book

Index 13

အပိုင်း ၁၂

ျမင္ကြင္းတို႔တစ္ခဏ ေ၀၀ါးသြားျပီးေနာက္ ေရျပင္ကိုသာသူျမင္လိုက္ရသည္။ ၾကည္စိမ္းေနေသာေရပင္လယ္ၾကီး၏ေရွ႕တြင္ ေရာက္ေနသည္မို႔ အကာအကြယ္မရွိဘ၊ဲ ေလ၏ေအးျမမႈကိုတိုက္ရိုက္ခံစားရေတာ့သည္။


သူ႔လက္အားလႊတ္ကာ ဆရာက ကမ္းစပ္သို႔ခ်ဥ္းကပ္သြားသည္။ လက္တစ္ဖက္ကိုေျမွာက္ကာ အသာ တစ္ခ်က္ ယိမ္းလိုက္စဥ္တြင္ တေ၀ါေ၀ါျမည္ေနေသာေရသံေတြကို အလွ်င္ၾကားလိုက္ရသည္မို႔ သူသိခ်င္စိတ္၀င္လာရကာ ဆရာ႕အနားသို႔တိုးကပ္သြားလိုက္သည္။


ဆရာ႕အနားမေရာက္မွီခင္တြင္ ပင္လယ္ကမ္းစပ္ႏွင့္မနီးမေ၀းေနရာမွ ေရေတြအထက္သို႔ေထာင္တက္လာမႈေၾကာင့္ ဆရာ့ေက်ာေနာက္သို႔သာ သူေျပးကပ္လိုက္ရသည္။


ပင္လယ္ေရျပင္မွေရေတြဟာ အထက္သို႔ ၀ါးႏွစ္ျပန္စာမွ်ျမင့္တက္သြားျပီးေနာက္ ေရလႈိင္းေတြကေလထဲတြင္တန္႕သြား၏။ မ်က္လွည့္ျပသလို ထူးဆန္းလွသည့္အျဖစ္မို႔ သူပါးစပ္အေဟာင္းသားႏွင့္ ေမာ့ၾကည့္ေနမိသည္။ 


အံ႕ၾသမႈတစ္ခုကမဆံုးေသးခင္တြင္ ေနာက္တစ္ခုကထပ္မံလာျပန္သည္။ ထိုအရာက ေလထဲတြင္တန္႔ေနေသာေရလႈိင္းေတြက ေဘးသို႔ခြဲထြက္ကာ အလယ္တြင္ေအာက္ေျခသို႔ဆင္းနိုင္ေလာက္သည့္ ေလွကားထစ္ေတြေပၚလာျခင္းပါေပ။


ထိုေလွကားေတြမွာလည္း ေရလႈိင္းငယ္ေတြသာျဖစ္ကာ ေလွကားသ႑ာန္ျဖစ္ေနၾကျခင္းေပ။


ပင္လယ္ကိုေနာက္ခံသည့္ ဒီျမင္ကြင္းက အရမ္းကိုလွကာ စိတ္ခ်မ္းသာေစသည္။


"လွလိုက္တာ "


" ဟုတ္တယ္"


ဆရာျဖစ္သူထံမွေထာက္ခံသံၾကားမွ ေမွာ္ဆန္သည့္ပင္လယ္ျမင္ကြင္းအားေငးေနမိသည့္သူ႔မွာ ဆရာ႕ထံလွည့္ၾကည့္မိရသည္။


ေနေရာင္မရွိေတာ့ေပမယ့္ သစ္ပင္ကြယ္ေတြမရွိသည္မို႔ လက သူ၏အစြမ္းအားဂုဏ္ယူစြာျပသနိုင္ေနသည္။ ၾကယ္ေရာင္တဖ်က္ဖ်က္က သူ႔ကိုမ်က္စိက်ိန္းေစေတာ့မတတ္၊ ဆရာ႔ရဲ႕အၾကည့္ေတြႏွင့္အျပိဳင္ ေတာက္ပေနေလသည္။ 


ဆံုသြားေသာအၾကည့္ေတြအား ဆရာကအျမန္လႊဲဖယ္လိုက္သျဖင့္ သူပင္ရွက္ကိုးရွက္ကန္းျဖစ္သြား၇သည္။


" ဒါ ေရနန္းေတာ္ရဲ႕၀င္ေပါက္ပဲ။ "


ဆရာေမးေငါ့ျပေနသည့္ဘက္သို႔ သူျပန္လွည့္ၾကည့္လိုက္ေတာ့ အေစာက မတည္ျငိမ္စြာေရေတြက်ေနခဲ႔တဲ႔ေလွကားထစ္ေတြမွာ ယခုေတာ့ျငိမ္သက္သြားေလျပီ။ နေဘးမွအထက္သို႔တက္ေနသည့္ေရလႈိင္းေတြမရွိေတာ့၊ ထို ေလွကားတည္းသာ က်န္ေနရစ္ေတာ့သည္။ 


သူအာ၇ံုစိုက္ေနသည္ကို ဆရာက သတိျပဳမိသည္ထင့္ သူမသိေသးသည္မ်ားကို ဆက္လက္၊ေျပာျပလာသည္။


" ေရနန္းေတာ္ရဲ႕၀င္ေပါက္ကို က်ဴးမ်ိဳးႏြယ္ေတြမဟုတ္ဘဲ တစ္ပါးသူမ၀င္နိုင္ေအာင္ က်ဴးယန္နတ္ဘုရားက သူ၊ နတ္မင္းကိုယ္မွေသြးစက္နဲ႔ကာကြယ္ထားခဲ႔တယ္။ ဒီေန႕ငါဖြင့္နိုင္တာက က်ဴးယန္နတ္မင္းက စားပြဲကိုျပင္ပမွနတ္ေတြတက္ေရာက္နိုင္ဖို႔အတြက္ ယာယီဖြင့္ထားေပးခဲ႔လို႔သာျဖစ္တယ္။ က်ဴးယင္ မင္းကိုငါမေျပာျပျဖစ္ေသးဘူးထင္တယ္၊ ေရနန္းေတာ္မွာ ေန႔နွင့္ည မရွိဘူး။ က်ဴးယန္နတ္ဘုရားရဲ႕ေသြးစက္က ျပင္ပကဘယ္လိုအရာကိုမွ ခြင့္မျပဳဘဲမ၀င္ေရာက္ေစတဲ႔အျပင္ နတ္မင္းကိုယ္တိုင္ကလည္း က်ဴးမ်ိဳးႏြယ္ေတြနွင့္ အလုပ္အေက်ြးျပဳသူနတ္ေတြ၊ တစ္စံုတစ္ရာအေရးရွိ၍ဖိတ္ေခၚျခင္းခံရသူနတ္ေတြကလြဲလွ်င္ မည္သည့္အရာကိုမွမ၀င္ေစရ ၊ လို႔အဓိဌာန္ျပဳခဲ႔ေတာ့ ေန၊လ၊ၾကယ္အလင္းေ၇ာင္ေတြနဲ႔ ဆီးႏွင္း၊မိုးနဲ႔ ေလတို႔တိုင္ ေရနန္းေတာ္တြင္း မက်ေရာက္ၾက၊ မ၀င္ၾကေလဘူး။ "


အေဖက တန္ခိုးအရမ္းၾကီးတာပါလား၊ ငါ့မွာ ဒီေလာက္စြမ္းအားၾကီးတဲ႔အေဖရွိေနတာ အဟင္း မာန္ေတာင္တက္ခ်င္လာျပီ။ 


" မင္းဘယ္ခ်ိန္ထိ ၾကည့္ေနမွာလဲ"


သူေက်နပ္စြာျပံဳးေနစဥ္မွာ ဆရာ႕ထံမွ မေက်နပ္တဲ႔အသံၾကားလိုက္ရရာ က်ဴးယင္အံ႕ၾသသြားရသည္။ 


အခုစကားေျပာသည့္ေလယူေလသိမ္းက သူဒီေလာကသို႔စေရာက္စဥ္က ဆရာသုံးႏႈန္းခဲ႔သည္ႏွင့္ အတူတူပင္။


ဘာေၾကာင့္ရယ္မသိ ယခုပံုကမွ ဆရာ႕၏ ပံုစံအမွန္ျဖစ္သည္ ဟုသူခံစားေနရသည္။


လင္းလက္ေနသည့္လေရာင္ေၾကာင့္လား၊ ေတာက္ပေနသည့္ ၾကယ္ေရာင္ေတြေၾကာင့္လားေတာ့မသိေပမယ့္ အရာရာကိုသူရွင္းလင္းစြာျမင္ေနရသည္အား ယခုမွသတိျပဳမိရသည္။


နဥ္က မ်က္ေမွာင္က်ံဳ႕ကာ က်ဴးယင္၏အေရွ႕ကိုၾကည့္ေနသည္။


ငါ့ကိုေျပာတာ မဟုတ္ဘူးလား........ ပင္လယ္ဘက္ ဘာလို႔ၾကည့္ေနတာလဲ


သို႔ေပမယ့္ သူ႔ကိုဆူတာဟုတ္ ဟုတ္ ၊ မဟုတ္ ဟုတ္ ၊ တစ္ဖက္က ဆရာမို႔ တပည့္ျဖစ္တဲ႔ သူကသာအလွ်င္ ေတာင္းပန္လိုက္မည္ ဟုေတြးျပီး ပါးစပ္ဟရံု၍ရွိေသး ေဘးတြင္ေပၚလာသည့္ တစ္စံုတစ္ေယာက္ေၾကာင့္ အဖုအထစ္မရွိသည့္ေျမတြင္မတ္မတ္ရပ္ေနရင္းမွ လဲက်ေတာ့မလိုျဖစ္သြားရသည္။


သူက မတိုင္မွီက ပင္လယ္ဘက္သို႔မ်က္ႏွာမူေနခဲ႔တာျဖစ္ျပီး ဆရာျဖစ္သူထံမွမေက်နပ္သံေၾကာင့္ ေဘးသို႔လွည့္ကာ နဥ္အားၾကည့္မိသြားသည့္အခိုက္ က်န္တစ္ဖက္ေဘးမွ ထို သူ ကေပၚလာျခင္းျဖစ္သည္။ စင္စစ္ ထိုသူေပၚလာသည့္ဘက္က ပင္လယ္ကိုေနာက္ခိုင္းလ်က္ သူႏွင့္နီးကပ္လြန္းေသာ အရပ္တြင္ျဖစ္သည္။ 


လက္ႏွစ္ဖက္ကိုေနာက္ပစ္လ်က္ မ်က္ႏွာေသျဖင့္ေပၚလာသူက သံုးေလာကရဲ႕အရွင္မင္းသား စစ္၀ူရွဲ႕ပင္။


၀ူရွဲ႕က ဒီေလာက္ကပ္ကပ္ၾကီးဘာရပ္လုပ္ေနတာလဲ... ဒါမွမဟုတ္ သူရပ္ေနတာကို ငါကပဲသြားကပ္လိုက္မိတာလား....


" ဦးရီးေတာ္က အျမင္စူးရႈလွပါတယ္။ တူေတာ္က ေရနန္းေတာ္က စတုတၳမင္းသားေလးကို လွန္႔ဖို႔ၾကံရြယ္ထားတာ... အဟက္ အလုပ္မျဖစ္ဖူးဘဲ"


" ၀ူရွဲ႕ မင္း ဒီမွာဘယ္လိုလုပ္... "


သူ စကားက မဆံုးလိုက္ စစ္၀ူရွဲ႕၏မႏွစ္ျမိဳ႕သည့္အၾကည့္ေၾကာင့္ တစ္၀က္တစ္ပ်က္တြင္ရပ္သြားရသည္။


ငါ စကားမွားသြားလို႔လား၊ ဒါေပမယ့္ ဘာမွေတာင္မေျပာရေသးဘူးေလ


အေနရခက္သည့္အေျခအေနကို ဆရာက ကယ္ဆယ္ေပးသည္။


" ၀ူရွဲ႕က မင္းပင္လယ္ကိုၾကည့္ေနကတည္းက အဲ႕ေနရာကိုလာရပ္ေနတာ"


လာရပ္ေနတာ... ဒါက ဘယ္လိုစကားၾကီးလဲ


သူ႔ကိုေတြးဖို႔အခ်ိန္မေပး၊ နဥ္က ဆက္ေျပာလာသည္။


" က်ဴးယင္ မင္းက နာမည္တပ္ေခၚဖို႔ထိ သူနဲ႔ရင္းႏွီးသြားျပီလား"


ဒီမင္းသားက ေခၚခိုင္းလို႔ပါ ဟုသူျပန္မေခ်ပရေသး မ်က္ေမွာင္က်ံဳ႕ကာတိတ္ေနခဲ႔ေသာ စစ္၀ူရွဲ႕ ၀င္ေျဖလာသည္။


" ဦးရီးေတာ္ မသိေသးဘူးထင္တယ္။ တူေတာ္တို႔က သိပ္ ရင္းႏွီးတာေလ။ "


သိပ္ ဆိုသည့္စကားလံုးအား ၀ူရွဲ႕ကဖိေျပာသည္။ နဥ္အား ျပံဳးစစျဖင့္ ရႈေနရာမွ သူ႔ဘက္ျပန္လွည့္လာရင္း


" ယင္ေလး ငါသက္ျပည့္ပြဲေတာ္က်င္းပတုန္းက မင္းကေမြးေတာင္ေမြးေသးတာမဟုတ္ဘူး။ ဒါေၾကာင့္ ငါ့ကို အကို တပ္ေခၚလို႔ရတယ္။ မင္းအကိုေတြနဲ႔တူေနမွာစိုးရင္ ကိုကို လို႔ေခၚ"


သူ႔ဘာသာေျပာကာ သူ႔ဘာသာသေဘာက်ျပီး သူ႔ဘာသာရယ္ေနျပန္သည့္စစ္၀ူရွဲ႕ကို က်ဴးယင္ စိတ္ထဲကႏွာေခါင္းရႈံ႕လိုက္ျပီး အျပင္မွာေတာ့ ျပံဳးကာေခါင္းျငိမ့္လိုက္သည္။


ထိုအခါ နဥ္ကစ၍


" စစ္၀ူရွဲ႕ "


" ဦးရီးေတာ္ "


ႏွစ္ေယာက္လံုးက နာမည္ကိုယ္စီေခၚကာ အခ်င္းခ်င္းစိုက္ၾကည့္ေနၾကသည္မို႔ အလယ္တြင္ရပ္ေနသည့္သူကာ နဥ့္ကိုေမာ့ၾကည့္လိုက္၊ ၀ူရွဲ႕အားေမာ့ၾကည့္လိုက္ႏွင့္ ေယာင္အအျဖစ္ေနရသည္။


" ဗြမ္း "


ေရသံအက်ယ္ၾကီးမၾကားလိုက္ရခင္တြင္ သူ႔မွာလက္တစ္ဖက္၏ဆြဲယူမႈခံလိုက္ရျပီး အျခားတစ္ဖက္သို႔ဆြဲေခၚခံလိုက္ရသည္။ ေနာက္ အသံနဲ႔အတူ နဥ္ေရာ၊ စစ္၀ူရွဲ႕ေရာ ေရေတြရႊဲစိုကုန္ၾကသည္။


အံၾကိတ္ကာလွည့္ၾကည့္လာသည့္ နဥ္ႏွင့္ မဲေမွာင္ေနသည့္အၾကည့္တို႔လႊတ္လာသည့္ စစ္၀ူရွဲ႕က က်ဴးယင္၏လက္တစ္ဖက္အားကိုင္ကာ မားမားမတ္မတ္ရပ္ေနသည့္ တစ္စံုတစ္ေယာက္ကိုေတြ႕ရခ်ိန္မွာေတာ့ ေဒါသေတြကိုျမိဳခ်လိုက္သည္အား ျမင္လိုက္ရသည္။ သက္ျပင္းေတြခ်ျပီး လက္ႏွစ္ဖက္ဆုပ္ကာ တရိုတေသျဖင့္ 


" က်ဴးလင္ နတ္ဘုရားကို ႏႈတ္ဆတ္ပါတယ္"


ထိုအခါမွ သူ႔အားဆြဲေခၚလိုက္သည့္ခန္႕ညား၊တည္ၾကည္သည့္သူက သူ႔အကိုအၾကီးဆံုး က်ဴးလင္ ျဖစ္ေနေၾကာင္း သိလိုက္ရသည္။ ထို႔အတူ အေနာက္တြင္ အကိုလ်န္ႏွင့္ အကိုစစ္တို႔ကလည္း ျပံဳးကာရပ္ေနၾကသည္။ သူ႔လွည့္ၾကည့္တာျမင္ေတာ့ အကိုလ်န္ကျပံဳးသေယာင္ျဖစ္ေနရာမွ ႏႈတ္ခမ္းတို႔ကိုတြန္႕ေကြးျပသည္။ အကိုစစ္ကေတာ့ သြားေပၚသည္အထိရယ္ျပျပီး မ်က္စိတစ္ဖက္ပါ မွိတ္ျပေသးသည္။


သူကေတာ့ နားမလည္စြာျဖင့္သာ ျပန္ျပံဳးျပလိုက္ျဖစ္သည္။


" နဥ္နတ္ဘုရားနဲ႔ အိမ္ေရွ႔မင္းသားကို ၾကိဳဆိုပါတယ္။ ဧည့္ခန္းမကို ၾကြပါ"


ၾကြပါ ဟုဆိုျပီးခ်ိန္တြင္ ေလွကားထစ္ေတြရွိရာသို႔ က်ဴးလင္က ကိုယ္ကိုအနည္းငယ္ကိုင္းကာ လက္တစ္ဖက္ျဖင့္ ယဥ္ေက်းစြာညႊန္ျပသည္။ က်ဴးယင္ရဲ႕လက္ကိုေတာ့ျဖင့္လႊတ္ေပးလိုက္ျပီး က်ဴးလ်န္တို႔ထံ တစ္ခ်က္ၾကည့္သည္။


" လာ ေရွာင္ယင္ ငါတို႔သြားရေအာင္ "


ရႊင္ျမဴးေသာအသံျဖင့္ က်ဴးစစ္က က်ဴးယင္နားအရင္ေရာက္လာကာ လက္တစ္ဖက္ကိုဆြဲသည္။ က်ဴးလ်န္က ဘယ္ၾကားထဲကထုတ္လိုက္မွန္းမသိေသာ ယပ္ေတာင္အားတစ္ခ်က္ခတ္ရင္း က်န္ေဘးတစ္ဖက္သို႔ ၀င္ရပ္သည္။


သူ ဆရာတို႔ထံလွည့္ၾကည့္ေတာ့ သူ႔အားၾကည့္ေနၾကသည္ႏွင့္တိုးသည္။


" အေဖကေျပာတယ္ ေဆြးေႏြးစ၇ာေတြ ရွိတယ္တဲ႔... နတ္မင္းတို႔က မသြားလိုဘူးလား"


တည္ျငိမ္ေသာေလယူေလသိမ္းျဖင့္ က်ဴးလင္ကဆိုေသာ္ျငား အရွိန္အ၀ါတစ္မ်ိဳးထြက္ေနပံုရကာ မ်က္ႏွာကို၀င့္လိုက္ရင္း နဥ္ႏွင့္စစ္၀ူရွဲ႕အားၾကည့္ေလသည္။


ထိုအခါမွ နဥ္ေရာ၊ စစ္၀ူရွဲ႕ေရာ ၊ က်ဴးလင္ဦးေဆာင္ကာ ေခၚရာေနာက္သို႔လိုက္သြားေလ၏။ 


ျမင္ကြင္းမွ သံုးဦးသားေပ်ာက္သြားျပီဆိုမွ 


" အဟား ေကာင္းတယ္ ေကာင္းတယ္ ဟားဟား"


ပင္လယ္ဘက္ၾကည့္ကာ ရယ္ေနသည့္က်ဴးစစ္ကို က်ဴးလ်န္က ယပ္ေတာင္ျဖင့္ ေခါင္းေခါက္သည္။


" တိတ္ေတာ့ ။ ေရွာင္ယင္ လာ ငါတို႔ညီအကိုေတြ မင္းအေဆာင္ကိုလိုက္ပို႔ရင္း စကားေျပာၾကမယ္ "


" ဟုတ္ကဲ႔ အကိုလ်န္"


သူ႔အားပစားေပးသည့္တိုင္ သိပ္၇င္းႏွီးေသးတာမဟုတ္ေတာ့ သူ တရိုတေသသာဆိုျဖစ္သည္။


ရယ္ေနေသးေသာက်ဴးစစ္ကို ခ်န္ထားခဲ႔ကာ သူတို႔ႏွစ္ေယာက္ ပင္လယ္ဘက္ထြက္လာေတာ့ က်ဴးစစ္ကအေနာက္မွေန၍ ခိုင္းထားေသာသူတို႔ေက်ာေတြအား ကိုယ္ျဖင့္ေျပးတိုက္သည္။


အခ်င္းခ်င္းတြန္းထိုးရင္းျဖင့္ ညခ်မ္းက အသက္၀င္လာသည္။


---


´မြင်ကွင်းတို့တစ်ခဏ ေ၀ဝါးသွားပြီးနောက် ရေပြင်ကိုသာသူမြင်လိုက်ရသည်။ ကြည်စိမ်းနေသောရေပင်လယ်ကြီး၏ရှေ့တွင် ရောက်နေသည်မို့ အကာအကွယ်မရှိဘ၊ဲ လေ၏အေးမြမှုကိုတိုက်ရိုက်ခံစားရတော့သည်။


သူ့လက်အားလွှတ်ကာ ဆရာက ကမ်းစပ်သို့ချဉ်းကပ်သွားသည်။ လက်တစ်ဖက်ကိုမြှောက်ကာ အသာ တစ်ချက် ယိမ်းလိုက်စဉ်တွင် တဝေါဝေါမြည်နေသောရေသံတွေကို အလျှင်ကြားလိုက်ရသည်မို့ သူသိချင်စိတ်ဝင်လာရကာ ဆရာ့အနားသို့တိုးကပ်သွားလိုက်သည်။


ဆရာ့အနားမရောက်မှီခင်တွင် ပင်လယ်ကမ်းစပ်နှင့်မနီးမဝေးနေရာမှ ရေတွေအထက်သို့ထောင်တက်လာမှုကြောင့် ဆရာ့ကျောနောက်သို့သာ သူပြေးကပ်လိုက်ရသည်။


ပင်လယ်ရေပြင်မှရေတွေဟာ အထက်သို့ ဝါးနှစ်ပြန်စာမျှမြင့်တက်သွားပြီးနောက် ရေလှိုင်းတွေကလေထဲတွင်တန့်သွား၏။ မျက်လှည့်ပြသလို ထူးဆန်းလှသည့်အဖြစ်မို့ သူပါးစပ်အဟောင်းသားနှင့် မော့ကြည့်နေမိသည်။ 


အံ့သြမှုတစ်ခုကမဆုံးသေးခင်တွင် နောက်တစ်ခုကထပ်မံလာပြန်သည်။ ထိုအရာက လေထဲတွင်တန့်နေသောရေလှိုင်းတွေက ဘေးသို့ခွဲထွက်ကာ အလယ်တွင်အောက်ခြေသို့ဆင်းနိုင်လောက်သည့် လှေကားထစ်တွေပေါ်လာခြင်းပါပေ။


ထိုလှေကားတွေမှာလည်း ရေလှိုင်းငယ်တွေသာဖြစ်ကာ လှေကားသဏ္ဍာန်ဖြစ်နေကြခြင်းပေ။


ပင်လယ်ကိုနောက်ခံသည့် ဒီမြင်ကွင်းက အရမ်းကိုလှကာ စိတ်ချမ်းသာစေသည်။


"လှလိုက်တာ "


" ဟုတ်တယ်"


ဆရာဖြစ်သူထံမှထောက်ခံသံကြားမှ မှော်ဆန်သည့်ပင်လယ်မြင်ကွင်းအားငေးနေမိသည့်သူ့မှာ ဆရာ့ထံလှည့်ကြည့်မိရသည်။


နေရောင်မရှိတော့ပေမယ့် သစ်ပင်ကွယ်တွေမရှိသည်မို့ လက သူ၏အစွမ်းအားဂုဏ်ယူစွာပြသနိုင်နေသည်။ ကြယ်ရောင်တဖျက်ဖျက်က သူ့ကိုမျက်စိကျိန်းစေတော့မတတ်၊ ဆရာ့ရဲ့အကြည့်တွေနှင့်အပြိုင် တောက်ပနေလေသည်။ 


ဆုံသွားသောအကြည့်တွေအား ဆရာကအမြန်လွှဲဖယ်လိုက်သဖြင့် သူပင်ရှက်ကိုးရှက်ကန်းဖြစ်သွား၇သည်။


" ဒါ ရေနန်းတော်ရဲ့ဝင်ပေါက်ပဲ။ "


ဆရာမေးငေါ့ပြနေသည့်ဘက်သို့ သူပြန်လှည့်ကြည့်လိုက်တော့ အစောက မတည်ငြိမ်စွာရေတွေကျနေခဲ့တဲ့လှေကားထစ်တွေမှာ ယခုတော့ငြိမ်သက်သွားလေပြီ။ နဘေးမှအထက်သို့တက်နေသည့်ရေလှိုင်းတွေမရှိတော့၊ ထို လှေကားတည်းသာ ကျန်နေရစ်တော့သည်။ 


သူအာရုံစိုက်နေသည်ကို ဆရာက သတိပြုမိသည်ထင့် သူမသိသေးသည်များကို ဆက်လက်၊ပြောပြလာသည်။


" ရေနန်းတော်ရဲ့ဝင်ပေါက်ကို ကျူးမျိုးနွယ်တွေမဟုတ်ဘဲ တစ်ပါးသူမဝင်နိုင်အောင် ကျူးယန်နတ်ဘုရားက သူ၊ နတ်မင်းကိုယ်မှသွေးစက်နဲ့ကာကွယ်ထားခဲ့တယ်။ ဒီနေ့ငါဖွင့်နိုင်တာက ကျူးယန်နတ်မင်းက စားပွဲကိုပြင်ပမှနတ်တွေတက်ရောက်နိုင်ဖို့အတွက် ယာယီဖွင့်ထားပေးခဲ့လို့သာဖြစ်တယ်။ ကျူးယင် မင်းကိုငါမပြောပြဖြစ်သေးဘူးထင်တယ်၊ ရေနန်းတော်မှာ နေ့နှင့်ည မရှိဘူး။ ကျူးယန်နတ်ဘုရားရဲ့သွေးစက်က ပြင်ပကဘယ်လိုအရာကိုမှ ခွင့်မပြုဘဲမဝင်ရောက်စေတဲ့အပြင် နတ်မင်းကိုယ်တိုင်ကလည်း ကျူးမျိုးနွယ်တွေနှင့် အလုပ်အကျွေးပြုသူနတ်တွေ၊ တစ်စုံတစ်ရာအရေးရှိ၍ဖိတ်ခေါ်ခြင်းခံရသူနတ်တွေကလွဲလျှင် မည်သည့်အရာကိုမှမဝင်စေရ ၊ လို့အဓိဌာန်ပြုခဲ့တော့ နေ၊လ၊ကြယ်အလင်းရောင်တွေနဲ့ ဆီးနှင်း၊မိုးနဲ့ လေတို့တိုင် ရေနန်းတော်တွင်း မကျရောက်ကြ၊ မဝင်ကြလေဘူး။ "


အဖေက တန်ခိုးအရမ်းကြီးတာပါလား၊ ငါ့မှာ ဒီလောက်စွမ်းအားကြီးတဲ့အဖေရှိနေတာ အဟင်း မာန်တောင်တက်ချင်လာပြီ။ 


" မင်းဘယ်ချိန်ထိ ကြည့်နေမှာလဲ"


သူကျေနပ်စွာပြုံးနေစဉ်မှာ ဆရာ့ထံမှ မကျေနပ်တဲ့အသံကြားလိုက်ရရာ ကျူးယင်အံ့သြသွားရသည်။ 


အခုစကားပြောသည့်လေယူလေသိမ်းက သူဒီလောကသို့စရောက်စဉ်က ဆရာသုံးနှုန်းခဲ့သည်နှင့် အတူတူပင်။


ဘာကြောင့်ရယ်မသိ ယခုပုံကမှ ဆရာ့၏ ပုံစံအမှန်ဖြစ်သည် ဟုသူခံစားနေရသည်။


လင်းလက်နေသည့်လရောင်ကြောင့်လား၊ တောက်ပနေသည့် ကြယ်ရောင်တွေကြောင့်လားတော့မသိပေမယ့် အရာရာကိုသူရှင်းလင်းစွာမြင်နေရသည်အား ယခုမှသတိပြုမိရသည်။


နဉ်က မျက်မှောင်ကျုံ့ကာ ကျူးယင်၏အရှေ့ကိုကြည့်နေသည်။


ငါ့ကိုပြောတာ မဟုတ်ဘူးလား........ ပင်လယ်ဘက် ဘာလို့ကြည့်နေတာလဲ


သို့ပေမယ့် သူ့ကိုဆူတာဟုတ် ဟုတ် ၊ မဟုတ် ဟုတ် ၊ တစ်ဖက်က ဆရာမို့ တပည့်ဖြစ်တဲ့ သူကသာအလျှင် တောင်းပန်လိုက်မည် ဟုတွေးပြီး ပါးစပ်ဟရုံ၍ရှိသေး ဘေးတွင်ပေါ်လာသည့် တစ်စုံတစ်ယောက်ကြောင့် အဖုအထစ်မရှိသည့်မြေတွင်မတ်မတ်ရပ်နေရင်းမှ လဲကျတော့မလိုဖြစ်သွားရသည်။


သူက မတိုင်မှီက ပင်လယ်ဘက်သို့မျက်နှာမူနေခဲ့တာဖြစ်ပြီး ဆရာဖြစ်သူထံမှမကျေနပ်သံကြောင့် ဘေးသို့လှည့်ကာ နဉ်အားကြည့်မိသွားသည့်အခိုက် ကျန်တစ်ဖက်ဘေးမှ ထို သူ ကပေါ်လာခြင်းဖြစ်သည်။ စင်စစ် ထိုသူပေါ်လာသည့်ဘက်က ပင်လယ်ကိုနောက်ခိုင်းလျက် သူနှင့်နီးကပ်လွန်းသော အရပ်တွင်ဖြစ်သည်။ 


လက်နှစ်ဖက်ကိုနောက်ပစ်လျက် မျက်နှာသေဖြင့်ပေါ်လာသူက သုံးလောကရဲ့အရှင်မင်းသား စစ်ဝူရှဲ့ပင်။


ဝူရှဲ့က ဒီလောက်ကပ်ကပ်ကြီးဘာရပ်လုပ်နေတာလဲ... ဒါမှမဟုတ် သူရပ်နေတာကို ငါကပဲသွားကပ်လိုက်မိတာလား....


" ဦးရီးတော်က အမြင်စူးရှုလှပါတယ်။ တူတော်က ရေနန်းတော်က စတုတ္ထမင်းသားလေးကို လှန့်ဖို့ကြံရွယ်ထားတာ... အဟက် အလုပ်မဖြစ်ဖူးဘဲ"


" ဝူရှဲ့ မင်း ဒီမှာဘယ်လိုလုပ်... "


သူ စကားက မဆုံးလိုက် စစ်ဝူရှဲ့၏မနှစ်မြို့သည့်အကြည့်ကြောင့် တစ်ဝက်တစ်ပျက်တွင်ရပ်သွားရသည်။


ငါ စကားမှားသွားလို့လား၊ ဒါပေမယ့် ဘာမှတောင်မပြောရသေးဘူးလေ


အနေရခက်သည့်အခြေအနေကို ဆရာက ကယ်ဆယ်ပေးသည်။


" ဝူရှဲ့က မင်းပင်လယ်ကိုကြည့်နေကတည်းက အဲ့နေရာကိုလာရပ်နေတာ"


လာရပ်နေတာ... ဒါက ဘယ်လိုစကားကြီးလဲ


သူ့ကိုတွေးဖို့အချိန်မပေး၊ နဉ်က ဆက်ပြောလာသည်။


" ကျူးယင် မင်းက နာမည်တပ်ခေါ်ဖို့ထိ သူနဲ့ရင်းနှီးသွားပြီလား"


ဒီမင်းသားက ခေါ်ခိုင်းလို့ပါ ဟုသူပြန်မချေပရသေး မျက်မှောင်ကျုံ့ကာတိတ်နေခဲ့သော စစ်ဝူရှဲ့ ဝင်ဖြေလာသည်။


" ဦးရီးတော် မသိသေးဘူးထင်တယ်။ တူတော်တို့က သိပ် ရင်းနှီးတာလေ။ "


သိပ် ဆိုသည့်စကားလုံးအား ဝူရှဲ့ကဖိပြောသည်။ နဉ်အား ပြုံးစစဖြင့် ရှုနေရာမှ သူ့ဘက်ပြန်လှည့်လာရင်း


" ယင်လေး ငါသက်ပြည့်ပွဲတော်ကျင်းပတုန်းက မင်းကမွေးတောင်မွေးသေးတာမဟုတ်ဘူး။ ဒါကြောင့် ငါ့ကို အကို တပ်ခေါ်လို့ရတယ်။ မင်းအကိုတွေနဲ့တူနေမှာစိုးရင် ကိုကို လို့ခေါ်"


သူ့ဘာသာပြောကာ သူ့ဘာသာသဘောကျပြီး သူ့ဘာသာရယ်နေပြန်သည့်စစ်ဝူရှဲ့ကို ကျူးယင် စိတ်ထဲကနှာခေါင်းရှုံ့လိုက်ပြီး အပြင်မှာတော့ ပြုံးကာခေါင်းငြိမ့်လိုက်သည်။


ထိုအခါ နဉ်ကစ၍


" စစ်ဝူရှဲ့ "


" ဦးရီးတော် "


နှစ်ယောက်လုံးက နာမည်ကိုယ်စီခေါ်ကာ အချင်းချင်းစိုက်ကြည့်နေကြသည်မို့ အလယ်တွင်ရပ်နေသည့်သူကာ နဥ့်ကိုမော့ကြည့်လိုက်၊ ဝူရှဲ့အားမော့ကြည့်လိုက်နှင့် ယောင်အအဖြစ်နေရသည်။


" ဗွမ်း "


ရေသံအကျယ်ကြီးမကြားလိုက်ရခင်တွင် သူ့မှာလက်တစ်ဖက်၏ဆွဲယူမှုခံလိုက်ရပြီး အခြားတစ်ဖက်သို့ဆွဲခေါ်ခံလိုက်ရသည်။ နောက် အသံနဲ့အတူ နဉ်ရော၊ စစ်ဝူရှဲ့ရော ရေတွေရွှဲစိုကုန်ကြသည်။


အံကြိတ်ကာလှည့်ကြည့်လာသည့် နဉ်နှင့် မဲမှောင်နေသည့်အကြည့်တို့လွှတ်လာသည့် စစ်ဝူရှဲ့က ကျူးယင်၏လက်တစ်ဖက်အားကိုင်ကာ မားမားမတ်မတ်ရပ်နေသည့် တစ်စုံတစ်ယောက်ကိုတွေ့ရချိန်မှာတော့ ဒေါသတွေကိုမြိုချလိုက်သည်အား မြင်လိုက်ရသည်။ သက်ပြင်းတွေချပြီး လက်နှစ်ဖက်ဆုပ်ကာ တရိုတသေဖြင့် 


" ကျူးလင် နတ်ဘုရားကို နှုတ်ဆတ်ပါတယ်"


ထိုအခါမှ သူ့အားဆွဲခေါ်လိုက်သည့်ခန့်ညား၊တည်ကြည်သည့်သူက သူ့အကိုအကြီးဆုံး ကျူးလင် ဖြစ်နေကြောင်း သိလိုက်ရသည်။ ထို့အတူ အနောက်တွင် အကိုလျန်နှင့် အကိုစစ်တို့ကလည်း ပြုံးကာရပ်နေကြသည်။ သူ့လှည့်ကြည့်တာမြင်တော့ အကိုလျန်ကပြုံးသယောင်ဖြစ်နေရာမှ နှုတ်ခမ်းတို့ကိုတွန့်ကွေးပြသည်။ အကိုစစ်ကတော့ သွားပေါ်သည်အထိရယ်ပြပြီး မျက်စိတစ်ဖက်ပါ မှိတ်ပြသေးသည်။


သူကတော့ နားမလည်စွာဖြင့်သာ ပြန်ပြုံးပြလိုက်ဖြစ်သည်။


" နဉ်နတ်ဘုရားနဲ့ အိမ်ရှေ့မင်းသားကို ကြိုဆိုပါတယ်။ ဧည့်ခန်းမကို ကြွပါ"


ကြွပါ ဟုဆိုပြီးချိန်တွင် လှေကားထစ်တွေရှိရာသို့ ကျူးလင်က ကိုယ်ကိုအနည်းငယ်ကိုင်းကာ လက်တစ်ဖက်ဖြင့် ယဉ်ကျေးစွာညွှန်ပြသည်။ ကျူးယင်ရဲ့လက်ကိုတော့ဖြင့်လွှတ်ပေးလိုက်ပြီး ကျူးလျန်တို့ထံ တစ်ချက်ကြည့်သည်။


" လာ ရှောင်ယင် ငါတို့သွားရအောင် "


ရွှင်မြူးသောအသံဖြင့် ကျူးစစ်က ကျူးယင်နားအရင်ရောက်လာကာ လက်တစ်ဖက်ကိုဆွဲသည်။ ကျူးလျန်က ဘယ်ကြားထဲကထုတ်လိုက်မှန်းမသိသော ယပ်တောင်အားတစ်ချက်ခတ်ရင်း ကျန်ဘေးတစ်ဖက်သို့ ဝင်ရပ်သည်။


သူ ဆရာတို့ထံလှည့်ကြည့်တော့ သူ့အားကြည့်နေကြသည်နှင့်တိုးသည်။


" အဖေကပြောတယ် ဆွေးနွေးစရာတွေ ရှိတယ်တဲ့... နတ်မင်းတို့က မသွားလိုဘူးလား"


တည်ငြိမ်သောလေယူလေသိမ်းဖြင့် ကျူးလင်ကဆိုသော်ငြား အရှိန်အဝါတစ်မျိုးထွက်နေပုံရကာ မျက်နှာကိုဝင့်လိုက်ရင်း နဉ်နှင့်စစ်ဝူရှဲ့အားကြည့်လေသည်။


ထိုအခါမှ နဉ်ရော၊ စစ်ဝူရှဲ့ရော ၊ ကျူးလင်ဦးဆောင်ကာ ခေါ်ရာနောက်သို့လိုက်သွားလေ၏။ 


မြင်ကွင်းမှ သုံးဦးသားပျောက်သွားပြီဆိုမှ 


" အဟား ကောင်းတယ် ကောင်းတယ် ဟားဟား"


ပင်လယ်ဘက်ကြည့်ကာ ရယ်နေသည့်ကျူးစစ်ကို ကျူးလျန်က ယပ်တောင်ဖြင့် ခေါင်းခေါက်သည်။


" တိတ်တော့ ။ ရှောင်ယင် လာ ငါတို့ညီအကိုတွေ မင်းအဆောင်ကိုလိုက်ပို့ရင်း စကားပြောကြမယ် "


" ဟုတ်ကဲ့ အကိုလျန်"


သူ့အားပစားပေးသည့်တိုင် သိပ်၇င်းနှီးသေးတာမဟုတ်တော့ သူ တရိုတသေသာဆိုဖြစ်သည်။


ရယ်နေသေးသောကျူးစစ်ကို ချန်ထားခဲ့ကာ သူတို့နှစ်ယောက် ပင်လယ်ဘက်ထွက်လာတော့ ကျူးစစ်ကအနောက်မှနေ၍ ခိုင်းထားသောသူတို့ကျောတွေအား ကိုယ်ဖြင့်ပြေးတိုက်သည်။


အချင်းချင်းတွန်းထိုးရင်းဖြင့် ညချမ်းက အသက်ဝင်လာသည်။




rate now:

2 Reviews
  • reader Essence_Flame 12.12.2019, 06:37 5

    😘😘😘

    reply

  • reader Kaung Wai Yan 08.12.2019, 14:27 5

    🥰🥰🥰

    reply