က်ဴးလ်န္က စိတ္ေလွ်ာ့လိုက္သလို သက္ျပင္းခ်လိုက္ျပီး က်ဴးယင္ဘက္လွည့္ကာ တည္တည္ျငိမ္ျငိမ္ျပန္ထိုင္သည္။
" က်ဴးစစ္ေျပာသလိုပါပဲ မိစာၦဘုရင္ရဲ႔အေၾကာင္းက ရွည္ေတာ့ရွည္တယ္။ စေျပာရမယ္ဆိုရင္ သီနတ္ဘုရားအေၾကာင္းကေန စရမွာပဲ။ "
သံုးေလာကကိုျငိမ္းခ်မ္းေအာင္ စစ္ခ်ီႏွင့္က်ဴးယန္က စြမ္းေဆာင္ခဲ႔သေလာက္ သီကျငိမ္ေနခဲ႔ေလေတာ့ အခ်ိဳ႔ေသာနတ္ဘုရားေတြက အျမင္မၾကည္တာမ်ိဳးရွိသည္။ သို႔ေပမယ့္ သီက ထိုအခ်ိန္တုန္းက ေပါင္းသင္းဆက္ဆံေရးသိပ္ေကာင္းေတာ့ မခ်စ္ေတာ့လည္း ေအာင့္ကာနမ္းခဲ႔ရသည္ေပါ့။
စစ္ခ်ီက ေကာင္းကင္နန္းေတာ္ကိုတည္ေဆာက္ကာ သံုးေလာကကိုအုပ္ခ်ဳပ္သလို၊ က်ဴးယန္ကလည္း မ်ိဳးႏြယ္သီးသန္႕နန္းေတာ္တည္ေဆာက္သည္။ သီတစ္ေယာက္သာ ေနစရာမရွိသလိုျဖစ္ခဲ႔ရာ သူက က်န္နတ္မင္းႏွစ္ပါးထံ အဆင္ေျပသလိုလိုက္ေနသည္။ ေကာင္းကင္နန္းေတာ္မွာလည္း သီ့အတြက ္သီးသန္႕နန္းေဆာင္ကိုစစ္ခ်ီကထားေပးထားသလို၊ က်ဴးယန္ကလည္း ေရနန္းေတာ္ကို သီ့ကိုအထူးအေနနဲ႔ အျမဲ၀င္ခြင့္ျပဳထားသည္။ သူကလည္း နတ္မင္းႏွစ္ပါးကိုခင္တြယ္သည္မို႔ တစ္လွည့္ဆီေနရာ၀ယ္ တစ္ေန႕ ေကာင္းကင္တြင္နိမိတ္တစ္ခုေပၚထြန္းသည္။ ထိုေန႕တြင္ တန္ခိုးၾသဇာၾကီးမားလြန္းေသာ နတ္တစ္ပါးေပၚထြန္းေအာင္စြမ္းေဆာင္နိုင္သည္ ဟူ၍
သို႔ပါေသာ္ျငား ထိုသတင္းကိုအလွ်င္သိသူမွာ သီအားအျမင္မၾကည္သူ၊ ၾကယ္တာယာနတ္ခန္းမမွ အရာရွိတစ္ဦးျဖစ္သည့္ လင္းေလာင္ပင္။ လင္းေလာင္နတ္မင္းမွာ မၾကံစည္သင့္သည္ကိုၾကံစည္ခဲ႔သည္။ သူ႔မွာ သမီးတစ္ေယာက္ရွိသလို၊ ထိုသူမွာ လနတ္သမီးျဖစ္ရာ ယခုထိၾကင္ေဖာ္မရွိေသးသည္မို႔ သီႏွင့္ဆက္စပ္ရန္ၾကံဆသည္။ သို႔ရာတြင္ သီကသေဘာေကာင္းေသာ္လည္း အားနာတတ္သူမဟုတ္ေတာ့ စကားလမ္းေၾကာင္းေပး၍ကား မရ။ ထို႔ေၾကာင့္ သူကတစ္မ်ိဳးၾကံစည္ရေတာ့သည္။
တန္ခိုးၾကီးမားလွေသာနတ္တို႔၏ ကိုယ္သည္ပင္လွ်င ္ေဆးျဖစ္သည္ ဟု ေရွးစာလႊာေတြမွာ သူဖတ္ခဲ႔ဖူးေတာ့ သူကသာ သီ၏ ဆံခ်ည္တစ္မွ်င္ကိုရခဲ႔မည္ဆိုလွ်င္ သူ႔သမီးက သီ၏ကိုယ္၀န္ေဆာင္နိုင္မည္ ဟူ၍သူကေတြးမိသည္။
ထို႔ေၾကာင့္ သီႏွင့္စကားေျပာဟန္ေဆာင္ကာ နတ္တန္ခိုးျဖင့္ ဆံပင္အားယူေတာ့သည္။ သီကား သီသာျဖစ္သည္။ သူ႔လက္ထဲသို႔ဆံပင္ပါမလာခဲ႔ဘဲ သီ၏လက္ေ၀့ယမ္းမႈေၾကာင့္ထိုဆံပင္က ေအာက္သို႔ျပဳတ္က်သြားျပီး တိမ္စိုင္တစ္ခုမွာကပ္ျငိေနေလသည္။ သူထိတ္လန္႕စြာျဖင့္ ေကာက္ယူမည္ျပင္ေသာ္လည္း သီကသူ႔ေရွ႕ပိတ္ရပ္ကာ ေမးခြန္းတို႔ကိုေမးလာ၏။ လနတ္ဘုရားမႏွင့္ဆက္စပ္ဖို႔ဆိုေၾကာင္းလည္းသိေရာ သီ၏ျဖဴနုလြန္းကာ အျမဲျပံဳးေနတတ္ေသာမ်က္ႏွာက ခ်က္ခ်င္းနီရဲလာကာ ေငြေရာင္ဆံပင္ေတြမွာလည္း အနက္ေရာင္သို႔ေျပာင္းကုန္သလို၊ သူ႔ခႏၶာမွ မီးညႊန္႕မီးလွ်ံေတြလည္း အလွ်ံတညီးညီးထြက္လာသည္။
လင္းေလာင္မွာ ယခုမွေၾကာက္ရေကာင္းမွန္းသိေလျပီ။ သီက တိုက္ပြဲထဲ၀င္မပါခဲ႔ေတာ့ သူက သီ့ကိုအစြမ္းနည္သည္ ဟုထင္ျမင္ေနခဲ႔သလို၊ အျခားတစ္ဖက္မွာလည္း ေလာကအတြက္လိုအပ္လာလွ်င္ အသံုး၀င္ဖို႔ သီ၏မ်ိဳးဆက္ကိုလိုခ်င္ခဲ႔တာျဖစ္သည္။
တုန္ဟီးေနသည့္ ေကာင္းကင္နယ္ေျမေၾကာင့္ စစ္ခ်ီကခ်က္ခ်င္းေရာက္လာသလို၊ လႈိင္းထန္ေနေသာ သမုဒၵရာေရေတြေၾကာင့္ က်ဴးယန္က ေဒါသထြက္ကာ ေကာင္းကင္သို႔လာရာမွ သီ့အျဖစ္ကိုေတြ႕ေတာ့ သူေရာ၊စစ္ခ်ီေရာ အံ႕ၾသကုန္ရကာ လင္းေလာင္ကိုလည္း အေသသတ္ခ်င္သြားသည္။
သီရဲ႕စြမ္းအားက ေရနဲ႔ေကာင္းကင္စြမ္းအားပါ ပါ၀င္ေနတယ္လို႔ က်ဴးယန္နဲ႔စစ္ခ်ီကရိပ္မိခဲ႔ျပီးသား ထို႔ေၾကာင့္မို႔သာ သူတို႔ထက္စြမ္းအားၾကီးမွန္းသိလို႔သာ သူတို႔နယ္ေျမေတြကိုအလိုရွိတိုင္း၀င္ထြက္ခြင့္ေပးထားခဲ႔တာျဖစ္သည္။ ယခုေတာ့ အသံုးမက်တဲ႔နတ္ေၾကာင့္ သူတို႔ဒုကၡေရာက္ေတာ့မည္ထင္သည္။
" သီနတ္ဘုရား စိတ္ေလွ်ာ့ပါဦး။ အခုအေရးၾကီးတာက ဆံခ်ည္မွ်င္ကိုအျမန္ျပန္ယူဖို႔ပါ မဟုတ္လွ်င္ ... "
စစ္ခ်ီ ဆက္မေျပာေတာ့ေပမယ့္ သီကနားလည္သည္။ မဟုတ္လွ်င္... အကယ္၍ သီ၏ဆံခ်ည္မွ်င္ကသာ ထိုတိမ္စိုင္အတြင္းရွိ တစ္စံုတစ္ခုႏွင့္ထိေတြ႕လိုက္လွ်င္ ...
ထိုသို႔ေတြးမိေတာ့ သီ၏မ်က္ႏွာကမည္းသြားကာ ကိုယ္မွမီးလွ်ံေတြပိုေတာက္လာသည္။ ေကာင္းကင္နန္းေတာ္မွ သီ၏အိပ္ေဆာင္အတြင္းေရာက္ေနၾကေသာနတ္မွန္သမွ် တည္ျငိမ္စြာရပ္ဖို႔မနည္းအားထုတ္ရသည္အထိ နန္းေတာ္ၾကီးက တုန္ဟီးေနသည္။ က်ဴးယန္ကအခု သမုဒၵရာထဲမွာမဟုတ္ေသာ္လည္း ပင္လယ္ထဲမွာ လႈိင္းၾကီးေနေၾကာင္းခံစားမိေနသည္။
လက္တစ္ဖက္ကိုေ၀့ယမ္းလိုက္ေတာ့ အလြန္ၾကီးမားေသာမီးလွ်ံၾကီးထြက္သြားကာ ဆံခ်ည္မွ်င္ရွိေနသည့္တိမ္စိုင္အားထိမွန္သည္။ သီက ေဒါသထြက္ေနသျဖင့္ စြမ္းအားကိုမခ်ိန္ဆမိ၊ ထို႔ေၾကာင့္ တိမ္ေတြအမ်ားအျပား မီးေလာင္ကုန္ကာ ထိုဆံခ်ည္မွ်င္၇ွိေနသည့္တိမ္လည္းပါသြားျပီး ဆံခ်ည္မွ်င္ကေတာ့ ေအာက္ျပဳတ္က်သြားသည္။
ထိုသည္ကို က်ဴးယန္က လက္တစ္ဖက္ေျမွာက္ကာ မီးေတြကိုအျမန္ျငိမ္းသတ္လိုက္၍သာ ဆံခ်ည္မွ်င္ေအာက္သို႔က်သြားေၾကာင္းသိလိုက္ရျခင္း၊ သိသိျခင္း သီက ခုန္ဆင္းကာ အင္အားကိုေလွ်ာ့ျပီး လွမ္းဖမ္းေသာ္လည္း ဆံခ်ည္မွ်င္က ေရသို႔က်သြားသည္။ က်ဴးယန္က ဆံခ်ည္မွ်င္က်သြားေသာေနရာမွေရေတြကို ေဘးသို႔ဖယ္ထုတ္ကာ ရွာပါေသာ္လည္း ဆံခ်ည္မွ်င္ကိုမူကားမေတြ႕ရေတာ့။ ထို႔အစား သီႏွင့္ရြယ္တူ ၊ ေငြေရာင္ဆံပင္ရွည္၊ ျဖဴေဖြးကာေခ်ာေမာလြန္းေသာရုပ္ရည္ရွိသည့္ နတ္တစ္ပါးကိုသာေတြ႕လိုက္ရသည္။
စင္စစ္ သီ၏ဆံခ်ည္မွ်င္က ေသခါနီးငါးအိုမၾကီးအေပၚသို႔က်သြားခဲ႔ရာမွ ထိုနတ္မင္းကိုခ်က္ခ်င္းေမြးဖြားလာေစျပီး ငါးအိုကေတာ့ေသသြားေလသည္။
ထိုေခ်ာေမာေသာနတ္သားမွာ ထာ၀ရရွင္သန္သူအျဖစ္ႏွင့္ေမြးဖြားလာျပီး တိမ္ႏွင့္ထိေတြ႕ဖူးသည္ေၾကာင့္ ၊ ေရတြင္ေမြးသည္ေၾကာင့္ ၊ သီ၏ဆံခ်ည္မွ်င္မွျဖစ္လာသည္ေၾကာင့္ ထိုထိုအေၾကာင္းေတြေၾကာင့္ ထိုနတ္က ေကာင္းကင္စြမ္းအင္၊ ေရစြမ္းအင္ႏွင့္ မီးစြမ္းအင္တို႔ကို ေမြးကတည္းမွတတ္က်ြမ္းေလသည္။
သီကေတာ့ သာမန္ငါးအိုတစ္ေကာင္နဲ႔သူ႔ဆံခ်ည္မွ်င္က ေမြးလာတဲ႔သားကို လက္မခံနိုင္ဘဲရွိသည္။ သူက မိဘ၀မ္းမွေမြးလာခဲ႔တာမဟုတ္ေတာ့၊ မိဘေမတၱာကို သူမသိ၊ သူသိသည္က ရွက္သည္ကိုပင္။ ထို႔အျပင္ စစ္ခ်ီကိုလည္း သူေဒါသထြက္သည္။ က်ဴးယန္လိုသာ စစ္ခ်ီက တိမ္စိုင္မွသူ႔ဆံခ်ည္မွ်င္ကို ယူေပးမည္ဆိုလွ်င္ ဒီလို ငါးအိုနဲ႔ရျပီး ကေလးေမြးလာစရာအေၾကာင္းမရွိေတာ့။ သူက အားလံုးကိုေကာင္းမြန္စြာဆက္ဆံခဲ႔ေသာ္လည္း သူ႔ကိုေခ်ာက္ခ်သည့္သူႏွင့္၊ မကူညီသည့္သူႏွင့္သာ ၾကံဳေတြ႕ခဲ႔ရသည္။
သီက သားေတာ္စပ္သည့္နတ္အား တစ္ခ်က္ကေလးေတာင္မွလွည့္မၾကည့္ေပဘဲ တင္းမာသည့္မ်က္ႏွာျဖင့္ မီးေတာင္သို႔သာျပန္သြားသည္။ ေနာက္မွသိရသည္တြင္ ထိုေနရာတြင္ နန္းေတာ္ေဆာက္လိုက္သည္ ဟူ၍ ...သို႔ေသာ္ ေကာင္းကင္နန္းေတာ္ကို သူမျပန္ခင္တြင္ မီးလွ်ံေတြျဖင့္ပစ္သြားေသးသည္။ ထို႔ေၾကာင့္ နန္းေဆာင္တိုင္းနီးပါး ပ်က္စီးသြားသည္။
မ်က္ႏွာငယ္ငယ္ျဖင့္ ဟိုၾကည့္၊ဒီၾကည့္လုပ္ေနရွာေသာ နတ္အား ၾကည့္ကာစစ္ခ်ီကသက္ျပင္းခ်သည္။ ဖခင္ကိုယ္တိုင္ကအသိအမွတ္မျပဳတာမို႔ ေဘးလူကဘာမွလုပ္၍မရေပ။ ထို႔ျပင္ ထိုအခ်ိန္က အမည္မရွိေသးေသာနတ္မွာ စြမ္းအားၾကီးသည္မွန္း သူမသိခဲ႔ ထို႔ေၾကာင့္သာ ထိုနတ္အားနယ္ႏွင္ဒဏ္ေပးခဲ႔သည္။ အမွန္က သီထံမွ မ်က္ႏွာရလို၍လည္းပါသည္။ သူသီ့အေပၚ အျပစ္ျပဳမိလိုက္သည္ မဟုတ္ေလာ။
က်ဴးယန္က စြမ္းအားၾကီးေၾကာင္းကိုသိကာ ထိုနတ္အားလိုက္ရွာေသာ္ျငား မည္သို႔မွ်ရွာ၍မရခဲ႔။ ေနာက္ေတာ့ ေသမ်ိဳးနယ္ပယ္တြင္သြားလာေနရင္း အေလွာင္ခံရ၊ အေျပာင္ခံရ၊ ဖယ္ၾကဥ္ခံရျပီး လူသတ္မိကာထြက္ေျပးစဥ္ မိစာၦေခါင္းေဆာင္(ကြယ္လြန္ျပီး) ၏သမီးႏွင့္ခ်စ္ၾကိဳက္မိၾကသည္ ဟုသတင္းသဲ႔သဲ႔ၾကားေတာ့ တားျမစ္ဖို႔စစ္ခ်ီသြားခဲ႔ေပမယ့္ ထိုနတ္မွာ မိစာၦအက်င့္ကိုပါေျပာင္းက်င့္ကာ မိစာၦဘုရင္ခံယူလိုက္ျပီျဖစ္သျဖင့္ သူမတတ္နိုင္ေလေတာ့။
မိစာၦဘုရင္မွာ နတ္ေတြအားစိတ္နာလြန္းေသာေၾကာင့္ မိစာၦအင္အားကိုတိုးျမွင့္ကာ မၾကာခဏဆိုသလို ငယ္သားေတြအား နတ္ေတြထံတိုက္ခိုက္ခိုင္းေလသည္။ သီက လွည့္မၾကည့္ေသာ္ျငား မိစာၦဘုရင္ကိုအျပစ္ေပးဖို႔ စစ္ခ်ီမ၀ံ႕မရဲရွိခဲ႔သည္။ ေကာင္းကင္နန္းေတာ္ကိုျပန္ေဆာက္ျပီးသည္မွ မၾကာေသးသည္ကိုး...
ထို႔ေၾကာင့္ အရမ္းမဆိုးလာေသးသ၍ လႊတ္ထားလိုက္မည္ဟုဆံုးျဖတ္လိုက္သည္။ မိစာၦဘုရင္တြင္ သားေတာ္ကိုးပါးရွိကာ အိမ္ေရွ႕မင္းသားမွာ အငယ္ဆံုးသားျဖစ္သည္။ အကို၈ေယာက္ႏွင့္စီးခ်င္းထိုးကာအနိုင္ယူျပီးမွ ဒီဂုဏ္ပုဒ္အားရလာခဲ႔ျခင္းျဖစ္သည္။ ထိုအိမ္ေရွ႕မင္းသား၏ ဦးေဆာင္မႈျဖင့္ ေသဆံုးသြားခဲ႔ေသာနတ္ဘုရားမ်ားစြာရွိသည္။ ေျပာစကားေတြအရ ထိုအိမ္ေရွ႕မင္းသားသည္ နတ္ေတြ၏က်င့္ၾကံဆင့္အရဆို ထာ၀ရရွင္သန္သူအဆင့္ မိစာၦအရေတာ့ မေသမ်ိဳးအျဖစ္သို႔ေရာက္ေနျပီဆို၏။
" အေဖ ေခါင္းခဲေနရတာကလည္း အခုအဲ႔အိမ္ေရွ႕မင္းသားကို တစ္စံုတစ္ေယာက္ကိုဖမ္းဖို႔ မိစာၦဘုရင္က အမိန္႕ေပးလိုက္လို႔တဲ႔။ စြမ္းအားၾကီးနတ္ဘုရားတစ္ပါးလို႔ေတာ့ ငါတို႔သတင္းရထားေပမယ့္ အေဖထင္ေနတာက ဒီတစ္ေခါက္ မိစာၦဘုရင္ကိုယ္တိုင္ထြက္လာမယ္တဲ႔ေလ။ ဒါေၾကာင့္မို႔ ေသခ်ာေဆြးေႏြးေနၾကတာ။ တကယ္လို႔ မိစာၦဘုရင္ကသာ ထြက္လာမယ္ဆိုရင္ အေဖနဲ႔ စစ္ခ်ီနတ္ဘုရားကိုယ္တိုင္ထြက္ျပီး ရင္ဆိုင္ရေတာ့မွာ ။ "
က်ဴးလ်န္က အားရပါးရရွင္းျပျပီးေနာက္ သက္ျပင္းခ်သည္။ ထိုစဥ္ အခန္းတြင္း အျပာေရာင္လင္းထိန္သြားျပီး
ခႏၶာေတာင့္တင္းကာ ေရွးဆန္ဆန္ျဖင့္ခန္႕ညားလြန္းေသာ မ်က္ႏွာေသနတ္တစ္ပါးေပၚလာ၏။
" အကိုၾကီး "
----------------
ကျူးလျန်က စိတ်လျှော့လိုက်သလို သက်ပြင်းချလိုက်ပြီး ကျူးယင်ဘက်လှည့်ကာ တည်တည်ငြိမ်ငြိမ်ပြန်ထိုင်သည်။
" ကျူးစစ်ပြောသလိုပါပဲ မိစ္ဆာဘုရင်ရဲ့အကြောင်းက ရှည်တော့ရှည်တယ်။ စပြောရမယ်ဆိုရင် သီနတ်ဘုရားအကြောင်းကနေ စရမှာပဲ။ "
သုံးလောကကိုငြိမ်းချမ်းအောင် စစ်ချီနှင့်ကျူးယန်က စွမ်းဆောင်ခဲ့သလောက် သီကငြိမ်နေခဲ့လေတော့ အချို့သောနတ်ဘုရားတွေက အမြင်မကြည်တာမျိုးရှိသည်။ သို့ပေမယ့် သီက ထိုအချိန်တုန်းက ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းတော့ မချစ်တော့လည်း အောင့်ကာနမ်းခဲ့ရသည်ပေါ့။
စစ်ချီက ကောင်းကင်နန်းတော်ကိုတည်ဆောက်ကာ သုံးလောကကိုအုပ်ချုပ်သလို၊ ကျူးယန်ကလည်း မျိုးနွယ်သီးသန့်နန်းတော်တည်ဆောက်သည်။ သီတစ်ယောက်သာ နေစရာမရှိသလိုဖြစ်ခဲ့ရာ သူက ကျန်နတ်မင်းနှစ်ပါးထံ အဆင်ပြေသလိုလိုက်နေသည်။ ကောင်းကင်နန်းတော်မှာလည်း သီ့အတွက ်သီးသန့်နန်းဆောင်ကိုစစ်ချီကထားပေးထားသလို၊ ကျူးယန်ကလည်း ရေနန်းတော်ကို သီ့ကိုအထူးအနေနဲ့ အမြဲဝင်ခွင့်ပြုထားသည်။ သူကလည်း နတ်မင်းနှစ်ပါးကိုခင်တွယ်သည်မို့ တစ်လှည့်ဆီနေရာဝယ် တစ်နေ့ ကောင်းကင်တွင်နိမိတ်တစ်ခုပေါ်ထွန်းသည်။ ထိုနေ့တွင် တန်ခိုးသြဇာကြီးမားလွန်းသော နတ်တစ်ပါးပေါ်ထွန်းအောင်စွမ်းဆောင်နိုင်သည် ဟူ၍
သို့ပါသော်ငြား ထိုသတင်းကိုအလျှင်သိသူမှာ သီအားအမြင်မကြည်သူ၊ ကြယ်တာယာနတ်ခန်းမမှ အရာရှိတစ်ဦးဖြစ်သည့် လင်းလောင်ပင်။ လင်းလောင်နတ်မင်းမှာ မကြံစည်သင့်သည်ကိုကြံစည်ခဲ့သည်။ သူ့မှာ သမီးတစ်ယောက်ရှိသလို၊ ထိုသူမှာ လနတ်သမီးဖြစ်ရာ ယခုထိကြင်ဖော်မရှိသေးသည်မို့ သီနှင့်ဆက်စပ်ရန်ကြံဆသည်။ သို့ရာတွင် သီကသဘောကောင်းသော်လည်း အားနာတတ်သူမဟုတ်တော့ စကားလမ်းကြောင်းပေး၍ကား မရ။ ထို့ကြောင့် သူကတစ်မျိုးကြံစည်ရတော့သည်။
တန်ခိုးကြီးမားလှသောနတ်တို့၏ ကိုယ်သည်ပင်လျှင ်ဆေးဖြစ်သည် ဟု ရှေးစာလွှာတွေမှာ သူဖတ်ခဲ့ဖူးတော့ သူကသာ သီ၏ ဆံချည်တစ်မျှင်ကိုရခဲ့မည်ဆိုလျှင် သူ့သမီးက သီ၏ကိုယ်ဝန်ဆောင်နိုင်မည် ဟူ၍သူကတွေးမိသည်။
ထို့ကြောင့် သီနှင့်စကားပြောဟန်ဆောင်ကာ နတ်တန်ခိုးဖြင့် ဆံပင်အားယူတော့သည်။ သီကား သီသာဖြစ်သည်။ သူ့လက်ထဲသို့ဆံပင်ပါမလာခဲ့ဘဲ သီ၏လက်ဝေ့ယမ်းမှုကြောင့်ထိုဆံပင်က အောက်သို့ပြုတ်ကျသွားပြီး တိမ်စိုင်တစ်ခုမှာကပ်ငြိနေလေသည်။ သူထိတ်လန့်စွာဖြင့် ကောက်ယူမည်ပြင်သော်လည်း သီကသူ့ရှေ့ပိတ်ရပ်ကာ မေးခွန်းတို့ကိုမေးလာ၏။ လနတ်ဘုရားမနှင့်ဆက်စပ်ဖို့ဆိုကြောင်းလည်းသိရော သီ၏ဖြူနုလွန်းကာ အမြဲပြုံးနေတတ်သောမျက်နှာက ချက်ချင်းနီရဲလာကာ ငွေရောင်ဆံပင်တွေမှာလည်း အနက်ရောင်သို့ပြောင်းကုန်သလို၊ သူ့ခန္ဓာမှ မီးညွှန့်မီးလျှံတွေလည်း အလျှံတညီးညီးထွက်လာသည်။
လင်းလောင်မှာ ယခုမှကြောက်ရကောင်းမှန်းသိလေပြီ။ သီက တိုက်ပွဲထဲဝင်မပါခဲ့တော့ သူက သီ့ကိုအစွမ်းနည်သည် ဟုထင်မြင်နေခဲ့သလို၊ အခြားတစ်ဖက်မှာလည်း လောကအတွက်လိုအပ်လာလျှင် အသုံးဝင်ဖို့ သီ၏မျိုးဆက်ကိုလိုချင်ခဲ့တာဖြစ်သည်။
တုန်ဟီးနေသည့် ကောင်းကင်နယ်မြေကြောင့် စစ်ချီကချက်ချင်းရောက်လာသလို၊ လှိုင်းထန်နေသော သမုဒ္ဒရာရေတွေကြောင့် ကျူးယန်က ဒေါသထွက်ကာ ကောင်းကင်သို့လာရာမှ သီ့အဖြစ်ကိုတွေ့တော့ သူရော၊စစ်ချီရော အံ့သြကုန်ရကာ လင်းလောင်ကိုလည်း အသေသတ်ချင်သွားသည်။
သီရဲ့စွမ်းအားက ရေနဲ့ကောင်းကင်စွမ်းအားပါ ပါဝင်နေတယ်လို့ ကျူးယန်နဲ့စစ်ချီကရိပ်မိခဲ့ပြီးသား ထို့ကြောင့်မို့သာ သူတို့ထက်စွမ်းအားကြီးမှန်းသိလို့သာ သူတို့နယ်မြေတွေကိုအလိုရှိတိုင်းဝင်ထွက်ခွင့်ပေးထားခဲ့တာဖြစ်သည်။ ယခုတော့ အသုံးမကျတဲ့နတ်ကြောင့် သူတို့ဒုက္ခရောက်တော့မည်ထင်သည်။
" သီနတ်ဘုရား စိတ်လျှော့ပါဦး။ အခုအရေးကြီးတာက ဆံချည်မျှင်ကိုအမြန်ပြန်ယူဖို့ပါ မဟုတ်လျှင် ... "
စစ်ချီ ဆက်မပြောတော့ပေမယ့် သီကနားလည်သည်။ မဟုတ်လျှင်... အကယ်၍ သီ၏ဆံချည်မျှင်ကသာ ထိုတိမ်စိုင်အတွင်းရှိ တစ်စုံတစ်ခုနှင့်ထိတွေ့လိုက်လျှင် ...
ထိုသို့တွေးမိတော့ သီ၏မျက်နှာကမည်းသွားကာ ကိုယ်မှမီးလျှံတွေပိုတောက်လာသည်။ ကောင်းကင်နန်းတော်မှ သီ၏အိပ်ဆောင်အတွင်းရောက်နေကြသောနတ်မှန်သမျှ တည်ငြိမ်စွာရပ်ဖို့မနည်းအားထုတ်ရသည်အထိ နန်းတော်ကြီးက တုန်ဟီးနေသည်။ ကျူးယန်ကအခု သမုဒ္ဒရာထဲမှာမဟုတ်သော်လည်း ပင်လယ်ထဲမှာ လှိုင်းကြီးနေကြောင်းခံစားမိနေသည်။
လက်တစ်ဖက်ကိုဝေ့ယမ်းလိုက်တော့ အလွန်ကြီးမားသောမီးလျှံကြီးထွက်သွားကာ ဆံချည်မျှင်ရှိနေသည့်တိမ်စိုင်အားထိမှန်သည်။ သီက ဒေါသထွက်နေသဖြင့် စွမ်းအားကိုမချိန်ဆမိ၊ ထို့ကြောင့် တိမ်တွေအများအပြား မီးလောင်ကုန်ကာ ထိုဆံချည်မျှင်၇ှိနေသည့်တိမ်လည်းပါသွားပြီး ဆံချည်မျှင်ကတော့ အောက်ပြုတ်ကျသွားသည်။
ထိုသည်ကို ကျူးယန်က လက်တစ်ဖက်မြှောက်ကာ မီးတွေကိုအမြန်ငြိမ်းသတ်လိုက်၍သာ ဆံချည်မျှင်အောက်သို့ကျသွားကြောင်းသိလိုက်ရခြင်း၊ သိသိခြင်း သီက ခုန်ဆင်းကာ အင်အားကိုလျှော့ပြီး လှမ်းဖမ်းသော်လည်း ဆံချည်မျှင်က ရေသို့ကျသွားသည်။ ကျူးယန်က ဆံချည်မျှင်ကျသွားသောနေရာမှရေတွေကို ဘေးသို့ဖယ်ထုတ်ကာ ရှာပါသော်လည်း ဆံချည်မျှင်ကိုမူကားမတွေ့ရတော့။ ထို့အစား သီနှင့်ရွယ်တူ ၊ ငွေရောင်ဆံပင်ရှည်၊ ဖြူဖွေးကာချောမောလွန်းသောရုပ်ရည်ရှိသည့် နတ်တစ်ပါးကိုသာတွေ့လိုက်ရသည်။
စင်စစ် သီ၏ဆံချည်မျှင်က သေခါနီးငါးအိုမကြီးအပေါ်သို့ကျသွားခဲ့ရာမှ ထိုနတ်မင်းကိုချက်ချင်းမွေးဖွားလာစေပြီး ငါးအိုကတော့သေသွားလေသည်။
ထိုချောမောသောနတ်သားမှာ ထာဝရရှင်သန်သူအဖြစ်နှင့်မွေးဖွားလာပြီး တိမ်နှင့်ထိတွေ့ဖူးသည်ကြောင့် ၊ ရေတွင်မွေးသည်ကြောင့် ၊ သီ၏ဆံချည်မျှင်မှဖြစ်လာသည်ကြောင့် ထိုထိုအကြောင်းတွေကြောင့် ထိုနတ်က ကောင်းကင်စွမ်းအင်၊ ရေစွမ်းအင်နှင့် မီးစွမ်းအင်တို့ကို မွေးကတည်းမှတတ်ကျွမ်းလေသည်။
သီကတော့ သာမန်ငါးအိုတစ်ကောင်နဲ့သူ့ဆံချည်မျှင်က မွေးလာတဲ့သားကို လက်မခံနိုင်ဘဲရှိသည်။ သူက မိဘဝမ်းမှမွေးလာခဲ့တာမဟုတ်တော့၊ မိဘမေတ္တာကို သူမသိ၊ သူသိသည်က ရှက်သည်ကိုပင်။ ထို့အပြင် စစ်ချီကိုလည်း သူဒေါသထွက်သည်။ ကျူးယန်လိုသာ စစ်ချီက တိမ်စိုင်မှသူ့ဆံချည်မျှင်ကို ယူပေးမည်ဆိုလျှင် ဒီလို ငါးအိုနဲ့ရပြီး ကလေးမွေးလာစရာအကြောင်းမရှိတော့။ သူက အားလုံးကိုကောင်းမွန်စွာဆက်ဆံခဲ့သော်လည်း သူ့ကိုချောက်ချသည့်သူနှင့်၊ မကူညီသည့်သူနှင့်သာ ကြုံတွေ့ခဲ့ရသည်။
သီက သားတော်စပ်သည့်နတ်အား တစ်ချက်ကလေးတောင်မှလှည့်မကြည့်ပေဘဲ တင်းမာသည့်မျက်နှာဖြင့် မီးတောင်သို့သာပြန်သွားသည်။ နောက်မှသိရသည်တွင် ထိုနေရာတွင် နန်းတော်ဆောက်လိုက်သည် ဟူ၍ ...သို့သော် ကောင်းကင်နန်းတော်ကို သူမပြန်ခင်တွင် မီးလျှံတွေဖြင့်ပစ်သွားသေးသည်။ ထို့ကြောင့် နန်းဆောင်တိုင်းနီးပါး ပျက်စီးသွားသည်။
မျက်နှာငယ်ငယ်ဖြင့် ဟိုကြည့်၊ဒီကြည့်လုပ်နေရှာသော နတ်အား ကြည့်ကာစစ်ချီကသက်ပြင်းချသည်။ ဖခင်ကိုယ်တိုင်ကအသိအမှတ်မပြုတာမို့ ဘေးလူကဘာမှလုပ်၍မရပေ။ ထို့ပြင် ထိုအချိန်က အမည်မရှိသေးသောနတ်မှာ စွမ်းအားကြီးသည်မှန်း သူမသိခဲ့ ထို့ကြောင့်သာ ထိုနတ်အားနယ်နှင်ဒဏ်ပေးခဲ့သည်။ အမှန်က သီထံမှ မျက်နှာရလို၍လည်းပါသည်။ သူသီ့အပေါ် အပြစ်ပြုမိလိုက်သည် မဟုတ်လော။
ကျူးယန်က စွမ်းအားကြီးကြောင်းကိုသိကာ ထိုနတ်အားလိုက်ရှာသော်ငြား မည်သို့မျှရှာ၍မရခဲ့။ နောက်တော့ သေမျိုးနယ်ပယ်တွင်သွားလာနေရင်း အလှောင်ခံရ၊ အပြောင်ခံရ၊ ဖယ်ကြဉ်ခံရပြီး လူသတ်မိကာထွက်ပြေးစဉ် မိစ္ဆာခေါင်းဆောင်(ကွယ်လွန်ပြီး) ၏သမီးနှင့်ချစ်ကြိုက်မိကြသည် ဟုသတင်းသဲ့သဲ့ကြားတော့ တားမြစ်ဖို့စစ်ချီသွားခဲ့ပေမယ့် ထိုနတ်မှာ မိစ္ဆာအကျင့်ကိုပါပြောင်းကျင့်ကာ မိစ္ဆာဘုရင်ခံယူလိုက်ပြီဖြစ်သဖြင့် သူမတတ်နိုင်လေတော့။
မိစ္ဆာဘုရင်မှာ နတ်တွေအားစိတ်နာလွန်းသောကြောင့် မိစ္ဆာအင်အားကိုတိုးမြှင့်ကာ မကြာခဏဆိုသလို ငယ်သားတွေအား နတ်တွေထံတိုက်ခိုက်ခိုင်းလေသည်။ သီက လှည့်မကြည့်သော်ငြား မိစ္ဆာဘုရင်ကိုအပြစ်ပေးဖို့ စစ်ချီမဝံ့မရဲရှိခဲ့သည်။ ကောင်းကင်နန်းတော်ကိုပြန်ဆောက်ပြီးသည်မှ မကြာသေးသည်ကိုး...
ထို့ကြောင့် အရမ်းမဆိုးလာသေးသ၍ လွှတ်ထားလိုက်မည်ဟုဆုံးဖြတ်လိုက်သည်။ မိစ္ဆာဘုရင်တွင် သားတော်ကိုးပါးရှိကာ အိမ်ရှေ့မင်းသားမှာ အငယ်ဆုံးသားဖြစ်သည်။ အကို၈ယောက်နှင့်စီးချင်းထိုးကာအနိုင်ယူပြီးမှ ဒီဂုဏ်ပုဒ်အားရလာခဲ့ခြင်းဖြစ်သည်။ ထိုအိမ်ရှေ့မင်းသား၏ ဦးဆောင်မှုဖြင့် သေဆုံးသွားခဲ့သောနတ်ဘုရားများစွာရှိသည်။ ပြောစကားတွေအရ ထိုအိမ်ရှေ့မင်းသားသည် နတ်တွေ၏ကျင့်ကြံဆင့်အရဆို ထာဝရရှင်သန်သူအဆင့် မိစ္ဆာအရတော့ မသေမျိုးအဖြစ်သို့ရောက်နေပြီဆို၏။
" အဖေ ခေါင်းခဲနေရတာကလည်း အခုအဲ့အိမ်ရှေ့မင်းသားကို တစ်စုံတစ်ယောက်ကိုဖမ်းဖို့ မိစ္ဆာဘုရင်က အမိန့်ပေးလိုက်လို့တဲ့။ စွမ်းအားကြီးနတ်ဘုရားတစ်ပါးလို့တော့ ငါတို့သတင်းရထားပေမယ့် အဖေထင်နေတာက ဒီတစ်ခေါက် မိစ္ဆာဘုရင်ကိုယ်တိုင်ထွက်လာမယ်တဲ့လေ။ ဒါကြောင့်မို့ သေချာဆွေးနွေးနေကြတာ။ တကယ်လို့ မိစ္ဆာဘုရင်ကသာ ထွက်လာမယ်ဆိုရင် အဖေနဲ့ စစ်ချီနတ်ဘုရားကိုယ်တိုင်ထွက်ပြီး ရင်ဆိုင်ရတော့မှာ ။ "
ကျူးလျန်က အားရပါးရရှင်းပြပြီးနောက် သက်ပြင်းချသည်။ ထိုစဉ် အခန်းတွင်း အပြာရောင်လင်းထိန်သွားပြီး
ခန္ဓာတောင့်တင်းကာ ရှေးဆန်ဆန်ဖြင့်ခန့်ညားလွန်းသော မျက်နှာသေနတ်တစ်ပါးပေါ်လာ၏။
" အကိုကြီး "
----------------