Part-14.1
ထိုစဉ်တုန်းက တလင်းဂူအတွင်းရှိ လက်ဆယ်ချောင်း အရေအတွက်ပင် မရှိသော နတ်များသာ သိမည်။ ထိုအထဲတွင် ကျန်းမင်ရှီ ဆိုသော ကျန်းမျိုးနွယ် သစ်ပင်နတ်က ဘယ်နားမှာမှ မပါဝင်သလို ထိုကျန်းမျိုးနွယ်မှ တခြားသော နတ်များထံမှ သိရန် တွေးမိတော့ ပိုပြီးပင် အတွေးခေါင်မိသည်။
နတ်မင်းသားနှစ် ချင်းရန်သည် ငြိမ်းချမ်းရေးနတ် ဖြစ်တာကြောင့် ဒီလို ကိစ္စကို အပြင်သို့ ထုတ်ပြောမည့်သူ မဟုတ်ပေ။ နတ်မင်းသားလေးဆိုလျှင်တော့ ပိုဆိုးသည်။ နတ်မင်းသားလေး၏ အကျင့်စရိုက်အရ ကျိုးရင်း ဒါမှမဟုတ် သူနှင့် ထိပ်တိုက်တွေ့ရမယ့် ကိစ္စကို လုံးဝ ပြုလုပ်မည့်သူ မဟုတ်ပေ။ ရှောင်လုချီကို တွေးမိတော့ စိတ်က အနည်းငယ်မျှ မတင်မကျ ဖြစ်မိသည်။
ထို့ကြောင့် တောင်ပိုင်း ရေနန်းတော်သို့ သွားရန် ဦးတည်လိုက်၏။ ထိုသို့ တွေးမိကာမှ တလင်းနန်းဆောင်သို့ ရောက်လာခဲ့ပြီးမှ တခြား ဘယ်ဒေသကိုမှ မရောက်ဖူးသော.. နတ်မင်းသမီးကို တွေးမိလိုက်သည်။ ထို့ကြောင့်..
“ကျိုးယွီ.. ရှောင်ရောင်း.. မင်းတို့ နှစ်ယောက် တောင်ပိုင်းရေနန်းတော်ကို လိုက်လာခဲ့.. ငါ သွားဖို့ ရှိတယ်..”
“ကောင်းပါပြီ ဆရာ..”
ကျိုးယွီက ပျော်ရွှင်သွားသော်လည်း သူမက မျက်နှာ ပျက်သွားတာကို အမိအရ မြင်လိုက်သေး၏။ သူမက မျက်နှာလေး မကောင်းပဲ.. မျက်လုံးတွင် ပုဝါစည်းလိုက်ပြီး သူ့နောက်မှ လိုက်လာသည်။ သူမ မျက်လုံးတွေကို ဖုံးကွယ်ဖို့ မလိုဘူးဟု ပြောလိုက်လိုသော်လည်း.. အပိုတွေ လုပ်မိသလို ဖြစ်မည် စိုးသောကြောင့် အရှေ့ကနေသာ ခြေလှမ်း စတင်လိုက်တော့သည်။
တကယ်တမ်းမှာ တောင်ပိုင်းရေနန်းတော်သို့ သွားလျှင်.. ခုန်လွှားသွားပါက တစ်လမ်းတည်း ဖြစ်သော်လည်း ဘယ်မှ ရောက်ဖူးပုံ မပေါ်သော သူမကြောင့် တိမ်စီး၍ သွားရသော ခရီးကိုသာ ရွေးချယ်လိုက်သည်။ ကောင်းကင်မှ တောင်ပိုင်းသို့ သွားလျှင် ပထမဆုံး ပိုင်ဒေသသို့ ဖြတ်သန်းရမည်။ ပြီးလျှင် အရှေ့ပင်လယ် ပြီးနောက် အရှေ့တောင်ပင်လယ်ကို ဖြတ်သန်းပြီးမှ.. တောင်ပိုင်း ပင်လယ်သို့ ရောက်မည် ဖြစ်၏။
ပထမဆုံး ကောင်းကင်နန်းတော် တံခါးမှ ဖြတ်သန်းလာတော့ တံခါးစောင့်သော နတ်များက သူ့ကို အရိုအသေပေးသည်။ ကျိုးယွီက အနောက်တွင် သူ၏အဝတ်များကို ပိုးလွယ် ထားသည်။ သူမက ကျတော့.. သူ၏ စင်္ကြာဝဠာဓားကို အဝတ်ဖြူဖြင့် ပတ်ကာ ထမ်းပိုး ထား၏။ နတ်လက်နက် အဆင့်သုံးရှိသော သူ့ဓားကို မယူဆောင်လာလျှင်တောင်မှ.. စိတ်အတွင်းမှ ဆင့်ခေါ်၍ ရသည် ဖြစ်ရာ.. သူမကို ခေါ်လာခြင်းအတွက် မေးခွန်းမထုတ်နိုင်အောင် သူ့ဓားကို သယ်ယူခိုင်းခဲ့ခြင်း ဖြစ်၏။
ဒါကို ကျိုးယွီက သူ့အား အမှားပြုလုပ်ထားသည်ဟု ပြောလိုသော မျက်နှာထားဖြင့်..
“ဆရာ ဘယ်လို ဖြစ်ပြီး ညီမလေးရှင်းကို ဓားကြီး သယ်ခိုင်းခဲ့တာလဲ.. ဘယ်လိုပဲ ဖြစ်ဖြစ် သူမက မိန်းကလေး ဖြစ်တဲ့အပြင် သူမ မျက်လုံးကိုက ကာကွယ်ထားရသေးတယ်..”
“မိန်းကလေးက ငါ့နန်းတော်မှာ ထမင်းမစားဘူးလား.. အပိုတွေ သယ်ယူလာခဲ့..”
“ဆရာ ဘယ်တုန်းက အကြွေးရှင်လို နတ် ဖြစ်သွားရတာလဲ.. ငါ တွေးလို့ကို မလောက်ဘူး..”
ကျိုးယွီက အနောက်ကနေ ခပ်တိုးတိုးပြောလိုက်တာကို ကြားလိုက်သော်လည်း ထပ်မပြောတော့ပဲ ရှေ့သို့သာ မျက်နှာမူထားလိုက်သည်။ ခုန်လွှားသွားခြင်း မဟုတ်သော်လည်း တိမ်စီးခြင်းက အနည်းငယ်နှေးသော်လည်း လမ်းလျှောက်တာထက်တော့ မြန်တာမို့ သိပ်မကြာမှီမှာပင်.. ပိုင်ဒေသ၏ တံခါးဝသို့ ရောက်လာသည်။
ပိုင်ဒေသ တံခါးကို စောင့်သော နတ်ငယ်က သူတို့ကို မြင်သည်နှင့် အပြေးအလွှားလာပြီး ခရီးဦးကြိုပြုသည်။ ဆစ်ကျီ တည်ငြိမ်အေးစက်စွာပင် တစ်လုံးချင်း ပြောဆိုလိုက်သည်။
“ငါ ဆစ်ကျီ ပိုင်ဒေသကို ဖြတ်သန်းသွားလိုတယ်.. ခုန်လွှားဖို့က အဆင်မပြေတဲ့ တပည့်တွေ ပါလို့.. ဖြတ်သွားလို့ ရမလား..”
“နတ်မင်း ဒီမှာ ခဏလေး စောင့်ပေးပါ..”
ပိုင်ဒေသရှိ ဝိဉာဉ်ပန်းများက မြေပြင်ပေါ်တွင် ဖွေးဖွေးလှုပ်ကျဆင်းနေသည်။ ရှင်းရောင်းက မျက်လုံးကို ပိတ်ထားတာမို့.. လိုက်အနံ့ခံရင်း..
“နတ်မင်း ဒီနေရာက မြေခွေးနံ့ရတယ်.. ပြီးတော့ ဝိဉာဉ်ပန်းနံ့ရောနေတယ်.. မြင်ကွင်းက သိပ်လှမှာပဲ..”
“အင်း.. ဒီမြင်ကွင်းက လှ..”
ပြောချလိုက်ဖို့ ပြင်လိုက်ပြီးမှ သူမ မမြင်ရတာကို သတိရသွားမိပြီး.. လေသံခပ်ပြတ်ပြတ် ပြောလိုက်ရသည်။
“ဒီမြင်ကွင်းကို မင်းမမြင်တာ ကံကောင်းတယ်.. မဟုတ်ရင် မင်းလည်း ငါနဲ့ ကျိုးယွီလို ကံဆိုးသူ ဖြစ်သွားလိမ့်မယ်.. ဝိဉာဉ်ပန်းတွေက အမှိုက်ပုံလို ရှုပ်နေပြီး မြေခွေးအမွှေးတွေက ကပ်ငြိနေသေးတယ် ဒီနေရာက တကယ် တောဆန်ပြီးတော့ နေချင်စရာလည်း မဟုတ်ဘူး..”
ကျိုးယွီ ဆရာဖြစ်သူ၏ စကားကြောင့်.. ပတ်ပတ်လည်တွင် ရှိသော ဝိဉာဉ်ပန်းများ၏ ဖြူဖွေးစွာ တည်ရှိနေမှုကို ပြူးပြဲကြည့်မိသည်။ မြေခွေးအမွှေးဆိုတာတွေ တစ်စမှာ မရှိတာကို သေချာလိုက်ရှိကြည့်မိသေး၏။ တောဆန်ပြီး နေချင်စရာ မရှိသော ထိုနေရာတွင် လှပသော လမ်းကလေးများနှင့် သွယ်တန်းထားသော စမ်းချောင်းငယ်လည်း ရှိနေသေးတာကို ဆစ်ကျီ နတ်မင်းက မမြင်ယောင်ပြုထားသေး၏။
ဆရာက ဘာလို့များ အခုလို ညာပြောလိုက်ရတာလဲ ဆိုသော အတွေးစနှင့်.. ဆရာ၏ မျက်နှာအား ကြည့်လိုက်တော့.. သူ ပြောလိုက်သော စကားတစ်လုံးမှ မမှားသကဲ့သို့ အေးစက် တည်ကြည်နေ၏။ ဆရာ ဘယ်တုန်းက ခပ်တည်တည်နဲ့ ညာတတ်သွားတာလဲ..၊ သိပ်မကြာခင်မှာပဲ မြေခွေးငယ်လေးက ပြန်ပြေးလာပြီး ဆစ်ကျီ နတ်မင်းအား အရိုအသေပြုကာ..
“ဆစ်ကျီ နတ်မင်းကို ပိုင်မင်းကြီးက ခရီးတစ်ထောက် ဝင်နားဖို့ ဖိတ်ခေါ်လိုက်ပါတယ်..”
“ကောင်းသားပဲ..”
တစ်ချက်မျှပင် မငြင်းပဲ ထိုမြေခွေးလေး ခေါ်ရာသို့ လိုက်သွားတော့ ကျိုးယွီလည်း ပတ်ဝန်းကျင်ကို လေ့လာနေခြင်းကို ရပ်ပြီး ဆစ်ကျီ အနောက်သို့ ပြေးလိုက်သွားတော့သည်။
ဆစ်ကျီ နတ်မင်းနှင့် နတ်မြေခွေး ပိုင်မင်းကြီးတို့က လွန်ခဲ့သော နှစ်ကိုးသောင်းတုန်းက ကိစ္စကို ဆွေးနွေးနေကြသည်။ တစ်ခါတစ်လေ ပိုင်မင်းကြီး၏ ရယ်သံကို ကြားရသော်လည်း ဆစ်ကျီ နတ်မင်းကတော့ ရယ်ခြင်းမရှိ ပြုံးခြင်း မရှိဖြင့် ဝိဉာဉ်ပန်းခြောက်ဖြင့် ခပ်ထားသော ရေနွေးကိုသာ သောက်နေသည်။
သိပ်မကြာမှီမှာပင် ဆစ်ကျီ နတ်မင်းက ပြန်မည်ဟု ဆိုကာ ထရပ်လိုက်၏။ ထိုစဉ်.. မြေခွေးဂူအရှေ့သို့ ပြေးဝင်လာသော အနီရောင် အရိပ်ကလေးကို တွေ့လိုက်ရသည်။ ထိုအနီရောင် အရိပ်ကလေးက ဆစ်ကျီ နတ်မင်းကို တွေ့သည်နှင့် နောက်ပြန်လှည့်ပြေး လေတော့၏။
အနောက်မှ လိုက်ပါလာသော ပိုင်ဟုန်ဟူကို တွေ့တော့ ဆစ်ကျီက ပိုပြီး မျက်မှောင်ကုတ် မိသွားသည်။ သို့သော် ဟူအာ အနောက်မှ လိုက်လာသော ကျန်းမင်ရှီ နတ်မင်းက ဆစ်ကျီ နတ်မင်းအား တအံ့တသြဖြင့်.. လက်ညိုးထိုးရင်း..
“ဘယ်လို ဖြစ်လို့ ဒီကို ရောက်နေတာလဲ တိုက်ဆိုင်လိုက်တာ..”
“ဟုတ်တယ် တိုက်ဆိုင်လိုက်တာ သိပ်မကြာမှီကမှ ကျန်းမင်ရှီ နတ်မင်းနဲ့ ဆုံတွေ့ထားမိသေးတယ်..”
“နတ်မင်း သက်တောင့်သက်သာ နေပါ.. သက်တောင့်သက်သာ နေပါ.. ကျန်မင်းရှီ နောက်ထပ် မေးခွန်းတစ်ခုမှ မပါလာတော့ပါဘူး..”
“ငါ့မှာတော့ မေးခွန်း ရှိသွားပြီ..”
ဆစ်ကျီက ပြောပြီးသည်နှင့် လက်ညိုးထိုးလိုက်ပြီး..
“ဟိုက.. ငှက်ကို မင်းတို့ ဘယ်ကနေ တွေ့တာလဲ..”
ဟူအာ တအံ့တသြဖြင့်.. ဆစ်ကျီ နတ်မင်း လက်ညိုးအတိုင်း အနောက်သို့ လှည့်ကြည့်မိတော့.. ရှောင်ညောင်က ဟူအာ၏ အနောက်တွင် ပုန်းနေရာမှ ဆစ်ကျီ နတ်မင်းအား ချောင်းကြည့်နေ၏။ ဆစ်ကျီ နတ်မင်းက သူ့လက်ညိုးနှင့် လက်သန်းကို ထိလုမတတ် ညွှန်လိုက်ပြီး အလင်းတန်းတစ်ခုကို ပြေးစေသည်။ ပြီးမှ တည်ကြည်သော လေသံဖြင့်..
“ရန်ဖုန့်ဟွာမ်.. ဟွာမ်အာ.. ဒီကို လာခဲ့..”
ရှောင်ညောင်၏ ကိုယ်လေး တောင့်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။ ခြေတစ်လှမ်းမှ မလှမ်းသေးသော်လည်း ဒါက သူမ၏ ထူးခြားသော အပြုအမူမှန်း ဟူအာ ချက်ချင်း ရိပ်မိသည်။ ဘယ်လိုနတ်ကိုမဆို ကြောက်ရွံ့ခြင်း မရှိပဲ စကားနှင့်ကော လက်နှင့်ကော သူမ ကျူးလွန်တတ်သည်။ ကျန်းမင်ရှီ နတ်မင်း ကိုပင် သူမဘက်သားဟု သတ်မှတ်ထား၍သာ အလိုက်အထိုက် ဆက်ဆံခြင်း ဖြစ်သည်။
ယခုကျတော့ သူမက စိုးရွံ့နေသော ဟန်အမူအရာဖြင့် ဖြစ်သည်။ သူမပုံစံက မိဘရှေ့ ရောက်သွားသော.. အပြစ်ကျူးလွန်ထားသည့် ကလေးငယ် တစ်ဦး၏ ဟန်အမူအရာ အပြည့် ရှိနေပြီး.. ထိုသူသည် သူမ၏ အစစ အရာရာကို သိနားလည်သည်ဟု ဆိုညွှန်းနေသည်။
ရှောင်ညောင်၏ အပြုအမူများကို တစ်ခုချင်း အကဲခတ်ရင်း.. ဟူအာ စိတ်အတွင်းဝယ် အလိုမကျစိတ်တို့ ကြီးစိုးလာသည်။ ရှောင်ညောင်ထံတွင် သူ့ထက် အရေးကြီးသောသူ တစ်ဦး ရှိနေသည်ဆိုသော အသိစိတ်ကို လက်မခံချင်သလို ဖြစ်မိ၏။ သို့ပေမယ့် ဟူအာ ဘာတစ်ခွန်းမှ ဝင်မပြောပဲ ဖြစ်နေသမျှကိုသာ ငေးကြည့်နေမိသည်။ ညောင်အာ ဘယ်လို တုန့်ပြန်မလဲ ဆိုတာကို သိချင်သေး၏။
“ဟွာမ်အာ.. မင်းကို ခေါ်နေတယ်..”
ရှောင်ညောင်က ဆစ်ကျီ နတ်မင်းအား သေချာ အကဲခတ်နေရင်းမှ.. ခေါင်းယမ်းသည်။
“မင်းက သေချာပေါက် ငါ့ရဲ့ သခင်လား.. ဒါဆို မင်းတို့ နှစ်ယောက်က ဘာလို့ မသိတာလဲ..”
ရှောင်ညောင်က သူ့ကို လက်ညိုးထိုးပြီးမှ.. မေးတော့ ဆစ်ကျီ နတ်မင်း၏ အရောင်တောက်သည့် မျက်ဝန်းတွေ သူ့ထံသို့ စုန်ချည် ဆန်ချည် ရောက်လာသည်။
~~ဒီနတ်မင်းက ဘယ်လိုများ အကြည့်နဲ့တင် တစ်ဖက်သားကို သိမ်ငယ်သွားအောင် ကြည့်နိုင်ရတာလဲ..၊ ကျိုးရင်း နတ်ဘုရားမက မောက်မာတတ်တယ် ဆိုတာကမှ တော်သေးတယ်..၊ ဒီဆရာတပည့် နှစ်ဦး နယ်ပယ်တစ်ခွင်လုံး နာမည်ကြီးနေတာက ဒီလို ထပ်တူညီကျတဲ့ အပြုအမူတွေ ကြောင့်ဖြစ်နိုင်တယ်..၊~~
တော်တန်ရုံ နတ်ငယ်တိုင်းဟာ ဆစ်ကျီ နတ်မင်း၏ အကြည့်ဒဏ်ကို လက်မခံနိုင်ကြဘူး ဆိုတဲ့ ဆိုရိုးက လွန်ခဲ့တဲ့ နှစ်သိန်းပေါင်းများစွာ ကတည်းက ရှိပြီးသား.. ဖြစ်၏။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့.. ဆစ်ကျီကို ပြန်ကြည့်နိုင်တဲ့ နတ်ငယ် တစ်ပါးကို ရှာတွေ့ပြီလို့ ဆိုရမည်။ သာမန် ထာဝရနတ် တစ်ပါး ဖြစ်တဲ့ ဒီနတ်ငယ်လေးက သူ့ကို ကြည့်နေတဲ့ ဆစ်ကျီ နတ်မင်း၏ မျက်နက်ဆံ နက်နက်ဘေးတွင် မျက်သားတွေက ကြည်လွန်းပြီး အပြာရောင်ကဲတဲ့ မျက်ဝန်းတွေထဲသို့ ပြန်ပြီး စူးစိုက်ကြည့်နေသည်။
တစ်ဖက်က နယ်ပယ်ဆယ့်ခြောက်ခွင်လုံးမှာ စွမ်းအား အကြီးမားဆုံး နတ်ဘုရားမကို ထိန်းကျောင်းလာသော နတ်ဘုရားတစ်ပါး.. တစ်ဖက်တွင် အခုမှ အသက်တစ်ထောင်ပြည့်ရန် တစ်နှစ်မျှ လိုနေသေးသော သာမာန် ထာဝရနတ် တစ်ပါး အကြည့်ချင်း ပြိုင်နေမှုက ပတ်ဝန်းကျင်တစ်ခုလုံးကို ဆိတ်ငြိမ်သွားစေ၏။
ကျန်းမင်ရှီကတော့ ဟူအာ၏ တုန့်ပြန်မှုကို သဘောအကျကြီးကျနေသည်။ ကျိုးယွီကမူ.. သူ့ဆရာကို တန်ပြန်ကြည့်ရဲသော နတ်ငယ်လေးကို အထူးတဆန်းလို ကြည့်နေ၏။ ရှောင်ညောင်က သူတို့ နှစ်ဦးကို တစ်လှည့်စီ ကြည့်ရှုနေပြန်သည်။
ထို တန်ခိုးစွမ်းအား အရှိန်အဝါ မညီမျှသည့်အပြင် နတ်တို့၏ သက်တမ်းအရ တော်စပ်ပုံ အရ အလွန်အမင်း ကွာဟချက် ရှိနေသော နတ်မင်းတစ်ပါးနှင့် နတ်ငယ်တစ်ပါး၏ အကြည့်ချင်း အားပြိုင်မှုက နေ့တစ်ဝက်ခန့် အချိန်ကုန်သွားသည်အထိ မည်သူမျှ မတားမြစ်သလို မည်သူမျှလည်း ရပ်တန့်ရန် မပြောဆိုကြပေ။
ဝိဉာဉ်ပန်းတို့က လေအဝှေ့အလိုက် လွန့်လွန့်လူးလူး ကျဆင်းနေသည်တွင် သူတို့ နှစ်ဦး ကိုယ်ပေါ်သို့ ဝိဉာဉ်ပန်းတချို့ပင် တင်ကျန်သွားချေပြီ။ ထိုအထိ သူတို့ နှစ်ဦးလုံး တည်ငြိမ်စွာ ကြည့်ရှုနေကြဆဲ ဖြစ်သည်။ ကျန်းမင်ရှီ အနေနှင့် ဒီအခြေအနေတွင် ဘယ်သူက နောက်ဆုံးထိ တောင်ခံနိုင်မလဲ ဆိုတာကို သိချင်သဖြင့် မတားမြစ်ခြင်း ဖြစ်သလို.. ကျိုးယွီက ဆရာလည်းဖြစ် အဘိုးလည်း တော်သော ဆစ်ကျီ နတ်မင်းအားတားမြစ်စကား မဆိုဝံ့သဖြင့် အနားတွင် ရပ်နေမိခြင်း ဖြစ်သည်။
Zawgyi
Part-14.1
ထိုစဥ္တုန္းက တလင္းဂူအတြင္းရွိ လက္ဆယ္ေခ်ာင္း အေရအတြက္ပင္ မရွိေသာ နတ္မ်ားသာ သိမည္။ ထိုအထဲတြင္ က်န္းမင္ရွီ ဆိုေသာ က်န္းမ်ိဳးႏြယ္ သစ္ပင္နတ္က ဘယ္နားမွာမွ မပါဝင္သလို ထိုက်န္းမ်ိဳးႏြယ္မွ တျခားေသာ နတ္မ်ားထံမွ သိရန္ ေတြးမိေတာ့ ပိုျပီးပင္ အေတြးေခါင္မိသည္။
နတ္မင္းသားႏွစ္ ခ်င္းရန္သည္ ျငိမ္းခ်မ္းေရးနတ္ ျဖစ္တာေၾကာင့္ ဒီလို ကိစၥကို အျပင္သို႔ ထုတ္ေျပာမည့္သူ မဟုတ္ေပ။ နတ္မင္းသားေလးဆိုလွ်င္ေတာ့ ပိုဆိုးသည္။ နတ္မင္းသားေလး၏ အက်င့္စရိုက္အရ က်ိဳးရင္း ဒါမွမဟုတ္ သူႏွင့္ ထိပ္တိုက္ေတြ႔ရမယ့္ ကိစၥကို လံုးဝ ျပဳလုပ္မည့္သူ မဟုတ္ေပ။ ေရွာင္လုခ်ီကို ေတြးမိေတာ့ စိတ္က အနည္းငယ္မွ် မတင္မက် ျဖစ္မိသည္။
ထို႔ေၾကာင့္ ေတာင္ပိုင္း ေရနန္းေတာ္သို႔ သြားရန္ ဦးတည္လိုက္၏။ ထိုသို႔ ေတြးမိကာမွ တလင္းနန္းေဆာင္သို႔ ေရာက္လာခဲ့ျပီးမွ တျခား ဘယ္ေဒသကိုမွ မေရာက္ဖူးေသာ.. နတ္မင္းသမီးကို ေတြးမိလိုက္သည္။ ထို႔ေၾကာင့္..
“က်ိဳးယြီ.. ေရွာင္ေရာင္း.. မင္းတို႔ ႏွစ္ေယာက္ ေတာင္ပိုင္းေရနန္းေတာ္ကို လုိက္လာခဲ့.. ငါ သြားဖို႔ ရွိတယ္..”
“ေကာင္းပါျပီ ဆရာ..”
က်ိဳးယြီက ေပ်ာ္ရႊင္သြားေသာ္လည္း သူမက မ်က္ႏွာ ပ်က္သြားတာကို အမိအရ ျမင္လိုက္ေသး၏။ သူမက မ်က္ႏွာေလး မေကာင္းပဲ.. မ်က္လံုးတြင္ ပုဝါစည္းလိုက္ျပီး သူ႔ေနာက္မွ လိုက္လာသည္။ သူမ မ်က္လံုးေတြကို ဖံုးကြယ္ဖို႔ မလိုဘူးဟု ေျပာလိုက္လိုေသာ္လည္း.. အပိုေတြ လုပ္မိသလို ျဖစ္မည္ စိုးေသာေၾကာင့္ အေရွ႕ကေနသာ ေျခလွမ္း စတင္လိုက္ေတာ့သည္။
တကယ္တမ္းမွာ ေတာင္ပိုင္းေရနန္းေတာ္သို႔ သြားလွ်င္.. ခုန္လႊားသြားပါက တစ္လမ္းတည္း ျဖစ္ေသာ္လည္း ဘယ္မွ ေရာက္ဖူးပံု မေပၚေသာ သူမေၾကာင့္ တိမ္စီး၍ သြားရေသာ ခရီးကိုသာ ေရြးခ်ယ္လိုက္သည္။ ေကာင္းကင္မွ ေတာင္ပိုင္းသို႔ သြားလွ်င္ ပထမဆံုး ပိုင္ေဒသသို႔ ျဖတ္သန္းရမည္။ ျပီးလွ်င္ အေရွ႕ပင္လယ္ ျပီးေနာက္ အေရွ႕ေတာင္ပင္လယ္ကို ျဖတ္သန္းျပီးမွ.. ေတာင္ပိုင္း ပင္လယ္သို႔ ေရာက္မည္ ျဖစ္၏။
ပထမဆံုး ေကာင္းကင္နန္းေတာ္ တံခါးမွ ျဖတ္သန္းလာေတာ့ တံခါးေစာင့္ေသာ နတ္မ်ားက သူ႔ကို အရိုအေသေပးသည္။ က်ိဳးယြီက အေနာက္တြင္ သူ၏အဝတ္မ်ားကို ပိုးလြယ္ ထားသည္။ သူမက က်ေတာ့.. သူ၏ စၾကၤာဝဠာဓားကို အဝတ္ျဖဴျဖင့္ ပတ္ကာ ထမ္းပိုး ထား၏။ နတ္လက္နက္ အဆင့္သံုးရွိေသာ သူ႔ဓားကို မယူေဆာင္လာလွ်င္ေတာင္မွ.. စိတ္အတြင္းမွ ဆင့္ေခၚ၍ ရသည္ ျဖစ္ရာ.. သူမကို ေခၚလာျခင္းအတြက္ ေမးခြန္းမထုတ္ႏိုင္ေအာင္ သူ႔ဓားကို သယ္ယူခိုင္းခဲ့ျခင္း ျဖစ္၏။
ဒါကို က်ိဳးယြီက သူ႔အား အမွားျပဳလုပ္ထားသည္ဟု ေျပာလိုေသာ မ်က္ႏွာထားျဖင့္..
“ဆရာ ဘယ္လို ျဖစ္ျပီး ညီမေလးရွင္းကို ဓားၾကီး သယ္ခိုင္းခဲ့တာလဲ.. ဘယ္လိုပဲ ျဖစ္ျဖစ္ သူမက မိန္းကေလး ျဖစ္တဲ့အျပင္ သူမ မ်က္လံုးကိုက ကာကြယ္ထားရေသးတယ္..”
“မိန္းကေလးက ငါ့နန္းေတာ္မွာ ထမင္းမစားဘူးလား.. အပိုေတြ သယ္ယူလာခဲ့..”
“ဆရာ ဘယ္တုန္းက အေၾကြးရွင္လို နတ္ ျဖစ္သြားရတာလဲ.. ငါ ေတြးလို႔ကို မေလာက္ဘူး..”
က်ိဳးယြီက အေနာက္ကေန ခပ္တိုးတိုးေျပာလုိက္တာကို ၾကားလုိက္ေသာ္လည္း ထပ္မေျပာေတာ့ပဲ ေရွ႕သို႔သာ မ်က္ႏွာမူထားလိုက္သည္။ ခုန္လႊားသြားျခင္း မဟုတ္ေသာ္လည္း တိမ္စီးျခင္းက အနည္းငယ္ေႏွးေသာ္လည္း လမ္းေလွ်ာက္တာထက္ေတာ့ ျမန္တာမို႔ သိပ္မၾကာမွီမွာပင္.. ပိုင္ေဒသ၏ တံခါးဝသို႔ ေရာက္လာသည္။
ပိုင္ေဒသ တံခါးကို ေစာင့္ေသာ နတ္ငယ္က သူတို႔ကို ျမင္သည္ႏွင့္ အေျပးအလႊားလာျပီး ခရီးဦးၾကိဳျပဳသည္။ ဆစ္က်ီ တည္ျငိမ္ေအးစက္စြာပင္ တစ္လံုးခ်င္း ေျပာဆိုလိုက္သည္။
“ငါ ဆစ္က်ီ ပိုင္ေဒသကို ျဖတ္သန္းသြားလိုတယ္.. ခုန္လႊားဖို႔က အဆင္မေျပတဲ့ တပည့္ေတြ ပါလို႔.. ျဖတ္သြားလို႔ ရမလား..”
“နတ္မင္း ဒီမွာ ခဏေလး ေစာင့္ေပးပါ..”
ပိုင္ေဒသရွိ ဝိဉာဥ္ပန္းမ်ားက ေျမျပင္ေပၚတြင္ ေဖြးေဖြးလႈပ္က်ဆင္းေနသည္။ ရွင္းေရာင္းက မ်က္လံုးကို ပိတ္ထားတာမို႔.. လိုက္အန႔ံခံရင္း..
“နတ္မင္း ဒီေနရာက ေျမေခြးနံ႔ရတယ္.. ျပီးေတာ့ ဝိဉာဥ္ပန္းနံ႔ေရာေနတယ္.. ျမင္ကြင္းက သိပ္လွမွာပဲ..”
“အင္း.. ဒီျမင္ကြင္းက လွ..”
ေျပာခ်လိုက္ဖို႔ ျပင္လိုက္ျပီးမွ သူမ မျမင္ရတာကို သတိရသြားမိျပီး.. ေလသံခပ္ျပတ္ျပတ္ ေျပာလုိက္ရသည္။
“ဒီျမင္ကြင္းကို မင္းမျမင္တာ ကံေကာင္းတယ္.. မဟုတ္ရင္ မင္းလည္း ငါနဲ႔ က်ိဳးယြီလို ကံဆိုးသူ ျဖစ္သြားလိမ့္မယ္.. ဝိဉာဥ္ပန္းေတြက အမိႈက္ပံုလို ရႈပ္ေနျပီး ေျမေခြးအေမႊးေတြက ကပ္ျငိေနေသးတယ္ ဒီေနရာက တကယ္ ေတာဆန္ျပီးေတာ့ ေနခ်င္စရာလည္း မဟုတ္ဘူး..”
က်ိဳးယြီ ဆရာျဖစ္သူ၏ စကားေၾကာင့္.. ပတ္ပတ္လည္တြင္ ရွိေသာ ဝိဉာဥ္ပန္းမ်ား၏ ျဖဴေဖြးစြာ တည္ရွိေနမႈကို ျပဴးျပဲၾကည့္မိသည္။ ေျမေခြးအေမႊးဆိုတာေတြ တစ္စမွာ မရွိတာကို ေသခ်ာလုိက္ရွိၾကည့္မိေသး၏။ ေတာဆန္ျပီး ေနခ်င္စရာ မရွိေသာ ထိုေနရာတြင္ လွပေသာ လမ္းကေလးမ်ားႏွင့္ သြယ္တန္းထားေသာ စမ္းေခ်ာင္းငယ္လည္း ရွိေနေသးတာကို ဆစ္က်ီ နတ္မင္းက မျမင္ေယာင္ျပဳထားေသး၏။
ဆရာက ဘာလို႔မ်ား အခုလို ညာေျပာလိုက္ရတာလဲ ဆိုေသာ အေတြးစႏွင့္.. ဆရာ၏ မ်က္ႏွာအား ၾကည့္လိုက္ေတာ့.. သူ ေျပာလုိက္ေသာ စကားတစ္လံုးမွ မမွားသကဲ့သို႔ ေအးစက္ တည္ၾကည္ေန၏။ ဆရာ ဘယ္တုန္းက ခပ္တည္တည္နဲ႔ ညာတတ္သြားတာလဲ..၊ သိပ္မၾကာခင္မွာပဲ ေျမေခြးငယ္ေလးက ျပန္ေျပးလာျပီး ဆစ္က်ီ နတ္မင္းအား အရိုအေသျပဳကာ..
“ဆစ္က်ီ နတ္မင္းကို ပိုင္မင္းၾကီးက ခရီးတစ္ေထာက္ ဝင္နားဖို႔ ဖိတ္ေခၚလိုက္ပါတယ္..”
“ေကာင္းသားပဲ..”
တစ္ခ်က္မွ်ပင္ မျငင္းပဲ ထုိေျမေခြးေလး ေခၚရာသို႔ လိုက္သြားေတာ့ က်ိဳးယြီလည္း ပတ္ဝန္းက်င္ကို ေလ့လာေနျခင္းကို ရပ္ျပီး ဆစ္က်ီ အေနာက္သို႔ ေျပးလိုက္သြားေတာ့သည္။
ဆစ္က်ီ နတ္မင္းႏွင့္ နတ္ေျမေခြး ပိုင္မင္းၾကီးတို႔က လြန္ခဲ့ေသာ ႏွစ္ကိုးေသာင္းတုန္းက ကိစၥကို ေဆြးေႏြးေနၾကသည္။ တစ္ခါတစ္ေလ ပိုင္မင္းၾကီး၏ ရယ္သံကို ၾကားရေသာ္လည္း ဆစ္က်ီ နတ္မင္းကေတာ့ ရယ္ျခင္းမရွိ ျပံဳးျခင္း မရွိျဖင့္ ဝိဉာဥ္ပန္းေျခာက္ျဖင့္ ခပ္ထားေသာ ေရေႏြးကိုသာ ေသာက္ေနသည္။
သိပ္မၾကာမွီမွာပင္ ဆစ္က်ီ နတ္မင္းက ျပန္မည္ဟု ဆိုကာ ထရပ္လိုက္၏။ ထိုစဥ္.. ေျမေခြးဂူအေရွ႕သို႔ ေျပးဝင္လာေသာ အနီေရာင္ အရိပ္ကေလးကို ေတြ႔လုိက္ရသည္။ ထိုအနီေရာင္ အရိပ္ကေလးက ဆစ္က်ီ နတ္မင္းကို ေတြ႔သည္ႏွင့္ ေနာက္ျပန္လွည့္ေျပး ေလေတာ့၏။
အေနာက္မွ လိုက္ပါလာေသာ ပိုင္ဟုန္ဟူကို ေတြ႔ေတာ့ ဆစ္က်ီက ပိုျပီး မ်က္ေမွာင္ကုတ္ မိသြားသည္။ သို႔ေသာ္ ဟူအာ အေနာက္မွ လုိက္လာေသာ က်န္းမင္ရွီ နတ္မင္းက ဆစ္က်ီ နတ္မင္းအား တအံ့တၾသျဖင့္.. လက္ညိဳးထိုးရင္း..
“ဘယ္လို ျဖစ္လို႔ ဒီကို ေရာက္ေနတာလဲ တိုက္ဆိုင္လိုက္တာ..”
“ဟုတ္တယ္ တိုက္ဆိုင္လိုက္တာ သိပ္မၾကာမွီကမွ က်န္းမင္ရွီ နတ္မင္းနဲ႔ ဆံုေတြ႔ထားမိေသးတယ္..”
“နတ္မင္း သက္ေတာင့္သက္သာ ေနပါ.. သက္ေတာင့္သက္သာ ေနပါ.. က်န္မင္းရွီ ေနာက္ထပ္ ေမးခြန္းတစ္ခုမွ မပါလာေတာ့ပါဘူး..”
“ငါ့မွာေတာ့ ေမးခြန္း ရွိသြားျပီ..”
ဆစ္က်ီက ေျပာျပီးသည္ႏွင့္ လက္ညိဳးထိုးလုိက္ျပီး..
“ဟိုက.. ငွက္ကို မင္းတို႔ ဘယ္ကေန ေတြ႔တာလဲ..”
ဟူအာ တအံ့တၾသျဖင့္.. ဆစ္က်ီ နတ္မင္း လက္ညိဳးအတိုင္း အေနာက္သို႔ လွည့္ၾကည့္မိေတာ့.. ေရွာင္ေညာင္က ဟူအာ၏ အေနာက္တြင္ ပုန္းေနရာမွ ဆစ္က်ီ နတ္မင္းအား ေခ်ာင္းၾကည့္ေန၏။ ဆစ္က်ီ နတ္မင္းက သူ႔လက္ညိဳးႏွင့္ လက္သန္းကို ထိလုမတတ္ ညႊန္လိုက္ျပီး အလင္းတန္းတစ္ခုကို ေျပးေစသည္။ ျပီးမွ တည္ၾကည္ေသာ ေလသံျဖင့္..
“ရန္ဖုန္႔ဟြာမ္.. ဟြာမ္အာ.. ဒီကို လာခဲ့..”
ေရွာင္ေညာင္၏ ကိုယ္ေလး ေတာင့္ခနဲ ျဖစ္သြားသည္ကို ေတြ႔လိုက္ရ၏။ ေျခတစ္လွမ္းမွ မလွမ္းေသးေသာ္လည္း ဒါက သူမ၏ ထူးျခားေသာ အျပဳအမူမွန္း ဟူအာ ခ်က္ခ်င္း ရိပ္မိသည္။ ဘယ္လိုနတ္ကိုမဆို ေၾကာက္ရြံ႕ျခင္း မရွိပဲ စကားႏွင့္ေကာ လက္ႏွင့္ေကာ သူမ က်ဴးလြန္တတ္သည္။ က်န္းမင္ရွီ နတ္မင္း ကိုပင္ သူမဘက္သားဟု သတ္မွတ္ထား၍သာ အလိုက္အထိုက္ ဆက္ဆံျခင္း ျဖစ္သည္။
ယခုက်ေတာ့ သူမက စိုးရြံ႕ေနေသာ ဟန္အမူအရာျဖင့္ ျဖစ္သည္။ သူမပံုစံက မိဘေရွ႕ ေရာက္သြားေသာ.. အျပစ္က်ဴးလြန္ထားသည့္ ကေလးငယ္ တစ္ဦး၏ ဟန္အမူအရာ အျပည့္ ရွိေနျပီး.. ထိုသူသည္ သူမ၏ အစစ အရာရာကုိ သိနားလည္သည္ဟု ဆိုညႊန္းေနသည္။
ေရွာင္ေညာင္၏ အျပဳအမူမ်ားကို တစ္ခုခ်င္း အကဲခတ္ရင္း.. ဟူအာ စိတ္အတြင္းဝယ္ အလိုမက်စိတ္တို႔ ၾကီးစိုးလာသည္။ ေရွာင္ေညာင္ထံတြင္ သူ႔ထက္ အေရးၾကီးေသာသူ တစ္ဦး ရွိေနသည္ဆိုေသာ အသိစိတ္ကို လက္မခံခ်င္သလို ျဖစ္မိ၏။ သို႔ေပမယ့္ ဟူအာ ဘာတစ္ခြန္းမွ ဝင္မေျပာပဲ ျဖစ္ေနသမွ်ကိုသာ ေငးၾကည့္ေနမိသည္။ ေညာင္အာ ဘယ္လို တုန္႔ျပန္မလဲ ဆုိတာကို သိခ်င္ေသး၏။
“ဟြာမ္အာ.. မင္းကို ေခၚေနတယ္..”
ေရွာင္ေညာင္က ဆစ္က်ီ နတ္မင္းအား ေသခ်ာ အကဲခတ္ေနရင္းမွ.. ေခါင္းယမ္းသည္။
“မင္းက ေသခ်ာေပါက္ ငါ့ရဲ႕ သခင္လား.. ဒါဆို မင္းတို႔ ႏွစ္ေယာက္က ဘာလို႔ မသိတာလဲ..”
ေရွာင္ေညာင္က သူ႔ကို လက္ညိဳးထိုးျပီးမွ.. ေမးေတာ့ ဆစ္က်ီ နတ္မင္း၏ အေရာင္ေတာက္သည့္ မ်က္ဝန္းေတြ သူ႔ထံသို႔ စုန္ခ်ည္ ဆန္ခ်ည္ ေရာက္လာသည္။
~~ဒီနတ္မင္းက ဘယ္လိုမ်ား အၾကည့္နဲ႔တင္ တစ္ဖက္သားကို သိမ္ငယ္သြားေအာင္ ၾကည့္ႏုိင္ရတာလဲ..၊ က်ိဳးရင္း နတ္ဘုရားမက ေမာက္မာတတ္တယ္ ဆိုတာကမွ ေတာ္ေသးတယ္..၊ ဒီဆရာတပည့္ နွစ္ဦး နယ္ပယ္တစ္ခြင္လံုး နာမည္ၾကီးေနတာက ဒီလို ထပ္တူညီက်တဲ့ အျပဳအမူေတြ ေၾကာင့္ျဖစ္ႏုိင္တယ္..၊~~
ေတာ္တန္ရံု နတ္ငယ္တိုင္းဟာ ဆစ္က်ီ နတ္မင္း၏ အၾကည့္ဒဏ္ကို လက္မခံႏုိင္ၾကဘူး ဆိုတဲ့ ဆိုရိုးက လြန္ခဲ့တဲ့ ႏွစ္သိန္းေပါင္းမ်ားစြာ ကတည္းက ရွိျပီးသား.. ျဖစ္၏။ ဒါေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့.. ဆစ္က်ီကို ျပန္ၾကည့္ႏုိင္တဲ့ နတ္ငယ္ တစ္ပါးကို ရွာေတြ႔ျပီလို႔ ဆိုရမည္။ သာမန္ ထာဝရနတ္ တစ္ပါး ျဖစ္တဲ့ ဒီနတ္ငယ္ေလးက သူ႔ကို ၾကည့္ေနတဲ့ ဆစ္က်ီ နတ္မင္း၏ မ်က္နက္ဆံ နက္နက္ေဘးတြင္ မ်က္သားေတြက ၾကည္လြန္းျပီး အျပာေရာင္ကဲတဲ့ မ်က္ဝန္းေတြထဲသို႔ ျပန္ျပီး စူးစိုက္ၾကည့္ေနသည္။
တစ္ဖက္က နယ္ပယ္ဆယ့္ေျခာက္ခြင္လံုးမွာ စြမ္းအား အၾကီးမားဆံုး နတ္ဘုရားမကို ထိန္းေက်ာင္းလာေသာ နတ္ဘုရားတစ္ပါး.. တစ္ဖက္တြင္ အခုမွ အသက္တစ္ေထာင္ျပည့္ရန္ တစ္ႏွစ္မွ် လိုေနေသးေသာ သာမာန္ ထာဝရနတ္ တစ္ပါး အၾကည့္ခ်င္း ျပိဳင္ေနမႈက ပတ္ဝန္းက်င္တစ္ခုလံုးကို ဆိတ္ျငိမ္သြားေစ၏။
က်န္းမင္ရွီကေတာ့ ဟူအာ၏ တုန္႔ျပန္မႈကို သေဘာအက်ၾကီးက်ေနသည္။ က်ိဳးယြီကမူ.. သူ႔ဆရာကို တန္ျပန္ၾကည့္ရဲေသာ နတ္ငယ္ေလးကို အထူးတဆန္းလို ၾကည့္ေန၏။ ေရွာင္ေညာင္က သူတို႔ ႏွစ္ဦးကို တစ္လွည့္စီ ၾကည့္ရႈေနျပန္သည္။
ထို တန္ခိုးစြမ္းအား အရွိန္အဝါ မညီမွ်သည့္အျပင္ နတ္တို႔၏ သက္တမ္းအရ ေတာ္စပ္ပံု အရ အလြန္အမင္း ကြာဟခ်က္ ရွိေနေသာ နတ္မင္းတစ္ပါးႏွင့္ နတ္ငယ္တစ္ပါး၏ အၾကည့္ခ်င္း အားျပိဳင္မႈက ေန႔တစ္ဝက္ခန္႔ အခ်ိန္ကုန္သြားသည္အထိ မည္သူမွ် မတားျမစ္သလို မည္သူမွ်လည္း ရပ္တန္႔ရန္ မေျပာဆိုၾကေပ။
ဝိဉာဥ္ပန္းတို႔က ေလအေဝွ႔အလိုက္ လြန္႔လြန္႔လူးလူး က်ဆင္းေနသည္တြင္ သူတို႔ ႏွစ္ဦး ကိုယ္ေပၚသို႔ ဝိဉာဥ္ပန္းတခ်ိဳ႕ပင္ တင္က်န္သြားေခ်ျပီ။ ထိုအထိ သူတို႔ ႏွစ္ဦးလံုး တည္ျငိမ္စြာ ၾကည့္ရႈေနၾကဆဲ ျဖစ္သည္။ က်န္းမင္ရွီ အေနႏွင့္ ဒီအေျခအေနတြင္ ဘယ္သူက ေနာက္ဆံုးထိ ေတာင္ခံႏုိင္မလဲ ဆုိတာကို သိခ်င္သျဖင့္ မတားျမစ္ျခင္း ျဖစ္သလို.. က်ိဳးယြီက ဆရာလည္းျဖစ္ အဘိုးလည္း ေတာ္ေသာ ဆစ္က်ီ နတ္မင္းအားတားျမစ္စကား မဆိုဝံ့သျဖင့္ အနားတြင္ ရပ္ေနမိျခင္း ျဖစ္သည္။