံးလို႔ရေသးပါ့မလားမသိဘူး အဲ့လိုဆိုရင္ အႏၲရာယ္ႀကဳံတဲ့အခါ ... မျဖစ္ဘူး ယင္ေလး ေကာင္ကင္နန္းေတာ္မွာ ကိုယ္နဲ႕လိုက္ေနပါ ။ ကိုယ့္အနားမွာယင္ေလးရွိရင္ ကိုယ္အျပည့္အဝကာကြယ္နိုင္မွာ။ဒါေပမယ့္ ဒီအေျခအေနနဲ႕ေခၚလို႔မရနိုင္ေသးဘူး ကိုယ္နတ္ဘုရားျဖစ္ေအာင္ မိုးႀကိဳးစမ္းသပ္မႈကိုအရင္ခံယူရမယ္ ၿပီးရင္ ခမည္းေတာ္ကိုေျပာၿပီး စီစဥ္သင့္တာကိုစီစဥ္မယ္ ယင္ေလး ကိုယ္ေျပာေနတာေတြကိုၾကားရဲ႕လား ယင္ေလး"
" ဟင္ ကြၽန္ေတာ္ၾကားပါတယ္ ဒီမွာၾကည့္ ။ မလွဘူးလား"
သူက တစ္ခုခုကိုအာ႐ုံဝင္စားမိၿပီဆို သူ႕ေဘးနားမွာယာဥ္တိုက္မႈႀကီးျဖစ္သြားရင္ေတာင္ သူကသိမည္မဟုတ္။ ယခုလည္း ဝူရွဲ႕ေျပာသည့္အတိုင္း ျမဴေငြ႕ေတြသာဖန္တီးေနသျဖင့္ စစ္ဝူရွဲ႕ေျပာတာေတြကိုၾကားလိုက္ေသာ္ျငား စင္စစ္ နားမလည္လိုက္ပါေခ်။ ၾကားေတာ့ၾကားသည္ သို႔ေပမယ့္ အာ႐ုံထဲမေရာက္ဆိုသလိုမ်ိဳး..
သူႀကိဳးစားပမ္းစားလုပ္ထားသည့္ ေရစက္သ႑ာန္ေရျပာေရာင္ျမဴလုံးေလးအား လက္ဖဝါးထဲထည့္ကာ စစ္ဝူရွဲ႕ကိုျပေတာ့ ခန႔္ညားလွေသာမ်က္ႏွာပိုင္ရွင္ဟာ မ်က္လုံးကိုေမွးလ်က္ လက္ကိုပိုက္ကာ သူ႕အားရႉတည္တည္ၾကည့္လာသည္။
" ဒီျမဴလုပ္နည္းကို သေဘာက်လား"
" အင္း "
" အျခား စိတ္ဝင္စားစရာေကာင္းတဲ့လုပ္နည္းတစ္ခု ေျပာျပမယ္"
" တကယ္လား ေျပာျပပါ ကြၽန္ေတာ္တစ္ေယာက္တည္းရွိခ်ိန္ဆို ပ်င္းေနတာ အခု ဝူရွဲ႕ေျပာျပတာေတြကို ျပန္လုပ္ရင္း အခ်ိန္ျဖဳန္းလို႔ရၿပီ"
" ေပ်ာ္လား "
" ဟင္ "
" ကိုယ္နဲ႕အတူ ရွိရတာ ေပ်ာ္လားလို႔"
" အင္း ေပ်ာ္တယ္။ အကိုတို႔က မရွိေတာ့ ကြၽန္ေတာ္ပ်င္းေနတာ ဝူရွဲ႕ရွိလို႔သာေပါ့ မဟုတ္ရင္ ပ်င္းလို႔ေသေတာ့မွာ"
စိတ္လိုလက္ရရယ္ေမာရင္း သူေျပာေတာ့ ဝူရွဲ႕က ေသသပ္စြာၿပဳံးသည္။
" ဒါဆို ကိုယ္ေျပာျပမယ္။ ဟိုးက ေရျပာပန္းေတြကိုေတြ႕လား သူတို႔ကို က်ဴးယန္နတ္ဘုရား ယင္ေလးအေဖက ဖန္ဆင္းထားတာ။ ေရျပာပန္းလို႔ပဲေခၚေစတယ္။ အဲ့ဒိေရျပာပန္းေတြကို က်ဴးမ်ိဳးႏြယ္ဝင္ေတြပဲ ပြင့္ေအာင္လုပ္နိုင္တာ။ "
" ဟုတ္လား ဝူရွဲ႕ေရာလုပ္လို႔မရဘူးေပါ့"
" အင္း မရဘူး။ လာ ကိုယ္ေျပာသလို လိုက္လုပ္ အရင္ဆုံး လက္ဖဝါးကို ျဖန႔္လိုက္"
စစ္ဝူရွဲ႕စကားဆုံးသည္ႏွင့္ လက္ေလးကိုအလွ်င္အျမန္ သူျဖန႔္လိုက္ေတာ့ ဝူရွဲ႕ကရယ္သည္။ ဘာကိုရယ္သည္လဲ သူကေျပာတဲ့အတိုင္းလုပ္သည္ပဲကို...
" ေရစက္ေတြကို လက္ေပၚယူလိုက္။ ခုနက ျမဴေတြကို ဖန္ဆင္းလိုက္သလိုပဲ ေရစက္ေတြကိုလည္း အဲ့ဒိအတိုင္းပဲ လုပ္လိုက္ပါ။ ကန္ထဲကေရေတြကို လက္ဖဝါးေပၚအနည္းငယ္ လာတင္ေစလိုက္ပါ ယင္ေလး"
" လုပ္ၾကည့္မယ္ ၾကည့္ေပးဦး ဝူရွဲ႕"
သူမ်က္လုံးမွိတ္လိုက္သည္အထိ စစ္ဝူရွဲ႕၏ၿပဳံးကာၾကည့္ေနမႈကိုခံစားေနမိေသးသည္။
ကန္ထဲမွေရစက္အခ်ိဳ႕ပ်ံတက္ကာ သူ႕လက္ထဲေရာက္လာသည္ ဟုခံစားမိၿပီးၿပီးျခင္း မ်က္လုံးဖြင့္ၾကည့္ရာ သူ႕လက္ထဲတြင္ ေရအခ်ိဳ႕ရွိေနသည္ေပ။
-------------------