စကားတစ္ေျပာေျပာႏွင့္ေလွ်ာက္လာျကရင္း တစ္ေနရာအေရာက္တြင္ အကိုလ်န္ကရပ္သြားေတာ့ ေရွ႕ကိုလွမ္းေတာ့မယ့္ေျခေထာက္ေတြကို သူအျမန္ဘရိတ္အုပ္ရသည္။
" ဒါ မင္းရဲ႕အေဆာင္ေလ ေရွာင္ယင္၊ ငါတို႔အငယ္ဆံုးေလးက ေရနန္းေတာ္ကအေကာင္းဆံုးအေဆာင္မွာ ေနတာေလ။ အင္း ငါတို႔ကိုအႏိုင္က်င့္ၿပီးရထားတာလို႔ ေျပာရမလားပဲ "
"ငါတို႔ကသာ ေရွာင္ယင့္ကို အေလ်ွာ့ေပးခဲ့တာဆိုတာေလးလည္း ထည့္ေျပာေလ"
ရႊင္ျမဴးသည့္အသံျဖင့္ က်ဴးစစ္က ဝင္ေထာက္သည္။
ယခုမွ ပတ္၀န္းက်င္ကို သူသတိျပဳမိသည္။ သူ႔အက်င့္က တစ္စံုတစ္ခုကိုအာရံု၀င္စားေနျပီဆို အျခားအရာေတြကိုလံုး၀မသိေတာ့ျခင္း၊ အထူးသျဖင့္ အခုလို မသိနားမလည္သည့္ေလာကကိုေရာက္လာျပီးမွ ပထမဆံုးအၾကိမ္ အၾကာၾကီးစကားေျပာေဖာ္ေျပာဖက္၊ စေနာက္ေဖာ္စေနာက္ဖက္၊ တိုင္ပင္ေဖာ္တိုင္ပင္ဖက္ေတြကို ေတြ႕ရသည္မို႔ သူ၀မ္းသာလြန္းသြားရကာ သူ႔စိတ္က အကိုႏွစ္ေယာက္ရဲ႕စကားေတြကိုသာအာရံုစိုက္ေနျဖစ္ခဲ႔ေတာ့ ပတ္၀န္းက်င္ကိုလံုး၀ေမ့ေလ်ာ့သြားခဲ႔ျခင္းျဖစ္သည္။
သူေရာက္ေနတာကပင္လယ္၏ေအာက္ေျခေပမယ့္ ေရလံုး၀ရွိမေန၊ သို႔ေသာ္ သူ႔ေရွ႕မွသူ႔အေဆာင္ ဟုေျပာသည့္အိမ္ေတာ္ၾကီးကေတာ့ ေရလႈိင္းေတြျဖင့္ တည္ေဆာက္ထားေလသည္။
" အကိုတို႕ က်ြန္ေတာ္ အိမ္ကိုထိၾကည့္လို႔ရလား"
သူထိၾကည့္လိုက္ရင္ သူ႔လက္ကေရေတြထဲကိုျဖတ္သြားမွာမ်ားလား..
က်ဴးလ်န္မေျဖရေသးခင္တြင္ ပိုသြက္သည့္က်ဴးစစ္က အရယ္တစ္၀က္ျဖင့္ဆိုသည္။
" ထိရံုတင္မကဘူးကြာ... ျပိဳသြားေအာင္လုပ္ျပီး ဒီျခံ၀န္းထဲကိုေရေတြျပည့္သြားေစလည္း ကိစၥမရွိဘူး။ အေဖက အသစ္ျပန္ေဆာက္ေပးလိမ့္မယ္။ လက္ေလးတစ္ခ်က္ေ၀့လိုက္ရင္ မင္းအေဆာင္ျပန္ေကာင္းျပီပဲ ။ "
ဤစကားကိုေတာ့ က်ဴးလ်န္ကေထာက္ခံသည္။
" ဟုတ္တယ္။ "
" ဒါေပမယ့္ အေဖက က်ြန္ေတာ့္ကိုဆူမွာေပါ့"
" ဆူတယ္ ..... ဖြီး.. ဟား...ဟား"
သူ႔စကားကဘာမွားလို႔လဲ
ကိုယ့္သားကအိမ္ကိုျဖိဳလိုက္ရင္ ဘယ္မိဘကမဆူဘဲေနမွာလဲ
က်ဴးစစ္က တဟားဟားရယ္ေနသည္ကို က်ဴးလ်န္က ယပ္ေတာင္တစ္ခ်က္ခတ္ကာၾကည့္ရင္း ေခါင္းအသာခါသည္။
ေနာက္ က်ဴးစစ္ကပင္ ရယ္ေနရင္းမွ ဆိုသည္။
" ေရွာင္ယင္ ငါ့ေရွာင္ယင္ေလး မွတ္ဥာဏ္ေပ်ာက္ျပီးမွ ဘာလို႔သိပ္ရိုးအလာတာလဲ။ အေဖကေလ ငါတို႔ကိုဘယ္တုန္းကမွ မဆူဖူးဘူးေလ၊ အေမကသာ စိုးရိမ္စိတ္ၾကီးတာ ဒါေပမယ့္ အေမေတာင္မွ မဆူဖူးဘူး။ အကိုလ်န္ေျပာလိုက္ဦး... အကို လနတ္ဘုရားရဲ႕အိမ္ေတာ္ကုိ ဖ်က္ဆီးလိုက္တုန္းကေတာင္မွ မဆူဖူးဘူးလို႔"
ဒီအေၾကာင္းအရာကပါလာေတာ့ ထံုးစံအတိုင္းက်ဴးလ်န္က က်ဴးစစ္အား ေခါင္းကိုယပ္ေတာင္ျဖင့္ေခါက္သည္။ အရင္လိုမဟုတ္ အားပါသည္ထင့္ က်ဴးစစ္ခမ်ာ မ်က္ႏွာမဲ႔သြားသည္။
" ငါဘယ္ႏွစ္ခါေျပာရမလဲ။ လက္ေခ်ာ္ျပီးသြားထိမိတာလို႔ ..... ေရွာင္ယင္ အားစစ္နဲ႔သိပ္မကပ္နဲ႔ ဒီေကာင္က ငါတို႔ေတြအထဲမွာ မ်က္ႏွာေၾကာအျပတ္ဆံုးပဲ။ "
ထိုအေၾကာင္းကိုေျပာေတာ့ က်ဴးလ်န္ကမၾကိဳက္သည့္ပံုရတာမို႔၊ က်ူးယင္သိခ်င္ေပမယ့္ သူမေမးျဖစ္ေတာ့။ အရင္ကအလိုလိုက္သလိုထားထားတဲ႔ သူ႔ညီကိုေတာင္မွ ရွဴရွားရွားနဲ႔ၾကည့္ေနသည္ေလ၊ ဆိုေတာ့ အဲ႔ဒိလနတ္ဘုရားရဲ႕အိမ္ေတာ္ကိစၥက ေပါ့ေသးေသးမဟုတ္ဘူးထင္တယ္။
" ဟုတ္ပါျပီ မေျပာေတာ့ပါဘူး။ ဆိုလိုတာကကြာ ငါတို႔ေတြ ဘာပဲလုပ္လုပ္၊ ဘာအျပစ္ပဲလုပ္လုပ္ ငါတို႔မွာအေဖရွိတယ္။ အေဖကရွင္းလိမ့္မယ္။ ေျပာရရင္ မင္း ေကာင္းကင္နန္းေတာ္က စစ္ခ်ီနတ္ဘုရားနဲ႔ သူ႕မိဖုရားကိုသြားမထိသ၍ က်န္တာမင္းၾကိဳက္တာလုပ္လို႔ရတယ္။ အဲ သီနတ္ဘုရားကိုလည္း သြားမထိနဲ႔... အဲ႔နတ္ဘုရားက ဂြစာက်တယ္။"
" ဘယ္သူက ဂြစာက်တာ "
"အဟြတ္... "
က်ဴးစစ္က အားရပါးရျဖင့္ သီ၏အတင္းကို တုပ္စျပဳမည္ျပင္ေနခ်ိန္ က်ဴးယင္၏ေဘး ၊ အလြန္နီးကပ္လ်က္အေနအထားမွ ေပၚလာသည့္သီေၾကာင့္ က်ဴးစစ္အျပင္ က်ဴးလ်န္ပါ လန္႕ကာတုန္သြားေလသည္။ သူတို႔ေတြက က်ဴးမ်ိဳးရိုးေတြျဖစ္ကာ မည္သည္ကိုမွေၾကာက္လန္႕ျခင္းမရွိ ဟုေျပာခဲ႔ေပမယ့္ ထို႔အထဲတြင္ သီမပါဘူးထင္သည္။
" အဲ သီ သီနတ္ဘုရားကို ႏႈတ္ဆတ္ပါတယ္"
" သီနတ္ဘုရားကို ႏႈတ္ဆတ္ပါတယ္"
ဆရာ႔ကိုေတြ႕စဥ္ကေတာင္မွ မရိုမေသလုပ္ၾကတဲ႔သူ႔အကိုေတြက သီ့ကိုက် အရမ္းေၾကာက္ၾကပါလား....
က်ဴးစစ္က က်ဴးယင္ကိုမ်က္လံုးျပဴးျပျပီး၊ က်ဴးလ်န္က ယပ္ေတာင္ကို မသိမသာေျမွာက္ျပသည္... သူ႔ကို သီအား ႏႈတ္ဆတ္ခိုင္းေနသည့္သေဘာ...
" သီနတ္ဘုရားကို ႏႈတ္ဆတ္ပါတယ္"
" ထားပါ။ မင္းတို႔ေျပာလက္စအေၾကာင္းေလး ဆက္ေျပာေလ၊ ဘယ္သူက ဂြက်တယ္ဆိုလား"
က်ဴးယင္ကတစ္ခုခုေျပာမည့္ဟန္ျပင္ေတာ့ က်ဴးစစ္က ပါးစပ္ကိုလွမ္းပိတ္သည္။
" အဟဲ နတ္မင္း အထင္လြဲတာပါ။ က်ြန္ေတာ္က ေရွာင္ယင့္ကိုေပ်ာ္ေအာင္စေနတာ။ "
က်ဴးမိသားစု၀င္ေတြေရွ႕တြင္သာ ရယ္ရယ္ေမာေမာေနတတ္သည့္က်ဴးစစ္က သီအား သြားအကုန္ေပၚေတာ့မတတ္ရယ္ျပကာေနသည္။
အကိုစစ္ေၾကာက္တဲ႔သူလည္းရွိေသးတာကိုး
" စတာ၊ ငါ့ကို ဂြက်တယ္လို႔ေျပာျပီးစတာလား။ ဒါေပမယ့္ မင္းက "
မင္းကဟုဆိုကာ သူတို႔အားေမာ့ၾကည့္ေနေသာ က်ဴးယင္ကိုငံု႕ၾကည့္လိုက္သည္မို႔ က်ဴးယင္ ကိုယ္ေလးက်ံဳ႕ခနဲျဖစ္သြားရသည္။
" အဟက္ သြားေတာ့ "
" ဟမ္ "
နားမလည္လိုက္တာက က်ဴးစစ္တင္မဟုတ္၊ ခပ္ခြာခြာ ၊ရပ္ေနေသာက်ဴးလ်န္ႏွင့္ က်ဴးစစ္နဲ႔သီတို႔ၾကားထဲမွာရပ္ေနသလိုျဖစ္ေနေသာ က်ဴးယင္တို႔ပါ ပါသည္။
သီက က်ဴးယင္ကိုၾကည့္ျပီး ဟက္ ခနဲရယ္ကာ က်ဴးစစ္အား သြားေတာ့ ဟု လက္ခါကာေျပာသည္ကိုး....
ဘာလုပ္ရမည္မွန္းမသိဘဲ ရပ္ေနေသးေသာ က်ဴးအကိုႏွစ္ေယာက္ကို သီက ခပ္စူးစူးတစ္ခ်က္ျပန္ၾကည့္ရင္း
" က်ဴးစစ္ မင္းကငါ့ကိုမေလးမစားဆက္ဆံလို႔ ငါ စိတ္ဆိုးျပီး စားပြဲကိုမတက္ေတာ့ဘူး။ အခုဒီေနရာကိုေရာက္လက္စနဲ႔ က်ဴးယင္အေဆာင္မွာပဲ ငါေနလိုက္မယ္။ အဲ႔အေၾကာင္းကို မင္းတို႔ႏွစ္ေယာက္က အကိုက်ဴးကိုသြားေျပာလိုက္။ က်ဴးယင္ မင္းကဒီမွာေနခဲ႔ျပီး ငါ့ကိုအထဲလိုက္ပို႔ "
စကားအရွည္ၾကီးေျပာအျပီး ခဏအၾကာမွ က်ဴးလ်န္က အသိ၀င္လာကာ တည္ေနတတ္သည့္မ်က္ႏွာကပိုတင္းသြားျပီး မ်က္ႏွာပ်က္ေနသည့္ က်ဴးစစ္ကိုလက္ကေဆာင့္ဆြဲကာ ေပ်ာက္ကြယ္သြားၾကသည္။
တရိုတေသျဖင့္ ဟုတ္ကဲ႔ပါ ေတြေတာင္မေျပာသြား... သီကလည္း သိပံုရသည္.... ႏႈတ္ခမ္းေတြကေကာ့တက္ေန၏။
" လာ အထဲ၀င္စို႔"
ဤသည္က သူ႔အေဆာင္ေပမယ့္ သူမေရာက္ဖူးဘူးေလ၊ ထို႔ေၾကာင့္ အိမ္ၾကီးရွင္သဖြယ္ ေရွ႕မွအေသာ့၀င္သြားေသာ သီနတ္ဘုရားေနာက္သို႔သာ က်ဴးယင္လိုက္ရသည္။
သူ႔အကိုေတြကို အေဖကမဆူတတ္ဘူး ဟုၾကားထားတာမၾကာေသးတာမို႔ အဆူခံရမည့္အေရးကို သူေတြးပူမေနေတာ့...
ေတာ္ေသးသည္ ။ သူက သီနတ္ဘုရားနဲ႔ေျပလည္ေသာ ဆက္ဆံေရးရွိလို႔ ၊ မဟုတ္လွ်င္ အကိုစစ္လိုမ်က္ႏွာျဖစ္ေနရမည္ေပ။
ေနာင္လည္း သီနတ္ဘုရားကို ရိုရိုေသေသေကာင္းေကာင္းမြန္ မြန္ ဆက္ဆံရမည္။ ဒီလို အေပါင္းအသင္းရထားရင္ ဘယ္သူ႔ကိုမွမႈစရာမလိုေတာ့ဘူး။
" အခန္းက ႏွစ္ခန္းေပမယ့္ ဟိုဘက္အခန္းကက်ဥ္းတယ္ ၊ ဒီအခန္းက မင္းအခန္းမဟုတ္လား။ ငါဒီမွာပဲ အိပ္မယ္"
အေဆာင္ထဲေရာက္ေတာ့လည္း သူ႔ဘာသာေမးကာ သူ႔ဘာသာေျဖျပီး သူ႔ဘာသာအခန္းေရြးလိုက္တာကို မ်က္လံုးျပဴး၍သာသူလိုက္ၾကည့္ေနမိသည္။
က်ဴးလ်န္ေျပာသြားသည့္အတိုင္း ဒီအေဆာင္က အရမ္းေကာင္းကာ အရမ္းလည္းက်ယ္သည္။ ေခါင္းအံုး၊ေစာင္ စသျဖင့္ ကေရေတြသာျဖစ္ျပီး ထုထည္အျဖစ္ႏွင့္ရွိေနၾကသည္။ ထိလိုက္လွ်င္လည္း ေပါက္ကာ ေရေတြထြက္လာျခင္းမ်ိဳးမရွိ။မ်က္ႏွာက်က္၊ ခန္းစီးနဲ႔တိုင္လံုးေတြကအစ ေရေတြပဲမို႔ ထြင္းေဖာက္ျမင္ေနရကာ ေရျပာေရာင္တလက္လက္ျဖင့္ အလြန္လွေနေတာ့သည္။
သူ ဒီအခန္းကိုၾကိဳက္သည္။ ေဆာင္းတြင္းေၾကာင့္ေအးသည့္အေအးမ်ိဳးမဟုတ္ဘဲ ေရ၏ခပ္ေအးေအးျဖစ္ေနမႈျဖင့္သာ ေအးေနသည္ေၾကာင့္ ေနလို႔ေကာင္းလွသည္။
" အရမ္းမိုက္တာပဲ"
သူ႔ေရရြတ္သံကိုၾကားေတာ့ အိပ္ယာေပၚ ထိုင္ေနတဲ႔ သီနတ္ဘုရားက ျပံဳးသည္။
" ေရနန္းေတာ္က ငါ့အတြက္ ေလ့က်င့္လို႔ေကာင္းတဲ႔ေနရာပဲ။ က်ဴးယင္ မင္းအဆင္ေျပသလိုသာေနေနာ ္ငါလည္းလုပ္စရာရွိတာ လုပ္ေတာ့မယ္"
သူ႔ကိုယ္သူပိုင္ရွင္သဖြယ္ေျပာကာ အေပၚ၀တ္ရံုကို ဆြဲခ်ြတ္လိုက္သည့္ သီေၾကာင့္ က်ဴးယင္ သက္ျပင္းခ်လိုက္မိသည္။
အကိုစစ္ေျပာတာမွန္တယ္။ ငါလည္း နားခ်င္တာကို သီနတ္ဘုရားက ငါ့အိပ္ယာမွာအိပ္ေတာ့မလို႔တဲ႔...
ဟိုဘက္အခန္းရွိေသးတာပဲ
အေတြးႏွင့္အတူ သူထရပ္မိလိုက္ခ်ိန္တြင္ အတြင္း၀တ္နီညိဳေရာင္အပါးသားသာကိုယ္တြင္ကပ္ေတာ့ေသာ နတ္ဘုရားၾကီးမွ ေရွ ့တြင္ပိတ္ရပ္လာသည္။
" ငါ ေလ့က်င့္ေနတဲ႔အခ်ိန္မွာ က်ဴးယင္ မင္းကထိုင္ၾကည့္ေပးရမယ္ေလ"
" ထိုင္ၾကည့္ရမယ္ ဟို .."
" ေစာင့္ၾကည့္ခိုင္းတာကို ေျပာတာ။ ငါက လွ်ိဳ႕၀ွက္က်င့္စဥ္ကိုက်င့္တာ အျပင္လူသိလို႔မရဘူး"
သီထိုသို႔ေျပာလာေတာ့ က်ဴးယင္ သူ႔ကိုယ္သူလက္ညိဳးထိုးကာ ေမးမိမလိုျဖစ္သြားသည္။
ငါကေရာ ငါက အျပင္လူမဟုတ္ဘူးလား
ထားပါေတာ့ နတ္ဘုရားညိုျငင္ေအာင္ မလုပ္နဲ႔ အႏၱရာယ္မ်ားတယ္။
သူေခါင္းျငိမ့္လိုက္ေတာ့ နတ္ဘုရားမွာ သေဘာက်သြားကာ အိပ္ယာေပၚျပန္သြားထိုင္ေတာ့သည္။
သူကေတာ့ စားပြဲမွာသာ၀င္ထိုင္ျပီး ထိုနတ္ဘုရားေလ့က်င့္ေနသည္ကို ထိုင္ၾကည့္ေနလိုက္သည္။
ၾကည့္ေနရင္းမွ ပ်င္းလာတာေၾကာင့္ စားပြဲေပၚလက္ေထာက္ကာ ဆက္ၾကည့္သည္။ ေနာက္ ေမးကိုစားပြဲေပၚတင္ကာ ၾကည့္သည္။
ေနာက္ ... ေနာက္ေတာ့.....
-----
စစ္ၿပီး😊
စကားတစ်ပြောပြောနှင့်လျှောက်လာကြရင်း တစ်နေရာအရောက်တွင် အကိုလျန်ကရပ်သွားတော့ ရှေ့ကိုလှမ်းတော့မယ့်ခြေထောက်တွေကို သူအမြန်ဘရိတ်အုပ်ရသည်။
" ဒါ မင်းရဲ့အဆောင်လေ ရှောင်ယင်၊ ငါတို့အငယ်ဆုံးလေးက ရေနန်းတော်ကအကောင်းဆုံးအဆောင်မှာ နေတာလေ။ အင်း ငါတို့ကိုအနိုင်ကျင့်ပြီးရထားတာလို့ ပြောရမလားပဲ "
"ငါတို့ကသာ ရှောင်ယင့်ကို အလျှော့ပေးခဲ့တာဆိုတာလေးလည်း ထည့်ပြောလေ"
ရွှင်မြူးသည့်အသံဖြင့် ကျူးစစ်က ဝင်ထောက်သည်။
ယခုမှ ပတ်ဝန်းကျင်ကို သူသတိပြုမိသည်။ သူ့အကျင့်က တစ်စုံတစ်ခုကိုအာရုံဝင်စားနေပြီဆို အခြားအရာတွေကိုလုံးဝမသိတော့ခြင်း၊ အထူးသဖြင့် အခုလို မသိနားမလည်သည့်လောကကိုရောက်လာပြီးမှ ပထမဆုံးအကြိမ် အကြာကြီးစကားပြောဖော်ပြောဖက်၊ စနောက်ဖော်စနောက်ဖက်၊ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေကို တွေ့ရသည်မို့ သူဝမ်းသာလွန်းသွားရကာ သူ့စိတ်က အကိုနှစ်ယောက်ရဲ့စကားတွေကိုသာအာရုံစိုက်နေဖြစ်ခဲ့တော့ ပတ်ဝန်းကျင်ကိုလုံးဝမေ့လျော့သွားခဲ့ခြင်းဖြစ်သည်။
သူရောက်နေတာကပင်လယ်၏အောက်ခြေပေမယ့် ရေလုံးဝရှိမနေ၊ သို့သော် သူ့ရှေ့မှသူ့အဆောင် ဟုပြောသည့်အိမ်တော်ကြီးကတော့ ရေလှိုင်းတွေဖြင့် တည်ဆောက်ထားလေသည်။
" အကိုတို့ ကျွန်တော် အိမ်ကိုထိကြည့်လို့ရလား"
သူထိကြည့်လိုက်ရင် သူ့လက်ကရေတွေထဲကိုဖြတ်သွားမှာများလား..
ကျူးလျန်မဖြေရသေးခင်တွင် ပိုသွက်သည့်ကျူးစစ်က အရယ်တစ်ဝက်ဖြင့်ဆိုသည်။
" ထိရုံတင်မကဘူးကွာ... ပြိုသွားအောင်လုပ်ပြီး ဒီခြံဝန်းထဲကိုရေတွေပြည့်သွားစေလည်း ကိစ္စမရှိဘူး။ အဖေက အသစ်ပြန်ဆောက်ပေးလိမ့်မယ်။ လက်လေးတစ်ချက်ဝေ့လိုက်ရင် မင်းအဆောင်ပြန်ကောင်းပြီပဲ ။ "
ဤစကားကိုတော့ ကျူးလျန်ကထောက်ခံသည်။
" ဟုတ်တယ်။ "
" ဒါပေမယ့် အဖေက ကျွန်တော့်ကိုဆူမှာပေါ့"
" ဆူတယ် ..... ဖွီး.. ဟား...ဟား"
သူ့စကားကဘာမှားလို့လဲ
ကိုယ့်သားကအိမ်ကိုဖြိုလိုက်ရင် ဘယ်မိဘကမဆူဘဲနေမှာလဲ
ကျူးစစ်က တဟားဟားရယ်နေသည်ကို ကျူးလျန်က ယပ်တောင်တစ်ချက်ခတ်ကာကြည့်ရင်း ခေါင်းအသာခါသည်။
နောက် ကျူးစစ်ကပင် ရယ်နေရင်းမှ ဆိုသည်။
" ရှောင်ယင် ငါ့ရှောင်ယင်လေး မှတ်ဉာဏ်ပျောက်ပြီးမှ ဘာလို့သိပ်ရိုးအလာတာလဲ။ အဖေကလေ ငါတို့ကိုဘယ်တုန်းကမှ မဆူဖူးဘူးလေ၊ အမေကသာ စိုးရိမ်စိတ်ကြီးတာ ဒါပေမယ့် အမေတောင်မှ မဆူဖူးဘူး။ အကိုလျန်ပြောလိုက်ဦး... အကို လနတ်ဘုရားရဲ့အိမ်တော်ကို ဖျက်ဆီးလိုက်တုန်းကတောင်မှ မဆူဖူးဘူးလို့"
ဒီအကြောင်းအရာကပါလာတော့ ထုံးစံအတိုင်းကျူးလျန်က ကျူးစစ်အား ခေါင်းကိုယပ်တောင်ဖြင့်ခေါက်သည်။ အရင်လိုမဟုတ် အားပါသည်ထင့် ကျူးစစ်ခမျာ မျက်နှာမဲ့သွားသည်။
" ငါဘယ်နှစ်ခါပြောရမလဲ။ လက်ချော်ပြီးသွားထိမိတာလို့ ..... ရှောင်ယင် အားစစ်နဲ့သိပ်မကပ်နဲ့ ဒီကောင်က ငါတို့တွေအထဲမှာ မျက်နှာကြောအပြတ်ဆုံးပဲ။ "
ထိုအကြောင်းကိုပြောတော့ ကျူးလျန်ကမကြိုက်သည့်ပုံရတာမို့၊ ကျူးယင်သိချင်ပေမယ့် သူမမေးဖြစ်တော့။ အရင်ကအလိုလိုက်သလိုထားထားတဲ့ သူ့ညီကိုတောင်မှ ရှူရှားရှားနဲ့ကြည့်နေသည်လေ၊ ဆိုတော့ အဲ့ဒိလနတ်ဘုရားရဲ့အိမ်တော်ကိစ္စက ပေါ့သေးသေးမဟုတ်ဘူးထင်တယ်။
" ဟုတ်ပါပြီ မပြောတော့ပါဘူး။ ဆိုလိုတာကကွာ ငါတို့တွေ ဘာပဲလုပ်လုပ်၊ ဘာအပြစ်ပဲလုပ်လုပ် ငါတို့မှာအဖေရှိတယ်။ အဖေကရှင်းလိမ့်မယ်။ ပြောရရင် မင်း ကောင်းကင်နန်းတော်က စစ်ချီနတ်ဘုရားနဲ့ သူ့မိဖုရားကိုသွားမထိသ၍ ကျန်တာမင်းကြိုက်တာလုပ်လို့ရတယ်။ အဲ သီနတ်ဘုရားကိုလည်း သွားမထိနဲ့... အဲ့နတ်ဘုရားက ဂွစာကျတယ်။"
" ဘယ်သူက ဂွစာကျတာ "
"အဟွတ်... "
ကျူးစစ်က အားရပါးရဖြင့် သီ၏အတင်းကို တုပ်စပြုမည်ပြင်နေချိန် ကျူးယင်၏ဘေး ၊ အလွန်နီးကပ်လျက်အနေအထားမှ ပေါ်လာသည့်သီကြောင့် ကျူးစစ်အပြင် ကျူးလျန်ပါ လန့်ကာတုန်သွားလေသည်။ သူတို့တွေက ကျူးမျိုးရိုးတွေဖြစ်ကာ မည်သည်ကိုမှကြောက်လန့်ခြင်းမရှိ ဟုပြောခဲ့ပေမယ့် ထို့အထဲတွင် သီမပါဘူးထင်သည်။
" အဲ သီ သီနတ်ဘုရားကို နှုတ်ဆတ်ပါတယ်"
" သီနတ်ဘုရားကို နှုတ်ဆတ်ပါတယ်"
ဆရာ့ကိုတွေ့စဉ်ကတောင်မှ မရိုမသေလုပ်ကြတဲ့သူ့အကိုတွေက သီ့ကိုကျ အရမ်းကြောက်ကြပါလား....
ကျူးစစ်က ကျူးယင်ကိုမျက်လုံးပြူးပြပြီး၊ ကျူးလျန်က ယပ်တောင်ကို မသိမသာမြှောက်ပြသည်... သူ့ကို သီအား နှုတ်ဆတ်ခိုင်းနေသည့်သဘော...
" သီနတ်ဘုရားကို နှုတ်ဆတ်ပါတယ်"
" ထားပါ။ မင်းတို့ပြောလက်စအကြောင်းလေး ဆက်ပြောလေ၊ ဘယ်သူက ဂွကျတယ်ဆိုလား"
ကျူးယင်ကတစ်ခုခုပြောမည့်ဟန်ပြင်တော့ ကျူးစစ်က ပါးစပ်ကိုလှမ်းပိတ်သည်။
" အဟဲ နတ်မင်း အထင်လွဲတာပါ။ ကျွန်တော်က ရှောင်ယင့်ကိုပျော်အောင်စနေတာ။ "
ကျူးမိသားစုဝင်တွေရှေ့တွင်သာ ရယ်ရယ်မောမောနေတတ်သည့်ကျူးစစ်က သီအား သွားအကုန်ပေါ်တော့မတတ်ရယ်ပြကာနေသည်။
အကိုစစ်ကြောက်တဲ့သူလည်းရှိသေးတာကိုး
" စတာ၊ ငါ့ကို ဂွကျတယ်လို့ပြောပြီးစတာလား။ ဒါပေမယ့် မင်းက "
မင်းကဟုဆိုကာ သူတို့အားမော့ကြည့်နေသော ကျူးယင်ကိုငုံ့ကြည့်လိုက်သည်မို့ ကျူးယင် ကိုယ်လေးကျုံ့ခနဲဖြစ်သွားရသည်။
" အဟက် သွားတော့ "
" ဟမ် "
နားမလည်လိုက်တာက ကျူးစစ်တင်မဟုတ်၊ ခပ်ခွာခွာ ၊ရပ်နေသောကျူးလျန်နှင့် ကျူးစစ်နဲ့သီတို့ကြားထဲမှာရပ်နေသလိုဖြစ်နေသော ကျူးယင်တို့ပါ ပါသည်။
သီက ကျူးယင်ကိုကြည့်ပြီး ဟက် ခနဲရယ်ကာ ကျူးစစ်အား သွားတော့ ဟု လက်ခါကာပြောသည်ကိုး....
ဘာလုပ်ရမည်မှန်းမသိဘဲ ရပ်နေသေးသော ကျူးအကိုနှစ်ယောက်ကို သီက ခပ်စူးစူးတစ်ချက်ပြန်ကြည့်ရင်း
" ကျူးစစ် မင်းကငါ့ကိုမလေးမစားဆက်ဆံလို့ ငါ စိတ်ဆိုးပြီး စားပွဲကိုမတက်တော့ဘူး။ အခုဒီနေရာကိုရောက်လက်စနဲ့ ကျူးယင်အဆောင်မှာပဲ ငါနေလိုက်မယ်။ အဲ့အကြောင်းကို မင်းတို့နှစ်ယောက်က အကိုကျူးကိုသွားပြောလိုက်။ ကျူးယင် မင်းကဒီမှာနေခဲ့ပြီး ငါ့ကိုအထဲလိုက်ပို့ "
စကားအရှည်ကြီးပြောအပြီး ခဏအကြာမှ ကျူးလျန်က အသိဝင်လာကာ တည်နေတတ်သည့်မျက်နှာကပိုတင်းသွားပြီး မျက်နှာပျက်နေသည့် ကျူးစစ်ကိုလက်ကဆောင့်ဆွဲကာ ပျောက်ကွယ်သွားကြသည်။
တရိုတသေဖြင့် ဟုတ်ကဲ့ပါ တွေတောင်မပြောသွား... သီကလည်း သိပုံရသည်.... နှုတ်ခမ်းတွေကကော့တက်နေ၏။
" လာ အထဲဝင်စို့"
ဤသည်က သူ့အဆောင်ပေမယ့် သူမရောက်ဖူးဘူးလေ၊ ထို့ကြောင့် အိမ်ကြီးရှင်သဖွယ် ရှေ့မှအသော့ဝင်သွားသော သီနတ်ဘုရားနောက်သို့သာ ကျူးယင်လိုက်ရသည်။
သူ့အကိုတွေကို အဖေကမဆူတတ်ဘူး ဟုကြားထားတာမကြာသေးတာမို့ အဆူခံရမည့်အရေးကို သူတွေးပူမနေတော့...
တော်သေးသည် ။ သူက သီနတ်ဘုရားနဲ့ပြေလည်သော ဆက်ဆံရေးရှိလို့ ၊ မဟုတ်လျှင် အကိုစစ်လိုမျက်နှာဖြစ်နေရမည်ပေ။
နောင်လည်း သီနတ်ဘုရားကို ရိုရိုသေသေကောင်းကောင်းမွန် မွန် ဆက်ဆံရမည်။ ဒီလို အပေါင်းအသင်းရထားရင် ဘယ်သူ့ကိုမှမှုစရာမလိုတော့ဘူး။
" အခန်းက နှစ်ခန်းပေမယ့် ဟိုဘက်အခန်းကကျဉ်းတယ် ၊ ဒီအခန်းက မင်းအခန်းမဟုတ်လား။ ငါဒီမှာပဲ အိပ်မယ်"
အဆောင်ထဲရောက်တော့လည်း သူ့ဘာသာမေးကာ သူ့ဘာသာဖြေပြီး သူ့ဘာသာအခန်းရွေးလိုက်တာကို မျက်လုံးပြူး၍သာသူလိုက်ကြည့်နေမိသည်။
ကျူးလျန်ပြောသွားသည့်အတိုင်း ဒီအဆောင်က အရမ်းကောင်းကာ အရမ်းလည်းကျယ်သည်။ ခေါင်းအုံး၊စောင် စသဖြင့် ကရေတွေသာဖြစ်ပြီး ထုထည်အဖြစ်နှင့်ရှိနေကြသည်။ ထိလိုက်လျှင်လည်း ပေါက်ကာ ရေတွေထွက်လာခြင်းမျိုးမရှိ။မျက်နှာကျက်၊ ခန်းစီးနဲ့တိုင်လုံးတွေကအစ ရေတွေပဲမို့ ထွင်းဖောက်မြင်နေရကာ ရေပြာရောင်တလက်လက်ဖြင့် အလွန်လှနေတော့သည်။
သူ ဒီအခန်းကိုကြိုက်သည်။ ဆောင်းတွင်းကြောင့်အေးသည့်အအေးမျိုးမဟုတ်ဘဲ ရေ၏ခပ်အေးအေးဖြစ်နေမှုဖြင့်သာ အေးနေသည်ကြောင့် နေလို့ကောင်းလှသည်။
" အရမ်းမိုက်တာပဲ"
သူ့ရေရွတ်သံကိုကြားတော့ အိပ်ယာပေါ် ထိုင်နေတဲ့ သီနတ်ဘုရားက ပြုံးသည်။
" ရေနန်းတော်က ငါ့အတွက် လေ့ကျင့်လို့ကောင်းတဲ့နေရာပဲ။ ကျူးယင် မင်းအဆင်ပြေသလိုသာနေနော ်ငါလည်းလုပ်စရာရှိတာ လုပ်တော့မယ်"
သူ့ကိုယ်သူပိုင်ရှင်သဖွယ်ပြောကာ အပေါ်ဝတ်ရုံကို ဆွဲချွတ်လိုက်သည့် သီကြောင့် ကျူးယင် သက်ပြင်းချလိုက်မိသည်။
အကိုစစ်ပြောတာမှန်တယ်။ ငါလည်း နားချင်တာကို သီနတ်ဘုရားက ငါ့အိပ်ယာမှာအိပ်တော့မလို့တဲ့...
ဟိုဘက်အခန်းရှိသေးတာပဲ
အတွေးနှင့်အတူ သူထရပ်မိလိုက်ချိန်တွင် အတွင်းဝတ်နီညိုရောင်အပါးသားသာကိုယ်တွင်ကပ်တော့သော နတ်ဘုရားကြီးမှ ရှေ့တွင်ပိတ်ရပ်လာသည်။
" ငါ လေ့ကျင့်နေတဲ့အချိန်မှာ ကျူးယင် မင်းကထိုင်ကြည့်ပေးရမယ်လေ"
" ထိုင်ကြည့်ရမယ် ဟို .."
" စောင့်ကြည့်ခိုင်းတာကို ပြောတာ။ ငါက လျှို့ဝှက်ကျင့်စဉ်ကိုကျင့်တာ အပြင်လူသိလို့မရဘူး"
သီထိုသို့ပြောလာတော့ ကျူးယင် သူ့ကိုယ်သူလက်ညိုးထိုးကာ မေးမိမလိုဖြစ်သွားသည်။
ငါကရော ငါက အပြင်လူမဟုတ်ဘူးလား
ထားပါတော့ နတ်ဘုရားညိုငြင်အောင် မလုပ်နဲ့ အန္တရာယ်များတယ်။
သူခေါင်းငြိမ့်လိုက်တော့ နတ်ဘုရားမှာ သဘောကျသွားကာ အိပ်ယာပေါ်ပြန်သွားထိုင်တော့သည်။
သူကတော့ စားပွဲမှာသာဝင်ထိုင်ပြီး ထိုနတ်ဘုရားလေ့ကျင့်နေသည်ကို ထိုင်ကြည့်နေလိုက်သည်။
ကြည့်နေရင်းမှ ပျင်းလာတာကြောင့် စားပွဲပေါ်လက်ထောက်ကာ ဆက်ကြည့်သည်။ နောက် မေးကိုစားပွဲပေါ်တင်ကာ ကြည့်သည်။
နောက် ... နောက်တော့.....
-----
စစ်ပြီး😊