book

Index 11

အပိုင်း ၁၀

ေရကန္စပ္သို႔ျပန္တက္ေနစဥ္မွာ စိုရႊဲသြားေသာဆံပင္ေတြအား လက္ႏွစ္ဖက္ျဖင့္စုစည္း၍ေရညွစ္ထုတ္ေနရသည္။ 


"ဟင္ ဒါက"


ေျမသို႔ေျခခ်မိရံုရွိေသးသည္ မ်က္စိေရွ႕ေရာက္လာေသာအ၀တ္ေတြေၾကာင့္ သူသတိလက္လြတ္ေမးလိုက္မိျပီးမွ ေရကန္သို႔မဆင္းမွီကသူပံုထားခဲ႔သည့္အ၀တ္ေတြဘက္လွည့္ၾကည့္လိုက္မိသည္။ 


ေနပါဦး သူ႔အ၀တ္ေတြကို ဒီနတ္ဘုရားကဘာလို႔ကိုင္ထားတာလဲ


"မင္းေရခ်ိဳးေနတုန္းမွာ အ၀တ္ေတြဘက္ေရလာစင္တယ္ေလ။ ငါကမင္းအ၀တ္ဗလာနဲ႔အေဆာင္ကိုျပန္ေျပးေနရမွာစိုးလို႔ ယူထားေပးတာ။ အမွန္ဆို ငါေတာင္ေလးေသးတယ္ "


ေလးေသးတယ္ ၏ေနာက္တြင္ သူ႔ထံထိုအ၀တ္ေတြအား အတင္းထိုးေပးကာ ကန္ဘက္ထြက္သြားသည္။


က်ဴးယင္လည္း သက္ျပင္းတစ္ခ်က္ခ်လိုက္မိျပီး ေရစိုအ၀တ္ေပၚကပင္ တစ္ထည္ျပီးတစ္ထည္ထပ္၀တ္လိုက္သည္။ ျပန္ေတာ့မည္ ဟု အသိေပးဖို႔ရာ သီနတ္ဘုရားအားရွာလုိက္ခ်ိန္တြင္ အရိပ္အေယာင္ေတာင္မျမင္ရေတာ့....


ခုနက ေရကန္ထဲဆင္းသြားတာမဟုတ္ဘူးလား သူတို႔နတ္ေတြကိုယ္ေပ်ာက္နိုင္တာက တစ္ေနရာကေန တစ္ေနရာကိုသြားမွမဟုတ္ဘူးလား။ ဒီအတိုင္းေနရင္း ကိုယ္ေဖ်ာက္ထားလည္းရတာလား...


စူးစမ္းလိုစိတ္ျဖင့္ ေရကန္အစပ္သို ့ျပန္တိုးကပ္သြားကာ ၾကည္လင္ေနေသာေရေအာက္သို႔ မ်က္လံုးကိုျပဴးျပဲ၍ လိုက္ရွာၾကည့္မိသည္။


"အေမ့"


ေရထဲသို႔အတင္းငံု႕ၾကည့္ကာလိုက္ရွာေနခ်ိန္တြင္ ထိုေနရာမွပင္ ဘြားခနဲေပၚလာေသာ သီနတ္ဘုရားေၾကာင့္ က်ဴးယင္တစ္ကိုယ္လံုးရႊဲရႊဲစိုသြားရသလို ကိုယ္တိုင္တြင္လည္း အလြန္ထိတ္လန္႕သြားရသည္။


"ဟက္ ဘာလဲ ငါနဲ႔အတူ ေရခ်ိဳးခ်င္လို႔လား"


သူ႔အျဖစ္ကိုသီနတ္ဘုရားက ခပ္ေလွာင္ေလွာင္ရယ္ေနရင္းမွ စိုကပ္ေနေသာဆံပင္ေတြအားလက္တစ္ဖက္ျဖင့္ သပ္ရင္း ခနဲ႔တဲ႔တဲ႔ေမးလာသည္။ 


က်ဴးယင္ေဒါသထြက္သလို၊ ရွက္သလိုျဖစ္သြားရသည္။ ၂၁ရာစုမွလူသားတစ္ေယာက္အဖို႔ ဆန္းက်ယ္မႈေတြအားစူးစမ္းသည္မွာ သာမန္ပင္ျဖစ္သည္။ သို႔ေပမယ့္ တစ္ဖက္ကေလွာင္လာေတာ့ သူရွက္မိသည္။


ငါကိုက မွားတာ။ ေနာက္တစ္ခါ ဘာကိုမွ မစပ္စုေတာ့ဘူး။ 


"သီနတ္ဘုရားကို မေႏွာင့္ယွက္ေတာ့ပါဘူး။ က်ြန္ေတာ္ သြားလိုက္ပါဦးမယ္"


"နဥ္နဲ႔ႏွစ္ေယာက္ထဲသြားႏွင့္ ဟိုမွာေတြ႕မယ္"


တစ္ခ်က္အရိုအေသေပးကာ သူေျပးထြက္လာေတာ့ မည္သည္ေၾကာင့္မွန္းမသိ သူေက်ာခ်မ္းသလို ခံစားေနရစဥ္မွာ သီနတ္ဘုရား၏အသံက နားထဲေရာက္လာခဲ႔သည္။


-------


ဟူး......


အိပ္ယာေပၚပစ္လွဲလိုက္ျပီးေတာ့မွ သက္ျပင္းအရွည္ၾကီး သူခ်လိုက္မိသည္။


ဒီကိုေရာက္ျပီးကတည္းက တစ္ေန႕တစ္ေန႕ ထူးဆန္းတာေတြကိုပဲၾကံဳေနရသည္။ သူဟာ လူမဟုတ္ေတာ့ဘူးဆိုတာကို လက္ခံခ်င္လာေပမယ့္ အနားမွာလက္ရွိရွိေနသူေတြထက္မ်ားစြာနိမ့္က်ေနျခင္းကိုေတာ့ စိတ္မေကာင္းျဖစ္ရသည္။ 


သူက ျပင္လို႔မရေတာ့တာေတြကို ေတြးျပီးေနာင္တရတတ္သူမ်ိဳးမဟုတ္။ အနာဂတ္ကိုသာ ေအးေအးေဆးေဆးနဲ႔ေကာင္းေကာင္းမြန္မြန္ျဖတ္သန္းခ်င္သည့္သူတစ္ေယာက္။ သူကအေတြးမ်ားတတ္သူလည္းျဖစ္ျပန္ေတာ့ တစ္ေန႕တာမွာၾကံဳေတြ႕ခဲ႔ရတာေတြကို ျပန္စဥ္းစား၇င္းေခါင္းကိုက္ခ်င္လာသည္မွာ အၾကိမ္ၾကိမ္ပင္။


ငါ့ကိုယ္ငါ ဦးေႏွာက္ေဆးရမယ္ထင္တယ္။


ငါက က်ဴးမ်ိဳးႏြယ္ကအငယ္ဆံုးမ်ိဳးဆက္

က်ဴးယန္ဆိုသည့္ၾကီးျမတ္လွသည့္နတ္ဘုရား၏ သားေတာ္ အဲ သားတစ္ေယာက္ 

အကို၃ေယာက္ရွိျပီး ေတြ႕ဖူးသည့္ႏွစ္ေယာက္လံုးကလည္း ငါ့ကိုအရမ္းခ်စ္တယ္။

အေမေခ်ာေခ်ာေလးကလည္း ငါ့ကိုတကယ့္ကိုခ်စ္ရွာတယ္။ 

ဆရာကလည္း ငါ့အေပၚအရမ္းေကာင္းတယ္။

သီနတ္ဘုရားဆိုတဲ႔ အေဖနဲ႔တစ္ခ်ိန္တည္းေမြးလာတဲ႔မီးနတ္ဘုရားကလည္း ငါနဲ႔ဆက္ဆံေရးကမဆိုးဘူး အသိက်ြမ္းလို႔ေျပာလို႔ရတယ္။

ဒီေတာင္ေပၚက အျခားတပည့္ေတြကိုေတာ့ငါမျမင္ရေသးေပမယ့္ ဟိုနဂါးမကေတာ့ စိတ္ရႈပ္ဖို႔ေကာင္းတယ္။


ဟူး... ငါကစာဖတ္ရတာၾကိဳက္ေပမယ့္ တရားထိုင္သလိုထိုင္ျပီး စြမ္းအားစုေဆာင္းတာမ်ိဳးၾကီးေတာ့ အားတိုင္းထိုင္မလုပ္ေနခ်င္ဘူးေလ။ အရမ္းပ်င္းဖို႔ေကာင္းတယ္။ ဒါေပမယ့္ ဒီမွာရွင္သန္ဖို႔ဆို နတ္အဆင့္ေတြကအေရးပါတယ္။ အား....... စိတ္ညစ္လိုက္တာ...


က်ဴးယင္ အိပ္ယာေပၚတြင္လူးလွိမ့္ေနဆဲမွာ အခန္းတြင္းရုတ္တရက္ေပၚလာေသာနဥ္ေၾကာင့္ က်ဴးယင္လန္႕ကာ ေအာက္သို႔ျပဳတ္က်ေတာ့သည္။ နဥ္က လွမ္းဖမ္းလိုက္၍သာ ေတာ္ေရာ့သည္။ မဟုတ္လွ်င္ သူအေတာ္ အီစလံေ၀သြားရေပလိမ့္မည္။


"က်ဴးယင္ မင္းထူးထူးဆန္းဆန္းေတြလုပ္ေနပါလား။ ေျပာပါဦး အခုက ဘာလုပ္ေနတာလဲ"


သူ႔အာဖမ္းထိန္းထားဆဲကိုမလႊတ္ေသးဘဲ ေျပာလာတာမို႔ နဥ္၏ခန္႕ညားေသာမ်က္ႏွာကို အနီးကပ္အေနအထားႏွင့္ ေမာ့ၾကည့္ျဖစ္သြားသည္။


"အာ ဆရာကလည္း ဒါက က်ြန္ေတာ္ပ်င္းလို႔ ဟိုလွိမ့္ဒီလွိမ့္လုပ္ေနတာပါ"


ရွက္၀ဲ၀ဲမ်က္ႏွာျဖင့္သူေျဖေတာ့ နဥ္၏မ်က္လံုးေတြအပါအ၀င္အၾကည့္ေတြကတည္တန္႕သြားကာ သူ႔အားလႊတ္ခ်လိုက္သည္မို ့သူေျခေထာက္အျမန္ေထာက္ကာ ထိန္းရပ္လိုက္ရသည္။ ဒါေတာင္မွ ဒယိမ္းဒယိုင္ျဖစ္သြားေသးသည္ေပ။


"မင္း အ၀တ္အစားကို သပ္သပ္ရပ္ရပ္ျပင္ျပီး ထြက္ခဲ႔ေတာ့ "


ထိုတစ္ခြန္းကိုသာေျပာကာ ထြက္သြားသည္ေၾကာင့္ သူေၾကာင္အမ္းအမ္းျဖစ္သြားရသည္။ ဆရာကရုတ္တရက္ၾကီး ဘာျဖစ္တာလဲ။ 


.............................


ဒီတစ္ၾကိမ္တြင္ ဆရာက သူ ့ကိုဆြဲၿပီးဖ်က္ခနဲေပ်ာက္ကာ က်ဴးမ်ိဳးႏြယ္ဆီသြားေပၚရမည့္အစား တစ္လွမ္းခ်င္းေလွ်ာက္ကာသာ သာမန္အတိုင္းသြားေနသျဖင့္ က်ဴးယင္လည္း ေနာက္မွ ျငိမ္ျငိမ္ေလးသာ လိုက္ေနရသည္။


"ေရနန္းေတာ္ အာ က်ဴးယင္မင္းကမွတ္မိမွာမဟုတ္ဘူး။ က်ဴးမ်ိဳးႏြယ္စံအိမ္ကို ေရနန္းေတာ္လို႔လည္းေခၚတယ္။ ေရေအာက္မွာေဆာက္ထားျပီး ကန္တစ္ဖက္ကိုအလံုပိတ္ထားေတာ့ ေန၊လ၊ၾကယ္အလင္းေရာင္ေတြ မက်ေရာက္နိုင္ဘူးတဲ႔။ တကယ္ေတာ့ ငါလည္းမေရာက္ဖူးပါဘူး။ ဒီႏွစ္ေတြမွာ ဒါပထမအၾကိမ္ေရနန္းေတာ္မွာ စားေသာက္ပြဲလုပ္တာပဲ။ ဒါေၾကာင့္ ဟိုမွာဘယ္ႏွစ္ရက္ၾကာမလဲ ငါမသိဘူး။ တပည့္ေတြကိုေသခ်ာမွာခဲ႔ရမွာမို႔ ငါသူတို႔ကိုစုေ၀းခိုင္းထားတယ္။ က်ဴးယင္ မင္းအေနရခက္ရင္ ဘယ္သူ႔ကိုမွဘာမွေျပာမေနဘဲ ေအးေအးေဆးေဆးေနေနလို႔ရတယ္။ ငါ့ေရွ႕မွာ သူတို႔ေတြမင္းကို မေႏွာင့္ယွက္ရဲပါဘူး"


ဆရာက စိတ္လိုလက္ရျဖင့္ စကားအရွည္ၾကီးေျပာကာ ရွင္းျပေနသည္။ အျခားတပည့္ေတြနဲ႔ေတြ႕ရမွာမို႔ စိတ္လႈပ္ရႈားမိေပမယ့္ ဒီလူေတြက က်ဴးယင္အေပၚေကာင္းခဲ႔တာမဟုတ္ဘူးဆိုသည္ကို သတိရမိေတာ့ ျပန္တည္ျငိမ္သြားသည္။ သူေလာေလာဆယ္စိတ္၀င္စားတာက ေရနန္းေတာ္ကိုပါ။ ေရၾကိဳက္တဲ႔သူ႔အဖို႔ေတာ့ ေရနန္းေတာ္ဆိုသည္ကို သိပ္စိတ္၀င္စားေနမိျပီ။


"ဆရာ့ကို အရိုအေသေပးပါတယ္။ တပည့္တို႔ ဆရာ့ကိုအရိုအေသေပးပါတယ္"


က်ဴးယင္အား အေတြးထဲမွလႈပ္ႏႈိးလိုက္သည္မွာ က်ယ္လြန္းလွေသာသံျပိဳင္ေအာ္ဟစ္သံေၾကာင့္ျဖစ္သည္။


ယခုမွ မ်က္စိေရွ႕မွလူစုလူေ၀းၾကီးအား က်ဴးယင္သတိထားမိေတာ့၏။


ေထာင္ေသာင္းခ်ီမည့္လူအုပ္ၾကီးအား ႏွစ္ျခမ္းကြဲကာရပ္ေနသည္။ တစ္ဖက္မွာ အစိမ္းရင့္ေရာင္၀တ္စံုေတြျဖင့္ တပည့္သားမ်ားရွိေနၾကျပီး တစ္ဖက္မွာေတာ့ အစိမ္းနုေရာင္၀တ္စံုျဖင့္ တပည့္မမ်ားရွိေနၾကသည္။


ဤမေကာင္းသည့္သူေတြအားမၾကည့္ခ်င္တာမို႔ က်ဴးယင္မ်က္ႏွာလႊဲလိုက္သည္။ သို႔တိုင္ေအာင္ သူ႔ထံေရာက္ေနေသာ အၾကည့္စူးစူးေတြအား ခံစားေနရသည္မို႔ နဥ္၏ေနာက္သို႔ မသိမသာကိုယ္ကိုေရြ႕ကာျဖင့္ ၀င္ကြယ္ေနလိုက္သည္။


နဥ္ကသူ႕အား ေခါင္းအနည္းငယ္ေစာင္းၾကည့္ျပီးမွ ေရွ႕သို႔ျပန္လွည့္ကာ မွာစရာရွိသည္မ်ားအားမွာေနသည္။


က်ဴးယင္က စိတ္မ၀င္စား၍ပဲလားမသိ ဆရာေျပာေနတာေတြကိုၾကားေသာ္လည္း အသိစိတ္ထဲမ၀င္ဘဲရွိေနသည္။


သူစိတ္၀င္စားကာၾကည့္ေနမိသည္က နဥ္၏၀တ္ရံုေနာက္မွ ခါးပတ္ၾကီးကိုျဖစ္သည္။ ခါးပတ္ကာေငြေရာင္ေတာက္ပေနကာ ပန္းခက္ပံုစံေတြလည္းေဖာ္ထားေသးသည္မို႔ ၾကည့္လို႔အေတာ္ေကာင္းလွသည္။


"ဦးရီးေတာ္"


ထိုပန္းခက္ေတြအားစူးစမ္းေနမိခိုက္ သူ႔နားထဲမွတဆင့္ သိစိတ္ထဲ၀င္ေရာက္လာေသာ အသံေၾကာင့္ က်ဴးယင္ေမာ့ကာၾကည့္လုိက္မိသည္။


ထိုအခ်ိန္မွ ပတ္၀န္းက်င္တြင္မည္သည့္တပည့္မွရွိမေနေတာ့သည္ကိုေတြ႕လိုက္ရျပီး သူမျမင္ဖူးေသာ အေရာင္၀ါေတာက္ပလ်က္ရွိတဲ႔နတ္တစ္ပါးက နဥ္ေရွ႕တြင္၇ပ္လ်က္ရွိေၾကာင္း ေတြ႕လိုက္၇သည္။


သူကႏိႈင္းယွဥ္ျခင္းမ်ိဳးလုပ္တတ္သည့္ အက်င့္မ႐ွိေသာ္ျငား မတူကြဲျပားစြာေခ်ာေမာလြန္းေသာ နတ္ဘုရားေလာက္ေရာက္လာေတာ့မွ ထိုအက်င့္ကမသိမသာသူ႔ထံေရာက္လာသည္။


သူ႔ေ႐ွ႕မွနတ္ဟာ နဥ္ထက္မေလ်ာ့ေသာအ႐ွိန္အဝါကို ေပးစြမ္းကာ ခန္႔ညားေခ်ာေမာလြန္းေသာ ႐ုပ္ရည္႐ွိသည္။

နဥ္အား ႐ိုေသစြာဦးၫႊတ္ကာျပန္ေမာ့လာသည့္အခ်ိန္တြင္ ျပံဳးေယာင္သန္းေနေသာ မ်က္ဝန္းႏွင့္ႏႈတ္ခမ္းပါးက ေလာကႀကီးကိုပင္ လႈပ္ခါေစေလာက္သည္ အထိ....


အာ ငါပရိုဂ်ဴဆာလုပ္ျပီး ဒီနတ္ေတြအကုန္ ဟိုဘက္ေခတ္ကိုေခၚသြားခ်င္လိုက္တာ။ အဲ႔လိုသာဆို ငါခ်မ္းသာလြန္းလို႔ ရူးသြားေလာက္တယ္။ အခုေတာ့ ဒီေခ်ာေမာမႈေတြ၊ခန္႕ညားမႈေတြက အလကားျဖစ္ေနသလိုပါလား ႏွေျမာစရာေကာင္းလိုက္တာ...


"အိမ္ေရွ႕မင္းသားကို အရိုအေသေပးပါတယ္"


ဆရာ၏ႏႈတ္ဆတ္မႈေၾကာင့္ ဒီနတ္က ဆရာေျပာဖူးသည့္ေကာင္းကင္နန္းေတာ္မွ အိမ္ေရွကမင္းသားျဖစ္ေလာက္သည္ ဟု က်ဴးယင္တန္းေတြးမိလိုက္သည္။


သိပ္ကိုဦးေႏွာက္ေကာင္းလာတဲ႔ ငါပါလား....


"ဦးရီးေတာ္ကလည္း တရိုတေသေတြလုပ္မေနပါနဲ႔။ တူေတာ္က ေရနန္းေတာ္ကို ဦးရီးေတာ္နဲ႔အတူသြားဖို႔လာခဲ႔တာ"


က်ဴးယင္ကနဥ္၏ေနာက္တြင္၇ပ္ေနသည့္တိုင္ နဥ္အားလွမ္းၾကည့္မိသည့္အခိုက္ မ်က္ေမွာင္က်ံဳ႕ေနသည္ကို ျမင္လိုက္ရေသးသည္။


"ေကာင္းကင္မင္းၾကီးနဲ႔ အရွင့္သားက အတူမသြားဘူးလား"


ထိုအခါ ထိုအိမ္ေရွ႔နတ္မင္းက လက္တခါခါျဖင့္ဆိုသည္။


"ဦးရီးေတာ္ကလည္း တူေတာ္ကအဲ႔လိုလူစုလူေ၀းၾကီးနဲ႔မသြားခ်င္ပါဘူး။ ျပီးေတာ့ ဦးရီးေတာ္က ခုတေလာထူးျခားေနတယ္ဆိုလို႔ လာၾကည့္တာ"


ေနာက္ဆံုးစကားကိုေျပာသည့္အခိုက္ ထိုနတ္မင္း၏အၾကည့္ေတြက သူ႔ထံက်ေရာက္လာသည္ေၾကာင့္ က်ဴးယင္ကိုယ္ကိုက်ံဳ႕လိုက္မိသည္။


ထိုနတ္မင္းသည္လည္း မ်က္ေတာင္တစ္ခ်က္မွ်ခတ္သြားကာ သူ႔အားအထူးအဆန္းလိုၾကည့္လာသည္မို႔ က်ဴးယင္ နဥ္၏ေက်ာဘက္သို႔လံုးလံုးလ်ားလ်ား၀င္ကာ ကြယ္ရပ္လိုက္ေတာ့သည္။


ဒီတန္ခိုးရွိသည့္နတ္ေတြအား သူေၾကာက္ပါသည္။ တစ္ခုခုဆို သူကေျခေထာက္သံုးျပီးပဲထြက္ေျပးနိုင္မွာ။ ဟိုက ရႊတ္ဆို သူ႔ေရွ႕ေရာက္လာျပီးသတ္လိုက္ရင္ ရွိသမွ်အကိုေတြကိုမတရေသးခင္ သူတဖန္ေသသြားရလိမ့္မည္။


နဥ္က သိေနသည့္အလား က်ဴးယင္ကိုကြယ္ကာေသခ်ာရပ္ေပးျပီး ထိုနတ္ထံစကားဆိုလိုက္သျဖင့္ အိမ္ေ႐ွ ့မင္း၏အၾကည့္တို႔ေရြ႕သြားေလသည္။


"မင္းေရွ႕ကသြား"


"ဦးရီးေတာ္ကလည္း ေနပါဦး ဒါက နာမည္ၾကီးေနတဲ႔က်ဴးယင္ မဟုတ္လား။ သူက က်ဴးလ်န္နတ္ဘုရားထက္ေတာင္မွ ပိုနာမည္ၾကီးဦးမယ့္ပံုပဲ။ "


"ေတာ္ေတာ့ ေနာက္က်ေနမယ္ သြားစို႔"


က်ဴးယင္အေၾကာင္းစကားဆက္မခံဘဲ နဥ္ကသြားမည္ေျပာလိုက္ေတာ့ ထိုအိမ္ေရွ႕မင္းသားက မ်က္ခံုးပင့္ကာျဖင့္ နဥ္ကိုၾကည့္လိုက္ က်ဴးယင္ကိုတစ္လွည့္ၾကည့္လိုက္ျဖင့္ မ်က္စိကစားသည္။ ေနာက္ ျပံဳးစစမ်က္ႏွာေပးျဖင့္ ေခါင္းျငိမ့္သည္။


နဥ္ကက်ဴးယင္လက္ကိုဆြဲကိုင္ကာ ေဘးသို႔ဆြဲထုတ္လိုက္သည္အား အိမ္ေရွ႕မင္းသားဆိုသူက ၾကည့္ေနသည္ကို သူမ်က္စိေထာင့္မွျမင္လိုက္ရသျဖင့္ က်ဴးယင္စိတ္ထဲတမ်ိဳးၾကီးျဖစ္သြားရသည္။


ဒီအိမ္ေရွ ့မင္းသားက တမ်ိဳးပဲ...


ပတ္၀န္းက်င္ကရုတ္ခ်ည္းေျပာင္းလဲသြားကာ ျမဴေတြဆိုင္းေနေသာေတာင္တန္းေတြအစား ေက်းဌက္သံတက်ည္က်ည္ျဖင့္ သစ္ပင္ေတြၾကားေရာက္လာမႈေၾကာင့္ တစ္ေနရာသို႔ေျပာင္းကာေရာက္သြားျပီမွန္း အေတြ႕အၾကံဳအရသိလိုက္သည္။ ည၏ေရာင္၀ါက သစ္ပင္ေတြၾကားမို႔ ပိုမိုေအးခ်မ္းလ်က္ရွိသည္။


ဒါက ဘယ္ေနရာလဲ


"ေတာင္ေျခေရာက္ျပီ"


ဟု အသံခပ္တိုးတိုးျဖင့္ နဥ္က သူၾကားရံုေျပာျပလာသည္။ 


တကယ္ကို သူ႔စိတ္ကိုျမင္နိုင္သည့္ ဆရာပါပဲ


ထိုစဥ္


အနက္ေရာင္ျမဴလံုးေတြက သူတို႔အား၀ိုင္းလာကာ က်ဴးယင္အသက္ရွဴက်ပ္သလိုပင္ျဖစ္လာရသည္။ တေျဖးေျဖးပတ္၀န္းက်င္အားသဲကြဲစြာမျမင္ရေတာ့သည္အထိ...


----------------------

ရေကန်စပ်သို့ပြန်တက်နေစဉ်မှာ စိုရွှဲသွားသောဆံပင်တွေအား လက်နှစ်ဖက်ဖြင့်စုစည်း၍ရေညှစ်ထုတ်နေရသည်။ 


"ဟင် ဒါက"


မြေသို့ခြေချမိရုံရှိသေးသည် မျက်စိရှေ့ရောက်လာသောအဝတ်တွေကြောင့် သူသတိလက်လွတ်မေးလိုက်မိပြီးမှ ရေကန်သို့မဆင်းမှီကသူပုံထားခဲ့သည့်အဝတ်တွေဘက်လှည့်ကြည့်လိုက်မိသည်။ 


နေပါဦး သူ့အဝတ်တွေကို ဒီနတ်ဘုရားကဘာလို့ကိုင်ထားတာလဲ


"မင်းရေချိုးနေတုန်းမှာ အဝတ်တွေဘက်ရေလာစင်တယ်လေ။ ငါကမင်းအဝတ်ဗလာနဲ့အဆောင်ကိုပြန်ပြေးနေရမှာစိုးလို့ ယူထားပေးတာ။ အမှန်ဆို ငါတောင်လေးသေးတယ် "


လေးသေးတယ် ၏နောက်တွင် သူ့ထံထိုအဝတ်တွေအား အတင်းထိုးပေးကာ ကန်ဘက်ထွက်သွားသည်။


ကျူးယင်လည်း သက်ပြင်းတစ်ချက်ချလိုက်မိပြီး ရေစိုအဝတ်ပေါ်ကပင် တစ်ထည်ပြီးတစ်ထည်ထပ်ဝတ်လိုက်သည်။ ပြန်တော့မည် ဟု အသိပေးဖို့ရာ သီနတ်ဘုရားအားရှာလိုက်ချိန်တွင် အရိပ်အယောင်တောင်မမြင်ရတော့....


ခုနက ရေကန်ထဲဆင်းသွားတာမဟုတ်ဘူးလား သူတို့နတ်တွေကိုယ်ပျောက်နိုင်တာက တစ်နေရာကနေ တစ်နေရာကိုသွားမှမဟုတ်ဘူးလား။ ဒီအတိုင်းနေရင်း ကိုယ်ဖျောက်ထားလည်းရတာလား...


စူးစမ်းလိုစိတ်ဖြင့် ရေကန်အစပ်သို့ပြန်တိုးကပ်သွားကာ ကြည်လင်နေသောရေအောက်သို့ မျက်လုံးကိုပြူးပြဲ၍ လိုက်ရှာကြည့်မိသည်။


"အမေ့"


ရေထဲသို့အတင်းငုံ့ကြည့်ကာလိုက်ရှာနေချိန်တွင် ထိုနေရာမှပင် ဘွားခနဲပေါ်လာသော သီနတ်ဘုရားကြောင့် ကျူးယင်တစ်ကိုယ်လုံးရွှဲရွှဲစိုသွားရသလို ကိုယ်တိုင်တွင်လည်း အလွန်ထိတ်လန့်သွားရသည်။


"ဟက် ဘာလဲ ငါနဲ့အတူ ရေချိုးချင်လို့လား"


သူ့အဖြစ်ကိုသီနတ်ဘုရားက ခပ်လှောင်လှောင်ရယ်နေရင်းမှ စိုကပ်နေသောဆံပင်တွေအားလက်တစ်ဖက်ဖြင့် သပ်ရင်း ခနဲ့တဲ့တဲ့မေးလာသည်။ 


ကျူးယင်ဒေါသထွက်သလို၊ ရှက်သလိုဖြစ်သွားရသည်။ ၂၁ရာစုမှလူသားတစ်ယောက်အဖို့ ဆန်းကျယ်မှုတွေအားစူးစမ်းသည်မှာ သာမန်ပင်ဖြစ်သည်။ သို့ပေမယ့် တစ်ဖက်ကလှောင်လာတော့ သူရှက်မိသည်။


ငါကိုက မှားတာ။ နောက်တစ်ခါ ဘာကိုမှ မစပ်စုတော့ဘူး။ 


"သီနတ်ဘုရားကို မနှောင့်ယှက်တော့ပါဘူး။ ကျွန်တော် သွားလိုက်ပါဦးမယ်"


"နဉ်နဲ့နှစ်ယောက်ထဲသွားနှင့် ဟိုမှာတွေ့မယ်"


တစ်ချက်အရိုအသေပေးကာ သူပြေးထွက်လာတော့ မည်သည်ကြောင့်မှန်းမသိ သူကျောချမ်းသလို ခံစားနေရစဉ်မှာ သီနတ်ဘုရား၏အသံက နားထဲရောက်လာခဲ့သည်။


-------


ဟူး......


အိပ်ယာပေါ်ပစ်လှဲလိုက်ပြီးတော့မှ သက်ပြင်းအရှည်ကြီး သူချလိုက်မိသည်။


ဒီကိုရောက်ပြီးကတည်းက တစ်နေ့တစ်နေ့ ထူးဆန်းတာတွေကိုပဲကြုံနေရသည်။ သူဟာ လူမဟုတ်တော့ဘူးဆိုတာကို လက်ခံချင်လာပေမယ့် အနားမှာလက်ရှိရှိနေသူတွေထက်များစွာနိမ့်ကျနေခြင်းကိုတော့ စိတ်မကောင်းဖြစ်ရသည်။ 


သူက ပြင်လို့မရတော့တာတွေကို တွေးပြီးနောင်တရတတ်သူမျိုးမဟုတ်။ အနာဂတ်ကိုသာ အေးအေးဆေးဆေးနဲ့ကောင်းကောင်းမွန်မွန်ဖြတ်သန်းချင်သည့်သူတစ်ယောက်။ သူကအတွေးများတတ်သူလည်းဖြစ်ပြန်တော့ တစ်နေ့တာမှာကြုံတွေ့ခဲ့ရတာတွေကို ပြန်စဉ်းစား၇င်းခေါင်းကိုက်ချင်လာသည်မှာ အကြိမ်ကြိမ်ပင်။


ငါ့ကိုယ်ငါ ဦးနှောက်ဆေးရမယ်ထင်တယ်။


ငါက ကျူးမျိုးနွယ်ကအငယ်ဆုံးမျိုးဆက်

ကျူးယန်ဆိုသည့်ကြီးမြတ်လှသည့်နတ်ဘုရား၏ သားတော် အဲ သားတစ်ယောက် 

အကို၃ယောက်ရှိပြီး တွေ့ဖူးသည့်နှစ်ယောက်လုံးကလည်း ငါ့ကိုအရမ်းချစ်တယ်။

အမေချောချောလေးကလည်း ငါ့ကိုတကယ့်ကိုချစ်ရှာတယ်။ 

ဆရာကလည်း ငါ့အပေါ်အရမ်းကောင်းတယ်။

သီနတ်ဘုရားဆိုတဲ့ အဖေနဲ့တစ်ချိန်တည်းမွေးလာတဲ့မီးနတ်ဘုရားကလည်း ငါနဲ့ဆက်ဆံရေးကမဆိုးဘူး အသိကျွမ်းလို့ပြောလို့ရတယ်။

ဒီတောင်ပေါ်က အခြားတပည့်တွေကိုတော့ငါမမြင်ရသေးပေမယ့် ဟိုနဂါးမကတော့ စိတ်ရှုပ်ဖို့ကောင်းတယ်။


ဟူး... ငါကစာဖတ်ရတာကြိုက်ပေမယ့် တရားထိုင်သလိုထိုင်ပြီး စွမ်းအားစုဆောင်းတာမျိုးကြီးတော့ အားတိုင်းထိုင်မလုပ်နေချင်ဘူးလေ။ အရမ်းပျင်းဖို့ကောင်းတယ်။ ဒါပေမယ့် ဒီမှာရှင်သန်ဖို့ဆို နတ်အဆင့်တွေကအရေးပါတယ်။ အား....... စိတ်ညစ်လိုက်တာ...


ကျူးယင် အိပ်ယာပေါ်တွင်လူးလှိမ့်နေဆဲမှာ အခန်းတွင်းရုတ်တရက်ပေါ်လာသောနဉ်ကြောင့် ကျူးယင်လန့်ကာ အောက်သို့ပြုတ်ကျတော့သည်။ နဉ်က လှမ်းဖမ်းလိုက်၍သာ တော်ရော့သည်။ မဟုတ်လျှင် သူအတော် အီစလံဝေသွားရပေလိမ့်မည်။


"ကျူးယင် မင်းထူးထူးဆန်းဆန်းတွေလုပ်နေပါလား။ ပြောပါဦး အခုက ဘာလုပ်နေတာလဲ"


သူ့အာဖမ်းထိန်းထားဆဲကိုမလွှတ်သေးဘဲ ပြောလာတာမို့ နဉ်၏ခန့်ညားသောမျက်နှာကို အနီးကပ်အနေအထားနှင့် မော့ကြည့်ဖြစ်သွားသည်။


"အာ ဆရာကလည်း ဒါက ကျွန်တော်ပျင်းလို့ ဟိုလှိမ့်ဒီလှိမ့်လုပ်နေတာပါ"


ရှက်ဝဲ၀ဲမျက်နှာဖြင့်သူဖြေတော့ နဉ်၏မျက်လုံးတွေအပါအဝင်အကြည့်တွေကတည်တန့်သွားကာ သူ့အားလွှတ်ချလိုက်သည်မို့သူခြေထောက်အမြန်ထောက်ကာ ထိန်းရပ်လိုက်ရသည်။ ဒါတောင်မှ ဒယိမ်းဒယိုင်ဖြစ်သွားသေးသည်ပေ။


"မင်း အဝတ်အစားကို သပ်သပ်ရပ်ရပ်ပြင်ပြီး ထွက်ခဲ့တော့ "


ထိုတစ်ခွန်းကိုသာပြောကာ ထွက်သွားသည်ကြောင့် သူကြောင်အမ်းအမ်းဖြစ်သွားရသည်။ ဆရာကရုတ်တရက်ကြီး ဘာဖြစ်တာလဲ။ 


.............................


ဒီတစ်ကြိမ်တွင် ဆရာက သူ့ကိုဆွဲပြီးဖျက်ခနဲပျောက်ကာ ကျူးမျိုးနွယ်ဆီသွားပေါ်ရမည့်အစား တစ်လှမ်းချင်းလျှောက်ကာသာ သာမန်အတိုင်းသွားနေသဖြင့် ကျူးယင်လည်း နောက်မှ ငြိမ်ငြိမ်လေးသာ လိုက်နေရသည်။


"ရေနန်းတော် အာ ကျူးယင်မင်းကမှတ်မိမှာမဟုတ်ဘူး။ ကျူးမျိုးနွယ်စံအိမ်ကို ရေနန်းတော်လို့လည်းခေါ်တယ်။ ရေအောက်မှာဆောက်ထားပြီး ကန်တစ်ဖက်ကိုအလုံပိတ်ထားတော့ နေ၊လ၊ကြယ်အလင်းရောင်တွေ မကျရောက်နိုင်ဘူးတဲ့။ တကယ်တော့ ငါလည်းမရောက်ဖူးပါဘူး။ ဒီနှစ်တွေမှာ ဒါပထမအကြိမ်ရေနန်းတော်မှာ စားသောက်ပွဲလုပ်တာပဲ။ ဒါကြောင့် ဟိုမှာဘယ်နှစ်ရက်ကြာမလဲ ငါမသိဘူး။ တပည့်တွေကိုသေချာမှာခဲ့ရမှာမို့ ငါသူတို့ကိုစုဝေးခိုင်းထားတယ်။ ကျူးယင် မင်းအနေရခက်ရင် ဘယ်သူ့ကိုမှဘာမှပြောမနေဘဲ အေးအေးဆေးဆေးနေနေလို့ရတယ်။ ငါ့ရှေ့မှာ သူတို့တွေမင်းကို မနှောင့်ယှက်ရဲပါဘူး"


ဆရာက စိတ်လိုလက်ရဖြင့် စကားအရှည်ကြီးပြောကာ ရှင်းပြနေသည်။ အခြားတပည့်တွေနဲ့တွေ့ရမှာမို့ စိတ်လှုပ်ရှုားမိပေမယ့် ဒီလူတွေက ကျူးယင်အပေါ်ကောင်းခဲ့တာမဟုတ်ဘူးဆိုသည်ကို သတိရမိတော့ ပြန်တည်ငြိမ်သွားသည်။ သူလောလောဆယ်စိတ်ဝင်စားတာက ရေနန်းတော်ကိုပါ။ ရေကြိုက်တဲ့သူ့အဖို့တော့ ရေနန်းတော်ဆိုသည်ကို သိပ်စိတ်ဝင်စားနေမိပြီ။


"ဆရာ့ကို အရိုအသေပေးပါတယ်။ တပည့်တို့ ဆရာ့ကိုအရိုအသေပေးပါတယ်"


ကျူးယင်အား အတွေးထဲမှလှုပ်နှိုးလိုက်သည်မှာ ကျယ်လွန်းလှသောသံပြိုင်အော်ဟစ်သံကြောင့်ဖြစ်သည်။


ယခုမှ မျက်စိရှေ့မှလူစုလူဝေးကြီးအား ကျူးယင်သတိထားမိတော့၏။


ထောင်သောင်းချီမည့်လူအုပ်ကြီးအား နှစ်ခြမ်းကွဲကာရပ်နေသည်။ တစ်ဖက်မှာ အစိမ်းရင့်ရောင်ဝတ်စုံတွေဖြင့် တပည့်သားများရှိနေကြပြီး တစ်ဖက်မှာတော့ အစိမ်းနုရောင်ဝတ်စုံဖြင့် တပည့်မများရှိနေကြသည်။


ဤမကောင်းသည့်သူတွေအားမကြည့်ချင်တာမို့ ကျူးယင်မျက်နှာလွှဲလိုက်သည်။ သို့တိုင်အောင် သူ့ထံရောက်နေသော အကြည့်စူးစူးတွေအား ခံစားနေရသည်မို့ နဉ်၏နောက်သို့ မသိမသာကိုယ်ကိုရွေ့ကာဖြင့် ဝင်ကွယ်နေလိုက်သည်။


နဉ်ကသူ့အား ခေါင်းအနည်းငယ်စောင်းကြည့်ပြီးမှ ရှေ့သို့ပြန်လှည့်ကာ မှာစရာရှိသည်များအားမှာနေသည်။


ကျူးယင်က စိတ်မဝင်စား၍ပဲလားမသိ ဆရာပြောနေတာတွေကိုကြားသော်လည်း အသိစိတ်ထဲမဝင်ဘဲရှိနေသည်။


သူစိတ်ဝင်စားကာကြည့်နေမိသည်က နဉ်၏ဝတ်ရုံနောက်မှ ခါးပတ်ကြီးကိုဖြစ်သည်။ ခါးပတ်ကာငွေရောင်တောက်ပနေကာ ပန်းခက်ပုံစံတွေလည်းဖော်ထားသေးသည်မို့ ကြည့်လို့အတော်ကောင်းလှသည်။


"ဦးရီးတော်"


ထိုပန်းခက်တွေအားစူးစမ်းနေမိခိုက် သူ့နားထဲမှတဆင့် သိစိတ်ထဲဝင်ရောက်လာသော အသံကြောင့် ကျူးယင်မော့ကာကြည့်လိုက်မိသည်။


ထိုအချိန်မှ ပတ်ဝန်းကျင်တွင်မည်သည့်တပည့်မှရှိမနေတော့သည်ကိုတွေ့လိုက်ရပြီး သူမမြင်ဖူးသော အရောင်ဝါတောက်ပလျက်ရှိတဲ့နတ်တစ်ပါးက နဉ်ရှေ့တွင်၇ပ်လျက်ရှိကြောင်း တွေ့လိုက်၇သည်။


သူကနှိုင်းယှဉ်ခြင်းမျိုးလုပ်တတ်သည့် အကျင့်မရှိသော်ငြား မတူကွဲပြားစွာချောမောလွန်းသော နတ်ဘုရားလောက်ရောက်လာတော့မှ ထိုအကျင့်ကမသိမသာသူ့ထံရောက်လာသည်။


သူ့ရှေ့မှနတ်ဟာ နဉ်ထက်မလျော့သောအရှိန်အဝါကို ပေးစွမ်းကာ ခန့်ညားချောမောလွန်းသော ရုပ်ရည်ရှိသည်။

နဉ်အား ရိုသေစွာဦးညွှတ်ကာပြန်မော့လာသည့်အချိန်တွင် ပြုံးယောင်သန်းနေသော မျက်ဝန်းနှင့်နှုတ်ခမ်းပါးက လောကကြီးကိုပင် လှုပ်ခါစေလောက်သည် အထိ....


အာ ငါပရိုဂျူဆာလုပ်ပြီး ဒီနတ်တွေအကုန် ဟိုဘက်ခေတ်ကိုခေါ်သွားချင်လိုက်တာ။ အဲ့လိုသာဆို ငါချမ်းသာလွန်းလို့ ရူးသွားလောက်တယ်။ အခုတော့ ဒီချောမောမှုတွေ၊ခန့်ညားမှုတွေက အလကားဖြစ်နေသလိုပါလား နှမြောစရာကောင်းလိုက်တာ...


"အိမ်ရှေ့မင်းသားကို အရိုအသေပေးပါတယ်"


ဆရာ၏နှုတ်ဆတ်မှုကြောင့် ဒီနတ်က ဆရာပြောဖူးသည့်ကောင်းကင်နန်းတော်မှ အိမ်ရှေကမင်းသားဖြစ်လောက်သည် ဟု ကျူးယင်တန်းတွေးမိလိုက်သည်။


သိပ်ကိုဦးနှောက်ကောင်းလာတဲ့ ငါပါလား....


"ဦးရီးတော်ကလည်း တရိုတသေတွေလုပ်မနေပါနဲ့။ တူတော်က ရေနန်းတော်ကို ဦးရီးတော်နဲ့အတူသွားဖို့လာခဲ့တာ"


ကျူးယင်ကနဉ်၏နောက်တွင်၇ပ်နေသည့်တိုင် နဉ်အားလှမ်းကြည့်မိသည့်အခိုက် မျက်မှောင်ကျုံ့နေသည်ကို မြင်လိုက်ရသေးသည်။


"ကောင်းကင်မင်းကြီးနဲ့ အရှင့်သားက အတူမသွားဘူးလား"


ထိုအခါ ထိုအိမ်ရှေ့နတ်မင်းက လက်တခါခါဖြင့်ဆိုသည်။


"ဦးရီးတော်ကလည်း တူတော်ကအဲ့လိုလူစုလူဝေးကြီးနဲ့မသွားချင်ပါဘူး။ ပြီးတော့ ဦးရီးတော်က ခုတလောထူးခြားနေတယ်ဆိုလို့ လာကြည့်တာ"


နောက်ဆုံးစကားကိုပြောသည့်အခိုက် ထိုနတ်မင်း၏အကြည့်တွေက သူ့ထံကျရောက်လာသည်ကြောင့် ကျူးယင်ကိုယ်ကိုကျုံ့လိုက်မိသည်။


ထိုနတ်မင်းသည်လည်း မျက်တောင်တစ်ချက်မျှခတ်သွားကာ သူ့အားအထူးအဆန်းလိုကြည့်လာသည်မို့ ကျူးယင် နဉ်၏ကျောဘက်သို့လုံးလုံးလျားလျားဝင်ကာ ကွယ်ရပ်လိုက်တော့သည်။


ဒီတန်ခိုးရှိသည့်နတ်တွေအား သူကြောက်ပါသည်။ တစ်ခုခုဆို သူကခြေထောက်သုံးပြီးပဲထွက်ပြေးနိုင်မှာ။ ဟိုက ရွှတ်ဆို သူ့ရှေ့ရောက်လာပြီးသတ်လိုက်ရင် ရှိသမျှအကိုတွေကိုမတရသေးခင် သူတဖန်သေသွားရလိမ့်မည်။


နဉ်က သိနေသည့်အလား ကျူးယင်ကိုကွယ်ကာသေချာရပ်ပေးပြီး ထိုနတ်ထံစကားဆိုလိုက်သဖြင့် အိမ်ရှေ့မင်း၏အကြည့်တို့ရွေ့သွားလေသည်။


"မင်းရှေ့ကသွား"


"ဦးရီးတော်ကလည်း နေပါဦး ဒါက နာမည်ကြီးနေတဲ့ကျူးယင် မဟုတ်လား။ သူက ကျူးလျန်နတ်ဘုရားထက်တောင်မှ ပိုနာမည်ကြီးဦးမယ့်ပုံပဲ။ "


"တော်တော့ နောက်ကျနေမယ် သွားစို့"


ကျူးယင်အကြောင်းစကားဆက်မခံဘဲ နဉ်ကသွားမည်ပြောလိုက်တော့ ထိုအိမ်ရှေ့မင်းသားက မျက်ခုံးပင့်ကာဖြင့် နဉ်ကိုကြည့်လိုက် ကျူးယင်ကိုတစ်လှည့်ကြည့်လိုက်ဖြင့် မျက်စိကစားသည်။ နောက် ပြုံးစစမျက်နှာပေးဖြင့် ခေါင်းငြိမ့်သည်။


နဉ်ကကျူးယင်လက်ကိုဆွဲကိုင်ကာ ဘေးသို့ဆွဲထုတ်လိုက်သည်အား အိမ်ရှေ့မင်းသားဆိုသူက ကြည့်နေသည်ကို သူမျက်စိထောင့်မှမြင်လိုက်ရသဖြင့် ကျူးယင်စိတ်ထဲတမျိုးကြီးဖြစ်သွားရသည်။


ဒီအိမ်ရှေ့မင်းသားက တမျိုးပဲ...


ပတ်ဝန်းကျင်ကရုတ်ချည်းပြောင်းလဲသွားကာ မြူတွေဆိုင်းနေသောတောင်တန်းတွေအစား ကျေးဌက်သံတကျည်ကျည်ဖြင့် သစ်ပင်တွေကြားရောက်လာမှုကြောင့် တစ်နေရာသို့ပြောင်းကာရောက်သွားပြီမှန်း အတွေ့အကြုံအရသိလိုက်သည်။ ည၏ရောင်ဝါက သစ်ပင်တွေကြားမို့ ပိုမိုအေးချမ်းလျက်ရှိသည်။


ဒါက ဘယ်နေရာလဲ


"တောင်ခြေရောက်ပြီ"


ဟု အသံခပ်တိုးတိုးဖြင့် နဉ်က သူကြားရုံပြောပြလာသည်။ 


တကယ်ကို သူ့စိတ်ကိုမြင်နိုင်သည့် ဆရာပါပဲ


ထိုစဉ်


အနက်ရောင်မြူလုံးတွေက သူတို့အားဝိုင်းလာကာ ကျူးယင်အသက်ရှူကျပ်သလိုပင်ဖြစ်လာရသည်။ တဖြေးဖြေးပတ်ဝန်းကျင်အားသဲကွဲစွာမမြင်ရတော့သည်အထိ...


----------------------



rate now:

4 Reviews
  • reader WinWin 12.12.2019, 09:29 4.9

    ❤️

    reply

  • reader Essence_Flame 12.12.2019, 06:36 5

    ☺️

    reply

  • reader Kaung Wai Yan 08.12.2019, 14:26 5

    🥰

    reply

  • reader Kaung Wai Yan 04.12.2019, 11:56 5

    🥰

    reply