အခန္းက်ယ္ၾကီးရွိသည္ကိုမွ က်ဴးယင္အေရွ႕တြင္သာ မ်က္စိမူးေလာက္ေအာင္ ေခါင္တံု႕ေခါက္ျပန္ေလွ်ာက္အျပီး၊ ကုတင္စြန္းတြင္ ျပန္၀င္ထိုင္ၾကသည့္အကိုႏွစ္ေယာက္၊ သူတို႔အားလိုက္ၾကည့္ေနခဲ႔သည့္ က်ဴးယင္မွာသာ ဇက္ေညာင္းသလိုလို၊ အေၾကာတက္သလိုလိုျဖစ္သြားရသည္။ ဇက္ပိုးကို လက္တစ္ဖက္ျဖင့္ႏွိပ္ရင္း တစ္စံုတစ္ခုေျပာေတာ့မည့္ဟန္ ျပင္ေနသည့္က်ဴးလ်န္ေၾကာင့္ က်ဴးယင္ျငိမ္ျငိမ္ေလးသာေနေနလိုက္သည္။
သက္ျပင္းတစ္ခ်က္ခ်အျပီး က်ဴးလ်န္၏အသံကထြက္လာသည္။
" ေရွာင္ယင္ေလးရဲ႕ကံၾကမၼာက ေက်ာက္စာတိုင္ကအတိုင္း တကယ္ျဖစ္လာမွာမ်ားလား။ "
ဤစကားကိုက်ဴးစစ္က ေထာက္ခံခ်င္ပံုမရဘဲ ေခါင္းတသြင္သြင္ခါရင္း
" မျဖစ္ရပါဘူး။ ငါတို႔ေရွာင္ယင္ေလးက သူမ်ားရဲ႕ၾကင္ယာေတာ္လုပ္စရာလား"
" ငါကေရာ လုပ္ေစခ်င္မလား။ အဲ႔ဒိကိစၥက ဘယ္ေတာ့မွျဖစ္မလာေစရဘူး။ ငါအေဖ့ကိုေျပာလိုက္မယ္ ေကာင္းကင္နန္းေတာ္ကေန ဘယ္သူ႔ကိုမွ ေရနန္းေတာ္ထဲေခ်မခိုင္းပါနဲ႔လို႔..... "
" ငါလည္း အကိုၾကီးကို ေျပာလိုက္မယ္။ အကိုၾကီးစကားဆို အေဖအမိန္႕နဲ႔မျခားဘူးမလား"
" က်ြန္ေတာ္က ဘယ္သူ႔ၾကင္ယာေတာ္ျဖစ္မွာမို႔လို႔လဲ ။"
ၾကင္ယာေတာ္ဆိုသည္မွာ ေယာက်ၤားကိုေျပာသည္မွန္းသူနားလည္ပါသည္။ ဆိုေတာ့ကာ သူ႔ကိုမိန္းမေပးစားၾကေတာ့မည့္ ဟန္ရွိသည္။ အဲ မဟုတ္ေသး အကိုေတြ၏ တည္တင္းေနေသာမ်က္ႏွာထား၊ သူ႔အေမးကို မ်က္ေမွာင္က်ံဳ႕ကာၾကည့္လာေသာ ဟန္ေတြအရ ေပးစားခ်င္ပံုမရသည္မွန္း ေသခ်ာလိုက္ရသည္။
" မင္းက ဘာလို႔ေမးတာလဲ။ ဒီကိစၥကို ေယာင္လို႔ေတာင္မေတြးနဲ႔။ ဒီမွာ ေရွာင္ယင္ ငါတို႔အကိုၾကီး ၾကင္ယာေတာ္မရေသးသ၍ မင္းလည္းရမယ္မထင္နဲ႔"
က်ဴးစစ္၏အာဏာသံကို က်ဴးလ်န္၏ေထာက္ခံမႈကေသခ်ာေစသည္။
" အကိုၾကီးက ဘယ္ေတာ့မွ အိမ္ေထာင္မျပဳဖူးတဲ႔"ဟူ၍
က်ဴးယင္ နားလည္သလို ေခါင္းျငိမ့္ျပေတာ့မွ ေခ်ာေမာလွတဲ႔အကိုေတြ၏ရုပ္ရည္ကိုျပန္ရသည္။ အေစာကဆိုလွ်င္ တည္တင္းေနကာ သတ္ျဖတ္ေတာ့မည့္ အရွိန္အ၀ါေတြပါထြက္ေနေတာ့ သူ႔အကိုေတြမွဟုတ္ရဲ႕လားလို႔ သူ႕မွာေတြးမိေသးသည္။....
က်ဴးလ်န္ကထရပ္ကာ တံခါးနားသို႔လွ်ပ္တျပက္ေရာက္သြားျပီး လက္တစ္ခ်က္ေ၀့ကာဖြင့္လ်က္
" စစ္၀ူရွဲ႕ကိုျပန္ေျပာလိုက္ ငါ ဒုတိယမင္းသားက ေရွာင္ယင့္ကိုဘယ္မွ မလႊတ္ဘူး လို႔ ... ျပီးေတာ့ ဘာျပန္စာမွလာျပန္မေျပာနဲ႔ ေကာင္းကင္နန္းေတာ္ကလူေတြ ေရနန္းေတာ္ကို၀င္ခြင့္မေပးနဲ႔ေတာ့"
" ဟုတ္ကဲ႔ "
သူလာစဥ္က အကိုေတာ္ေတြက လာေခၚခဲ႔တာမို႔ ဒီမွာ အေစခံေတြမရွိေလာက္ဘူးထင္ေနခဲ႔သည္ကို၊ အခု အသံၾကားရေတာ့ အိပ္ယာေပၚခပ္ေလ်ာ့ေလ်ာ့ထိုင္ေနရာမွ လည္ကိုဆန္႔ျပီး တံခါးဘက္ၾကည့္မိသည္၊ သို႔ပါေသာ္ျငား က်ဴးစစ္က ေရွ႕မွ၀င္ကြယ္သည္မို႔ ဇက္ပုျပီး ျပန္ထိုင္ေနလိုက္ရသည္။
က်ဴးစစ္က သူ႔အားမ်က္လံုးေမွးကာ ၾကည့္ေနရင္း အိပ္ယာစြန္းတြင္ျပန္၀င္ထိုင္သည္။
ဒီအကိုေတြက သူ႔အားအရမ္းကို ခ်ဳပ္ခ်ယ္လြန္းေနသည္။ ဒါက အကိုေတြခ်စ္တတ္တဲ႔ပံုစံလား
က်ဴးလ်န္က လက္တစ္ခ်က္ေ၀့ကာ တံခါးကိုျပန္ပိတ္ရင္း လက္ေတြေနာက္ပစ္လ်က္ အိပ္ယာဘက္ေလွ်ာက္လာသည္။ ယပ္ေတာင္ကိုကား မေတြ႔ရေတာ့...
" ငါ အေဖ့ဆီက အမိန္႕ရတယ္။ အေဖက ေကာင္းကင္မင္းၾကီး စစ္ခ်ီ၊ နဥ္နဲ႔ အျခားအေရးပါတဲ႔နတ္ဘုရားေတြနဲ႔အတူ မိစာၦဘုရင္အေၾကာင္းေဆြးေႏြးေနတယ္တဲ႔"
သူ႔ေရွ႕ကေန ဘယ္မွမသြားသလို၊ ဘယ္သူ႔ဆီကမွ ဘာအေၾကာင္းၾကားစာမွမေရာက္လာခဲ႔ဘဲ အေဖဆီကအမိန္႕ရတယ္ ဟု က်ဴးလ်န္ကေျပာေနသည္၊ သူက မည္သို႔ယံုရမည္လဲ။ သူဘာမွမသိဘူးဆိုေပမယ့္ ဒီေလာက္ကေတာ့ ေတြးဆနိုင္ပါေသးသည္၊ ဒီအကိုလ်န္ဟာ သူ႔ကိုအေတာ္အထင္ေသးေနသည္ပဲ
သူ႔မ်က္ႏွာက မယံုၾကည္ဟန္ကိုျမင္ေတာ့ က်ဴးလ်န္က မ်က္ခံုးပင့္သည္။
" မ်က္ႏွာက ... အဲ႔ဒါ ဘာေျပာခ်င္တာလဲ ။ ငါတို႔နတ္ဘုရားေတြက စိတ္ခ်င္းဆက္သြယ္နိုင္တယ္ဆိုတာကိုပါ မင္းေမ့ေနတာလား"
ခပ္ဖြဖြသာ သူ႔မ်က္ႏွာအား လက္ျဖင့္အသာဆြဲညွစ္ေသာ္လည္း သူကေတာ့ နာသြားရသည္မို႔ ေရွာင္ဖယ္ေတာ့မွ လႊတ္ေပးသည္။ စိတ္ခ်င္းဆက္သြယ္တာလား သူက နတ္ဘုရားမွမဟုတ္တာ ဘယ္သိမွာလဲ
က်ဴးစစ္က မ်က္လံုးျပဴးကာ က်ဴးလ်န္ကိုမ်က္ေမွာင္က်ံဳ႕ၾကည့္ျပီး သူ႔မ်က္ႏွာအား လက္ႏွစ္ဖက္ျဖင့္ ခပ္ေျဖးေျဖး လာပင့္ၾကည့္သည္။
" က်ဴးလ်န္ရာ ေရွာင္ယင္ေလးက အရမ္းနုနယ္တာကြ။ မင္းလုပ္တာၾကည့္စမ္း ပါးႏွစ္ဖက္မွာနီရဲသြားျပီ ။ ငါမင္းကို အကိုၾကီးနဲ႔ တိုင္မယ္"
အစပထမက က်ဴးလ်န္က က်ဴးယင္အား အသည္းယားစြာမ်က္ႏွာကိုဖိညွစ္ျပီး နဂိုအတိုင္း တည္တည္ျငိမ္ျငိမ္ျပန္ထိုင္ေနရာမွ က်ဴးစစ္၏ အရိုေသတန္သည့္အသံုးအႏႈန္းေတြနဲ႔ စကားေၾကာင့္ ခပ္ေတာင့္ေတာင့္ျဖစ္သြားသည္။ သူ႔အနားသို႔လည္း ပိုတိုးကပ္ျပီး မ်က္ႏွာကိုလာစစ္ေဆးသည္။
" က်ဴးစစ္ရာ မင္းကလည္း အကိုၾကီးကိုေတာ့ မတိုင္ပါနဲ႔၊ သူ႔ကေလးေလးကို နည္းနည္းထိတာေတာင္မၾကိဳက္တာကို ။ ငါကလည္း ေရွာင္ယင္ေလးကို အသည္းယားလြန္းလို႔ပါ ၊ ေျပာရရင္ ငါကလည္း သူ႔အကိုပါပဲ မင္းထက္ေတာင္ ငါကပိုခ်စ္တတ္ေသးတယ္"
" ငါ့ထက္ပိုခ်စ္တယ္ ေနပါကြာ။ မင္းငါ့ထက္ အသက္ၾကီးတိုင္း ေရွာင္ယင့္ကိုပိုခ်စ္လို႔ရမယ္လို႔ထင္ျပီး အာဏာလာျပမေနနဲ႔။ ငါ အကုိၾကီးကိုမယွဥ္နိုင္ေပမယ့္ က်ဴးလ်န္ ငါမင္းကိုေတာ့ ယွဥ္နိုင္ေသးတယ္။ အမွန္ဆို ေရွာင္ယင္က ငါနဲ႔ပိုနီးစပ္တာ။ "
" ငါ မင္းကိုမထိန္းခဲ႔ရေပမယ့္ မင္းငါ့ထက္ ႏွစ္၁၀၀၀ငယ္တာက ငယ္တာပဲ။ အပိုေတြဆိုမေနနဲ႔ ငါကသာ ေရွာင္ယင္နဲ႔ပိုနီးစပ္တာ။ မင္း ထာ၀ရရွင္သန္သူအဆင့္ေရာက္ေနတဲ႔အခ်ိန္မွာ ငါကနတ္ဘုရားျဖစ္ေနျပီ။ ဒီေတာ့ ငါက ေရွာင္ယင္နဲ႔အၾကာၾကီးအတူတူရွိေပးနိုင္တယ္ ၊ ငါနဲ႔ပိုနီးစပ္တယ္"
က်ဴးလ်န္က ပံုမွန္ဆိုလွ်င္ က်ဴးစစ္ႏွင့္စကားနိုင္မလုတတ္ေသာ္ျငား၊ ယခုေတာ့ ခြန္းတံု႔မက်န္ ျပန္ခံေျပာေနသည္။
က်ဴးစစ္ကလည္း ယခင္လို အကိုတပ္ကာေခၚမေနဘဲ မင္းနဲ႔ငါျဖင့္သံုးေနသည္။
" အဲ႔ဒိတုန္းက ငါကအကိုၾကီးဆီမွာ ပညာသင္ေနရတာေလ မင္းက အားေနတာကိုး။ ဘာပဲျဖစ္ျဖစ္ ငါနတ္ဘုရားျဖစ္ျပီးေနာက္ပိုင္း ေရွာင္ယင့္အနားက ခြာခဲ႔တာမွမဟုတ္တာ ... ဒီေတာ့ ငါနဲ႔ ပိုနီးစပ္တာ"
" က်ဴးစစ္ မင္းကငါ့ထက္ အငယ္ေနာ္။ ငါက ဒါဆိုရင္ မင္းက ဟိုဟာမေျပာနဲ႔။ ငါအကိုၾကီးကို သြားတိုင္ရမလား"
" တိုင္ေလ ။ ငါက အေမ့ကို သြားတိုင္မယ္။ "
ရန္ျဖစ္ေတာ့မည့္အကိုေတြၾကား က်ဴးယင္မွာ က်ဴးလ်န္ကိုၾကည့္လိုက္၊ က်ဴးစစ္ကိုၾကည့္လိုက္နဲ႔ ေျဖေနသည္။ သူ ၀င္ဆြဲရေတာ့မည္လား၊ ဘယ္သူ႔ဘက္က ၀င္ဆြဲရမည္လဲ
" အကိုတို႔ အေဖတို႔ေဆြးေႏြးေနတဲ႔ မိစာၦဘုရင္အေၾကာင္းေလး ေျပာျပပါလား"
သူစကားလမ္းေၾကာင္းလႊဲတာထိေရာက္သည္ထင့္ အၾကည့္ခ်င္းျပိဳင္ေနၾကေသာအကိုႏွစ္ေယာက္မွာ အလုအယက္ျဖင့္ မိစာၦဘုရင္အေၾကာင္းေျပာခ်င္သည့္ဟန္ ေျပာင္းသြားၾကသည္။
က်ဴးလ်န္က ယပ္ေတာင္ကိုဘယ္ကထုတ္လိုက္မွန္းမသိဘဲ တဖန္ တည္တည္ျငိမ္ျငိမ္ျဖင့္ တစ္ဖ်က္ဖ်က္ယပ္ခတ္ရင္း စကားစမည္အျပဳ သြက္လက္သည့္က်ဴးစစ္က အလွ်င္ေျပာသည္။
" မိစာၦဘုရင္ဆိုတာက အင္းေျပာရရင္ေတာ့ ရွည္သကြ။ အကိုလ်န္ပဲ ေျပာလိုက္ေတာ့"
က်ဴးစစ္က ေျပာေနေတာ့ က်ဴးလ်န္ကစကားလံုးေတြျပန္ျမိဳခ်လိုက္ျပီး မ်က္လႊာခ်ကာျဖင့္ ေျခေထာက္ေတြကိုပါ အိပ္ယာေပၚတင္သည့္ ထိုင္ဟန္သို႔ ေျပာင္းသည္။ သို႔ေပသိ က်ဴးစစ္က တမင္ေနွာင့္မွန္းလည္းသိေရာ မ်က္လံုးေတြကိုေမွးျပီး က်ဴးစစ္အားၾကည့္သည္။ က်ဴးယင္သာ အျမင္မမွားဘူးဆိုလွ်င္ က်ဴးလ်န္၏ကိုယ္မွ အျပာေရာင္ခပ္၀ါး၀ါးအလင္းေတြကို ျမင္ေနရသည္ေပ။
------------
အခန်းကျယ်ကြီးရှိသည်ကိုမှ ကျူးယင်အရှေ့တွင်သာ မျက်စိမူးလောက်အောင် ခေါင်တုံ့ခေါက်ပြန်လျှောက်အပြီး၊ ကုတင်စွန်းတွင် ပြန်ဝင်ထိုင်ကြသည့်အကိုနှစ်ယောက်၊ သူတို့အားလိုက်ကြည့်နေခဲ့သည့် ကျူးယင်မှာသာ ဇက်ညောင်းသလိုလို၊ အကြောတက်သလိုလိုဖြစ်သွားရသည်။ ဇက်ပိုးကို လက်တစ်ဖက်ဖြင့်နှိပ်ရင်း တစ်စုံတစ်ခုပြောတော့မည့်ဟန် ပြင်နေသည့်ကျူးလျန်ကြောင့် ကျူးယင်ငြိမ်ငြိမ်လေးသာနေနေလိုက်သည်။
သက်ပြင်းတစ်ချက်ချအပြီး ကျူးလျန်၏အသံကထွက်လာသည်။
" ရှောင်ယင်လေးရဲ့ကံကြမ္မာက ကျောက်စာတိုင်ကအတိုင်း တကယ်ဖြစ်လာမှာများလား။ "
ဤစကားကိုကျူးစစ်က ထောက်ခံချင်ပုံမရဘဲ ခေါင်းတသွင်သွင်ခါရင်း
" မဖြစ်ရပါဘူး။ ငါတို့ရှောင်ယင်လေးက သူများရဲ့ကြင်ယာတော်လုပ်စရာလား"
" ငါကရော လုပ်စေချင်မလား။ အဲ့ဒိကိစ္စက ဘယ်တော့မှဖြစ်မလာစေရဘူး။ ငါအဖေ့ကိုပြောလိုက်မယ် ကောင်းကင်နန်းတော်ကနေ ဘယ်သူ့ကိုမှ ရေနန်းတော်ထဲချေမခိုင်းပါနဲ့လို့..... "
" ငါလည်း အကိုကြီးကို ပြောလိုက်မယ်။ အကိုကြီးစကားဆို အဖေအမိန့်နဲ့မခြားဘူးမလား"
" ကျွန်တော်က ဘယ်သူ့ကြင်ယာတော်ဖြစ်မှာမို့လို့လဲ ။"
ကြင်ယာတော်ဆိုသည်မှာ ယောကျၤားကိုပြောသည်မှန်းသူနားလည်ပါသည်။ ဆိုတော့ကာ သူ့ကိုမိန်းမပေးစားကြတော့မည့် ဟန်ရှိသည်။ အဲ မဟုတ်သေး အကိုတွေ၏ တည်တင်းနေသောမျက်နှာထား၊ သူ့အမေးကို မျက်မှောင်ကျုံ့ကာကြည့်လာသော ဟန်တွေအရ ပေးစားချင်ပုံမရသည်မှန်း သေချာလိုက်ရသည်။
" မင်းက ဘာလို့မေးတာလဲ။ ဒီကိစ္စကို ယောင်လို့တောင်မတွေးနဲ့။ ဒီမှာ ရှောင်ယင် ငါတို့အကိုကြီး ကြင်ယာတော်မရသေးသ၍ မင်းလည်းရမယ်မထင်နဲ့"
ကျူးစစ်၏အာဏာသံကို ကျူးလျန်၏ထောက်ခံမှုကသေချာစေသည်။
" အကိုကြီးက ဘယ်တော့မှ အိမ်ထောင်မပြုဖူးတဲ့"ဟူ၍
ကျူးယင် နားလည်သလို ခေါင်းငြိမ့်ပြတော့မှ ချောမောလှတဲ့အကိုတွေ၏ရုပ်ရည်ကိုပြန်ရသည်။ အစောကဆိုလျှင် တည်တင်းနေကာ သတ်ဖြတ်တော့မည့် အရှိန်အဝါတွေပါထွက်နေတော့ သူ့အကိုတွေမှဟုတ်ရဲ့လားလို့ သူ့မှာတွေးမိသေးသည်။....
ကျူးလျန်ကထရပ်ကာ တံခါးနားသို့လျှပ်တပြက်ရောက်သွားပြီး လက်တစ်ချက်ဝေ့ကာဖွင့်လျက်
" စစ်ဝူရှဲ့ကိုပြန်ပြောလိုက် ငါ ဒုတိယမင်းသားက ရှောင်ယင့်ကိုဘယ်မှ မလွှတ်ဘူး လို့ ... ပြီးတော့ ဘာပြန်စာမှလာပြန်မပြောနဲ့ ကောင်းကင်နန်းတော်ကလူတွေ ရေနန်းတော်ကိုဝင်ခွင့်မပေးနဲ့တော့"
" ဟုတ်ကဲ့ "
သူလာစဉ်က အကိုတော်တွေက လာခေါ်ခဲ့တာမို့ ဒီမှာ အစေခံတွေမရှိလောက်ဘူးထင်နေခဲ့သည်ကို၊ အခု အသံကြားရတော့ အိပ်ယာပေါ်ခပ်လျော့လျော့ထိုင်နေရာမှ လည်ကိုဆန့်ပြီး တံခါးဘက်ကြည့်မိသည်၊ သို့ပါသော်ငြား ကျူးစစ်က ရှေ့မှဝင်ကွယ်သည်မို့ ဇက်ပုပြီး ပြန်ထိုင်နေလိုက်ရသည်။
ကျူးစစ်က သူ့အားမျက်လုံးမှေးကာ ကြည့်နေရင်း အိပ်ယာစွန်းတွင်ပြန်ဝင်ထိုင်သည်။
ဒီအကိုတွေက သူ့အားအရမ်းကို ချုပ်ချယ်လွန်းနေသည်။ ဒါက အကိုတွေချစ်တတ်တဲ့ပုံစံလား
ကျူးလျန်က လက်တစ်ချက်ဝေ့ကာ တံခါးကိုပြန်ပိတ်ရင်း လက်တွေနောက်ပစ်လျက် အိပ်ယာဘက်လျှောက်လာသည်။ ယပ်တောင်ကိုကား မတွေ့ရတော့...
" ငါ အဖေ့ဆီက အမိန့်ရတယ်။ အဖေက ကောင်းကင်မင်းကြီး စစ်ချီ၊ နဉ်နဲ့ အခြားအရေးပါတဲ့နတ်ဘုရားတွေနဲ့အတူ မိစ္ဆာဘုရင်အကြောင်းဆွေးနွေးနေတယ်တဲ့"
သူ့ရှေ့ကနေ ဘယ်မှမသွားသလို၊ ဘယ်သူ့ဆီကမှ ဘာအကြောင်းကြားစာမှမရောက်လာခဲ့ဘဲ အဖေဆီကအမိန့်ရတယ် ဟု ကျူးလျန်ကပြောနေသည်၊ သူက မည်သို့ယုံရမည်လဲ။ သူဘာမှမသိဘူးဆိုပေမယ့် ဒီလောက်ကတော့ တွေးဆနိုင်ပါသေးသည်၊ ဒီအကိုလျန်ဟာ သူ့ကိုအတော်အထင်သေးနေသည်ပဲ
သူ့မျက်နှာက မယုံကြည်ဟန်ကိုမြင်တော့ ကျူးလျန်က မျက်ခုံးပင့်သည်။
" မျက်နှာက ... အဲ့ဒါ ဘာပြောချင်တာလဲ ။ ငါတို့နတ်ဘုရားတွေက စိတ်ချင်းဆက်သွယ်နိုင်တယ်ဆိုတာကိုပါ မင်းမေ့နေတာလား"
ခပ်ဖွဖွသာ သူ့မျက်နှာအား လက်ဖြင့်အသာဆွဲညှစ်သော်လည်း သူကတော့ နာသွားရသည်မို့ ရှောင်ဖယ်တော့မှ လွှတ်ပေးသည်။ စိတ်ချင်းဆက်သွယ်တာလား သူက နတ်ဘုရားမှမဟုတ်တာ ဘယ်သိမှာလဲ
ကျူးစစ်က မျက်လုံးပြူးကာ ကျူးလျန်ကိုမျက်မှောင်ကျုံ့ကြည့်ပြီး သူ့မျက်နှာအား လက်နှစ်ဖက်ဖြင့် ခပ်ဖြေးဖြေး လာပင့်ကြည့်သည်။
" ကျူးလျန်ရာ ရှောင်ယင်လေးက အရမ်းနုနယ်တာကွ။ မင်းလုပ်တာကြည့်စမ်း ပါးနှစ်ဖက်မှာနီရဲသွားပြီ ။ ငါမင်းကို အကိုကြီးနဲ့ တိုင်မယ်"
အစပထမက ကျူးလျန်က ကျူးယင်အား အသည်းယားစွာမျက်နှာကိုဖိညှစ်ပြီး နဂိုအတိုင်း တည်တည်ငြိမ်ငြိမ်ပြန်ထိုင်နေရာမှ ကျူးစစ်၏ အရိုသေတန်သည့်အသုံးအနှုန်းတွေနဲ့ စကားကြောင့် ခပ်တောင့်တောင့်ဖြစ်သွားသည်။ သူ့အနားသို့လည်း ပိုတိုးကပ်ပြီး မျက်နှာကိုလာစစ်ဆေးသည်။
" ကျူးစစ်ရာ မင်းကလည်း အကိုကြီးကိုတော့ မတိုင်ပါနဲ့၊ သူ့ကလေးလေးကို နည်းနည်းထိတာတောင်မကြိုက်တာကို ။ ငါကလည်း ရှောင်ယင်လေးကို အသည်းယားလွန်းလို့ပါ ၊ ပြောရရင် ငါကလည်း သူ့အကိုပါပဲ မင်းထက်တောင် ငါကပိုချစ်တတ်သေးတယ်"
" ငါ့ထက်ပိုချစ်တယ် နေပါကွာ။ မင်းငါ့ထက် အသက်ကြီးတိုင်း ရှောင်ယင့်ကိုပိုချစ်လို့ရမယ်လို့ထင်ပြီး အာဏာလာပြမနေနဲ့။ ငါ အကိုကြီးကိုမယှဉ်နိုင်ပေမယ့် ကျူးလျန် ငါမင်းကိုတော့ ယှဉ်နိုင်သေးတယ်။ အမှန်ဆို ရှောင်ယင်က ငါနဲ့ပိုနီးစပ်တာ။ "
" ငါ မင်းကိုမထိန်းခဲ့ရပေမယ့် မင်းငါ့ထက် နှစ်၁၀၀၀ငယ်တာက ငယ်တာပဲ။ အပိုတွေဆိုမနေနဲ့ ငါကသာ ရှောင်ယင်နဲ့ပိုနီးစပ်တာ။ မင်း ထာဝရရှင်သန်သူအဆင့်ရောက်နေတဲ့အချိန်မှာ ငါကနတ်ဘုရားဖြစ်နေပြီ။ ဒီတော့ ငါက ရှောင်ယင်နဲ့အကြာကြီးအတူတူရှိပေးနိုင်တယ် ၊ ငါနဲ့ပိုနီးစပ်တယ်"
ကျူးလျန်က ပုံမှန်ဆိုလျှင် ကျူးစစ်နှင့်စကားနိုင်မလုတတ်သော်ငြား၊ ယခုတော့ ခွန်းတုံ့မကျန် ပြန်ခံပြောနေသည်။
ကျူးစစ်ကလည်း ယခင်လို အကိုတပ်ကာခေါ်မနေဘဲ မင်းနဲ့ငါဖြင့်သုံးနေသည်။
" အဲ့ဒိတုန်းက ငါကအကိုကြီးဆီမှာ ပညာသင်နေရတာလေ မင်းက အားနေတာကိုး။ ဘာပဲဖြစ်ဖြစ် ငါနတ်ဘုရားဖြစ်ပြီးနောက်ပိုင်း ရှောင်ယင့်အနားက ခွာခဲ့တာမှမဟုတ်တာ ... ဒီတော့ ငါနဲ့ ပိုနီးစပ်တာ"
" ကျူးစစ် မင်းကငါ့ထက် အငယ်နော်။ ငါက ဒါဆိုရင် မင်းက ဟိုဟာမပြောနဲ့။ ငါအကိုကြီးကို သွားတိုင်ရမလား"
" တိုင်လေ ။ ငါက အမေ့ကို သွားတိုင်မယ်။ "
ရန်ဖြစ်တော့မည့်အကိုတွေကြား ကျူးယင်မှာ ကျူးလျန်ကိုကြည့်လိုက်၊ ကျူးစစ်ကိုကြည့်လိုက်နဲ့ ဖြေနေသည်။ သူ ဝင်ဆွဲရတော့မည်လား၊ ဘယ်သူ့ဘက်က ဝင်ဆွဲရမည်လဲ
" အကိုတို့ အဖေတို့ဆွေးနွေးနေတဲ့ မိစ္ဆာဘုရင်အကြောင်းလေး ပြောပြပါလား"
သူစကားလမ်းကြောင်းလွှဲတာထိရောက်သည်ထင့် အကြည့်ချင်းပြိုင်နေကြသောအကိုနှစ်ယောက်မှာ အလုအယက်ဖြင့် မိစ္ဆာဘုရင်အကြောင်းပြောချင်သည့်ဟန် ပြောင်းသွားကြသည်။
ကျူးလျန်က ယပ်တောင်ကိုဘယ်ကထုတ်လိုက်မှန်းမသိဘဲ တဖန် တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ဖျက်ဖျက်ယပ်ခတ်ရင်း စကားစမည်အပြု သွက်လက်သည့်ကျူးစစ်က အလျှင်ပြောသည်။
" မိစ္ဆာဘုရင်ဆိုတာက အင်းပြောရရင်တော့ ရှည်သကွ။ အကိုလျန်ပဲ ပြောလိုက်တော့"
ကျူးစစ်က ပြောနေတော့ ကျူးလျန်ကစကားလုံးတွေပြန်မြိုချလိုက်ပြီး မျက်လွှာချကာဖြင့် ခြေထောက်တွေကိုပါ အိပ်ယာပေါ်တင်သည့် ထိုင်ဟန်သို့ ပြောင်းသည်။ သို့ပေသိ ကျူးစစ်က တမင်နှောင့်မှန်းလည်းသိရော မျက်လုံးတွေကိုမှေးပြီး ကျူးစစ်အားကြည့်သည်။ ကျူးယင်သာ အမြင်မမှားဘူးဆိုလျှင် ကျူးလျန်၏ကိုယ်မှ အပြာရောင်ခပ်ဝါးဝါးအလင်းတွေကို မြင်နေရသည်ပေ။
------------