Uni
Part-13.3
သူ ထင်တဲ့အတိုင်းပဲ ကျောင်းအုပ် ကျိုးလျန်က ချက်ချင်းပဲ ရောက်လာပြီး.. သူ့ကို အရိုအသေပေးရင်း..
“ဘယ်က နတ်မင်းလဲ မသိဘူး.. ကျောင်းကို အလည်လာတာ.. ကြည့်ရတာ ပြိုင်ပွဲတုန်းက ရင်းအာ မေးတဲ့ နတ်မင်း ဖြစ်မယ် ထင်ပါတယ်..”
“ဟုတ်တယ်.. ကျိုးရင်းရဲ့ အမြင်ကိုတော့ ကွယ်လို့ မရခဲ့ဘူး.. ငါက ကျန်းမင်ရှီ..”
“နတ်မင်း ဘာကိစ္စ ရှိလို့.. ဒီကို ရောက်တာလဲ ဆိုတာကို သိပါရစေ..”
“ငါ့တပည့်ကြီးက ဒီမှာပဲ ပညာသင်ချင်ပါတယ်လို့ ဆိုနေတော့.. ငါလည်း မတတ်သာပဲ ဒီကို လာနေရတာ..”
ကောင်းကင်နတ်တွေ၏ ထုံးစံအရ ဆရာကို ရှာဖွေနိုင်သလို ဆရာကလည်း တပည့်ကို ရွေးယူနိုင်တာမို့ ကျိုးလျန်က ထပ်မေးသည်။
“နတ်မင်းရဲ့ တပည့် ဆိုတာ ဘယ်က ကျောင်းသားလဲ မသိဘူး.. သူက နေမင်းရဲ့ရောင်ခြည် စာသင်ဆောင်က ထင်ပါတယ်..”
ကျန်းမင်ရှီ လက်ကို နောက်ပစ်လိုက်ပြီးမှ.. ခေါင်းယမ်းသည်။
“ငါက ကောင်းကင်နတ်တွေကို သဘောမကျဘူး.. သူက ကောင်းကင်ရောင်ဝါ ထွက်တဲ့ မြေနတ် တစ်ပါးပဲ.. သူ့နာမည်က ပိုင်ဟုန်ဟူ..”
“အဲ့ဒီ မြေခွေးနတ်လေးလား.. သူက.. နတ်မင်းရဲ့ တပည့်လား..”
ကျိုးလျန်က မေးတော့ ကျန်းမင်ရှီက လျင်မြန်စွာ ခေါင်းခါပြသည်။
“သူ ငါ့တပည့် ဖြစ်လာအောင် ငါအရမ်းကို ကြိုးစားနေတယ်.. နောက်ဆို သူ ငါ့ကို ဆရာအဖြစ် လက်ခံတော့မှာပါ..”
ကျိုးလျန်ပင် ထိုနေရာတွင် ခြေလှမ်းတွေ ရပ်တော့မလို ဖြစ်သွား၏။ ကျန်းမျိုးနွယ် နတ်တွေက များပြားသော်လည်း နတ်ဘုရားက ရှားပါးတာမို့ ကျိုးလျန်.. ဒီနတ်မင်းရဲ့ အသက်ကို ခန့်မှန်းရခက်နေသည်။ ကျန်းမင်ရှီက ကျိုးလျန်ကို တစ်ချက် ကြည့်လိုက်ပြီးမှ.. လက်အတွင်းမှ အစိမ်းရောင် အငွေ့လေးတစ်ခု ဖြစ်လာစေပြီး..
“ငါက နယ်လှည့်ခရီးသွား နတ်တစ်ပါးမို့.. ကောင်းကင်ပြည်မှာ ငါတို့ ဆုံဆည်းဖူးချင်မှ ဆုံဆည်းဖူးမှာ.. ဒါပေမယ့် ကျိုးလွီက ငါ့သူငယ်ချင်း.. ပြီးတော့ ငါက ကျိုးရှီ နတ်မင်းရဲ့ အငယ်ဆုံး တပည့်.. ကျိုးလွီရဲ့ သားသမီးတွေကို ခေါင်းကိုင်အဖေ လုပ်ပေးမယ်လို့ ပြောထားတယ်.. ဆန္ဒရှိရင် ကျိုးလျန် မင်း ငါ့ကို အဖေလို့ ခေါ်နိုင်တယ်..”
ဒီနတ်မင်းက စကားပြောတာမှာ ဘာလို့ ဒီလောက် ဗရုတ်သုတ်ခ နိုင်နေရတာလဲ ဆိုတာကို ကျိုးလျန် အသည်းအသန် တွေးနေမိသည်။ အခုချိန်ကြီး ကျမှ ကျိုးလျန် အသက်နှစ်သိန်းကျော်ကာမှ.. တစ်ခါမှ မခေါ်ဝေါ်ဖူးသော အဖေ ဆိုတာကို ခေါ်ဖို့က ဘယ်လိုများ လွယ်ကူနေမှာတဲ့လဲ။ ပြီးတော့ အဖေ ခေါ်ရမယ့် နတ်မင်းကို ကြည့်လိုက်လျှင် ကျိုးရန် ထက်ပင် နုငယ်နေသေးတဲ့ ပုံနဲ့ ဖြစ်နေခြင်းက ပိုပြီး ဆိုးဝါးသေး၏။
သူတို့ သွားနေတာ လမင်းရဲ့ကြယ်စင် စာသင်ဆောင်သို့ ရောက်လာပြီမို့.. ကျိုးလျန် ဒီနတ်မင်းက ကျောင်းမှာ တစ်ချိန်လုံး နေနေတယ် ဆိုတာ သံသယ မရှိပဲ ယုံကြည်လိုက်ပြီ ဖြစ်သည်။
“နတ်မင်း သွားလိုတာကို ဖြည်းဖြည်း သွားပါ..”
“အားမနာပါနဲ့.. မင်း တစ်ချိန်လုံး ငါ့နောက်က လိုက်မကြည့်အားဘူး ဆိုတာ ငါသိပြီးသားပါ..”
ကျိုးလျန် နတ်မင်း ထွက်သွားတာကို ကြည့်လိုက်ပြီးမှ.. ဟူအာ၏ အခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်။ ဟူအာက စာအုပ်တစ်အုပ်ကို ငြိမ်သက်စွာ ဖတ်နေပြီးတော့ ရှောင်ညောင်က အခန်းရဲ့ အပေါ်မှာ တန်းထားတဲ့ ကြိုးတန်းမှာ ထိုင်နေ၏။
“မင်းရှာခိုင်းတဲ့ နတ် ကို ငါသိခဲ့ပြီ..”
“သူက ဘယ်သူလဲ..”
“သူက တလီမျိုးနွယ်က ဒါပေမယ့် သူ မရှိတော့ဘူးလို့ ပြောတယ်..”
“ဟုတ်လား..”
ဟူအာ၏ မျက်လုံးတွေ အရောင်မှိန်ဖျော့သွားပြီး ဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေသည်။ ကျန်းမင်ရှီက ဟူအာအနားသို့ တိုးသွားပြီးမှ.. ဘေးတွင် ဝင်ထိုင်လိုက်သည်။ ပြီးတော့မှ..
“တကယ်လို့ မင်း ပြောတဲ့အတိုင်း ဆိုရင် ငါ့ကို မင်း ဆရာလို့ ခေါ်သင့်ပြီ..”
“ကောင်းပြီ.. တပည့် ဆရာကို တစ်ကြိမ် ကန်တော့ပါတယ်..”
ချက်ချင်းပဲ အရိုအသေပေးလိုက်တာမို့ ကျန်းမင်ရှီ အနည်းငယ် မနေတတ် မထိုင်တတ် ဖြစ်သွားသည်။ သို့သော် ဟူအာက တစ်ကြိမ်တည်း အရိုအသေပေးခြင်း ဖြစ်ကာ..
“အဖေနဲ့ အမေဆီကနေ ခွင့်တောင်းပြီးရင် နောက်ထပ် တစ်ကြိမ် အရိုအသေပေးပါ့မယ်..”
“ကောင်းပြီလေ.. ငါတို့ ဒီကနေ သွားကြတာပေါ့..”
ဟူအာ တကယ်လည်း ဒီရှင်သန်ခြင်း ကျောင်းမှာ မနေလိုတော့ပေ။ ကျောင်းသားတွေ အားလုံး၏ အကြည့်ကို မခံနိုင်တော့သလို ဟုန်ရွယ်၏ ရန်လိုသော အကြည့်ကိုလည်း မခံနိုင်တော့ပေ။
ဟူအာ ပစ္စည်းတွေကို သိမ်းလိုက်ပြီးမှ အိတ်ငယ်အတွင်းသို့ ထည့်ထားလိုက်သည်။ ရှောင်ညောင်က တက်ကြွစွာဖြင့် ခုန်ဆွနေသည်။ ဟူအာတို့ ထွက်လာတာကို ဘယ်ဆရာကမှ မတားသလို ဘယ်ကျောင်းသားကမှလည်း လာပြီး မနှုတ်ဆက်ပေ။ ကျောင်းဝန်းအတွင်းရှိ သစ်ပင်တန်းတွေကနေ ထွက်ခွာလာပြီး.. ကျောင်းဝ ဖြစ်သည့် ကျောက်တိုင်သို့ ရောက်တော့.. ကျောင်းအုပ်ဖြစ်သည့် ကျိုးလျန် နတ်မင်းက ရပ်စောင့်နေသည်။
“ဒါက စည်းမျဉ်းနဲ့ သိပ်ပြီး မညီညွှတ်ဘူး ဆိုပေမယ့် ကောင်းကင်နတ်တွေက တပည့်တွေကို ခေါ်ဆောင်ခွင့် ရှိတယ် ဆိုတဲ့ နတ်စည်းမျဉ်းကို မဖောက်ဖျက်ပဲနဲ့ ကျိုးလျန် ခွင့်ပြုလိုက်ပါတယ်..”
“ကောင်းပြီ.. မင်း ငါ့ဆီ အမွေတောင်းချင်ရင်.. ရတယ်.. အဲ့တာက မင်းရဲ့ အခွင့်အရေးပဲ..”
“နောက်မှပဲ လာလည်ပါတော့မယ်..”
@@@@@@@@@@
“ဒီနေ့ နတ်မင်း မျက်နှာ မသာယာဘူး..”
ခံစားချက်မဲ့ နတ်မင်း၏ မျက်နှာကို အကဲခတ်ရင်း ဆိုလိုက်တော့.. ဆစ်ကျီ နတ်မင်းက လှည့်ကြည့်လာသည်။ အခါတိုင်းလိုပဲ မျက်နှာက အေးစက်နေတဲ့ အငွေ့တွေ ပျံတက်လာတော့မတတ်.. အေးစက်နေသည်။
“မင်း ကိစ္စမဟုတ်ဘူး..”
ဆစ်ကျီ နတ်မင်းက ထိုသို့ ပြောတော့.. ရှင်းရောင်းက သနားစဖွယ် မျက်နှာလေး ဖြစ်သွား၏။ သို့သော် လက်လျော့သွားလိုခြင်း မဟုတ်ပဲနှင့်..
“နတ်မင်းက နေ့တိုင်း နေ့တိုင်း ခံစားချက်မဲ့ ဂါထာကို ရွတ်ဆိုတယ်.. တစ်နေ့တာမှာ ခံစားချက်မဲ့ ဂါထာ ကုန်ဆုံးချိန်တိုင်း နတ်မင်း မနာကျင်ဘူးလား.. တစ်နေကုန် မခံစားခဲ့သမျှ နတ်မင်း.. ပိုပြီး မနာကျင်ရဘူးလား..”
ဆစ်ကျီ နတ်မင်းက ရှင်းရောင်းအား.. လှည့်ကြည့်လာပြီးမှ..
“မင်းက သလင်းနန်းဆောင်ကနေ ထွက်သွားချင်ပြီလား..”
အေးစက်သော မေးခွန်းကို မေးမြန်းလာသည်။ ရှင်းရောင်း မျက်နှာလေး ငုံ့သွား၏။ သို့သော်.. မျက်နှာလေး ငုံ့သွားတာပဲ ဖြစ်ကာ ပြောလက်စတွေ ရပ်သွားခြင်းတော့ မဟုတ်ခဲ့ပဲ သူမက ဆက်ပြောပြန်သည်။
“နတ်မင်း ခံစားချက်မဲ့ ဂါထာကို မရွတ်ပဲ တစ်နေ့တာကို ဖြတ်သန်းကြည့်ပါလား..”
“အပိုတွေ ပြောနေတယ်..”
ဆစ်ကျီ နတ်မင်းက ရှင်းရောင်းကိုတော့ တခြားသော နတ်များအား လွင့်စင်သွားအောင် နှင်ထုတ်သလို မပြုလုပ်သဖြင့် ကျိုးယွီက အလန့်တကြား ရောက်လာပြီး..
“ညီမလေး.. မင်းတော့ ဆရာ့ကို ဘာတွေ သွားပြောတာလဲ.. မင်းကို လွင့်စင်သွားစေမယ် ထင်နေတာ.. တော်သေးတယ်.. ဆရာ စိတ်ကောင်းရှိနေလို့..”
“ဆရာက သူ့အကြောက်တရားနဲ့သူ ပိတ်လှောင်နေတယ်လို့ ရှင်းရောင်းတွေးမိတယ် အဲ့တာကြောင့်..”
“ဆရာက ဒီလိုနေလာတာ နှစ်ပေါင်း သိန်းနဲ့ချီကြာနေပြီ.. မင်း တိုက်တွန်းရုံလောက်နဲ့ ဆရာက ပြောင်းလဲသွားမယ် ထင်လို့လား.. ဒေါ်လေးတောင် ဆရာကို ခံစားချက်မဲ့ ဂါထာနဲ့ မစီးမျောအောင် မပြောနိုင်ဘူး.. မင်းက ဘာတွေ ထပ်ပြီး ကြိုးစားချင်သေးတာလဲ..”
ရှင်းရောင်းက သူမ၏ ပုလဲရောင် မျက်ဝန်းတွေကို လှန်ကြည့်ပြီး.. ခပ်အေးအေး ပြောလိုက်၏။
“ကျိုးရင်း နတ်ဘုရားမက နတ်မင်းကို ပြောဆိုလို့ ရမှာ မဟုတ်ဘူး.. ကျိုးရင်းနတ်ဘုရားမကို နတ်မင်းက ကလေးလေးလို သဘောထားတာ.. မဟုတ်လား.. သူမပြောတာက ဘယ်လို အရာဝင်မလဲ..”
“မင်း ဘယ်လို လုပ်ပြီး ဒေါ်လေးကို ကလေးလို သဘောထားတယ် ဆိုတာကို ထုတ်ပြောရဲတာလဲ.. ဒေါ်လေး အဲ့တာကို ကြိုက်မှာ မဟုတ်ဘူး..”
ရှင်းရောင်းက မကြောက်မရွံ့ပဲ ထပ်ပြော၏။
“သူမက တကယ့်ကလေးပါပဲ.. သလင်းနန်းဆောင်ကို လာရင် မင်းနဲ့တောင် ဆော့ကစားသေးတာပဲ မဟုတ်လား..”
ကျိုးယွီ ဘာမှဆက်မပြောတော့ပဲ တိတ်ဆိတ်စွာသာ နေမိတော့သည်။ ရှင်းရောင်းနှင့် နေတာ တစ်နှစ်ကျော်အတွင်းမှာ သူလည်း တော်တော်ကို သိနေပြီ မဟုတ်လား။ ရှင်းရောင်းသည် ရိုကျိုးသော ဟန်ပန်အပြည့် ရှိသော်လည်း တည်ငြိမ်သော နတ်သမီး ဖြစ်သည့်အပြင်.. ထိုးထွင်းသိမြင်မှုကတော့ မိစ္ဆာမျိုးနွယ် ပီသနိုင်လွန်းသည်။
“ဒေါ်လေးကို မင်း ဒီလို ဝေဖန်ရဲတာ.. တကယ် သတ္တိရှိတာပဲ..”
ရှင်းရောင်းက ဖြဖြလေး ပြုံးလိုက်ပြီးမှ.. ကျိုးယွီအား..
“တကယ်တမ်း သူမက ချစ်စရာ ကောင်းတာပါ.. ဘယ်သူမှ မပိုင်နိုင်တဲ့ ဘဝကို ရထားပေမယ့် သူများတွေအပေါ်မှာ လိုက်ပြီးတော့ ပူပန်တာမျိုး.. ဒါမှမဟုတ်.. မနာလိုတာမျိုးတွေ မရှိဘူးလေ..”
“ဒေါ်လေးက ဘယ်သူ့ကို မနာလိုရအုံးမှာလဲ.. ဦးလေးယီမင်က သူ့ကို မြတ်နိုးလွန်းလို့.. ထားစရာနေရာတောင် မရှိဘူး.. ပြီးတော့ ဆရာဆိုရင်လည်း ဒေါ်လေးသာ ပျော်မယ်ဆို အကုန် ဘာလုပ်လုပ်.. သူတောင် နတ်ဆိုးဖြစ်လိုက်အုံးမယ်..”
“မင်းရဲ့ ဆရာက အသိဉာဏ်မရှိတဲ့နတ်မို့လား.. ကျိုးရင်း နတ်ဘုရားမကို အလိုလိုက်ရင်တောင် နတ်မင်းမှာ အကန့်အသတ် ရှိပါတယ်.. သူ့ကိုယ်သူ နတ်ဆိုးတော့ အဖြစ်မခံပါဘူး..”
ပြောပြီး လှည့်ထွက်သွားတော့.. ကျိုးယွီ ပါးစပ်အဟောင်းသားနှင့် ရပ်လျက် ကျန်နေခဲ့ရသည်။ ရှင်းရောင်း ဘယ်အပိုင်းကို စိတ်ဆိုးသွားတာလဲ..၊ တကယ်လည်း ဆရာက ဒေါ်လေးကိုဆို မတရားအရေးပေးတာပဲဟာ..၊
“ဝေ့.. ညီမလေး မင်း ဘာကို စိတ်ဆိုးသွားတာလဲ..”
ကျိုးယွီ နားမလည်ပဲ လှမ်းမေးလိုက်သော အသံကို ဆစ်ကျီ နတ်မင်းက မျက်မှောင်ကုတ်လျက် နားထောင်နေမိသည်။ နောက်တော့ သူ ခေါင်းယမ်းလိုက်ပြီး သူ၏ ရှည်လျားသော ဆံနွယ်ဖြူဖြူတွေကို ကျောနောက်သို့ လက်ပြန် စမ်းသပ်လိုက်သည်။ ပြီးတော့မှ အသာအယ ပြန်လွှတ်လိုက်ပြီး ခံစားချက်မဲ့ ဂါထာကို ထပ်တစ်ကြိမ် ရွတ်ဆိုလိုက်၏။
သူ ဒီအစေခံ နတ်သူငယ်လေးအတွက် အလုပ်မရှုပ်ချင်ပေ။ ထိုအစား ကျန်းမင်ရှီ ဆိုသော နတ်မင်းလို ကောင်းကင်တွင် မနေတာ ကြာလှပြီ ဖြစ်သည့် နတ်မင်းက ဘာလို့ ကျိုးဟူ၏ နာမည်ကို သိနေရာတာလဲ ဆိုတာကို သူ စုံစမ်းလိုသည်။ တကယ်တမ်းမှာ ရင်းအာ၏ ကလေးနာမည်ကို သိသူသည် နတ်မင်းသား နှစ် ချင်းရန်..၊ နတ်မင်းသားလေး ချင်းဆစ်..၊ ရေမင်းသား ရှောင်လုချီတို့ လင်မယားနှင့် ကျိုးလျန်တို့ ဇနီးမောင်နှံသာ ရှိမည်။
Zawgyi
Part-13.3
သူ ထင္တဲ့အတိုင္းပဲ ေက်ာင္းအုပ္ က်ိဳးလ်န္က ခ်က္ခ်င္းပဲ ေရာက္လာျပီး.. သူ႔ကို အရိုအေသေပးရင္း..
“ဘယ္က နတ္မင္းလဲ မသိဘူး.. ေက်ာင္းကို အလည္လာတာ.. ၾကည့္ရတာ ျပိဳင္ပြဲတုန္းက ရင္းအာ ေမးတဲ့ နတ္မင္း ျဖစ္မယ္ ထင္ပါတယ္..”
“ဟုတ္တယ္.. က်ိဳးရင္းရဲ႕ အျမင္ကိုေတာ့ ကြယ္လို႔ မရခဲ့ဘူး.. ငါက က်န္းမင္ရွီ..”
“နတ္မင္း ဘာကိစၥ ရွိလို႔.. ဒီကို ေရာက္တာလဲ ဆိုတာကို သိပါရေစ..”
“ငါ့တပည့္ၾကီးက ဒီမွာပဲ ပညာသင္ခ်င္ပါတယ္လို႔ ဆုိေနေတာ့.. ငါလည္း မတတ္သာပဲ ဒီကို လာေနရတာ..”
ေကာင္းကင္နတ္ေတြ၏ ထံုးစံအရ ဆရာကို ရွာေဖြႏုိင္သလို ဆရာကလည္း တပည့္ကို ေရြးယူႏုိင္တာမို႔ က်ိဳးလ်န္က ထပ္ေမးသည္။
“နတ္မင္းရဲ႕ တပည့္ ဆိုတာ ဘယ္က ေက်ာင္းသားလဲ မသိဘူး.. သူက ေနမင္းရဲ႕ေရာင္ျခည္ စာသင္ေဆာင္က ထင္ပါတယ္..”
က်န္းမင္ရွီ လက္ကို ေနာက္ပစ္လုိက္ျပီးမွ.. ေခါင္းယမ္းသည္။
“ငါက ေကာင္းကင္နတ္ေတြကို သေဘာမက်ဘူး.. သူက ေကာင္းကင္ေရာင္ဝါ ထြက္တဲ့ ေျမနတ္ တစ္ပါးပဲ.. သူ႔နာမည္က ပိုင္ဟုန္ဟူ..”
“အဲ့ဒီ ေျမေခြးနတ္ေလးလား.. သူက.. နတ္မင္းရဲ႕ တပည့္လား..”
က်ိဳးလ်န္က ေမးေတာ့ က်န္းမင္ရွီက လ်င္ျမန္စြာ ေခါင္းခါျပသည္။
“သူ ငါ့တပည့္ ျဖစ္လာေအာင္ ငါအရမ္းကို ၾကိဳးစားေနတယ္.. ေနာက္ဆုိ သူ ငါ့ကို ဆရာအျဖစ္ လက္ခံေတာ့မွာပါ..”
က်ိဳးလ်န္ပင္ ထုိေနရာတြင္ ေျခလွမ္းေတြ ရပ္ေတာ့မလို ျဖစ္သြား၏။ က်န္းမ်ိဳးႏြယ္ နတ္ေတြက မ်ားျပားေသာ္လည္း နတ္ဘုရားက ရွားပါးတာမို႔ က်ိဳးလ်န္.. ဒီနတ္မင္းရဲ႕ အသက္ကို ခန္႔မွန္းရခက္ေနသည္။ က်န္းမင္ရွီက က်ိဳးလ်န္ကို တစ္ခ်က္ ၾကည့္လိုက္ျပီးမွ.. လက္အတြင္းမွ အစိမ္းေရာင္ အေငြ႔ေလးတစ္ခု ျဖစ္လာေစျပီး..
“ငါက နယ္လွည့္ခရီးသြား နတ္တစ္ပါးမို႔.. ေကာင္းကင္ျပည္မွာ ငါတို႔ ဆံုဆည္းဖူးခ်င္မွ ဆံုဆည္းဖူးမွာ.. ဒါေပမယ့္ က်ိဳးလြီက ငါ့သူငယ္ခ်င္း.. ျပီးေတာ့ ငါက က်ိဳးရွီ နတ္မင္းရဲ႕ အငယ္ဆံုး တပည့္.. က်ိဳးလီြရဲ႕ သားသမီးေတြကို ေခါင္းကိုင္အေဖ လုပ္ေပးမယ္လို႔ ေျပာထားတယ္.. ဆႏၵရွိရင္ က်ိဳးလ်န္ မင္း ငါ့ကို အေဖလို႔ ေခၚႏိုင္တယ္..”
ဒီနတ္မင္းက စကားေျပာတာမွာ ဘာလို႔ ဒီေလာက္ ဗရုတ္သုတ္ခ ႏုိင္ေနရတာလဲ ဆုိတာကို က်ိဳးလ်န္ အသည္းအသန္ ေတြးေနမိသည္။ အခုခ်ိန္ၾကီး က်မွ က်ိဳးလ်န္ အသက္ႏွစ္သိန္းေက်ာ္ကာမွ.. တစ္ခါမွ မေခၚေဝၚဖူးေသာ အေဖ ဆုိတာကို ေခၚဖို႔က ဘယ္လိုမ်ား လြယ္ကူေနမွာတဲ့လဲ။ ျပီးေတာ့ အေဖ ေခၚရမယ့္ နတ္မင္းကို ၾကည့္လိုက္လွ်င္ က်ိဳးရန္ ထက္ပင္ ႏုငယ္ေနေသးတဲ့ ပံုနဲ႔ ျဖစ္ေနျခင္းက ပိုျပီး ဆိုးဝါးေသး၏။
သူတို႔ သြားေနတာ လမင္းရဲ႕ၾကယ္စင္ စာသင္ေဆာင္သို႔ ေရာက္လာျပီမို႔.. က်ိဳးလ်န္ ဒီနတ္မင္းက ေက်ာင္းမွာ တစ္ခ်ိန္လံုး ေနေနတယ္ ဆုိတာ သံသယ မရွိပဲ ယံုၾကည္လိုက္ျပီ ျဖစ္သည္။
“နတ္မင္း သြားလိုတာကို ျဖည္းျဖည္း သြားပါ..”
“အားမနာပါနဲ႔.. မင္း တစ္ခ်ိန္လံုး ငါ့ေနာက္က လုိက္မၾကည့္အားဘူး ဆုိတာ ငါသိျပီးသားပါ..”
က်ိဳးလ်န္ နတ္မင္း ထြက္သြားတာကုိ ၾကည့္လုိက္ျပီးမွ.. ဟူအာ၏ အခန္းအတြင္းသို႔ လွမ္းဝင္လုိက္သည္။ ဟူအာက စာအုပ္တစ္အုပ္ကို ျငိမ္သက္စြာ ဖတ္ေနျပီးေတာ့ ေရွာင္ေညာင္က အခန္းရဲ႕ အေပၚမွာ တန္းထားတဲ့ ၾကိဳးတန္းမွာ ထိုင္ေန၏။
“မင္းရွာခိုင္းတဲ့ နတ္ ကို ငါသိခဲ့ျပီ..”
“သူက ဘယ္သူလဲ..”
“သူက တလီမ်ိဳးႏြယ္က ဒါေပမယ့္ သူ မရွိေတာ့ဘူးလို႔ ေျပာတယ္..”
“ဟုတ္လား..”
ဟူအာ၏ မ်က္လံုးေတြ အေရာင္မွိန္ေဖ်ာ့သြားျပီး ဖတ္လက္စ စာအုပ္ကို ဆက္ဖတ္ေနသည္။ က်န္းမင္ရွီက ဟူအာအနားသို႔ တိုးသြားျပီးမွ.. ေဘးတြင္ ဝင္ထိုင္လိုက္သည္။ ျပီးေတာ့မွ..
“တကယ္လို႔ မင္း ေျပာတဲ့အတုိင္း ဆိုရင္ ငါ့ကို မင္း ဆရာလို႔ ေခၚသင့္ျပီ..”
“ေကာင္းျပီ.. တပည့္ ဆရာကို တစ္ၾကိမ္ ကန္ေတာ့ပါတယ္..”
ခ်က္ခ်င္းပဲ အရိုအေသေပးလုိက္တာမို႔ က်န္းမင္ရွီ အနည္းငယ္ မေနတတ္ မထိုင္တတ္ ျဖစ္သြားသည္။ သို႔ေသာ္ ဟူအာက တစ္ၾကိမ္တည္း အရိုအေသေပးျခင္း ျဖစ္ကာ..
“အေဖနဲ႔ အေမဆီကေန ခြင့္ေတာင္းျပီးရင္ ေနာက္ထပ္ တစ္ၾကိမ္ အရိုအေသေပးပါ့မယ္..”
“ေကာင္းျပီေလ.. ငါတို႔ ဒီကေန သြားၾကတာေပါ့..”
ဟူအာ တကယ္လည္း ဒီရွင္သန္ျခင္း ေက်ာင္းမွာ မေနလိုေတာ့ေပ။ ေက်ာင္းသားေတြ အားလံုး၏ အၾကည့္ကို မခံႏိုင္ေတာ့သလို ဟုန္ရြယ္၏ ရန္လိုေသာ အၾကည့္ကိုလည္း မခံႏုိင္ေတာ့ေပ။
ဟူအာ ပစၥည္းေတြကို သိမ္းလိုက္ျပီးမွ အိတ္ငယ္အတြင္းသို႔ ထည့္ထားလိုက္သည္။ ေရွာင္ေညာင္က တက္ၾကြစြာျဖင့္ ခုန္ဆြေနသည္။ ဟူအာတို႔ ထြက္လာတာကို ဘယ္ဆရာကမွ မတားသလို ဘယ္ေက်ာင္းသားကမွလည္း လာျပီး မႏႈတ္ဆက္ေပ။ ေက်ာင္းဝန္းအတြင္းရွိ သစ္ပင္တန္းေတြကေန ထြက္ခြာလာျပီး.. ေက်ာင္းဝ ျဖစ္သည့္ ေက်ာက္တိုင္သို႔ ေရာက္ေတာ့.. ေက်ာင္းအုပ္ျဖစ္သည့္ က်ိဳးလ်န္ နတ္မင္းက ရပ္ေစာင့္ေနသည္။
“ဒါက စည္းမ်ဥ္းနဲ႔ သိပ္ျပီး မညီညႊတ္ဘူး ဆုိေပမယ့္ ေကာင္းကင္နတ္ေတြက တပည့္ေတြကို ေခၚေဆာင္ခြင့္ ရွိတယ္ ဆိုတဲ့ နတ္စည္းမ်ဥ္းကို မေဖာက္ဖ်က္ပဲနဲ႔ က်ိဳးလ်န္ ခြင့္ျပဳလုိက္ပါတယ္..”
“ေကာင္းျပီ.. မင္း ငါ့ဆီ အေမြေတာင္းခ်င္ရင္.. ရတယ္.. အဲ့တာက မင္းရဲ႕ အခြင့္အေရးပဲ..”
“ေနာက္မွပဲ လာလည္ပါေတာ့မယ္..”
@@@@@@@@@@
“ဒီေန႔ နတ္မင္း မ်က္ႏွာ မသာယာဘူး..”
ခံစားခ်က္မဲ့ နတ္မင္း၏ မ်က္ႏွာကို အကဲခတ္ရင္း ဆိုလိုက္ေတာ့.. ဆစ္က်ီ နတ္မင္းက လွည့္ၾကည့္လာသည္။ အခါတိုင္းလိုပဲ မ်က္ႏွာက ေအးစက္ေနတဲ့ အေငြ႔ေတြ ပ်ံတက္လာေတာ့မတတ္.. ေအးစက္ေနသည္။
“မင္း ကိစၥမဟုတ္ဘူး..”
ဆစ္က်ီ နတ္မင္းက ထိုသို႔ ေျပာေတာ့.. ရွင္းေရာင္းက သနားစဖြယ္ မ်က္ႏွာေလး ျဖစ္သြား၏။ သို႔ေသာ္ လက္ေလ်ာ့သြားလိုျခင္း မဟုတ္ပဲႏွင့္..
“နတ္မင္းက ေန႔တိုင္း ေန႔တိုင္း ခံစားခ်က္မဲ့ ဂါထာကို ရြတ္ဆိုတယ္.. တစ္ေန႔တာမွာ ခံစားခ်က္မဲ့ ဂါထာ ကုန္ဆံုးခ်ိန္တိုင္း နတ္မင္း မနာက်င္ဘူးလား.. တစ္ေနကုန္ မခံစားခဲ့သမွ် နတ္မင္း.. ပိုျပီး မနာက်င္ရဘူးလား..”
ဆစ္က်ီ နတ္မင္းက ရွင္းေရာင္းအား.. လွည့္ၾကည့္လာျပီးမွ..
“မင္းက သလင္းနန္းေဆာင္ကေန ထြက္သြားခ်င္ျပီလား..”
ေအးစက္ေသာ ေမးခြန္းကို ေမးျမန္းလာသည္။ ရွင္းေရာင္း မ်က္ႏွာေလး ငံု႔သြား၏။ သို႔ေသာ္.. မ်က္ႏွာေလး ငံု႔သြားတာပဲ ျဖစ္ကာ ေျပာလက္စေတြ ရပ္သြားျခင္းေတာ့ မဟုတ္ခဲ့ပဲ သူမက ဆက္ေျပာျပန္သည္။
“နတ္မင္း ခံစားခ်က္မဲ့ ဂါထာကို မရြတ္ပဲ တစ္ေန႔တာကို ျဖတ္သန္းၾကည့္ပါလား..”
“အပိုေတြ ေျပာေနတယ္..”
ဆစ္က်ီ နတ္မင္းက ရွင္းေရာင္းကိုေတာ့ တျခားေသာ နတ္မ်ားအား လြင့္စင္သြားေအာင္ ႏွင္ထုတ္သလို မျပဳလုပ္သျဖင့္ က်ိဳးယီြက အလန္႔တၾကား ေရာက္လာျပီး..
“ညီမေလး.. မင္းေတာ့ ဆရာ့ကို ဘာေတြ သြားေျပာတာလဲ.. မင္းကို လြင့္စင္သြားေစမယ္ ထင္ေနတာ.. ေတာ္ေသးတယ္.. ဆရာ စိတ္ေကာင္းရွိေနလို႔..”
“ဆရာက သူ႔အေၾကာက္တရားနဲ႔သူ ပိတ္ေလွာင္ေနတယ္လို႔ ရွင္းေရာင္းေတြးမိတယ္ အဲ့တာေၾကာင့္..”
“ဆရာက ဒီလိုေနလာတာ ႏွစ္ေပါင္း သိန္းနဲ႔ခ်ီၾကာေနျပီ.. မင္း တိုက္တြန္းရံုေလာက္နဲ႔ ဆရာက ေျပာင္းလဲသြားမယ္ ထင္လို႔လား.. ေဒၚေလးေတာင္ ဆရာကို ခံစားခ်က္မဲ့ ဂါထာနဲ႔ မစီးေမ်ာေအာင္ မေျပာႏုိင္ဘူး.. မင္းက ဘာေတြ ထပ္ျပီး ၾကိဳးစားခ်င္ေသးတာလဲ..”
ရွင္းေရာင္းက သူမ၏ ပုလဲေရာင္ မ်က္ဝန္းေတြကို လွန္ၾကည့္ျပီး.. ခပ္ေအးေအး ေျပာလုိက္၏။
“က်ိဳးရင္း နတ္ဘုရားမက နတ္မင္းကို ေျပာဆိုလို႔ ရမွာ မဟုတ္ဘူး.. က်ိဳးရင္းနတ္ဘုရားမကို နတ္မင္းက ကေလးေလးလို သေဘာထားတာ.. မဟုတ္လား.. သူမေျပာတာက ဘယ္လို အရာဝင္မလဲ..”
“မင္း ဘယ္လို လုပ္ျပီး ေဒၚေလးကို ကေလးလို သေဘာထားတယ္ ဆုိတာကို ထုတ္ေျပာရဲတာလဲ.. ေဒၚေလး အဲ့တာကို ၾကိဳက္မွာ မဟုတ္ဘူး..”
ရွင္းေရာင္းက မေၾကာက္မရြံ႕ပဲ ထပ္ေျပာ၏။
“သူမက တကယ့္ကေလးပါပဲ.. သလင္းနန္းေဆာင္ကို လာရင္ မင္းနဲ႔ေတာင္ ေဆာ့ကစားေသးတာပဲ မဟုတ္လား..”
က်ိဳးယြီ ဘာမွဆက္မေျပာေတာ့ပဲ တိတ္ဆိတ္စြာသာ ေနမိေတာ့သည္။ ရွင္းေရာင္းႏွင့္ ေနတာ တစ္ႏွစ္ေက်ာ္အတြင္းမွာ သူလည္း ေတာ္ေတာ္ကို သိေနျပီ မဟုတ္လား။ ရွင္းေရာင္းသည္ ရိုက်ိဳးေသာ ဟန္ပန္အျပည့္ ရွိေသာ္လည္း တည္ျငိမ္ေသာ နတ္သမီး ျဖစ္သည့္အျပင္.. ထိုးထြင္းသိျမင္မႈကေတာ့ မိစာၦမ်ိဳးႏြယ္ ပီသႏုိင္လြန္းသည္။
“ေဒၚေလးကို မင္း ဒီလို ေဝဖန္ရဲတာ.. တကယ္ သတၱိရွိတာပဲ..”
ရွင္းေရာင္းက ျဖျဖေလး ျပံဳးလိုက္ျပီးမွ.. က်ိဳးယြီအား..
“တကယ္တမ္း သူမက ခ်စ္စရာ ေကာင္းတာပါ.. ဘယ္သူမွ မပိုင္ႏုိင္တဲ့ ဘဝကို ရထားေပမယ့္ သူမ်ားေတြအေပၚမွာ လုိက္ျပီးေတာ့ ပူပန္တာမ်ိဳး.. ဒါမွမဟုတ္.. မနာလိုတာမ်ိဳးေတြ မရွိဘူးေလ..”
“ေဒၚေလးက ဘယ္သူ႔ကို မနာလိုရအံုးမွာလဲ.. ဦးေလးယီမင္က သူ႔ကို ျမတ္ႏိုးလြန္းလို႔.. ထားစရာေနရာေတာင္ မရွိဘူး.. ျပီးေတာ့ ဆရာဆိုရင္လည္း ေဒၚေလးသာ ေပ်ာ္မယ္ဆို အကုန္ ဘာလုပ္လုပ္.. သူေတာင္ နတ္ဆိုးျဖစ္လိုက္အံုးမယ္..”
“မင္းရဲ႕ ဆရာက အသိဉာဏ္မရွိတဲ့နတ္မို႔လား.. က်ိဳးရင္း နတ္ဘုရားမကို အလိုလိုက္ရင္ေတာင္ နတ္မင္းမွာ အကန္႔အသတ္ ရွိပါတယ္.. သူ႔ကိုယ္သူ နတ္ဆိုးေတာ့ အျဖစ္မခံပါဘူး..”
ေျပာျပီး လွည့္ထြက္သြားေတာ့.. က်ိဳးယြီ ပါးစပ္အေဟာင္းသားႏွင့္ ရပ္လ်က္ က်န္ေနခဲ့ရသည္။ ရွင္းေရာင္း ဘယ္အပိုင္းကို စိတ္ဆိုးသြားတာလဲ..၊ တကယ္လည္း ဆရာက ေဒၚေလးကိုဆို မတရားအေရးေပးတာပဲဟာ..၊
“ေဝ့.. ညီမေလး မင္း ဘာကို စိတ္ဆိုးသြားတာလဲ..”
က်ိဳးယီြ နားမလည္ပဲ လွမ္းေမးလုိက္ေသာ အသံကို ဆစ္က်ီ နတ္မင္းက မ်က္ေမွာင္ကုတ္လ်က္ နားေထာင္ေနမိသည္။ ေနာက္ေတာ့ သူ ေခါင္းယမ္းလုိက္ျပီး သူ၏ ရွည္လ်ားေသာ ဆံႏြယ္ျဖဴျဖဴေတြကို ေက်ာေနာက္သို႔ လက္ျပန္ စမ္းသပ္လိုက္သည္။ ျပီးေတာ့မွ အသာအယ ျပန္လႊတ္လိုက္ျပီး ခံစားခ်က္မဲ့ ဂါထာကို ထပ္တစ္ၾကိမ္ ရြတ္ဆိုလိုက္၏။
သူ ဒီအေစခံ နတ္သူငယ္ေလးအတြက္ အလုပ္မရႈပ္ခ်င္ေပ။ ထိုအစား က်န္းမင္ရွီ ဆိုေသာ နတ္မင္းလို ေကာင္းကင္တြင္ မေနတာ ၾကာလွျပီ ျဖစ္သည့္ နတ္မင္းက ဘာလို႔ က်ိဳးဟူ၏ နာမည္ကို သိေနရာတာလဲ ဆုိတာကို သူ စံုစမ္းလိုသည္။ တကယ္တမ္းမွာ ရင္းအာ၏ ကေလးနာမည္ကို သိသူသည္ နတ္မင္းသား ႏွစ္ ခ်င္းရန္..၊ နတ္မင္းသားေလး ခ်င္းဆစ္..၊ ေရမင္းသား ေရွာင္လုခ်ီတို႔ လင္မယားႏွင့္ က်ိဳးလ်န္တို႔ ဇနီးေမာင္ႏွံသာ ရွိမည္။