book

Index 15

အပိုင်း ၁၄

သူ႔မ်က္ႏွာေပၚ ေလတျဖဴးျဖဴးတိုက္ေနသလို၊ ပိုးေကာင္ေလးေတြ ေလွ်ာက္သြားေနသလို၊လိုႏွင့္ ယားက်ိက်ိျဖစ္လာတာေၾကာင့္ ေလးလံလြန္းေနသည့္မ်က္ခြံေတြကို အားယူကာပင့္တင္လိုက္ေတာ့...


ခပ္ဝါးဝါးပံုရိပ္တစ္ခုကို အလ်ွင္ျမင္လိုက္ရသည္။ က်ဴးယင္ မ်က္ေတာင္ ႏွစ္ခ်က္ေလာက္ခတ္လိုက္ၿပီးေတာ့မွ ထိုပံုရိပ္ဟာ ထင္႐ွားလာပါ၏။

သူ႔ေဘးနားတြင္ထိုင္ကာ 

ခပ္ေထ့ေထ့ၾကည့္ေနသည့္ သီနတ္ဘုရားေၾကာင့္ တံေတြးျမိဳခ်မိလိုက္သလို၊ တစ္ဆက္တည္းမွာပဲ က်ဴးယင္မည္သည္ကိုမွန္းမသိ ၾကက္သီးထမိသြားရသည္။


ငါခုနက ခံုေပၚမွာထိုင္ျပီး သီနတ္ဘုရားစြမ္းအားက်င့္တာကို ထိုင္ေစာင့္ေပးေနတာေလ ၊အခုကဘယ္လိုျဖစ္ျပီး ငါက အိပ္ယာေပၚေရာက္ေနရတာလဲ။


သူမ်က္လံုးျဖင့္သာ သိခ်င္သည္တို႔ကိုေမးျမန္းမိေတာ့ သီက ရင္ဘတ္ေပၚက်ေနေသာ ဆံႏြယ္ရွည္ေတြအား ညာလက္ျဖင့္အသာသပ္တင္သည္။

ထိုသို႔အျပဳအမူမ်ိဳးကို ရွဴတင္မွ ေတာ့ပ္တန္း၀င္မင္းသားတို႔ တမင္ဟန္ယူကာလုပ္ျပၾကသည္ကိုသူျမင္ဖူးခဲ႔ေသာ္ျငား ေဆး၀ါးအကူ၊ ခြဲခန္းအကူႏွင့္ ကင္မရာ၏အကူ ေတြမပါသည့္ လူတစ္ေယာက္ဟာ  ယခုေလာက္ထိၾကည့္ေကာင္းမည္ ဟုမထင္ဖူးခဲ႔...


အဲ သီက လူမွမဟုတ္ဘဲ ... အာ သူတို႔က နတ္ေတြေလ.... ေနဦး ငါလည္း နတ္ပါပဲ ဟုတ္တယ္ ငါက နတ္တစ္ပါးပါ။ ငါလည္း ေခ်ာတာပဲ 


ထိုသို႔ေတြးမိသည္က ယမန္႕ယမန္ေန႕က ေရမွတဖန္ျမင္ရေသာ သံုးေလာကဆိုတာၾကီးေတာင္ ငိုေၾကြးေစေလာက္တဲ႔ အင္မတန္မိန္းမဆန္ကာ ႏူးညံ႕ျပီး အျပစ္ကင္းစင္လြန္းေသာ၊ လွပလြန္းေသာ၊ မိန္းမ မဟုတ္ေသာ၊ ေယာက်ၤားတစ္ေယာက္၏ ရူပကာကို ျပန္လည္သတိခ်ပ္မိ၍ပင္ သို႔ေပမယ့္ က်ဴးယင္ ပထမဆံုးအၾကိမ္အျဖစ္ ေရွ႕မွာရွိေနတဲ႔အျပစ္မျပဳသင့္ထိုက္သည့္နတ္ဘုရားအား မ်က္ေထာင့္နီျဖင့္ၾကည့္မိလိုက္သည္။


ထိုအခါ နတ္ဘုရားက သူ႔အားမ်က္ခံုးပင့္ကာ ႐ႈလာပါ၏။


သီရာ ခင္မ်ားလည္း နတ္၊ က်ြန္ေတာ္လည္း နတ္ေလ၊ နတ္ နတ္ခ်င္းအတူတူေတာင္မွ ခင္မ်ားကဘာလို႔ အရမ္း ဂ်န္းထဲမန္း ဆန္ေနရတာလဲ။


ဂ်န္းထဲမန္းဆိုမွ သူ တစ္စံုတစ္ေယာက္ကိုေတာင္ ေတြးမိလိုက္ေသးသည္။ 


ေနပါ အဲ႔ဒိအခ်ိဳးေျပပံုမရတဲ႔မင္းသားကေတာ့ ငါမနာလိုရေလာက္ေအာင္ ဂ်န္းထဲမန္းမဆန္ပါဘူး.... ေျပာရလ်ွင္ အဟမ္း အေကာင္းဘက္ကေတြးဆၿပီးေျပာရလ်ွင္ေတာ့ ၀ူရွဲ႕က လူငယ္ဆန္ျပီး အရမ္းမိုက္တဲ႔ဟန္ ႐ွိပါသည္။


"ညက မင္းခံုေပၚမွာအိပ္ေပ်ာ္သြားလို႔ ငါဒီကိုေရြ႕ေပးလိုက္တာ။ ေနပါဦး အခု မင္းက ဘာေတြျပံဳးေနတာလဲ "


ၾသရႈသည့္အသံၾကားမွ မ်က္ေမွာက္အေျခအေနကိုသတိျပန္ရသည့္သူဟာ လည္ဂုတ္ကိုတစ္ခ်က္ပြတ္ကာျဖင့္ သီနတ္ဘုရားအား ျပံဳးကာၾကည့္လိုက္ျဖစ္သည္။ဘာမွေတာ့ျပန္မေျဖျဖစ္။


သီနတ္ဘုရားဟာ အိပ္ယာတြင္တေစာင္းလွဲလ်က္မွ လက္တစ္ဖက္ေထာက္ရင္း သူ႔အားၾကည့္ေနခဲ႔ျပီး သူကေတာ့ အိပ္ယာတြင္ပဲ ပက္လက္ကေလးျဖင့္ သီအားျပံဳးကာၾကည့္ေနတဲ႔အခိုက္ သြယ္လ်စြာရွည္လ်ားေသာ ေက်ာက္စိမ္းအတိျပီးသလိုေတာက္ပသည့္လက္တစ္ဖက္က က်ဴးယင့္ဆံႏြယ္တို႔အား ႏွာဖူးကိုေပၚေအာင္သပ္တင္ေပးေလသည္။


" သီနတ္ဘုရားကို က်ြန္ေတာ္ေတာင္းပန္ပါတယ္။ က်ြန္ေတာ္ သီနတ္ဘုရား စြမ္းအားက်င့္တာကို ေစာင့္ေပးရမွာကို အိပ္ေပ်ာ္သြားရတယ္လို႔... က်ြန္ေတာ္ ေတာင္းပန္ပါတယ္"


သီကသပ္တင္ေပးေသာ္လည္း ျပန္လည္က်လာသည့္ဆံပင္ေတြအား လက္ျဖင့္ ခပ္ၾကမ္းၾကမ္းသပ္တင္လိုက္ရင္း သူအလွ်င္ထထိုင္ကာ ယခုမွသတိရသည့္ေတာင္းပန္စကားတို႔ကို ဆိုျဖစ္သည္။


ထိုအခါ သီက ပ်င္းတိပ်င္းရြဲျဖင့္ထထိုင္လာကာ " မလိုပါဘူး" ဟုဆိုသည္။


သီက အမူအရာအမ်ိဳးမ်ိဳးေျပာင္းတတ္သည္ကို က်ူးယင္ သတိထားမိခဲ႔ျပီးျဖစ္သည္။ ယခုလည္း ႏႈတ္ခမ္းတစ္ခ်က္သပ္ကာျဖင့္ မ်က္စိအုပ္ေတာ့မတတ္ဖံုးေနျပီျဖစ္ေသာ အနက္ေရာင္ဆံပင္ရွည္ေတြကို အေနာက္သို႔စုသိမ္းသည္။ 


သူ႕ဆီကအၾကည့္မေရြ႕သည္မို႔ သူကထိုဆံပင္သိမ္းျခင္းအမႈအားၾကည့္ေနသည္ကိုသတိျပဳမိျပီး ...


" လာ ငါ့ကို ေခါင္းျဖီးေပး" ဟုေျပာလာျပန္သည္။


ခ်က္ခ်င္းထရပ္ကာ သူထိုင္ေနသည့္ကုတင္ဘက္ျခမ္းသို႔လာထိုင္သည္။ သူ႔အားေက်ာခိုင္းထားျပီး ဘယ္ကရမွန္းမသိေသာ အနီေရာင္ဘီးတစ္ေခ်ာင္းကို လက္ထဲထည့္ေပးလာသည္။


သူ႔မွာေတာ့ လက္ေလးႏွစ္ဖက္ေျမွာက္လွ်က္သားျဖင့္ ၊ အခု တစ္ဖက္မွာ ဘီးကိုကိုင္ထားရသည္။ 


အကိုစစ္ေျပာေတာ့ သီက ဂြက်တာဆို၊ တကယ္ေတာ့ အနိုင္က်င့္တတ္တာပါ။


မတတ္နိုင္ရွာပဲ ရွည္လ်ားလွတဲ႔ဆံပင္အနက္ေတြကို ၾကာရွည္စြာျဖီးသင္ေပးရေတာ့သည္။


နက္ေမွာင္လွေသာဆံပင္မွာ အနည္းငယ္ပူသေယာင္၇ွိလွရာ ျဖစ္တန္သည္က သီနတ္ဘုရား၏ေမြးဖြားမႈဓာတ္ေၾကာင့္ျဖစ္ေလာက္သည္ေပ။ ထိုသို႔ပူစပ္စပ္ရွိေသာဆံႏြယ္ေတြက ႏူးညံ႕၍လည္း ေနေသးသည္။


က်ဴးယင္ အံ႕ၾသရသည္က ေခါင္းျဖီးျပီးခ်ိန္တြင္ ထိုၾကီးျမတ္လွပါေသာနတ္ဘုရားၾကီးက သူ႔ ဆံပင္အား တသသႏွင့္ရွိေနျခင္းပင္။


ဒါက နတ္ဘုရားေလာကပါေနာ္...


သီ၏ဟန္ေတြကသာ အင္မတန္တည္ၾကည္ခန္႔ညားျခင္းရွိမေနဘူးဆိုလွ်င္၊ ဒီေလာကကိုသာ ေရာက္မေနဘူးဆိုလွ်င္၊ ဒီေလာက က သူတိုင္းသာ မတရားေခ်ာေမာမေနဘူးဆိုလွ်င္ သူ သီ့ကို ေကြးေနျပီဟု ထင္မိေလာက္သည္။


သို႔ေသာ္ သူခ်က္ခ်င္းေခါင္းခါမိပါ၏။


ေပါက္ကရေတြ ဒီလိုနတ္ေတြက ဘယ္လိုလုပ္ေကြးမွာလဲ။ ၂၁ရာစုမွာေတာင္မွ ေကြးတဲ႔သူအစစ္ေတြကအနည္းအက်ဥ္းပဲရွိတဲ့ဥစၥာ၊ ျပီးေတာ့ အဲ႔ဒိေန႕ကကိစၥကလည္း ဟိုေကာင္ အရက္မူးေနလို႔ျဖစ္ခဲ႔တာပါပဲ ဟူး... အားလံုးက တိုက္ဆိုင္ျပီးျဖစ္လာတာပါပဲ


----


" ဟုတ္လား။ "


" ဟုတ္တယ္ကြ။ ငါေတာင္မွ အေဖေျပာလို႔သိရတာ။ သီနတ္ဘုရားက မီးေတာင္ကိုျပန္သြားျပီတဲ႔။ "


သီကို ေခါင္းျဖီးေပးအျပီး ခ်က္ခ်င္းေပ်ာက္သြားသျဖင့္ သူ႔မွာေၾကာင္ေတာင္ေတာင္က်န္ေနခဲ႔ရျပီး ပ်င္းပ်င္းရွိတာႏွင့္ သူတဖန္ျပန္အိပ္လိုက္ျဖစ္သည္။


ေနာက္တစ္ၾကိမ္ျပန္နိုးလာေတာ့ အကိုႏွစ္ေယာက္က အိပ္ယာတြင္ထိုင္ကာ ေရာက္တတ္ရာရာေျပာေနၾကသည္။ ထံုးစံအတိုင္း က်ဴးစစ္က က်ဴးလ်န္ကိုတစ္ခ်က္ တစ္ခ်က္တြန္းထိုးကာ ရယ္ေမာေနသေလာက္ က်ဴးလ်န္ကေတာ့ မအိုက္ေသာ္ျငား ယပ္တဖ်က္ဖ်က္ျဖင့္ ခပ္တည္တည္ရွိေနသည္။


သူနိုးလာတာကိုသိေတာ့ က်ဴးစစ္ကအရင္ သီနတ္ဘုရားအေၾကာင္း ေျပာလာပါ၏။ မီးေတာင္ကိုျပန္သြားျပီဟူ၍


ထိုသည္ကိုၾကားေတာ့ က်ဴးယင္သက္ျပင္းခ်လိုက္မိသည္။ 


သူ႔ကို စိတ္အိုက္ေအာင္လုပ္မည့္သူမရွိေတာ့ဘူးဆိုေတာ့ ေရနန္းေတာ္မွာေအးေအးေဆးေဆးေနနိုင္ေတာ့မည္ေပါ့...


စိတ္ေအးသြားသည္ႏွင့္ တစ္ျပိဳင္နက္ ခနေနမွစျပီး ေတာင္ေပၚမျပန္ရခင္အထိ ေရနန္းေတာ္ကိုႏွံ႕ေအာင္ပတ္မည္ ဟုေတြးျဖစ္လိုက္သည္။ 


ေရနန္းေတာ္ဆိုေတာ့ ေရကန္သီးသန္႕ေတြ၊ဘာေတြေတာ့က်ိန္းေသရွိမွာပဲ အကိုတို႔ကိုေမးျပီး တစ္ေန႕လံုးေရသြားစိမ္ရမယ္ 


" အ"


" ဘာေတြျပံဳးစိစိျဖစ္ေနတာလဲ ေရွာင္ယင္ရဲ႕။ ငါမင္းကိုေမးပါဦးမယ္ မင္းနဲ႔သီနတ္ဘုရားနဲ႔က ဘယ္တုန္းကအဲ႔ေလာက္ရင္းႏွီးသြားတာလဲ "


သူ႔အားႏွဖူးတစ္ခ်က္ေတာက္ရင္း မ်က္လံုးကိုေမွးက်ဥ္းကာက်ဴးစစ္ကေမးလာေတာ့ က်ဴးလ်န္ကပါ ကိုယ္ကိုလွည့္လာျပီး ယပ္ေတာင္ကိုေခါက္သိမ္းလ်က္မွ သူ႔အားအေျဖကိုငဲ႔လင့္ဟန္ျဖင့္ ရႈပါ၏။


" အာ တကယ္ေတာ့ အဲ႔ေလာက္မရင္းႏွီးပါဘူး။ က်ြန္ေတာ္က ခင္ဖို႔ေကာင္းေနလို႔မ်ားလား မသိဘူး... သီနတ္ဘုရားက က်ြန္ေတာ့္ကို ခင္ပံုရတယ္"


သူစိတ္ထင္သည့္အတိုင္း ရိုးရွင္းစြာဖြင့္ေျပာေတာ့ အကိုႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း သက္ျပင္းခ်ၾကသည္။


" ခင္တယ္ ဟုတ္လား။ အာ ငါတို႔ေရွာင္ယင္ေလးက ကေလးေလးပဲရွိေသးတာပါလား ဒါေၾကာင့္လည္း အေမကသဲသဲလႈပ္ေနတာ"


အသည္းယားသလို က်ဴးစစ္ကသူ႔ေခါင္းကိုအသာဖိပြတ္လာေတာ့ က်ဴးလ်န္က ထိုလက္အားယပ္ေတာင္ျဖင့္ရိုက္သည္။


"ေတာ္ ၊ ေရွာင္ယင္ ေခါင္းမူးမယ္ ။ ဒီမွာအားစစ္ ေရွာင္ယင္ေလး ဒီလိုကေလးဆန္ေနတာပဲ ေကာင္းေနတာမဟုတ္ဘူးလား။ မွတ္ဥာဏ္ေမ့သြားတာေတာင္ ခပ္ေကာင္းေကာင္းလို႔ေျပာရမယ္"


" ေအးဟုတ္တယ္ေနာ္ အကို။ ငါအေဖ့ကိုေျပာလိုက္မယ္ ေရွာင္ယင့္ကိုေသြးမတိုက္ပါနဲ႔ေတာ့လို႔"


" ေသြး ဘာလို႔က်ြန္ေတာ့္ကိုအေဖက ေသြးတိုက္မွာလဲ"


စိတ္၀င္စားစရာအေၾကာင္းေတြ႕ေတာ့ ပ်င္းတိပ်င္းရြဲျဖင့္ အိပ္ယာေပၚတြန္႕လိန္ကာေကြးေကာက္ေနခဲ႔သည့္က်ဴးယင္မွာ ခ်က္ခ်င္းကိုငုတ္တုပ္ထထိုင္ေတာ့သည္။


" အေဖေသြးေလ ။ ေရွာင္ယင္ မင္းကအတိတ္ကိုေမ့ေနေတာ့ျပန္သတိရလာေအာင္ အေဖ့ေသြးကိုေသာက္လို႔ရတယ္ေလ။ အဲ႔ဒါဆိုျပန္သတိရလာလိမ့္မယ္"


ငါက အရင္က်ဴးယင္မွမဟုတ္တာ။ အကယ္၍ ေသြးေသာက္ျပီးတာေတာင္မွ သူကဘာမွမသိဘူးဆိုရင္ ဒီနတ္ေတြသိသြားၾကမွာေပါ့။ အဲ႔လိုဆိုရင္ ငါ့ကိုဘယ္လိုေတြအျပစ္ေပးၾကမွာလဲ။ ေသခ်ာတာကေတာ့ ေသဒဏ္ပင္ျဖစ္ေလာက္သည္... သူတို႔ဖူးဖူးမႈတ္ခ်စ္ရတဲ႔သားငယ္ရဲ႕ခႏၶာကို၀င္ယူလို႔ဆိုျပီး ငါ့၀ိဥာဥ္ကိုပါ ျပန္လည္မေမြးဖြားနိုင္ေတာ့ေအာင္ လုပ္ပစ္ၾကရင္ေရာ..


ေၾကာက္စိတ္ေတြေၾကာင့္ ဂနာမျငိမ္ျဖစ္ေနသည့္သူ႔ကိုက်ဴးလ်န္ကမည္သို႔ထင္သြားသည္မသိ


" မစိုးရိမ္ပါနဲ႔ အေဖ့ေသြးကမညွီပါဘူး ေရလိုပါပဲ ျပီးေတာ့ ေရွာင္ယင္ မင္းစိတ္မပါရင္ မေသာက္လို႔ရပါတယ္"ဟု ဆိုလာသည္။ လက္မွာလည္း က်ဴးယင့္ပခံုးအား ဖြဖြဆုပ္ကိုင္ေပးေနေသးသည္။


ေတာ္ေသးတာေပါ့.... ဟူး


" အဲ ေနပါဦး။ အေဖ့ေသြးက ဘာလို႔ေရလိုပဲလဲ"


သူ႔အေမးကိုၾကားေတာ့ က်ဴးစစ္ကအလွ်င္ေျဖသည္။ ေခါင္းအံုးကိုလွမ္းယူကာ ေပါင္ေပၚတင္ျပီးလက္ေတြျဖင့္ဖိေနရင္း


" အေဖကေရနန္းေတာ္သခင္ေလကြာ ျပီးေတာ့ေရကေနေမြးဖြားလာတာ ဆိုေတာ့ အေဖ့ေသြးကအျပာေရာင္ရွိတယ္။ အရသာက ေရလိုပဲတဲ႔။ အေဖတင္မဟုတ္ဘူး စစ္ခ်ီနတ္ဘုရားရဲ႕ေသြးဆို ေရႊေရာင္ဘက္အနည္းငယ္သန္းတဲ႔အ၀ါေရာင္လို႔ေျပာၾကတယ္ အရသာကေတာ့ငါလည္းမသိဘူး။ သီနတ္ဘုရားရဲ႕ေသြးကေတာ့ ၾကက္ေသြးေရာင္တဲ႔။"


က်ဴးယင္မွာ က်ဴးစစ္ေျပာေနသည္တို႔ကိုမၾကားေတာ့ သူတစ္စံုတစ္ခုကိုသာ အေလးအနက္ထားေတြးေနမိသည္။


ငါ ဒီေလာကကိုစစေရာက္လာခ်င္းတုန္းက ေသြးအန္ေသးတယ္။ အဲ႔တုန္းက ငါ့ေသြးေတြက အနီေရာင္ေတြပါ အျပာေရာင္မဟုတ္ပါဘူး။ ဒါကို ဆရာလည္းျမင္တာပဲ 


ဒါဆို ဘယ္လိုေတြျဖစ္သြားတာလဲ


တစ္ခုခုေတာ့ ထူးျခားေနျပီ။ 


က်ဴးယင္ ဒီအေၾကာင္းကို သူ႔အကိုေတြအား ေမးသင့္မေမးသင့္ခ်င့္ခ်ိန္ေနစဥ္တြင္ အခန္းအျပင္မွ အသံတစ္ခုကိုၾကားလိုက္ရသည္။


" ေရနန္းေတာ္မွစတုတၳမင္းသားကို ေကာင္းကင္နန္းေတာ္မွ အိမ္ေရွ႕စံမင္းသားက ေကာင္းကင္နန္းေတာ္အားၾကြခ်ီေစရန္ ပင့္ဖိတ္လိုက္သည္" တဲ႔....


ဤအမိန္႕သံလိုလို ေအာ္ဟစ္သံအဆံုးမွာ က်ဴးလ်န္ေရာက်ဴးစစ္ပါ ၀ုန္းခနဲထရပ္သည္။ ႏွစ္ေယာက္လံုးက ၇ုပ္ေတြတည္တံ႕သြားတာေၾကာင့္ က်ဴးယင္လည္းေၾကာက္ရမလိုလိုျဖစ္သြား၏။


၀ူ႐ွဲ႔က ဘာျဖစ္ျပန္တာလဲ


ဘာလဲ ငါ့ကိုအျပစ္ေပးမွာတို႔ဘာတို႔လုပ္မွာမို႔လို႔ အကိုတို႔ကေဒါသထြက္သြားတာလား


အဲ႔ အဲ႔ဒါဆို ငါ ဘယ္လိုလုပ္မလဲ


သူေတြးၾကည့္ေပမယ့္ ဘာအေျဖမွမထြက္လာ၊ သူက ၀ူရွဲ႕ႏွင့္ဆံုသည့္အၾကိမ္ေရနည္းေသးသည္မို႔ မခန္႕မွန္းနိုင္တာ ျဖစ္နိုင္သည္။ 


------

သူ့မျက်နှာပေါ် လေတဖြူးဖြူးတိုက်နေသလို၊ ပိုးကောင်လေးတွေ လျှောက်သွားနေသလို၊လိုနှင့် ယားကျိကျိဖြစ်လာတာကြောင့် လေးလံလွန်းနေသည့်မျက်ခွံတွေကို အားယူကာပင့်တင်လိုက်တော့...


ခပ်ဝါးဝါးပုံရိပ်တစ်ခုကို အလျှင်မြင်လိုက်ရသည်။ ကျူးယင် မျက်တောင် နှစ်ချက်လောက်ခတ်လိုက်ပြီးတော့မှ ထိုပုံရိပ်ဟာ ထင်ရှားလာပါ၏။

သူ့ဘေးနားတွင်ထိုင်ကာ 

ခပ်ထေ့ထေ့ကြည့်နေသည့် သီနတ်ဘုရားကြောင့် တံတွေးမြိုချမိလိုက်သလို၊ တစ်ဆက်တည်းမှာပဲ ကျူးယင်မည်သည်ကိုမှန်းမသိ ကြက်သီးထမိသွားရသည်။


ငါခုနက ခုံပေါ်မှာထိုင်ပြီး သီနတ်ဘုရားစွမ်းအားကျင့်တာကို ထိုင်စောင့်ပေးနေတာလေ ၊အခုကဘယ်လိုဖြစ်ပြီး ငါက အိပ်ယာပေါ်ရောက်နေရတာလဲ။


သူမျက်လုံးဖြင့်သာ သိချင်သည်တို့ကိုမေးမြန်းမိတော့ သီက ရင်ဘတ်ပေါ်ကျနေသော ဆံနွယ်ရှည်တွေအား ညာလက်ဖြင့်အသာသပ်တင်သည်။

ထိုသို့အပြုအမူမျိုးကို ရှူတင်မှ တော့ပ်တန်းဝင်မင်းသားတို့ တမင်ဟန်ယူကာလုပ်ပြကြသည်ကိုသူမြင်ဖူးခဲ့သော်ငြား ဆေးဝါးအကူ၊ ခွဲခန်းအကူနှင့် ကင်မရာ၏အကူ တွေမပါသည့် လူတစ်ယောက်ဟာ  ယခုလောက်ထိကြည့်ကောင်းမည် ဟုမထင်ဖူးခဲ့...


အဲ သီက လူမှမဟုတ်ဘဲ ... အာ သူတို့က နတ်တွေလေ.... နေဦး ငါလည်း နတ်ပါပဲ ဟုတ်တယ် ငါက နတ်တစ်ပါးပါ။ ငါလည်း ချောတာပဲ 


ထိုသို့တွေးမိသည်က ယမန့်ယမန်နေ့က ရေမှတဖန်မြင်ရသော သုံးလောကဆိုတာကြီးတောင် ငိုကြွေးစေလောက်တဲ့ အင်မတန်မိန်းမဆန်ကာ နူးညံ့ပြီး အပြစ်ကင်းစင်လွန်းသော၊ လှပလွန်းသော၊ မိန်းမ မဟုတ်သော၊ ယောကျၤားတစ်ယောက်၏ ရူပကာကို ပြန်လည်သတိချပ်မိ၍ပင် သို့ပေမယ့် ကျူးယင် ပထမဆုံးအကြိမ်အဖြစ် ရှေ့မှာရှိနေတဲ့အပြစ်မပြုသင့်ထိုက်သည့်နတ်ဘုရားအား မျက်ထောင့်နီဖြင့်ကြည့်မိလိုက်သည်။


ထိုအခါ နတ်ဘုရားက သူ့အားမျက်ခုံးပင့်ကာ ရှုလာပါ၏။


သီရာ ခင်များလည်း နတ်၊ ကျွန်တော်လည်း နတ်လေ၊ နတ် နတ်ချင်းအတူတူတောင်မှ ခင်များကဘာလို့ အရမ်း ဂျန်းထဲမန်း ဆန်နေရတာလဲ။


ဂျန်းထဲမန်းဆိုမှ သူ တစ်စုံတစ်ယောက်ကိုတောင် တွေးမိလိုက်သေးသည်။ 


နေပါ အဲ့ဒိအချိုးပြေပုံမရတဲ့မင်းသားကတော့ ငါမနာလိုရလောက်အောင် ဂျန်းထဲမန်းမဆန်ပါဘူး.... ပြောရလျှင် အဟမ်း အကောင်းဘက်ကတွေးဆပြီးပြောရလျှင်တော့ ဝူရှဲ့က လူငယ်ဆန်ပြီး အရမ်းမိုက်တဲ့ဟန် ရှိပါသည်။


"ညက မင်းခုံပေါ်မှာအိပ်ပျော်သွားလို့ ငါဒီကိုရွေ့ပေးလိုက်တာ။ နေပါဦး အခု မင်းက ဘာတွေပြုံးနေတာလဲ "


သြရှုသည့်အသံကြားမှ မျက်မှောက်အခြေအနေကိုသတိပြန်ရသည့်သူဟာ လည်ဂုတ်ကိုတစ်ချက်ပွတ်ကာဖြင့် သီနတ်ဘုရားအား ပြုံးကာကြည့်လိုက်ဖြစ်သည်။ဘာမှတော့ပြန်မဖြေဖြစ်။


သီနတ်ဘုရားဟာ အိပ်ယာတွင်တစောင်းလှဲလျက်မှ လက်တစ်ဖက်ထောက်ရင်း သူ့အားကြည့်နေခဲ့ပြီး သူကတော့ အိပ်ယာတွင်ပဲ ပက်လက်ကလေးဖြင့် သီအားပြုံးကာကြည့်နေတဲ့အခိုက် သွယ်လျစွာရှည်လျားသော ကျောက်စိမ်းအတိပြီးသလိုတောက်ပသည့်လက်တစ်ဖက်က ကျူးယင့်ဆံနွယ်တို့အား နှာဖူးကိုပေါ်အောင်သပ်တင်ပေးလေသည်။


" သီနတ်ဘုရားကို ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် သီနတ်ဘုရား စွမ်းအားကျင့်တာကို စောင့်ပေးရမှာကို အိပ်ပျော်သွားရတယ်လို့... ကျွန်တော် တောင်းပန်ပါတယ်"


သီကသပ်တင်ပေးသော်လည်း ပြန်လည်ကျလာသည့်ဆံပင်တွေအား လက်ဖြင့် ခပ်ကြမ်းကြမ်းသပ်တင်လိုက်ရင်း သူအလျှင်ထထိုင်ကာ ယခုမှသတိရသည့်တောင်းပန်စကားတို့ကို ဆိုဖြစ်သည်။


ထိုအခါ သီက ပျင်းတိပျင်းရွဲဖြင့်ထထိုင်လာကာ " မလိုပါဘူး" ဟုဆိုသည်။


သီက အမူအရာအမျိုးမျိုးပြောင်းတတ်သည်ကို ကျူးယင် သတိထားမိခဲ့ပြီးဖြစ်သည်။ ယခုလည်း နှုတ်ခမ်းတစ်ချက်သပ်ကာဖြင့် မျက်စိအုပ်တော့မတတ်ဖုံးနေပြီဖြစ်သော အနက်ရောင်ဆံပင်ရှည်တွေကို အနောက်သို့စုသိမ်းသည်။ 


သူ့ဆီကအကြည့်မရွေ့သည်မို့ သူကထိုဆံပင်သိမ်းခြင်းအမှုအားကြည့်နေသည်ကိုသတိပြုမိပြီး ...


" လာ ငါ့ကို ခေါင်းဖြီးပေး" ဟုပြောလာပြန်သည်။


ချက်ချင်းထရပ်ကာ သူထိုင်နေသည့်ကုတင်ဘက်ခြမ်းသို့လာထိုင်သည်။ သူ့အားကျောခိုင်းထားပြီး ဘယ်ကရမှန်းမသိသော အနီရောင်ဘီးတစ်ချောင်းကို လက်ထဲထည့်ပေးလာသည်။


သူ့မှာတော့ လက်လေးနှစ်ဖက်မြှောက်လျှက်သားဖြင့် ၊ အခု တစ်ဖက်မှာ ဘီးကိုကိုင်ထားရသည်။ 


အကိုစစ်ပြောတော့ သီက ဂွကျတာဆို၊ တကယ်တော့ အနိုင်ကျင့်တတ်တာပါ။


မတတ်နိုင်ရှာပဲ ရှည်လျားလှတဲ့ဆံပင်အနက်တွေကို ကြာရှည်စွာဖြီးသင်ပေးရတော့သည်။


နက်မှောင်လှသောဆံပင်မှာ အနည်းငယ်ပူသယောင်၇ှိလှရာ ဖြစ်တန်သည်က သီနတ်ဘုရား၏မွေးဖွားမှုဓာတ်ကြောင့်ဖြစ်လောက်သည်ပေ။ ထိုသို့ပူစပ်စပ်ရှိသောဆံနွယ်တွေက နူးညံ့၍လည်း နေသေးသည်။


ကျူးယင် အံ့သြရသည်က ခေါင်းဖြီးပြီးချိန်တွင် ထိုကြီးမြတ်လှပါသောနတ်ဘုရားကြီးက သူ့ ဆံပင်အား တသသနှင့်ရှိနေခြင်းပင်။


ဒါက နတ်ဘုရားလောကပါနော်...


သီ၏ဟန်တွေကသာ အင်မတန်တည်ကြည်ခန့်ညားခြင်းရှိမနေဘူးဆိုလျှင်၊ ဒီလောကကိုသာ ရောက်မနေဘူးဆိုလျှင်၊ ဒီလောက က သူတိုင်းသာ မတရားချောမောမနေဘူးဆိုလျှင် သူ သီ့ကို ကွေးနေပြီဟု ထင်မိလောက်သည်။


သို့သော် သူချက်ချင်းခေါင်းခါမိပါ၏။


ပေါက်ကရတွေ ဒီလိုနတ်တွေက ဘယ်လိုလုပ်ကွေးမှာလဲ။ ၂၁ရာစုမှာတောင်မှ ကွေးတဲ့သူအစစ်တွေကအနည်းအကျဉ်းပဲရှိတဲ့ဥစ္စာ၊ ပြီးတော့ အဲ့ဒိနေ့ကကိစ္စကလည်း ဟိုကောင် အရက်မူးနေလို့ဖြစ်ခဲ့တာပါပဲ ဟူး... အားလုံးက တိုက်ဆိုင်ပြီးဖြစ်လာတာပါပဲ


----


" ဟုတ်လား။ "


" ဟုတ်တယ်ကွ။ ငါတောင်မှ အဖေပြောလို့သိရတာ။ သီနတ်ဘုရားက မီးတောင်ကိုပြန်သွားပြီတဲ့။ "


သီကို ခေါင်းဖြီးပေးအပြီး ချက်ချင်းပျောက်သွားသဖြင့် သူ့မှာကြောင်တောင်တောင်ကျန်နေခဲ့ရပြီး ပျင်းပျင်းရှိတာနှင့် သူတဖန်ပြန်အိပ်လိုက်ဖြစ်သည်။


နောက်တစ်ကြိမ်ပြန်နိုးလာတော့ အကိုနှစ်ယောက်က အိပ်ယာတွင်ထိုင်ကာ ရောက်တတ်ရာရာပြောနေကြသည်။ ထုံးစံအတိုင်း ကျူးစစ်က ကျူးလျန်ကိုတစ်ချက် တစ်ချက်တွန်းထိုးကာ ရယ်မောနေသလောက် ကျူးလျန်ကတော့ မအိုက်သော်ငြား ယပ်တဖျက်ဖျက်ဖြင့် ခပ်တည်တည်ရှိနေသည်။


သူနိုးလာတာကိုသိတော့ ကျူးစစ်ကအရင် သီနတ်ဘုရားအကြောင်း ပြောလာပါ၏။ မီးတောင်ကိုပြန်သွားပြီဟူ၍


ထိုသည်ကိုကြားတော့ ကျူးယင်သက်ပြင်းချလိုက်မိသည်။ 


သူ့ကို စိတ်အိုက်အောင်လုပ်မည့်သူမရှိတော့ဘူးဆိုတော့ ရေနန်းတော်မှာအေးအေးဆေးဆေးနေနိုင်တော့မည်ပေါ့...


စိတ်အေးသွားသည်နှင့် တစ်ပြိုင်နက် ခနနေမှစပြီး တောင်ပေါ်မပြန်ရခင်အထိ ရေနန်းတော်ကိုနှံ့အောင်ပတ်မည် ဟုတွေးဖြစ်လိုက်သည်။ 


ရေနန်းတော်ဆိုတော့ ရေကန်သီးသန့်တွေ၊ဘာတွေတော့ကျိန်းသေရှိမှာပဲ အကိုတို့ကိုမေးပြီး တစ်နေ့လုံးရေသွားစိမ်ရမယ် 


" အ"


" ဘာတွေပြုံးစိစိဖြစ်နေတာလဲ ရှောင်ယင်ရဲ့။ ငါမင်းကိုမေးပါဦးမယ် မင်းနဲ့သီနတ်ဘုရားနဲ့က ဘယ်တုန်းကအဲ့လောက်ရင်းနှီးသွားတာလဲ "


သူ့အားနှဖူးတစ်ချက်တောက်ရင်း မျက်လုံးကိုမှေးကျဉ်းကာကျူးစစ်ကမေးလာတော့ ကျူးလျန်ကပါ ကိုယ်ကိုလှည့်လာပြီး ယပ်တောင်ကိုခေါက်သိမ်းလျက်မှ သူ့အားအဖြေကိုငဲ့လင့်ဟန်ဖြင့် ရှုပါ၏။


" အာ တကယ်တော့ အဲ့လောက်မရင်းနှီးပါဘူး။ ကျွန်တော်က ခင်ဖို့ကောင်းနေလို့များလား မသိဘူး... သီနတ်ဘုရားက ကျွန်တော့်ကို ခင်ပုံရတယ်"


သူစိတ်ထင်သည့်အတိုင်း ရိုးရှင်းစွာဖွင့်ပြောတော့ အကိုနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သက်ပြင်းချကြသည်။


" ခင်တယ် ဟုတ်လား။ အာ ငါတို့ရှောင်ယင်လေးက ကလေးလေးပဲရှိသေးတာပါလား ဒါကြောင့်လည်း အမေကသဲသဲလှုပ်နေတာ"


အသည်းယားသလို ကျူးစစ်ကသူ့ခေါင်းကိုအသာဖိပွတ်လာတော့ ကျူးလျန်က ထိုလက်အားယပ်တောင်ဖြင့်ရိုက်သည်။


"တော် ၊ ရှောင်ယင် ခေါင်းမူးမယ် ။ ဒီမှာအားစစ် ရှောင်ယင်လေး ဒီလိုကလေးဆန်နေတာပဲ ကောင်းနေတာမဟုတ်ဘူးလား။ မှတ်ဉာဏ်မေ့သွားတာတောင် ခပ်ကောင်းကောင်းလို့ပြောရမယ်"


" အေးဟုတ်တယ်နော် အကို။ ငါအဖေ့ကိုပြောလိုက်မယ် ရှောင်ယင့်ကိုသွေးမတိုက်ပါနဲ့တော့လို့"


" သွေး ဘာလို့ကျွန်တော့်ကိုအဖေက သွေးတိုက်မှာလဲ"


စိတ်ဝင်စားစရာအကြောင်းတွေ့တော့ ပျင်းတိပျင်းရွဲဖြင့် အိပ်ယာပေါ်တွန့်လိန်ကာကွေးကောက်နေခဲ့သည့်ကျူးယင်မှာ ချက်ချင်းကိုငုတ်တုပ်ထထိုင်တော့သည်။


" အဖေသွေးလေ ။ ရှောင်ယင် မင်းကအတိတ်ကိုမေ့နေတော့ပြန်သတိရလာအောင် အဖေ့သွေးကိုသောက်လို့ရတယ်လေ။ အဲ့ဒါဆိုပြန်သတိရလာလိမ့်မယ်"


ငါက အရင်ကျူးယင်မှမဟုတ်တာ။ အကယ်၍ သွေးသောက်ပြီးတာတောင်မှ သူကဘာမှမသိဘူးဆိုရင် ဒီနတ်တွေသိသွားကြမှာပေါ့။ အဲ့လိုဆိုရင် ငါ့ကိုဘယ်လိုတွေအပြစ်ပေးကြမှာလဲ။ သေချာတာကတော့ သေဒဏ်ပင်ဖြစ်လောက်သည်... သူတို့ဖူးဖူးမှုတ်ချစ်ရတဲ့သားငယ်ရဲ့ခန္ဓာကိုဝင်ယူလို့ဆိုပြီး ငါ့ဝိဉာဉ်ကိုပါ ပြန်လည်မမွေးဖွားနိုင်တော့အောင် လုပ်ပစ်ကြရင်ရော..


ကြောက်စိတ်တွေကြောင့် ဂနာမငြိမ်ဖြစ်နေသည့်သူ့ကိုကျူးလျန်ကမည်သို့ထင်သွားသည်မသိ


" မစိုးရိမ်ပါနဲ့ အဖေ့သွေးကမညှီပါဘူး ရေလိုပါပဲ ပြီးတော့ ရှောင်ယင် မင်းစိတ်မပါရင် မသောက်လို့ရပါတယ်"ဟု ဆိုလာသည်။ လက်မှာလည်း ကျူးယင့်ပခုံးအား ဖွဖွဆုပ်ကိုင်ပေးနေသေးသည်။


တော်သေးတာပေါ့.... ဟူး


" အဲ နေပါဦး။ အဖေ့သွေးက ဘာလို့ရေလိုပဲလဲ"


သူ့အမေးကိုကြားတော့ ကျူးစစ်ကအလျှင်ဖြေသည်။ ခေါင်းအုံးကိုလှမ်းယူကာ ပေါင်ပေါ်တင်ပြီးလက်တွေဖြင့်ဖိနေရင်း


" အဖေကရေနန်းတော်သခင်လေကွာ ပြီးတော့ရေကနေမွေးဖွားလာတာ ဆိုတော့ အဖေ့သွေးကအပြာရောင်ရှိတယ်။ အရသာက ရေလိုပဲတဲ့။ အဖေတင်မဟုတ်ဘူး စစ်ချီနတ်ဘုရားရဲ့သွေးဆို ရွှေရောင်ဘက်အနည်းငယ်သန်းတဲ့အဝါရောင်လို့ပြောကြတယ် အရသာကတော့ငါလည်းမသိဘူး။ သီနတ်ဘုရားရဲ့သွေးကတော့ ကြက်သွေးရောင်တဲ့။"


ကျူးယင်မှာ ကျူးစစ်ပြောနေသည်တို့ကိုမကြားတော့ သူတစ်စုံတစ်ခုကိုသာ အလေးအနက်ထားတွေးနေမိသည်။


ငါ ဒီလောကကိုစစရောက်လာချင်းတုန်းက သွေးအန်သေးတယ်။ အဲ့တုန်းက ငါ့သွေးတွေက အနီရောင်တွေပါ အပြာရောင်မဟုတ်ပါဘူး။ ဒါကို ဆရာလည်းမြင်တာပဲ 


ဒါဆို ဘယ်လိုတွေဖြစ်သွားတာလဲ


တစ်ခုခုတော့ ထူးခြားနေပြီ။ 


ကျူးယင် ဒီအကြောင်းကို သူ့အကိုတွေအား မေးသင့်မမေးသင့်ချင့်ချိန်နေစဉ်တွင် အခန်းအပြင်မှ အသံတစ်ခုကိုကြားလိုက်ရသည်။


" ရေနန်းတော်မှစတုတ္ထမင်းသားကို ကောင်းကင်နန်းတော်မှ အိမ်ရှေ့စံမင်းသားက ကောင်းကင်နန်းတော်အားကြွချီစေရန် ပင့်ဖိတ်လိုက်သည်" တဲ့....


ဤအမိန့်သံလိုလို အော်ဟစ်သံအဆုံးမှာ ကျူးလျန်ရောကျူးစစ်ပါ ဝုန်းခနဲထရပ်သည်။ နှစ်ယောက်လုံးက ရုပ်တွေတည်တံ့သွားတာကြောင့် ကျူးယင်လည်းကြောက်ရမလိုလိုဖြစ်သွား၏။


ဝူရှဲ့က ဘာဖြစ်ပြန်တာလဲ


ဘာလဲ ငါ့ကိုအပြစ်ပေးမှာတို့ဘာတို့လုပ်မှာမို့လို့ အကိုတို့ကဒေါသထွက်သွားတာလား


အဲ့ အဲ့ဒါဆို ငါ ဘယ်လိုလုပ်မလဲ


သူတွေးကြည့်ပေမယ့် ဘာအဖြေမှမထွက်လာ၊ သူက ဝူရှဲ့နှင့်ဆုံသည့်အကြိမ်ရေနည်းသေးသည်မို့ မခန့်မှန်းနိုင်တာ ဖြစ်နိုင်သည်။ 


------



rate now:

2 Reviews
  • reader Essence_Flame 12.12.2019, 06:38 5

    ❤️

    reply

  • reader Kaung Wai Yan 11.12.2019, 16:55 4.9

    🥰

    reply