Part-11.1
“မင်းက ပိုင်ဟုန်ဟူလို့ ပြောတယ်.. မင်းက ပိုင်အိမ်တော်က မြေခွေးတစ်ကောင်လို့ မင်းရဲ့ အစေခံက ပြောတယ်နော်.. ဒါပေမယ့် မင်းက အဲ့တာတွေနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ငါက ဘာလို့ ခံစားမိနေလဲ မသိဘူး..”
“အဲ့တာက မင်းကိစ္စလား..”
သူက ရန်လိုသလို လေသံဖြင့် မေးလိုက်သော်လည်း.. ထိုနတ်သားက သူ့ကို ခွင့်လွှတ်သော အကြည့်ဖြင့် လှမ်းကြည့်လာပြီး.. သဘောထားကြီးလိုက်မယ်ဟု ပြောလိုက်သော မျက်ဝန်းအကြည့်တို့ဖြင့် တစ်ချက်မျှ ဝေ့ကြည့်ရင်း..
“မင်းကတော့လေ.. ငါ့ကိစ္စမဟုတ်လည်း ငါက ပါဝင်ရတာကို နှစ်သက်တဲ့ နတ်တစ်ပါးပဲ.. တကယ်ဆို.. ငါဒီနေရာမှာ ရေလာချိုးရုံပဲ.. အရင်ကတော့.. နှစ်များစွာမှာ ငါသိခဲ့တဲ့ ပယင်းရေကန်က ဘယ်လိုလုပ်ပြီး လူသားတွေရဲ့ ကျောင်းတည်နေရာ ထဲကို ပါသွားမှန်း မသိပေမယ့် အဲ့တာထက်ကို ငါက မင်းကို ပိုပြီး သိချင်သွားမိရုံမို့ နိုးလာအောင် စောင့်နေမိတာ..”
မျက်ဝန်းများ စိမ်းဖန့်နေသော ထိုနတ်သားသည် ကောင်းမွန်သော ဧည့်သည် မဖြစ်နိုင်တာကို တွေးလိုက်မိပြီးမှ..
“ရှောင်ညောင် ငါအိပ်နေတာ ဘယ်နှစ်ရက်လဲ..”
“သခင်က လေးရက်ပဲ အိပ်တာပါ.. ဒီနတ်ကတော့ သခင်နားမှာ ရောက်နေတာ သုံးရက်ရှိပြီ.. သူက သခင်ကို ထူးဆန်းတဲ့ မြေခွေးလို့ ပြောတယ်..”
“သွားမယ်.. မနက်ဖြန်မှာ.. ငါ ရှုံးနိမ့်ရမယ့် ပြိုင်ပွဲ ရှိတယ်..”
ထိုနတ်သားက သူ့အနောက်တွင် လိုက်ပါလာပြီးနောက်..
“ရှုံးမှန်းသိရင်တောင် မင်း သွားအုံးမှာလား..”
“သေချာပေါက်ပဲ သွားမှာ..”
“ကောင်းပြီ.. ငါ မင်းဘက်မှာ နေပေးမယ်..”
သူတို့ တောင်အပေါ်သို့ ရောက်လာတဲ့အထိ ထိုနတ်သားက လိုက်ပါလာနိုင်သဖြင့်.. ဟူအာ တအံ့တသြ ဖြစ်စွာဖြင့်..
“ခင်ဗျား ဘယ်လို လုပ်ပြီး လိုက်လာနိုင်တာလဲ..”
ဟူအာ ကျောင်းတော်တွင်း နတ်များ ကို ကျော်လွှားနိုင်သော ထိုနတ်သားကို အထင်သေးလို့ မရတော့မှန်း သိနားလည်သလိုတော့ ရှိသွားသည်။ ထိုနတ်သားက.. ဟူအာကို ခပ်ဖျော့ဖျော့လေး ပြုံးပြကာ..
“သူတို့ ငါ့ကို မမြင်နိုင်ဘူးလေ.. နတ်စည်းကမ်းမှာ.. အရေးကြီးတဲ့ စည်းကမ်းကို.. မင်းမေ့နေပြီလား.. အဆင့်မြင့်တဲ့ နတ်တွေက အဆင့်နိမ့်တဲ့ နတ်တွေကို လိုသလို ဖုံးကွယ်ထားနိုင်တယ်လေ..”
“ခင်ဗျား ဘာကြောင့်မို့ ကျုပ်နောက် လိုက်လာတာလဲ..”
“သူငယ်ချင်းနဲ့ တူလို့..”
“ကျွန်တော်က ခင်ဗျား သူငယ်ချင်းနဲ့ တူတယ်လို့ ဆိုလိုတာလား..”
ထိုနတ်သားက ကျောင်း၏ အပြင်အဆင်တွေကို ဝေ့ဝဲကြည့်နေရင်းမှ..
“ဆင်ရုံတင်ပါ.. ငါ့သူငယ်ချင်းက မင်းထက်စာရင်.. အဆပေါင်းများစွာ စွမ်းအား ကြီးမားတယ်.. ပြီးတော့.. သူက ကောင်းကင်ကနတ်.. မင်းက မြေပြင်ပေါ်ကနတ်.. ဒါပေမယ့် မင်းသိမလားတော့ မသိဘူး မင်းမှာ ကောင်းကင် အရှိန်အဝါ ရှိနေတယ်..”
“ကျွန်တော် စိတ်မဝင်စားဘူး.. ပြီးတော့ ခင်ဗျား.. ကျွန်တော့နောက် လိုက်မလာနဲ့..”
“ဒီကျောင်းမှာ ရှိတဲ့ ကောင်းကင်နတ်နှစ်ပါးရဲ့ အရှိန်အဝါကလွဲရင် တခြားသူတွေက သုံးမရဘူးပဲ..”
ထိုနတ်သားက အေးဆေးစွာပင် ကျောင်းကို ပတ်ကြည့်နေ၏။ ထိုနတ်သားအား ဘယ်သူမျှ မမြင်ရသလို ထိုနတ်သားက ဘာကိုမှ မပူပန်ပဲ သွားလာနေသည်။ ခါးစည်းကြိုး မချည်ထားသော ဝတ်ရုံစိမ်းနှင့် ထိုနတ်သားက နတ်ဘုရားတစ်ပါး ဖြစ်လိမ့်မည်ဟု တွေးမိသော်လည်း.. ထိုနတ်သား၏ ပုံစံသည် နတ်ဘုရားတစ်ပါး၏ ရင့်ကျက်ခြင်းပင် မရှိဟု ဟူအာ တွေးလိုက်မိသည်။
သို့သော်.. ထိုနတ်သားကို လိုက်ပြီး စိတ်ဝင်စားဖို့ မတွေးတော့ပဲ မနက်ဖြန် ပြိုင်ပွဲအတွက် ပြင်ဆင်ရန်သာ တွေးုလိုက်တော့သည်။
“ရှောင်ညောင် မင်း မနက်ဖြန် ကျရင်.. ငါ့ကို လာပြီး မရှုပ်ထွေးစေနဲ့ ကြားလား..”
@@@@@@@@@@@
မနက်လင်းသည်နှင့်.. ဟူအာ ကျောင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်လိုက်သည်။ ဆံပင်တွေကို ဆံချည်တစ်မျှင်မျှ မကျအောင် စည်းနှောင်လိုက်ပြီးမှ.. ခါးစည်းကြိုးကို ခပ်လျော့လျော့ စည်းနှောင်လိုက်ပြီးမှ.. ပြိုင်ပွဲရှိရာ ဆယ့်လေးမိုင်ရေကန်သို့ ရောက်လာခဲ့သည်။ သူ့အနောက်တွင် ရှောင်ညောင် အပါအဝင်.. အစိမ်းရောင် နတ်သားကပါ လိုက်ပါလာ၏။
ပြိုင်ဆိုင်ရမည့် ကျောက်သားထုပေါ်တွင် ကျိုးရန် နတ်သားက အဝါနုရောင် အကျႌဖြင့် သေသပ်နေသည်။ ကျိုးရန် နတ်သား၏ လက်အတွင်းဝယ် ပုလွေ တစ်ချောင်းက တည်ရှိနေသည်။ သူ့ထံတွင်တော့ ဘာတူရိယာမျှ မရှိပေ။ ထို့အတွက်လည်း ဟူအာ တွေးပြီး ပူပန်မှု မရှိပေ။ ဒီအနုပညာ ဆိုတာကို စပြီး နားလည်လိုက်ကတည်းက သူ ထင်ထားတာက အနုပညာဆိုတာ တူရိယာက အဓိက မကျဘူး ဆိုတာပင် ဖြစ်သည်။
သံဇဉ်ဖန်တီးမှု အနုပညာကို ပြောရလျှင် အခုချိန်မှာ စမ်းသပ်ဖို့ အချိန်ကျပြီဟုပင် ထင်မြင်မိလိုက်၏။ သူ.. အနီးဆုံးတွင် ရှိသော.. သစ်ပင်မှ သင့်တော်သော အရွယ်အစား ရှိသည့် သစ်ရွက် တစ်ခုကို ခူးယူလိုက်ပြီးမှ.. ကျောက်သားထုပေါ်သို့ ခုန်တက်လိုက်သည်။
“သခင်.. ကြိုးစား!!..”
ရှောင်ညောင်က အားရဝမ်းသာ အော်ပြောသည်။ ထို့ကြောင့် ကျောက်သားထု ပေါ်သို့ တက်လိုက်ပြီးမှ အနောက်သို့ လှမ်းကြည့်လိုက်မိသည်။ ရှောင်ညောင်၏ ဘေးမှ ထိုနတ်သားကပါ သူ့အား..
“ကြိုးစား..”
ထိုသို့ အော်ပြောလာသည်။ ထိုနတ်သား၏ အသံကို တခြားသူတွေ ကြားမကြား မသိသော်လည်း ဟူအား စိတ်အနှောင့်အယှက် ဖြစ်မိသွား၏။ ထိုစဉ်.. ကျောက်သားထု အလယ်တွင် မထင်မှတ်ထားသော နတ်တစ်ပါးက ပေါ်လာသည်။
ကျိုးရင်း..၊ သူမ ရောက်လာသည်နှင့် ကျိုးရန်က..
“ဒေါ်လေး.. ရောက်လာတာလား..”
“မင်းအဖေက ငါ့ကို ဖိတ်ကြားမှတော့ ငါလည်း ပွဲကောင်းတစ်ခုကို မလွတ်ချင်ဘူးလေ.. မင်းသေချာ ကြိုးစားပါ..”
ကျိုးရင်း နတ်ဘုရားမက ကျိုးရန် နတ်သားအား ပြောဆို လိုက်ပြီးမှ.. သူ့ဘက်သို့ ကြည့်လာသော်လည်း အနောက်ဘက်တွင် အကြည့်က ရပ်တန့်သွား၏။ သူမ ကြည့်နေသော နေရာသို့ လှမ်းကြည့်လိုက်တော့ အစိမ်းဝတ် နတ်သားက သူမကို ပြုံးပြနေသည်။ ဘာလဲ..၊ သူမက ဒီနတ်သားကို မြင်တွေ့ရတာလား..၊ ဟူအာ ကျိုးရင်းဆိုသော နတ်ဘုရားမ၏ အစွမ်းကိုတော့ ချီးကျူးချင်မိသွားသည်။ ကျောင်းအုပ်ကတောင်မှ ဒီနတ်သားကို မမြင်တွေ့နိုင်ပဲ ကျော်ဖြတ်သွားသေးတာ.. သူမက မြင်တွေ့နိုင်တယ် ဆိုတော့ ဒီနတ်သားထက်ကို သူမက စွမ်းအား ပိုပြီး ကြီးမားတာလား..၊
ရင်းအာ အောက်ဘက်တွင် ရှိသော အစိမ်းရောင် အရောင်အဝါနှင့် နတ်မင်း တစ်ပါးကို တွေ့လိုက်သော်လည်း.. ထိုနတ်မင်းက သူမကိုပင် လှမ်းရယ်ပြနေတာမို့ ဘာမှမပြောတော့ပဲ တိတ်ဆိတ်စွာ နေနေလိုက်သည်။ ကျောက်သားထု အပေါ်မှ အစ်ကိုနှစ် ရှိသော.. နေရာသို့ ရောက်လာတော့.. အစ်ကိုနှစ်အား..
“အစ်ကိုနှစ်.. မင်း တခြား နတ်ဘုရားတွေကို ဖိတ်ခေါ်ထားသေးလား..”
အစ်ကိုနှစ်က တအံ့တသြဖြင့်.. ရင်းအာအား.. လှမ်းကြည့်လာပြီး.. ပြိုင်ကွင်းသို့ လှမ်း၍ အကဲခတ်လိုက်ကာ..
“ဘယ်က နတ်ဘုရားက လာလို့လဲ ဘယ်သူမှ မလာပါဘူး.. ငါကလည်း မင်းကိုပဲ ဖိတ်ထားတာ..”
ရင်းအာ မျက်မှောင်ကုတ်သွားမိသည်။ အဲ့ဒီ နတ်မင်းကို အစ်ကိုနှစ်ကတောင် မမြင်ရဘူး ဆိုတော့.. ဒီနတ်မင်းက အစ်ကိုနှစ်ထက်ပင် နတ်စွမ်းအား သာလွန်နေမည်မှာ မလွဲမသွေပင်..၊ ထို့နောက် သူမ သိလိုတာကို ထပ်ပြီး မေးလိုက်သည်။
“အစိမ်းရောင် နတ်စွမ်းအားနဲ့ ကောင်းကင် အရှိန်အဝါကို ပိုင်ဆိုင်တာ ဘယ် နတ်မျိုးနွယ်တွေလဲ.. အစ်ကိုနှစ်..”
အစ်ကိုနှစ်က ရင်းအာအား.. စနောက်လိုသော မျက်နှာထားဖြင့် ပြုံးလိုက်သေးလျက်..
“မင်း ဒီမှာ စာပြန်လာသင်ပါလား..”
“ပြောမှာသာ ပြောပါ..”
ပြိုင်ပွဲစတင်ရန် ဆရာတစ်ဦးမှ အချက်ပြလိုက်၏။ ထိုသည်နှင့် သာယာငြိမ့်ညောင်းသော ပုလွေသံက ထွက်ပေါ်လာသည်။ အစ်ကိုနှစ်က မျက်နှာကို ရှုံ့မဲ့ပစ်လိုက်ရင်း..
“သူက ဘယ်လိုများ တီးမှုတ်နေတာလဲ မသိပါဘူး..”
“ငါ မေးထားတာကို မင်း မပြောဘူးလား..”
“မင်းအသက် ဒီလောက်တောင် ရှိပြီ.. ဘယ်နတ်မင်းရဲ့ အရှိန်အဝါက ဘာလဲ ဆိုတာတောင် မင်းမသိသေးဘူးလား..”
“ငါတွေ့ဖူးတဲ့ နတ်တွေကိုပဲ ငါသိတယ်..”
ပြတ်ကရော..၊ နှစ်တွေသာ နှစ်သိန်းလောက် ကုန်ဆုံးသွားတယ်.. သူမ၏ မသိတတ်မှုက အခုထိ ကြီးမားစွာ တည်ရှိနေတုန်း..၊ တကယ်ဆို သူမအား ပြောလိုက်လျှင် ရသော်လည်း.. ဆက်ပြီး ညင်းဆဲဖို့ ပြင်ဆင်ထားတာကြောင့်..
“ငါလည်း နှစ်တွေ ကြာတော့ မေ့သလောက် ဖြစ်ပြီ.. ဒီလိုလုပ်ပါလား ငါ မင်းကို ဒီကျောင်းက နတ်သမိုင်းနှင့် အရှိန်အဝါ အကျဉ်း ဆိုတာကို ငှားပေးလိုက်မယ်.. မင်း ယူသွားဖတ်ကြည့်ပေါ့..”
ရင်းအာ ဘာမှမပြောတော့ပဲ တိတ်ဆိတ်စွာသာ ပြိုင်ပွဲသို့ အာရုံပို့ပေးထားလိုက်သည်။ ကျိုးရန်က သာယာနာပျော်ဖွယ်.. ကောင်းသော တီးလုံးသံကို အတက်အကျဖြင့် ပိုင်နိုင်စွာ ဖန်တီးသွားပြီး တခြားသူများကိုလည်း စီးမျော လိုက်ပါသွားစေသည်။
ကျိုးရန် ပြီးသွားတော့ ထိုကောင်လေးက သစ်ရွက်ငယ်လေးကိုသာ တေးသံ ဖန်တီးရန် ပြင်ဆင်လိုက်တာမို့.. တခြားသော ကျောင်းသားများက သူ့အား ရယ်မောကြသည်။ သို့သော် ရင်းအာနှင့် အစ်ကိုနှစ်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ တေးသံဇဉ်တွေကို ပိုင်နိုင်သော သံဇဉ်ဖန်တီးနိုင်ရန် သစ်ရွက်ကို အသုံးပြုတယ် ဆိုကတည်းက ထိုသူသည် တေးသံများကို ပိုင်နိုင်ပြီးသူ ဖြစ်သည်ဟု ဖော်ပြနေသည် မဟုတ်ပါလား..၊
ထိုကောင်လေးက.. ကျောက်သားထုပေါ်တွင် ပလ္လင်ခွေလျက် ထိုင်ချလိုက်ပြီးမှ.. သစ်ရွက်ငယ်လေးကို နှုတ်ခမ်းတွင် တေ့လိုက်ကာ.. ငြိမ်ငြောင်းသော တေးသံကို ထွက်ပေါ်လာစေသည်။ သူ၏ တီးမှုတ်နေသော တေးသံသည် ကြားရသူအဖို သနားစဖွယ် ခံစားရစေပြီး.. ထိုမှတစ်ဆင့် လှိုက်လှိုက်၍ ရှိုက်ငိုရတော့မလိုပင် ခံစားရစေသည်။ ဒီလိုသံဇဉ်ကို.. ဒီကျောင်းတွင် ဘယ်သူမှ သင်ပေးထားမှာ မဟုတ်တာ သေချာနေသော်လည်း သူက တတ်မြောက်နေသဖြင့် ကျိုးလျန်ပင် ထိုပိုင်ကလေးငယ် လိပ်ပြာတောင်ကြားမှ လာခဲ့သူဟုပင် ထင်မှားသွားမိ၏။ ပြီးတော့ ဟူအာ တီးမှုတ်နေသော သံဇဉ်သည်.. သူ တီးမှုတ်ဖူးသော သံဇဉ်ဖြစ်နေခြင်းကြောင့် သူပင် ရင်သတ်ရှုမောရသည်ဟု ဆိုရမည်။
တေးသံဆုံးသွားတော့.. အသည်းငယ်သော မိန်းကလေး စာသင်သား တချို့က ထိုသံဇဉ်အတိုင်း စီးမျောကာ ငိုကြွေးကြ၏။ ဒီပြိုင်ပွဲအတွက်.. အနိုင်အရှုံးကတော့ သိသိသာသာပင် ကွဲပြားသွားသည်။ ကျိုးရန်က ဟူအာအား ခေါင်းငုံ့ထားလျက်ဖြင့်..
“ညီလေးရဲ့ သံဇဉ်က တကယ်ကို ကောင်းမွန်ပြီးတော့.. အလွန်ပဲ ဝမ်းနည်းစရာ ကောင်းတယ်..”
ဟူအာ ထိုင်နေရာမှ ထရပ်လိုက်ပြီး ကျိုးရန်နတ်သားကို အရိုအသေ ပြန်ပေးလိုက်ကာ..
“အစ်ကို အထင်လွဲနေပါပြီ.. ညီလေးက ကံကောင်းသွားတာပါ..”
ဆရာတစ်ဦးက ကျောက်သားထုပေါ်သို့ ခုန်တက်လာပြီး.. အသံကျယ်ကျယ်ဖြင့်..
“မြေပြင်မှ လမ်းကလေး စာသင်ဆောင်မှ.. စာသင်သား.. ပိုင်ဟုန်ဟူ အနိုင်ရရှိပါတယ်..”
နောက်ထပ် ပြိုင်ပွဲအတွက် ကျောက်သားထုမှ ဆင်းရမည်က သူလား.. ကျိုးရန် နတ်မင်းလား ဆိုတာကို သူ တွေးနေမိစဉ်.. ဆရာက ထပ်ပြီး ကြေငြာချက် ထုတ်သည်။
“နောက်ထပ် ပြိုင်ပွဲက.. မြေပြင်မှလမ်းကလေး စာသင်ဆောင်မှ.. ပိုင်ဟုန်ဟူ.. နောက်ထပ် လမင်းရဲ့ကြယ်စင် စာသင်ဆောင်မှ.. ဖန်းရှိုးဝိန်.. ဘာသာရပ်.. နတ်သမိုင်းနှင့် ဝေါဟာက.. မေးမြန်ပေးရန်.. နတ်မင်း ကျိုးလျန်..”
ကျိုးလျန် နတ်မင်းက ကျောက်သားထုသို့ ခုန်လွှား၍ ရောက်လာ၏။ ကျိုးရန် နတ်သားက မထွက်ခွာသေးမှီ.. ကျိုးလျန် နတ်မင်းက..
“မင်း.. ထူးဆန်းတယ်.. လွန်ခဲ့တဲ့ နှစ်နှစ်သိန်းတုန်းက ငါ တစ်လောကလုံး တေးဂီတ အကျော်အမော် ဆုကို ရယူနိုင်ခဲ့တဲ့ သီချင်းကို မင်း ဖန်တီးတီးမှုတ် သွားနိုင်တယ်..”
“ကျွန်တော် တေးဂီတတွေကို ရှာဖွေတော့ အဲ့တာကို ရှာတွေ့ပြီး တီးမှုတ်ခဲ့တာပါ.. ကျိုးလျန် နတ်မင်းကို ခွင့်မတောင်းမိတာ ခွင့်လွှတ်ပါ..”
“မဟုတ်ဘူး.. ဒီသီချင်းကို ဖတ်မိသူတိုင်း.. ကြားမိသူတိုင်း.. ပြန်ပြီး တီးမှုတ်နိုင်တာ မဟုတ်ဘူး.. မင်းရဲ့ အစွမ်းက တကယ်ပဲ ထူးဆန်းပါတယ်..”
“ကျွန်တော်.. နားလည်သလောက် ဆိုရင်.. ဒီသံဇဉ်က အပေါ်ယံမှာ.. ကောင်လေးတစ်ယောက်က တေးသီချင်း ညည်းဆိုတယ်လို့ ဆိုထားပေမယ့် တကယ်တမ်းမှာ.. နတ်သမီး တစ်ဦးက မချစ်သင့်တဲ့သူ မသင့်တော်တဲ့သူကို ချစ်ခင်မိလို့ ဘယ်လောက်ထိ နာကျင်ရတယ် ဆိုတာကို ဆိုညည်းထားတာလို့ ခံစားမိပါတယ်..”
“ကောင်းလိုက်တဲ့ ထိုးထွင်းသိမြင်ချက်.. မင်းသာ အနုပညာကို အားသာတယ် ဆိုရင်.. ပိုကောင်းတဲ့ ဖန်တီးသူ ဖြစ်လာမှာ..”
“ကျွန်တော် အနုပညာကို အားမသာပါဘူး..”
ဒီလို ရုတ်တရက် ဖြတ်ချပစ်သော စကားတွေကို ဒီကောင်လေး ဘယ်သူ့ဆီကနေ သင်ယူ တတ်မြောက်ထားတာလဲ..၊ ရင်းအာ ဆီကလား..၊ ဒါမှမဟုတ်.. ဆစ်ကျီ ဆီကလား..၊
ဖန်းရှိုးဝိန်က ကျောက်သားထုပေါ်သို့ တက်လာပြီး.. ကျိုးလျန် နတ်မင်းအား အရိုအသေပေးသည်။ ထိုအခါမှ ဟူအာ ကမန်းကတမ်း ခေါင်းငုံ့လျက် အရိုအသေပေးမိ၏။ ကျိုးလျန် နတ်မင်းက.. သူတို့ နှစ်ဦးအား.. မေးခွန်းနှစ်ခုကို ယပ်တောင်ဖြင့် ဝှေ့ယမ်းလျက် ပေါ်လာစေသည်။ သူတို့ ရှေ့တွင်လည်း ကလောင်တံနှင့်.. စာရွက်ငယ် ပေါ်လာ၏။
Zawgyi
Part-11.1
“မင္းက ပိုင္ဟုန္ဟူလို႔ ေျပာတယ္.. မင္းက ပိုင္အိမ္ေတာ္က ေျမေခြးတစ္ေကာင္လို႔ မင္းရဲ႕ အေစခံက ေျပာတယ္ေနာ္.. ဒါေပမယ့္ မင္းက အဲ့တာေတြနဲ႔ ဘာမွမသက္ဆိုင္ဘူးလို႔ ငါက ဘာလို႔ ခံစားမိေနလဲ မသိဘူး..”
“အဲ့တာက မင္းကိစၥလား..”
သူက ရန္လိုသလို ေလသံျဖင့္ ေမးလုိက္ေသာ္လည္း.. ထိုနတ္သားက သူ႔ကို ခြင့္လႊတ္ေသာ အၾကည့္ျဖင့္ လွမ္းၾကည့္လာျပီး.. သေဘာထားၾကီးလုိက္မယ္ဟု ေျပာလုိက္ေသာ မ်က္ဝန္းအၾကည့္တို႔ျဖင့္ တစ္ခ်က္မွ် ေဝ့ၾကည့္ရင္း..
“မင္းကေတာ့ေလ.. ငါ့ကိစၥမဟုတ္လည္း ငါက ပါဝင္ရတာကို ႏွစ္သက္တဲ့ နတ္တစ္ပါးပဲ.. တကယ္ဆို.. ငါဒီေနရာမွာ ေရလာခ်ိဳးရံုပဲ.. အရင္ကေတာ့.. ႏွစ္မ်ားစြာမွာ ငါသိခဲ့တဲ့ ပယင္းေရကန္က ဘယ္လိုလုပ္ျပီး လူသားေတြရဲ႕ ေက်ာင္းတည္ေနရာ ထဲကို ပါသြားမွန္း မသိေပမယ့္ အဲ့တာထက္ကို ငါက မင္းကို ပိုျပီး သိခ်င္သြားမိရံုမို႔ ႏိုးလာေအာင္ ေစာင့္ေနမိတာ..”
မ်က္ဝန္းမ်ား စိမ္းဖန္႔ေနေသာ ထိုနတ္သားသည္ ေကာင္းမြန္ေသာ ဧည့္သည္ မျဖစ္ႏုိင္တာကို ေတြးလုိက္မိျပီးမွ..
“ေရွာင္ေညာင္ ငါအိပ္ေနတာ ဘယ္ႏွစ္ရက္လဲ..”
“သခင္က ေလးရက္ပဲ အိပ္တာပါ.. ဒီနတ္ကေတာ့ သခင္နားမွာ ေရာက္ေနတာ သံုးရက္ရွိျပီ.. သူက သခင္ကို ထူးဆန္းတဲ့ ေျမေခြးလို႔ ေျပာတယ္..”
“သြားမယ္.. မနက္ျဖန္မွာ.. ငါ ရံႈးနိမ့္ရမယ့္ ျပိဳင္ပြဲ ရွိတယ္..”
ထိုနတ္သားက သူ႔အေနာက္တြင္ လုိက္ပါလာျပီးေနာက္..
“ရံႈးမွန္းသိရင္ေတာင္ မင္း သြားအံုးမွာလား..”
“ေသခ်ာေပါက္ပဲ သြားမွာ..”
“ေကာင္းျပီ.. ငါ မင္းဘက္မွာ ေနေပးမယ္..”
သူတို႔ ေတာင္အေပၚသို႔ ေရာက္လာတဲ့အထိ ထိုနတ္သားက လိုက္ပါလာႏိုင္သျဖင့္.. ဟူအာ တအံ့တၾသ ျဖစ္စြာျဖင့္..
“ခင္ဗ်ား ဘယ္လို လုပ္ျပီး လုိက္လာႏုိင္တာလဲ..”
ဟူအာ ေက်ာင္းေတာ္တြင္း နတ္မ်ား ကို ေက်ာ္လႊားႏုိင္ေသာ ထိုနတ္သားကို အထင္ေသးလို႔ မရေတာ့မွန္း သိနားလည္သလိုေတာ့ ရွိသြားသည္။ ထိုနတ္သားက.. ဟူအာကို ခပ္ေဖ်ာ့ေဖ်ာ့ေလး ျပံဳးျပကာ..
“သူတို႔ ငါ့ကို မျမင္ႏုိင္ဘူးေလ.. နတ္စည္းကမ္းမွာ.. အေရးၾကီးတဲ့ စည္းကမ္းကို.. မင္းေမ့ေနျပီလား.. အဆင့္ျမင့္တဲ့ နတ္ေတြက အဆင့္နိမ့္တဲ့ နတ္ေတြကို လိုသလို ဖံုးကြယ္ထားႏုိင္တယ္ေလ..”
“ခင္ဗ်ား ဘာေၾကာင့္မို႔ က်ဳပ္ေနာက္ လုိက္လာတာလဲ..”
“သူငယ္ခ်င္းနဲ႔ တူလို႔..”
“ကၽြန္ေတာ္က ခင္ဗ်ား သူငယ္ခ်င္းနဲ႔ တူတယ္လို႔ ဆိုလိုတာလား..”
ထိုနတ္သားက ေက်ာင္း၏ အျပင္အဆင္ေတြကို ေဝ့ဝဲၾကည့္ေနရင္းမွ..
“ဆင္ရံုတင္ပါ.. ငါ့သူငယ္ခ်င္းက မင္းထက္စာရင္.. အဆေပါင္းမ်ားစြာ စြမ္းအား ၾကီးမားတယ္.. ျပီးေတာ့.. သူက ေကာင္းကင္ကနတ္.. မင္းက ေျမျပင္ေပၚကနတ္.. ဒါေပမယ့္ မင္းသိမလားေတာ့ မသိဘူး မင္းမွာ ေကာင္းကင္ အရွိန္အဝါ ရွိေနတယ္..”
“ကၽြန္ေတာ္ စိတ္မဝင္စားဘူး.. ျပီးေတာ့ ခင္ဗ်ား.. ကၽြန္ေတာ့ေနာက္ လုိက္မလာနဲ႔..”
“ဒီေက်ာင္းမွာ ရွိတဲ့ ေကာင္းကင္နတ္ႏွစ္ပါးရဲ႕ အရွိန္အဝါကလြဲရင္ တျခားသူေတြက သံုးမရဘူးပဲ..”
ထိုနတ္သားက ေအးေဆးစြာပင္ ေက်ာင္းကို ပတ္ၾကည့္ေန၏။ ထိုနတ္သားအား ဘယ္သူမွ် မျမင္ရသလို ထိုနတ္သားက ဘာကိုမွ မပူပန္ပဲ သြားလာေနသည္။ ခါးစည္းၾကိဳး မခ်ည္ထားေသာ ဝတ္ရံုစိမ္းႏွင့္ ထိုနတ္သားက နတ္ဘုရားတစ္ပါး ျဖစ္လိမ့္မည္ဟု ေတြးမိေသာ္လည္း.. ထိုနတ္သား၏ ပံုစံသည္ နတ္ဘုရားတစ္ပါး၏ ရင့္က်က္ျခင္းပင္ မရွိဟု ဟူအာ ေတြးလုိက္မိသည္။
သို႔ေသာ္.. ထိုနတ္သားကို လုိက္ျပီး စိတ္ဝင္စားဖို႔ မေတြးေတာ့ပဲ မနက္ျဖန္ ျပိဳင္ပြဲအတြက္ ျပင္ဆင္ရန္သာ ေတြးုလိုက္ေတာ့သည္။
“ေရွာင္ေညာင္ မင္း မနက္ျဖန္ က်ရင္.. ငါ့ကို လာျပီး မရႈပ္ေထြးေစနဲ႔ ၾကားလား..”
@@@@@@@@@@@
မနက္လင္းသည္ႏွင့္.. ဟူအာ ေက်ာင္းဝတ္စံုကို ေသသပ္စြာ ဝတ္ဆင္လုိက္သည္။ ဆံပင္ေတြကို ဆံခ်ည္တစ္မွ်င္မွ် မက်ေအာင္ စည္းေႏွာင္လုိက္ျပီးမွ.. ခါးစည္းၾကိဳးကို ခပ္ေလ်ာ့ေလ်ာ့ စည္းေႏွာင္လိုက္ျပီးမွ.. ျပိဳင္ပြဲရွိရာ ဆယ့္ေလးမုိင္ေရကန္သို႔ ေရာက္လာခဲ့သည္။ သူ႔အေနာက္တြင္ ေရွာင္ေညာင္ အပါအဝင္.. အစိမ္းေရာင္ နတ္သားကပါ လုိက္ပါလာ၏။
ျပိဳင္ဆိုင္ရမည့္ ေက်ာက္သားထုေပၚတြင္ က်ိဳးရန္ နတ္သားက အဝါႏုေရာင္ အက်ႌျဖင့္ ေသသပ္ေနသည္။ က်ိဳးရန္ နတ္သား၏ လက္အတြင္းဝယ္ ပုေလြ တစ္ေခ်ာင္းက တည္ရွိေနသည္။ သူ႔ထံတြင္ေတာ့ ဘာတူရိယာမွ် မရွိေပ။ ထို႔အတြက္လည္း ဟူအာ ေတြးျပီး ပူပန္မႈ မရွိေပ။ ဒီအႏုပညာ ဆိုတာကို စျပီး နားလည္လုိက္ကတည္းက သူ ထင္ထားတာက အႏုပညာဆိုတာ တူရိယာက အဓိက မက်ဘူး ဆိုတာပင္ ျဖစ္သည္။
သံဇဥ္ဖန္တီးမႈ အႏုပညာကို ေျပာရလွ်င္ အခုခ်ိန္မွာ စမ္းသပ္ဖို႔ အခ်ိန္က်ျပီဟုပင္ ထင္ျမင္မိလုိက္၏။ သူ.. အနီးဆံုးတြင္ ရွိေသာ.. သစ္ပင္မွ သင့္ေတာ္ေသာ အရြယ္အစား ရွိသည့္ သစ္ရြက္ တစ္ခုကို ခူးယူလုိက္ျပီးမွ.. ေက်ာက္သားထုေပၚသို႔ ခုန္တက္လုိက္သည္။
“သခင္.. ၾကိဳးစား!!..”
ေရွာင္ေညာင္က အားရဝမ္းသာ ေအာ္ေျပာသည္။ ထို႔ေၾကာင့္ ေက်ာက္သားထု ေပၚသို႔ တက္လုိက္ျပီးမွ အေနာက္သို႔ လွမ္းၾကည့္လိုက္မိသည္။ ေရွာင္ေညာင္၏ ေဘးမွ ထိုနတ္သားကပါ သူ႔အား..
“ၾကိဳးစား..”
ထိုသို႔ ေအာ္ေျပာလာသည္။ ထိုနတ္သား၏ အသံကို တျခားသူေတြ ၾကားမၾကား မသိေသာ္လည္း ဟူအား စိတ္အေႏွာင့္အယွက္ ျဖစ္မိသြား၏။ ထိုစဥ္.. ေက်ာက္သားထု အလယ္တြင္ မထင္မွတ္ထားေသာ နတ္တစ္ပါးက ေပၚလာသည္။
က်ိဳးရင္း..၊ သူမ ေရာက္လာသည္ႏွင့္ က်ိဳးရန္က..
“ေဒၚေလး.. ေရာက္လာတာလား..”
“မင္းအေဖက ငါ့ကို ဖိတ္ၾကားမွေတာ့ ငါလည္း ပြဲေကာင္းတစ္ခုကို မလြတ္ခ်င္ဘူးေလ.. မင္းေသခ်ာ ၾကိဳးစားပါ..”
က်ိဳးရင္း နတ္ဘုရားမက က်ိဳးရန္ နတ္သားအား ေျပာဆို လိုက္ျပီးမွ.. သူ႔ဘက္သို႔ ၾကည့္လာေသာ္လည္း အေနာက္ဘက္တြင္ အၾကည့္က ရပ္တန္႔သြား၏။ သူမ ၾကည့္ေနေသာ ေနရာသို႔ လွမ္းၾကည့္လိုက္ေတာ့ အစိမ္းဝတ္ နတ္သားက သူမကို ျပံဳးျပေနသည္။ ဘာလဲ..၊ သူမက ဒီနတ္သားကို ျမင္ေတြ႔ရတာလား..၊ ဟူအာ က်ိဳးရင္းဆိုေသာ နတ္ဘုရားမ၏ အစြမ္းကိုေတာ့ ခ်ီးက်ဴးခ်င္မိသြားသည္။ ေက်ာင္းအုပ္ကေတာင္မွ ဒီနတ္သားကို မျမင္ေတြ႔ႏုိင္ပဲ ေက်ာ္ျဖတ္သြားေသးတာ.. သူမက ျမင္ေတြ႔ႏုိင္တယ္ ဆိုေတာ့ ဒီနတ္သားထက္ကို သူမက စြမ္းအား ပိုျပီး ၾကီးမားတာလား..၊
ရင္းအာ ေအာက္ဘက္တြင္ ရွိေသာ အစိမ္းေရာင္ အေရာင္အဝါႏွင့္ နတ္မင္း တစ္ပါးကို ေတြ႔လုိက္ေသာ္လည္း.. ထိုနတ္မင္းက သူမကိုပင္ လွမ္းရယ္ျပေနတာမို႔ ဘာမွမေျပာေတာ့ပဲ တိတ္ဆိတ္စြာ ေနေနလိုက္သည္။ ေက်ာက္သားထု အေပၚမွ အစ္ကိုႏွစ္ ရွိေသာ.. ေနရာသို႔ ေရာက္လာေတာ့.. အစ္ကိုႏွစ္အား..
“အစ္ကိုႏွစ္.. မင္း တျခား နတ္ဘုရားေတြကို ဖိတ္ေခၚထားေသးလား..”
အစ္ကိုႏွစ္က တအံ့တၾသျဖင့္.. ရင္းအာအား.. လွမ္းၾကည့္လာျပီး.. ျပိဳင္ကြင္းသို႔ လွမ္း၍ အကဲခတ္လိုက္ကာ..
“ဘယ္က နတ္ဘုရားက လာလို႔လဲ ဘယ္သူမွ မလာပါဘူး.. ငါကလည္း မင္းကိုပဲ ဖိတ္ထားတာ..”
ရင္းအာ မ်က္ေမွာင္ကုတ္သြားမိသည္။ အဲ့ဒီ နတ္မင္းကို အစ္ကိုႏွစ္ကေတာင္ မျမင္ရဘူး ဆိုေတာ့.. ဒီနတ္မင္းက အစ္ကိုႏွစ္ထက္ပင္ နတ္စြမ္းအား သာလြန္ေနမည္မွာ မလြဲမေသြပင္..၊ ထို႔ေနာက္ သူမ သိလိုတာကို ထပ္ျပီး ေမးလိုက္သည္။
“အစိမ္းေရာင္ နတ္စြမ္းအားနဲ႔ ေကာင္းကင္ အရွိန္အဝါကို ပိုင္ဆိုင္တာ ဘယ္ နတ္မ်ိဳးႏြယ္ေတြလဲ.. အစ္ကိုႏွစ္..”
အစ္ကိုႏွစ္က ရင္းအာအား.. စေနာက္လိုေသာ မ်က္ႏွာထားျဖင့္ ျပံဳးလုိက္ေသးလ်က္..
“မင္း ဒီမွာ စာျပန္လာသင္ပါလား..”
“ေျပာမွာသာ ေျပာပါ..”
ျပိဳင္ပြဲစတင္ရန္ ဆရာတစ္ဦးမွ အခ်က္ျပလုိက္၏။ ထိုသည္ႏွင့္ သာယာျငိမ့္ေညာင္းေသာ ပုေလြသံက ထြက္ေပၚလာသည္။ အစ္ကုိႏွစ္က မ်က္ႏွာကို ရံႈ႕မဲ့ပစ္လိုက္ရင္း..
“သူက ဘယ္လိုမ်ား တီးမႈတ္ေနတာလဲ မသိပါဘူး..”
“ငါ ေမးထားတာကို မင္း မေျပာဘူးလား..”
“မင္းအသက္ ဒီေလာက္ေတာင္ ရွိျပီ.. ဘယ္နတ္မင္းရဲ႕ အရွိန္အဝါက ဘာလဲ ဆုိတာေတာင္ မင္းမသိေသးဘူးလား..”
“ငါေတြ႔ဖူးတဲ့ နတ္ေတြကိုပဲ ငါသိတယ္..”
ျပတ္ကေရာ..၊ ႏွစ္ေတြသာ ႏွစ္သိန္းေလာက္ ကုန္ဆံုးသြားတယ္.. သူမ၏ မသိတတ္မႈက အခုထိ ၾကီးမားစြာ တည္ရွိေနတုန္း..၊ တကယ္ဆို သူမအား ေျပာလုိက္လွ်င္ ရေသာ္လည္း.. ဆက္ျပီး ညင္းဆဲဖို႔ ျပင္ဆင္ထားတာေၾကာင့္..
“ငါလည္း ႏွစ္ေတြ ၾကာေတာ့ ေမ့သေလာက္ ျဖစ္ျပီ.. ဒီလိုလုပ္ပါလား ငါ မင္းကို ဒီေက်ာင္းက နတ္သမိုင္းႏွင့္ အရွိန္အဝါ အက်ဥ္း ဆိုတာကို ငွားေပးလုိက္မယ္.. မင္း ယူသြားဖတ္ၾကည့္ေပါ့..”
ရင္းအာ ဘာမွမေျပာေတာ့ပဲ တိတ္ဆိတ္စြာသာ ျပိဳင္ပြဲသို႔ အာရံုပို႔ေပးထားလုိက္သည္။ က်ိဳးရန္က သာယာနာေပ်ာ္ဖြယ္.. ေကာင္းေသာ တီးလံုးသံကို အတက္အက်ျဖင့္ ပိုင္ႏုိင္စြာ ဖန္တီးသြားျပီး တျခားသူမ်ားကိုလည္း စီးေမ်ာ လုိက္ပါသြားေစသည္။
က်ိဳးရန္ ျပီးသြားေတာ့ ထိုေကာင္ေလးက သစ္ရြက္ငယ္ေလးကိုသာ ေတးသံ ဖန္တီးရန္ ျပင္ဆင္လုိက္တာမို႔.. တျခားေသာ ေက်ာင္းသားမ်ားက သူ႔အား ရယ္ေမာၾကသည္။ သို႔ေသာ္ ရင္းအာႏွင့္ အစ္ကုိႏွစ္ကေတာ့ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္လုိက္မိၾကသည္။ ေတးသံဇဥ္ေတြကို ပိုင္ႏုိင္ေသာ သံဇဥ္ဖန္တီးႏုိင္ရန္ သစ္ရြက္ကို အသံုးျပဳတယ္ ဆုိကတည္းက ထိုသူသည္ ေတးသံမ်ားကို ပိုင္ႏုိင္ျပီးသူ ျဖစ္သည္ဟု ေဖာ္ျပေနသည္ မဟုတ္ပါလား..၊
ထိုေကာင္ေလးက.. ေက်ာက္သားထုေပၚတြင္ ပလႅင္ေခြလ်က္ ထိုင္ခ်လိုက္ျပီးမွ.. သစ္ရြက္ငယ္ေလးကို ႏႈတ္ခမ္းတြင္ ေတ့လုိက္ကာ.. ျငိမ္ေျငာင္းေသာ ေတးသံကို ထြက္ေပၚလာေစသည္။ သူ၏ တီးမႈတ္ေနေသာ ေတးသံသည္ ၾကားရသူအဖို သနားစဖြယ္ ခံစားရေစျပီး.. ထိုမွတစ္ဆင့္ လိႈက္လႈိက္၍ ရိႈက္ငိုရေတာ့မလိုပင္ ခံစားရေစသည္။ ဒီလိုသံဇဥ္ကို.. ဒီေက်ာင္းတြင္ ဘယ္သူမွ သင္ေပးထားမွာ မဟုတ္တာ ေသခ်ာေနေသာ္လည္း သူက တတ္ေျမာက္ေနသျဖင့္ က်ိဳးလ်န္ပင္ ထိုပိုင္ကေလးငယ္ လိပ္ျပာေတာင္ၾကားမွ လာခဲ့သူဟုပင္ ထင္မွားသြားမိ၏။ ျပီးေတာ့ ဟူအာ တီးမႈတ္ေနေသာ သံဇဥ္သည္.. သူ တီးမႈတ္ဖူးေသာ သံဇဥ္ျဖစ္ေနျခင္းေၾကာင့္ သူပင္ ရင္သတ္ရႈေမာရသည္ဟု ဆိုရမည္။
ေတးသံဆံုးသြားေတာ့.. အသည္းငယ္ေသာ မိန္းကေလး စာသင္သား တခ်ိဳ႕က ထိုသံဇဥ္အတုိင္း စီးေမ်ာကာ ငိုေၾကြးၾက၏။ ဒီျပိဳင္ပြဲအတြက္.. အႏိုင္အရံႈးကေတာ့ သိသိသာသာပင္ ကြဲျပားသြားသည္။ က်ိဳးရန္က ဟူအာအား ေခါင္းငံု႔ထားလ်က္ျဖင့္..
“ညီေလးရဲ႕ သံဇဥ္က တကယ္ကို ေကာင္းမြန္ျပီးေတာ့.. အလြန္ပဲ ဝမ္းနည္းစရာ ေကာင္းတယ္..”
ဟူအာ ထိုင္ေနရာမွ ထရပ္လုိက္ျပီး က်ိဳးရန္နတ္သားကို အရိုအေသ ျပန္ေပးလိုက္ကာ..
“အစ္ကို အထင္လြဲေနပါျပီ.. ညီေလးက ကံေကာင္းသြားတာပါ..”
ဆရာတစ္ဦးက ေက်ာက္သားထုေပၚသို႔ ခုန္တက္လာျပီး.. အသံက်ယ္က်ယ္ျဖင့္..
“ေျမျပင္မွ လမ္းကေလး စာသင္ေဆာင္မွ.. စာသင္သား.. ပိုင္ဟုန္ဟူ အႏုိင္ရရွိပါတယ္..”
ေနာက္ထပ္ ျပိဳင္ပြဲအတြက္ ေက်ာက္သားထုမွ ဆင္းရမည္က သူလား.. က်ိဳးရန္ နတ္မင္းလား ဆိုတာကို သူ ေတြးေနမိစဥ္.. ဆရာက ထပ္ျပီး ေၾကျငာခ်က္ ထုတ္သည္။
“ေနာက္ထပ္ ျပိဳင္ပြဲက.. ေျမျပင္မွလမ္းကေလး စာသင္ေဆာင္မွ.. ပိုင္ဟုန္ဟူ.. ေနာက္ထပ္ လမင္းရဲ႕ၾကယ္စင္ စာသင္ေဆာင္မွ.. ဖန္းရိႈးဝိန္.. ဘာသာရပ္.. နတ္သမိုင္းႏွင့္ ေဝါဟာက.. ေမးျမန္ေပးရန္.. နတ္မင္း က်ိဳးလ်န္..”
က်ိဳးလ်န္ နတ္မင္းက ေက်ာက္သားထုသို႔ ခုန္လႊား၍ ေရာက္လာ၏။ က်ိဳးရန္ နတ္သားက မထြက္ခြာေသးမွီ.. က်ိဳးလ်န္ နတ္မင္းက..
“မင္း.. ထူးဆန္းတယ္.. လြန္ခဲ့တဲ့ ႏွစ္ႏွစ္သိန္းတုန္းက ငါ တစ္ေလာကလံုး ေတးဂီတ အေက်ာ္အေမာ္ ဆုကို ရယူႏုိင္ခဲ့တဲ့ သီခ်င္းကို မင္း ဖန္တီးတီးမႈတ္ သြားႏုိင္တယ္..”
“ကၽြန္ေတာ္ ေတးဂီတေတြကို ရွာေဖြေတာ့ အဲ့တာကို ရွာေတြ႔ျပီး တီးမႈတ္ခဲ့တာပါ.. က်ိဳးလ်န္ နတ္မင္းကို ခြင့္မေတာင္းမိတာ ခြင့္လႊတ္ပါ..”
“မဟုတ္ဘူး.. ဒီသီခ်င္းကို ဖတ္မိသူတိုင္း.. ၾကားမိသူတိုင္း.. ျပန္ျပီး တီးမႈတ္ႏုိင္တာ မဟုတ္ဘူး.. မင္းရဲ႕ အစြမ္းက တကယ္ပဲ ထူးဆန္းပါတယ္..”
“ကၽြန္ေတာ္.. နားလည္သေလာက္ ဆိုရင္.. ဒီသံဇဥ္က အေပၚယံမွာ.. ေကာင္ေလးတစ္ေယာက္က ေတးသီခ်င္း ညည္းဆိုတယ္လို႔ ဆိုထားေပမယ့္ တကယ္တမ္းမွာ.. နတ္သမီး တစ္ဦးက မခ်စ္သင့္တဲ့သူ မသင့္ေတာ္တဲ့သူကို ခ်စ္ခင္မိလို႔ ဘယ္ေလာက္ထိ နာက်င္ရတယ္ ဆုိတာကို ဆိုညည္းထားတာလုိ႔ ခံစားမိပါတယ္..”
“ေကာင္းလုိက္တဲ့ ထိုးထြင္းသိျမင္ခ်က္.. မင္းသာ အႏုပညာကို အားသာတယ္ ဆိုရင္.. ပိုေကာင္းတဲ့ ဖန္တီးသူ ျဖစ္လာမွာ..”
“ကၽြန္ေတာ္ အႏုပညာကို အားမသာပါဘူး..”
ဒီလို ရုတ္တရက္ ျဖတ္ခ်ပစ္ေသာ စကားေတြကို ဒီေကာင္ေလး ဘယ္သူ႔ဆီကေန သင္ယူ တတ္ေျမာက္ထားတာလဲ..၊ ရင္းအာ ဆီကလား..၊ ဒါမွမဟုတ္.. ဆစ္က်ီ ဆီကလား..၊
ဖန္းရိႈးဝိန္က ေက်ာက္သားထုေပၚသို႔ တက္လာျပီး.. က်ိဳးလ်န္ နတ္မင္းအား အရိုအေသေပးသည္။ ထိုအခါမွ ဟူအာ ကမန္းကတမ္း ေခါင္းငံု႔လ်က္ အရိုအေသေပးမိ၏။ က်ိဳးလ်န္ နတ္မင္းက.. သူတို႔ ႏွစ္ဦးအား.. ေမးခြန္းႏွစ္ခုကို ယပ္ေတာင္ျဖင့္ ေဝွ႔ယမ္းလ်က္ ေပၚလာေစသည္။ သူတို႔ ေရွ႕တြင္လည္း ကေလာင္တံႏွင့္.. စာရြက္ငယ္ ေပၚလာ၏။