book

Index 12

အပိုင်း ၁၁

အသက္ရွဴရခက္ကာ ဒူးေထာက္က်ေတာ့မည့္က်ဴးယင္အား နဥ္ကဖမ္းထိန္းေပးကာ ပတ္၀န္းက်င္မွအမည္းေရာင္၊မီးခိုးေရာင္ျမဴခိုးေတြအား စူးရဲစြာၾကည့္သည္။


"က်ဴးယင္ ဒီေက်ာက္တံုးေနာက္မွာခဏကြယ္ေန။ ဒီမိစာၦေတြကို ငါအျမန္ရွင္းလိုက္မယ္"


နဥ္က သူ႔အားေက်ာက္တံုးခပ္ၾကီးၾကီးအနားတြဲေခၚသြားေပးကာ ထို႔အေနာက္တြင္ကြယ္လ်က္ထိုင္ခ်ေစသည္။


က်ဴးယင္ကေတာ့ နဥ္ေျပာလိုက္ေသာ မိစာၦဟူသည့္စကားေၾကာင့္ တဆတ္ဆတ္ျမည္သည္အထိ တုန္ယင္ခ်င္ေနျပီျဖစ္သည္။ 


မိ မိစာၦ 


မိစာၦဆိုသည္ႏွင့္ က်ဴးယင္ေျပးျမင္သည္က အစြယ္ၾကီးၾကီး၊ အေကာင္ထြားထြားႏွင့္အျမွီးရွည္ရွည္ရွိကာ ေၾကာက္မက္ဖြယ္ေကာင္းေသာ မေကာင္းဆိုး၀ါးေတြပင္။


မိစာၦေတြဆိုေတာ့ လူသားလည္းစားမွာေပါ့

သူက အခုနတ္တစ္ပါး၏ကိုယ္တြင္းေရာက္ေနေပမယ့္ တကယ္ေတာ့ သူကလူေလ။ ျပီးေတာ့ သူ႔မွာ ဘာနတ္စြမ္းအားမွလည္းရွိတာမဟုတ္ဘူး။


ဒီတစ္ခါေတာ့ ဆရာကိုစိတ္တိုခ်င္သည္။ ဆရာက သူ႔ကိုနတ္စြမ္းအားျဖည့္တင္းဖို႔ရာသာသင္ေပးျပီး ဘယ္လိုအသံုးခ်ရမယ္ဆိုသည္ကို မေျပာထား။ ဆိုေတာ့ သူ႔မွာအေရးၾကံဳရင္ ျငိမ္ျငိမ္ေလးေနျပီး ေသဖို႔ရာသာထိုင္ေစာင့္ေနရမည္ထင္သည္။


"နတ္ဆိုး "


မိစာၦဆိုသည္ကိုပင္ တုန္ယင္ေအာင္ေၾကာက္ေနရပါသည္ဆိုမွ ဘယ္ကနတ္ဆိုးကပါလာျပန္တာလဲ။


နဥ္က ျမဴခိုးေတြႏွင့္တိုက္ခိုက္ရင္းမွ နတ္ဆိုး ဟုေအာ္ဟစ္လိုက္သည္ေၾကာင့္ က်န္ရွိေသာျမဴမ်ားႏွင့္တိုက္ခိုက္ေနသည့္ အိမ္ေရွ႕မင္းသားဆိုသူပါ တခဏမွ်တန္႕ကာ နဥ္အားလွည့္ၾကည့္လာသည္။


"မင္းတို႔က ျပစ္ဒဏ္ခံရတာတင္ မမွတ္လို႔ ငါ့ကိုရန္စရဲေသးတယ္ေပါ့။ ၀ူရွဲ႕ အဲ႔ေကာင္ေတြကိုျမန္ျမန္လက္စသတ္ျပီး က်ဴးယင္ကိုၾကည့္ေပးထား"


ဆရာက သူႏွင့္တိုက္ခိုက္ေနဆဲျမဴခိုးကိုၾကံဳး၀ါးရင္း အိမ္ေရွ႕မင္းသားထံလွည့္မၾကည့္ပါဘဲ ေအာ္ေျပာလိုက္ေသးသည္။


က်ဴးယင္ ေက်ာက္တံုးေနာက္မွပင္ ထပ္မံေခ်ာင္းၾကည့္ေတာ့ အိမ္ေရွ႕မင္းလက္ခ်က္ေၾကာင့္ လႊင့္ပ်ယ္သြားေသာမိစာၦျမဴခိုးေတြကိုေတြ႕ရသည္။


ေနပါဦး ဆရာနဲ႔ အိမ္ေရွ႕မင္းသားမွာ ဒီအိမ္ေရွ႕မင္းသားၾကီးက ပိုေတာ္ေနတာလား။ တိုက္ခိုက္တာျခင္းအတူတူ ဘာလို႔ဆရာက်ေနာက္က်က်န္ခဲ႔တာလဲ။


က်ဴးယင္မေက်မနပ္ေတြး၍မွမဆံုးေသး သူ့ေရွ့ခ်က္ခ်င္းေရာက္လာကာ ငုတ္တုပ္ေလးထိုင္ေနေသာသူ႕အား ဆတ္ခနဲဆြဲထူလိုက္သည့္အိမ္ေရွ႕မင္းသားေၾကာင့္ သူေတာင့္ေတာင့္ေလးလိုက္ရပ္လိုက္မိသည္။


"က်ဴးယင္


က်ဴးယင္ မင္းက ယင္နတ္ဘုရားပဲ"


သူ႔လက္ေမာင္းႏွစ္ဖက္မွဆြဲကိုင္ထားရာက သူ႔မ်က္ႏွာနားတိုးကပ္ကာၾကည့္ရင္းေျပာလာသည္မွာ အေဖေျပာခဲ႔သည္ႏွင့္ ထပ္တူညီေနခဲ႔သည္။


ယင္နတ္ဘုရားလို႔ ထပ္ေျပာခံရျပန္ျပီ။


"ကိုယ္က စစ္၀ူရွဲ႕ပါ။ ယင္ေလး "


သူနဲ႔ယခုမွမိတ္ဆတ္သည္ကို တရင္းတႏွီးေခၚလာေတာ့ က်ဴးယင္ရဲ႕၀ူရွဲ႕အေပၚအျမင္ဟာ ေဒါင္းသြားသည္။ မရင္းႏွီးပဲ ရင္းႏွီးသလိုလာလုပ္ေနတာမ်ိဳး မၾကိဳက္ပါဘူး။


အရင္ကက်ဴးယင္ကို သူငယ္ခ်င္းေတြကေျပာဖူးတယ္။


မင္းကတစ္ခုခုဆို မင္းမ်က္ႏွာမွာခံစားခ်က္ေတြအားလံုးေပၚေနတယ္ တဲ႔....


အခုလည္း စစ္၀ူရွဲ႕ကသူမေက်နပ္သည္ကို သတိထားမိသည္ထင့္ သူ႔အားမ်က္ခံုးပင့္ကာရႈလာသည္။


"မင္းရဲ႕ဆရာဆိုတာက ငါ့ဦးရီးေတာ္ ။ ဒါေပမယ့္ မင္းကလည္းက်ဴးမ်ိဳး႐ိုးဆိုေတာ့ ငါနဲ႔ဝါညီေနတယ္။ မင္းငါ့ကို ရင္းရင္းႏွီးႏွီးသံုးႏႈန္း ေခၚေဝၚလို႔ရပါတယ္"

သူက မွတ္ဥာဏ္ေပ်ာက္ဆံုးေနေၾကာင္း ဒီမင္းသားကၾကားထားသည္ထင့္ သူ႔အား႐ွင္းျပေပးလာသည္။


ဆရာနဲ႔ဒီမင္းသားက ေသြးသားေတာ္စပ္မွန္းဆရာေျပာျပလို႔သူသိသားပဲ။ 


က်ဴးယင္က အင္းမလုပ္ ၊အဲမလုပ္ေတာ့ ၊ သူက. မ်က္ေမွာင္ကုပ္ကာ မ်က္လံုးေမွးၾကည့္ၿပီး ေခါင္းအသာခါသည္။


အိမ္ေရွ႕မင္းသားဆီမွအာရံုအား ဆရာျဖစ္သူထံလႊဲေျပာင္းလိုက္ေတာ့ က်ဴးယင္စိတ္၀င္စားျဖစ္ခဲ႔ေသာခါးပတ္ျဖင့္ ထိုျမဴလံုးအားခ်ဳပ္ထားသည္ကို ေတြ႕လိုက္ရသည္။


အဲ႔ဒါ လက္နက္လား... ဇာတ္လမ္းေတြထဲကအတိုင္းပါပဲလား လက္နက္ကိုအသံုးအေဆာင္အျဖစ္၀တ္ဆင္ထားတာပဲ .... ငါ့ဆရာက အရမ္းေတာ္လိုက္တာ..


ထိုခါးပတ္ႏွင့္တြဲလ်က္ရွိေသာျမဴလံုးေတြအား နဥ္ကေနာက္ကအလိုအေလ်ာက္၀ဲကာလိုက္ပါေစလ်က္ သူကက်ဴးယင္အနားေလွ်ာက္လာသည္၊ စစ္၀ူရွဲ႕အား ခပ္စူးစူးၾကည့္ဖို႔ရာလည္း မေမ့။

ေနာက္ ဝူ႐ွဲ႔နဲ႔သူ႔အၾကား ဝင္ရပ္သည္။ 


"က်ဴးယင္ ငါ ဒီနတ္ဆိုးကို ေတာင္ေပၚမွာသြားခ်ဳပ္ထားလိုက္ဦးမယ္။ ခဏေနခဲ႔လို႔ျဖစ္လား"


ပထမစကားကို က်ဴးယင္အားၾကည့္ကာခပ္ေအးေအးေျပာေသာ္ျငား ဒုတိယစကားတြင္ေတာ့ စစ္၀ူရွဲ႕ထံအၾကည့္ကေရာက္သြားသည္။


"ဆရာ ဒီအိမ္ေရွ႕မင္းသားက်ေတာ့ ျမဴလံုးေတြကိုဒီအတိုင္းသတ္ပစ္လိုက္ျပီးေတာ့ ဆရာက်ေတာ့ ဘာလို႔ခါးပတ္ၾကီးနဲ႔ခ်ဳပ္ထားတာလဲ။ ေတာင္ေပၚမွာေတာင္ သြားခ်ဳပ္ရဦးမွာတဲ႔လား"


က်ဴးယင္၏မေက်နပ္သလိုအေျပာကို နဥ္ကခပ္ဖြဖြရယ္ကာ ေခါင္းအားအသာပုတ္သည္။


ထိုအခါ စစ္၀ူရွဲ႕က တဟမ္းဟမ္းလုပ္လာပါ၏။


ဆရာက ေျပာျပေတာ့မွာကိုၾကားျဖတ္သည့္၀ူရွဲ႕အား သူမေက်နပ္။


"ဒီကြင္းထဲကမိစာၦက နတ္ဆိုးအဆင့္မွာရွိတယ္။ ဒီေကာင္က အစကနတ္ဘုရားပဲ အျပစ္ၾကီးၾကီးလုပ္လို႔သာ ျပစ္ဒဏ္ခံရတာ။ ဒါကိုသူကမေက်နပ္ဘဲ လမ္းလႊဲျပီးနတ္ဆိုးျဖစ္သြားတာပဲ။ ဒါေၾကာင့္ ဒီနတ္ဆိုးအဆင့္မိစာၦကို ဆရာပဲထိန္းနိုင္တာ။ ၀ူရွဲ႕က နတ္ဘုရားမွမျဖစ္ေသးတာ အဲ႔ဒိေတာ့ သာမန္မိစာၦေတြကိုပဲ သူတတ္နိုင္တာေပါ့"


"ဦးရီးေတာ္က စိုးရိမ္လို႔ပါ။ က်ြန္ေတာ္က မေသမ်ိဳးအဆင့္မိစာၦရာခ်ီကိုေတာင္ တစ္ေယာက္တည္းရွင္းပစ္လာတာပါ။ ဒီနတ္ဆိုးနဲ႔ဆို ကိုင္တြယ္ရခက္ေလာက္ေပမယ့္ တူေတာ္က အနိုင္ရမွာပါ"


တူရီးႏွစ္ေယာက္ရဲ႕စကားအသြားအလာကိုေထာက္ဆျပီး ၀ူရွဲ႕ဟာဆရာ႕ေလာက္မေတာ္ေၾကာင္းကို က်ဴးယင္သိလိုက္ရသည္။ ဆရာ့အတြက္၀မ္းသာသြားရကာ စစ္၀ူရွဲ႕အားျပံဳးစစ ၾကည့္လိုက္မိသည္။


အေစာကအျပန္အလွန္ရွိေနခဲ႔ေသာစကားေၾကာမွာ တစ္ေယာက္ကတိတ္က်သြားသည္မို႔ နဥ္သည္လည္းက်ဴးယင္အားလွည့္ၾကည့္လိုက္မိသည္။


ထိုအခါ ၀ူရွဲ႕ကသူ႔အားျပံဳးကာၾကည့္ေနရင္းမွ ျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနေသာ စကားတို႔အား ဆိုလာသည္။


"ဦးရီးေတာ္ သူက ယင္နတ္ဘုရား မဟုတ္ လား"


၀ူရွဲ႕၏စကားကိုၾကားလိုက္စဥ္ ေျပာင္းလဲသြားေသာ နဥ္၏အမူအယာကို က်ဴးယင္မဖတ္တတ္ပာေခ်။ 


သူက ဒီစကား၀ိုင္းကိုနားမလည္သည္မို႔ ေရွ႕မွနတ္ႏွစ္ပါးကိုသာ ၾကည့္ေနရသည္။


"ငါ ငါေတာင္ေပၚမွာ ဒီနတ္ဆိုးကိုသြားခ်ဳပ္ထားလိုက္မယ္။ ၀ူရွဲ႕မင္း စကားကိုဆင္ျခင္ေျပာ။ က်ဴးယင္ ဆရာခဏသြားမယ္"


က်ဴးယင္ကေခါင္းတစ္ခ်က္ျငိမ့္ျပလိုက္ေတာ့မွ နဥ္ကသက္ျပင္းခ်ကာ ၀ူရွဲ႕အားတစ္ခ်က္ၾကည့္ျပီး ေပ်ာက္သြားသည္။


နဥ္ေပ်ာက္သြားရာေနရာအား စစ္၀ူရွဲ႕က လွမ္းၾကည့္ျပီးမွ တစ္ဖန္ က်ဴးယင္အနားတိုးကပ္လာသည္။


"စိတ္ဝင္စားစရာပဲ။ က်ဴးယင္ ငါ့ကိုယ္ငါ ထပ္မိတ္ဆတ္မယ္ ငါက စစ္ဝူ႐ွဲ႔ပါ ငါ့ကိုက်ဴးစစ္တို႔လို ဝူ႐ွဲ႔လို႔ပဲေခၚပါ။ ငါကလည္း ယင္ေလးလို႔ပဲ ရင္းရင္းႏွီးႏွီးေခၚမယ္"

ခ်ိဳသာ ပ်ဴဌာစြာဆိုေနေသာျငား ဘာေၾကာင့္ရယ္မသိ အမိန္႔သံဆန္ေနသည္ ဟုသူခံစားရသည္။


သို႔ေပမယ့္ တစ္ဖက္ကယဥ္ေက်းသည့္ဟန္႐ွိေနေတာ့ သူသည္လည္း ေကာင္းေကာင္းိမြန္မြန္ျပန္ေျပာရေပမည္။


"ေကာင္းပါၿပီ။ ကြၽန္ေတာ္ကလည္း ဝူ႐ွဲ ့လို႔ပဲေခၚပါမယ္"


ႏွစ္ဖက္လံုးစကားစျပတ္သြားရသည္မွာ ယခုမွေတြ ့စမို႔ေပလား....

ဒါမွမဟုတ္ သူနားကပ္ရပ္ကာ စူးစိုက္ၾကည့္ေနသည့္ ဝူ႐ွဲ႔ ေၾကာင့္လား ဆိုသည္ကို သူမခြဲျခားတတ္ပါေခ်။


ထိုစဥ္ သူ႔ပခံုးေပၚလက္တင္ထားေသာ၀ူရွဲ႕အားခပ္လွမ္းလွမ္းသို႔ေရြ႕သြားေစျပီး ျမဴေတြၾကားမွ နဥ္ကေပၚလာသည္။


"ဆရာ "


အားကိုးရာရသြားသည့္ကေလးအလား သူဆရာ့အနား ေျပးကပ္လိုက္ျဖစ္သည္။ နဂိုကတည္းကနီးေနတာမို႔ ယခုသူက နဥ္၏ရင္ခြင္အတြင္းေရာက္ေတာ့မေယာင္ျဖစ္သြားသည္။


ဤသည္ကို ၀ူရွဲ႕က ဟက္ ခနဲ ရြဲ႕တဲ႔တဲ႔ဟန္ျပကာ လက္တစ္ဖက္ေျမွာက္ကာယမ္းျပီး


"အရင္သြားႏွင့္မယ္ " ဟုဆို၏။ ေနာက္ တမဟုတ္ခ်င္း ေပ်ာက္ကြယ္သြားေတာ့သည္။


၀ူရွဲ႕ကိုနဥ္က လွည့္မၾကည့္ ၊ က်ဴးယင္ကိုသာပခံုးမွကိုင္ကာ အျပင္သို႔ပို႔၍ ခႏၵာအား စုန္ခ်ည္ဆန္ခ်ည္ရႈလာသည္။


"အဲ႔ေကာင္ အဟမ္း စစ္၀ူရွဲ႕ကဘာေျပာသြားေသးလဲ"


"သူ႔ကိုယ္သူမိတ္ဆတ္ရံုပါ ဆရာ"


သူ ေျပာျပေတာ့ နဥ္ကႏႈတ္ခမ္းေတြတြန္႕ေကြးကာ ႏူးညံ႕စြာျပံဳးရင္းၾကည့္လာသည္။


သူ႔ေခါင္းအား အသာပြတ္ေပးရင္း 


" လာ သြားစို႔"


သူ႔လက္အား နဥ္ထံကမ္းေပးလိုက္ေတာ့ တခဏေတာ့နဥ္ကအံ႕ၾသသြားေသးသည္။ ေနာက္မွ ျပန္ဆုပ္ကိုင္လာကာ ပတ္၀န္းက်င္ေတြကိုေျပာင္းလဲေစျပီး အျခားတစ္ေနရာသို႔ေခၚသြားေတာ့သည္။


------

အသက်ရှူရခက်ကာ ဒူးထောက်ကျတော့မည့်ကျူးယင်အား နဉ်ကဖမ်းထိန်းပေးကာ ပတ်ဝန်းကျင်မှအမည်းရောင်၊မီးခိုးရောင်မြူခိုးတွေအား စူးရဲစွာကြည့်သည်။


"ကျူးယင် ဒီကျောက်တုံးနောက်မှာခဏကွယ်နေ။ ဒီမိစ္ဆာတွေကို ငါအမြန်ရှင်းလိုက်မယ်"


နဉ်က သူ့အားကျောက်တုံးခပ်ကြီးကြီးအနားတွဲခေါ်သွားပေးကာ ထို့အနောက်တွင်ကွယ်လျက်ထိုင်ချစေသည်။


ကျူးယင်ကတော့ နဉ်ပြောလိုက်သော မိစ္ဆာဟူသည့်စကားကြောင့် တဆတ်ဆတ်မြည်သည်အထိ တုန်ယင်ချင်နေပြီဖြစ်သည်။ 


မိ မိစ္ဆာ 


မိစ္ဆာဆိုသည်နှင့် ကျူးယင်ပြေးမြင်သည်က အစွယ်ကြီးကြီး၊ အကောင်ထွားထွားနှင့်အမြှီးရှည်ရှည်ရှိကာ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးတွေပင်။


မိစ္ဆာတွေဆိုတော့ လူသားလည်းစားမှာပေါ့

သူက အခုနတ်တစ်ပါး၏ကိုယ်တွင်းရောက်နေပေမယ့် တကယ်တော့ သူကလူလေ။ ပြီးတော့ သူ့မှာ ဘာနတ်စွမ်းအားမှလည်းရှိတာမဟုတ်ဘူး။


ဒီတစ်ခါတော့ ဆရာကိုစိတ်တိုချင်သည်။ ဆရာက သူ့ကိုနတ်စွမ်းအားဖြည့်တင်းဖို့ရာသာသင်ပေးပြီး ဘယ်လိုအသုံးချရမယ်ဆိုသည်ကို မပြောထား။ ဆိုတော့ သူ့မှာအရေးကြုံရင် ငြိမ်ငြိမ်လေးနေပြီး သေဖို့ရာသာထိုင်စောင့်နေရမည်ထင်သည်။


"နတ်ဆိုး "


မိစ္ဆာဆိုသည်ကိုပင် တုန်ယင်အောင်ကြောက်နေရပါသည်ဆိုမှ ဘယ်ကနတ်ဆိုးကပါလာပြန်တာလဲ။


နဉ်က မြူခိုးတွေနှင့်တိုက်ခိုက်ရင်းမှ နတ်ဆိုး ဟုအော်ဟစ်လိုက်သည်ကြောင့် ကျန်ရှိသောမြူများနှင့်တိုက်ခိုက်နေသည့် အိမ်ရှေ့မင်းသားဆိုသူပါ တခဏမျှတန့်ကာ နဉ်အားလှည့်ကြည့်လာသည်။


"မင်းတို့က ပြစ်ဒဏ်ခံရတာတင် မမှတ်လို့ ငါ့ကိုရန်စရဲသေးတယ်ပေါ့။ ဝူရှဲ့ အဲ့ကောင်တွေကိုမြန်မြန်လက်စသတ်ပြီး ကျူးယင်ကိုကြည့်ပေးထား"


ဆရာက သူနှင့်တိုက်ခိုက်နေဆဲမြူခိုးကိုကြုံးဝါးရင်း အိမ်ရှေ့မင်းသားထံလှည့်မကြည့်ပါဘဲ အော်ပြောလိုက်သေးသည်။


ကျူးယင် ကျောက်တုံးနောက်မှပင် ထပ်မံချောင်းကြည့်တော့ အိမ်ရှေ့မင်းလက်ချက်ကြောင့် လွှင့်ပျယ်သွားသောမိစ္ဆာမြူခိုးတွေကိုတွေ့ရသည်။


နေပါဦး ဆရာနဲ့ အိမ်ရှေ့မင်းသားမှာ ဒီအိမ်ရှေ့မင်းသားကြီးက ပိုတော်နေတာလား။ တိုက်ခိုက်တာခြင်းအတူတူ ဘာလို့ဆရာကျနောက်ကျကျန်ခဲ့တာလဲ။


ကျူးယင်မကျေမနပ်တွေး၍မှမဆုံးသေး သူ့ရှေ့ချက်ချင်းရောက်လာကာ ငုတ်တုပ်လေးထိုင်နေသောသူ့အား ဆတ်ခနဲဆွဲထူလိုက်သည့်အိမ်ရှေ့မင်းသားကြောင့် သူတောင့်တောင့်လေးလိုက်ရပ်လိုက်မိသည်။


"ကျူးယင်


ကျူးယင် မင်းက ယင်နတ်ဘုရားပဲ"


သူ့လက်မောင်းနှစ်ဖက်မှဆွဲကိုင်ထားရာက သူ့မျက်နှာနားတိုးကပ်ကာကြည့်ရင်းပြောလာသည်မှာ အဖေပြောခဲ့သည်နှင့် ထပ်တူညီနေခဲ့သည်။


ယင်နတ်ဘုရားလို့ ထပ်ပြောခံရပြန်ပြီ။


"ကိုယ်က စစ်ဝူရှဲ့ပါ။ ယင်လေး "


သူနဲ့ယခုမှမိတ်ဆတ်သည်ကို တရင်းတနှီးခေါ်လာတော့ ကျူးယင်ရဲ့ဝူရှဲ့အပေါ်အမြင်ဟာ ဒေါင်းသွားသည်။ မရင်းနှီးပဲ ရင်းနှီးသလိုလာလုပ်နေတာမျိုး မကြိုက်ပါဘူး။


အရင်ကကျူးယင်ကို သူငယ်ချင်းတွေကပြောဖူးတယ်။


မင်းကတစ်ခုခုဆို မင်းမျက်နှာမှာခံစားချက်တွေအားလုံးပေါ်နေတယ် တဲ့....


အခုလည်း စစ်ဝူရှဲ့ကသူမကျေနပ်သည်ကို သတိထားမိသည်ထင့် သူ့အားမျက်ခုံးပင့်ကာရှုလာသည်။


"မင်းရဲ့ဆရာဆိုတာက ငါ့ဦးရီးတော် ။ ဒါပေမယ့် မင်းကလည်းကျူးမျိုးရိုးဆိုတော့ ငါနဲ့ဝါညီနေတယ်။ မင်းငါ့ကို ရင်းရင်းနှီးနှီးသုံးနှုန်း ခေါ်ဝေါ်လို့ရပါတယ်"

သူက မှတ်ဉာဏ်ပျောက်ဆုံးနေကြောင်း ဒီမင်းသားကကြားထားသည်ထင့် သူ့အားရှင်းပြပေးလာသည်။


ဆရာနဲ့ဒီမင်းသားက သွေးသားတော်စပ်မှန်းဆရာပြောပြလို့သူသိသားပဲ။ 


ကျူးယင်က အင်းမလုပ် ၊အဲမလုပ်တော့ ၊ သူက. မျက်မှောင်ကုပ်ကာ မျက်လုံးမှေးကြည့်ပြီး ခေါင်းအသာခါသည်။


အိမ်ရှေ့မင်းသားဆီမှအာရုံအား ဆရာဖြစ်သူထံလွှဲပြောင်းလိုက်တော့ ကျူးယင်စိတ်ဝင်စားဖြစ်ခဲ့သောခါးပတ်ဖြင့် ထိုမြူလုံးအားချုပ်ထားသည်ကို တွေ့လိုက်ရသည်။


အဲ့ဒါ လက်နက်လား... ဇာတ်လမ်းတွေထဲကအတိုင်းပါပဲလား လက်နက်ကိုအသုံးအဆောင်အဖြစ်ဝတ်ဆင်ထားတာပဲ .... ငါ့ဆရာက အရမ်းတော်လိုက်တာ..


ထိုခါးပတ်နှင့်တွဲလျက်ရှိသောမြူလုံးတွေအား နဉ်ကနောက်ကအလိုအလျောက်ဝဲကာလိုက်ပါစေလျက် သူကကျူးယင်အနားလျှောက်လာသည်၊ စစ်ဝူရှဲ့အား ခပ်စူးစူးကြည့်ဖို့ရာလည်း မမေ့။

နောက် ဝူရှဲ့နဲ့သူ့အကြား ဝင်ရပ်သည်။ 


"ကျူးယင် ငါ ဒီနတ်ဆိုးကို တောင်ပေါ်မှာသွားချုပ်ထားလိုက်ဦးမယ်။ ခဏနေခဲ့လို့ဖြစ်လား"


ပထမစကားကို ကျူးယင်အားကြည့်ကာခပ်အေးအေးပြောသော်ငြား ဒုတိယစကားတွင်တော့ စစ်ဝူရှဲ့ထံအကြည့်ကရောက်သွားသည်။


"ဆရာ ဒီအိမ်ရှေ့မင်းသားကျတော့ မြူလုံးတွေကိုဒီအတိုင်းသတ်ပစ်လိုက်ပြီးတော့ ဆရာကျတော့ ဘာလို့ခါးပတ်ကြီးနဲ့ချုပ်ထားတာလဲ။ တောင်ပေါ်မှာတောင် သွားချုပ်ရဦးမှာတဲ့လား"


ကျူးယင်၏မကျေနပ်သလိုအပြောကို နဉ်ကခပ်ဖွဖွရယ်ကာ ခေါင်းအားအသာပုတ်သည်။


ထိုအခါ စစ်ဝူရှဲ့က တဟမ်းဟမ်းလုပ်လာပါ၏။


ဆရာက ပြောပြတော့မှာကိုကြားဖြတ်သည့်ဝူရှဲ့အား သူမကျေနပ်။


"ဒီကွင်းထဲကမိစ္ဆာက နတ်ဆိုးအဆင့်မှာရှိတယ်။ ဒီကောင်က အစကနတ်ဘုရားပဲ အပြစ်ကြီးကြီးလုပ်လို့သာ ပြစ်ဒဏ်ခံရတာ။ ဒါကိုသူကမကျေနပ်ဘဲ လမ်းလွှဲပြီးနတ်ဆိုးဖြစ်သွားတာပဲ။ ဒါကြောင့် ဒီနတ်ဆိုးအဆင့်မိစ္ဆာကို ဆရာပဲထိန်းနိုင်တာ။ ဝူရှဲ့က နတ်ဘုရားမှမဖြစ်သေးတာ အဲ့ဒိတော့ သာမန်မိစ္ဆာတွေကိုပဲ သူတတ်နိုင်တာပေါ့"


"ဦးရီးတော်က စိုးရိမ်လို့ပါ။ ကျွန်တော်က မသေမျိုးအဆင့်မိစ္ဆာရာချီကိုတောင် တစ်ယောက်တည်းရှင်းပစ်လာတာပါ။ ဒီနတ်ဆိုးနဲ့ဆို ကိုင်တွယ်ရခက်လောက်ပေမယ့် တူတော်က အနိုင်ရမှာပါ"


တူရီးနှစ်ယောက်ရဲ့စကားအသွားအလာကိုထောက်ဆပြီး ဝူရှဲ့ဟာဆရာ့လောက်မတော်ကြောင်းကို ကျူးယင်သိလိုက်ရသည်။ ဆရာ့အတွက်ဝမ်းသာသွားရကာ စစ်ဝူရှဲ့အားပြုံးစစ ကြည့်လိုက်မိသည်။


အစောကအပြန်အလှန်ရှိနေခဲ့သောစကားကြောမှာ တစ်ယောက်ကတိတ်ကျသွားသည်မို့ နဉ်သည်လည်းကျူးယင်အားလှည့်ကြည့်လိုက်မိသည်။


ထိုအခါ ဝူရှဲ့ကသူ့အားပြုံးကာကြည့်နေရင်းမှ ပြတ်တောင်းပြတ်တောင်းဖြစ်နေသော စကားတို့အား ဆိုလာသည်။


"ဦးရီးတော် သူက ယင်နတ်ဘုရား မဟုတ် လား"


ဝူရှဲ့၏စကားကိုကြားလိုက်စဉ် ပြောင်းလဲသွားသော နဉ်၏အမူအယာကို ကျူးယင်မဖတ်တတ်ပာချေ။ 


သူက ဒီစကားဝိုင်းကိုနားမလည်သည်မို့ ရှေ့မှနတ်နှစ်ပါးကိုသာ ကြည့်နေရသည်။


"ငါ ငါတောင်ပေါ်မှာ ဒီနတ်ဆိုးကိုသွားချုပ်ထားလိုက်မယ်။ ဝူရှဲ့မင်း စကားကိုဆင်ခြင်ပြော။ ကျူးယင် ဆရာခဏသွားမယ်"


ကျူးယင်ကခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့မှ နဉ်ကသက်ပြင်းချကာ ဝူရှဲ့အားတစ်ချက်ကြည့်ပြီး ပျောက်သွားသည်။


နဉ်ပျောက်သွားရာနေရာအား စစ်ဝူရှဲ့က လှမ်းကြည့်ပြီးမှ တစ်ဖန် ကျူးယင်အနားတိုးကပ်လာသည်။


"စိတ်ဝင်စားစရာပဲ။ ကျူးယင် ငါ့ကိုယ်ငါ ထပ်မိတ်ဆတ်မယ် ငါက စစ်ဝူရှဲ့ပါ ငါ့ကိုကျူးစစ်တို့လို ဝူရှဲ့လို့ပဲခေါ်ပါ။ ငါကလည်း ယင်လေးလို့ပဲ ရင်းရင်းနှီးနှီးခေါ်မယ်"

ချိုသာ ပျူဌာစွာဆိုနေသောငြား ဘာကြောင့်ရယ်မသိ အမိန့်သံဆန်နေသည် ဟုသူခံစားရသည်။


သို့ပေမယ့် တစ်ဖက်ကယဉ်ကျေးသည့်ဟန်ရှိနေတော့ သူသည်လည်း ကောင်းကောင်းိမွန်မွန်ပြန်ပြောရပေမည်။


"ကောင်းပါပြီ။ ကျွန်တော်ကလည်း ဝူရှဲ့လို့ပဲခေါ်ပါမယ်"


နှစ်ဖက်လုံးစကားစပြတ်သွားရသည်မှာ ယခုမှတွေ့စမို့ပေလား....

ဒါမှမဟုတ် သူနားကပ်ရပ်ကာ စူးစိုက်ကြည့်နေသည့် ဝူရှဲ့ ကြောင့်လား ဆိုသည်ကို သူမခွဲခြားတတ်ပါချေ။


ထိုစဉ် သူ့ပခုံးပေါ်လက်တင်ထားသောဝူရှဲ့အားခပ်လှမ်းလှမ်းသို့ရွေ့သွားစေပြီး မြူတွေကြားမှ နဉ်ကပေါ်လာသည်။


"ဆရာ "


အားကိုးရာရသွားသည့်ကလေးအလား သူဆရာ့အနား ပြေးကပ်လိုက်ဖြစ်သည်။ နဂိုကတည်းကနီးနေတာမို့ ယခုသူက နဉ်၏ရင်ခွင်အတွင်းရောက်တော့မယောင်ဖြစ်သွားသည်။


ဤသည်ကို ဝူရှဲ့က ဟက် ခနဲ ရွဲ့တဲ့တဲ့ဟန်ပြကာ လက်တစ်ဖက်မြှောက်ကာယမ်းပြီး


"အရင်သွားနှင့်မယ် " ဟုဆို၏။ နောက် တမဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။


ဝူရှဲ့ကိုနဉ်က လှည့်မကြည့် ၊ ကျူးယင်ကိုသာပခုံးမှကိုင်ကာ အပြင်သို့ပို့၍ ခန္ဒာအား စုန်ချည်ဆန်ချည်ရှုလာသည်။


"အဲ့ကောင် အဟမ်း စစ်ဝူရှဲ့ကဘာပြောသွားသေးလဲ"


"သူ့ကိုယ်သူမိတ်ဆတ်ရုံပါ ဆရာ"


သူ ပြောပြတော့ နဉ်ကနှုတ်ခမ်းတွေတွန့်ကွေးကာ နူးညံ့စွာပြုံးရင်းကြည့်လာသည်။


သူ့ခေါင်းအား အသာပွတ်ပေးရင်း 


" လာ သွားစို့"


သူ့လက်အား နဉ်ထံကမ်းပေးလိုက်တော့ တခဏတော့နဉ်ကအံ့သြသွားသေးသည်။ နောက်မှ ပြန်ဆုပ်ကိုင်လာကာ ပတ်ဝန်းကျင်တွေကိုပြောင်းလဲစေပြီး အခြားတစ်နေရာသို့ခေါ်သွားတော့သည်။


------



rate now:

2 Reviews
  • reader Essence_Flame 12.12.2019, 06:37 5

    😘

    reply

  • reader Kaung Wai Yan 08.12.2019, 14:26 5

    🥰

    reply