book

Index 34

Part-13.2

Part-13.2


ဆစ်ကျီက သူတို့ထက် ကောင်းကင်ကို ရောက်တာ နောက်ကျသော်လည်း.. သီးသန့်ဆန်လွန်းသော နတ်မို့လို့ ဆစ်ကျီ နတ်မင်း၏ နန်းဆောင်ကို သူ တစ်ခါမျှ မရောက်ဘူးပေ။ ထို့ကြောင့် အစေခံ နတ်သမီး ခေါ်ရာသို့ အနောက်မှ လိုက်သွားမိသည်။


“နတ်မင်း ထိုင်ပါအုံး..”


လူထိုင်၍ ရသော အရွယ်အစားရှိသည့် ကြာရွက်ကို ညွှန်ပြတော့ သူ ထိုနေရာတွင် တက်ထိုင်လိုက်သည်။ ဆစ်ကျီ နတ်မင်းက သူနှင့် မလှမ်းမကမ်း ကြာရွက်ပေါ်တွင် ဒူးတစ်ဖက် ချလျက် ထိုင်နေသည်။


“ဆစ်ကျီ.. မင်းက အရင်တုန်းက ဆစ်ကျီ အတိုင်းပါပဲ ချောမောခန့်ညားဆဲပါ..”


“ကျန်းမင်ရှီ နတ်မင်းကတော့.. အပူရုပ်ကို ဟန်လုပ်ထားလို့ အမှန်ပြောရရင် အပူသည်နဲ့ တူနေပါပြီ..”


ဘယ်လောက် ကြားမကောင်းတဲ့ စကားလဲ..၊ ဒီလိုမျိုး ကြားမကောင်းတဲ့ စကားတွေကို ဆစ်ကျီက မပြောင်းမလဲ ပြောနေဆဲလား..၊ မင်ရှီ ခေါင်းယမ်းလိုက်ရင်း..


“မင်း တကယ် မပြောင်းလဲသေးဘူးပဲ..”


“ဟုတ်သားပဲ.. အရင်ကအတိုင်း ငါ ဆစ်ကျီက ပညာရပ်တွေ တတ်မြောက်နိုင်ဆဲ ပါပဲ..”


ဆစ်ကျီက ကျိုးရင်းရဲ့ ဆရာ ဆိုတာကို သတိရသွားမိပြီး.. ဒီဆရာတပည့်က ကြားထားရတဲ့ သတင်းတွေ အတိုင်း စကားကို ဘယ်မျက်နှာမှ မကြည့် ပြောဆိုတတ်တာပဲ ဆိုတာကို တွေးမိသွားသည်။


“ဟုတ်တယ်.. မင်းက ချီးရှီ နတ်မင်းရဲ့ တပည့် ဆိုတော့ တခြားသူတွေထက် ထူးတာ အမှန်ပဲ.. ပြောရရင်.. ငါက မင်းကို အကူညီ တစ်ခု တောင်းချင်လို့ပါ..”


“ငါ ပေးမယ်လို့ အတိကျ မဆိုလိုပေမယ့် ပြောပါ..”


“ကျိုးမျိုးနွယ် နတ်တွေ အကြောင်းဆိုရင်တော့ မင်း တကယ့်ကို ကူညီမယ်လို့ ငါထင်ပါတယ်..”


“ကျိုးလော့အော် ဆိုရင်တော့ မင်း ပြန်သွားလိုက်တာ ပိုကောင်းမယ်..”


ကျန်းမင်ရှီ တအံ့တသြပင် ဖြစ်သွားမိသေး၏။ ဒီဆစ်ကျီက ကျိုးမျိုးနွယ်တွေကို စောင့်ရှောက်တာတောင်မှ မျက်နှာလိုက်သေးတာလား..၊ သူ တွေးမိတာကို ဆစ်ကျီက သိသွားဟန်ဖြင့်.. နှုတ်ခမ်းစွန်း တစ်ဖက်မျှကို တွန့်ကွေးရုံ ပြုံးလိုက်၏။ ဒီအမူအရာကို ဟိုနေ့တုန်းက ဟူအာဆီမှာ တွေ့ခဲ့လို့ သေလောက်အောင် မုန်းနေတာ..၊ ဘယ်လို ဖြစ်ပြီး တစ်ပုံစံတည်း ဖြစ်နေရတာလဲ..၊


“ငါ့မှာ ကျိုးဖန့်သုန် ကျိုးလျန်နဲ့ ကျိုးရင်း ဆိုတဲ့ တူ တူမ သုံးယောက် ရှိပေမယ့် သူတို့ဆီက မွေးလာတာတွေကို ငါ စိတ်မဝင်စားဘူး.. ဒါပေမယ့် ကျိုးယွီက ငါ့တပည့် ဆိုတော့ သူ့ကို ငါ မစောင့်ရှောက်လို့ မရဘူး မဟုတ်လား..”


အမျိုးတွေ စောင့်ရှောက်တာတောင်မှ ခွဲခြားနိုင်သော ဆစ်ကျီ ဆိုသည့် ခံစားချက်မဲ့ နတ်မင်းကို ကျန်းမင်ရှီ လက်ပင် လန်ချင်မိသည်။ ဒီထူးဆန်းသော မျိုးရိုး စောင့်ရှောက်သူ နတ်မင်းကြီးအား.. စနောက်လိုသော ဆန္ဒက ပေါ်လာတာမို့..


“တကယ်လို့ ကျိုးရင်းဆီက မွေးလာတဲ့ နတ်ဆိုရင်ကော.. မင်း ပစ်ထားနိုင်မလား သိချင်သေးတယ်.. တစ်လောကလုံးက သတ်မှတ်ထားတာ.. မင်းက ကျိုးရင်းကို သမီးအရင်းလို စောင့်ရှောက်တယ် ဆိုတော့..”


ဆစ်ကျီ နတ်မင်း၏ မျက်နှာတွင် တွန့်ကွေးနေသော.. မျက်ခုံးနှစ်ခုက ထိစပ်လုမတတ် ဖြစ်လာ၏။ ပြီးတော့မှ.. အေးစိမ့်သော လေသံဖြင့်..


“မင်း ကျိုးရင်းရဲ့ သားသမီးနဲ့ ပတ်သတ်တာ နောက်တစ်ခွန်း ထပ်ပြောကြည့်.. မင်းကို နတ်သက်မကြွေစေဘူး ဆိုရင်.. ငါ့အပြစ် ဖြစ်ပြီ..”


ကျန်းမင်ရှီ နားမလည်သလိုပင် ဖြစ်သွား၏။ သူ စနောက်လိုက်သော စကားတစ်ခွန်းက ဆစ်ကျီ နတ်မင်းအတွက်.. ဒီလောက် ပြင်းထန်ဖို့ လိုလို့လား..၊ ဆစ်ကျီ နတ်မင်း၏ ကောင်းကင် အရောင်ဝါ ခရမ်းရောင်က ရုန်းကြွလာတော့မလိုထိ အေးစိမ့်နေတာမို့..


“ငါက မင်းကို ဒီတိုင်း စနောက်လိုက်တာပါ.. မင်း ဒီလောက်ထိ ပြင်းထန်ဖို့ လိုလို့လား.. ငါ မပြောဘူး လို့ပဲ ထားလိုက်ပါ.. ငါ မေးချင်တာ တစ်ခု ရှိလို့ လာခဲ့တာ.. ပြီးတော့.. မင်းလည်း သိတယ်.. ငါက ကျိုးမျိုးနွယ် မောင်နှမ သုံးယောက်ရဲ့ ခေါင်းကိုင် အဖေ ဆိုတာကို..”


“မင်းဆီကနေ အမွေတောင်းဖို့ မလိုအောင် ရင်းအာက ပြည့်စုံတယ်.. ငါ ကျိုးလျန်နဲ့ ဖန့်သုန်ကို ပြောပြလိုက်မယ်..”


ဆစ်ကျီ နတ်မင်း၏ ပြောဆိုမှုကြောင့် ကျိုးရင်း၏ ခေါင်းကိုင်ဖခင် နေရာကို သူ့အား မပေးဘူးဟု ပြောနေခြင်းမို့ ကျန်းမင်ရှီ ညစ်ကျယ်ကျယ်လေး ပြုံးလိုက်မိသည်။ ~အဲ့လို ရမလား..~


“အမွေ တောင်းတောင်း မတောင်းတောင်း.. ငါက ငါ့ရဲ့ ခေါင်းကိုင် သားသမီးတွေကို တစ်ယောက် မကျန် စောင့်ရှောက်ဖို့ ဆန္ဒရှိတယ်..”


ဆစ်ကျီက သူပြောလိုက်တာကို ရေနွေးခွက်အား လှမ်းယူလိုက်ရင်း ထို နှုတ်ခမ်းတစ်ဖက်စွန်းကို တွန့်ကွေးအောင် ပြုရင်း ပြုံးပြန်သည်။ ပြီးမှ အေးဆေးလှသော လေသံဖြင့်..


“ရင်းအာ ဆီကနေ.. မင်းကို လေးစားဖို့များ မျှော်လင့်နေတာလား..”


ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို ကျိုးရင်းနဲ့ ဆုံကတည်းက သူ သိပြီးသား ဖြစ်သည်။ သူ့ရဲ့ နတ်အစွမ်းက သူမထက် လျော့နည်းတဲ့အပြင်.. သူမ၏ ပုံစံအရ တခြားသူကို အရိုအသေပြု အသိမှတ်ပြုရန် ခက်ခဲပြီးသား ဖြစ်မှန်း သိသည်။


“သူက နဂိုရ်ကတည်းက နတ်စည်းမျဉ်းကနေ ကင်းလွတ်ခွင့် ရှိတာ.. ငါ့ကို လေးစားလာဖို့ ငါ မမျှော်လင့်ပါဘူး.. ငါ သိချင်တာက.. မင်း ကျိုးမျိုးနွယ်ထဲက နတ်တွေ အကုန်လုံးကို သိလား..”


ဆစ်ကျီ နတ်မင်းက အေးစက်စက် ကြည့်လာသော်လည်း ခေါင်းညိတ်ပြသည်။ ထို့ကြောင့် ကျန်းမင်ရှီ.. သူ့ရှေ့မှ ရေနွေးခွက် အဖုံးကို ဘေးသို့ ချလိုက်ပြီး.. သောက်ရန် ပြင်လိုက်၏။ တစ်ကျိုက်မှု သောက်လိုက်ပြီးမှ..


“မင်း ကျိုးဟူ ဆိုတဲ့ နာမည်ကို သိလား..”


“ဘာ!!..”


ဆစ်ကျီ နတ်မင်း၏ ဒေါသကြောင့် တလင်း ရေကန်မှ ရေများ အားလုံး ခဲသွားပြီး ကြာရွက် ပေါ်တွင် ထိုင်နေသော.. ကျန်းမင်ရှီ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ ~~ကျိုးဟူ ဆိုတဲ့ နာမည်က ဘာလို့ ဒီ ခံစားချက်မဲ့ ဆစ်ကျီ နတ်မင်းကို ဒေါသတွေ ဖြစ်ပေါ်စေရတာလဲ~~


@@@@@@@@@@@


ဆစ်ကျီ၏ ချက်ချင်းပင် ပြောင်းလဲသွားသော အမူအရာအား.. ကျန်းမင်ရှီ တအံ့တသြဖြစ်စွာဖြင့်.. သူထိုင်နေသော နေရာအနီးတစ်ဝိုက်မှ ရေများ မခဲသွားအောင် အအေးဓာတ်ကို ကာထားလိုက်ရသည်။ သို့သော် အေးစိမ့်နေသော.. အအေးဓာတ်ကို ကာဆီးထားဖို့ သူ့ လက်ချောင်းတွေပင် တုန်ရင်လာသည်ဟု ကျန်းမင်ရှီ ထင်မြင်မိသည်။ ဆစ်ကျီ ဆိုသော နတ်ဘုရား၏ စွမ်းအားက လုံးဝ လျော့တွက်လို့ မရသော အနေအထားမှာ ရှိမှန်း နားလည်လိုက်သည်။


သူ့လက်တွေ တုန်ရင်လာတဲ့ အထိ ဆစ်ကျီ၏ အအေးဓာတ်ကို တားဆီးထားတာတောင်မှ သူ့အနားထိ နီးကပ်စွာ တရွေ့ရွေ့ အေးခဲလာနေဆဲ ဖြစ်သည်။ ထိုင်နေ၍ မဖြစ်တော့သဖြင့်.. သူ ထရပ်လိုက်ပြီးမှ.. လက်တွေတွင် အစိမ်းရောင်အငွေ့များ ပျံတက်စေပြီး အပူဓာတ်ကို ဖန်တီးကာ.. သူရှိနေသော နေရာတစ်ဝိုက်အား လောင်ကျွမ်းစေလိုက်သည်။ ထိုအခါမှ ဆစ်ကျီ နတ်မင်းထံမှ အအေးဓာတ်က ရပ်တန့်သွား၏။


ကျန်းမင်ရှီက နဂိုရ်ကတည်းက ပျော်တတ်သော နတ်မင်းတစ်ပါး ဖြစ်တာမို့ ဆစ်ကျီ ဒေါသထွက်သွားတာကို မသိချင်ယောင်ဆောင် ပစ်လိုက်ဖို့ကို ဆုံးဖြတ်လိုက်သည်။ ထို့အတွက်.. ဆစ်ကျီ နတ်မင်းအား မသိသလို မျက်နှာပေးမျိုးနှင့်..


“ကျိုးဟူ ဆိုတာက မင်းရဲ့ ရန်သူမို့.. မင်းက ဒီလောက် ဒေါသတွေ ထွက်လာတာလား.. မင်းလို ခံစားချက်မဲ့ နတ်မင်းကို ဒေါသထွက်အောင် လုပ်နိုင်တဲ့ နတ်ဆိုတော့.. ငါ ပိုပြီး သူ့ကို သိချင်သွားတယ်..”


ဆစ်ကျီ၏ အစဉ်မြဲ တည်တင်းနေသော မျက်နှာတွင် တွန်းကွေးနေသည့် မျက်ခုံးမွေးက တစ်ခုနှင့် တစ်ခု ထိစပ်လု မတတ် ဖြစ်လာသည်။ ကျန်းမင်ရှီ နတ်မင်းက သလင်းရေကန်ကို ဖြတ်လျက် ရှိသော.. တံတားပေါ်သို့ ပျံတက်သွားပြီးမှ.. စကားကို ဆက်ပြောသည်။


“သူက မင်းရဲ့ မျက်နှာအေးနတ်အို ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိပါးနိုင်တယ် မဟုတ်လား.. သူက အရမ်းကို အစွမ်းထက်မှာပဲ..”


ဆစ်ကျီက အေးစက်သည့်ထက် အေးစက်နေသော မျက်နှာထားနှင့်.. အလျံတငြီးငြီးတောက်တော့မည့် မီးတောက်လို.. ဖြစ်လာပြီး.. ကြာရွက်ပေါ်တွင် ထိုင်နေရာမှ.. ကျန်းမင်ရှီ ရှိရာ သလင်းရေကန်၏ တံတားသို့ ဆင်းသက်လာ၏။


“သူက မရှိတော့ဘူး.. ပြီးတော့ သူက ကျိုးမျိုးနွယ်က မဟုတ်ဘူး.. တလီမျိုးနွယ်က..”


တလီမျိုးနွယ်က ဆိုတော့ ဘယ်သူဆိုတာ တော်တော့ကို ရှာရခက်တော့မည်။ နတ်တစ်ပါး၏ ဆရာဖြစ်ခွင့် ရဖို့ ဒီလောက်တောင် ခက်ခဲတာလား ဆိုတာကို ကျန်းမင်ရှီ လက်ခံမိတော့မလို ဖြစ်သွားသည်။ ဆစ်ကျီ နတ်မင်းကျတာ့ တပည့်တွေ ဟော့တစ်ယောက် ဟော့တစ်ယောက် မွေးထုတ်နိုင်တာ သူ ဘာတွေများ စားထားလို့ ပါလိမ့်။


“မင်း မသွားသေးဘူးလား..”


ဒီမျက်နှာ မကြည့်တတ်တဲ့ နတ်မင်းက သူ့ကို အေးစက်စွာပဲ နှင်လေသည်။ သူသာ အလိုက်မသိပဲ ဆက်ပြီး မေးမြန်းနေလျှင် နန်းဆောင်အတွင်းမှ လွင့်ပျံသွားတော့မတတ် ကြည့်နေသော မျက်လုံးများ၏ အရှိန်အဝါကြောင့် ကျန်းမင်ရှီ အလိုက်သတိပင် ထိုနေရာမှ ထရပ်လိုက်ရသည်။


တလင်း နန်းဆောင်မှ ထွက်လာပြီး.. ပန်းတစ်ရာနန်းဆောင်သို့ သွားမိသည်။ သို့သော် ပန်းတစ်ရာ နန်းဆောင်ရှေ့တွင်သာ ရပ်လျက်ကြည့်နေမိတော့၏။ ဒီနေရာမှာ သူ့ရဲ့ ငယ်ဘဝ ရှိသည်။ ဒီနေရာတွင် ဖန့်အော်၏ နန်းဆောင် ရှိခဲ့ဖူးသည်။ သို့သော် ကောင်းကင်၏ ထုံးစံအတိုင်း နတ်တစ်ပါး စုတေကျလျှင် ထိုနတ်၏ နန်းဆောင်က အလိုလို ပျောက်ကွယ် သွားသည်။ အခုတော့ ဖန့်အော်၏ နန်းဆောင် နေရာတွင်.. ဘယ်ကမှန်း မသိသော နန်းဆောင် ပိုင်ရှင်များက အသီးသီး နေရာယူထားကြပြီ။


ပန်းတစ်ရာ နန်းဆောင် အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ကြိုင်လှိုင်နေသော ပန်းရနံ့များက ထုံသင်းနေသည်။ ဒီပန်းတွေကို သူ လူ့ပြည်ကနေ တကူးတက လိုက်ရှာပြီး စိုက်ပျိုးထားရခြင်း ဖြစ်သည်။ သူ့လက်နှင့် ပျိုးထားသော ပန်းများမို့ နှစ်ပေါင်း ရှည်ကြာသည့်တိုင် လှပမွှေးပျံ့နေခြင်း ဖြစ်၏။


ဒီပန်းခင်းတွေထဲမှာ.. ဖန့်အော်နဲ့သူ ဆော့ကစားဖူးသည်။ အရွယ်မရောက်သေးခင်က တူတူပုန်းလျက် ဆော့သည်။ အရွယ်ရောက် လာတော့ ကျမ်းဂန်တွေ အတူတူ လေ့လာဖူးသည်။ နောက်ဆုံး.. ကျိုးလွီနှင့် တွေ့ဆုံခြင်းကိုပင် ဒီပန်းခင်းထဲမှာ ဖန့်အော်က ရှက်စနိုးဖြင့် ပြောပြလာခဲ့သည်။ ပြောရလျှင် ဒီပန်းခင်ထဲမှာ သူ အသည်းကွဲခဲ့သည် ဆိုရမည်။


တစ်ခါတစ်လေ ကျန်းမင်ရှီ သူ့ကိုယ်သူ အံ့သြရသည်။ သူတို့ မျိုးနွယ်က ကျိုးမျိုးနွယ်လိုမျိုး တစ်ဦးတစ်ယောက် စုံဖက်ခြင်း ဆိုတာမျိုး မဟုတ်ပဲနဲ့ ဘာလို့များ သူကသာ.. ဖန့်အော်ကို မမေ့နိုင်တာလဲဟု ဖြေကြားနိုင်သူဆီ မေးမြန်းချင်သည်။ ကျန်းမျိုးနွယ် နတ်တွေအားလုံး နတ်သခင်မ တစ်ပါးတည်းကို တင်မြှောက်တာမျိုး မဟုတ်ပဲနဲ့ နှစ်ဦး ဒါမှမဟုတ် သုံးဦး ဆိုတာ အနည်းဆုံး လက်ထက်ယူကြသည်။


ကျန်းမင်ရှီ၏ အစ်ကိုတော်တွေ ဆိုလျှင်.. နတ်သခင်မ ခုနှစ်ဦး တင်မြောက်သူတောင် ရှိသည်။ ထို့အတွက် သူ့နန်းဆောင်ထဲတွင် နတ်သခင်မများ၏ အိမ်တော်များနှင့် များပြားရှုပ်ထွေးကာ.. ပြသနာတွေ ဖြစ်မည် ဆိုတာ ကျန်းမင်ရှီ ကြိုပြီး ခန့်မှန်းနိုင်သေးသည်။


“ဖန့်အော်.. ငါ နန်းဆောင်ကို မင်းမရှိတော့ပဲနဲ့ ပထမတစ်ကြိမ် ခြေပြန်ချပြီ.. မင်းသိလား.. သူက သူ့မျက်လုံးတွေ မင်းနဲ့ အရမ်းတူတယ်.. မင်းလိုပဲ ဘာမှသာ မတတ်တာ မာနကြီးတယ်.. ငါသာ မင်းရဲ့သေဆုံးခြင်းကို အသိအမှတ်မပြုခဲ့ဘူး ဆိုရင်.. သူ့ကို မင်းရဲ့ အငယ်ဆုံးသားလို့ ထင်မိအုံးမှာ..”


သူ ပန်းတစ်ရာ နန်းဆောင်ထဲကနေ ပြန်ထွက်လာပြီးမှ.. ရှင်သန်ခြင်း ကျောင်းသို့ တစ်ခါတည်း ရောက်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ ကျောင်းသားတွေ မျက်လုံးကို မကွယ်ဝှက်ချင်တာမို့.. သူ၏ အစိမ်းရောင် အရောင်အဝါက တောက်ပစွာ မြင်နေရမှာကို သူနားလည်သည်။


Zawgyi


Part-13.2


ဆစ္က်ီက သူတို႔ထက္ ေကာင္းကင္ကို ေရာက္တာ ေနာက္က်ေသာ္လည္း.. သီးသန္႔ဆန္လြန္းေသာ နတ္မို႔လို႔ ဆစ္က်ီ နတ္မင္း၏ နန္းေဆာင္ကို သူ တစ္ခါမွ် မေရာက္ဘူးေပ။ ထို႔ေၾကာင့္ အေစခံ နတ္သမီး ေခၚရာသို႔ အေနာက္မွ လုိက္သြားမိသည္။


“နတ္မင္း ထိုင္ပါအံုး..”


လူထိုင္၍ ရေသာ အရြယ္အစားရွိသည့္ ၾကာရြက္ကို ညႊန္ျပေတာ့ သူ ထိုေနရာတြင္ တက္ထိုင္လိုက္သည္။ ဆစ္က်ီ နတ္မင္းက သူႏွင့္ မလွမ္းမကမ္း ၾကာရြက္ေပၚတြင္ ဒူးတစ္ဖက္ ခ်လ်က္ ထိုင္ေနသည္။


“ဆစ္က်ီ.. မင္းက အရင္တုန္းက ဆစ္က်ီ အတိုင္းပါပဲ ေခ်ာေမာခန္႔ညားဆဲပါ..”


“က်န္းမင္ရွီ နတ္မင္းကေတာ့.. အပူရုပ္ကုိ ဟန္လုပ္ထားလို႔ အမွန္ေျပာရရင္ အပူသည္နဲ႔ တူေနပါျပီ..”


ဘယ္ေလာက္ ၾကားမေကာင္းတဲ့ စကားလဲ..၊ ဒီလိုမ်ိဳး ၾကားမေကာင္းတဲ့ စကားေတြကို ဆစ္က်ီက မေျပာင္းမလဲ ေျပာေနဆဲလား..၊ မင္ရွီ ေခါင္းယမ္းလိုက္ရင္း..


“မင္း တကယ္ မေျပာင္းလဲေသးဘူးပဲ..”


“ဟုတ္သားပဲ.. အရင္ကအတိုင္း ငါ ဆစ္က်ီက ပညာရပ္ေတြ တတ္ေျမာက္ႏုိင္ဆဲ ပါပဲ..”


ဆစ္က်ီက က်ိဳးရင္းရဲ႕ ဆရာ ဆုိတာကုိ သတိရသြားမိျပီး.. ဒီဆရာတပည့္က ၾကားထားရတဲ့ သတင္းေတြ အတိုင္း စကားကို ဘယ္မ်က္ႏွာမွ မၾကည့္ ေျပာဆိုတတ္တာပဲ ဆုိတာကို ေတြးမိသြားသည္။


“ဟုတ္တယ္.. မင္းက ခ်ီးရွီ နတ္မင္းရဲ႕ တပည့္ ဆိုေတာ့ တျခားသူေတြထက္ ထူးတာ အမွန္ပဲ.. ေျပာရရင္.. ငါက မင္းကို အကူညီ တစ္ခု ေတာင္းခ်င္လို႔ပါ..”


“ငါ ေပးမယ္လို႔ အတိက် မဆိုလိုေပမယ့္ ေျပာပါ..”


“က်ိဳးမ်ိဳးႏြယ္ နတ္ေတြ အေၾကာင္းဆိုရင္ေတာ့ မင္း တကယ့္ကို ကူညီမယ္လို႔ ငါထင္ပါတယ္..”


“က်ိဳးေလာ့ေအာ္ ဆိုရင္ေတာ့ မင္း ျပန္သြားလုိက္တာ ပိုေကာင္းမယ္..”


က်န္းမင္ရွီ တအံ့တၾသပင္ ျဖစ္သြားမိေသး၏။ ဒီဆစ္က်ီက က်ိဳးမ်ိဳးႏြယ္ေတြကို ေစာင့္ေရွာက္တာေတာင္မွ မ်က္ႏွာလိုက္ေသးတာလား..၊ သူ ေတြးမိတာကို ဆစ္က်ီက သိသြားဟန္ျဖင့္.. ႏႈတ္ခမ္းစြန္း တစ္ဖက္မွ်ကို တြန္႔ေကြးရံု ျပံဳးလုိက္၏။ ဒီအမူအရာကို ဟုိေန႔တုန္းက ဟူအာဆီမွာ ေတြ႔ခဲ့လို႔ ေသေလာက္ေအာင္ မုန္းေနတာ..၊ ဘယ္လို ျဖစ္ျပီး တစ္ပံုစံတည္း ျဖစ္ေနရတာလဲ..၊


“ငါ့မွာ က်ိဳးဖန္႔သုန္ က်ိဳးလ်န္နဲ႔ က်ိဳးရင္း ဆိုတဲ့ တူ တူမ သံုးေယာက္ ရွိေပမယ့္ သူတို႔ဆီက ေမြးလာတာေတြကို ငါ စိတ္မဝင္စားဘူး.. ဒါေပမယ့္ က်ိဳးယြီက ငါ့တပည့္ ဆိုေတာ့ သူ႔ကို ငါ မေစာင့္ေရွာက္လို႔ မရဘူး မဟုတ္လား..”


အမ်ိဳးေတြ ေစာင့္ေရွာက္တာေတာင္မွ ခြဲျခားႏုိင္ေသာ ဆစ္က်ီ ဆိုသည့္ ခံစားခ်က္မဲ့ နတ္မင္းကို က်န္းမင္ရွီ လက္ပင္ လန္ခ်င္မိသည္။ ဒီထူးဆန္းေသာ မ်ိဳးရိုး ေစာင့္ေရွာက္သူ နတ္မင္းၾကီးအား.. စေနာက္လိုေသာ ဆႏၵက ေပၚလာတာမို႔..


“တကယ္လို႔ က်ိဳးရင္းဆီက ေမြးလာတဲ့ နတ္ဆိုရင္ေကာ.. မင္း ပစ္ထားႏိုင္မလား သိခ်င္ေသးတယ္.. တစ္ေလာကလံုးက သတ္မွတ္ထားတာ.. မင္းက က်ိဳးရင္းကို သမီးအရင္းလို ေစာင့္ေရွာက္တယ္ ဆုိေတာ့..”


ဆစ္က်ီ နတ္မင္း၏ မ်က္ႏွာတြင္ တြန္႔ေကြးေနေသာ.. မ်က္ခံုးႏွစ္ခုက ထိစပ္လုမတတ္ ျဖစ္လာ၏။ ျပီးေတာ့မွ.. ေအးစိမ့္ေသာ ေလသံျဖင့္..


“မင္း က်ိဳးရင္းရဲ႕ သားသမီးနဲ႔ ပတ္သတ္တာ ေနာက္တစ္ခြန္း ထပ္ေျပာၾကည့္.. မင္းကို နတ္သက္မေၾကြေစဘူး ဆိုရင္.. ငါ့အျပစ္ ျဖစ္ျပီ..”


က်န္းမင္ရွီ နားမလည္သလိုပင္ ျဖစ္သြား၏။ သူ စေနာက္လိုက္ေသာ စကားတစ္ခြန္းက ဆစ္က်ီ နတ္မင္းအတြက္.. ဒီေလာက္ ျပင္းထန္ဖို႔ လိုလို႔လား..၊ ဆစ္က်ီ နတ္မင္း၏ ေကာင္းကင္ အေရာင္ဝါ ခရမ္းေရာင္က ရုန္းၾကြလာေတာ့မလိုထိ ေအးစိမ့္ေနတာမို႔..


“ငါက မင္းကို ဒီတိုင္း စေနာက္လုိက္တာပါ.. မင္း ဒီေလာက္ထိ ျပင္းထန္ဖို႔ လိုလို႔လား.. ငါ မေျပာဘူး လို႔ပဲ ထားလုိက္ပါ.. ငါ ေမးခ်င္တာ တစ္ခု ရွိလို႔ လာခဲ့တာ.. ျပီးေတာ့.. မင္းလည္း သိတယ္.. ငါက က်ိဳးမ်ိဳးႏြယ္ ေမာင္ႏွမ သံုးေယာက္ရဲ႕ ေခါင္းကိုင္ အေဖ ဆိုတာကို..”


“မင္းဆီကေန အေမြေတာင္းဖို႔ မလိုေအာင္ ရင္းအာက ျပည့္စံုတယ္.. ငါ က်ိဳးလ်န္နဲ႔ ဖန္႔သုန္ကို ေျပာျပလုိက္မယ္..”


ဆစ္က်ီ နတ္မင္း၏ ေျပာဆိုမႈေၾကာင့္ က်ိဳးရင္း၏ ေခါင္းကိုင္ဖခင္ ေနရာကို သူ႔အား မေပးဘူးဟု ေျပာေနျခင္းမို႔ က်န္းမင္ရွီ ညစ္က်ယ္က်ယ္ေလး ျပံဳးလုိက္မိသည္။ ~အဲ့လို ရမလား..~


“အေမြ ေတာင္းေတာင္း မေတာင္းေတာင္း.. ငါက ငါ့ရဲ႕ ေခါင္းကိုင္ သားသမီးေတြကို တစ္ေယာက္ မက်န္ ေစာင့္ေရွာက္ဖို႔ ဆႏၵရွိတယ္..”


ဆစ္က်ီက သူေျပာလုိက္တာကို ေရေႏြးခြက္အား လွမ္းယူလုိက္ရင္း ထို ႏႈတ္ခမ္းတစ္ဖက္စြန္းကို တြန္႔ေကြးေအာင္ ျပဳရင္း ျပံဳးျပန္သည္။ ျပီးမွ ေအးေဆးလွေသာ ေလသံျဖင့္..


“ရင္းအာ ဆီကေန.. မင္းကို ေလးစားဖို႔မ်ား ေမွ်ာ္လင့္ေနတာလား..”


ဒါက ဘယ္လိုမွ မျဖစ္ႏုိင္ဘူး ဆုိတာကို က်ိဳးရင္းနဲ႔ ဆံုကတည္းက သူ သိျပီးသား ျဖစ္သည္။ သူ႔ရဲ႕ နတ္အစြမ္းက သူမထက္ ေလ်ာ့နည္းတဲ့အျပင္.. သူမ၏ ပံုစံအရ တျခားသူကို အရိုအေသျပဳ အသိမွတ္ျပဳရန္ ခက္ခဲျပီးသား ျဖစ္မွန္း သိသည္။


“သူက နဂိုရ္ကတည္းက နတ္စည္းမ်ဥ္းကေန ကင္းလြတ္ခြင့္ ရွိတာ.. ငါ့ကို ေလးစားလာဖို႔ ငါ မေမွ်ာ္လင့္ပါဘူး.. ငါ သိခ်င္တာက.. မင္း က်ိဳးမ်ိဳးႏြယ္ထဲက နတ္ေတြ အကုန္လံုးကို သိလား..”


ဆစ္က်ီ နတ္မင္းက ေအးစက္စက္ ၾကည့္လာေသာ္လည္း ေခါင္းညိတ္ျပသည္။ ထို႔ေၾကာင့္ က်န္းမင္ရွီ.. သူ႔ေရွ႕မွ ေရေႏြးခြက္ အဖံုးကို ေဘးသို႔ ခ်လုိက္ျပီး.. ေသာက္ရန္ ျပင္လိုက္၏။ တစ္က်ိဳက္မႈ ေသာက္လုိက္ျပီးမွ..


“မင္း က်ိဳးဟူ ဆိုတဲ့ နာမည္ကို သိလား..”


“ဘာ!!..”


ဆစ္က်ီ နတ္မင္း၏ ေဒါသေၾကာင့္ တလင္း ေရကန္မွ ေရမ်ား အားလံုး ခဲသြားျပီး ၾကာရြက္ ေပၚတြင္ ထိုင္ေနေသာ.. က်န္းမင္ရွီ၏ မ်က္ဝန္းမ်ားက က်ဥ္းေျမာင္းသြားသည္။ ~~က်ိဳးဟူ ဆိုတဲ့ နာမည္က ဘာလို႔ ဒီ ခံစားခ်က္မဲ့ ဆစ္က်ီ နတ္မင္းကို ေဒါသေတြ ျဖစ္ေပၚေစရတာလဲ~~


@@@@@@@@@@@


ဆစ္က်ီ၏ ခ်က္ခ်င္းပင္ ေျပာင္းလဲသြားေသာ အမူအရာအား.. က်န္းမင္ရွီ တအံ့တၾသျဖစ္စြာျဖင့္.. သူထိုင္ေနေသာ ေနရာအနီးတစ္ဝိုက္မွ ေရမ်ား မခဲသြားေအာင္ အေအးဓာတ္ကို ကာထားလုိက္ရသည္။ သို႔ေသာ္ ေအးစိမ့္ေနေသာ.. အေအးဓာတ္ကို ကာဆီးထားဖို႔ သူ႔ လက္ေခ်ာင္းေတြပင္ တုန္ရင္လာသည္ဟု က်န္းမင္ရွီ ထင္ျမင္မိသည္။ ဆစ္က်ီ ဆိုေသာ နတ္ဘုရား၏ စြမ္းအားက လံုးဝ ေလ်ာ့တြက္လို႔ မရေသာ အေနအထားမွာ ရွိမွန္း နားလည္လိုက္သည္။


သူ႔လက္ေတြ တုန္ရင္လာတဲ့ အထိ ဆစ္က်ီ၏ အေအးဓာတ္ကို တားဆီးထားတာေတာင္မွ သူ႔အနားထိ နီးကပ္စြာ တေရြ႕ေရြ႕ ေအးခဲလာေနဆဲ ျဖစ္သည္။ ထိုင္ေန၍ မျဖစ္ေတာ့သျဖင့္.. သူ ထရပ္လိုက္ျပီးမွ.. လက္ေတြတြင္ အစိမ္းေရာင္အေငြ႔မ်ား ပ်ံတက္ေစျပီး အပူဓာတ္ကို ဖန္တီးကာ.. သူရွိေနေသာ ေနရာတစ္ဝိုက္အား ေလာင္ကၽြမ္းေစလိုက္သည္။ ထိုအခါမွ ဆစ္က်ီ နတ္မင္းထံမွ အေအးဓာတ္က ရပ္တန္႔သြား၏။


က်န္းမင္ရွီက နဂိုရ္ကတည္းက ေပ်ာ္တတ္ေသာ နတ္မင္းတစ္ပါး ျဖစ္တာမို႔ ဆစ္က်ီ ေဒါသထြက္သြားတာကို မသိခ်င္ေယာင္ေဆာင္ ပစ္လုိက္ဖို႔ကို ဆံုးျဖတ္လိုက္သည္။ ထို႔အတြက္.. ဆစ္က်ီ နတ္မင္းအား မသိသလို မ်က္ႏွာေပးမ်ိဳးႏွင့္..


“က်ိဳးဟူ ဆုိတာက မင္းရဲ႕ ရန္သူမို႔.. မင္းက ဒီေလာက္ ေဒါသေတြ ထြက္လာတာလား.. မင္းလို ခံစားခ်က္မဲ့ နတ္မင္းကို ေဒါသထြက္ေအာင္ လုပ္ႏုိင္တဲ့ နတ္ဆုိေတာ့.. ငါ ပိုျပီး သူ႔ကို သိခ်င္သြားတယ္..”


ဆစ္က်ီ၏ အစဥ္ျမဲ တည္တင္းေနေသာ မ်က္ႏွာတြင္ တြန္းေကြးေနသည့္ မ်က္ခံုးေမြးက တစ္ခုႏွင့္ တစ္ခု ထိစပ္လု မတတ္ ျဖစ္လာသည္။ က်န္းမင္ရွီ နတ္မင္းက သလင္းေရကန္ကို ျဖတ္လ်က္ ရွိေသာ.. တံတားေပၚသို႔ ပ်ံတက္သြားျပီးမွ.. စကားကို ဆက္ေျပာသည္။


“သူက မင္းရဲ႕ မ်က္ႏွာေအးနတ္အို ဆိုတဲ့ ဂုဏ္ပုဒ္ကို ထိပါးႏုိင္တယ္ မဟုတ္လား.. သူက အရမ္းကို အစြမ္းထက္မွာပဲ..”


ဆစ္က်ီက ေအးစက္သည့္ထက္ ေအးစက္ေနေသာ မ်က္ႏွာထားႏွင့္.. အလ်ံတျငီးျငီးေတာက္ေတာ့မည့္ မီးေတာက္လို.. ျဖစ္လာျပီး.. ၾကာရြက္ေပၚတြင္ ထိုင္ေနရာမွ.. က်န္းမင္ရွီ ရွိရာ သလင္းေရကန္၏ တံတားသို႔ ဆင္းသက္လာ၏။


“သူက မရွိေတာ့ဘူး.. ျပီးေတာ့ သူက က်ိဳးမ်ိဳးႏြယ္က မဟုတ္ဘူး.. တလီမ်ိဳးႏြယ္က..”


တလီမ်ိဳးႏြယ္က ဆိုေတာ့ ဘယ္သူဆိုတာ ေတာ္ေတာ့ကို ရွာရခက္ေတာ့မည္။ နတ္တစ္ပါး၏ ဆရာျဖစ္ခြင့္ ရဖို႔ ဒီေလာက္ေတာင္ ခက္ခဲတာလား ဆိုတာကို က်န္းမင္ရွီ လက္ခံမိေတာ့မလို ျဖစ္သြားသည္။ ဆစ္က်ီ နတ္မင္းက်တာ့ တပည့္ေတြ ေဟာ့တစ္ေယာက္ ေဟာ့တစ္ေယာက္ ေမြးထုတ္ႏုိင္တာ သူ ဘာေတြမ်ား စားထားလို႔ ပါလိမ့္။


“မင္း မသြားေသးဘူးလား..”


ဒီမ်က္ႏွာ မၾကည့္တတ္တဲ့ နတ္မင္းက သူ႔ကို ေအးစက္စြာပဲ ႏွင္ေလသည္။ သူသာ အလုိက္မသိပဲ ဆက္ျပီး ေမးျမန္းေနလွ်င္ နန္းေဆာင္အတြင္းမွ လြင့္ပ်ံသြားေတာ့မတတ္ ၾကည့္ေနေသာ မ်က္လံုးမ်ား၏ အရွိန္အဝါေၾကာင့္ က်န္းမင္ရွီ အလိုက္သတိပင္ ထုိေနရာမွ ထရပ္လုိက္ရသည္။


တလင္း နန္းေဆာင္မွ ထြက္လာျပီး.. ပန္းတစ္ရာနန္းေဆာင္သို႔ သြားမိသည္။ သို႔ေသာ္ ပန္းတစ္ရာ နန္းေဆာင္ေရွ႕တြင္သာ ရပ္လ်က္ၾကည့္ေနမိေတာ့၏။ ဒီေနရာမွာ သူ႔ရဲ႕ ငယ္ဘဝ ရွိသည္။ ဒီေနရာတြင္ ဖန္႔ေအာ္၏ နန္းေဆာင္ ရွိခဲ့ဖူးသည္။ သို႔ေသာ္ ေကာင္းကင္၏ ထံုးစံအတိုင္း နတ္တစ္ပါး စုေတက်လွ်င္ ထိုနတ္၏ နန္းေဆာင္က အလိုလို ေပ်ာက္ကြယ္ သြားသည္။ အခုေတာ့ ဖန္႔ေအာ္၏ နန္းေဆာင္ ေနရာတြင္.. ဘယ္ကမွန္း မသိေသာ နန္းေဆာင္ ပိုင္ရွင္မ်ားက အသီးသီး ေနရာယူထားၾကျပီ။


ပန္းတစ္ရာ နန္းေဆာင္ အတြင္းသို႔ လွမ္းဝင္လုိက္သည္ႏွင့္ ၾကိဳင္လႈိင္ေနေသာ ပန္းရနံ႔မ်ားက ထံုသင္းေနသည္။ ဒီပန္းေတြကို သူ လူ႔ျပည္ကေန တကူးတက လိုက္ရွာျပီး စိုက္ပ်ိဳးထားရျခင္း ျဖစ္သည္။ သူ႔လက္ႏွင့္ ပ်ိဳးထားေသာ ပန္းမ်ားမို႔ ႏွစ္ေပါင္း ရွည္ၾကာသည့္တိုင္ လွပေမႊးပ်ံ႕ေနျခင္း ျဖစ္၏။


ဒီပန္းခင္းေတြထဲမွာ.. ဖန္႔ေအာ္နဲ႔သူ ေဆာ့ကစားဖူးသည္။ အရြယ္မေရာက္ေသးခင္က တူတူပုန္းလ်က္ ေဆာ့သည္။ အရြယ္ေရာက္ လာေတာ့ က်မ္းဂန္ေတြ အတူတူ ေလ့လာဖူးသည္။ ေနာက္ဆံုး.. က်ိဳးလြီႏွင့္ ေတြ႔ဆံုျခင္းကိုပင္ ဒီပန္းခင္းထဲမွာ ဖန္႔ေအာ္က ရွက္စႏိုးျဖင့္ ေျပာျပလာခဲ့သည္။ ေျပာရလွ်င္ ဒီပန္းခင္ထဲမွာ သူ အသည္းကြဲခဲ့သည္ ဆိုရမည္။


တစ္ခါတစ္ေလ က်န္းမင္ရွီ သူ႔ကိုယ္သူ အံ့ၾသရသည္။ သူတို႔ မ်ိဳးႏြယ္က က်ိဳးမ်ိဳးႏြယ္လိုမ်ိဳး တစ္ဦးတစ္ေယာက္ စံုဖက္ျခင္း ဆိုတာမ်ိဳး မဟုတ္ပဲနဲ႔ ဘာလို႔မ်ား သူကသာ.. ဖန္႔ေအာ္ကို မေမ့ႏုိင္တာလဲဟု ေျဖၾကားႏုိင္သူဆီ ေမးျမန္းခ်င္သည္။ က်န္းမ်ိဳးႏြယ္ နတ္ေတြအားလံုး နတ္သခင္မ တစ္ပါးတည္းကို တင္ေျမွာက္တာမ်ိဳး မဟုတ္ပဲနဲ႔ ႏွစ္ဦး ဒါမွမဟုတ္ သံုးဦး ဆိုတာ အနည္းဆံုး လက္ထက္ယူၾကသည္။


က်န္းမင္ရွီ၏ အစ္ကိုေတာ္ေတြ ဆိုလွ်င္.. နတ္သခင္မ ခုႏွစ္ဦး တင္ေျမာက္သူေတာင္ ရွိသည္။ ထို႔အတြက္ သူ႔နန္းေဆာင္ထဲတြင္ နတ္သခင္မမ်ား၏ အိမ္ေတာ္မ်ားႏွင့္ မ်ားျပားရႈပ္ေထြးကာ.. ျပသနာေတြ ျဖစ္မည္ ဆိုတာ က်န္းမင္ရွီ ၾကိဳျပီး ခန္႔မွန္းႏိုင္ေသးသည္။


“ဖန္႔ေအာ္.. ငါ နန္းေဆာင္ကို မင္းမရွိေတာ့ပဲနဲ႔ ပထမတစ္ၾကိမ္ ေျချပန္ခ်ျပီ.. မင္းသိလား.. သူက သူ႔မ်က္လံုးေတြ မင္းနဲ႔ အရမ္းတူတယ္.. မင္းလိုပဲ ဘာမွသာ မတတ္တာ မာနၾကီးတယ္.. ငါသာ မင္းရဲ႕ေသဆံုးျခင္းကို အသိအမွတ္မျပဳခဲ့ဘူး ဆိုရင္.. သူ႔ကို မင္းရဲ႕ အငယ္ဆံုးသားလို႔ ထင္မိအံုးမွာ..”


သူ ပန္းတစ္ရာ နန္းေဆာင္ထဲကေန ျပန္ထြက္လာျပီးမွ.. ရွင္သန္ျခင္း ေက်ာင္းသို႔ တစ္ခါတည္း ေရာက္လာခဲ့သည္။ ဒီတစ္ၾကိမ္ေတာ့ ေက်ာင္းသားေတြ မ်က္လံုးကို မကြယ္ဝွက္ခ်င္တာမို႔.. သူ၏ အစိမ္းေရာင္ အေရာင္အဝါက ေတာက္ပစြာ ျမင္ေနရမွာကို သူနားလည္သည္။


rate now:

3 Reviews
  • reader ThuKa 18.12.2019, 04:38 5

    ပန်းတစ်ရာနန်းဆောင်အရှင်ကို စိတ်ဝင်စားနေပါပြီနော်

    reply

  • reader JuliusJulius 16.12.2019, 14:40 5

    so good

    reply

  • reader JuliusJulius 16.12.2019, 14:40 5

    so good

    reply