Part-11.2
မေးခွန်း-၁ လောက၏ပထမတန်းစားနတ်လက်နက် နှစ်မျိုး..
မေးခွန်း-၂ ရှေးဟောင်းနတ်ဘုရားများကို ကာကွယ်ပေးသည့် နတ်မင်း၏ အမည်
ဟူအာ ချက်ချင်းပင် ချရေးလိုက်ပြီးမှ.. အဖြေလွှာကို ချလိုက်သည်နှင့် ကျိုးလျန် နတ်မင်းထံသို့ ပျံဝဲသွား၏။ ပထမ အဖြေတွင်.. ကျိုးရင်း နတ်ဘုရားမ၏ ကောင်းကင်နဂါးပန်းနှင့် ကြယ်တာရာနတ်သခင်မ၏ ကြယ်တာရာဓားကို ရေးထားပြီး.. ဒုတိယအဖြေတွင်.. မျိုးနွယ်မဲ့ နတ်မင်း ဆစ်ကျီကို ရေးသားထားသည်။
ကျိုးလျန် နတ်မင်းက ဖန်းရှိုးဝိန်ထံမှ အဖြေကို ယူလိုက်ပြီးမှ.. ဖတ်ရှုကာ.. တစ်ချက်မျှ ပြုံးလိုက်ပြီးမှ..
“ရှေးဟောင်းနတ်ဘုရားများကို ကာကွယ်တဲ့ နတ်မင်းက သေချာပေါက် ငါမဟုတ်ဘူး.. စာသင်သား.. ပြီးတော့.. ပိုင်ဟုန်ဟူ.. မင်းဖြေထားတဲ့ အဖြေက လိုအပ်ချက် ရှိတယ်လို့ မထင်ဘူးလား..”
“မရှိဘူး..”
“သေချာလား..”
ဟူအာ သေချာစွာပင် ခေါင်းညိတ်လိုက်၏။ ပြီးမှ..
“ဆစ်ကျီ နတ်မင်းကို ဘယ်နေရာမှာမှ မျိုးနွယ်ထည့်ပြီး မရေးထားဘူး.. ဒါပေမယ့်.. သူက ကျိုးမျိုးနွယ်ဝင် ဖြစ်တယ် ဆိုတာကို စာအုပ်တစ်အုပ်မှာ ရေးထားတာ ဖတ်မိလိုက်တယ်.. ဒါပေမယ့် အဲ့တာက ဆစ်ကျီ နတ်မင်းကို ဂုဏ်ပြုထားတဲ့ စာတစ်ပိုင်းလေးမှာပဲ ရေးထားတာ အတိအလင်း ပြောဆိုပြီး မှတ်တမ်းတင်ထားတာ မဟုတ်တော့.. ဆစ်ကျီ နတ်မင်းကို ကျိုးဆစ်ကျီ နတ်မင်းလို ခေါ်ဝေါ်လို့ ရမရ.. မသေချာဘူး..”
ဟူအာ အတိအကျပင် ရှင်းလင်းပြပေးလိုက်သည်။ အခုက စစ်ဆေးရေးပွဲ ဆိုတော့ တိကျ သေချာတာကိုပဲ သုံးသင့်သည် ဆိုတာကိုပါ ကျိုးလျန် နတ်မင်းကို တစ်ခါတည်း အသိပေးလိုက်ခြင်း ဖြစ်၏။ သူပြောသမျှကို အောက်ဘက်မှ ရှောင်ညောင်နှင့်.. အစိမ်းရောင်.. နတ်သားကသာ လက်ခုတ်တီးလျက် အားပေး၏။ တခြား စာသင်သားများကတော့ တိတ်ဆိတ်စွာသာ ရှိနေသည်။ ကျိုးလျန် နတ်မင်းက.. ဆက်၍..
“ဝေါဟာရကို မေးရမယ် ဆိုရင်..”
ကျိုးလျန် နတ်မင်းက ထပ်၍.. မေးခွန်းတစ်ခုကို ရေးသားလိုက်သည်။ မေးခွန်းကို ရေးသားလိုက်သည်နှင့် ဖြေကြားရန် အဖြေလွှာက သူတို့ ရှေ့တွင် ထပ်ပြီး ပေါ်လာ၏။
မေးခွန်း- ကောင်းကင်နတ်တစ်ပါးသည် နတ်သူငယ်ထက် သာလွန်သည့် ထာဝရနတ်ဖြစ်လာလျှင်.. ယခုမှ မွှေးဖွားမည့် ထာဝရနတ်အား.. မည်သို့ ခေါ်ဝေါ်သင့်သနည်။ ဝေါဟာရကို တိကျစွာ ဖြေကြားပါ။
ကျိုးလျန် နတ်မင်းက ကောင်းကင်က နတ်တွေ အကြောင်းသာ မေးမြန်းထားခြင်းကို ဟူအာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသည်။ ဒါတွေက မျိုးနွယ်မတူလျှင် မသိနိုင်သော အကြောင်းအရာတွေ ဖြစ်သည်။
သို့သော် ဟူအာ အဖြေကို ဖြေကြားလိုက်၏။ ကျိုးလျန် နတ်မင်းက သူ့အဖြေလွှာကို ဆွဲယူပြီး.. အနည်းငယ် မျက်နှာ ပျက်သွား၏။ ပြီးနောက် ဖန်းရှိုးဝိန်၏ အဖြေလွှာကို ယူကြည့်လိုက်ပြီး..
“ညီလေး.. ဟုတ်လား.. ဖန်းရှိုးဝိန်.. မင်းက ထာဝရနတ်အချင်းချင်း ညီလေးလို့ပဲ ခေါ်ကြတယ် ထင်နေတာလား..”
ကျိုးလျန်က ဟူအာအား.. ကြည့်လာပြီး..
“ပိုင်ဟုန်ဟူ.. မင်းက.. ကောင်းကင်က နတ်လက်နက်အကြောင်းရော.. ပြီးတော့ တခြားအကြောင်းအရာတွေကိုပါ တော်တော် လေ့လာထားတယ်.. ထင်တယ်..”
ကျိုးလျန် နတ်မင်း မေးလိုက်တာကို.. ဟူအာ.. ခပ်ပြတ်ပြတ်သာ ဖြေကြားလိုက်သည်။
“ကျောင်းက စာကြည့်တိုက်ထဲက စာအုပ်တွေ အကုန် ဖတ်ကြည့်လိုက်တာ..”
“အကုန်.. ဟုတ်လား..”
“ဟုတ်တယ်..”
“ဒီနှစ်တွေမှာ.. မင်းတော်တော် ကြိုးစားခဲ့မှာပဲ စာကြည့်တိုက်ထဲက စာအုပ်တွေ အကုန်လုံးကို သိနားလည်အောင် လေ့လာဖို့က မလွယ်ဘူးလေ..”
“စာအုပ်အားလုံးကို တစ်ကြိမ်စီ ဖတ်လိုက်တာပါ..”
တစ်ကြိမ်စီ.. ဆိုတာက စာသင်သား အားလုံးအတွက် ထူးဆန်း သွားသော်လည်း.. ရင်းအာကတော့ မကျေမနပ် ဖြစ်မိသွား၏။ ~~ဒီကောင် ပေါက်စလေးက ယီမင်လိုမျိုး မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားတယ်လို့ လာပြီး ကြွားဝါနေတာလား.. မဖြစ်နိုင်တာ~~
နောက်ပွဲစဉ်က ကျိုးရန် နတ်သားနှင့် ဖန်းရှိုးဝိန်၏ ပြိုင်ပွဲမို့.. ဟူအာ ကျောက်သားထု ပေါ်မှ ဆင်းလာခဲ့သည်။ တို့နှစ်ဦးအတွက် ပြိုင်ပွဲက ဝေါဟာရနှင့် တေးသံဇဉ် ပေါင်းစပ် ပြိုင်ပွဲမို့ ပိုပြီး ခက်ခဲလေသည်။ သိပ်မကြာခင်မှာပဲ ပြိုင်ပွဲ၏ အနိုင်အရှုံးက ပေါ်လာသည်။ ကျိုးရန်နတ်သား၏ တေးသံဇဉ် ဖန်တီးမှုကို ဖန်းရှိုးဝိန်က မယှဉ်ပြိုင်နိုင်သည့် အပြင်.. ဝေါဟာရတွင်လည်း.. ကျိုးရန်၏ ဝေါဟာရဖန်တီးမှုကလည်း ပြိုင်စံရှားဖြစ်၏။
“မင်း ဒီပြိုင်ပွဲကို မယှဉ်ပြိုင်ရတာ တော်တော် ကံကောင်းသွားတယ်.. မဟုတ်ရင် မင်း ကျိုးရန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..”
အစိမ်းရောင် နတ်သား ပြောသော ထိုစကားကို ဟူအာ မငြင်းပဲ လက်ခံလိုက်ရသည်။ နောက်ထပ်တစ်ကြိမ်.. ကျောက်သားထုပေါ်သို့ ပြန်တက်တော့ ညနေပင် စောင်းလုပြီ ဖြစ်၏။ သူ အပေါ်သို့ မတက်မှီတွင်.. ဒူးတွေပင် တုန်ယင်လာသလို ခံစားရသည်။ တိုက်ခိုက်မှုနဲ့ နတ်အစွမ်းကို ပေါင်းထည့်ပြီး သူ့ထက် သာလွန်သော သူနှစ်ဦးက သူ့ကို တိုက်ခိုက်ရန် ဆိုသည်မှာ အလွန်အမင်း မှားယွင်းနေသည်ဟု ခံစားရလာသည်။
“သခင်.. မင်း သေချာပေါက် နိုင်မှာပါ..”
@@@@@@@@@@@@@@@@@@@
ရှောင်ညောင်က အခုထိ ဟူအာကို ကျိုးရန်နှင့် ဖန်းရှိုးဝိန်တို့ နှစ်ဦးအား.. အနိုင်ရရမည်ဟု တွေးနေဟန် ရှိကာ အော်ဟစ်အားပေးနေသည်။ အစိမ်းရောင်ဝတ် ထိုနတ်သားကပင် လက်နှစ်ဖက်ကို မြောက်လက် ရှောင်ညောင်၏ ပုံစံအတိုင်း လိုက်ပြီး အားပေးနေသေး၏။ ဒီနတ်နှစ်ပါးလုံး ရူးနေတာ ဆိုလျှင်.. သူ့အနားမှာ မနေကြဖို့ တစ်ခုခု လုပ်ဖို့ လိုနေသည်ဟု ဟူအာအား ခံစားမိစေသည်။ သို့သော် သူတို့ နှစ်ဦးလုံးက ရပ်တန့်ဖို့ နည်းနည်းမျှပင် တွေးတောဟန် မပေါ်ပေ။
တိုက်ခိုက်ရေး သီးသန့် ဆိုလျှင် ကျိုးရန်နှင့် ဖန်းရှိုးဝိန် နှစ်ဦးနှင့် သရေမျှ ကျနိုင်သေးသော်လည်း.. တိုက်ခိုက်ရေးနှင့် နတ်စွမ်းအားကို တွဲဖက်အဖြစ် ထားခြင်းက ဟူအာ ရူးသွားလျှင်တောင်မှ နိုင်နိုင်မည် မဟုတ်ပေ။ ဟူအာ အသုံးပြုနိုင်သော နတ်စွမ်းအားက အခုရေအားဖြင့် သေချာ ရေတွက်လျှင် တစ်ရာမျှပင် မပြည့်သည့်အပြင် ထိုအသုံးပြုနိုင်ပါသည် ဆိုသော နတ်စွမ်းအားများက သာမာန် နတ်စွမ်းအားမျှသာ ဖြစ်၏။
ဥပမာ ဆိုရလျှင် မီးမွှေးခြင်း..၊ မီးမွှေးခြင်း ဆိုတာက မိုးကြိုး ဒါမှမဟုတ် လျှပ်စီးငယ်ကို ဆင့်ခေါ်နိုင်တာမျိုး မဟုတ်ပဲနှင့် ရိုးရိုးသာမာန် မီးကိုသာ မွှေးနိုင်ခြင်း ဖြစ်သည်။ ထိုမီးတောက်သည် နတ်သူငယ်တိုင်း ဖန်တီးနိုင်သော အပြာရောင် မီးတောက်ပင် မဟုတ်ပဲ ဟင်းချက်ရာတွင် အသုံးပြုသည့် အနီရောင်မီးတောက်သာ ဖြစ်လေသည်။ နတ်ဆေးပင် ကျိုလို့ မရသော ထိုအနီရောင်မီးတောက်ကိုသာ ဖန်တီးနိုင်သော သူက ထာဝရနတ် တစ်ပါးနှင့် လူသားဖြစ်သော်လည်း နတ်ဖြစ်ရန် လေ့ကျင့်ရသည့် အဆင့်ကိုးဆင့်တွင်.. အဆင့်ခုနှစ် ဒါမှမဟုတ် အဆင့်ခြောက်မျှ ရှိပြီ ဖြစ်သော လူသား..၊ ထိုနှစ်ဦးကို သူက တိုက်ခိုက်ရမည် ဆိုတော့ တွေးကြည့်လျှင်.. ဒါက ဘယ်လိုမှ မနိုင်နိုင်သော ပွဲတစ်ခုသာ ဖြစ်သည်။
“ညီလေး.. မင်း အခုချိန် အရှုံးပေးရမယ် ဆိုရင်.. မှီသေးတယ်နော်..”
ဖန်းရှိုးဝိန်က သူ့အား အထင်မြင်သေးသော.. စကားကို လှပစွာ စီကုံး၍ ပြောလာသည်။ ဟူအာ ဒီတစ်ပွဲကို အရှုံးပေးလိုက်လျှင် လွန်ခဲ့သော နှစ်ပွဲဆက်တိုက် နိုင်ထားသော သူ၏ ကံကောင်းခြင်းတွေကို ဖျက်စီးပစ်ရာ ကျမည် ဖြစ်၏။ ထို့ကြောင့် ညင်သာစွာ ခေါင်းယမ်းလိုက်၏။
ကျိုးရန်ကတော့ တိတ်ဆိတ်စွာဖြင့်သာ.. ဆယ့်လေးမိုင် ရေကန်အတွင်းမှ.. ရေတချို့ကို.. နတ်အစွမ်းဖြင့် ဆွဲယူလိုက်ပြီး.. လက်အတွင်းဝယ်.. လှပသော ရေခဲဓားကို ဖန်တီးလိုက်သည်။ ထိုရေခဲဓားက ကျဆင်းနေပြီ ဖြစ်သော နေရောင်အောက်တွင် တောက်ပနေ၏။ လေပြည် အနည်းငယ် ဝေ့ဝဲနေသဖြင့် ကျိုးရန်၏ ဆံနွယ်တို့က လေအလွင့်တွင် တလူးလူး ဖြစ်နေခြင်းက သူ၏ အရှိန်အဝါကို ပိုပြီး ခန့်ထည်စေသည်။ ဒါက ကျိုးမျိုးနွယ်တို့၏ လက်နက်မပါလျှင် ရေကို ဆင့်ခေါ်သော တိုက်ခိုက်ခြင်းဆိုတာကို ဟူအာ ကြားဖူးပြီး ဖြစ်သည်။ ခက်တာက ဟူအာအနေနှင့် ထိုသို့ နတ်လက်နက်ကို ဖန်တီးနိုင်စွမ်း မရှိခြင်းပင် ဖြစ်သည်။
ဖန်းရှိုးဝိန် ကလည်း ကျိုးရန်ကို တစ်ချက် ကြည့်လိုက်ပြီးမှ.. လက်ကို ဆန့်တန်းလိုက်သည်။ သူ့လက်အတွင်းသို့ အဝေးမှ လျင်မြန်စွာ ပြေးလွှားလာသော.. ငွေမှင်ရောင် ဓားပါးလေး တစ်ချောင်းက ရောက်ရှိလာသည်။ ဒါက လူသားတို့၏ ဆင့်ခေါ် မန္တာန်ဖြင့်.. အဝေးမှ လက်နက်ကို ရောက်ရှိစေခြင်း ဖြစ်သည်။ နတ်တစ်ပါးပါးက ဆင့်ခေါ်လျှင် ထိုနတ်၏ ကိုယ်ပိုင်ပစ္စည်းသည် အကောင်အထည် မမြင်ရပဲ လက်အတွင်းတွင် ပေါ်လာမည် ဖြစ်သော်လည်း လူသားတို့၏ မန္တာန်ဖြင့် ဆင့်ခေါ်လျှင်.. ထိုပစ္စည်းက အခိုးအငွေ့အနေနှင့် ပေါ်လာမည် မဟုတ်ပဲ ရောက်ရှိနေသော နေရာမှ အလျင်အမြန် ပြေးလွှားကာ ရောက်လာမည် ဖြစ်သည်။ ထိုသို့ ပြေးလွှားလာခြင်း ကလည်း.. ဆင့်ခေါ်သူ၏ နတ်စွမ်းအားအလိုက် လျင်မြန်ခြင်း နှေးကွေးခြင်းတို့ ကွာခြားသေးသည်။
ဖန်းရှိုးဝိန်၏ ဓားပါးလေး၏ လျင်မြန်မှုက ပြောရလျှင် လူသားတို့အတွက်.. လျင်မြန်သည်ဟု ဆိုရမည်။ ထို့အတွက် သူ့အဆင့်ကလည်း နတ်အစွမ်း မသေးမှန်း သိသင့်သည်။ နောက်ဆုံးတွင် လူသားကဲ့သို့ လက်နက်ကို မဆင့်ခေါ်နိုင်သလို ကျိုးရန် နတ်သားကဲ့သို့လည်း လက်နက်ကို မဖန်တီးနိုင်သော ဟူအာသာ လက်နက် ပြုလုပ်ရန် အလှည့် ကျလာသည်။
ကံဆိုးစွာဖြင့် လက်နက် တစ်ခုခုကို ကြိုတင် ပြင်ဆင်ထားမိခြင်း သူ့ထံတွင် မရှိပေ။ ထို့ကြောင့် သူ့တွင် လက်နက်တစ်ခုခု ရယူရန် မရှိပေ။ သို့သော် လက်နက်မပါပဲ တိုက်ခြင်းက တစ်ဖက် ပြိုင်ဘက်ကို အထင်သေးရာ ကျလေသည်။ ဟူအာ.. ခေါင်းတွင် စည်းထားသော.. အနီရောင်ကြိုးကို ဖြည်ချလိုက်သည်။ ထိုအခါတွင်.. သူ့ဆံပင်တွေ အားလုံးက လေအဝှေ့တွင်.. ပျံဝဲနေသော.. ပိုးကြိုးများလို.. တလွင့်လွင့်နှင့် ပျံသန်းသွားတော့သည်။ သို့သော်.. ဆံပင်မှ အနီရောင်ကြိုးက တိုလွန်းနေသေးသည်။ ထို့အတွက်.. ခါးစည်းကြိုးကိုပါ ဖြည်ချလိုက်သည်။ ခါးစည်းကြိုးမရှိတော့သော သူ့အကျႌစတွေက နှင်းကာ ဝတ်ရုံလို ဖြစ်သွားကာ.. အဖြူအနီစပ်ထားသော ဝတ်ရုံက သူ့ခန္ဓာကိုယ်တွင် ပျံဝဲနေတော့၏။
ပွဲကြည့်သူတွေ အားလုံးက ဟူအာ လုပ်နေသမျှကို လိုက်ကြည့်နေကြသည်။ အစိမ်းရောင် နတ်သားက သာမာန်လူတို့ တက်ကြည့်ခွင့် မရှိသော ပွဲကြည့်စင်ပေါ်သို့ တက်သွား၏။ ကျိုးရင်း နတ်ဘုရားမ၏ အနီးတွင် လက်ကို နောက်ပစ်လျက် သွားပြီး ရပ်နေလိုက်သည်။ ပြီးမှ ခါးကို ငုံ့ကိုင်းလျက်.. ရင်းအာအား..
“သူက တစ်ယောက်ယောက်နဲ့ တူတယ်.. မင်းသိလား..”
ရင်းအာက မျက်မှောင်ကုတ်လိုက်ပြီးမှ..
“မင်းက ဘယ်သူလဲ..”
“ငါ ဘယ်သူလဲ ဆိုတာက အရေးတကြီး မရှိပါဘူး.. မင်းကို ငါသိတယ်.. မင်းက ရင်းဖန့်အော်ရဲ့ မျက်လုံးတွေနဲ့ တစ်ပုံစံအတိုင်းပဲ.. လှတယ်.. နှုတ်ခမ်းတွေကတော့ မင်းအဖေနဲ့ တူတယ်..”
ရင်းအာက နှုတ်ခမ်းလေး တစ်ချက်မျှ ကွေးလိုက်ပြီးမှ..
“ငါဘယ်သူလဲ ဆိုတာကို သိတဲ့ နတ်တိုင်းက ငါ့ကို အရိုအသေပေးရမယ်.. မင်း နားမလည်ဘူးလား..”
“မင်းငါ့ကို တကယ်ကြီး.. အရိုအသေပေးစေချင် နေတာလား.. မင်းရဲ့ ခေါင်းကိုင်အဖေကိုလေ.. ထားလိုက်ပါ.. အဲ့ဒီကောင်လေးဆီမှာ.. ကျိုးလွီရဲ့ ပုံရိပ်တွေကို တွေ့နေရတယ်..”
ဒီစကားကိုတော့.. ရင်းအာက ချက်ချင်းပင် ငြင်းဆန်ဖို့ ပြင်လိုက်သည်။
“ငါ့အဖေနဲ့ တူညီတယ်လို့ ထင်မြင်နေတယ် ဆိုတာက မင်းငါ့ကို မရိုမသေ လုပ်နေရာ မကျဘူးလား..”
“ငါက ငါ့အမြင်ကိုပဲ ပြောနေတာပါ.. ကျိုးလွီ.. သူက မင်းအဖေ မဟုတ်လား..”
“ငါ့မှာ ခေါင်းကိုင်အဖေ ရှိတယ် ဆိုတာကို.. တစ်ခါမှ မကြားဖူးဘူး..”
“သေချာတာပေါ့ မင်း မကြားဖူးဘူး ဆိုတာ လုံးဝ သေချာတယ်.. ဒါပေမယ့် ငါက မင်းရဲ့ ခေါင်းကိုင်အဖေပဲ.. ပြောရရင်.. အသုံးမကျတဲ့ ခေါင်းကိုင်အဖေပဲလေ.. မင်းအသက်ဘယ်လောက် ရှိလဲ ဆိုတာရယ်.. မင်းက ဘယ်လို ပုံစံလဲ ဆိုတာရယ်ကို မသိဘူး.. အခုမှ တစ်ကြိမ်ပဲ တွေ့ဖူးသေးတာ.. ဒါပေမယ့် မင်းက မထင်ထားလောက်အောင်ကို နတ်စွမ်းအားပြင်းနေတယ်..”
“မင်း ဘယ်သူလဲ..”
Zawgyi
Part-11.2
ေမးခြန္း-၁ ေလာက၏ပထမတန္းစားနတ္လက္နက္ ႏွစ္မ်ိဳး..
ေမးခြန္း-၂ ေရွးေဟာင္းနတ္ဘုရားမ်ားကို ကာကြယ္ေပးသည့္ နတ္မင္း၏ အမည္
ဟူအာ ခ်က္ခ်င္းပင္ ခ်ေရးလုိက္ျပီးမွ.. အေျဖလႊာကို ခ်လိုက္သည္ႏွင့္ က်ိဳးလ်န္ နတ္မင္းထံသို႔ ပ်ံဝဲသြား၏။ ပထမ အေျဖတြင္.. က်ိဳးရင္း နတ္ဘုရားမ၏ ေကာင္းကင္နဂါးပန္းႏွင့္ ၾကယ္တာရာနတ္သခင္မ၏ ၾကယ္တာရာဓားကို ေရးထားျပီး.. ဒုတိယအေျဖတြင္.. မ်ိဳးႏြယ္မဲ့ နတ္မင္း ဆစ္က်ီကို ေရးသားထားသည္။
က်ိဳးလ်န္ နတ္မင္းက ဖန္းရိႈးဝိန္ထံမွ အေျဖကို ယူလိုက္ျပီးမွ.. ဖတ္ရႈကာ.. တစ္ခ်က္မွ် ျပံဳးလုိက္ျပီးမွ..
“ေရွးေဟာင္းနတ္ဘုရားမ်ားကို ကာကြယ္တဲ့ နတ္မင္းက ေသခ်ာေပါက္ ငါမဟုတ္ဘူး.. စာသင္သား.. ျပီးေတာ့.. ပိုင္ဟုန္ဟူ.. မင္းေျဖထားတဲ့ အေျဖက လိုအပ္ခ်က္ ရွိတယ္လို႔ မထင္ဘူးလား..”
“မရွိဘူး..”
“ေသခ်ာလား..”
ဟူအာ ေသခ်ာစြာပင္ ေခါင္းညိတ္လုိက္၏။ ျပီးမွ..
“ဆစ္က်ီ နတ္မင္းကို ဘယ္ေနရာမွာမွ မ်ိဳးႏြယ္ထည့္ျပီး မေရးထားဘူး.. ဒါေပမယ့္.. သူက က်ိဳးမ်ိဳးႏြယ္ဝင္ ျဖစ္တယ္ ဆိုတာကို စာအုပ္တစ္အုပ္မွာ ေရးထားတာ ဖတ္မိလုိက္တယ္.. ဒါေပမယ့္ အဲ့တာက ဆစ္က်ီ နတ္မင္းကို ဂုဏ္ျပဳထားတဲ့ စာတစ္ပိုင္းေလးမွာပဲ ေရးထားတာ အတိအလင္း ေျပာဆိုျပီး မွတ္တမ္းတင္ထားတာ မဟုတ္ေတာ့.. ဆစ္က်ီ နတ္မင္းကို က်ိဳးဆစ္က်ီ နတ္မင္းလို ေခၚေဝၚလို႔ ရမရ.. မေသခ်ာဘူး..”
ဟူအာ အတိအက်ပင္ ရွင္းလင္းျပေပးလုိက္သည္။ အခုက စစ္ေဆးေရးပြဲ ဆုိေတာ့ တိက် ေသခ်ာတာကိုပဲ သံုးသင့္သည္ ဆုိတာကိုပါ က်ိဳးလ်န္ နတ္မင္းကို တစ္ခါတည္း အသိေပးလိုက္ျခင္း ျဖစ္၏။ သူေျပာသမွ်ကို ေအာက္ဘက္မွ ေရွာင္ေညာင္ႏွင့္.. အစိမ္းေရာင္.. နတ္သားကသာ လက္ခုတ္တီးလ်က္ အားေပး၏။ တျခား စာသင္သားမ်ားကေတာ့ တိတ္ဆိတ္စြာသာ ရွိေနသည္။ က်ိဳးလ်န္ နတ္မင္းက.. ဆက္၍..
“ေဝါဟာရကို ေမးရမယ္ ဆိုရင္..”
က်ိဳးလ်န္ နတ္မင္းက ထပ္၍.. ေမးခြန္းတစ္ခုကို ေရးသားလုိက္သည္။ ေမးခြန္းကို ေရးသားလုိက္သည္ႏွင့္ ေျဖၾကားရန္ အေျဖလႊာက သူတို႔ ေရွ႕တြင္ ထပ္ျပီး ေပၚလာ၏။
ေမးခြန္း- ေကာင္းကင္နတ္တစ္ပါးသည္ နတ္သူငယ္ထက္ သာလြန္သည့္ ထာဝရနတ္ျဖစ္လာလွ်င္.. ယခုမွ ေမႊးဖြားမည့္ ထာဝရနတ္အား.. မည္သို႔ ေခၚေဝၚသင့္သနည္။ ေဝါဟာရကို တိက်စြာ ေျဖၾကားပါ။
က်ိဳးလ်န္ နတ္မင္းက ေကာင္းကင္က နတ္ေတြ အေၾကာင္းသာ ေမးျမန္းထားျခင္းကို ဟူအာ အနည္းငယ္ စိတ္အေႏွာင့္အယွက္ ျဖစ္မိသည္။ ဒါေတြက မ်ိဳးႏြယ္မတူလွ်င္ မသိႏုိင္ေသာ အေၾကာင္းအရာေတြ ျဖစ္သည္။
သို႔ေသာ္ ဟူအာ အေျဖကို ေျဖၾကားလိုက္၏။ က်ိဳးလ်န္ နတ္မင္းက သူ႔အေျဖလႊာကို ဆြဲယူျပီး.. အနည္းငယ္ မ်က္ႏွာ ပ်က္သြား၏။ ျပီးေနာက္ ဖန္းရိႈးဝိန္၏ အေျဖလႊာကို ယူၾကည့္လုိက္ျပီး..
“ညီေလး.. ဟုတ္လား.. ဖန္းရိႈးဝိန္.. မင္းက ထာဝရနတ္အခ်င္းခ်င္း ညီေလးလို႔ပဲ ေခၚၾကတယ္ ထင္ေနတာလား..”
က်ိဳးလ်န္က ဟူအာအား.. ၾကည့္လာျပီး..
“ပိုင္ဟုန္ဟူ.. မင္းက.. ေကာင္းကင္က နတ္လက္နက္အေၾကာင္းေရာ.. ျပီးေတာ့ တျခားအေၾကာင္းအရာေတြကိုပါ ေတာ္ေတာ္ ေလ့လာထားတယ္.. ထင္တယ္..”
က်ိဳးလ်န္ နတ္မင္း ေမးလုိက္တာကို.. ဟူအာ.. ခပ္ျပတ္ျပတ္သာ ေျဖၾကားလုိက္သည္။
“ေက်ာင္းက စာၾကည့္တိုက္ထဲက စာအုပ္ေတြ အကုန္ ဖတ္ၾကည့္လုိက္တာ..”
“အကုန္.. ဟုတ္လား..”
“ဟုတ္တယ္..”
“ဒီႏွစ္ေတြမွာ.. မင္းေတာ္ေတာ္ ၾကိဳးစားခဲ့မွာပဲ စာၾကည့္တုိက္ထဲက စာအုပ္ေတြ အကုန္လံုးကို သိနားလည္ေအာင္ ေလ့လာဖို႔က မလြယ္ဘူးေလ..”
“စာအုပ္အားလံုးကို တစ္ၾကိမ္စီ ဖတ္လိုက္တာပါ..”
တစ္ၾကိမ္စီ.. ဆိုတာက စာသင္သား အားလံုးအတြက္ ထူးဆန္း သြားေသာ္လည္း.. ရင္းအာကေတာ့ မေက်မနပ္ ျဖစ္မိသြား၏။ ~~ဒီေကာင္ ေပါက္စေလးက ယီမင္လိုမ်ိဳး မွတ္ဉာဏ္ကို ပိုင္ဆိုင္ထားတယ္လို႔ လာျပီး ၾကြားဝါေနတာလား.. မျဖစ္ႏုိင္တာ~~
ေနာက္ပြဲစဥ္က က်ိဳးရန္ နတ္သားႏွင့္ ဖန္းရိႈးဝိန္၏ ျပိဳင္ပြဲမို႔.. ဟူအာ ေက်ာက္သားထု ေပၚမွ ဆင္းလာခဲ့သည္။ တို႔ႏွစ္ဦးအတြက္ ျပိဳင္ပြဲက ေဝါဟာရႏွင့္ ေတးသံဇဥ္ ေပါင္းစပ္ ျပိဳင္ပြဲမို႔ ပိုျပီး ခက္ခဲေလသည္။ သိပ္မၾကာခင္မွာပဲ ျပိဳင္ပြဲ၏ အႏုိင္အရံႈးက ေပၚလာသည္။ က်ိဳးရန္နတ္သား၏ ေတးသံဇဥ္ ဖန္တီးမႈကို ဖန္းရႈိးဝိန္က မယွဥ္ျပိဳင္ႏုိင္သည့္ အျပင္.. ေဝါဟာရတြင္လည္း.. က်ိဳးရန္၏ ေဝါဟာရဖန္တီးမႈကလည္း ျပိဳင္စံရွားျဖစ္၏။
“မင္း ဒီျပိဳင္ပြဲကို မယွဥ္ျပိဳင္ရတာ ေတာ္ေတာ္ ကံေကာင္းသြားတယ္.. မဟုတ္ရင္ မင္း က်ိဳးရန္ကို ယွဥ္ႏုိင္မွာ မဟုတ္ဘူး..”
အစိမ္းေရာင္ နတ္သား ေျပာေသာ ထိုစကားကို ဟူအာ မျငင္းပဲ လက္ခံလုိက္ရသည္။ ေနာက္ထပ္တစ္ၾကိမ္.. ေက်ာက္သားထုေပၚသို႔ ျပန္တက္ေတာ့ ညေနပင္ ေစာင္းလုျပီ ျဖစ္၏။ သူ အေပၚသို႔ မတက္မွီတြင္.. ဒူးေတြပင္ တုန္ယင္လာသလို ခံစားရသည္။ တိုက္ခိုက္မႈနဲ႔ နတ္အစြမ္းကို ေပါင္းထည့္ျပီး သူ႔ထက္ သာလြန္ေသာ သူႏွစ္ဦးက သူ႔ကို တိုက္ခိုက္ရန္ ဆိုသည္မွာ အလြန္အမင္း မွားယြင္းေနသည္ဟု ခံစားရလာသည္။
“သခင္.. မင္း ေသခ်ာေပါက္ ႏိုင္မွာပါ..”
@@@@@@@@@@@@@@@@@@@
ေရွာင္ေညာင္က အခုထိ ဟူအာကို က်ိဳးရန္ႏွင့္ ဖန္းရႈိးဝိန္တို႔ ႏွစ္ဦးအား.. အႏုိင္ရရမည္ဟု ေတြးေနဟန္ ရွိကာ ေအာ္ဟစ္အားေပးေနသည္။ အစိမ္းေရာင္ဝတ္ ထိုနတ္သားကပင္ လက္ႏွစ္ဖက္ကို ေျမာက္လက္ ေရွာင္ေညာင္၏ ပံုစံအတုိင္း လုိက္ျပီး အားေပးေနေသး၏။ ဒီနတ္ႏွစ္ပါးလံုး ရူးေနတာ ဆိုလွ်င္.. သူ႔အနားမွာ မေနၾကဖို႔ တစ္ခုခု လုပ္ဖို႔ လုိေနသည္ဟု ဟူအာအား ခံစားမိေစသည္။ သို႔ေသာ္ သူတို႔ ႏွစ္ဦးလံုးက ရပ္တန္႔ဖို႔ နည္းနည္းမွ်ပင္ ေတြးေတာဟန္ မေပၚေပ။
တိုက္ခုိက္ေရး သီးသန္႔ ဆိုလွ်င္ က်ိဳးရန္ႏွင့္ ဖန္းရိႈးဝိန္ ႏွစ္ဦးႏွင့္ သေရမွ် က်ႏုိင္ေသးေသာ္လည္း.. တိုက္ခိုက္ေရးႏွင့္ နတ္စြမ္းအားကို တြဲဖက္အျဖစ္ ထားျခင္းက ဟူအာ ရူးသြားလွ်င္ေတာင္မွ ႏုိင္ႏုိင္မည္ မဟုတ္ေပ။ ဟူအာ အသံုးျပဳႏုိင္ေသာ နတ္စြမ္းအားက အခုေရအားျဖင့္ ေသခ်ာ ေရတြက္လွ်င္ တစ္ရာမွ်ပင္ မျပည့္သည့္အျပင္ ထိုအသံုးျပဳႏုိင္ပါသည္ ဆိုေသာ နတ္စြမ္းအားမ်ားက သာမာန္ နတ္စြမ္းအားမွ်သာ ျဖစ္၏။
ဥပမာ ဆိုရလွ်င္ မီးေမႊးျခင္း..၊ မီးေမႊးျခင္း ဆိုတာက မိုးၾကိဳး ဒါမွမဟုတ္ လွ်ပ္စီးငယ္ကို ဆင့္ေခၚႏုိင္တာမ်ိဳး မဟုတ္ပဲႏွင့္ ရိုးရိုးသာမာန္ မီးကိုသာ ေမႊးႏုိင္ျခင္း ျဖစ္သည္။ ထိုမီးေတာက္သည္ နတ္သူငယ္တိုင္း ဖန္တီးႏုိင္ေသာ အျပာေရာင္ မီးေတာက္ပင္ မဟုတ္ပဲ ဟင္းခ်က္ရာတြင္ အသံုးျပဳသည့္ အနီေရာင္မီးေတာက္သာ ျဖစ္ေလသည္။ နတ္ေဆးပင္ က်ိဳလို႔ မရေသာ ထိုအနီေရာင္မီးေတာက္ကိုသာ ဖန္တီးႏုိင္ေသာ သူက ထာဝရနတ္ တစ္ပါးႏွင့္ လူသားျဖစ္ေသာ္လည္း နတ္ျဖစ္ရန္ ေလ့က်င့္ရသည့္ အဆင့္ကိုးဆင့္တြင္.. အဆင့္ခုႏွစ္ ဒါမွမဟုတ္ အဆင့္ေျခာက္မွ် ရွိျပီ ျဖစ္ေသာ လူသား..၊ ထိုႏွစ္ဦးကို သူက တိုက္ခုိက္ရမည္ ဆိုေတာ့ ေတြးၾကည့္လွ်င္.. ဒါက ဘယ္လိုမွ မႏုိင္ႏုိင္ေသာ ပြဲတစ္ခုသာ ျဖစ္သည္။
“ညီေလး.. မင္း အခုခ်ိန္ အရႈံးေပးရမယ္ ဆိုရင္.. မွီေသးတယ္ေနာ္..”
ဖန္းရိႈးဝိန္က သူ႔အား အထင္ျမင္ေသးေသာ.. စကားကို လွပစြာ စီကံုး၍ ေျပာလာသည္။ ဟူအာ ဒီတစ္ပြဲကို အရံႈးေပးလုိက္လွ်င္ လြန္ခဲ့ေသာ ႏွစ္ပြဲဆက္တိုက္ ႏုိင္ထားေသာ သူ၏ ကံေကာင္းျခင္းေတြကို ဖ်က္စီးပစ္ရာ က်မည္ ျဖစ္၏။ ထို႔ေၾကာင့္ ညင္သာစြာ ေခါင္းယမ္းလုိက္၏။
က်ိဳးရန္ကေတာ့ တိတ္ဆိတ္စြာျဖင့္သာ.. ဆယ့္ေလးမိုင္ ေရကန္အတြင္းမွ.. ေရတခ်ိဳ႕ကို.. နတ္အစြမ္းျဖင့္ ဆြဲယူလုိက္ျပီး.. လက္အတြင္းဝယ္.. လွပေသာ ေရခဲဓားကို ဖန္တီးလိုက္သည္။ ထိုေရခဲဓားက က်ဆင္းေနျပီ ျဖစ္ေသာ ေနေရာင္ေအာက္တြင္ ေတာက္ပေန၏။ ေလျပည္ အနည္းငယ္ ေဝ့ဝဲေနသျဖင့္ က်ိဳးရန္၏ ဆံႏြယ္တို႔က ေလအလြင့္တြင္ တလူးလူး ျဖစ္ေနျခင္းက သူ၏ အရွိန္အဝါကို ပိုျပီး ခန္႔ထည္ေစသည္။ ဒါက က်ိဳးမ်ိဳးႏြယ္တို႔၏ လက္နက္မပါလွ်င္ ေရကို ဆင့္ေခၚေသာ တုိက္ခိုက္ျခင္းဆုိတာကို ဟူအာ ၾကားဖူးျပီး ျဖစ္သည္။ ခက္တာက ဟူအာအေနႏွင့္ ထိုသို႔ နတ္လက္နက္ကို ဖန္တီးႏုိင္စြမ္း မရွိျခင္းပင္ ျဖစ္သည္။
ဖန္းရိႈးဝိန္ ကလည္း က်ိဳးရန္ကို တစ္ခ်က္ ၾကည့္လုိက္ျပီးမွ.. လက္ကို ဆန္႔တန္းလုိက္သည္။ သူ႔လက္အတြင္းသို႔ အေဝးမွ လ်င္ျမန္စြာ ေျပးလႊားလာေသာ.. ေငြမွင္ေရာင္ ဓားပါးေလး တစ္ေခ်ာင္းက ေရာက္ရွိလာသည္။ ဒါက လူသားတို႔၏ ဆင့္ေခၚ မႏၱာန္ျဖင့္.. အေဝးမွ လက္နက္ကို ေရာက္ရွိေစျခင္း ျဖစ္သည္။ နတ္တစ္ပါးပါးက ဆင့္ေခၚလွ်င္ ထိုနတ္၏ ကိုယ္ပိုင္ပစၥည္းသည္ အေကာင္အထည္ မျမင္ရပဲ လက္အတြင္းတြင္ ေပၚလာမည္ ျဖစ္ေသာ္လည္း လူသားတို႔၏ မႏၱာန္ျဖင့္ ဆင့္ေခၚလွ်င္.. ထိုပစၥည္းက အခိုးအေငြ႔အေနႏွင့္ ေပၚလာမည္ မဟုတ္ပဲ ေရာက္ရွိေနေသာ ေနရာမွ အလ်င္အျမန္ ေျပးလႊားကာ ေရာက္လာမည္ ျဖစ္သည္။ ထိုသို႔ ေျပးလႊားလာျခင္း ကလည္း.. ဆင့္ေခၚသူ၏ နတ္စြမ္းအားအလိုက္ လ်င္ျမန္ျခင္း ေႏွးေကြးျခင္းတို႔ ကြာျခားေသးသည္။
ဖန္းရိႈးဝိန္၏ ဓားပါးေလး၏ လ်င္ျမန္မႈက ေျပာရလွ်င္ လူသားတို႔အတြက္.. လ်င္ျမန္သည္ဟု ဆိုရမည္။ ထို႔အတြက္ သူ႔အဆင့္ကလည္း နတ္အစြမ္း မေသးမွန္း သိသင့္သည္။ ေနာက္ဆံုးတြင္ လူသားကဲ့သို႔ လက္နက္ကို မဆင့္ေခၚႏုိင္သလို က်ိဳးရန္ နတ္သားကဲ့သို႔လည္း လက္နက္ကို မဖန္တီးႏုိင္ေသာ ဟူအာသာ လက္နက္ ျပဳလုပ္ရန္ အလွည့္ က်လာသည္။
ကံဆိုးစြာျဖင့္ လက္နက္ တစ္ခုခုကို ၾကိဳတင္ ျပင္ဆင္ထားမိျခင္း သူ႔ထံတြင္ မရွိေပ။ ထို႔ေၾကာင့္ သူ႔တြင္ လက္နက္တစ္ခုခု ရယူရန္ မရွိေပ။ သို႔ေသာ္ လက္နက္မပါပဲ တုိက္ျခင္းက တစ္ဖက္ ျပိဳင္ဘက္ကို အထင္ေသးရာ က်ေလသည္။ ဟူအာ.. ေခါင္းတြင္ စည္းထားေသာ.. အနီေရာင္ၾကိဳးကို ျဖည္ခ်လိုက္သည္။ ထိုအခါတြင္.. သူ႔ဆံပင္ေတြ အားလံုးက ေလအေဝွ႔တြင္.. ပ်ံဝဲေနေသာ.. ပိုးၾကိဳးမ်ားလို.. တလြင့္လြင့္ႏွင့္ ပ်ံသန္းသြားေတာ့သည္။ သို႔ေသာ္.. ဆံပင္မွ အနီေရာင္ၾကိဳးက တိုလြန္းေနေသးသည္။ ထို႔အတြက္.. ခါးစည္းၾကိဳးကိုပါ ျဖည္ခ်လုိက္သည္။ ခါးစည္းၾကိဳးမရွိေတာ့ေသာ သူ႔အက်ႌစေတြက ႏွင္းကာ ဝတ္ရံုလို ျဖစ္သြားကာ.. အျဖဴအနီစပ္ထားေသာ ဝတ္ရံုက သူ႔ခႏၶာကိုယ္တြင္ ပ်ံဝဲေနေတာ့၏။
ပြဲၾကည့္သူေတြ အားလံုးက ဟူအာ လုပ္ေနသမွ်ကို လုိက္ၾကည့္ေနၾကသည္။ အစိမ္းေရာင္ နတ္သားက သာမာန္လူတို႔ တက္ၾကည့္ခြင့္ မရွိေသာ ပြဲၾကည့္စင္ေပၚသို႔ တက္သြား၏။ က်ိဳးရင္း နတ္ဘုရားမ၏ အနီးတြင္ လက္ကို ေနာက္ပစ္လ်က္ သြားျပီး ရပ္ေနလုိက္သည္။ ျပီးမွ ခါးကို ငံု႔ကိုင္းလ်က္.. ရင္းအာအား..
“သူက တစ္ေယာက္ေယာက္နဲ႔ တူတယ္.. မင္းသိလား..”
ရင္းအာက မ်က္ေမွာင္ကုတ္လိုက္ျပီးမွ..
“မင္းက ဘယ္သူလဲ..”
“ငါ ဘယ္သူလဲ ဆုိတာက အေရးတၾကီး မရွိပါဘူး.. မင္းကို ငါသိတယ္.. မင္းက ရင္းဖန္႔ေအာ္ရဲ႕ မ်က္လံုးေတြနဲ႔ တစ္ပံုစံအတုိင္းပဲ.. လွတယ္.. ႏႈတ္ခမ္းေတြကေတာ့ မင္းအေဖနဲ႔ တူတယ္..”
ရင္းအာက ႏႈတ္ခမ္းေလး တစ္ခ်က္မွ် ေကြးလုိက္ျပီးမွ..
“ငါဘယ္သူလဲ ဆိုတာကို သိတဲ့ နတ္တိုင္းက ငါ့ကို အရိုအေသေပးရမယ္.. မင္း နားမလည္ဘူးလား..”
“မင္းငါ့ကို တကယ္ၾကီး.. အရိုအေသေပးေစခ်င္ ေနတာလား.. မင္းရဲ႕ ေခါင္းကိုင္အေဖကိုေလ.. ထားလုိက္ပါ.. အဲ့ဒီေကာင္ေလးဆီမွာ.. က်ိဳးလြီရဲ႕ ပံုရိပ္ေတြကို ေတြ႔ေနရတယ္..”
ဒီစကားကုိေတာ့.. ရင္းအာက ခ်က္ခ်င္းပင္ ျငင္းဆန္ဖို႔ ျပင္လုိက္သည္။
“ငါ့အေဖနဲ႔ တူညီတယ္လို႔ ထင္ျမင္ေနတယ္ ဆုိတာက မင္းငါ့ကို မရိုမေသ လုပ္ေနရာ မက်ဘူးလား..”
“ငါက ငါ့အျမင္ကိုပဲ ေျပာေနတာပါ.. က်ိဳးလြီ.. သူက မင္းအေဖ မဟုတ္လား..”
“ငါ့မွာ ေခါင္းကိုင္အေဖ ရွိတယ္ ဆုိတာကို.. တစ္ခါမွ မၾကားဖူးဘူး..”
“ေသခ်ာတာေပါ့ မင္း မၾကားဖူးဘူး ဆုိတာ လံုးဝ ေသခ်ာတယ္.. ဒါေပမယ့္ ငါက မင္းရဲ႕ ေခါင္းကိုင္အေဖပဲ.. ေျပာရရင္.. အသံုးမက်တဲ့ ေခါင္းကိုင္အေဖပဲေလ.. မင္းအသက္ဘယ္ေလာက္ ရွိလဲ ဆုိတာရယ္.. မင္းက ဘယ္လို ပံုစံလဲ ဆုိတာရယ္ကို မသိဘူး.. အခုမွ တစ္ၾကိမ္ပဲ ေတြ႔ဖူးေသးတာ.. ဒါေပမယ့္ မင္းက မထင္ထားေလာက္ေအာင္ကို နတ္စြမ္းအားျပင္းေနတယ္..”
“မင္း ဘယ္သူလဲ..”