book

Index 33

Part-12.1

Part-13.1


သူအိပ်နေပြီ ဆိုလျှင် ရှောင်ညောင်က သူမ ယူလာသော ခေါင်းဖြီးနှင့် သူ့အမွှေးတွေကို ဖြီးပေးသည်။ ပြီးတော့ သူမ ဘယ်က ရမှန်း မသိသော အမွှေးဆီဖြင့် လိမ်းကျံပေး၏။ ဒီငတုံးမလေးက သူ အိပ်ဟန်ဆောင်နေတာကိုလည်း မသိသလို.. သူမ ဘာလုပ်လုပ် ဘာပြောပြော မသိဟန် ဆောင်နေတာကိုလည်း မသိပေ။


“သခင်က တကယ် ပြောရခက်တယ်.. ဒီက နတ်တွေနဲ့ လူသားတွေက သခင်ကို အရေးတောင် မလုပ်ဘူး.. စာသင်သား အချင်းချင်း မပြောနဲ့ ဆရာတွေကတောင် သခင့်ကို ခွဲခြားတယ်.. သခင် စိတ်မကောင်း ဖြစ်တယ် မဟုတ်လား.. စိတ်မကောင်း ဖြစ်လွန်းလို့ အမွှေးတောင် ကျွတ်ကုန်ပြီ..”


သူမအတွေးနှင့် သူမကတော့ မှန်ကန်နေပြီး.. သူ့အမွှေးကျွတ်နေတာကို သူမက စိတ်မကောင်း ဖြစ်နေသေး၏။ တစ်ခါတစ်လေ သူမက သူ့အား.. တကယ့် တိရိစ္ဆာန်တစ်ကောင်ဟု သတ်မှတ်ပြီး ကျောကိုပင် ပွတ်သပ် ပေးနေသေးသည်။


“သခင်က လက်သည်းတွေကို အသုံးပြုပြီး ကုတ်ခြစ်ပစ်သင့်တယ်.. ဒီနေ့ သခင်ကို တမင်သက်သက် ဆရာက အခက်ခဲ ဖြစ်စေတာ မဟုတ်လား.. သခင် နတ်အစွမ်း ညံ့မှန်း သိလို့ တိုက်ခိုက်ရေး ကျောက်တုံးကို ဓားဖြစ်အောင် ပြောင်းခိုင်းတာ..”


တကယ်ဆို.. အဲ့တာကို သူ လုပ်လို့ ရနေပြီမှန်း သူမက မသိသေးပေ။ တခြား စာသင်သားတွေ ရှေ့တွင် သူ နတ်စွမ်းအား မထုတ်သုံးလိုသဖြင့်သာ မလုပ်နိုင်ဘူးဟု ပြောပြီး.. တခြားသော စာသင်သားတွေ ရယ်မောတာကို သည်းခံလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမက အဲ့တာကို မသိပဲ သူ လှောင်ပြောင်ခံရတာကို စိတ်မကောင်း ဖြစ်နေသည်။


သူ့ကိုယ်က မြေခွေးနီ ဖြစ်နေလျှင် လက်တစ်ပွေ့စာလေးသာမို့.. သူမက.. သူ့အား.. ပွေ့ပိုက်ပြီး ခေါင်းလေးကို ပုတ်လိုက် ကျောကို ပွတ်လိုက် လုပ်နေသည်။ အဲ့လို လုပ်နေတာက အိပ်နေလျှင် သိမည် မဟုတ်သော်လည်း.. သူက အိပ်ပျော်နေတာ မဟုတ်လေတော့.. ထိုသို့ ပြုလုပ်ခြင်းက နေရခက်လာပြီး.. အသက်ရှုတောင် ရပ်ထားလိုက်ရသည်။


“အာ!.. သခင်..”


သူမ ပွေ့ထားတဲ့ ဆီမှ သူက လူပုံစံ ပြောင်းလိုက်တော့.. သူမ၏ ပေါင်ပေါ်တွင် အိပ်လျက် ပေါ်လာတော့.. သူမက ထိတ်လန့်သွားပြီး.. သူ့အား မျက်တောင်တွေကို ပုတ်ခတ်လျက် ကြည့်လာသည်။ ထို့နောက် သူမက..


“သခင် ရှောင်ညောင် ဆူလို့ နိုးလာတာလား..”


သူ ခေါင်းယမ်းလိုက်သည်။ အိမ်ကနေ ခွဲလာခဲ့ပြီးမှ ဟုန်ရွယ်က သူ့ထက် စာရင် တခြားလူတွေကို ပိုပြီး အရေး ပေးတတ်လာသဖြင့်.. သူ အထီးကျန်စွာ တစ်နေ့တာတွေကို ဖြတ်သန်းလာသမျှ.. အနားတွင် သူမလေးက အစဉ်မြဲ ရှိနေပေးခဲ့သည်။ တကယ်လို့ သူမလေးသာ ရှိမနေခဲ့လျှင်.. သူ ဆိုတာက ပျက်စီးဆိုးသွမ်းသွားမလား.. ဒါမှမဟုတ်.. အထိန်းအကွတ် မရှိပဲ.. ညံ့ဖျင်းသွားမလား.. မပြောနိုင်ပေ။


အရှည်အတို မညီညာသော ဆံနွယ်များနှင့် သူမ..၊ နဖူးပြင် ပြေပြေလေးနှင့် သူမ..၊ မျက်ခုံးထူထူ.. မျက်တောင်စင်းစင်း ထူထူ ပိတ်ပိတ်နှင့် သူမ..၊ အနီရောင်ကဲသော.. မျက်ဝန်းအရောင်များနှင့် သူမ..၊ နှာတံက စင်းဖြောင့်နေတာ မဟုတ်သော်လည်း.. ရှည်လျား ကော့ချွန်နေသော သူမ..၊ နှုတ်ခမ်းပါး ရဲရဲလေးများက အစဉ်မြဲ နီထွေးနေတတ်သည့် အပြင်.. ဒေါသထွက်တိုင်း နှုတ်ခမ်းတွေ စူထွက်လာတာက တစ်မျိုး ချစ်စဖွယ် ကောင်းသည်။ အစဉ်အမြဲ ဖရိုဖရဲ ဖြစ်နေတတ်သည့် ပုံစံလေးကကို သူ့မျက်စိထဲ ကြည့်လို့ လှနေသည်။


ထို့ကြောင့်သာ ကျောင်းရှိ တခြားသော စာသင်သားများက သူမအား မျက်နှာသာပေးတတ်သည်။ တစ်ခါတစ်လေ မျက်နှာလွဲဖို့ ကြိုးစားမိသော်လည်း.. တစ်ခါတစ်လေကျ သူမကို မာန်မဲမိသည်။


“ညောင်အာ..”


ခေါ်လိုက်တာက အလွန်အမင်း နူးညံ့သော လေသံမို့ သူမ ကိုယ်လေး တွန့်ခနဲ ဖြစ်သွား၏။ ပြီးမှ သူမကိုယ် သူမ လက်ညိုးလေးဖြင့် ထိုးပြီး မျက်တောင်ခတ်သည်။ သူမက မျက်တောင် သိပ်မခတ်သော နတ်ဖြစ်သဖြင့်.. သူမ မျက်တောင်ခတ်တိုင်း ဒါက သူမနားမလည် လိုက်တာ.. ဒါမှမဟုတ် အမှားတစ်ခုခု ပြုမိထားတာသာ ဖြစ်တတ်၏။


“တစ်ခါတစ်လေ.. ငါ တွေဝေတတ်တယ်..”


သူ ခပ်တိုးတိုး ပြောလိုက်တော့.. သူမက သူ့စကားကို ကိုယ်လေး ကိုင်းလျက် နားထောင်သည်။ သူမ ပါးပြင်မှ အနံ့ ခပ်သင်းသင်းက သူ့နှာဝသို့ လာပြီး ရိုက်ခတ်သဖြင့် သူ လဲအိပ်နေရာမှ ထရပ်လိုက်ပြီး..


“ငါ မင်းကို ငါ လုပ်နိုင်တာ တချို့ပြမယ်..”


သူမ လက်ကို ဆွဲလျက် ပယင်းရေကန်သို့ ဆင်းလာတော့.. သူမက


“သခင့်ဆီမှာ ကောင်းကင် အရောင်ဝါ တွေ့တယ်..”


“ဟုတ်တယ်.. ထူးဆန်းတယ် မဟုတ်လား.. ငါက မြေနတ်လေ ဘယ်လို ဖြစ်ပြီး ကောင်းကင်အရောင်ဝါ ဖြစ်တာလဲ ငါလည်း သိပ်မရှင်းဘူး..”


“သခင်.. ဘာလုပ်မလို့လဲ..”


ပယင်း ရေကန်မှ ရေတချို့ကို ဆင့်ခေါ်လိုက်ပြီး ရေခဲလက်နက်ပုန်း အဖြစ်သို့ ပြောင်းလိုက်ကာ.. လက်ကို ဝှေ့ယမ်းလိုက်တော့.. ရေခဲလက်နက်ပုန်း တချို့က မြေပြင်ပေါ်တွင် အနှံ့အပြား စိုက်ဝင်သွား၏။ ရှောင်ညောင်က.. အားပါးတရ လက်ခုတ်တီးသည်။ ဝမ်းသာအားရနေသည့် မျက်နှာလေးက မီးစများပင် တဖျတ်ဖျတ် တောက်လာတော့မလိုဖြင့်..


“သခင်.. အရမ်းတော်တာပဲ.. လာခဲ့.. မနက်က သခင့်ကို လှောင်ခဲ့တဲ့လူတွေကို သွားပြီး ပညာပေးရအောင်..”


“မလိုဘူး.. မနက်က ငါ တမင် အဲ့တာကို လက်နက်အဖြစ် မပြောင်းခဲ့တာ..”


“ဟုတ်လား.. ဒါပေမယ့် သူတို့က သခင့်ကို မလေးစားဘူး..”


“မလိုဘူး.. မင်းသိရင် ရပြီ.. စိတ်မကောင်း မဖြစ်နဲ့တော့.. ငါ တမင် သူတို့ကို မမြင်စေတာမို့.. ငါ့အတွက်နဲ့ မင်း စိတ်ထဲမှာ နာကျင်ဖို့ မလိုဘူး..”


“ရှောင်ညောင် သိပါပြီ.. ဝူး!!..”


သူမက လက်နှစ်ဖက်ကို ဆန့်ကာ.. အတောင်ပံ ခတ်ဟန်ဖြင့်.. ခေါင်းမော့လျက် အော်သည်။ ဒါကို သူမ ပျော်တိုင်း ပြုလုပ်နေကျမို့ သူ့အတွက်ကတော့ ရိုးနေပါပြီ။


“ငါ ကျောင်းကနေ ထွက်သွားရပြီ ဆိုရင်.. မင်းရဲ့ မိသားစုကို ရှာပေးမယ် ညောင်အာ..”


သူ ပြောလိုက်တာကို သူမက မျက်လုံးလေး ဝင်းလာပြီး ခေါင်းညိတ်သည်။ သူမ ခေါင်းလေးကို ပုတ်လိုက်တော့ သူမက ကြက်ပေါက်စလေးလို သူ့လက်ကို သူမခေါင်းလေးနှင့် လိုက်ထိုးနေ၏။ သူ့သမာဓိကို လိုက်စမ်းနေသလို ခံစားရလာတာမို့ သူ့လက်ကို လျင်မြန်စွာ သိမ်းလိုက်ပြီးမှ..


“မင်းက ငတုံးမလေးပဲ.. ဘာမှလည်း မသိဘူး..”


သူမလေးကို ကျောခိုင်းလိုက်ပြီး သိပ်မကြာခင်မှာပဲ သူမ၏ အနားသို့ ပြေးလာသော ခြေသံကို ကြားလိုက်ရတာမို့.. ဟူအာ ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူမကို ဘာပဲ ပြောလိုက် ပြောလိုက် တစ်ခါတစ်လေ တခြားလူတွေ ရှေ့မှာ အော်မိရင်တောင် သိပ်မကြာခင်မှာ သူမက သူ့ထံသို့ အပြေးလွှား ပြန်ရောက်လာတာကို သူ နေသားကျနေပါပြီ။


@@@@@@@@@@


ကောင်းကင် တံခါးဝမှ ဝင်လာခဲ့ပြီ ပန်းတရာ နန်းဆောင်ကို စွေပင်မကြည့်ပဲ.. သူ ဆစ်ကျီ နတ်မင်း၏ တလင်း နန်းဆောင်သို့ ဦးတည်လိုက်မိသည်။ ဆစ်ကျီ နတ်မင်း၏ နန်းဆောင်သို့ ရောက်လာတော့..


“ကျန်းမင်ရှီ ဆစ်ကျီနတ်မင်းကို တွေ့ခွင့်တောင်းပါတယ်..”


ကျန်းမင်ရှီ ဆိုတာက ကောင်းကင်၏ဖခင် နတ်မင်းကိုးပါးတွင် တစ်ပါး အပါအဝင် ဖြစ်သော.. ကျန်းရှီ နတ်မင်း၏ သားတော် ဖြစ်တာမို့.. ဆစ်ကျီ ကိုယ်တိုင်.. အရှေ့သို့ ထွက်ကြိုသည်။


“ပန်းတရာ နန်းဆောင် သခင်က ကောင်းကင် နန်းတော်ကို မနှစ်သက်ဘူးလို့ ကြားတာ.. သတင်းကမှားနေတယ်နဲ့ တူတယ်..”


စတင် နှုတ်ဆက်သော စကားက ပြေပြစ်နေတာလည်း မဟုတ် မာကျောနေတာလည်း မဟုတ်..၊ ကျန်းမင်ရှီကတော့.. ဆစ်ကျီ နတ်မင်း၏ နန်းဆောင်မှ ပန်းများကို လှည့်ပတ်ကြည့်နေရင်းမှ..


“ဒါပေမယ့် တပည့် တစ်ဦး ရှိလာတော့မယ် ဆိုတော့ အတည်တကျ နေဖို့ သင့်ပြီ မဟုတ်လား.. ပန်းတရာနန်းဆောင်က ပြန်ပြီး လှလာမှာပါ..”


ပြန်ပြီး လှလာမှာပါ ဆိုသည့် အကြောင်းအရင်းက လွန်ခဲ့သည့် နှစ်လေးသိန်းကျော် ကာလတုန်းကကို ရည်ညွှန်းနေမှန်း သိသာသည်။ ထိုကာလတုန်းက ကောင်းကင်တွင် ဆစ်ကျီနတ်မင်းက ချောမောသော ဆံဖြူနတ်အဖြစ် ကျော်ကြားချိန်တွင်.. ကျန်းမင်ရှီ နတ်မင်းကလည်း.. မျက်ဝန်းစိမ်းနှင့် ချိုသာသော နတ်တစ်ပါး အဖြစ် ကျော်ကြားသည်။


ကျိုးလွီဟူသော.. နတ်သား၏ တည်ငြိမ်မှုကို ဘယ်နတ်သားမျှ မယှဉ်နိုင်ခဲ့သလို.. ထိုစဉ်က တစ်လောကလုံးမှ အလှဆုံး ဟူသည့် ရင်းမျိုးနွယ်မှ တစ်ဦးတည်းသော ကျန်သည့် နတ်မင်းသမီး ရင်းဖန့်အော်.. ကိုလည်း ကျန်းမင်ရှီလက်အတွင်းမှ ရယူသွားနိုင်သေးသည်။ ရင်းဖန့်အော် ဆိုတာက ရင်းမျိုးနွယ်တွင် တစ်ဦးတည်းကျန်သော နတ်သမီး တစ်ပါး ဖြစ်သည်။


ရင်းမျိုးနွယ်က ကောင်းကင်နတ် စစ်စစ် မဟုတ်သော်လည်း.. ကောင်းကင်အား တည်ထောင်တော့.. ရင်းမျိုးနွယ် တစ်ခုလုံး ပျက်စီးခဲ့ရသည်။ ထို့အတွက်.. ကောင်းကင်မင်းကြီးအပါဝင်.. နတ်မင်း ကိုးပါးမှ ရင်းမျိုးနွယ် ဖြစ်သည့် မြေနတ်အား.. ကောင်းကင်နတ်အဖြစ် ခေါ်ဆောင်ခဲ့စေသည်။ ပညာသင်ပြီး မင်းသမီး တစ်ပါးကဲ့သို့ နေစေခဲ့သည်။ ဆွေမျိုး မရှိသော နတ်မင်းသမီးအား ကျန်းမင်ရှီ ဆိုသည့် နတ်သားငယ်က အဖော်ပြုပေးသည်။ သို့နှင့် နှစ်ဦးသား ခင်မင်ရင်းနှီးခဲ့သည်။ ကျန်းမင်ရှီသည် ကျိုးလွီ၏ဖခင် ကျိုးရှီ နတ်မင်းထံတွင် ပညာသင်ကြားရသူ ဖြစ်သဖြင့်.. ကျိုးလွီနှင့် ဆရာတူ ညီအစ်ကိုတော်သည်။


ကျိုးလွီက တည်ငြိမ်သော နတ်ဖြစ်သော်လည်း ကျန်းမင်ရှီက နတ်အားလုံး လက်လန်ရသော နတ်ဖြစ်သည်။ အရွယ်ရောက်တော့.. ကျိုးလွီနှင့် ရင်းဖန့်အော်အား မိတ်ဆတ်ပေးမိရာမှ.. ကျန်းမင်ရှီက အသည်းကွဲနတ် ဖြစ်သွားတော့၏။ ကျိုးလွီက ဆရာတူအစ်ကို ရင်းဖန့်အော်က ငယ်ကတည်းက ချစ်ခင်ရသော မိန်းကလေး..၊ ထိုသူ နှစ်ဦး၏ ပေါင်းစည်းမှုက သူ့ကို ဝမ်းသာ ဝမ်းနည်း ဖြစ်စေသည်။ ကျန်းမင်ရှီ ကောင်းကင်နန်းတော်မှ ပေးအပ်သော နယ်မြေခွဲခြားရေး တာဝန် အားလုံးကို ကောင်းကင်မင်းကြီးထံတွင် ပြန်လည်အပ်နှင်းတော့.. ကျိုးဖန့်သုန်အား.. မမွေးသေးခင်.. ဖြစ်သည်။


ကျိုးလွီကို အပြစ်မတင်ရက်သလို ပျော်နေတာကိုလည်း သူ မကြည့်နေနိုင်ပေ။ ထို့ကြောင့် ကောင်းကင် နန်းတော်မှ ထွက်သွားရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ကျိုးလွီနှင့် ဖန့်အော်က သူ့ကို လာပြီး တားမြစ်သေးသည်။ သို့သော်.. ချစ်ရသူက တခြားသူနှင့် ပျော်နေတာကို နေ့စဉ် နေ့တိုင်း ထိုင်ကြည့်နေတာက သူ့ပုံစံ မဟုတ်သဖြင့်.. သူ ခေါင်းယမ်းလိုက်သည်။ ပြီးမှ..


~~ကျိုးလွီ.. မင်းရဲ့ ကလေးတွေ အတွက်.. ငါက ခေါင်းကိုင် အဖေ လုပ်ပေးမယ်.. ခေါင်းကိုင်အဖေ ဆိုတာကို မင်းသိတယ် မဟုတ်လား.. သူတို့ ငါ့ဆီက အမွေ တောင်းခွင့် ရှိတယ်.. ဒါပေမယ့်.. ငါ ကောင်းကင်မှာ မနေနိုင်တော့ဘူး.. ငါ့ကို မတားပါနဲ့ .. ရမလား..~~


~~ငါတို့တွေ အစကတည်းက ပွင့်လင်းခဲ့သင့်တာ.. မင်ရှီ..~~


ညီအစ်ကိုလို နေခဲ့ကြသော်လည်း.. တစ်ယောက်ရင်ထဲက ကိစ္စ တစ်ယောက် မပြောဆိုပဲ မျိုသိပ်ကာ.. ဖြစ်ချင်တော့ နှစ်ယောက်လုံး ကြိုက်နေမိသော မိန်းကလေးက တစ်ဦးတည်း ဖြစ်နေတာကို ကျိုးလွီက ဆိုလိုခြင်း ဖြစ်သည်။ သို့သော် မင်ရှီ ခေါင်းသာ ခါယမ်းပြလိုက်သည်။ ဖွင့်ပြောမိကြတယ် ဆိုအုံးတော့.. သူမ၏ နှလုံးသားက တခြားသူအတွက် မဟုတ်လား..၊ ကျိုးလွီကို ချစ်နေတာကို သူ့အတွက် ကျိုးလွီက နောက်ဆုတ်ပေးမယ် ဆိုတာက အဓိပ္ပါယ် မရှိတာလေ..၊


ဆစ်ကျီကို မြင်လိုက်မှ အရင်က အဖြစ်ပျက်တွေကို သတိတရဖြင့် မင်ရှီ ငေးငိုင် သွားမိသည်။  ~~လေးသိန်း.. နှစ်ပေါင်း လေးသိန်း ရှိပြီ.. ဖန့်အော်..၊ ငါ့နှလုံးသားက ပူနွေးနေတုန်းပဲ..၊ မင်းကို ကောင်းကောင်း မစောင့်ရှောက်နိုင်တဲ့ ကျိုးလွီကို ငါ စိတ်ဆိုးမိသေးတယ်..၊ အဲ့တာကြောင့်.. ငါ သူ့သားသမီးတွေကို ပစ်ထားတယ်..၊ ငါ မှန်တယ်လို့ မပြောပါဘူး.. ငါပစ်ထားမိတာ မင်းရဲ့ သားသမီးတွေလည်း ဖြစ်သေးတယ်.. မဟုတ်လား ဖန့်အော်..၊~~


“နတ်မင်း..”


အနားမှ မိန်းကလေး တစ်ဦး၏ အသံကြောင့် သူ ဆတ်ခနဲ ဖြစ်သွားသည်။ ထိုမိန်းကလေးက သူ့အား အရိုအသေပေးရင်း..


“ဆစ်ကျီ နတ်မင်းက.. တလင်းရေကန်ကို ကြွလာပေးဖို့ ဖိတ်ကြားပါတယ်..”


“ရတယ်..”


Zawgyi


Part-13.1


သူအိပ္ေနျပီ ဆိုလွ်င္ ေရွာင္ေညာင္က သူမ ယူလာေသာ ေခါင္းျဖီးႏွင့္ သူ႔အေမႊးေတြကို ျဖီးေပးသည္။ ျပီးေတာ့ သူမ ဘယ္က ရမွန္း မသိေသာ အေမႊးဆီျဖင့္ လိမ္းက်ံေပး၏။ ဒီငတံုးမေလးက သူ အိပ္ဟန္ေဆာင္ေနတာကိုလည္း မသိသလို.. သူမ ဘာလုပ္လုပ္ ဘာေျပာေျပာ မသိဟန္ ေဆာင္ေနတာကိုလည္း မသိေပ။


“သခင္က တကယ္ ေျပာရခက္တယ္.. ဒီက နတ္ေတြနဲ႔ လူသားေတြက သခင္ကို အေရးေတာင္ မလုပ္ဘူး.. စာသင္သား အခ်င္းခ်င္း မေျပာနဲ႔ ဆရာေတြကေတာင္ သခင့္ကို ခြဲျခားတယ္.. သခင္ စိတ္မေကာင္း ျဖစ္တယ္ မဟုတ္လား.. စိတ္မေကာင္း ျဖစ္လြန္းလို႔ အေမႊးေတာင္ ကၽြတ္ကုန္ျပီ..”


သူမအေတြးႏွင့္ သူမကေတာ့ မွန္ကန္ေနျပီး.. သူ႔အေမႊးကၽြတ္ေနတာကို သူမက စိတ္မေကာင္း ျဖစ္ေနေသး၏။ တစ္ခါတစ္ေလ သူမက သူ႔အား.. တကယ့္ တိရိစာၦန္တစ္ေကာင္ဟု သတ္မွတ္ျပီး ေက်ာကိုပင္ ပြတ္သပ္ ေပးေနေသးသည္။


“သခင္က လက္သည္းေတြကို အသံုးျပဳျပီး ကုတ္ျခစ္ပစ္သင့္တယ္.. ဒီေန႔ သခင္ကို တမင္သက္သက္ ဆရာက အခက္ခဲ ျဖစ္ေစတာ မဟုတ္လား.. သခင္ နတ္အစြမ္း ညံ့မွန္း သိလို႔ တိုက္ခုိက္ေရး ေက်ာက္တံုးကို ဓားျဖစ္ေအာင္ ေျပာင္းခိုင္းတာ..”


တကယ္ဆို.. အဲ့တာကို သူ လုပ္လို႔ ရေနျပီမွန္း သူမက မသိေသးေပ။ တျခား စာသင္သားေတြ ေရွ႕တြင္ သူ နတ္စြမ္းအား မထုတ္သံုးလိုသျဖင့္သာ မလုပ္ႏုိင္ဘူးဟု ေျပာျပီး.. တျခားေသာ စာသင္သားေတြ ရယ္ေမာတာကို သည္းခံလိုက္ျခင္း ျဖစ္သည္။ သို႔ေသာ္ သူမက အဲ့တာကို မသိပဲ သူ ေလွာင္ေျပာင္ခံရတာကို စိတ္မေကာင္း ျဖစ္ေနသည္။


သူ႔ကိုယ္က ေျမေခြးနီ ျဖစ္ေနလွ်င္ လက္တစ္ေပြ႕စာေလးသာမို႔.. သူမက.. သူ႔အား.. ေပြ႔ပိုက္ျပီး ေခါင္းေလးကို ပုတ္လိုက္ ေက်ာကို ပြတ္လုိက္ လုပ္ေနသည္။ အဲ့လို လုပ္ေနတာက အိပ္ေနလွ်င္ သိမည္ မဟုတ္ေသာ္လည္း.. သူက အိပ္ေပ်ာ္ေနတာ မဟုတ္ေလေတာ့.. ထိုသို႔ ျပဳလုပ္ျခင္းက ေနရခက္လာျပီး.. အသက္ရႈေတာင္ ရပ္ထားလုိက္ရသည္။


“အာ!.. သခင္..”


သူမ ေပြ႔ထားတဲ့ ဆီမွ သူက လူပံုစံ ေျပာင္းလုိက္ေတာ့.. သူမ၏ ေပါင္ေပၚတြင္ အိပ္လ်က္ ေပၚလာေတာ့.. သူမက ထိတ္လန္႔သြားျပီး.. သူ႔အား မ်က္ေတာင္ေတြကို ပုတ္ခတ္လ်က္ ၾကည့္လာသည္။ ထို႔ေနာက္ သူမက..


“သခင္ ေရွာင္ေညာင္ ဆူလို႔ ႏိုးလာတာလား..”


သူ ေခါင္းယမ္းလိုက္သည္။ အိမ္ကေန ခြဲလာခဲ့ျပီးမွ ဟုန္ရြယ္က သူ႔ထက္ စာရင္ တျခားလူေတြကို ပိုျပီး အေရး ေပးတတ္လာသျဖင့္.. သူ အထီးက်န္စြာ တစ္ေန႔တာေတြကို ျဖတ္သန္းလာသမွ်.. အနားတြင္ သူမေလးက အစဥ္ျမဲ ရွိေနေပးခဲ့သည္။ တကယ္လို႔ သူမေလးသာ ရွိမေနခဲ့လွ်င္.. သူ ဆိုတာက ပ်က္စီးဆိုးသြမ္းသြားမလား.. ဒါမွမဟုတ္.. အထိန္းအကြတ္ မရွိပဲ.. ညံ့ဖ်င္းသြားမလား.. မေျပာႏိုင္ေပ။


အရွည္အတို မညီညာေသာ ဆံႏြယ္မ်ားႏွင့္ သူမ..၊ နဖူးျပင္ ေျပေျပေလးႏွင့္ သူမ..၊ မ်က္ခံုးထူထူ.. မ်က္ေတာင္စင္းစင္း ထူထူ ပိတ္ပိတ္ႏွင့္ သူမ..၊ အနီေရာင္ကဲေသာ.. မ်က္ဝန္းအေရာင္မ်ားႏွင့္ သူမ..၊ ႏွာတံက စင္းေျဖာင့္ေနတာ မဟုတ္ေသာ္လည္း.. ရွည္လ်ား ေကာ့ခၽြန္ေနေသာ သူမ..၊ ႏႈတ္ခမ္းပါး ရဲရဲေလးမ်ားက အစဥ္ျမဲ နီေထြးေနတတ္သည့္ အျပင္.. ေဒါသထြက္တိုင္း ႏႈတ္ခမ္းေတြ စူထြက္လာတာက တစ္မ်ိဳး ခ်စ္စဖြယ္ ေကာင္းသည္။ အစဥ္အျမဲ ဖရိုဖရဲ ျဖစ္ေနတတ္သည့္ ပံုစံေလးကကို သူ႔မ်က္စိထဲ ၾကည့္လို႔ လွေနသည္။


ထို႔ေၾကာင့္သာ ေက်ာင္းရွိ တျခားေသာ စာသင္သားမ်ားက သူမအား မ်က္ႏွာသာေပးတတ္သည္။ တစ္ခါတစ္ေလ မ်က္ႏွာလြဲဖို႔ ၾကိဳးစားမိေသာ္လည္း.. တစ္ခါတစ္ေလက် သူမကို မာန္မဲမိသည္။


“ေညာင္အာ..”


ေခၚလုိက္တာက အလြန္အမင္း ႏူးညံ့ေသာ ေလသံမို႔ သူမ ကိုယ္ေလး တြန္႔ခနဲ ျဖစ္သြား၏။ ျပီးမွ သူမကိုယ္ သူမ လက္ညိဳးေလးျဖင့္ ထိုးျပီး မ်က္ေတာင္ခတ္သည္။ သူမက မ်က္ေတာင္ သိပ္မခတ္ေသာ နတ္ျဖစ္သျဖင့္.. သူမ မ်က္ေတာင္ခတ္တိုင္း ဒါက သူမနားမလည္ လိုက္တာ.. ဒါမွမဟုတ္ အမွားတစ္ခုခု ျပဳမိထားတာသာ ျဖစ္တတ္၏။


“တစ္ခါတစ္ေလ.. ငါ ေတြေဝတတ္တယ္..”


သူ ခပ္တိုးတိုး ေျပာလုိက္ေတာ့.. သူမက သူ႔စကားကို ကိုယ္ေလး ကိုင္းလ်က္ နားေထာင္သည္။ သူမ ပါးျပင္မွ အနံ႔ ခပ္သင္းသင္းက သူ႔ႏွာဝသို႔ လာျပီး ရိုက္ခတ္သျဖင့္ သူ လဲအိပ္ေနရာမွ ထရပ္လုိက္ျပီး..


“ငါ မင္းကို ငါ လုပ္ႏိုင္တာ တခ်ိဳ႕ျပမယ္..”


သူမ လက္ကို ဆြဲလ်က္ ပယင္းေရကန္သို႔ ဆင္းလာေတာ့.. သူမက


“သခင့္ဆီမွာ ေကာင္းကင္ အေရာင္ဝါ ေတြ႔တယ္..”


“ဟုတ္တယ္.. ထူးဆန္းတယ္ မဟုတ္လား.. ငါက ေျမနတ္ေလ ဘယ္လို ျဖစ္ျပီး ေကာင္းကင္အေရာင္ဝါ ျဖစ္တာလဲ ငါလည္း သိပ္မရွင္းဘူး..”


“သခင္.. ဘာလုပ္မလို႔လဲ..”


ပယင္း ေရကန္မွ ေရတခ်ိဳ႕ကို ဆင့္ေခၚလိုက္ျပီး ေရခဲလက္နက္ပုန္း အျဖစ္သို႔ ေျပာင္းလုိက္ကာ.. လက္ကို ေဝွ႔ယမ္းလုိက္ေတာ့.. ေရခဲလက္နက္ပုန္း တခ်ိဳ႕က ေျမျပင္ေပၚတြင္ အႏွံ႔အျပား စိုက္ဝင္သြား၏။ ေရွာင္ေညာင္က.. အားပါးတရ လက္ခုတ္တီးသည္။ ဝမ္းသာအားရေနသည့္ မ်က္ႏွာေလးက မီးစမ်ားပင္ တဖ်တ္ဖ်တ္ ေတာက္လာေတာ့မလိုျဖင့္..


“သခင္.. အရမ္းေတာ္တာပဲ.. လာခဲ့.. မနက္က သခင့္ကို ေလွာင္ခဲ့တဲ့လူေတြကို သြားျပီး ပညာေပးရေအာင္..”


“မလိုဘူး.. မနက္က ငါ တမင္ အဲ့တာကို လက္နက္အျဖစ္ မေျပာင္းခဲ့တာ..”


“ဟုတ္လား.. ဒါေပမယ့္ သူတို႔က သခင့္ကို မေလးစားဘူး..”


“မလိုဘူး.. မင္းသိရင္ ရျပီ.. စိတ္မေကာင္း မျဖစ္နဲ႔ေတာ့.. ငါ တမင္ သူတို႔ကို မျမင္ေစတာမို႔.. ငါ့အတြက္နဲ႔ မင္း စိတ္ထဲမွာ နာက်င္ဖို႔ မလိုဘူး..”


“ေရွာင္ေညာင္ သိပါျပီ.. ဝူး!!..”


သူမက လက္ႏွစ္ဖက္ကို ဆန္႔ကာ.. အေတာင္ပံ ခတ္ဟန္ျဖင့္.. ေခါင္းေမာ့လ်က္ ေအာ္သည္။ ဒါကို သူမ ေပ်ာ္တိုင္း ျပဳလုပ္ေနက်မို႔ သူ႔အတြက္ကေတာ့ ရိုးေနပါျပီ။


“ငါ ေက်ာင္းကေန ထြက္သြားရျပီ ဆိုရင္.. မင္းရဲ႕ မိသားစုကို ရွာေပးမယ္ ေညာင္အာ..”


သူ ေျပာလုိက္တာကို သူမက မ်က္လံုးေလး ဝင္းလာျပီး ေခါင္းညိတ္သည္။ သူမ ေခါင္းေလးကို ပုတ္လုိက္ေတာ့ သူမက ၾကက္ေပါက္စေလးလို သူ႔လက္ကို သူမေခါင္းေလးႏွင့္ လုိက္ထိုးေန၏။ သူ႔သမာဓိကို လိုက္စမ္းေနသလို ခံစားရလာတာမို႔ သူ႔လက္ကို လ်င္ျမန္စြာ သိမ္းလိုက္ျပီးမွ..


“မင္းက ငတံုးမေလးပဲ.. ဘာမွလည္း မသိဘူး..”


သူမေလးကို ေက်ာခိုင္းလိုက္ျပီး သိပ္မၾကာခင္မွာပဲ သူမ၏ အနားသို႔ ေျပးလာေသာ ေျခသံကို ၾကားလုိက္ရတာမို႔.. ဟူအာ ေက်နပ္စြာ ျပံဳးလုိက္မိသည္။ သူမကို ဘာပဲ ေျပာလုိက္ ေျပာလုိက္ တစ္ခါတစ္ေလ တျခားလူေတြ ေရွ႕မွာ ေအာ္မိရင္ေတာင္ သိပ္မၾကာခင္မွာ သူမက သူ႔ထံသို႔ အေျပးလႊား ျပန္ေရာက္လာတာကို သူ ေနသားက်ေနပါျပီ။


@@@@@@@@@@


ေကာင္းကင္ တံခါးဝမွ ဝင္လာခဲ့ျပီ ပန္းတရာ နန္းေဆာင္ကို ေစြပင္မၾကည့္ပဲ.. သူ ဆစ္က်ီ နတ္မင္း၏ တလင္း နန္းေဆာင္သို႔ ဦးတည္လုိက္မိသည္။ ဆစ္က်ီ နတ္မင္း၏ နန္းေဆာင္သို႔ ေရာက္လာေတာ့..


“က်န္းမင္ရွီ ဆစ္က်ီနတ္မင္းကို ေတြ႔ခြင့္ေတာင္းပါတယ္..”


က်န္းမင္ရွီ ဆိုတာက ေကာင္းကင္၏ဖခင္ နတ္မင္းကိုးပါးတြင္ တစ္ပါး အပါအဝင္ ျဖစ္ေသာ.. က်န္းရွီ နတ္မင္း၏ သားေတာ္ ျဖစ္တာမို႔.. ဆစ္က်ီ ကိုယ္တိုင္.. အေရွ႕သို႔ ထြက္ၾကိဳသည္။


“ပန္းတရာ နန္းေဆာင္ သခင္က ေကာင္းကင္ နန္းေတာ္ကုိ မႏွစ္သက္ဘူးလို႔ ၾကားတာ.. သတင္းကမွားေနတယ္နဲ႔ တူတယ္..”


စတင္ ႏႈတ္ဆက္ေသာ စကားက ေျပျပစ္ေနတာလည္း မဟုတ္ မာေက်ာေနတာလည္း မဟုတ္..၊ က်န္းမင္ရွီကေတာ့.. ဆစ္က်ီ နတ္မင္း၏ နန္းေဆာင္မွ ပန္းမ်ားကို လွည့္ပတ္ၾကည့္ေနရင္းမွ..


“ဒါေပမယ့္ တပည့္ တစ္ဦး ရွိလာေတာ့မယ္ ဆိုေတာ့ အတည္တက် ေနဖို႔ သင့္ျပီ မဟုတ္လား.. ပန္းတရာနန္းေဆာင္က ျပန္ျပီး လွလာမွာပါ..”


ျပန္ျပီး လွလာမွာပါ ဆိုသည့္ အေၾကာင္းအရင္းက လြန္ခဲ့သည့္ ႏွစ္ေလးသိန္းေက်ာ္ ကာလတုန္းကကို ရည္ညႊန္းေနမွန္း သိသာသည္။ ထိုကာလတုန္းက ေကာင္းကင္တြင္ ဆစ္က်ီနတ္မင္းက ေခ်ာေမာေသာ ဆံျဖဴနတ္အျဖစ္ ေက်ာ္ၾကားခ်ိန္တြင္.. က်န္းမင္ရွီ နတ္မင္းကလည္း.. မ်က္ဝန္းစိမ္းႏွင့္ ခ်ိဳသာေသာ နတ္တစ္ပါး အျဖစ္ ေက်ာ္ၾကားသည္။


က်ိဳးလြီဟူေသာ.. နတ္သား၏ တည္ျငိမ္မႈကို ဘယ္နတ္သားမွ် မယွဥ္ႏိုင္ခဲ့သလို.. ထိုစဥ္က တစ္ေလာကလံုးမွ အလွဆံုး ဟူသည့္ ရင္းမ်ိဳးႏြယ္မွ တစ္ဦးတည္းေသာ က်န္သည့္ နတ္မင္းသမီး ရင္းဖန္႔ေအာ္.. ကိုလည္း က်န္းမင္ရွီလက္အတြင္းမွ ရယူသြားႏိုင္ေသးသည္။ ရင္းဖန္႔ေအာ္ ဆိုတာက ရင္းမ်ိဳးႏြယ္တြင္ တစ္ဦးတည္းက်န္ေသာ နတ္သမီး တစ္ပါး ျဖစ္သည္။


ရင္းမ်ိဳးႏြယ္က ေကာင္းကင္နတ္ စစ္စစ္ မဟုတ္ေသာ္လည္း.. ေကာင္းကင္အား တည္ေထာင္ေတာ့.. ရင္းမ်ိဳးႏြယ္ တစ္ခုလံုး ပ်က္စီးခဲ့ရသည္။ ထို႔အတြက္.. ေကာင္းကင္မင္းၾကီးအပါဝင္.. နတ္မင္း ကိုးပါးမွ ရင္းမ်ိဳးႏြယ္ ျဖစ္သည့္ ေျမနတ္အား.. ေကာင္းကင္နတ္အျဖစ္ ေခၚေဆာင္ခဲ့ေစသည္။ ပညာသင္ျပီး မင္းသမီး တစ္ပါးကဲ့သို႔ ေနေစခဲ့သည္။ ေဆြမ်ိဳး မရွိေသာ နတ္မင္းသမီးအား က်န္းမင္ရွီ ဆိုသည့္ နတ္သားငယ္က အေဖာ္ျပဳေပးသည္။ သို႔ႏွင့္ ႏွစ္ဦးသား ခင္မင္ရင္းႏွီးခဲ့သည္။ က်န္းမင္ရွီသည္ က်ိဳးလြီ၏ဖခင္ က်ိဳးရွီ နတ္မင္းထံတြင္ ပညာသင္ၾကားရသူ ျဖစ္သျဖင့္.. က်ိဳးလြီႏွင့္ ဆရာတူ ညီအစ္ကိုေတာ္သည္။


က်ိဳးလြီက တည္ျငိမ္ေသာ နတ္ျဖစ္ေသာ္လည္း က်န္းမင္ရွီက နတ္အားလံုး လက္လန္ရေသာ နတ္ျဖစ္သည္။ အရြယ္ေရာက္ေတာ့.. က်ိဳးလြီႏွင့္ ရင္းဖန္႔ေအာ္အား မိတ္ဆတ္ေပးမိရာမွ.. က်န္းမင္ရွီက အသည္းကြဲနတ္ ျဖစ္သြားေတာ့၏။ က်ိဳးလြီက ဆရာတူအစ္ကို ရင္းဖန္႔ေအာ္က ငယ္ကတည္းက ခ်စ္ခင္ရေသာ မိန္းကေလး..၊ ထိုသူ ႏွစ္ဦး၏ ေပါင္းစည္းမႈက သူ႔ကို ဝမ္းသာ ဝမ္းနည္း ျဖစ္ေစသည္။ က်န္းမင္ရွီ ေကာင္းကင္နန္းေတာ္မွ ေပးအပ္ေသာ နယ္ေျမခြဲျခားေရး တာဝန္ အားလံုးကို ေကာင္းကင္မင္းၾကီးထံတြင္ ျပန္လည္အပ္ႏွင္းေတာ့.. က်ိဳးဖန္႔သုန္အား.. မေမြးေသးခင္.. ျဖစ္သည္။


က်ိဳးလြီကို အျပစ္မတင္ရက္သလို ေပ်ာ္ေနတာကိုလည္း သူ မၾကည့္ေနႏုိင္ေပ။ ထို႔ေၾကာင့္ ေကာင္းကင္ နန္းေတာ္မွ ထြက္သြားရန္ ျပင္ဆင္ခဲ့ျခင္း ျဖစ္သည္။ က်ိဳးလြီႏွင့္ ဖန္႔ေအာ္က သူ႔ကို လာျပီး တားျမစ္ေသးသည္။ သို႔ေသာ္.. ခ်စ္ရသူက တျခားသူႏွင့္ ေပ်ာ္ေနတာကို ေန႔စဥ္ ေန႔တုိင္း ထိုင္ၾကည့္ေနတာက သူ႔ပံုစံ မဟုတ္သျဖင့္.. သူ ေခါင္းယမ္းလုိက္သည္။ ျပီးမွ..


~~က်ိဳးလြီ.. မင္းရဲ႕ ကေလးေတြ အတြက္.. ငါက ေခါင္းကိုင္ အေဖ လုပ္ေပးမယ္.. ေခါင္းကိုင္အေဖ ဆုိတာကို မင္းသိတယ္ မဟုတ္လား.. သူတို႔ ငါ့ဆီက အေမြ ေတာင္းခြင့္ ရွိတယ္.. ဒါေပမယ့္.. ငါ ေကာင္းကင္မွာ မေနႏုိင္ေတာ့ဘူး.. ငါ့ကို မတားပါနဲ႔ .. ရမလား..~~


~~ငါတို႔ေတြ အစကတည္းက ပြင့္လင္းခဲ့သင့္တာ.. မင္ရွီ..~~


ညီအစ္ကိုလို ေနခဲ့ၾကေသာ္လည္း.. တစ္ေယာက္ရင္ထဲက ကိစၥ တစ္ေယာက္ မေျပာဆုိပဲ မ်ိဳသိပ္ကာ.. ျဖစ္ခ်င္ေတာ့ ႏွစ္ေယာက္လံုး ၾကိဳက္ေနမိေသာ မိန္းကေလးက တစ္ဦးတည္း ျဖစ္ေနတာကို က်ိဳးလြီက ဆိုလိုျခင္း ျဖစ္သည္။ သို႔ေသာ္ မင္ရွီ ေခါင္းသာ ခါယမ္းျပလိုက္သည္။ ဖြင့္ေျပာမိၾကတယ္ ဆိုအံုးေတာ့.. သူမ၏ ႏွလံုးသားက တျခားသူအတြက္ မဟုတ္လား..၊ က်ိဳးလြီကို ခ်စ္ေနတာကို သူ႔အတြက္ က်ိဳးလြီက ေနာက္ဆုတ္ေပးမယ္ ဆိုတာက အဓိပၸါယ္ မရွိတာေလ..၊


ဆစ္က်ီကို ျမင္လုိက္မွ အရင္က အျဖစ္ပ်က္ေတြကို သတိတရျဖင့္ မင္ရွီ ေငးငိုင္ သြားမိသည္။  ~~ေလးသိန္း.. ႏွစ္ေပါင္း ေလးသိန္း ရွိျပီ.. ဖန္႔ေအာ္..၊ ငါ့ႏွလံုးသားက ပူေႏြးေနတုန္းပဲ..၊ မင္းကို ေကာင္းေကာင္း မေစာင့္ေရွာက္ႏုိင္တဲ့ က်ိဳးလြီကို ငါ စိတ္ဆိုးမိေသးတယ္..၊ အဲ့တာေၾကာင့္.. ငါ သူ႔သားသမီးေတြကို ပစ္ထားတယ္..၊ ငါ မွန္တယ္လို႔ မေျပာပါဘူး.. ငါပစ္ထားမိတာ မင္းရဲ႕ သားသမီးေတြလည္း ျဖစ္ေသးတယ္.. မဟုတ္လား ဖန္႔ေအာ္..၊~~


“နတ္မင္း..”


အနားမွ မိန္းကေလး တစ္ဦး၏ အသံေၾကာင့္ သူ ဆတ္ခနဲ ျဖစ္သြားသည္။ ထိုမိန္းကေလးက သူ႔အား အရိုအေသေပးရင္း..


“ဆစ္က်ီ နတ္မင္းက.. တလင္းေရကန္ကို ၾကြလာေပးဖို႔ ဖိတ္ၾကားပါတယ္..”


“ရတယ္..”


rate now:

2 Reviews
  • reader ThuKa 18.12.2019, 04:37 5

    😍 ရှောင်ညောင်လေး

    reply

  • reader JuliusJulius 16.12.2019, 14:26 5

    so good

    reply