Part-11.3
သူမက ထပ်ပြီးတော့ မေးခွန်း တစ်ခုတည်းကို ထပ်မေးသည်။ သို့သော်.. ထိုနတ်သားက သူတို့ နှစ်ဦးကို ကြည့်နေသော်လည်း.. အံ့သြနေသည့် မျက်နှာဖြစ်နေသော.. ကျိုးလျန် နတ်မင်းကို ကြည့်လိုက်ပြီးမှ..
“သူက မင်းရဲ့.. ဒုတိယ အစ်ကို မဟုတ်လား.. သူ ငါ့ကို မမြင်ရဘူး မဟုတ်လား.. ဟိုမှာ ကြည့်ပါ..”
ပြိုင်ပွဲကို လက်ညိုး ထိုးပြပြီးမှ ရင်းအာ အနားမှ ထွက်သွားကာ.. အနီရောင်ဝတ် မိန်းကလေးအနားသို့ ပြန်ရောက်သွားကာ.. ထိုမိန်းကလေး အတိုင်း.. လက်သီး လက်မောင်းတန်းကာ.. အော်ဟစ်နေ၏။ အစိမ်းရောင် အရှိန်အဝါအရ ဘယ်လိုမှ သာမာန် နတ်တစ်ပါး မဖြစ်နိုင်မှန်း သိသော်လည်း.. ဘယ်သူလဲ ဆိုတာကို ရင်းအာ လုံးဝ မသိပဲ ဖြစ်နေသည်။ အစ်ကိုနှစ်က ဘာမှမမေးလာပဲ ပြိုင်ပွဲသို့သာ ပြန်လှည့်သွား၏။
စင်ပေါ်သို့ အကြည့်က ရောက်သွားတော့.. ကျိုးရန်က ရေခဲဓားကို ကိုင်လျက်နှင့် ထိုနေရာတွင် မလှုပ်မရပ် ရပ်နေသည်။ သို့သော် လူသားတစ်ဦးက ဟူအာ ဆိုသည့် အနီရောင် မြေခွေးလေးကို ကစားသလို တိုက်ခိုက်နေ၏။ ထိုမြေနတ်သားငယ်က အလူးအလဲ တိမ်းရှောင်နေရပြီး.. သူအသုံးပြုသော ခါးစည်းကြိုး.. လက်နက်က အသုံးမဝင်သော အစတစ်စလို ဖြစ်နေ၏။
ဖန်းရှိုးဝိန်၏ လက်အတွင်းဝယ် ပြေးလွှားနေရသော ကြက်ပေါက်လေးလို ဖြစ်နေသည့် ထိုလူသားငယ်သည် တိုက်ခိုက်ရေးတော့ ကျွမ်းကျင်ဟန်တူသည်။ နတ်စွမ်းအားဖြင့် ပစ်ခွင်းသမျှကို ကျင်လည်စွာ ရှောင်တိမ်းနိုင်နေသော်လည်း.. ထိမိလိုက်သော အချက်တိုင်းတွင် ဒဏ်ရာ ဖြစ်ပေါ်လာသည်။ သူ၏ အနီရောင် အကျႌပေါ်တွင် သွေးစတွေ စွန်းပေလာသည်က တစ်ချက်ပြီး တစ်ချက် ဖြစ်လာကာ.. ထိုဒဏ်ရာများကြောင့် လှုပ်ရှားနိုင်စွမ်းကလည်း လျော့နည်းလာဟန် တူသည်။
ရင်းအာ ထိုပြိုင်ပွဲ၏ မမျှတမှုကို ခံစားမိလာသဖြင့် အစ်ကိုနှစ်ကို လှမ်းကြည့်လိုက်သောလည်း.. အစ်ကိုနှစ်က ဟူအာဆိုသော မြေခွေးနီလေးအား အာရုံတစ်ခုလုံး စူးစိုက်လျက် ကြည့်နေသဖြင့် ရင်းအာ တိတ်ဆိတ်စွာသာ ကြည့်နေလိုက်ရတော့သည်။ ဖန်းရှိုးဝိန်၏ လှုပ်ရှားမှုတွေကို မသတီသလို ဖြစ်လာသဖြင့်.. ကျိုးရန်ကို ရင်းအာ မကျေမနပ် ကြည့်မိသည်။ ပြောချင်တာက ပွဲသိမ်းလိုက်တော့ဟူ၍ ဖြစ်၏။
ကျိုးရန်က ပြောရလျှင်.. နှစ်တစ်သိန်းမျှသော အသက်ရှိပြီ ဖြစ်သော်လည်း အမေချစ်သော သားဖြစ်နေသဖြင့် ရေအေးချောက်အတွင်းမှ ထွက်ခွာခွင့် မရသော အစ်ကိုနှစ်၏ သားအကြီးအဆုံး ဖြစ်သည်။ ထို့ကြောင့် မွေးလာကတည်းက နတ်သူငယ် ဖြစ်သော်လည်း နှစ်တစ်သိန်း အတွင်းဝယ်.. ထာဝရနတ် အဆင့်ထိသာ တတ်မြောက်ပြီး.. ဘာမှမသိနားမလည်သော နတ်တစ်ပါး အဖြစ်သာ ကြီးပြင်းလာရသည်။ နှစ်တစ်သိန်းထိ ကလေးငယ်လို ကြီးပြင်းလာသော ကလေးငယ်အား.. အစ်ကိုနှစ်က ဆရာရှာပေးရန် တွေးတောလာရတော့ ကျိုးလျန်က သားဖြစ်သူကို လူသားတွေနှင့် ရောနှောနေသည့် ကျောင်းတွင်မှ ဖုန်းယွဲ့ လိုက်လာပြီး မခေါ်သွားမှာမို့ ရှင်သန်ခြင်း ကျောင်းမှာ လာထားခြင်း ဖြစ်လေသည်။
သို့မှသာ ဖုန်းယွဲ့က လူသားများနှင့် နီးစပ်နေခြင်းအား.. မနှစ်သက်သဖြင့် ကျိုးရန်ကို လိုက်မခေါ်တော့ပဲ ရေအေးချောက်ထဲတွင်သာ ကျန်နေရစ်ခဲ့တော့သည်။ ပြိုင်ပွဲတွင်းဝယ် ကျိုးရန်က ဝင်ပါခြင်း မရှိသေးသည့်တိုင် ဖန်းရှိုးဝိန်က ဟူအာကို ကစားစရာတစ်ခုကို လှည့်ပတ်ကစားနေသကဲ့သို့ ဖြစ်နေသည်။
“ရင်းအာ..”
ထိုသို့ ပျင်းရိဖွယ် ကောင်းလာသော ပြိုင်ပွဲအား.. မိုးချုပ်လာသဖြင့် မီးလင်းစေရန် ဆရာတွေက ကြံစည်ကြသော်လည်း.. ပတ်ဝန်းကျင် တစ်ခုလုံး ထိန်ထိန်လင်းစေလောက်သော ကောင်းကင်၏ အရှိန်အဝါဖြင့်.. ရင်းအာဟူသည့် ခေါ်သံကို ပေါင်းစည်းလိုက်သော် ကောင်းကင်၏ အိမ်ရှေ့စံ တလီယီမင်က လူသားနယ်မြေသို့ ဆင်းသက်လာခြင်း ဖြစ်လေသည်။
“မင်းကို မတွေ့ရတာ တစ်ရက် ပြည့်တော့မှာ ဆိုတော့.. ငါ မင်းကို ပြန်လာဖို့ လာခေါ်တာ..”
ရင်းအာက ထိုင်နေရာမှ မထသေးပဲ.. ယီမင်အား..
“မင်း ငါ့ကို လာခေါ်တာက.. အရမ်းစောသေးတယ်.. အခုထိ ပြိုင်ပွဲက မပြီးသေးဘူး..”
“ကောင်းပြီလေ.. ငါမင်းကို ကြည့်ကူပေးမယ်..”
ကောင်းကင်၏ အိမ်ရှေ့စံက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး.. သူ၏ ချစ်လှစွာသော ဇနီးဘေးတွင် မတ်တပ်ရပ်လိုက်သည်။ မသက်မသာ ခံစားနေရခြင်း အလျဉ်းမရှိပဲ ထိုင်ခုံမရှိသော ထိုနေရာတွင် ထိုင်ရန်ခုံနေရာကို ဖန်တီးခြင်း မရှိပဲ မတ်တပ်သာ ရပ်လျက် သက်တော်စောင့် တစ်ဦး ကဲ့သို့ ပြုမူသည်။ ပြီးတော့ ပြိုင်ကွင်းသို့ နှုတ်ခမ်းတွေကို စေ့ပိတ်လျက်.. ငေးကြည့်နေ၏။ ယီမင်က ပြိုင်ပွဲတွင် အနိုင်အရှုံးမရှိသေးတာကို ကြည့်လိုက်ရင်းမှ..
“ငါတို့ရဲ့ တူကလေးက သိပ်ပြီး တရားမျှတလွန်းနေတယ်.. ဒီပြိုင်ပွဲက ဘယ်လို ဖြစ်ပြီး တစ်ဖက် စောင်းနင်း ဖြစ်နေရတာလဲ..”
ယီမင်မေးလိုက်တာကို ကျိုးလျန်က.. ထိုင်နေရာမှ ထလိုက်ပြီး ရင်းအာ၏ လွတ်နေသော ဘေးတွင် ရပ်လိုက်ကာ..
“ငါ့ကို မမျှတဘူးလို့ ပြောလို့ မရဘူး ဒါက ငါကိုယ်တိုင် စီမံထားတာ မဟုတ်ဘူး ယီမင်.. ဒီကျောင်းရဲ့ လွန်ခဲ့တဲ့ နှစ်တွေကအတိုင်းပဲ ပြိုင်ပွဲကို ကျင်းပတာမှာ.. ထူးဆန်းတဲ့ ရလဒ်အရ ဒီကောင်လေးကို.. ကျိုးရန်းနဲ့ ယှဉ်ပြိုင်စေရတာလဲ..”
ယီမင်က ပြိုင်ပွဲကိုသာ တိတ်ဆိတ်စွာ ကြည့်နေ၏။ သို့သော် ထိုင်နေသော ရင်းအာက ပြိုင်ပွဲအားမကြည့်တော့ပဲ ကျောင်းသား ကျောင်းသူများ ရှိရာသို့ တစ်ချက် ကြည့်လိုက်မိသည်။ စာသင်သား မိန်းကလေးများသည် ရင်းအာ ရှိနေသော ထိုနေရာသို့ မျက်လုံးမလွဲတမ်း ကြည့်နေကြသည်။ အကြောင်းပြချက်က အထူးပင် ပြောရန် မလိုပေ။ ကောင်းကင်၏ အိမ်ရှေ့စံ ဖြစ်သည့် အလျောက် ချောမောခန့်ညားမှုက မနိမ့်ပါးသည် ဖြစ်ရာ မြေနတ်များနှင့် လူသားများ အဖို့ လွန်ကဲသော ချောမောမှုကို မြင်တွေ့နေရသကဲ့သို့ ဖြစ်သေည်။ ထို့အတွက် ရင်းအာ ထိုင်နေရာမှ ထရပ်လိုက်ပြီး..
“ငါ သူတို့ မျက်လုံးတွေကို ဖောက်ထုတ်လိုက်မယ်..”
သူမ ထရပ်လိုက်တာကို.. ယီမင်က သူမ၏ လက်ကို အသာ ဆွဲလိုက်ပြီးမှ..
“အညီအမျှ ဖြစ်သွားအောင်.. ငါလည်း သူတို့ရဲ့ မျက်လုံးတွေကို မင်းကို လက်ဆောင်ပေးမယ်လေ..”
ယီမင် လက်ညိုးထိုးပြသော နေရာကို ကြည့်လိုက်တော့.. ဆယ့်လေးမိုင် ကန်၏ ပတ်ပတ်လည်မှ စာသင်သားများ သာမက တချို့သော ဆရာများကပါ ရင်းအာအား.. ခိုးကြည့်သူကကြည့်.. တစိုက်မတ်မတ်ငေးနေသော စာသင်သားများပင် ရှိနေလေသည်။ ကျိုးလျန်က ဒီနတ်ဘုရားနှစ်ပါးကို စိတ်ညစ်တယ် ဟူသည့် အကြည့်တို့ဖြင့်..
“မင်းတို့ နှစ်ယောက် ကောင်းကင်ကိုပဲ ပြန်လိုက်ပါတော့.. ငါက ဒီနေ့ အဲ့ဒီ ပိုင်ဟုန်ဟူ ဆိုတဲ့ မြေခွေးလေးရဲ့ သရုပ်ကို ဖော်ဖို့ ကြိုးစားတာမှာ အိမ်ရှေ့စံမင်းသားနဲ့ ကျိုးရင်း နတ်ဘုရား နှစ်ပါးစလုံး မလိုအပ်ပါဘူး..”
“ကောင်းပြီ.. ရင်းအာ ညလည်း ရောက်ပြီ ဆိုတော့ ငါတို့ ပြန်ကြရအောင်..”
ရင်းအာ၏ မျက်နှာက ရဲခနဲ ဖြစ်သွားပြီး.. အညိုရောင် မျက်ဝန်းတို့ဖြင့် မျက်စောင်းထိုးသည်။ ပြီးမှ နှစ်ဦးလုံး ထိုနေရာမှ ပျောက်ကွယ် သွားတော့သည်။ ကျိုးလျန် ဒီနေ့ပွဲကို သိမ်းလိုက်ရန်အတွက်.. ဆရာတစ်ဦးအား အချက်ပြလိုက်သည်။ ထိုဆရာမှ..
“ဒီနေ့ ပွဲစဉ်ကို တစ်ဖက်ဖက်ကနေ သိမ်းလိုက်ဖို့ သင့်ပါပြီ..”
ထိုဆရာ၏ ကြေငြာသံ အနောက်တွင်.. ကျိုးရန်က သူကိုင်ထားသော ရေခဲဓားကို လက်ဖြင့် သပ်လိုက်သည်။ ထိုအချိန်တွင် ထွက်ပေါ်လာသော.. ခရမ်းရောင် နတ်စွမ်းအားကို လူအများ နတ်အများက ရင်သပ်ရှုမောနေကြသည်။ ကျိုးရန်က ဓားဖြင့် ဟူအာကို ချိန်ရွယ်လိုက်ပြီးမှ.. မထိစေပဲ နတ်အစွမ်းကိုသာ ထုတ်လွှင့်လျက် ဝှေ့ယမ်းလိုက်၏။ ဝင်းခနဲ လက်ခနဲ ခရမ်းရောင် ရောင်စဉ်တန်းက ဟူအာ၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
@@@@@@@@@@
“ရွှမ်း..”
ဒါက လူကို လက်နက်ဖြင့် ဆော့ကစားတာမျိုး မဟုတ်ပဲ.. ပွဲသိမ်းဖို့ တိုက်ခိုက်လိုက်ခြင်း မှန်သော်လည်း.. ဟူအာ ဒီနေ့ပွဲတွင် မရှုံးချင်သေးသဖြင့် တောင့်ခံထားလိုက်သည်။ သို့သော်.. မူးဝေဝေ ဖြစ်နေပြီ ဖြစ်၏။ ဖန်းရှိုးဝိန်က သူ့အား.. စက်ကွင်းတစ်ခုဖြင့် ချုပ်လိုက်တာကို သိလိုက်သေးသည်။ သို့သော်.. ဒါက သူ့ခံနိုင်ရည်အားကို ပျောက်ဆုံးလုမတတ်ပင် နာကျင်စေ၏။
“အား!!!..”
ထိုစက်ကွင်း၏ ဆွဲညစ်နေမှုကို ရုန်းကန်ရင်း.. ဟူအာ အော်ပစ်လိုက်မိသည်။ ဖန်းရှိုးဝိန်၏ စက်ကွင်းမှ လွတ်ထွက်သွားတော့.. ဖန်းရှိုးဝိန်က အလန့်တကြားဖြစ်စွာဖြင့်.. ဟူအာအား.. လက်ဖြင့် ဝှေ့ယမ်းပစ်လိုက်ရင်း.. ပေါက်ကွဲလွင့်စင်စေသော ပန်းနုရောင် နတ်အစွမ်းဖြင့် လွင့်စင်စေလိုက်သည်။
ဟူအာ ခြေလွတ်လက်လွတ်ဖြင့် ထိုနေရာမှ လွင့်စင်သွားတော့၏။ အရှိန်ပြင်းစွာ လွင့်စင်မှုကြောင့်.. ဟူအာ၏ ခန္ဓာကိုယ်က ကျောင်းနှင့် အတော်ဝေးဝေးသို့ပင် လွင့်စင်သွား၏။ ထိုသို့ အရှိန်ပြင်းစွာ လွင့်စင်နေမှုကို အာရုံမရောက်နိုင်သေးပဲ.. တစ်ကိုယ်လုံးမှ.. စုတ်ယူနေသော ခရမ်းရောင်စွမ်းအားတို့က လှိုင်းကဲ့သို့ပင် လျင်မြန်စွာဖြင့် ခန္ဓာကိုယ်တွင် မခံမရပ်နိုင်အောင် စီးဆင်းနေကြသည်။
ဟူအာ၏ တစ်ကိုယ်လုံးမှ ထိုခရမ်းရောင် နတ်စွမ်းအားကို အငမ်းမရ သောက်သုံး စုပ်ငင်နေသလို တစ်ကိုယ်လုံး ယားယံနေပြီး.. မခံမရပ်နိုင်အောင်.. ခန္ဓာကိုယ်က တုန့်ပြန်နေသည်။ နောက်ဆုံးအသိ တစ်ခုတွင်တော့.. အိစက် ပျော့အိနေသော ခန္ဓာကိုယ်လေးနှင့် လုံးထွေးကာ တောင်အောက်သို့ ကျသွားခြင်းသာ ဖြစ်တော့၏။
“အ.. ရှောင်ညောင်..”
ထပ်ပြီး မိုက်ရူးရဲပြန်ပြီ ဒီကောင်မလေး..၊ ဆိုသော စကားကိုတော့ အသံမထွက်လိုက်ရတော့ပဲ.. ပိတ်ပိတ်မှောင်နေသော လောကတစ်ခုအတွင်းသို့ သက်ဆင်းသွားတော့၏။
“ကျိုးဟူ.. မင်းက ဘယ်ဘဝကို ရောက်သွား ရောက်သွား အဖေ့အသံကို ကြားယောင်နိုင်ပါစေ..”
“ကျိုးဟူ.. မင်းက ဘယ်ဘဝကို ရောက် ရောက်..”
“ကျိုးဟူ.. မင်းက.. ဘယ်ဘဝကို.. ရောက်.. ရောက်..”
“ကျိုးဟူ..”
“ကျိုးဟူ..”
ဟူအာ.. ဆတ်ခနဲ အိပ်နေရာမှ လန့်နိုးလာတော့.. ဒဏ်ရာဒဏ်ချက် တစ်ခုမှ မရှိသော ခန္ဓာကိုယ်နှင့် ဖြစ်ကာ.. သက်တောင့်သက်သာ နိုင်စွာဖြင့် နိုးထလာခဲ့သည်။ ချက်ချင်း သတိရလိုက်မိတာက ရှောင်ညောင်ကို ဖြစ်ကာ.. အခန်းတွင်းကို လှည့်ပတ် ကြည့်မိတော့.. ဆေးကုသသော နေရာတွင် ဖြစ်ကာ.. ထိုနေရာမှ ထရပ်လိုက်သည်နှင့် သူ့အနားတွင် လက်ပိုက်လျက် ရပ်နေသော.. အစိမ်းရောင် ထိုနတ်သားက ပေါ်လာသည်။
“မင်း..”
ပြောလိုက်ရင်းမှ.. ထိုနတ်သားက.. ဟူအာ၏ ပုခုံးကို လက်ဖြင့် ဖိကိုင်လိုက်သည်။ ပြီးနောက်တွင်မှ..
“မင်းက တော်တော် ကြံ့ခိုင်တာပဲ.. အခု ဘာမှမဖြစ်ဘူး မဟုတ်လား..”
“ရှောင်ညောင်ကော..”
“အဲ့ကောင်မလေးလား.. တကယ် ရူးမိုက်တာပဲ.. ဟိုမှာ..”
လက်ညိုးထိုးရာသို့ လှမ်းကြည့်လိုက်တော့.. အနီရောင် အကျႌလေးဖြင့် သူမက သူ့ကို ပြုံးပြနေသည်။ သို့သော် ကုတင်တွင် ထိုင်နေလျက်သားဖြင့်သာ ဖြစ်၏။ သူမ၏ ခြေထောက်လေးတွင် ပတ်တီးလေး စည်းထားတာကို တွေ့လိုက်မှ.. ဟူအာ.. ထိုင်နေရာမှ ထရပ်လိုက်ပြီး.. သူမအနားသို့ ပြေးသွားလိုက်သည်။
“မင်း ခြေထောက် ဒဏ်ရာရထားတယ်..”
“ဟုတ်တယ်လေ.. ပုံမှန်ဆိုရင် ရှောင်ညောင်ဖမ်းနိုင်တယ်.. သခင်ကအလေးကြီးမို့.. ပြုတ်ကျသွားတာ..”
သူမကို သနားမိသော စိတ်လေးပင် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားလေတော့၏။ သနားဖို့ မကောင်းတဲ့ ကောင်မလေး..၊
“သွားမယ်.. ငါတို့.. နေရာကို..”
လက်ရှိကျောင်းတွင် ဘာတွေ ဖြစ်ပျက်နေမှန်း မသိတော့ပေ။ အမှန်ပြောရလျှင် ဟူအာ အိမ်ပြန်ချင်ပြီ ဖြစ်၏။ ရှောင်ညောင်ကို ပွေ့ချီလိုက်တော့ သူမက အလိုက်သင့်လေး.. သူ့လည်ပင်းကို သိုင်းဖက်လာသည်။
“သခင်.. သခင်ရှုံးသွားတာ ဆိုပေမယ့် ဝမ်းနည်းဖို့ မလိုပါဘူး..”
“ငါကလည်း ဝမ်းမနည်းပါဘူး..”
Zawgyi
Part-11.3
သူမက ထပ္ျပီးေတာ့ ေမးခြန္း တစ္ခုတည္းကို ထပ္ေမးသည္။ သို႔ေသာ္.. ထိုနတ္သားက သူတို႔ ႏွစ္ဦးကို ၾကည့္ေနေသာ္လည္း.. အံ့ၾသေနသည့္ မ်က္ႏွာျဖစ္ေနေသာ.. က်ိဳးလ်န္ နတ္မင္းကို ၾကည့္လုိက္ျပီးမွ..
“သူက မင္းရဲ႕.. ဒုတိယ အစ္ကို မဟုတ္လား.. သူ ငါ့ကို မျမင္ရဘူး မဟုတ္လား.. ဟုိမွာ ၾကည့္ပါ..”
ျပိဳင္ပြဲကို လက္ညိဳး ထိုးျပျပီးမွ ရင္းအာ အနားမွ ထြက္သြားကာ.. အနီေရာင္ဝတ္ မိန္းကေလးအနားသို႔ ျပန္ေရာက္သြားကာ.. ထိုမိန္းကေလး အတိုင္း.. လက္သီး လက္ေမာင္းတန္းကာ.. ေအာ္ဟစ္ေန၏။ အစိမ္းေရာင္ အရွိန္အဝါအရ ဘယ္လိုမွ သာမာန္ နတ္တစ္ပါး မျဖစ္ႏုိင္မွန္း သိေသာ္လည္း.. ဘယ္သူလဲ ဆိုတာကို ရင္းအာ လံုးဝ မသိပဲ ျဖစ္ေနသည္။ အစ္ကိုႏွစ္က ဘာမွမေမးလာပဲ ျပိဳင္ပြဲသို႔သာ ျပန္လွည့္သြား၏။
စင္ေပၚသို႔ အၾကည့္က ေရာက္သြားေတာ့.. က်ိဳးရန္က ေရခဲဓားကို ကိုင္လ်က္ႏွင့္ ထိုေနရာတြင္ မလႈပ္မရပ္ ရပ္ေနသည္။ သို႔ေသာ္ လူသားတစ္ဦးက ဟူအာ ဆိုသည့္ အနီေရာင္ ေျမေခြးေလးကို ကစားသလို တိုက္ခိုက္ေန၏။ ထိုေျမနတ္သားငယ္က အလူးအလဲ တိမ္းေရွာင္ေနရျပီး.. သူအသံုးျပဳေသာ ခါးစည္းၾကိဳး.. လက္နက္က အသံုးမဝင္ေသာ အစတစ္စလို ျဖစ္ေန၏။
ဖန္းရိႈးဝိန္၏ လက္အတြင္းဝယ္ ေျပးလႊားေနရေသာ ၾကက္ေပါက္ေလးလို ျဖစ္ေနသည့္ ထိုလူသားငယ္သည္ တုိက္ခုိက္ေရးေတာ့ ကၽြမ္းက်င္ဟန္တူသည္။ နတ္စြမ္းအားျဖင့္ ပစ္ခြင္းသမွ်ကို က်င္လည္စြာ ေရွာင္တိမ္းႏိုင္ေနေသာ္လည္း.. ထိမိလိုက္ေသာ အခ်က္တိုင္းတြင္ ဒဏ္ရာ ျဖစ္ေပၚလာသည္။ သူ၏ အနီေရာင္ အက်ႌေပၚတြင္ ေသြးစေတြ စြန္းေပလာသည္က တစ္ခ်က္ျပီး တစ္ခ်က္ ျဖစ္လာကာ.. ထိုဒဏ္ရာမ်ားေၾကာင့္ လႈပ္ရွားႏုိင္စြမ္းကလည္း ေလ်ာ့နည္းလာဟန္ တူသည္။
ရင္းအာ ထိုျပိဳင္ပြဲ၏ မမွ်တမႈကို ခံစားမိလာသျဖင့္ အစ္ကိုႏွစ္ကို လွမ္းၾကည့္လိုက္ေသာလည္း.. အစ္ကုိႏွစ္က ဟူအာဆိုေသာ ေျမေခြးနီေလးအား အာရံုတစ္ခုလံုး စူးစိုက္လ်က္ ၾကည့္ေနသျဖင့္ ရင္းအာ တိတ္ဆိတ္စြာသာ ၾကည့္ေနလိုက္ရေတာ့သည္။ ဖန္းရိႈးဝိန္၏ လႈပ္ရွားမႈေတြကို မသတီသလို ျဖစ္လာသျဖင့္.. က်ိဳးရန္ကို ရင္းအာ မေက်မနပ္ ၾကည့္မိသည္။ ေျပာခ်င္တာက ပြဲသိမ္းလုိက္ေတာ့ဟူ၍ ျဖစ္၏။
က်ိဳးရန္က ေျပာရလွ်င္.. ႏွစ္တစ္သိန္းမွ်ေသာ အသက္ရွိျပီ ျဖစ္ေသာ္လည္း အေမခ်စ္ေသာ သားျဖစ္ေနသျဖင့္ ေရေအးေခ်ာက္အတြင္းမွ ထြက္ခြာခြင့္ မရေသာ အစ္ကိုႏွစ္၏ သားအၾကီးအဆံုး ျဖစ္သည္။ ထို႔ေၾကာင့္ ေမြးလာကတည္းက နတ္သူငယ္ ျဖစ္ေသာ္လည္း ႏွစ္တစ္သိန္း အတြင္းဝယ္.. ထာဝရနတ္ အဆင့္ထိသာ တတ္ေျမာက္ျပီး.. ဘာမွမသိနားမလည္ေသာ နတ္တစ္ပါး အျဖစ္သာ ၾကီးျပင္းလာရသည္။ ႏွစ္တစ္သိန္းထိ ကေလးငယ္လို ၾကီးျပင္းလာေသာ ကေလးငယ္အား.. အစ္ကုိႏွစ္က ဆရာရွာေပးရန္ ေတြးေတာလာရေတာ့ က်ိဳးလ်န္က သားျဖစ္သူကို လူသားေတြႏွင့္ ေရာေႏွာေနသည့္ ေက်ာင္းတြင္မွ ဖုန္းယြဲ႔ လိုက္လာျပီး မေခၚသြားမွာမို႔ ရွင္သန္ျခင္း ေက်ာင္းမွာ လာထားျခင္း ျဖစ္ေလသည္။
သို႔မွသာ ဖုန္းယြဲ႔က လူသားမ်ားႏွင့္ နီးစပ္ေနျခင္းအား.. မႏွစ္သက္သျဖင့္ က်ိဳးရန္ကို လုိက္မေခၚေတာ့ပဲ ေရေအးေခ်ာက္ထဲတြင္သာ က်န္ေနရစ္ခဲ့ေတာ့သည္။ ျပိဳင္ပြဲတြင္းဝယ္ က်ိဳးရန္က ဝင္ပါျခင္း မရွိေသးသည့္တိုင္ ဖန္းရႈိးဝိန္က ဟူအာကို ကစားစရာတစ္ခုကို လွည့္ပတ္ကစားေနသကဲ့သို႔ ျဖစ္ေနသည္။
“ရင္းအာ..”
ထိုသို႔ ပ်င္းရိဖြယ္ ေကာင္းလာေသာ ျပိဳင္ပြဲအား.. မိုးခ်ဳပ္လာသျဖင့္ မီးလင္းေစရန္ ဆရာေတြက ၾကံစည္ၾကေသာ္လည္း.. ပတ္ဝန္းက်င္ တစ္ခုလံုး ထိန္ထိန္လင္းေစေလာက္ေသာ ေကာင္းကင္၏ အရွိန္အဝါျဖင့္.. ရင္းအာဟူသည့္ ေခၚသံကို ေပါင္းစည္းလုိက္ေသာ္ ေကာင္းကင္၏ အိမ္ေရွ႕စံ တလီယီမင္က လူသားနယ္ေျမသို႔ ဆင္းသက္လာျခင္း ျဖစ္ေလသည္။
“မင္းကို မေတြ႔ရတာ တစ္ရက္ ျပည့္ေတာ့မွာ ဆိုေတာ့.. ငါ မင္းကို ျပန္လာဖို႔ လာေခၚတာ..”
ရင္းအာက ထိုင္ေနရာမွ မထေသးပဲ.. ယီမင္အား..
“မင္း ငါ့ကို လာေခၚတာက.. အရမ္းေစာေသးတယ္.. အခုထိ ျပိဳင္ပြဲက မျပီးေသးဘူး..”
“ေကာင္းျပီေလ.. ငါမင္းကို ၾကည့္ကူေပးမယ္..”
ေကာင္းကင္၏ အိမ္ေရွ႕စံက အျပာေရာင္ ဝတ္စံုကို ဝတ္ဆင္ထားျပီး.. သူ၏ ခ်စ္လွစြာေသာ ဇနီးေဘးတြင္ မတ္တပ္ရပ္လိုက္သည္။ မသက္မသာ ခံစားေနရျခင္း အလ်ဥ္းမရွိပဲ ထိုင္ခံုမရွိေသာ ထိုေနရာတြင္ ထိုင္ရန္ခံုေနရာကို ဖန္တီးျခင္း မရွိပဲ မတ္တပ္သာ ရပ္လ်က္ သက္ေတာ္ေစာင့္ တစ္ဦး ကဲ့သို႔ ျပဳမူသည္။ ျပီးေတာ့ ျပိဳင္ကြင္းသို႔ ႏႈတ္ခမ္းေတြကို ေစ့ပိတ္လ်က္.. ေငးၾကည့္ေန၏။ ယီမင္က ျပိဳင္ပြဲတြင္ အႏုိင္အရံႈးမရွိေသးတာကို ၾကည့္လိုက္ရင္းမွ..
“ငါတုိ႔ရဲ႕ တူကေလးက သိပ္ျပီး တရားမွ်တလြန္းေနတယ္.. ဒီျပိဳင္ပြဲက ဘယ္လို ျဖစ္ျပီး တစ္ဖက္ ေစာင္းနင္း ျဖစ္ေနရတာလဲ..”
ယီမင္ေမးလုိက္တာကို က်ိဳးလ်န္က.. ထိုင္ေနရာမွ ထလုိက္ျပီး ရင္းအာ၏ လြတ္ေနေသာ ေဘးတြင္ ရပ္လိုက္ကာ..
“ငါ့ကို မမွ်တဘူးလို႔ ေျပာလို႔ မရဘူး ဒါက ငါကိုယ္တိုင္ စီမံထားတာ မဟုတ္ဘူး ယီမင္.. ဒီေက်ာင္းရဲ႕ လြန္ခဲ့တဲ့ ႏွစ္ေတြကအတုိင္းပဲ ျပိဳင္ပြဲကို က်င္းပတာမွာ.. ထူးဆန္းတဲ့ ရလဒ္အရ ဒီေကာင္ေလးကို.. က်ိဳးရန္းနဲ႔ ယွဥ္ျပိဳင္ေစရတာလဲ..”
ယီမင္က ျပိဳင္ပြဲကိုသာ တိတ္ဆိတ္စြာ ၾကည့္ေန၏။ သို႔ေသာ္ ထိုင္ေနေသာ ရင္းအာက ျပိဳင္ပြဲအားမၾကည့္ေတာ့ပဲ ေက်ာင္းသား ေက်ာင္းသူမ်ား ရွိရာသို႔ တစ္ခ်က္ ၾကည့္လုိက္မိသည္။ စာသင္သား မိန္းကေလးမ်ားသည္ ရင္းအာ ရွိေနေသာ ထိုေနရာသို႔ မ်က္လံုးမလြဲတမ္း ၾကည့္ေနၾကသည္။ အေၾကာင္းျပခ်က္က အထူးပင္ ေျပာရန္ မလိုေပ။ ေကာင္းကင္၏ အိမ္ေရွ႕စံ ျဖစ္သည့္ အေလ်ာက္ ေခ်ာေမာခန္႔ညားမႈက မနိမ့္ပါးသည္ ျဖစ္ရာ ေျမနတ္မ်ားႏွင့္ လူသားမ်ား အဖို႔ လြန္ကဲေသာ ေခ်ာေမာမႈကို ျမင္ေတြ႔ေနရသကဲ့သို႔ ျဖစ္ေသည္။ ထို႔အတြက္ ရင္းအာ ထုိင္ေနရာမွ ထရပ္လိုက္ျပီး..
“ငါ သူတို႔ မ်က္လံုးေတြကို ေဖာက္ထုတ္လိုက္မယ္..”
သူမ ထရပ္လိုက္တာကို.. ယီမင္က သူမ၏ လက္ကို အသာ ဆြဲလုိက္ျပီးမွ..
“အညီအမွ် ျဖစ္သြားေအာင္.. ငါလည္း သူတို႔ရဲ႕ မ်က္လံုးေတြကို မင္းကို လက္ေဆာင္ေပးမယ္ေလ..”
ယီမင္ လက္ညိဳးထိုးျပေသာ ေနရာကို ၾကည့္လိုက္ေတာ့.. ဆယ့္ေလးမိုင္ ကန္၏ ပတ္ပတ္လည္မွ စာသင္သားမ်ား သာမက တခ်ိဳ႕ေသာ ဆရာမ်ားကပါ ရင္းအာအား.. ခိုးၾကည့္သူကၾကည့္.. တစိုက္မတ္မတ္ေငးေနေသာ စာသင္သားမ်ားပင္ ရွိေနေလသည္။ က်ိဳးလ်န္က ဒီနတ္ဘုရားႏွစ္ပါးကို စိတ္ညစ္တယ္ ဟူသည့္ အၾကည့္တို႔ျဖင့္..
“မင္းတို႔ ႏွစ္ေယာက္ ေကာင္းကင္ကိုပဲ ျပန္လိုက္ပါေတာ့.. ငါက ဒီေန႔ အဲ့ဒီ ပိုင္ဟုန္ဟူ ဆိုတဲ့ ေျမေခြးေလးရဲ႕ သရုပ္ကို ေဖာ္ဖို႔ ၾကိဳးစားတာမွာ အိမ္ေရွ႕စံမင္းသားနဲ႔ က်ိဳးရင္း နတ္ဘုရား ႏွစ္ပါးစလံုး မလိုအပ္ပါဘူး..”
“ေကာင္းျပီ.. ရင္းအာ ညလည္း ေရာက္ျပီ ဆိုေတာ့ ငါတို႔ ျပန္ၾကရေအာင္..”
ရင္းအာ၏ မ်က္ႏွာက ရဲခနဲ ျဖစ္သြားျပီး.. အညိဳေရာင္ မ်က္ဝန္းတို႔ျဖင့္ မ်က္ေစာင္းထိုးသည္။ ျပီးမွ ႏွစ္ဦးလံုး ထိုေနရာမွ ေပ်ာက္ကြယ္ သြားေတာ့သည္။ က်ိဳးလ်န္ ဒီေန႔ပြဲကို သိမ္းလုိက္ရန္အတြက္.. ဆရာတစ္ဦးအား အခ်က္ျပလိုက္သည္။ ထိုဆရာမွ..
“ဒီေန႔ ပြဲစဥ္ကို တစ္ဖက္ဖက္ကေန သိမ္းလိုက္ဖို႔ သင့္ပါျပီ..”
ထိုဆရာ၏ ေၾကျငာသံ အေနာက္တြင္.. က်ိဳးရန္က သူကိုင္ထားေသာ ေရခဲဓားကို လက္ျဖင့္ သပ္လုိက္သည္။ ထိုအခ်ိန္တြင္ ထြက္ေပၚလာေသာ.. ခရမ္းေရာင္ နတ္စြမ္းအားကို လူအမ်ား နတ္အမ်ားက ရင္သပ္ရႈေမာေနၾကသည္။ က်ိဳးရန္က ဓားျဖင့္ ဟူအာကို ခ်ိန္ရြယ္လုိက္ျပီးမွ.. မထိေစပဲ နတ္အစြမ္းကိုသာ ထုတ္လႊင့္လ်က္ ေဝွ႔ယမ္းလုိက္၏။ ဝင္းခနဲ လက္ခနဲ ခရမ္းေရာင္ ေရာင္စဥ္တန္းက ဟူအာ၏ ကိုယ္ေပၚသို႔ က်ေရာက္လာသည္။
@@@@@@@@@@
“ရႊမ္း..”
ဒါက လူကို လက္နက္ျဖင့္ ေဆာ့ကစားတာမ်ိဳး မဟုတ္ပဲ.. ပြဲသိမ္းဖို႔ တိုက္ခုိက္လိုက္ျခင္း မွန္ေသာ္လည္း.. ဟူအာ ဒီေန႔ပြဲတြင္ မရံႈးခ်င္ေသးသျဖင့္ ေတာင့္ခံထားလုိက္သည္။ သို႔ေသာ္.. မူးေဝေဝ ျဖစ္ေနျပီ ျဖစ္၏။ ဖန္းရိႈးဝိန္က သူ႔အား.. စက္ကြင္းတစ္ခုျဖင့္ ခ်ဳပ္လုိက္တာကို သိလုိက္ေသးသည္။ သို႔ေသာ္.. ဒါက သူ႔ခံႏုိင္ရည္အားကို ေပ်ာက္ဆံုးလုမတတ္ပင္ နာက်င္ေစ၏။
“အား!!!..”
ထိုစက္ကြင္း၏ ဆြဲညစ္ေနမႈကို ရုန္းကန္ရင္း.. ဟူအာ ေအာ္ပစ္လုိက္မိသည္။ ဖန္းရိႈးဝိန္၏ စက္ကြင္းမွ လြတ္ထြက္သြားေတာ့.. ဖန္းရိႈးဝိန္က အလန္႔တၾကားျဖစ္စြာျဖင့္.. ဟူအာအား.. လက္ျဖင့္ ေဝွ႔ယမ္းပစ္လိုက္ရင္း.. ေပါက္ကြဲလြင့္စင္ေစေသာ ပန္းႏုေရာင္ နတ္အစြမ္းျဖင့္ လြင့္စင္ေစလိုက္သည္။
ဟူအာ ေျခလြတ္လက္လြတ္ျဖင့္ ထိုေနရာမွ လြင့္စင္သြားေတာ့၏။ အရွိန္ျပင္းစြာ လြင့္စင္မႈေၾကာင့္.. ဟူအာ၏ ခႏၶာကိုယ္က ေက်ာင္းႏွင့္ အေတာ္ေဝးေဝးသို႔ပင္ လြင့္စင္သြား၏။ ထိုသို႔ အရွိန္ျပင္းစြာ လြင့္စင္ေနမႈကို အာရံုမေရာက္ႏုိင္ေသးပဲ.. တစ္ကိုယ္လံုးမွ.. စုတ္ယူေနေသာ ခရမ္းေရာင္စြမ္းအားတို႔က လိႈင္းကဲ့သို႔ပင္ လ်င္ျမန္စြာျဖင့္ ခႏၶာကိုယ္တြင္ မခံမရပ္ႏုိင္ေအာင္ စီးဆင္းေနၾကသည္။
ဟူအာ၏ တစ္ကိုယ္လံုးမွ ထိုခရမ္းေရာင္ နတ္စြမ္းအားကို အငမ္းမရ ေသာက္သံုး စုပ္ငင္ေနသလို တစ္ကိုယ္လံုး ယားယံေနျပီး.. မခံမရပ္ႏုိင္ေအာင္.. ခႏၶာကိုယ္က တုန္႔ျပန္ေနသည္။ ေနာက္ဆံုးအသိ တစ္ခုတြင္ေတာ့.. အိစက္ ေပ်ာ့အိေနေသာ ခႏၶာကိုယ္ေလးႏွင့္ လံုးေထြးကာ ေတာင္ေအာက္သို႔ က်သြားျခင္းသာ ျဖစ္ေတာ့၏။
“အ.. ေရွာင္ေညာင္..”
ထပ္ျပီး မိုက္ရူးရဲျပန္ျပီ ဒီေကာင္မေလး..၊ ဆိုေသာ စကားကိုေတာ့ အသံမထြက္လုိက္ရေတာ့ပဲ.. ပိတ္ပိတ္ေမွာင္ေနေသာ ေလာကတစ္ခုအတြင္းသို႔ သက္ဆင္းသြားေတာ့၏။
“က်ိဳးဟူ.. မင္းက ဘယ္ဘဝကို ေရာက္သြား ေရာက္သြား အေဖ့အသံကို ၾကားေယာင္ႏုိင္ပါေစ..”
“က်ိဳးဟူ.. မင္းက ဘယ္ဘဝကို ေရာက္ ေရာက္..”
“က်ိဳးဟူ.. မင္းက.. ဘယ္ဘဝကို.. ေရာက္.. ေရာက္..”
“က်ိဳးဟူ..”
“က်ိဳးဟူ..”
ဟူအာ.. ဆတ္ခနဲ အိပ္ေနရာမွ လန္႔ႏိုးလာေတာ့.. ဒဏ္ရာဒဏ္ခ်က္ တစ္ခုမွ မရွိေသာ ခႏၶာကိုယ္ႏွင့္ ျဖစ္ကာ.. သက္ေတာင့္သက္သာ ႏုိင္စြာျဖင့္ ႏိုးထလာခဲ့သည္။ ခ်က္ခ်င္း သတိရလုိက္မိတာက ေရွာင္ေညာင္ကို ျဖစ္ကာ.. အခန္းတြင္းကို လွည့္ပတ္ ၾကည့္မိေတာ့.. ေဆးကုသေသာ ေနရာတြင္ ျဖစ္ကာ.. ထိုေနရာမွ ထရပ္လုိက္သည္ႏွင့္ သူ႔အနားတြင္ လက္ပိုက္လ်က္ ရပ္ေနေသာ.. အစိမ္းေရာင္ ထုိနတ္သားက ေပၚလာသည္။
“မင္း..”
ေျပာလိုက္ရင္းမွ.. ထိုနတ္သားက.. ဟူအာ၏ ပုခံုးကို လက္ျဖင့္ ဖိကုိင္လိုက္သည္။ ျပီးေနာက္တြင္မွ..
“မင္းက ေတာ္ေတာ္ ၾကံ့ခိုင္တာပဲ.. အခု ဘာမွမျဖစ္ဘူး မဟုတ္လား..”
“ေရွာင္ေညာင္ေကာ..”
“အဲ့ေကာင္မေလးလား.. တကယ္ ရူးမုိက္တာပဲ.. ဟိုမွာ..”
လက္ညိဳးထိုးရာသို႔ လွမ္းၾကည့္လုိက္ေတာ့.. အနီေရာင္ အက်ႌေလးျဖင့္ သူမက သူ႔ကို ျပံဳးျပေနသည္။ သို႔ေသာ္ ကုတင္တြင္ ထိုင္ေနလ်က္သားျဖင့္သာ ျဖစ္၏။ သူမ၏ ေျခေထာက္ေလးတြင္ ပတ္တီးေလး စည္းထားတာကို ေတြ႔လုိက္မွ.. ဟူအာ.. ထိုင္ေနရာမွ ထရပ္လုိက္ျပီး.. သူမအနားသို႔ ေျပးသြားလုိက္သည္။
“မင္း ေျခေထာက္ ဒဏ္ရာရထားတယ္..”
“ဟုတ္တယ္ေလ.. ပံုမွန္ဆိုရင္ ေရွာင္ေညာင္ဖမ္းႏုိင္တယ္.. သခင္ကအေလးၾကီးမို႔.. ျပဳတ္က်သြားတာ..”
သူမကို သနားမိေသာ စိတ္ေလးပင္ ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္သြားေလေတာ့၏။ သနားဖို႔ မေကာင္းတဲ့ ေကာင္မေလး..၊
“သြားမယ္.. ငါတို႔.. ေနရာကို..”
လက္ရွိေက်ာင္းတြင္ ဘာေတြ ျဖစ္ပ်က္ေနမွန္း မသိေတာ့ေပ။ အမွန္ေျပာရလွ်င္ ဟူအာ အိမ္ျပန္ခ်င္ျပီ ျဖစ္၏။ ေရွာင္ေညာင္ကို ေပြ႔ခ်ီလိုက္ေတာ့ သူမက အလုိက္သင့္ေလး.. သူ႔လည္ပင္းကို သိုင္းဖက္လာသည္။
“သခင္.. သခင္ရံႈးသြားတာ ဆိုေပမယ့္ ဝမ္းနည္းဖို႔ မလိုပါဘူး..”
“ငါကလည္း ဝမ္းမနည္းပါဘူး..”
so good
replyခုထိအပိုင္းသစ္မတက္ဘူး အူးဝါး မစြဲေရလို႔😭
replyရှောင်ညောင်အားကိုးရတာ
replyမစြဲေရ မ်ားႀကီး မ်ားႀကီးေရးေပးပါ က်ဳိးဟူေလးကိုခ်စ္လို႔ 😢♥
replyအာ မြန်မြန်လေးသတိရပါတော့
replyso good
replyso good
reply