book

Index 29

Part-10.3

Uni


Part-10.3


~~သူတို့ နှစ်ယောက် နတ်အစွမ်း မပြည်စုံတဲ့ ငါ့ကို လှောင်ပြောင်ဖို့များ.. စိတ်ကူးထားကြပြီလား..~~ တွေးလိုက်မိသော်လည်း.. ဟူအာ အရှေ့သို့ သွားလိုက်ပြီး.. အဝါရောင်လွင်လွင် အကျႌဖြင့် တည်ကြည်ခန့်ညားပြီး အရောင်အဝါ ပြည့်စုံသည့် ကျိုးရန် နတ်သားအား.. အရိုအသေပေးလိုက်ရင်း..


“အစ်ကိုတွေ သင်ပြပေးပါ..”


“ညီလေးက.. အားနာနေပြန်ပါပြီ.. ပညာကို ဖလှယ်ကြတာပေါ့..”


တကယ်ဆို ဒီပြိုင်ပွဲကနေ လမင်းရဲ့ကြယ်စင်ကို ကူးပြောင်းချင်နေတဲ့ သူ့အတွက် ဒီလူတွေနဲ့ ယှဉ်ပြိုင်စေတာ မတရားဘူးဟု ထင်မြင်မိသည်။ နောက်တော့ မဲကျသူ မဲနှိုက်သူတွေနှင့် ရေပြင်လေးက ကယှက်ရိုက်နေတော့သည်။ နောက် သုံးဦးတစ်ဖွဲ့ ယှဉ်ပြိုင်သူတွေ ရွေးပြီးသွားသည်နှင့်.. ဆရာတစ်ဦးက ရေအလယ်မှ ကျောက်ကလပ်ကို ဆင့်ခေါ်လိုက်သည်။ ကျောက်သား.. ထုတစ်ခုက ရေထဲမှ ရုန်းကြွလာပြီး.. ဆယ့်လေးမိုင် ရေကန် အလယ်တည့်တည့်တွင် တည်ရှိလာသည်။ ထိုကျောက်သားထုဘေးတွင်.. ကျောက်မှတ်တိုင် သုံးခု ရှိပြီး.. တစ်ဦးချင်း မတ်တပ်ရန် နေရာကို တွေ့ရသည်။


“တစ်ဖွဲ့စီ.. ဘာသာရပ်ရွေးချယ်မှု ပြုလုပ်မယ်..”


ဟူအာ.. အရှုံးတစ်ခုကို ရင်ဆိုင်ဖို့ တွေးတောထားရသည်။ သို့သော် အရှုံးနှစ်ခုထိတော့ မတွေးထားမိပေ။ သူအပါအဝင် ကျိုးရန်နှင့် ဖန်းရှိုးဝိန်ကပါ ခုန်ပျံလျက် ထိုမှတ်တိုင်ရှေ့တွင် ရပ်လိုက်သည်။ ဟူအာအရှေ့မှ.. ကျောက်မှတ်တိုင်အပါအဝင် တခြားသော မှတ်တိုင် နှစ်ခုတွင်လည်း ပြိုင်ပွဲများ ပေါ်လာသည်။ ဒီတစ်ကြိမ် အံ့အားသင့်သွားသူက ဆရာဖြစ်၏။ တကယ်ဆို ပြိုင်ပွဲစီမံ ကျောက်မှတ်တိုင်မှ.. ကျောင်းသားသုံးဦး၏ စွမ်းရည်ကို ရှာဖွေ တွေ့ရှိနိုင်သဖြင့်.. ပြိုင်ပွဲကို ချမှတ်ပေးသည့် စွမ်းရည် ရှိသည်။ တစ်ဦးလျှင် သုံးပွဲစီ ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း.. စွမ်းအားအမြင့်ဆုံး.. စာသင်သား တစ်ဖက်မှ နှစ်ဦး သူက တစ်ဦးတည်းဖြင့် သတ်မှတ်ဘာသာရပ်ကိုပါ ဝင်ပြိုင်ရလေ့ ရှိသည်။ ပုံမှန်အားဖြင့် နေမင်းရဲ့ရောင်ခြည် ကျောင်းသားမှ.. ပြိုင်ပွဲသုံးခုကို ဦးဆောင်ရမည် ဖြစ်သည်။


ယခုတော့ ကျောက်တိုင်တွင် ကျိုးရန်နှင့် ဖန်ရှိုးဝိန် ပူးပေါင်းကာ.. ဟူအာကို တိုက်ခိုက်ရန်.. ပြောထား၏။ ဟူအာ အခုချိန်မှာ မျက်လုံးတွေ ကန်းသွားလျှင်ကောင်းမည်ဟု တွေးမိသည်။ သူ မြင်နေရသော ရွှေရောင် အနားကွပ်နှင့် ပန်းရောင် စာလုံးတွေကို မယုံနိုင်စွာ ငေးမိနေတုန်း ဖြစ်၏။


ပိုင်ဟုန်ဟူ-ကျိုးရန် (အနုပညာဘာသာရပ်)..၊ 

ပိုင်ဟုန်ဟူ-ဖန်းရှိုးဝိန် (နတ်သမိုင်းနှင့်ဝေါဟာရ ဘာသာရပ်)..၊

ပိုင်ဟုန်ဟူ-ကျိုးရန်၊ဖန်းရှိုးဝိန် (တိုက်ခိုက်ရေးနှင့် နတ်စွမ်းအား အသုံးပြုမှု ဘာသာရပ်)..၊


ဒါက သိပ်ပြီး မတရားလွန်းတဲ့ ကိစ္စ မဟုတ်လား..၊ သူ နဂိုရ်ကတည်းက နတ်စွမ်းအားမှာ လျော့နည်းနေတာ.. အခုက သူ့ကို နှစ်ဦးပေါင်းပြီး တိုက်ခိုက်စေနေတာလား..၊ သူ ဆရာ့ကို လှမ်းကြည့်တော့ ဆရာပင် နားမလည်သလို ဖြစ်နေသည်။ ရှောင်ညောင်က သူ့အနားသို့ ခုန်လွှားလျက် ရောက်လာပြီး..


“တွေ့လား ငါ့ရဲ့ သခင်က မင်းတို့ နှစ်ယောက်ပေါင်း တိုက်ခိုက်ရမယ့် အဆင့်မှာ ရှိတယ်..”


သူမက ထိုသို့ ပြောတာကို ဖန်းရှိုးဝိန်က မျက်နှာ ပျက်သွားသော်လည်း.. ကျိုးရန် နတ်သားက အပြုံးနုတစ်ခုနှင့်..


“ဆရာ.. ဒါက ဘယ်လို အမှားမျိုး ဖြစ်မလဲ..”


ဆရာထံမှ ကြေငြာသံ မပေါ်လာတော့.. ကျောင်းအုပ်ကြီးအား.. လှမ်းကြည့်သည်။ ကျိုးလျန် နတ်မင်းက.. အနားသို့ ပျံသန်းလာပြီး.. ပေါ်နေသော စာသားများကို ဖတ်ရှုလိုက်သည်။ ပြီးမှ သူတို့ သုံးဦးအား..


“ဒီကျောက်ကလပ်က နတ်စွမ်းအားကို တိုင်းတာတာ မမှားဖူးဘူး..”


ဆရာက စကားသံ ထစ်ထစ်အအဖြင့်..


“ဒါပေမယ့် ဒီကလေးက မြေပြင်မှလမ်းကလေး.. စာသင်ဆောင်ကပါ..”


ကျိုးလျန် နတ်မင်းက ဟူအာ၏ မျက်မှောင်ကုတ်ထားသော မျက်နှာကို ကြည့်လိုက်ပြီးမှ..


“ငါ ပြိုင်ပွဲကို အတည်ပြုပေးတယ်..”


ဟူအာ.. ဘာမှမပြောတော့ပဲ ဒီမတရားသော ပြိုင်ပွဲကို ယှဉ်ပြိုင်ရန်သာ တွေးလိုက်မိသည်။


“နောက်တစ်ဖွဲ့..”


ကြေငြာသူ ဆရာမှ ပြောလိုက်တော့.. ဟူအာတို့၏ ပြိုင်ပွဲက အတည်ပြုပြီးသား ဖြစ်သွားပြီ ဖြစ်၏။ ဟူအာ.. ထိုကျောက်တုံးပေါ်မှ ခုန်ဆင်းလာပြီး.. ဒီနေ့အတွက် ပြိုင်ပွဲတွေ ရွေးချယ်တာ ယှဉ်ပြိုင်သူတွေ ရွေးချယ်တာ.. ပြီးသွားပြီ ဖြစ်သဖြင့် တောင်အောက်သို့ ဆင်းရန်သာ ပြင်လိုက်သည်။ ဟူအာ၏ နောက်ကျောကို ကြည့်လိုက်ပြီးမှ.. ကျိုးလျန် ခေါင်းယမ်းလိုက်မိသည်။


“ဒီကလေး.. ဘယ်လိုမျိုးများ နတ်စွမ်းအားကို သိုဝှက်ထားတာလဲ ဆိုတာကို သိပ်မကြာခင်မှာ တွေ့ရတော့မယ်.. အစတည်းက မိစ္ဆာကနေ နတ်အဆင့် ရှိတဲ့ အစေခံ ရှိတဲ့ လူငယ်က နတ်အစွမ်း နည်းနည်းပဲ ရှိတယ် ဆိုတာ မဖြစ်နိုင်မှန်း သိသင့်တယ်.. သူ့ရဲ့ နတ်အစွမ်းက ဒီလောက်ထိ သိုဝှက်ထားနိုင်တာကိုက အံ့အားသင့်ဖို့ ကောင်းတယ်.. ဒီနှစ်ပွဲအတွက် ဧည့်သည်ကို ကျိုးရင်းကို ဖိတ်ကြားပြီး အကူညီတောင်းထားရမယ်..”


@@@@@@@@@@


ရှောင်ညောင်က ဟူအာအတွက် နည်းလမ်းပေါင်းများစွာကို ယူဆောင်လာပြီး အကြံဉာဏ်ပေးသည်။ သို့သော် သူမ၏ နည်းလမ်းပေါင်းများစွာသည် သုံးစား၍ ရသည်တော့ မဟုတ်ပေ။ သူမ၏ အကြံဉာဏ်များက ပြိုင်ပွဲနေ့ မတိုင်ခင်တွင်.. ကျိုးရန်ကို အဆိပ်ခတ်ရန်နှင့် ဖန်းရှိုးဝိန်ကို လုပ်ကြံရန် နည်းလမ်းများသာ ဖြစ်၏။ ပြိုင်ပွဲနေ့ကို အရင်နေ့ကတည်းက သတ်မှတ်ထားခြင်းကြောင့် နောက်ငါးရက် နေလျှင် ပြိုင်ပွဲနေ့သို့ ရောက်မည် ဖြစ်၏။ ယခုတော့ တခြားသောသူများ ပြိုင်ပွဲဝင်နေသည်ကို ကြည့်ရှုရမည် ဖြစ်သည်။ ရှောင်ညောင် မတွေးမိသည်က နဂိုရ်ကတည်းက သူတို့ နှစ်ဦးထက် နတ်စွမ်းအား နိမ့်ကျသော ဟူအာသည် သူတို့ နှစ်ဦးကို လုပ်ကြံရန်မှာ မည်သိုဖြစ်နိုင်မည်နည်း။


တကယ်ဆို စာသင်သားများမှ ပြိုင်ပွဲဝင် အချင်းချင်း ကြိုးစားမှုကို အသိအမှတ်ပြုကာ အားပေး ကြည့်ရှုရမည် ဖြစ်သော်လည်း.. ရှုံးမည် သေချာနေသော ပြိုင်ပွဲကို လက်ခံထားရသော ဟူအာ အတွက်ကတော့ လောလောဆယ်.. လူမရှိသော နေရာတွင်သာ နေလိုက်ချင်သည်။ ထို့ကြောင့် ပြိုင်ပွဲသို့ သွားနေသဖြင့် လူမရှိသော စာသင်ဆောင်နှစ်ခု ဆက်ထားသည့် လမ်းကလေး၏ အုတ်ဘောင်ပေါ်တွင် ထိုင်နေမိခြင်း ဖြစ်၏။


သူ ခေါင်းယမ်းလိုက်တာကို ရှောင်ညောင်က အားမလျော့သေးပဲနှင့်.. လုပ်ကြံရန် နည်းလမ်းများ ဟူသည့် စာအုပ်ကို စာကြည့်တိုက်အတွင်းမှ ဘယ်လို ရှာတွေ့မှန်း မသိပဲ ဆွဲယူလာသည်။ ပြီးတော့ မဖတ်ကြည့်သေးသော သူ့အား.. မျက်နှာရှေ့တွင် ဖြန့်ပြပြီး..


“သခင်.. ဒီထဲက နည်းလမ်းတွေက အရမ်းကို အသုံးဝင်တယ်.. အဲ့တာက တကယ်ကို အသုံးတည့်မယ်လို့ ရှောင်ညောင် ထင်တယ်.. သခင် တစ်ခါလောက် ဖတ်ကြည့်သင့်တယ်.. တစ်ခါတည်းပါ..”


အဲ့ဒီ တစ်ခါ ဆိုတာက စာအုပ်အတွင်းမှ စာလုံးများ အားလုံးကို သူ မှတ်မိသွားဖို့ သေချာနေခြင်းကြောင့် ရှောင်ညောင်က ဖတ်ရှုခိုင်းနေခြင်း ဖြစ်လေသည်။ သို့သော် သူ လက်ကို ဝှေ့ယမ်းပစ်လိုက်၏။


ကောင်းကင်မှ နတ်များ၏ ကံကြမ္မာကို ကံကြမ္မာမှတ်တိုင်တောင်တွင် ဖတ်ရှု၍ ရသည်ဟု ကြားဖူးသည်။  သို့သော် လတ်တလော ကံဆိုးခြင်း အကြောင်းတရားကို သိရှိရန်ကိုမူ ဘယ်နတ်မျှ တတ်နိုင်မည်ဟု မကြားဖူးပေ။ သူကတော့.. ယခုပင် ဖြစ်နေခြေပြီ။ ရှောင်ညောင်၏ လုပ်ကြံရန် နည်းလမ်း ဟူသော စာအုပ်ကို သူ လက်ဖြင့် ဝှေ့ယမ်းလိုက်တော့ မြေပြင်မှ လမ်းကလေး စာသင်ဆောင်နှင့် လမင်းရဲ့ကြယ်စင် စာသင်ဆောင်တို့ ဆက်သွယ်ထားသော လမ်းကျဉ်းလေး ပေါ်သို့ စာအုပ်က ဖွင့်လျက်သားလေး ကျသွားသည်။


ရှောင်ညောင်က အပြေးသွားကာ ကောက်ယူဖို့ ပြင်လိုက်သော်လည်း.. လူတစ်ဦးက ကောက်ယူသွားပြီ ဖြစ်၏။ ထိုသူကို မော့ကြည့်လိုက်မိကာမှ ထိုင်နေရင်းနှင့် ခန္ဓာနှင့် ဝိဉာဉ်ကွဲသွားလျှင် ကောင်းမည်ဟုပင် ဟူအာ တွေးလိုက်မိသည်။


ဖန်းရှိုးဝိန်..၊ ထိုသူသာ မက ထိုသူ၏ ဘေးတွင် ဟုန်ရွယ်..၊ ထိုသူက သူ့အား ဟားတိုက်လိုက်သော မျက်နှာထားဖြင့် အပြုံးတစ်ခုကို ပီပီပြင်ပြင် ပြုံးလိုက်ကာ..


“ဟုန်ဟူ.. မင်းက ငါနဲ့.. ကျိုးရန် အစ်ကိုကို.. လုပ်ကြံဖို့ တွေးထားတာလား.. ကျောင်းအုပ်က ဒီပြိုင်ပွဲကို ခွင့်ပြုထားတာတောင်မှ.. မင်းက ဒီလို လုပ်ဖို့ ကြံစည်ထားတာလား..”


သူ မျက်မှောင်တွန့်ချိုးသွား၏။ လူသားနှင့် နတ်တွေ ရန်ဖြစ်လို့ မရဘူး ဖြစ်သော်လည်း ဒီနေရာက ထာဝရ ရှင်သန်သူတို့၏ နယ်မြေဖြစ်သဖြင့်.. လူသားနှင့် နတ်တို့က စွမ်းအား ကွာခြားမှုသာ ရှိပြီး.. ခန္ဓာကိုယ်အားဖြင့် ပျော့နွဲ့ခြင်း မာကျောခြင်း ဒဏ်ရာရရှိမှု ကွာခြားခြင်း မရှိပေ။


“မဟုတ်ပါဘူး.. အထင်မှားနေပြီ..”


ဟူအာ ထိုသို့မျှသာ ပြောဆိုလိုက်ပြီး ထိုနေရာမှ လှည့်ထွက်ဖို့ ပြင်လိုက်သော်လည်း.. ဖန်းရှိုးဝိန်က သူ့ပုခုံးကို.. လှမ်းဆွဲကာ.. ခြေထိုးခံဖို့ ကြိုးစားသည်။ ဖန်းရှိုးဝိန်က သူ့ထက် နတ်အစွမ်းမှာ သာလွန်မည် ဆိုလျှင်တောင်.. သူက တိုက်ခိုက်ရေးမှာ ညံ့ဖျင်းသူ မဟုတ်သောကြာင့်.. ဖန်းရှိုးဝိန်၏ ကျောဘက်မှ တစ်ပတ်လှည်ကာ ရှောင်တိမ်းလိုက်ပြီး သူ့လက်အတွင်းမှ စာအုပ်ကို ဆွဲယူလိုက်ကာ.. ထိုနေရာမှ ထွက်လာခဲ့မိ၏။


သို့သော် ထိုပြသနာက ထိုမျှနှင့် မပြီးသွားသေးပဲနှင့် ဟုန်ရွယ်က သူ့အား လှမ်းတားလိုက်ကာ.. မျက်နှာငယ်လေးနှင့်..


“ဟူအာ.. မင်းက ဖန်းအစ်ကိုကြီးကို လုပ်ကြံဖို့လည်း ကြိုးစားတယ်.. အခုကျတော့လည်း သူ့ကို တိုက်ခိုက်တယ်.. မင်း သူ့ကို တောင်းပန်သင့်တယ်..”


“ဟုန်ရွယ်.. မင်း..”


ဟူအာ အစကတော့ ဖန်းရှိုးဝိန်ကို တောင်းပန်ဖို့ စိတ်ကူး မရှိသော်လည်း.. ဟုန်ရွယ် ထိုလူကို ဘယ်လောက် နှစ်သက်သလဲ ဆိုတာကို သိနေတာကြောင့်.. စာအုပ်ကို ရှောင်ညောင်ထံသို့ ကမ်းပေးလိုက်ပြီးမှ..


“ကျွန်တော် မှားသွားပါတယ်.. တောင်းပန်ပါတယ်..”


စကားနှစ်ခွန်းကို အေးဆေးသက်သာစွာဖြင့် ပြောဆိုလိုက်သည်။ ဖန်းရှိုးဝိန်က.. သဘောထားကြီးမားသည့် အပြုံးတု တစ်ခုကို ဖန်တီးလိုက်ပြီးမှ.. ပြိုင်ပွဲမှ ပြန်လာသော လူတစ်စုကို မြင်သာစေလိုသော ရည်ရွယ်ချက်ဖြင့်..


“ရပါတယ်.. အစ်ကိုကြီးက ဘယ်လိုပဲ ဖြစ်ဖြစ်.. မင်းအတွက် ဆရာတူ အစ်ကိုပဲ မဟုတ်လား.. မင်းဘက်က ကြီးကျယ်တဲ့ အမှားဆိုရင်တောင် ခွင့်လွှတ်ပေးတယ်..”


တခြားလူတွေ သို့လော သို့လော အတွေးမှားအောင်.. ပြောဆိုသွားမှန်း သိသော်လည်း.. ထပ်မရှင်းချင်တော့၍ ကြည့်ရှုနေကြသူတွေ ကြားမှ ဟူအာ လှည့်ထွက်လာခဲ့သည်။ ရှောင်ညောင်ကတော့ တိတ်ဆိတ်စွာသာ လိုက်ပါလာပြီး.. စာသင်ဆောင်အခန်းသို့ ရောက်တော့ သူမက အရှေ့တွင် လက်ကို နောက်ပစ်လိုက်ပြီး..


“သခင်.. ရှောင်ညောင် အသုံးမကျလို့ သခင်အပြောခံရတာပါ.. ရှောင်ညောင်ကို အပြစ်ပေးပါ..”


“မလိုဘူး..”


“ရှောင်ညောင်ကို မလိုချင်တော့လို့လား..”


ဒီတစ်ခါလေသံလေးက တိုးတိတ်စွာဖြင့်.. သနားစဖွယ်.. မျက်နှာလေးကပါ.. ညိုးနွမ်းနေသည်။ ဟူအာ သူမကို အပြစ်တင်စကား မဆိုချင်ပါ။


“ရှောင်ညောင်.. မင်း အခုလိုတွေ လျှောက်လုပ်နေရင်.. ငါက ဒီကျောင်းကနေ.. ထွက်ရတော့မယ် ထင်တယ်.. ဒါပေမယ့် မင်းသိလား.. ကောင်းကင်နတ်တွေမှာက ဆရာရှာရတဲ့ ထုံးစံ ရှိပေမယ့် ငါတို့လို မြေပြင်နတ်တွေမှာ ဆရာရှာတဲ့ ထုံးစံ မရှိဘူး.. ဒီကျောင်းကနေသာ ပညာကို သင်ယူခွင့် မရတော့ဘူး ဆိုရင်.. ငါက ပညာသင်ယူလို့ မရတဲ့ နတ်ပဲ ဖြစ်သွားတော့မှာ..”


“ရှောင်ညောင် သိပါပြီ.. နောက်ဆို အမှားမလုပ်တော့ပါဘူး..”


“မင်းသိတာ ကောင်းတယ်.. ငါတို့.. မက်မုံတောထဲက ခုနှစ်ဆင့် ပယင်းရေကန်ကို သွားရအောင်..”


“သခင် မလေ့ကျင့်တော့ဘူးလား..”


“ဆယ်ခါလေ့ကျင့်လည်း မင်းပြောသလို ငါက မီးဖိုချောင်မှာ သုံးတဲ့ နတ်အစွမ်းလောက်ပဲ ရတာ ဆိုတော့ ငါတို့ ဒီငါးရက်မှာ.. ပယင်းရေကန်မှာပဲ အချိန်ဖြုန်းရအောင်..”


တကယ်လို့သာ.. သူနဲ့ ဖန်းရှိုးဝိန်ကို တွေ့လိုက်သော သူတွေက ပြသနာကို ရှင်းလင်းစွာ မတွေးနိုင်ပါက.. သူ့အား တစ်မျိုးမြင်ကြမည် ဖြစ်သည်။ ထို့အတွက်.. ထိုသူတွေ၏ မျက်ဝန်းကို ရှောင်ရှားရန်.. ထိုနေရာသို့ ရွေးချယ်လိုက်ခြင်း ဖြစ်လေသည်။


“ရှောင်ညောင် ငါခဏအိပ်ဖို့ ငါ့ကို နေကာပေးပါ..”


ရှောင်ညောင်က သူ လဲချလိုက်သော သစ်ပင်အပေါ်သို့ တက်လိုက်ကာ.. သူမ၏ လက်နှစ်ဖက်နှင့် သူ့မျက်နှာကို ကာပေးသည်။ သူ တစ်ချက် ပြုံးလိုက်ပြီးမှ.. သူမအား.. ဘေးသို့ ဖယ်ခိုင်းလိုက်ကာ..


“အဲ့လို မဟုတ်ဘူး.. ဒီအတိုင်း မင်းရဲ့အစွမ်းနဲ့ သစ်ကိုင်းတွေကို ကွေးခိုင်းထားလိုက်လေ.. အဲ့တာဆို နေကာသွားပြီ.. ပြီးတော့ ငါအိပ်နေတဲ့အချိန် ငါ့ကို စောင့်ပေးပါ.. ပြီးရင်.. ငါ့ကို လေးရက်နေ့ကျရင် နိုးပါ ကြားလား”


“ဟုတ်သားပဲ..”


သူ့ထံတွင် မြေခွေးတို့နှင့် မတူညီသော အကျင့်ကောင်းလေးက ဘယ်နေရာမှာမဆို နေရာဒေသမရွေး.. အမွှေးတွေ ငြိပြီး ကျွတ်ကုန်မှာကို မကြောက်ပဲနှင့် နှစ်ခြိုက်စွာ အိပ်မောကျတတ်ခြင်း ဖြစ်လေသည်။


ငယ်စဉ်တုန်းကတော့ သူ ထိုသို့ တောအတွင်း အိပ်ပျော်နေတိုင်း.. အမေက ဆူဆူပူပူဖြင့်.. အမွှေးတွေကို ဆီမွှေးလိမ်းပေးပြီး ဂရုစိုက်ဖို့ ပြောတတ်သည်။ သူ့အမွှေးတွေက ထူးဆန်းပြီး လှပတာကြောင့်.. ပိုပြီး ထိန်းသိမ်းဖို့ လိုအပ်ကြောင်းပင် ပြောသေးသည်။ ပိုင်အိမ်တော်၏ မျိုးနွယ်က ရှားပါးမျိုးနွယ် ဖြစ်သော်လည်း အမွှေးနီဖြင့် မြေခွေးမျိုးက ပိုပြီး ရှားပါးကြောင်း.. ပိုပြီး ဂရုစိုက်သင့်ကြောင်း ပြောတတ်သော်လည်း.. သူကတော့.. အိပ်ချင်သော နေရာတွင် အိပ်လိုက်တာပင် ဖြစ်၏။


သိပ်မကြာခင်မှာပဲ နေရောင်၏ ပူပြင်းခြင်း ရှောင်ညောင်အကြောင်းကိုပင် မေ့လျော့ကာ.. သစ်ကိုင်းထူထူပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့၏။ ပိုပြီး ထူးဆန်းသည့် အမူအကျင့်က သူသည် တခြားသော မြေခွေးများကဲ့သို့.. အိပ်ပျော်နေရင်းဖြင့် အသံတစ်ခုခု ကြားလျှင် သို့မဟုတ်.. နတ်စွမ်းအား သုံးလျှင်ပင် သူ မနိုးလာတတ်ခြင်းပင် ဖြစ်၏။ ထို့ကြောင့်.. ရှောင်နန်ကို စောင့်ကြည့်ခိုင်းခြင်း ဖြစ်သည်။ တစ်ခါတစ်လေ သူ နှစ်ခြိုက်စွာ အိပ်ပျော်သွားလျှင် တစ်ရက်ကနေ သုံးရက် လေးရက် ထက်ပင် ပိုတတ်၏။ ထို့ကြောင့် နိုးဖို့ကိုပင် မှာကြားထားခြင်း ဖြစ်သည်။


သူ နှစ်ခြိုက်စွာ အိပ်မောကျသွားတာ ဘယ်လောက်ပင် ကြာသွားလည်း မသိသော်လည်း.. သူ နိုးလာတော့.. နေပူနေဆဲ ဖြစ်၏။ သူ မျက်လုံးတွေ ဖွင့်လိုက်သည်နှင့် အနီးအနားတစ်ဝိုက်တွင် ကြွေကျနေသော.. မက်မုံပွင့်ငယ်များကို ဝေ့ဝဲ ကြည့်လိုက်တော့.. အဖြူစွတ်စွတ် ဆိုတာထက် ပိုသည့် ကြည်လွင်နေသည့် အတွင်းသို့ပင် ဖောက်ဝင်၍ မြင်ရလုမတတ် အကျႌကို ဝတ်ဆင်ထားသော နတ်တစ်ပါးကို တွေ့လိုက်ရသည်။


ထိုနတ်သားက နှုတ်ခမ်းပါး ရဲရဲများကို ပွင့်ဟကာ.. သူ့ကို နိုးလာပြီလားဟု ဟန်ပန်ဖြင့် လှမ်းမေးသည်။ အရပ်မြင့်မြင့် ကိုယ်ဟန်သွယ်သွယ်ဖြင့် ထိုနတ်သားက သူ့အားနှစ်လိုဖွယ်.. အပြုံးကို ပြုံးပြလာသည်။ ဟူအာ ဒီနတ်သားကို အသက်ဘယ်လောက်လဲဟု တွေးလိုက်မိသော်လည်း.. နတ်တွေ၏ အသက်ကို ခန့်မှန်းလို့ မရတာမို့ ထပ်ပြီး တွေးမနေတော့ပဲ မြေခွေးပုံသဏ္ဍာန်မှ.. လူအသွင်သို့ ကူးလိုက်ကာ ညောင်းညာနေသမျှကို ဖြေဖျောက်လိုက်သည်။


ထိုနတ်သားက.. တစ်လွှာတည်းသော အကျႌဝတ်စုံကို တစ်ချက်မျှ သူ့ကိုသူ ငုံ့ကြည့်လိုက်ပြီး.. ဘေးသစ်ကိုင်းပေါ်တွင် ချိတ်ဆွဲထားသည့် အစိမ်းရောင် ဝတ်ရုံရှည်ကို ခြုံလွှားလိုက်ပြီး.. ဖြန့်ချထားသည့် ဆံနွယ်တွေကို အကျႌအနောက်သို့ ပို့လိုက်သည်။ နက်မှောင်နေသော ဆံနွယ်များက.. ပိုးသားမျှင်ကဲ့သို့ လျောခနဲ အကျႌစိမ်းပေါ်တွင် ဖှေးတင်သွားသည်။ ပြီးနောက် ထိုနတ်သားက အစိမ်းရောင်ဝတ်ရုံ၏ ခါးစည်းကြိုးကို.. စည်းနှောင်ခြင်း မရှိပဲနှင့်.. သူ့ကို လှမ်းကြည့်လာသည်။


Zawgyi

Part-10.3


~~သူတို႔ ႏွစ္ေယာက္ နတ္အစြမ္း မျပည္စံုတဲ့ ငါ့ကို ေလွာင္ေျပာင္ဖို႔မ်ား.. စိတ္ကူးထားၾကျပီလား..~~ ေတြးလုိက္မိေသာ္လည္း.. ဟူအာ အေရွ႕သို႔ သြားလိုက္ျပီး.. အဝါေရာင္လြင္လြင္ အက်ႌျဖင့္ တည္ၾကည္ခန္႔ညားျပီး အေရာင္အဝါ ျပည့္စံုသည့္ က်ိဳးရန္ နတ္သားအား.. အရိုအေသေပးလုိက္ရင္း..


“အစ္ကိုေတြ သင္ျပေပးပါ..”


“ညီေလးက.. အားနာေနျပန္ပါျပီ.. ပညာကို ဖလွယ္ၾကတာေပါ့..”


တကယ္ဆို ဒီျပိဳင္ပြဲကေန လမင္းရဲ႕ၾကယ္စင္ကို ကူးေျပာင္းခ်င္ေနတဲ့ သူ႔အတြက္ ဒီလူေတြနဲ႔ ယွဥ္ျပိဳင္ေစတာ မတရားဘူးဟု ထင္ျမင္မိသည္။ ေနာက္ေတာ့ မဲက်သူ မဲႏိႈက္သူေတြႏွင့္ ေရျပင္ေလးက ကယွက္ရိုက္ေနေတာ့သည္။ ေနာက္ သံုးဦးတစ္ဖြဲ႔ ယွဥ္ျပိဳင္သူေတြ ေရြးျပီးသြားသည္ႏွင့္.. ဆရာတစ္ဦးက ေရအလယ္မွ ေက်ာက္ကလပ္ကို ဆင့္ေခၚလုိက္သည္။ ေက်ာက္သား.. ထုတစ္ခုက ေရထဲမွ ရုန္းၾကြလာျပီး.. ဆယ့္ေလးမိုင္ ေရကန္ အလယ္တည့္တည့္တြင္ တည္ရွိလာသည္။ ထိုေက်ာက္သားထုေဘးတြင္.. ေက်ာက္မွတ္တိုင္ သံုးခု ရွိျပီး.. တစ္ဦးခ်င္း မတ္တပ္ရန္ ေနရာကို ေတြ႔ရသည္။


“တစ္ဖြဲ႔စီ.. ဘာသာရပ္ေရြးခ်ယ္မႈ ျပဳလုပ္မယ္..”


ဟူအာ.. အရံႈးတစ္ခုကို ရင္ဆိုင္ဖို႔ ေတြးေတာထားရသည္။ သို႔ေသာ္ အရံႈးႏွစ္ခုထိေတာ့ မေတြးထားမိေပ။ သူအပါအဝင္ က်ိဳးရန္ႏွင့္ ဖန္းရိႈးဝိန္ကပါ ခုန္ပ်ံလ်က္ ထိုမွတ္တိုင္ေရွ႕တြင္ ရပ္လိုက္သည္။ ဟူအာအေရွ႕မွ.. ေက်ာက္မွတ္တိုင္အပါအဝင္ တျခားေသာ မွတ္တိုင္ ႏွစ္ခုတြင္လည္း ျပိဳင္ပြဲမ်ား ေပၚလာသည္။ ဒီတစ္ၾကိမ္ အံ့အားသင့္သြားသူက ဆရာျဖစ္၏။ တကယ္ဆို ျပိဳင္ပြဲစီမံ ေက်ာက္မွတ္တိုင္မွ.. ေက်ာင္းသားသံုးဦး၏ စြမ္းရည္ကို ရွာေဖြ ေတြ႔ရွိႏိုင္သျဖင့္.. ျပိဳင္ပြဲကို ခ်မွတ္ေပးသည့္ စြမ္းရည္ ရွိသည္။ တစ္ဦးလွ်င္ သံုးပြဲစီ ယွဥ္ျပိဳင္ရမည္ ျဖစ္ေသာ္လည္း.. စြမ္းအားအျမင့္ဆံုး.. စာသင္သား တစ္ဖက္မွ ႏွစ္ဦး သူက တစ္ဦးတည္းျဖင့္ သတ္မွတ္ဘာသာရပ္ကိုပါ ဝင္ျပိဳင္ရေလ့ ရွိသည္။ ပံုမွန္အားျဖင့္ ေနမင္းရဲ႕ေရာင္ျခည္ ေက်ာင္းသားမွ.. ျပိဳင္ပြဲသံုးခုကို ဦးေဆာင္ရမည္ ျဖစ္သည္။


ယခုေတာ့ ေက်ာက္တိုင္တြင္ က်ိဳးရန္ႏွင့္ ဖန္ရိႈးဝိန္ ပူးေပါင္းကာ.. ဟူအာကို တိုက္ခိုက္ရန္.. ေျပာထား၏။ ဟူအာ အခုခ်ိန္မွာ မ်က္လံုးေတြ ကန္းသြားလွ်င္ေကာင္းမည္ဟု ေတြးမိသည္။ သူ ျမင္ေနရေသာ ေရႊေရာင္ အနားကြပ္ႏွင့္ ပန္းေရာင္ စာလံုးေတြကို မယံုႏုိင္စြာ ေငးမိေနတုန္း ျဖစ္၏။


ပိုင္ဟုန္ဟူ-က်ိဳးရန္ (အႏုပညာဘာသာရပ္)..၊ 

ပိုင္ဟုန္ဟူ-ဖန္းရိႈးဝိန္ (နတ္သမိုင္းႏွင့္ေဝါဟာရ ဘာသာရပ္)..၊

ပိုင္ဟုန္ဟူ-က်ိဳးရန္၊ဖန္းရိႈးဝိန္ (တိုက္ခိုက္ေရးႏွင့္ နတ္စြမ္းအား အသံုးျပဳမႈ ဘာသာရပ္)..၊


ဒါက သိပ္ျပီး မတရားလြန္းတဲ့ ကိစၥ မဟုတ္လား..၊ သူ နဂိုရ္ကတည္းက နတ္စြမ္းအားမွာ ေလ်ာ့နည္းေနတာ.. အခုက သူ႔ကို ႏွစ္ဦးေပါင္းျပီး တုိက္ခိုက္ေစေနတာလား..၊ သူ ဆရာ့ကို လွမ္းၾကည့္ေတာ့ ဆရာပင္ နားမလည္သလို ျဖစ္ေနသည္။ ေရွာင္ေညာင္က သူ႔အနားသို႔ ခုန္လႊားလ်က္ ေရာက္လာျပီး..


“ေတြ႔လား ငါ့ရဲ႕ သခင္က မင္းတို႔ ႏွစ္ေယာက္ေပါင္း တိုက္ခုိက္ရမယ့္ အဆင့္မွာ ရွိတယ္..”


သူမက ထိုသို႔ ေျပာတာကို ဖန္းရိႈးဝိန္က မ်က္ႏွာ ပ်က္သြားေသာ္လည္း.. က်ိဳးရန္ နတ္သားက အျပံဳးႏုတစ္ခုႏွင့္..


“ဆရာ.. ဒါက ဘယ္လို အမွားမ်ိဳး ျဖစ္မလဲ..”


ဆရာထံမွ ေၾကျငာသံ မေပၚလာေတာ့.. ေက်ာင္းအုပ္ၾကီးအား.. လွမ္းၾကည့္သည္။ က်ိဳးလ်န္ နတ္မင္းက.. အနားသို႔ ပ်ံသန္းလာျပီး.. ေပၚေနေသာ စာသားမ်ားကို ဖတ္ရႈလုိက္သည္။ ျပီးမွ သူတို႔ သံုးဦးအား..


“ဒီေက်ာက္ကလပ္က နတ္စြမ္းအားကို တုိင္းတာတာ မမွားဖူးဘူး..”


ဆရာက စကားသံ ထစ္ထစ္အအျဖင့္..


“ဒါေပမယ့္ ဒီကေလးက ေျမျပင္မွလမ္းကေလး.. စာသင္ေဆာင္ကပါ..”


က်ိဳးလ်န္ နတ္မင္းက ဟူအာ၏ မ်က္ေမွာင္ကုတ္ထားေသာ မ်က္ႏွာကို ၾကည့္လုိက္ျပီးမွ..


“ငါ ျပိဳင္ပြဲကို အတည္ျပဳေပးတယ္..”


ဟူအာ.. ဘာမွမေျပာေတာ့ပဲ ဒီမတရားေသာ ျပိဳင္ပြဲကို ယွဥ္ျပိဳင္ရန္သာ ေတြးလုိက္မိသည္။


“ေနာက္တစ္ဖြဲ႔..”


ေၾကျငာသူ ဆရာမွ ေျပာလုိက္ေတာ့.. ဟူအာတို႔၏ ျပိဳင္ပြဲက အတည္ျပဳျပီးသား ျဖစ္သြားျပီ ျဖစ္၏။ ဟူအာ.. ထိုေက်ာက္တံုးေပၚမွ ခုန္ဆင္းလာျပီး.. ဒီေန႔အတြက္ ျပိဳင္ပြဲေတြ ေရြးခ်ယ္တာ ယွဥ္ျပိဳင္သူေတြ ေရြးခ်ယ္တာ.. ျပီးသြားျပီ ျဖစ္သျဖင့္ ေတာင္ေအာက္သို႔ ဆင္းရန္သာ ျပင္လိုက္သည္။ ဟူအာ၏ ေနာက္ေက်ာကို ၾကည့္လုိက္ျပီးမွ.. က်ိဳးလ်န္ ေခါင္းယမ္းလုိက္မိသည္။


“ဒီကေလး.. ဘယ္လိုမ်ိဳးမ်ား နတ္စြမ္းအားကို သိုဝွက္ထားတာလဲ ဆုိတာကို သိပ္မၾကာခင္မွာ ေတြ႔ရေတာ့မယ္.. အစတည္းက မိစာၦကေန နတ္အဆင့္ ရွိတဲ့ အေစခံ ရွိတဲ့ လူငယ္က နတ္အစြမ္း နည္းနည္းပဲ ရွိတယ္ ဆိုတာ မျဖစ္ႏုိင္မွန္း သိသင့္တယ္.. သူ႔ရဲ႕ နတ္အစြမ္းက ဒီေလာက္ထိ သိုဝွက္ထားႏုိင္တာကိုက အံ့အားသင့္ဖို႔ ေကာင္းတယ္.. ဒီႏွစ္ပြဲအတြက္ ဧည့္သည္ကို က်ိဳးရင္းကို ဖိတ္ၾကားျပီး အကူညီေတာင္းထားရမယ္..”


@@@@@@@@@@


ေရွာင္ေညာင္က ဟူအာအတြက္ နည္းလမ္းေပါင္းမ်ားစြာကို ယူေဆာင္လာျပီး အၾကံဉာဏ္ေပးသည္။ သို႔ေသာ္ သူမ၏ နည္းလမ္းေပါင္းမ်ားစြာသည္ သံုးစား၍ ရသည္ေတာ့ မဟုတ္ေပ။ သူမ၏ အၾကံဉာဏ္မ်ားက ျပိဳင္ပြဲေန႔ မတိုင္ခင္တြင္.. က်ိဳးရန္ကို အဆိပ္ခတ္ရန္ႏွင့္ ဖန္းရိႈးဝိန္ကို လုပ္ၾကံရန္ နည္းလမ္းမ်ားသာ ျဖစ္၏။ ျပိဳင္ပြဲေန႔ကို အရင္ေန႔ကတည္းက သတ္မွတ္ထားျခင္းေၾကာင့္ ေနာက္ငါးရက္ ေနလွ်င္ ျပိဳင္ပြဲေန႔သို႔ ေရာက္မည္ ျဖစ္၏။ ယခုေတာ့ တျခားေသာသူမ်ား ျပိဳင္ပြဲဝင္ေနသည္ကို ၾကည့္ရႈရမည္ ျဖစ္သည္။ ေရွာင္ေညာင္ မေတြးမိသည္က နဂိုရ္ကတည္းက သူတို႔ ႏွစ္ဦးထက္ နတ္စြမ္းအား နိမ့္က်ေသာ ဟူအာသည္ သူတို႔ ႏွစ္ဦးကို လုပ္ၾကံရန္မွာ မည္သိုျဖစ္ႏုိင္မည္နည္း။


တကယ္ဆို စာသင္သားမ်ားမွ ျပိဳင္ပြဲဝင္ အခ်င္းခ်င္း ၾကိဳးစားမႈကို အသိအမွတ္ျပဳကာ အားေပး ၾကည့္ရႈရမည္ ျဖစ္ေသာ္လည္း.. ရံႈးမည္ ေသခ်ာေနေသာ ျပိဳင္ပြဲကို လက္ခံထားရေသာ ဟူအာ အတြက္ကေတာ့ ေလာေလာဆယ္.. လူမရွိေသာ ေနရာတြင္သာ ေနလုိက္ခ်င္သည္။ ထို႔ေၾကာင့္ ျပိဳင္ပြဲသို႔ သြားေနသျဖင့္ လူမရွိေသာ စာသင္ေဆာင္ႏွစ္ခု ဆက္ထားသည့္ လမ္းကေလး၏ အုတ္ေဘာင္ေပၚတြင္ ထိုင္ေနမိျခင္း ျဖစ္၏။


သူ ေခါင္းယမ္းလုိက္တာကို ေရွာင္ေညာင္က အားမေလ်ာ့ေသးပဲႏွင့္.. လုပ္ၾကံရန္ နည္းလမ္းမ်ား ဟူသည့္ စာအုပ္ကို စာၾကည့္တုိက္အတြင္းမွ ဘယ္လို ရွာေတြ႔မွန္း မသိပဲ ဆြဲယူလာသည္။ ျပီးေတာ့ မဖတ္ၾကည့္ေသးေသာ သူ႔အား.. မ်က္ႏွာေရွ႕တြင္ ျဖန္႔ျပျပီး..


“သခင္.. ဒီထဲက နည္းလမ္းေတြက အရမ္းကို အသံုးဝင္တယ္.. အဲ့တာက တကယ္ကို အသံုးတည့္မယ္လို႔ ေရွာင္ေညာင္ ထင္တယ္.. သခင္ တစ္ခါေလာက္ ဖတ္ၾကည့္သင့္တယ္.. တစ္ခါတည္းပါ..”


အဲ့ဒီ တစ္ခါ ဆိုတာက စာအုပ္အတြင္းမွ စာလံုးမ်ား အားလံုးကို သူ မွတ္မိသြားဖို႔ ေသခ်ာေနျခင္းေၾကာင့္ ေရွာင္ေညာင္က ဖတ္ရႈခိုင္းေနျခင္း ျဖစ္ေလသည္။ သို႔ေသာ္ သူ လက္ကို ေဝွ႔ယမ္းပစ္လုိက္၏။


ေကာင္းကင္မွ နတ္မ်ား၏ ကံၾကမၼာကို ကံၾကမၼာမွတ္တိုင္ေတာင္တြင္ ဖတ္ရႈ၍ ရသည္ဟု ၾကားဖူးသည္။  သို႔ေသာ္ လတ္တေလာ ကံဆိုးျခင္း အေၾကာင္းတရားကို သိရွိရန္ကိုမူ ဘယ္နတ္မွ် တတ္ႏုိင္မည္ဟု မၾကားဖူးေပ။ သူကေတာ့.. ယခုပင္ ျဖစ္ေနေျချပီ။ ေရွာင္ေညာင္၏ လုပ္ၾကံရန္ နည္းလမ္း ဟူေသာ စာအုပ္ကို သူ လက္ျဖင့္ ေဝွ႔ယမ္းလိုက္ေတာ့ ေျမျပင္မွ လမ္းကေလး စာသင္ေဆာင္ႏွင့္ လမင္းရဲ႕ၾကယ္စင္ စာသင္ေဆာင္တို႔ ဆက္သြယ္ထားေသာ လမ္းက်ဥ္းေလး ေပၚသို႔ စာအုပ္က ဖြင့္လ်က္သားေလး က်သြားသည္။


ေရွာင္ေညာင္က အေျပးသြားကာ ေကာက္ယူဖို႔ ျပင္လုိက္ေသာ္လည္း.. လူတစ္ဦးက ေကာက္ယူသြားျပီ ျဖစ္၏။ ထိုသူကို ေမာ့ၾကည့္လုိက္မိကာမွ ထိုင္ေနရင္းႏွင့္ ခႏၶာႏွင့္ ဝိဉာဥ္ကြဲသြားလွ်င္ ေကာင္းမည္ဟုပင္ ဟူအာ ေတြးလုိက္မိသည္။


ဖန္းရိႈးဝိန္..၊ ထိုသူသာ မက ထိုသူ၏ ေဘးတြင္ ဟုန္ရြယ္..၊ ထိုသူက သူ႔အား ဟားတုိက္လုိက္ေသာ မ်က္ႏွာထားျဖင့္ အျပံဳးတစ္ခုကို ပီပီျပင္ျပင္ ျပံဳးလုိက္ကာ..


“ဟုန္ဟူ.. မင္းက ငါနဲ႔.. က်ိဳးရန္ အစ္ကိုကို.. လုပ္ၾကံဖို႔ ေတြးထားတာလား.. ေက်ာင္းအုပ္က ဒီျပိဳင္ပြဲကို ခြင့္ျပဳထားတာေတာင္မွ.. မင္းက ဒီလို လုပ္ဖို႔ ၾကံစည္ထားတာလား..”


သူ မ်က္ေမွာင္တြန္႔ခ်ိဳးသြား၏။ လူသားႏွင့္ နတ္ေတြ ရန္ျဖစ္လို႔ မရဘူး ျဖစ္ေသာ္လည္း ဒီေနရာက ထာဝရ ရွင္သန္သူတို႔၏ နယ္ေျမျဖစ္သျဖင့္.. လူသားႏွင့္ နတ္တို႔က စြမ္းအား ကြာျခားမႈသာ ရွိျပီး.. ခႏၶာကိုယ္အားျဖင့္ ေပ်ာ့ႏြဲ႔ျခင္း မာေက်ာျခင္း ဒဏ္ရာရရွိမႈ ကြာျခားျခင္း မရွိေပ။


“မဟုတ္ပါဘူး.. အထင္မွားေနျပီ..”


ဟူအာ ထိုသို႔မွ်သာ ေျပာဆိုလိုက္ျပီး ထိုေနရာမွ လွည့္ထြက္ဖို႔ ျပင္လိုက္ေသာ္လည္း.. ဖန္းရိႈးဝိန္က သူ႔ပုခံုးကို.. လွမ္းဆြဲကာ.. ေျခထိုးခံဖို႔ ၾကိဳးစားသည္။ ဖန္းရိႈးဝိန္က သူ႔ထက္ နတ္အစြမ္းမွာ သာလြန္မည္ ဆိုလွ်င္ေတာင္.. သူက တုိက္ခိုက္ေရးမွာ ညံ့ဖ်င္းသူ မဟုတ္ေသာၾကာင့္.. ဖန္းရိႈးဝိန္၏ ေက်ာဘက္မွ တစ္ပတ္လွည္ကာ ေရွာင္တိမ္းလုိက္ျပီး သူ႔လက္အတြင္းမွ စာအုပ္ကို ဆြဲယူလိုက္ကာ.. ထိုေနရာမွ ထြက္လာခဲ့မိ၏။


သို႔ေသာ္ ထိုျပသနာက ထိုမွ်ႏွင့္ မျပီးသြားေသးပဲႏွင့္ ဟုန္ရြယ္က သူ႔အား လွမ္းတားလုိက္ကာ.. မ်က္ႏွာငယ္ေလးႏွင့္..


“ဟူအာ.. မင္းက ဖန္းအစ္ကိုၾကီးကို လုပ္ၾကံဖို႔လည္း ၾကိဳးစားတယ္.. အခုက်ေတာ့လည္း သူ႔ကို တိုက္ခိုက္တယ္.. မင္း သူ႔ကို ေတာင္းပန္သင့္တယ္..”


“ဟုန္ရြယ္.. မင္း..”


ဟူအာ အစကေတာ့ ဖန္းရိႈးဝိန္ကို ေတာင္းပန္ဖို႔ စိတ္ကူး မရွိေသာ္လည္း.. ဟုန္ရြယ္ ထိုလူကို ဘယ္ေလာက္ ႏွစ္သက္သလဲ ဆုိတာကို သိေနတာေၾကာင့္.. စာအုပ္ကို ေရွာင္ေညာင္ထံသို႔ ကမ္းေပးလုိက္ျပီးမွ..


“ကၽြန္ေတာ္ မွားသြားပါတယ္.. ေတာင္းပန္ပါတယ္..”


စကားႏွစ္ခြန္းကို ေအးေဆးသက္သာစြာျဖင့္ ေျပာဆိုလုိက္သည္။ ဖန္းရိႈးဝိန္က.. သေဘာထားၾကီးမားသည့္ အျပံဳးတု တစ္ခုကို ဖန္တီးလုိက္ျပီးမွ.. ျပိဳင္ပြဲမွ ျပန္လာေသာ လူတစ္စုကို ျမင္သာေစလိုေသာ ရည္ရြယ္ခ်က္ျဖင့္..


“ရပါတယ္.. အစ္ကိုၾကီးက ဘယ္လိုပဲ ျဖစ္ျဖစ္.. မင္းအတြက္ ဆရာတူ အစ္ကိုပဲ မဟုတ္လား.. မင္းဘက္က ၾကီးက်ယ္တဲ့ အမွားဆိုရင္ေတာင္ ခြင့္လႊတ္ေပးတယ္..”


တျခားလူေတြ သို႔ေလာ သို႔ေလာ အေတြးမွားေအာင္.. ေျပာဆိုသြားမွန္း သိေသာ္လည္း.. ထပ္မရွင္းခ်င္ေတာ့၍ ၾကည့္ရႈေနၾကသူေတြ ၾကားမွ ဟူအာ လွည့္ထြက္လာခဲ့သည္။ ေရွာင္ေညာင္ကေတာ့ တိတ္ဆိတ္စြာသာ လုိက္ပါလာျပီး.. စာသင္ေဆာင္အခန္းသို႔ ေရာက္ေတာ့ သူမက အေရွ႕တြင္ လက္ကို ေနာက္ပစ္လိုက္ျပီး..


“သခင္.. ေရွာင္ေညာင္ အသံုးမက်လို႔ သခင္အေျပာခံရတာပါ.. ေရွာင္ေညာင္ကို အျပစ္ေပးပါ..”


“မလိုဘူး..”


“ေရွာင္ေညာင္ကို မလိုခ်င္ေတာ့လို႔လား..”


ဒီတစ္ခါေလသံေလးက တိုးတိတ္စြာျဖင့္.. သနားစဖြယ္.. မ်က္ႏွာေလးကပါ.. ညိဳးႏြမ္းေနသည္။ ဟူအာ သူမကို အျပစ္တင္စကား မဆိုခ်င္ပါ။


“ေရွာင္ေညာင္.. မင္း အခုလိုေတြ ေလွ်ာက္လုပ္ေနရင္.. ငါက ဒီေက်ာင္းကေန.. ထြက္ရေတာ့မယ္ ထင္တယ္.. ဒါေပမယ့္ မင္းသိလား.. ေကာင္းကင္နတ္ေတြမွာက ဆရာရွာရတဲ့ ထံုးစံ ရွိေပမယ့္ ငါတို႔လို ေျမျပင္နတ္ေတြမွာ ဆရာရွာတဲ့ ထံုးစံ မရွိဘူး.. ဒီေက်ာင္းကေနသာ ပညာကို သင္ယူခြင့္ မရေတာ့ဘူး ဆိုရင္.. ငါက ပညာသင္ယူလို႔ မရတဲ့ နတ္ပဲ ျဖစ္သြားေတာ့မွာ..”


“ေရွာင္ေညာင္ သိပါျပီ.. ေနာက္ဆို အမွားမလုပ္ေတာ့ပါဘူး..”


“မင္းသိတာ ေကာင္းတယ္.. ငါတို႔.. မက္မံုေတာထဲက ခုႏွစ္ဆင့္ ပယင္းေရကန္ကို သြားရေအာင္..”


“သခင္ မေလ့က်င့္ေတာ့ဘူးလား..”


“ဆယ္ခါေလ့က်င့္လည္း မင္းေျပာသလို ငါက မီးဖိုေခ်ာင္မွာ သံုးတဲ့ နတ္အစြမ္းေလာက္ပဲ ရတာ ဆိုေတာ့ ငါတို႔ ဒီငါးရက္မွာ.. ပယင္းေရကန္မွာပဲ အခ်ိန္ျဖဳန္းရေအာင္..”


တကယ္လို႔သာ.. သူနဲ႔ ဖန္းရိႈးဝိန္ကို ေတြ႔လုိက္ေသာ သူေတြက ျပသနာကို ရွင္းလင္းစြာ မေတြးႏုိင္ပါက.. သူ႔အား တစ္မ်ိဳးျမင္ၾကမည္ ျဖစ္သည္။ ထို႔အတြက္.. ထိုသူေတြ၏ မ်က္ဝန္းကို ေရွာင္ရွားရန္.. ထိုေနရာသို႔ ေရြးခ်ယ္လိုက္ျခင္း ျဖစ္ေလသည္။


“ေရွာင္ေညာင္ ငါခဏအိပ္ဖို႔ ငါ့ကို ေနကာေပးပါ..”


ေရွာင္ေညာင္က သူ လဲခ်လိုက္ေသာ သစ္ပင္အေပၚသို႔ တက္လုိက္ကာ.. သူမ၏ လက္ႏွစ္ဖက္ႏွင့္ သူ႔မ်က္ႏွာကို ကာေပးသည္။ သူ တစ္ခ်က္ ျပံဳးလိုက္ျပီးမွ.. သူမအား.. ေဘးသို႔ ဖယ္ခိုင္းလုိက္ကာ..


“အဲ့လို မဟုတ္ဘူး.. ဒီအတုိင္း မင္းရဲ႕အစြမ္းနဲ႔ သစ္ကိုင္းေတြကို ေကြးခိုင္းထားလုိက္ေလ.. အဲ့တာဆို ေနကာသြားျပီ.. ျပီးေတာ့ ငါအိပ္ေနတဲ့အခ်ိန္ ငါ့ကို ေစာင့္ေပးပါ.. ျပီးရင္.. ငါ့ကို ေလးရက္ေန႔က်ရင္ ႏိုးပါ ၾကားလား”


“ဟုတ္သားပဲ..”


သူ႔ထံတြင္ ေျမေခြးတို႔ႏွင့္ မတူညီေသာ အက်င့္ေကာင္းေလးက ဘယ္ေနရာမွာမဆို ေနရာေဒသမေရြး.. အေမႊးေတြ ျငိျပီး ကၽြတ္ကုန္မွာကို မေၾကာက္ပဲႏွင့္ ႏွစ္ျခိဳက္စြာ အိပ္ေမာက်တတ္ျခင္း ျဖစ္ေလသည္။


ငယ္စဥ္တုန္းကေတာ့ သူ ထိုသို႔ ေတာအတြင္း အိပ္ေပ်ာ္ေနတုိင္း.. အေမက ဆူဆူပူပူျဖင့္.. အေမႊးေတြကို ဆီေမႊးလိမ္းေပးျပီး ဂရုစိုက္ဖို႔ ေျပာတတ္သည္။ သူ႔အေမႊးေတြက ထူးဆန္းျပီး လွပတာေၾကာင့္.. ပိုျပီး ထိန္းသိမ္းဖို႔ လိုအပ္ေၾကာင္းပင္ ေျပာေသးသည္။ ပိုင္အိမ္ေတာ္၏ မ်ိဳးႏြယ္က ရွားပါးမ်ိဳးႏြယ္ ျဖစ္ေသာ္လည္း အေမႊးနီျဖင့္ ေျမေခြးမ်ိဳးက ပိုျပီး ရွားပါးေၾကာင္း.. ပိုျပီး ဂရုစိုက္သင့္ေၾကာင္း ေျပာတတ္ေသာ္လည္း.. သူကေတာ့.. အိပ္ခ်င္ေသာ ေနရာတြင္ အိပ္လိုက္တာပင္ ျဖစ္၏။


သိပ္မၾကာခင္မွာပဲ ေနေရာင္၏ ပူျပင္းျခင္း ေရွာင္ေညာင္အေၾကာင္းကိုပင္ ေမ့ေလ်ာ့ကာ.. သစ္ကိုင္းထူထူေပၚတြင္ ႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္သြားေတာ့၏။ ပိုျပီး ထူးဆန္းသည့္ အမူအက်င့္က သူသည္ တျခားေသာ ေျမေခြးမ်ားကဲ့သို႔.. အိပ္ေပ်ာ္ေနရင္းျဖင့္ အသံတစ္ခုခု ၾကားလွ်င္ သို႔မဟုတ္.. နတ္စြမ္းအား သံုးလွ်င္ပင္ သူ မႏိုးလာတတ္ျခင္းပင္ ျဖစ္၏။ ထို႔ေၾကာင့္.. ေရွာင္နန္ကို ေစာင့္ၾကည့္ခိုင္းျခင္း ျဖစ္သည္။ တစ္ခါတစ္ေလ သူ ႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္သြားလွ်င္ တစ္ရက္ကေန သံုးရက္ ေလးရက္ ထက္ပင္ ပိုတတ္၏။ ထို႔ေၾကာင့္ ႏိုးဖို႔ကိုပင္ မွာၾကားထားျခင္း ျဖစ္သည္။


သူ ႏွစ္ျခိဳက္စြာ အိပ္ေမာက်သြားတာ ဘယ္ေလာက္ပင္ ၾကာသြားလည္း မသိေသာ္လည္း.. သူ ႏိုးလာေတာ့.. ေနပူေနဆဲ ျဖစ္၏။ သူ မ်က္လံုးေတြ ဖြင့္လုိက္သည္ႏွင့္ အနီးအနားတစ္ဝိုက္တြင္ ေၾကြက်ေနေသာ.. မက္မံုပြင့္ငယ္မ်ားကို ေဝ့ဝဲ ၾကည့္လုိက္ေတာ့.. အျဖဴစြတ္စြတ္ ဆိုတာထက္ ပိုသည့္ ၾကည္လြင္ေနသည့္ အတြင္းသို႔ပင္ ေဖာက္ဝင္၍ ျမင္ရလုမတတ္ အက်ႌကို ဝတ္ဆင္ထားေသာ နတ္တစ္ပါးကို ေတြ႔လိုက္ရသည္။


ထိုနတ္သားက ႏႈတ္ခမ္းပါး ရဲရဲမ်ားကို ပြင့္ဟကာ.. သူ႔ကို ႏိုးလာျပီလားဟု ဟန္ပန္ျဖင့္ လွမ္းေမးသည္။ အရပ္ျမင့္ျမင့္ ကိုယ္ဟန္သြယ္သြယ္ျဖင့္ ထိုနတ္သားက သူ႔အားႏွစ္လိုဖြယ္.. အျပံဳးကို ျပံဳးျပလာသည္။ ဟူအာ ဒီနတ္သားကို အသက္ဘယ္ေလာက္လဲဟု ေတြးလိုက္မိေသာ္လည္း.. နတ္ေတြ၏ အသက္ကို ခန္႔မွန္းလို႔ မရတာမို႔ ထပ္ျပီး ေတြးမေနေတာ့ပဲ ေျမေခြးပံုသ႑ာန္မွ.. လူအသြင္သို႔ ကူးလုိက္ကာ ေညာင္းညာေနသမွ်ကို ေျဖေဖ်ာက္လုိက္သည္။


ထိုနတ္သားက.. တစ္လႊာတည္းေသာ အက်ႌဝတ္စံုကို တစ္ခ်က္မွ် သူ႔ကို္သူ ငံု႔ၾကည့္လုိက္ျပီး.. ေဘးသစ္ကိုင္းေပၚတြင္ ခ်ိတ္ဆြဲထားသည့္ အစိမ္းေရာင္ ဝတ္ရံုရွည္ကို ျခံဳလႊားလုိက္ျပီး.. ျဖန္႔ခ်ထားသည့္ ဆံႏြယ္ေတြကို အက်ႌအေနာက္သို႔ ပို႔လိုက္သည္။ နက္ေမွာင္ေနေသာ ဆံႏြယ္မ်ားက.. ပိုးသားမွ်င္ကဲ့သို႔ ေလ်ာခနဲ အက်ႌစိမ္းေပၚတြင္ ေဖွးတင္သြားသည္။ ျပီးေနာက္ ထိုနတ္သားက အစိမ္းေရာင္ဝတ္ရံု၏ ခါးစည္းၾကိဳးကို.. စည္းေႏွာင္ျခင္း မရွိပဲႏွင့္.. သူ႔ကို လွမ္းၾကည့္လာသည္။


rate now:

4 Reviews
  • reader ThuKa 14.12.2019, 11:43 3.8

    ဟူအာကိုတော့ သူ့အမေအဖေလိုရိုးရှင်းတဲ့အချစ်နဲ့ပဲဆုံစေချင်လိုက်တာ

    reply

  • reader MayMyatMoeMyint 12.12.2019, 04:36 5

    good

    reply

  • reader PanNuThway 07.12.2019, 17:06 5

    Starတစ္ခုလိုသြားလို႔🤣

    reply

  • reader PanNuThway 07.12.2019, 17:06 4.9

    Full star က်ဳိးဟူးေလးကိုအရမ္းခ်စ္♥

    reply