book

Index 18

အပိုင်း ၁၇

" အငယ္ေလးေတြ ဘာေတြ ေျပာေနၾကတာလဲ"


လက္ကိုေနာက္မွာထားလ်က္ မားမတ္စြာေပၚလာတဲ႔က်ဴးလင္က က်ဴးလ်န္ကိုၾကည့္ကာေမးသည္။ က်ဴးလင္က အေျဖကိုသိခ်င္ပံုမရဘဲ ကုတင္တစ္ဖက္ျခမ္းတြင္ ထိုင္ေနသည့္က်ဴးယင္အနီးသို႔ ဆက္ေလွ်ာက္လာသည္။ ထို႔ေၾကာင့္ က်ဴးယင္မွာ မေနတတ္ျဖစ္သြားရသည္။ အကိုၾကီးနဲ႕ေတြ႕တာပထမဆံုးမဟုတ္ေပမယ့္ စကားေျပာဖို႔ကေတာ့ အခုကပထမဆံုးဆိုေတာ့ သူေၾကာက္မိသည္။ သူအမွားေျပာမိရင္ အကိုၾကီးက စိတ္ဆိုးသြားမွာလား။ အကိုၾကီးက အကိုလ်န္နဲ႔အကိုစစ္လို သေဘာအရမ္းေကာင္းပါ့မလား


က်ဴးလင္၏ခန္႕ညားတည္ၿကည္လြန္းသည့္ရုပ္ရည္က အေဖႏွင့္အရမ္းတူေနသည္။ 


" ေရွာင္ယင္ ကေလးေလး ေနေရာေကာင္းရဲ႕လား ။ မ်က္ႏွာေလးက ျပည့္ေနတာဆိုေတာ့ စိတ္ဆင္းရဲတာမ်ိဳး မရွိဘူးထင္တယ္။ "


ေရနန္းေတာ္၀င္ေပါက္ တစ္နည္း ပင္လယ္ကမ္းစပ္မွာေတြ႕ခဲ႔စဥ္က မ်က္ႏွာထားတင္းလြန္းကာ ေအးစက္စက္ဟန္ရွိသည့္ က်ဴးလင္က ယခုမူ ေႏြးေထြးလြန္းလွသည္။


သူ႔အား ခ်စ္ျမတ္နိုးစြာၾကည့္လ်က္ ခ်က္ခ်င္း ရင္ခြင္တြင္းဆြဲေပြ႕ကာ ခ်ီထားေတာ့မတတ္။ မ်က္ႏွာတည္တည္မွာလည္း ျပံဳးေနေသးသည္။ အကိုေတြတိုင္းက ညီေတြေရွ႕တြင္တစ္မ်ိဳး၊ သူစိမ္းေတြေရွ႕တြင္ တစ္မ်ိဳး ေနတတ္ၾကသည္လား။


သူေခါင္းျငိမ့္ေတာ့ ပါးကိုတစ္ခ်က္ပုတ္သည္ ညင္သာစြာျဖင့္...။ အားပါလွ်င္ ထိခိုက္မိသြားမည္စိုးေနေသာ အမူအယာေတြေၾကာင့္ အကိုေတြထဲတြင္ က်ဴးလင္က အသည္းဆံုးျဖစ္ေၾကာင္းသိလိုက္ရသည္။


ယခင္က်ဴးယင္က သိပ္ကံေကာင္းခဲ႔တာပဲ ပတ္၀န္းက်င္ကလူတိုင္းက သူ႔ကိုတအားဂရုစိုက္ၾကသည္ခ်ည္။


" ေကာင္းတယ္။ ဘာမွမျဖစ္တာ ေကာင္းတယ္။ ေရွာင္ယင္ေလးကို အကိုၾကီးက ပစ္ထားမိသလိုျဖစ္သြားတယ္။ မေန႕ကမွ ဒီအေၾကာင္းကိုသိရတယ္ ေရွာင္လ်န္၊ေရွာင္စစ္ အဲ႔ဒိအခ်ိန္တုန္းက မင္းတို႔ဘာလုပ္ေနလဲ"


ဒီအေၾကာင္းစကားစစဥ္ကတည္းက တစ္ေယာက္ႏွင့္တစ္ေယာက္မ်က္စပစ္ကာ မတ္တပ္ပင္ရပ္ျပီးတေျဖးေျဖးဆီ ေနာက္ဆုတ္ကာထြက္သြားဖို႔ျပင္ေနတဲ႔ က်ဴးလ်န္ႏွင့္က်ဴးစစ္မွာ တန္႕ခနဲရပ္သြားရသည္။ မတတ္သာသည့္ဟန္ျဖင့္ သက္ျပင္းေတြခ်ျပီး က်ဴးလင္ရဲ႕ေဘးတစ္ဖက္တစ္ခ်က္ဆီသို႔၀င္ထိုင္ကာ က်ဴးယင္ကို၀ိုင္းၾကည့္လိုက္ၾကသည္။


" ကၽြန္ေတာ္တို႔ အဲ႔ဒိကိစၥကို နဥ္နတ္ဘုရားသတင္းပို႔မွ သိရတာ။ သိသိခ်င္း ကၽြန္ေတာ္တို႔အေဖနဲ႔အတူ သြားၾကည့္ပါတယ္"


အကိုလ်န္က ဆရာ့ကိုအဘိုးၾကီး ဟုမေခၚ။


" ဟုတ္တယ္ အကိုၾကီး ။ အေဖနဲ႔အေမနဲ႔အတူ ကၽြန္ေတာ္တို႔ေရွာင္ယင့္ကို သြားစစ္ေဆးေသးတယ္။ အဲ႔ဒိမွာ ေရွာင္ယင္က ယင္နတ္ဘုရားေလာင္းလ်ာမွန္းသိျပီး မေန႕ကဧည့္ခံပြဲကျဖစ္လာတာပဲ"


က်ဴးလ်န္ႏွင့္က်ဴးစစ္က ဘက္ညီညီရွႈင္းျပေတာ့ က်ဴးလင္က ေခါင္းတစ္ခ်က္ျငိမ့္သည္။ ဆံပင္ကိုအသာ သိမ္းလိုက္ရင္း က်ဴးယင္ကိုေသခ်ာစစ္ေဆးသလို ၾကည့္လာသည္။


" ငါတို႔ကေလးေလးက ဘာလို႔ယင္နတ္ဘုရားျဖစ္ရတာလဲ "


ဟင္းခနဲ သက္ျပင္းခ်ျပီး ခပ္တိုးတိုးေရရြတ္ေသးသည္။ ေနာက္မွ 


" ေရွာင္ယင္ ဘာပဲျဖစ္ျဖစ္ ေရွာင္ယင္ေလးမွာ အကိုၾကီးရွိတယ္။ ေရွာင္လ်န္နဲ႔ေရွာင္စစ္ ရွိတယ္။ အေဖက က်င့္၀တ္ေတြ၊ တခ်ိဳ႕ေသာကိစၥေတြမွာ တရားမွ်တေအာင္လုပ္ရမွာမ်ိဳးေတြ ရွိတယ္။ အေဖက ေရွာင္ယင့္ကိုကာကြယ္မေပးနိုင္တဲ႔အခါ ေရွာင္ယင္ေလး မွတ္မိဖို႔က ဒီကအကိုေတြကိုပဲ ။ ေနာင္အခါမွာ ဘာကိစၥပဲရွိရွိ အကိုတို႔ကိုတိုင္ပင္ရမယ္။ ေရွာင္ယင္ေလးမွာ အကိုသံုးေယာက္ေတာင္ရွိတာ ေျပာခ်င္တဲ႔တစ္ေယာက္ကိုေျပာျပလို႔ရတယ္။ အကိုတို႔က ေရွာင္ယင္ေလးကို အျမဲကာကြယ္ေပးမယ္ဆိုတာ နားလည္ထားပါ"


" ဟုတ္တယ္။ ငါတို႔ မင္းနဲ႔အျမဲရွိမယ္။ ဘာကိစၥရွိရွိ ငါ့ကိုေျပာနိုင္တယ္"


" အကိုႏွစ္ေယာက္ေျပာသလိုပဲ ေရွာင္ယင္ ... မင္းတစ္ခုခု တိုင္ပင္ခ်င္တာမ်ိဳးရွိရင္ ငါ့ကိုလာရွာလို႔ရတယ္။ မင္းအကိုက ဥာဏ္နီဥာဏ္နက္လည္း ထြက္ေတာ့ အၾကံေကာင္းေတြေပးနိုင္တယ္"


က်ဴးလင္က ဦးစြာကတိေပးသလိုေျပာေတာ့ က်ဴးလ်န္ကလည္း ေထာက္ခံျခင္းအမႈကိုျပဳသည္။ က်ဴးစစ္ကလည္း ၀င္ေျပာေတာ့ အကိုၾကီးေတြရဲ႕မ်က္ေထာင့္နီေတြက က်ဴးစစ္ဆီေရာက္လာသည္။


ငါတို႔ကေလးကို မဖ်က္စီးနဲ႔ ဆိုသည့္အၾကည့္မ်ိဳး...


" အာ အာ အဲ႔လိုမၾကည့္ၾကပါနဲ႔ အကိုတို႔ေတြနဲ႔ဆို ေရွာင္ယင္ေလး မပြင့္လင္းပဲျဖစ္မွာစိုးလို႔ပါ။ ကၽြန္ေတာ္နဲ႔က အသက္အရမ္းၾကီး မကြာဘူးမဟုတ္လား"


က်ဴးစစ္က လက္တကာကာႏွင့္ ဖ်န္ေျဖေတာ့ က်ဴးလင္က တစ္ခ်က္ျပံဳးျပီး ေခါင္းလွမ္းပုတ္သည္။


က်ဴးလ်န္ကေတာ့ ယပ္ေတာင္ထုတ္ကာ ယပ္ခတ္ေနျပန္ျပီ။


က်ဴးလ်န္၏ဂရုမစိုက္သလိုဟန္ကို က်ဴးစစ္ကၾကည္ပံုမရ ႏႈတ္ခမ္းမဲ႔ကာ ေက်ာခိုင္းလိုက္သည္။ ထို႔မတိုင္ခင္ က်ဴးလင္ကိုေတာ့ျဖင့္ ရယ္ျပေသးသည္ေပ။


က်ဴးယင္ကိုယ္တိုင္လည္း ဘယ္လိုျပန္ေျပာရမည္မွန္းမသိ။ ဒီလို ေမတၱာမ်ိဳးကို သူမခံစားဖူးခဲ႔သည္မို႔ သူ႔မွာယခုရွိသည့္အသိက ေပ်ာ္ရႊင္ျခင္းသာျဖစ္သည္။ တိုက္ခန္းမွာ တစ္ဦးတည္း အထီးက်န္စြာေနခဲ႔ရသည္ကို သတိရမိသည္။ ေပါင္းသင္းဆက္ဆံေရးမေကာင္းတဲ႔သူက ရွားရွားပါးပါးရွိတဲ႔သူငယ္ခ်င္း၂ေယာက္ကိုေတာ့ အနစ္နာခံကာေပါင္းတတ္ခဲ႔သည္။ သူငယ္ခ်င္းေတြ သူ႔အခန္းကိုလာလည္မည့္အခ်ိန္ကို သူအျမဲေမွ်ာ္ေနျဖစ္ခဲ႔သည္။ အျမဲတိတ္ဆိတ္ေနတတ္တဲ႔သူ႔တိုက္ခန္းက ထိုသို႔မွသာ အသက္၀င္သြားတတ္သည္ကိုး။ 


ဒါေပမယ့္ အခုေတာ့ သူေတာင့္တခဲ႔တဲ႔မိသားစုဘ၀ကို ပိုင္ဆိုင္ရေနျပီ။ အေဖက နတ္ဘုရားၾကီးမို႔ အိေျႏၵအျပည့္ျဖင့္ေနေပမယ့္ သားသမီးေတြကိုေတာ့ အေတာ္ဂရုစိုက္ပံုရသည္။ အေမေလးက စိုးရိမ္စိတ္မ်ားျပီး မ်က္စိေအာက္က အေပ်ာက္မခံခ်င္သည္အထိ သူ႔ကိုခ်စ္သည္။ အကိုၾကီးက သူ႔ကိုကေလးေလးတစ္ေယာက္ကို ဂရုစိုက္ျပီး အကိုလ်န္နဲ႔အကိုစစ္က တစ္ေယာက္တည္းေနဖို႔ရာအခ်ိန္ေတာင္မေပးဘဲ အနားမွာေနျပီး အေဖာ္ျပဳေပးသည္။ ဒါအရမ္းကို ေပ်ာ္ရႊင္ဖို႔ေကာင္းတဲ႔ မိသားစုပဲ။ 


ငါ က်ဴးယင္ က်ိန္ဆိုပါတယ္။ အနာဂတ္မွာ ဒီမိသားစုကို တတ္စြမ္းသမွ် ကာကြယ္သြားမွာပါ။ အရမ္းလည္းခ်စ္ျပီး အရမ္းလည္း ဂရုစိုက္သြားမွာပါ။ ဒီမိသားစုကို မေပ်ာက္ပ်က္ရေအာင္ ထိန္းသိမ္းသြားမွာပါ။


" ေရွာင္ယင္ ဘာျဖစ္တာလဲ ဘာလို႔ငိုေနတာလဲ။ ေရွာင္လ်န္၊ေရွာင္စစ္ မင္းတို႔ေတြ ကေလးကို ဘာလုပ္ထားလဲ"


သားသည္အေမၾကီးတစ္ေယာက္ကဲ႔သို႔ က်ဴးလင္က ျပာယာခတ္ကာ က်ဴးလ်န္ႏွင့္က်ဴးစစ္ကို သူ႔အနားမွဆြဲဖယ္သည္။ သူ႔မ်က္ႏွာကိုပင့္ေမာ့ကာ မ်က္ရည္ေတြအား အက်ႌလက္ျဖင့္ တို႔သုတ္ေပးသည္။


"ကၽြန္ေတာ္ ကၽြန္ေတာ္ ေပ်ာ္လို႔ပါ။ ကၽြန္ေတာ့္ကို သိပ္ခ်စ္တဲ႔မိသားစုရွိလို႔ ကၽြန္ေတာ္အရမ္းေပ်ာ္လို႔ပါ"


ထိန္းထားေသာ္ျငား ရႈိက္သံထြက္သြားေတာ့ က်ဴးလင္ကလုပ္လက္စကိုရပ္ကာ သူ႔ကို ေတြေတြၾကီးၾကည့္သည္။ သူပဲ မ်က္ရည္၀ဲေန၍လားမသိ က်ဴးလင္ကလည္း မ်က္ရည္ေတြစို႔ေနသည္ လို႔ျမင္ေနရသည္။


က်ဴးစစ္က သူ႔ကိုအားျဖင့္ေျပးဖက္ေတာ့ ႏွစ္ေယာက္သားထပ္လ်က္သားျဖင့္ အိပ္ယာေပၚပက္လက္လဲက်ရသည္။ မ်က္၀န္းေထာင့္စြန္းကေနျမင္ေနရတာက က်ဴးလ်န္က ယပ္ေတာင္ျဖင့္မ်က္ႏွာကိုကာထားျပီး ျငိမ္ျငိမ္ေလးရပ္ေနျခင္းပင္။


" ေရွာင္ယင္ေလးရာ ေရွာင္ယင္ေလး ငါ့ကေလးေလး ။ စိတ္ခ် မင္းအကိုစစ္က ေသတဲ႔အထိ ေရွာင္ယင္ေလး အနားမွာရွိသြားမွာ။ အရိုက္ခံရတုန္းက ဘယ္ေလာက္မ်ားဆင္းရဲခဲ႔လို႕ ဒီေလာက္ထိခံစားသြားရတာလဲ။ ငါ့ညီငယ္ေလး သနားပါတယ္ကြာ"


က်ဴးစစ္ကသူ႔ကိုဖိကာတင္းတင္းဖက္ထားရင္းမွ ငိုသံစြက္လ်က္ေျပာေနသည္။ သူသည္လည္း ျပန္ဖက္ရင္းအားရပါးရငိုျဖစ္သည္။ 


က်ဴးလ်န္က အနားေရာက္လာျပီး က်ဴးစစ္ကိုအတင္းဆြဲခြာသည္။ ေရွာင္ယင္ အသက္ရွဴက်ပ္သြားမယ္ လို႔လည္းေျပာေနေသး၏။


" အေဖက အဲ႔ေကာင္ေတြကို ဘာမွမလုပ္လိုက္ဘူးလား"


က်ဴးလင္ရဲ႕အသံက အတန္ၾကာေတာ့ ထိုးထြက္လာသည္။ အတန္ငယ္တုန္ယင္ေနသည္မွာ ေဒါသထြက္ေန၍လားမသိနိုင္။


" နဥ္နတ္ဘုရားက ေတာင္းပန္လို႔ အေဖက ဘာမွမလုပ္ခဲ႔ပါဘူး"


က်ဴးစစ္က ခပ္တည္တည္ျပန္ရပ္ကာ ဆံပင္ကိုေနာက္ပစ္ရင္း ခပ္သြက္သြက္၀င္ေျဖသည္။


" အေဖက ေစာင့္ထိန္းရမွာေတြရွိတယ္လို႔ ငါေျပာသားပဲ"


က်ဴးလင္က အားမလို အားမရ ေျပာသည္ကို က်ဴးစစ္က ေထာက္သည္။


" ဒါဆို သူတို႔ကို ဒီအတိုင္းထားလိုက္ရမွာလား အကိုၾကီး"


ဒီတစ္ၾကိမ္မွာေတာ့ က်ဴးလင္၏မ်က္ေထာင့္နီကို က်ဴးစစ္လက္ခံလိုက္ရသည္။ က်ဴးလ်န္က က်ဴးစစ္ေခါင္းကို ယပ္ေတာင္ျဖင့္ျဖတ္ရိုက္ရင္း ဟန္ပါပါေျပာသည္။


" အကိုၾကီးေျပာတာ ရွင္းရွင္းေလးေလ။ အေဖက ေစာင့္ထိန္းရမွာေတြ ရွိတယ္။ ငါတို႔က မရွိဘူး"


ထိုအခါမွ က်ဴးစစ္က သေဘာေပါက္သြားသလို ျပံဳးကာေခါင္းတစ္ျငိမ့္ျငိမ့္လုပ္ေနသည္။


ယခုထိ အိပ္ယာေပၚမွာ ပက္လက္ေလးလွဲေနေသးတဲ႔သူ႔ကို က်ဴးလင္ကလာထူျပီး မ်က္ရည္ေတြသုတ္ေပးသည္။ ခန္႕ညားလြန္းတဲ႔ဥပဓိရုပ္၊ သူ႔ကို ကာကြယ္ေပးမည္ဆိုသည့္အၾကည့္ေတြ၊ ေတာက္ပလြန္းတဲ႔အျပံဳးေၾကာင့္ ဘာကိုရယ္မွန္းမသိဘဲ သူစိတ္ခ်သြားရသည္။


" နဥ္နတ္ဘုရားက မိစာၦဘုရင္အေၾကာင္း စံုစမ္းဖို႔ ေသမ်ိဳးနယ္ပယ္ကိုသြားရလိမ့္မယ္။ ဒီေတာ့ ေရွာင္ယင္ေလးက ဒီမွာပဲ ေနလို႔ရျပီ"


က်ဴးလင္က ယခုမွသတိရသြားသည့္ဟန္ျဖင့္ ေျပာလာသည္ကို က်ဴးလ်န္ႏွင့္က်ဴးစစ္က သေဘာတက် ေထာက္ခံသည္။


" ေကာင္းလိုက္တာ ေရွာင္ယင္ေလးနဲ႔ အခ်ိန္ျဖဳန္းလို႔ရျပီ ။"


လက္ခုပ္တစ္ခ်က္တီးကာ ေပ်ာ္ရႊင္ဟန္ျဖင့္က်ဴးစစ္ကေျပာေပမယ့္ က်ဴးလ်န္က တည္တည္ျငိမ္ျငိမ္ျဖင့္ ယပ္ခတ္လိုက္ေသးကာ


" ငါက စြမ္းအားက်င့္ရဦးမွာ" ဟုဆိုသည္။


" တကယ္လား ျပီးမွ ေရွာင္ယင့္အနားမွာပဲရွိေနရင္ ကၽြန္ေတာ္ ဘာလုပ္ရမလဲေျပာ"


က်ဴးလ်န္ကမၾကားသလိုသာ ေနေနသည္။ က်ဴးလင္ကေတာ့ သူ႔ညီေတြကိုၾကည့္ကာ ရယ္လ်က္....


*****************

" အငယ်လေးတွေ ဘာတွေ ပြောနေကြတာလဲ"


လက်ကိုနောက်မှာထားလျက် မားမတ်စွာပေါ်လာတဲ့ကျူးလင်က ကျူးလျန်ကိုကြည့်ကာမေးသည်။ ကျူးလင်က အဖြေကိုသိချင်ပုံမရဘဲ ကုတင်တစ်ဖက်ခြမ်းတွင် ထိုင်နေသည့်ကျူးယင်အနီးသို့ ဆက်လျှောက်လာသည်။ ထို့ကြောင့် ကျူးယင်မှာ မနေတတ်ဖြစ်သွားရသည်။ အကိုကြီးနဲ့တွေ့တာပထမဆုံးမဟုတ်ပေမယ့် စကားပြောဖို့ကတော့ အခုကပထမဆုံးဆိုတော့ သူကြောက်မိသည်။ သူအမှားပြောမိရင် အကိုကြီးက စိတ်ဆိုးသွားမှာလား။ အကိုကြီးက အကိုလျန်နဲ့အကိုစစ်လို သဘောအရမ်းကောင်းပါ့မလား


ကျူးလင်၏ခန့်ညားတည်ကြည်လွန်းသည့်ရုပ်ရည်က အဖေနှင့်အရမ်းတူနေသည်။ 


" ရှောင်ယင် ကလေးလေး နေရောကောင်းရဲ့လား ။ မျက်နှာလေးက ပြည့်နေတာဆိုတော့ စိတ်ဆင်းရဲတာမျိုး မရှိဘူးထင်တယ်။ "


ရေနန်းတော်ဝင်ပေါက် တစ်နည်း ပင်လယ်ကမ်းစပ်မှာတွေ့ခဲ့စဉ်က မျက်နှာထားတင်းလွန်းကာ အေးစက်စက်ဟန်ရှိသည့် ကျူးလင်က ယခုမူ နွေးထွေးလွန်းလှသည်။


သူ့အား ချစ်မြတ်နိုးစွာကြည့်လျက် ချက်ချင်း ရင်ခွင်တွင်းဆွဲပွေ့ကာ ချီထားတော့မတတ်။ မျက်နှာတည်တည်မှာလည်း ပြုံးနေသေးသည်။ အကိုတွေတိုင်းက ညီတွေရှေ့တွင်တစ်မျိုး၊ သူစိမ်းတွေရှေ့တွင် တစ်မျိုး နေတတ်ကြသည်လား။


သူခေါင်းငြိမ့်တော့ ပါးကိုတစ်ချက်ပုတ်သည် ညင်သာစွာဖြင့်...။ အားပါလျှင် ထိခိုက်မိသွားမည်စိုးနေသော အမူအယာတွေကြောင့် အကိုတွေထဲတွင် ကျူးလင်က အသည်းဆုံးဖြစ်ကြောင်းသိလိုက်ရသည်။


ယခင်ကျူးယင်က သိပ်ကံကောင်းခဲ့တာပဲ ပတ်ဝန်းကျင်ကလူတိုင်းက သူ့ကိုတအားဂရုစိုက်ကြသည်ချည်။


" ကောင်းတယ်။ ဘာမှမဖြစ်တာ ကောင်းတယ်။ ရှောင်ယင်လေးကို အကိုကြီးက ပစ်ထားမိသလိုဖြစ်သွားတယ်။ မနေ့ကမှ ဒီအကြောင်းကိုသိရတယ် ရှောင်လျန်၊ရှောင်စစ် အဲ့ဒိအချိန်တုန်းက မင်းတို့ဘာလုပ်နေလဲ"


ဒီအကြောင်းစကားစစဉ်ကတည်းက တစ်ယောက်နှင့်တစ်ယောက်မျက်စပစ်ကာ မတ်တပ်ပင်ရပ်ပြီးတဖြေးဖြေးဆီ နောက်ဆုတ်ကာထွက်သွားဖို့ပြင်နေတဲ့ ကျူးလျန်နှင့်ကျူးစစ်မှာ တန့်ခနဲရပ်သွားရသည်။ မတတ်သာသည့်ဟန်ဖြင့် သက်ပြင်းတွေချပြီး ကျူးလင်ရဲ့ဘေးတစ်ဖက်တစ်ချက်ဆီသို့ဝင်ထိုင်ကာ ကျူးယင်ကိုဝိုင်းကြည့်လိုက်ကြသည်။


" ကျွန်တော်တို့ အဲ့ဒိကိစ္စကို နဉ်နတ်ဘုရားသတင်းပို့မှ သိရတာ။ သိသိချင်း ကျွန်တော်တို့အဖေနဲ့အတူ သွားကြည့်ပါတယ်"


အကိုလျန်က ဆရာ့ကိုအဘိုးကြီး ဟုမခေါ်။


" ဟုတ်တယ် အကိုကြီး ။ အဖေနဲ့အမေနဲ့အတူ ကျွန်တော်တို့ရှောင်ယင့်ကို သွားစစ်ဆေးသေးတယ်။ အဲ့ဒိမှာ ရှောင်ယင်က ယင်နတ်ဘုရားလောင်းလျာမှန်းသိပြီး မနေ့ကဧည့်ခံပွဲကဖြစ်လာတာပဲ"


ကျူးလျန်နှင့်ကျူးစစ်က ဘက်ညီညီရှှုင်းပြတော့ ကျူးလင်က ခေါင်းတစ်ချက်ငြိမ့်သည်။ ဆံပင်ကိုအသာ သိမ်းလိုက်ရင်း ကျူးယင်ကိုသေချာစစ်ဆေးသလို ကြည့်လာသည်။


" ငါတို့ကလေးလေးက ဘာလို့ယင်နတ်ဘုရားဖြစ်ရတာလဲ "


ဟင်းခနဲ သက်ပြင်းချပြီး ခပ်တိုးတိုးရေရွတ်သေးသည်။ နောက်မှ 


" ရှောင်ယင် ဘာပဲဖြစ်ဖြစ် ရှောင်ယင်လေးမှာ အကိုကြီးရှိတယ်။ ရှောင်လျန်နဲ့ရှောင်စစ် ရှိတယ်။ အဖေက ကျင့်ဝတ်တွေ၊ တချို့သောကိစ္စတွေမှာ တရားမျှတအောင်လုပ်ရမှာမျိုးတွေ ရှိတယ်။ အဖေက ရှောင်ယင့်ကိုကာကွယ်မပေးနိုင်တဲ့အခါ ရှောင်ယင်လေး မှတ်မိဖို့က ဒီကအကိုတွေကိုပဲ ။ နောင်အခါမှာ ဘာကိစ္စပဲရှိရှိ အကိုတို့ကိုတိုင်ပင်ရမယ်။ ရှောင်ယင်လေးမှာ အကိုသုံးယောက်တောင်ရှိတာ ပြောချင်တဲ့တစ်ယောက်ကိုပြောပြလို့ရတယ်။ အကိုတို့က ရှောင်ယင်လေးကို အမြဲကာကွယ်ပေးမယ်ဆိုတာ နားလည်ထားပါ"


" ဟုတ်တယ်။ ငါတို့ မင်းနဲ့အမြဲရှိမယ်။ ဘာကိစ္စရှိရှိ ငါ့ကိုပြောနိုင်တယ်"


" အကိုနှစ်ယောက်ပြောသလိုပဲ ရှောင်ယင် ... မင်းတစ်ခုခု တိုင်ပင်ချင်တာမျိုးရှိရင် ငါ့ကိုလာရှာလို့ရတယ်။ မင်းအကိုက ဉာဏ်နီဉာဏ်နက်လည်း ထွက်တော့ အကြံကောင်းတွေပေးနိုင်တယ်"


ကျူးလင်က ဦးစွာကတိပေးသလိုပြောတော့ ကျူးလျန်ကလည်း ထောက်ခံခြင်းအမှုကိုပြုသည်။ ကျူးစစ်ကလည်း ဝင်ပြောတော့ အကိုကြီးတွေရဲ့မျက်ထောင့်နီတွေက ကျူးစစ်ဆီရောက်လာသည်။


ငါတို့ကလေးကို မဖျက်စီးနဲ့ ဆိုသည့်အကြည့်မျိုး...


" အာ အာ အဲ့လိုမကြည့်ကြပါနဲ့ အကိုတို့တွေနဲ့ဆို ရှောင်ယင်လေး မပွင့်လင်းပဲဖြစ်မှာစိုးလို့ပါ။ ကျွန်တော်နဲ့က အသက်အရမ်းကြီး မကွာဘူးမဟုတ်လား"


ကျူးစစ်က လက်တကာကာနှင့် ဖျန်ဖြေတော့ ကျူးလင်က တစ်ချက်ပြုံးပြီး ခေါင်းလှမ်းပုတ်သည်။


ကျူးလျန်ကတော့ ယပ်တောင်ထုတ်ကာ ယပ်ခတ်နေပြန်ပြီ။


ကျူးလျန်၏ဂရုမစိုက်သလိုဟန်ကို ကျူးစစ်ကကြည်ပုံမရ နှုတ်ခမ်းမဲ့ကာ ကျောခိုင်းလိုက်သည်။ ထို့မတိုင်ခင် ကျူးလင်ကိုတော့ဖြင့် ရယ်ပြသေးသည်ပေ။


ကျူးယင်ကိုယ်တိုင်လည်း ဘယ်လိုပြန်ပြောရမည်မှန်းမသိ။ ဒီလို မေတ္တာမျိုးကို သူမခံစားဖူးခဲ့သည်မို့ သူ့မှာယခုရှိသည့်အသိက ပျော်ရွှင်ခြင်းသာဖြစ်သည်။ တိုက်ခန်းမှာ တစ်ဦးတည်း အထီးကျန်စွာနေခဲ့ရသည်ကို သတိရမိသည်။ ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့သူက ရှားရှားပါးပါးရှိတဲ့သူငယ်ချင်း၂ယောက်ကိုတော့ အနစ်နာခံကာပေါင်းတတ်ခဲ့သည်။ သူငယ်ချင်းတွေ သူ့အခန်းကိုလာလည်မည့်အချိန်ကို သူအမြဲမျှော်နေဖြစ်ခဲ့သည်။ အမြဲတိတ်ဆိတ်နေတတ်တဲ့သူ့တိုက်ခန်းက ထိုသို့မှသာ အသက်ဝင်သွားတတ်သည်ကိုး။ 


ဒါပေမယ့် အခုတော့ သူတောင့်တခဲ့တဲ့မိသားစုဘဝကို ပိုင်ဆိုင်ရနေပြီ။ အဖေက နတ်ဘုရားကြီးမို့ အိနြေ္ဒအပြည့်ဖြင့်နေပေမယ့် သားသမီးတွေကိုတော့ အတော်ဂရုစိုက်ပုံရသည်။ အမေလေးက စိုးရိမ်စိတ်များပြီး မျက်စိအောက်က အပျောက်မခံချင်သည်အထိ သူ့ကိုချစ်သည်။ အကိုကြီးက သူ့ကိုကလေးလေးတစ်ယောက်ကို ဂရုစိုက်ပြီး အကိုလျန်နဲ့အကိုစစ်က တစ်ယောက်တည်းနေဖို့ရာအချိန်တောင်မပေးဘဲ အနားမှာနေပြီး အဖော်ပြုပေးသည်။ ဒါအရမ်းကို ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုပဲ။ 


ငါ ကျူးယင် ကျိန်ဆိုပါတယ်။ အနာဂတ်မှာ ဒီမိသားစုကို တတ်စွမ်းသမျှ ကာကွယ်သွားမှာပါ။ အရမ်းလည်းချစ်ပြီး အရမ်းလည်း ဂရုစိုက်သွားမှာပါ။ ဒီမိသားစုကို မပျောက်ပျက်ရအောင် ထိန်းသိမ်းသွားမှာပါ။


" ရှောင်ယင် ဘာဖြစ်တာလဲ ဘာလို့ငိုနေတာလဲ။ ရှောင်လျန်၊ရှောင်စစ် မင်းတို့တွေ ကလေးကို ဘာလုပ်ထားလဲ"


သားသည်အမေကြီးတစ်ယောက်ကဲ့သို့ ကျူးလင်က ပြာယာခတ်ကာ ကျူးလျန်နှင့်ကျူးစစ်ကို သူ့အနားမှဆွဲဖယ်သည်။ သူ့မျက်နှာကိုပင့်မော့ကာ မျက်ရည်တွေအား အကျႌလက်ဖြင့် တို့သုတ်ပေးသည်။


"ကျွန်တော် ကျွန်တော် ပျော်လို့ပါ။ ကျွန်တော့်ကို သိပ်ချစ်တဲ့မိသားစုရှိလို့ ကျွန်တော်အရမ်းပျော်လို့ပါ"


ထိန်းထားသော်ငြား ရှိုက်သံထွက်သွားတော့ ကျူးလင်ကလုပ်လက်စကိုရပ်ကာ သူ့ကို တွေတွေကြီးကြည့်သည်။ သူပဲ မျက်ရည်ဝဲနေ၍လားမသိ ကျူးလင်ကလည်း မျက်ရည်တွေစို့နေသည် လို့မြင်နေရသည်။


ကျူးစစ်က သူ့ကိုအားဖြင့်ပြေးဖက်တော့ နှစ်ယောက်သားထပ်လျက်သားဖြင့် အိပ်ယာပေါ်ပက်လက်လဲကျရသည်။ မျက်ဝန်းထောင့်စွန်းကနေမြင်နေရတာက ကျူးလျန်က ယပ်တောင်ဖြင့်မျက်နှာကိုကာထားပြီး ငြိမ်ငြိမ်လေးရပ်နေခြင်းပင်။


" ရှောင်ယင်လေးရာ ရှောင်ယင်လေး ငါ့ကလေးလေး ။ စိတ်ချ မင်းအကိုစစ်က သေတဲ့အထိ ရှောင်ယင်လေး အနားမှာရှိသွားမှာ။ အရိုက်ခံရတုန်းက ဘယ်လောက်များဆင်းရဲခဲ့လို့ ဒီလောက်ထိခံစားသွားရတာလဲ။ ငါ့ညီငယ်လေး သနားပါတယ်ကွာ"


ကျူးစစ်ကသူ့ကိုဖိကာတင်းတင်းဖက်ထားရင်းမှ ငိုသံစွက်လျက်ပြောနေသည်။ သူသည်လည်း ပြန်ဖက်ရင်းအားရပါးရငိုဖြစ်သည်။ 


ကျူးလျန်က အနားရောက်လာပြီး ကျူးစစ်ကိုအတင်းဆွဲခွာသည်။ ရှောင်ယင် အသက်ရှူကျပ်သွားမယ် လို့လည်းပြောနေသေး၏။


" အဖေက အဲ့ကောင်တွေကို ဘာမှမလုပ်လိုက်ဘူးလား"


ကျူးလင်ရဲ့အသံက အတန်ကြာတော့ ထိုးထွက်လာသည်။ အတန်ငယ်တုန်ယင်နေသည်မှာ ဒေါသထွက်နေ၍လားမသိနိုင်။


" နဉ်နတ်ဘုရားက တောင်းပန်လို့ အဖေက ဘာမှမလုပ်ခဲ့ပါဘူး"


ကျူးစစ်က ခပ်တည်တည်ပြန်ရပ်ကာ ဆံပင်ကိုနောက်ပစ်ရင်း ခပ်သွက်သွက်ဝင်ဖြေသည်။


" အဖေက စောင့်ထိန်းရမှာတွေရှိတယ်လို့ ငါပြောသားပဲ"


ကျူးလင်က အားမလို အားမရ ပြောသည်ကို ကျူးစစ်က ထောက်သည်။


" ဒါဆို သူတို့ကို ဒီအတိုင်းထားလိုက်ရမှာလား အကိုကြီး"


ဒီတစ်ကြိမ်မှာတော့ ကျူးလင်၏မျက်ထောင့်နီကို ကျူးစစ်လက်ခံလိုက်ရသည်။ ကျူးလျန်က ကျူးစစ်ခေါင်းကို ယပ်တောင်ဖြင့်ဖြတ်ရိုက်ရင်း ဟန်ပါပါပြောသည်။


" အကိုကြီးပြောတာ ရှင်းရှင်းလေးလေ။ အဖေက စောင့်ထိန်းရမှာတွေ ရှိတယ်။ ငါတို့က မရှိဘူး"


ထိုအခါမှ ကျူးစစ်က သဘောပေါက်သွားသလို ပြုံးကာခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေသည်။


ယခုထိ အိပ်ယာပေါ်မှာ ပက်လက်လေးလှဲနေသေးတဲ့သူ့ကို ကျူးလင်ကလာထူပြီး မျက်ရည်တွေသုတ်ပေးသည်။ ခန့်ညားလွန်းတဲ့ဥပဓိရုပ်၊ သူ့ကို ကာကွယ်ပေးမည်ဆိုသည့်အကြည့်တွေ၊ တောက်ပလွန်းတဲ့အပြုံးကြောင့် ဘာကိုရယ်မှန်းမသိဘဲ သူစိတ်ချသွားရသည်။


" နဉ်နတ်ဘုရားက မိစ္ဆာဘုရင်အကြောင်း စုံစမ်းဖို့ သေမျိုးနယ်ပယ်ကိုသွားရလိမ့်မယ်။ ဒီတော့ ရှောင်ယင်လေးက ဒီမှာပဲ နေလို့ရပြီ"


ကျူးလင်က ယခုမှသတိရသွားသည့်ဟန်ဖြင့် ပြောလာသည်ကို ကျူးလျန်နှင့်ကျူးစစ်က သဘောတကျ ထောက်ခံသည်။


" ကောင်းလိုက်တာ ရှောင်ယင်လေးနဲ့ အချိန်ဖြုန်းလို့ရပြီ ။"


လက်ခုပ်တစ်ချက်တီးကာ ပျော်ရွှင်ဟန်ဖြင့်ကျူးစစ်ကပြောပေမယ့် ကျူးလျန်က တည်တည်ငြိမ်ငြိမ်ဖြင့် ယပ်ခတ်လိုက်သေးကာ


" ငါက စွမ်းအားကျင့်ရဦးမှာ" ဟုဆိုသည်။


" တကယ်လား ပြီးမှ ရှောင်ယင့်အနားမှာပဲရှိနေရင် ကျွန်တော် ဘာလုပ်ရမလဲပြော"


ကျူးလျန်ကမကြားသလိုသာ နေနေသည်။ ကျူးလင်ကတော့ သူ့ညီတွေကိုကြည့်ကာ ရယ်လျက်....


*****************


rate now:

2 Reviews
  • reader Essence_Flame 12.12.2019, 06:39 5

    ❤️

    reply

  • reader Kaung Wai Yan 11.12.2019, 16:56 5

    🥰

    reply