Uni
Part-10.2
“သခင်!!..”
ရှောင်ညောင်က အနားသို့ အပြေးလာပြီးမှ.. သူ့မျက်နှာကို ကြည့်ကာ ငြိမ်သက်သွား၏။
“သခင် မပျော်ဘူးလား..”
“မလိုဘူး.. မင်း ကိုယ့်ဖာသာကိုယ်နေ.. ပြသနာမရှာနဲ့..”
“သခင်.. မင်းက ဘာလို့ အရမ်းအားနည်းနေလဲ ငါတကယ် နားမလည်ဘူး.. ငါသိထားတဲ့ ဝိဉာဉ်ပဲ ဆိုရင်တောင် မင်းက အရမ်းအားကောင်းတဲ့ ဝိဉာဉ်ပါ..”
“မင်းသိထားတဲ့ငါနဲ့.. ငါသိထားတဲ့ငါက ကွာခြားချက် ရှိလို့ ထင်တယ်..”
“အဲ့လို ကွာခြားချက် မရှိဘူး.. မင်းစိတ်မပူနဲ့.. ငါ မင်းရဲ့ နတ်အစွမ်းကို မြင့်တင်ပေးမယ့် နည်းလမ်းကို ငါ ရှာပေးထားမယ်..”
“အဲ့ဒီတစ်ဘာသာ တည်းနဲ့ ငါက လမင်းရဲ့ကြယ်စင် ခန်းမကို မရောက်နိုင်ဘူး ဆိုတာ မဖြစ်နိုင်ဘူး.. ငါ အစ်မနဲ့ အတူတူ နေရမယ်.. ပြီးရင် လူသားဆိုတာ သိပ်ပြီးတော့.. ပေါင်းသင်းလို့ မကောင်းမှန်း သိစေချင်တယ်..”
“လူသား ဆိုပေမယ့် ဖန်းရှိုဝိန်က နတ်အဆင့်ထိ ကျင့်ကြံမယ့်လူပါ..”
“ငါက မင်းသခင်လား.. ဟုန်ရွယ်က မင်းသခင်လား..”
“သခင်က သခင်ပါ.. ဒါပေမယ့် သခင်ကို အန္တာရယ် မဖြစ်သေးသ၍.. ကျွန်မက ဘယ်ကိစ္စကိုမဆို အကောင်းမြင်ဝါဒ ရှိပါတယ်..”
ဘယ်လို အစေခံမို့ တစ်ခွန်းမကျန် ပြန်ပြောနေရတာလဲ..၊ သခင်လို့ ခေါ်တာက နာမည်ခံ သက်သက်ပဲ..၊ ဟူအာ ကျောင်းသို့ သွားရသည့် တောင်ပေါ်သို့ တက်လိုက်သော လမ်းရှိ သစ်ပင်ကြီး အပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ ခုန်ဆင်းတော့ ရှောင်ညောင်က လိုက်ဆင်းလာပြီး..
“သခင်.. သခင်က သူများတွေထက် ထက်မြက်တယ်.. ကြိုးလည်း ကြိုးစားတယ်.. ဒါပေမယ့် ဘာလို့ အားနည်းနေတာလဲ ဆိုတာကို ရှောင်ညောင်အဖြေရှာပေးမယ်..”
ဟူအာ ခေါင်းယမ်းလိုက်မိသည်။ ရှောင်ညောင်အား..
“မလိုဘူး.. မင်း ငြိမ်ငြိမ်လေး နေတာက ငါ့ကို အကောင်းဆုံး ကူညီပေးတာပဲ..”
“နောက်လဆိုရင် ကျောင်းမှာ စစ်ဆေးရေးပွဲ ရှိတော့မှာ.. သခင် အဆင်သင့် ဖြစ်ပြီလား.. စာတွေကော ရပြီလား.. လူသားလောကကို ဆင်းသက်တုန်းက.. ကျောင်းတစ်ကျောင်းကို လေ့လာခဲ့တယ်..”
လက်နှစ်ဖက်ကို နောက်ပစ်ရင်း သူ့အနောက်မှ လျှောက်လာပြီး ပညာရှိလေသံဖြင့် ပြောတော့.. ဟူအာ မျက်နှာလွဲလျက် ပြုံးမိသည်။ ဒီအရူးနတ်က အာ့လိုကျတော့လည်း ချစ်စရာ ကောင်းသား..၊
“အဲ့ဒီကျောင်းမှာ စာလေ့လာဖို့.. သိပ်ပြီး မလိုက်နာနိုင်တဲ့လူတွေ ဆိုရင်.. သူတို့က နည်းလမ်းတစ်ခုကို အသုံးပြုကြတယ်..”
“ဘာနည်းလမ်းလဲ..”
သူမေးလိုက်တော့ ရှောင်ညောင်က အားရဝမ်းသာလေးဖြင့် လက်သီးဆုပ်လေး နှစ်ခုကို မြောက်လိုက်ကာ..
“သူတို့က စာခိုးချတယ် ဆိုတဲ့နည်းလမ်းကို အသုံးပြုကြတယ်..”
“မလိုဘူး.. ငါက စာကြောင်းတွေ အားလုံးကို မှတ်မိနိုင်တယ်.. တစ်ကြိမ်တည်း ဖတ်ရုံနဲ့..”
“တစ်ကြိမ်တည်း ဖတ်ရုံနဲ့.. သခင် ကြွားလွန်းသွားပြီ..”
“မင်းမယုံရင် ငါ့ကို စမ်းကြည့်လေ..”
ဟူအာ ခွင့်ပြုပေးလိုက်သည်နှင့်.. ရှောင်ညောင်က စာကြည့်တိုက် အတွင်းမှ ကန့်သတ် စာအုပ်တစ်အုပ်ကို ယူလာသည်။ စာမျက်နှာ ခုနှစ်ထောင်ကျော် ရှိသောစာအုပ်တွင် ရှေးဟောင်းနတ်ဘုရားများ အကြောင်းကို ရေးသားထား၏။ ရှောင်ညောင်က နောက်ရက်တွင် နောက်တစ်အုပ်..၊ သူမ၏ စမ်းသပ်ချက်က ထိုမျှနှင့် မပြီးဆုံးသေးပဲ သူ့အား စာအုပ်အတွင်းမှ အချက်အလက်များကို မေးမြန်းသေးသည်။ သူမ စိတ်တိုင်းကျပြီ ဆိုမှ သူမက..
“လောကမှာ မှတ်ဉာဏ်အကောင်းဆုံး နတ်အဖြစ်.. အိမ်ရှေ့မင်းသား.. တလီယီမင် လို့ လွန်ခဲ့တဲ့ နှစ်တစ်သိန်းကတည်းက သတ်မှတ်ထားကြတာ.. ဒါပေမယ့် သခင်.. သခင်က အဲ့ဒီ အိမ်ရှေ့မင်းသားနဲ့ ယှဉ်ပြိုင်သင့်တယ်..”
ရှောင်ညောင်၏ မြောက်ပေးမှုကို ဟူအာ သဘောတကျဖြင့်.. ရယ်မောလိုက်မိသည်။
“ငါကလား.. မင်းက ရယ်စရာ ပြောတတ်သားပဲ.. ကောင်းကင်မင်းကြီး ဖြစ်လာမယ့်သူကို ငါက ဘယ်လို ယှဉ်နိုင်မှာလဲ မွေးကတည်းက နမိတ်လက္ခဏာကိုးပါးနဲ့ မွေးလာတာလို့ ဆိုထားတယ်..”
ကျောင်းကို ရောက်လာပြီးမှ ဖတ်ရှုထားသော နတ်သမိုင်းမှတ်တမ်းများကြောင့်.. သူလည်း နတ်တွေအကြောင်းကို သိသင့်သလောက် သိနေပြီးပါပြီ။ ဟုန်ရွယ် သေလုမတတ် ဖြစ်သွားစေသော နတ်မျိုးနွယ်ကိုဆိုရင် ပိုပြီးတော့ သိပြီးပြီလို့ ဆိုရမည်လေ။
“သူက လက္ခဏာကိုးပါးနဲ့ မွေးဖွားလာတာက အိမ်ရှေ့မင်းသားဆိုတဲ့ သတ်မှတ်ချက် ကြောင့်ပါ.. မဟုတ်ရင်..”
“မင်းအဲ့တာတွေကို မဝေဖန်သင့်ဘူး ရှောင်ညောင်.. သူဇနီးက မင်းကို တစ်ခုခု လုပ်သွားလိမ့်မယ်..”
“သူတို့က နတ်မင်းတွေ လူသားလောကနဲ့ နီးစပ်နေတဲ့ နတ်တွေကို အရေးလုပ်ချိန်ရှိမှာ မဟုတ်ဘူး..”
ပြောနေလည်း ပြောလို့ မနိုင်တာကြောင့် ဟူအာ ဘာမှမပြောတော့ပဲ သူမယူလာပေးသော စာအုပ်ကိုသာ ဖတ်နေလိုက်သည်။
@@@@@@@@@@
ဒီနေ့က နှစ်တစ်နှစ်၏ နောက်ဆုံးရက်..၊ ပြီးတော့ ဒီနှစ်မှာ.. သူတို့ စမ်းသပ်ပွဲ ရှိသည်။ စာသင်သား အားလုံးက စိတ်လှုပ်ရှားနေကြ၏။ သူကတော့ တိတ်ဆိတ်စွာသာ နေလိုက်သည်။ ဒီနေ့မှာမှ သူ အထူးတလည်.. သတိထားမိတာက.. သူက ပေါင်းသင်းဆက်ဆံရေး ညံ့တဲ့ နတ်တစ်ပါး ဖြစ်နေတာကို ဖြစ်သည်။ နှစ်တစ်နှစ်သာ ကုန်ဆုံးသွားသည်။ သူ့ထံတွင် လူသား သို့မဟုတ် နတ်တစ်ပါးပါးနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိခဲ့ပေ။ အနားမှာ လိုက်ကပ်နေတတ်ပြီး စိတ်မမှန်တဲ့ ထာဝရနတ်တစ်ပါး ဖြစ်နေပြီ ဆိုသော ရှောင်ညောင် ကလွဲရင်လို့ ပြောလျှင် ပိုမှန်မည်။
“သခင်.. သူများတွေက ဒီနေ့ပွဲမှာ မိန်းကလေး ယောကျ်ားလေး အကုန် တွေ့ကြမှာ ဆိုတော့.. ပြင်ဆင်နေကြတာ.. မင်းက ဒီပုံစံကြီးလား..”
“ငါက အလှအပတွေ ပြုပြင်နေရအောင် ငါက နတ်တစ်ပါးပါး မဟုတ်ဘူး..”
“ဒါနဲ့ သခင်.. မင်းက မီးဖိုချောင်မှာ သုံးတဲ့ နတ်အစွမ်းပဲ ရှိတာ.. ကံဆိုးပြီး.. နေမင်းရဲ့ ရောင်ခြည်ခန်းမက စာသင်သားနဲ့ ယှဉ်ပြိုင်ရရင် ဘယ်လို လုပ်မလဲ..”
“အဲ့ဒီတစ်ဘာသာကို ငါ ဆုံးရှုံးဖို့ ပြင်ထားပြီးသား..”
သူ့ကို မီးဖိုချောင်မှာ သုံးတဲ့ နတ်အစွမ်းဟု ဆိုခြင်းအား.. သူ စိတ်ဆိုးရမည်လား..၊ ဒါမှမဟုတ် အရှက်မရှိစွာ.. တဟဲဟဲ ရယ်ရင်း မဟုတ်ပါဘူးကွာဟု ဆိုလိုက်ရမည်လားဟု တွေးနေမိသည်။ သို့သော်.. သူ့မျက်နှာက တင်းသွားပြီမို့ ရှောင်ညောင်က တိတ်ဆိတ်စွာ ခေါင်းညိတ်ရင်း.. ငြိမ်သက်သွား၏။ ပြိုင်ပွဲအတွက် နေရာက တောင်ခုနှစ်လုံးအလယ်တွင် ရှိသော ရေကန်တွင် ဖြစ်၏။ ထိုရေကန်က မိုင်ပေါင်း ဆယ့်လေးမိုင်လောက် ပတ်လည်လောက် ကျယ်ဝန်းသည်။ ရေကန်၏ရေက ကြည်လင်နေပြီး.. ရေကန်ဘေးပတ်လည်တွင်မူ.. ရောင်စုံ ကြာပန်းများက တည်ရှိနေ၏။
ပြီးတော့ ဘေးပတ်ပတ်လည်တွင် နွယ်ပင်များ ရှိနေပြီး.. ထိုနွယ်ပင်များမှ ခရမ်းရောင် အပွင့်ငယ်လေးများကို ဖူးပွင့်နေကြသည်။ သူတို့တွေ အားလုံး ထိုနေရာတွင် စုရပ်မိကြတော့.. စကားပြောသံ တိုးတိုး တိုးတိုးက ထွက်ပေါ်လာသည်။
“မင်း နေမင်းရဲ့ ရောင်ခြည်မှာ.. နှစ်တစ်ဝက်မှ ကျောင်းလာအပ်တဲ့ ကျောင်းသားကို မှတ်မိလား.. သူ့ကို ဆရာတွေ စမ်းသပ်တာ.. လုံးဝ စမ်းလို့ မရဘူးလေ.. သူက နတ်သူငယ်လေး ဆိုပေမယ့် သူ့ရဲ့ နတ်အစွမ်းက ပြင်းထန်တာ..”
“သိတယ်.. အဲ့တစ်ယောက်ကို စာသင်သား မိန်းကလေးတွေကတောင် သွားချောင်းကြည့်တယ်လေ.. သူက အနုပညာမှာ မျိုးရိုးကောင်းတယ်လို့ ဆိုကြတယ်.. သူက ဒီအတိုင်း လေမှာတောင်မှ.. အသံထွက်အောင် လုပ်နိုင်တယ်..”
“အဲ့တာကို ငါတို့ ကျောင်းအုပ်ကြီးရဲ့ သားအငယ်ဆုံးလို့ ပြောတယ်.. ကျိုးရန်တဲ့..”
“ဝါး.. နတ်မင်းတွေရဲ့ သားသမီးတွေက မွေးရာပါ ကံကောင်းလိုက်တာ..”
“ဒါနဲ့ ဒီနှစ်ပွဲကို ဧည့်သည်တစ်ယောက် လာမယ် ပြောတယ်..”
“ဒီနှစ်အတွက် အရေးအကြီးဆုံးက.. ငါရဲ့ ဘာသာရပ် သုံးရပ်မှာ.. ဘယ်သူတွေနဲ့ ကျမှာလဲ မသိဘူး ဆိုတာပဲ..”
သူတို့တွေ ပြောနေသမျှမှာ ဘာသာရပ် သုံးရပ် ဆိုတော့ ဟူအာ စိတ်ဝင်စားသွား၏။
“သူတို့ ပြောလိုက်တာ ဘာသာရပ် သုံးရပ်လို့လား..”
“ဟုတ်တယ်.. ခုနကတည်းက သခင့်ကို သတိပေးမလို့ပဲ.. တိုက်ခိုက်ရေးနဲ့ နတ်အစွမ်းကို ပေါင်းလိုက်တာ.. အဲ့တာက တစ်ဘာသာတည်း ယှဉ်ပြိုင်ရမှာ..”
သေစမ်း..၊ ဒါက အပေါင်းအသင်း မရှိခြင်းရဲ့ ဒုက္ခလား..၊ သူက ဘာသာရပ် နှစ်ခုမှာ အလွဲလွဲ အချော်ချော် ပြုလုပ်လို့ မရတော့ပေ။ နတ်သမိုင်းနဲ့ ဝေါဟာရက သိပ်ပြီး ပြသနာ မရှိပေမယ့်.. အနုပညာမှာ သံဇဉ်ဖန်တီးခြင်းက ပြသနာ ရှိနိုင်တယ် မဟုတ်လား..၊ ~~ငါ အကောင်းဆုံး ကြိုးစားမယ်..~~
“စာသင်သားတွေ.. မဲနှိုက်ရမယ်..”
ဆရာတစ်ဦးမှ သတိပေးလာတော့ မဲနှိုက်ရန် တန်းစီသော နေရာသို့ သွားလိုက်သည်။ သူက လမင်းရဲ့ ကြယ်စင်မှ စာသင်သားကို ရွေးချယ်ရမည် ဖြစ်ပြီး လမင်း၏ ကြယ်စင်မှ စာသင်သားက နေမင်း၏ ရောင်ခြည်မှ စာသင်သားကို မဲနှိုက် ရွေးချယ်ရမည် ဖြစ်သည်။ ပြီးလျှင် သူတို့ သုံးဦး အပြန်အလှည် ဘာသာရပ် တစ်ခုစီကို ယှဉ်ပြိုင်ရမည် ဖြစ်၏။
မဲနှိုက်ရမည်က တစ်ခါတည်း ဖြစ်သော်လည်း.. သူရွေးခြယ်ထားသောသူမှ ထပ်မံ ရွေးချယ်မည့် ယှဉ်ပြိုင်သူကို သူ စိတ်ပါဝင်စားမိသည်။ ယှဉ်ပြိုင်သူ ကောင်းကောင်းကို လိုချင်မိသော်လည်း.. အလွန်ကောင်းမွန်သော ပြိုင်ဖက်ကိုတော့ ဟူအာ မလိုချင်ပါ။
ယှဉ်ပြိုင်ရမည့် ဘာသာရပ်နှင့် ယှဉ်ပြိုင်ရမည့်သူကိုလည်း ထပ်ပြီး တွဲဆက်ရအုံးမည် ဖြစ်၏။ နောက်ဆုံးတစ်ကြိမ် သုံးဦးသား ကျောက်ကလပ်ရှေ့တွင် ရပ်ကာ.. ဘာသာရပ်သုံးခုကို ရွေးချယ်စေရမည်။ ကျောက်ကလပ်၏ စီမံ နတ်စွမ်းအားမှ ရွေးချယ် တွဲဆက်ပေးခြင်း ဖြစ်၏။
“ပိုင်ဟုန်ဟူ.. တွဲဖက် ယှဉ်ပြိုင်သူ လမင်းရဲ့ကြယ်စင် စာသင်ဆောင်မှ.. စာသင်သား.. ဖန်းရှိုဝိန်..”
ဖန်ရှိုဝိန် ဆိုတာက လမင်းရဲ့ကြယ်စင် ခန်းမက အဆင့်တစ်ဆယ်အတွင်းဝင်သော စာသင်သား ဖြစ်သည့်အပြင် ဟုန်ရွယ် သဘောကျနေသောသူ မဟုတ်လား..၊ ဘယ်လို လုပ်ပြီး.. သူက အဲ့လူကို ရွေးမိပါလိမ့်..၊ သို့သော်.. ဖန်းရှိုဝိန်က ထွက်လာပြီး.. သူ့ကို အရိုအသေပေးသည်။
“သင်ပြပေးပါ.. ညီလေး”
~~နင့်အမေပဲ သင်ခိုင်းလိုက်တော့..~~ စိတ်အတွင်းမှ ပြောမိသော်ည်း ဟူအာ အာစေးထည့်ထားသောလူလို ခေါင်းသာ ညိတ်ပြ လိုက်မိသည်။ ဘယ်လိုလုပ်ပြီး နတ်စွမ်းအား ပြင်းထန်သူကို ရွေးလိုက်မိတာလဲ..၊ သူကရော နေမင်းရဲ့ ရောင်ခြည်ကနေ.. ဘယ်သူ့ကို ထပ်ပြီး ရွေးချယ်မလဲ..၊ ဟူအာ ရင်တွေ ခုန်နေပါပြီ။ ဖန်းရှိုးဝိန်က နေမင်း၏ ရောင်ခြည် ခန်းမမှ မဲတစ်လိပ်ကို နှိုက်လိုက်တော့.. ဟူအာ.. ဆရာ၏ ကြေငြာသံကို မကြားရဲသလို ဖြစ်သွားသည်။
“ဖန်းရှိုးဝိန် တွဲဖက် ယှဉ်ပြိုင်သူ နေမင်းရဲ့ရောင်ခြည် စာသင်ဆောင်မှ စာသင်သား.. ကျိုးရန်..”
ကျိုးရန် ဆိုတာ ကျောင်းအုပ်ရဲ့ သားမဟုတ်လား..၊ ငါ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ ငါယှဉ်ပြိုင်မယ့်သူတွေက ဘယ်လို ဖြစ်ပြီး အဆင့်မြင့်တဲ့သူတွေ ဖြစ်နေရတာလဲ..၊ ရှောင်ညောင်က ဘေးမှ ဝမ်းသာစွာ လက်ခုတ်တီးနေ၏။
ဆရာ၏ ကြေငြာချက်က ထွက်လာသည်။
“ပထမ ယှဉ်ပြိုင်မည့် တစ်ဖွဲ့က ပိုင်ဟုန်ဟူ..၊ ဖန်ရှိုးဝိန်..၊ ကျိုးရန်..”
Zawgyi
Part-10.2
“သခင္!!..”
ေရွာင္ေညာင္က အနားသို႔ အေျပးလာျပီးမွ.. သူ႔မ်က္ႏွာကို ၾကည့္ကာ ျငိမ္သက္သြား၏။
“သခင္ မေပ်ာ္ဘူးလား..”
“မလိုဘူး.. မင္း ကိုယ့္ဖာသာကိုယ္ေန.. ျပသနာမရွာနဲ႔..”
“သခင္.. မင္းက ဘာလို႔ အရမ္းအားနည္းေနလဲ ငါတကယ္ နားမလည္ဘူး.. ငါသိထားတဲ့ ဝိဉာဥ္ပဲ ဆိုရင္ေတာင္ မင္းက အရမ္းအားေကာင္းတဲ့ ဝိဉာဥ္ပါ..”
“မင္းသိထားတဲ့ငါနဲ႔.. ငါသိထားတဲ့ငါက ကြာျခားခ်က္ ရွိလို႔ ထင္တယ္..”
“အဲ့လို ကြာျခားခ်က္ မရွိဘူး.. မင္းစိတ္မပူနဲ႔.. ငါ မင္းရဲ႕ နတ္အစြမ္းကို ျမင့္တင္ေပးမယ့္ နည္းလမ္းကို ငါ ရွာေပးထားမယ္..”
“အဲ့ဒီတစ္ဘာသာ တည္းနဲ႔ ငါက လမင္းရဲ႕ၾကယ္စင္ ခန္းမကို မေရာက္ႏုိင္ဘူး ဆိုတာ မျဖစ္ႏုိင္ဘူး.. ငါ အစ္မနဲ႔ အတူတူ ေနရမယ္.. ျပီးရင္ လူသားဆိုတာ သိပ္ျပီးေတာ့.. ေပါင္းသင္းလို႔ မေကာင္းမွန္း သိေစခ်င္တယ္..”
“လူသား ဆိုေပမယ့္ ဖန္းရႈိဝိန္က နတ္အဆင့္ထိ က်င့္ၾကံမယ့္လူပါ..”
“ငါက မင္းသခင္လား.. ဟုန္ရြယ္က မင္းသခင္လား..”
“သခင္က သခင္ပါ.. ဒါေပမယ့္ သခင္ကို အႏၱာရယ္ မျဖစ္ေသးသ၍.. ကၽြန္မက ဘယ္ကိစၥကိုမဆို အေကာင္းျမင္ဝါဒ ရွိပါတယ္..”
ဘယ္လို အေစခံမို႔ တစ္ခြန္းမက်န္ ျပန္ေျပာေနရတာလဲ..၊ သခင္လို႔ ေခၚတာက နာမည္ခံ သက္သက္ပဲ..၊ ဟူအာ ေက်ာင္းသို႔ သြားရသည့္ ေတာင္ေပၚသို႔ တက္လိုက္ေသာ လမ္းရွိ သစ္ပင္ၾကီး အေပၚမွ ခုန္ဆင္းလုိက္သည္။ သူ ခုန္ဆင္းေတာ့ ေရွာင္ေညာင္က လိုက္ဆင္းလာျပီး..
“သခင္.. သခင္က သူမ်ားေတြထက္ ထက္ျမက္တယ္.. ၾကိဳးလည္း ၾကိဳးစားတယ္.. ဒါေပမယ့္ ဘာလို႔ အားနည္းေနတာလဲ ဆိုတာကို ေရွာင္ေညာင္အေျဖရွာေပးမယ္..”
ဟူအာ ေခါင္းယမ္းလုိက္မိသည္။ ေရွာင္ေညာင္အား..
“မလိုဘူး.. မင္း ျငိမ္ျငိမ္ေလး ေနတာက ငါ့ကို အေကာင္းဆံုး ကူညီေပးတာပဲ..”
“ေနာက္လဆိုရင္ ေက်ာင္းမွာ စစ္ေဆးေရးပြဲ ရွိေတာ့မွာ.. သခင္ အဆင္သင့္ ျဖစ္ျပီလား.. စာေတြေကာ ရျပီလား.. လူသားေလာကကို ဆင္းသက္တုန္းက.. ေက်ာင္းတစ္ေက်ာင္းကို ေလ့လာခဲ့တယ္..”
လက္ႏွစ္ဖက္ကို ေနာက္ပစ္ရင္း သူ႔အေနာက္မွ ေလွ်ာက္လာျပီး ပညာရွိေလသံျဖင့္ ေျပာေတာ့.. ဟူအာ မ်က္ႏွာလြဲလ်က္ ျပံဳးမိသည္။ ဒီအရူးနတ္က အာ့လိုက်ေတာ့လည္း ခ်စ္စရာ ေကာင္းသား..၊
“အဲ့ဒီေက်ာင္းမွာ စာေလ့လာဖို႔.. သိပ္ျပီး မလိုက္နာႏုိင္တဲ့လူေတြ ဆိုရင္.. သူတို႔က နည္းလမ္းတစ္ခုကို အသံုးျပဳၾကတယ္..”
“ဘာနည္းလမ္းလဲ..”
သူေမးလိုက္ေတာ့ ေရွာင္ေညာင္က အားရဝမ္းသာေလးျဖင့္ လက္သီးဆုပ္ေလး ႏွစ္ခုကို ေျမာက္လိုက္ကာ..
“သူတို႔က စာခိုးခ်တယ္ ဆိုတဲ့နည္းလမ္းကို အသံုးျပဳၾကတယ္..”
“မလိုဘူး.. ငါက စာေၾကာင္းေတြ အားလံုးကို မွတ္မိႏုိင္တယ္.. တစ္ၾကိမ္တည္း ဖတ္ရံုနဲ႔..”
“တစ္ၾကိမ္တည္း ဖတ္ရံုနဲ႔.. သခင္ ၾကြားလြန္းသြားျပီ..”
“မင္းမယံုရင္ ငါ့ကို စမ္းၾကည့္ေလ..”
ဟူအာ ခြင့္ျပဳေပးလုိက္သည္ႏွင့္.. ေရွာင္ေညာင္က စာၾကည့္တုိက္ အတြင္းမွ ကန္႔သတ္ စာအုပ္တစ္အုပ္ကို ယူလာသည္။ စာမ်က္ႏွာ ခုႏွစ္ေထာင္ေက်ာ္ ရွိေသာစာအုပ္တြင္ ေရွးေဟာင္းနတ္ဘုရားမ်ား အေၾကာင္းကို ေရးသားထား၏။ ေရွာင္ေညာင္က ေနာက္ရက္တြင္ ေနာက္တစ္အုပ္..၊ သူမ၏ စမ္းသပ္ခ်က္က ထိုမွ်ႏွင့္ မျပီးဆံုးေသးပဲ သူ႔အား စာအုပ္အတြင္းမွ အခ်က္အလက္မ်ားကို ေမးျမန္းေသးသည္။ သူမ စိတ္တိုင္းက်ျပီ ဆိုမွ သူမက..
“ေလာကမွာ မွတ္ဉာဏ္အေကာင္းဆံုး နတ္အျဖစ္.. အိမ္ေရွ႕မင္းသား.. တလီယီမင္ လို႔ လြန္ခဲ့တဲ့ ႏွစ္တစ္သိန္းကတည္းက သတ္မွတ္ထားၾကတာ.. ဒါေပမယ့္ သခင္.. သခင္က အဲ့ဒီ အိမ္ေရွ႕မင္းသားနဲ႔ ယွဥ္ျပိဳင္သင့္တယ္..”
ေရွာင္ေညာင္၏ ေျမာက္ေပးမႈကို ဟူအာ သေဘာတက်ျဖင့္.. ရယ္ေမာလိုက္မိသည္။
“ငါကလား.. မင္းက ရယ္စရာ ေျပာတတ္သားပဲ.. ေကာင္းကင္မင္းၾကီး ျဖစ္လာမယ့္သူကို ငါက ဘယ္လို ယွဥ္ႏုိင္မွာလဲ ေမြးကတည္းက နမိတ္လကၡဏာကိုးပါးနဲ႔ ေမြးလာတာလို႔ ဆိုထားတယ္..”
ေက်ာင္းကို ေရာက္လာျပီးမွ ဖတ္ရႈထားေသာ နတ္သမိုင္းမွတ္တမ္းမ်ားေၾကာင့္.. သူလည္း နတ္ေတြအေၾကာင္းကို သိသင့္သေလာက္ သိေနျပီးပါျပီ။ ဟုန္ရြယ္ ေသလုမတတ္ ျဖစ္သြားေစေသာ နတ္မ်ိဳးႏြယ္ကိုဆိုရင္ ပိုျပီးေတာ့ သိျပီးျပီလို႔ ဆိုရမည္ေလ။
“သူက လကၡဏာကိုးပါးနဲ႔ ေမြးဖြားလာတာက အိမ္ေရွ႕မင္းသားဆိုတဲ့ သတ္မွတ္ခ်က္ ေၾကာင့္ပါ.. မဟုတ္ရင္..”
“မင္းအဲ့တာေတြကို မေဝဖန္သင့္ဘူး ေရွာင္ေညာင္.. သူဇနီးက မင္းကို တစ္ခုခု လုပ္သြားလိမ့္မယ္..”
“သူတို႔က နတ္မင္းေတြ လူသားေလာကနဲ႔ နီးစပ္ေနတဲ့ နတ္ေတြကို အေရးလုပ္ခ်ိန္ရွိမွာ မဟုတ္ဘူး..”
ေျပာေနလည္း ေျပာလို႔ မႏိုင္တာေၾကာင့္ ဟူအာ ဘာမွမေျပာေတာ့ပဲ သူမယူလာေပးေသာ စာအုပ္ကိုသာ ဖတ္ေနလိုက္သည္။
@@@@@@@@@@
ဒီေန႔က ႏွစ္တစ္ႏွစ္၏ ေနာက္ဆံုးရက္..၊ ျပီးေတာ့ ဒီႏွစ္မွာ.. သူတို႔ စမ္းသပ္ပြဲ ရွိသည္။ စာသင္သား အားလံုးက စိတ္လႈပ္ရွားေနၾက၏။ သူကေတာ့ တိတ္ဆိတ္စြာသာ ေနလုိက္သည္။ ဒီေန႔မွာမွ သူ အထူးတလည္.. သတိထားမိတာက.. သူက ေပါင္းသင္းဆက္ဆံေရး ညံ့တဲ့ နတ္တစ္ပါး ျဖစ္ေနတာကို ျဖစ္သည္။ ႏွစ္တစ္ႏွစ္သာ ကုန္ဆံုးသြားသည္။ သူ႔ထံတြင္ လူသား သို႔မဟုတ္ နတ္တစ္ပါးပါးႏွင့္ ဆက္ဆံေရး ေကာင္းမြန္ျခင္း မရွိခဲ့ေပ။ အနားမွာ လိုက္ကပ္ေနတတ္ျပီး စိတ္မမွန္တဲ့ ထာဝရနတ္တစ္ပါး ျဖစ္ေနျပီ ဆိုေသာ ေရွာင္ေညာင္ ကလြဲရင္လို႔ ေျပာလွ်င္ ပိုမွန္မည္။
“သခင္.. သူမ်ားေတြက ဒီေန႔ပြဲမွာ မိန္းကေလး ေယာက်္ားေလး အကုန္ ေတြ႔ၾကမွာ ဆိုေတာ့.. ျပင္ဆင္ေနၾကတာ.. မင္းက ဒီပံုစံၾကီးလား..”
“ငါက အလွအပေတြ ျပဳျပင္ေနရေအာင္ ငါက နတ္တစ္ပါးပါး မဟုတ္ဘူး..”
“ဒါနဲ႔ သခင္.. မင္းက မီးဖိုေခ်ာင္မွာ သံုးတဲ့ နတ္အစြမ္းပဲ ရွိတာ.. ကံဆိုးျပီး.. ေနမင္းရဲ႕ ေရာင္ျခည္ခန္းမက စာသင္သားနဲ႔ ယွဥ္ျပိဳင္ရရင္ ဘယ္လို လုပ္မလဲ..”
“အဲ့ဒီတစ္ဘာသာကို ငါ ဆံုးရံႈးဖို႔ ျပင္ထားျပီးသား..”
သူ႔ကို မီးဖိုေခ်ာင္မွာ သံုးတဲ့ နတ္အစြမ္းဟု ဆိုျခင္းအား.. သူ စိတ္ဆိုးရမည္လား..၊ ဒါမွမဟုတ္ အရွက္မရွိစြာ.. တဟဲဟဲ ရယ္ရင္း မဟုတ္ပါဘူးကြာဟု ဆိုလိုက္ရမည္လားဟု ေတြးေနမိသည္။ သို႔ေသာ္.. သူ႔မ်က္ႏွာက တင္းသြားျပီမို႔ ေရွာင္ေညာင္က တိတ္ဆိတ္စြာ ေခါင္းညိတ္ရင္း.. ျငိမ္သက္သြား၏။ ျပိဳင္ပြဲအတြက္ ေနရာက ေတာင္ခုႏွစ္လံုးအလယ္တြင္ ရွိေသာ ေရကန္တြင္ ျဖစ္၏။ ထိုေရကန္က မုိင္ေပါင္း ဆယ့္ေလးမိုင္ေလာက္ ပတ္လည္ေလာက္ က်ယ္ဝန္းသည္။ ေရကန္၏ေရက ၾကည္လင္ေနျပီး.. ေရကန္ေဘးပတ္လည္တြင္မူ.. ေရာင္စံု ၾကာပန္းမ်ားက တည္ရွိေန၏။
ျပီးေတာ့ ေဘးပတ္ပတ္လည္တြင္ ႏြယ္ပင္မ်ား ရွိေနျပီး.. ထိုႏြယ္ပင္မ်ားမွ ခရမ္းေရာင္ အပြင့္ငယ္ေလးမ်ားကို ဖူးပြင့္ေနၾကသည္။ သူတို႔ေတြ အားလံုး ထိုေနရာတြင္ စုရပ္မိၾကေတာ့.. စကားေျပာသံ တိုးတိုး တိုးတိုးက ထြက္ေပၚလာသည္။
“မင္း ေနမင္းရဲ႕ ေရာင္ျခည္မွာ.. ႏွစ္တစ္ဝက္မွ ေက်ာင္းလာအပ္တဲ့ ေက်ာင္းသားကို မွတ္မိလား.. သူ႔ကို ဆရာေတြ စမ္းသပ္တာ.. လံုးဝ စမ္းလို႔ မရဘူးေလ.. သူက နတ္သူငယ္ေလး ဆိုေပမယ့္ သူ႔ရဲ႕ နတ္အစြမ္းက ျပင္းထန္တာ..”
“သိတယ္.. အဲ့တစ္ေယာက္ကို စာသင္သား မိန္းကေလးေတြကေတာင္ သြားေခ်ာင္းၾကည့္တယ္ေလ.. သူက အႏုပညာမွာ မ်ိဳးရိုးေကာင္းတယ္လို႔ ဆိုၾကတယ္.. သူက ဒီအတိုင္း ေလမွာေတာင္မွ.. အသံထြက္ေအာင္ လုပ္ႏုိင္တယ္..”
“အဲ့တာကို ငါတို႔ ေက်ာင္းအုပ္ၾကီးရဲ႕ သားအငယ္ဆံုးလို႔ ေျပာတယ္.. က်ိဳးရန္တဲ့..”
“ဝါး.. နတ္မင္းေတြရဲ႕ သားသမီးေတြက ေမြးရာပါ ကံေကာင္းလုိက္တာ..”
“ဒါနဲ႔ ဒီႏွစ္ပြဲကို ဧည့္သည္တစ္ေယာက္ လာမယ္ ေျပာတယ္..”
“ဒီႏွစ္အတြက္ အေရးအၾကီးဆံုးက.. ငါရဲ႕ ဘာသာရပ္ သံုးရပ္မွာ.. ဘယ္သူေတြနဲ႔ က်မွာလဲ မသိဘူး ဆိုတာပဲ..”
သူတို႔ေတြ ေျပာေနသမွ်မွာ ဘာသာရပ္ သံုးရပ္ ဆိုေတာ့ ဟူအာ စိတ္ဝင္စားသြား၏။
“သူတို႔ ေျပာလုိက္တာ ဘာသာရပ္ သံုးရပ္လုိ႔လား..”
“ဟုတ္တယ္.. ခုနကတည္းက သခင့္ကို သတိေပးမလို႔ပဲ.. တိုက္ခုိက္ေရးနဲ႔ နတ္အစြမ္းကို ေပါင္းလိုက္တာ.. အဲ့တာက တစ္ဘာသာတည္း ယွဥ္ျပိဳင္ရမွာ..”
ေသစမ္း..၊ ဒါက အေပါင္းအသင္း မရွိျခင္းရဲ႕ ဒုကၡလား..၊ သူက ဘာသာရပ္ ႏွစ္ခုမွာ အလြဲလြဲ အေခ်ာ္ေခ်ာ္ ျပဳလုပ္လို႔ မရေတာ့ေပ။ နတ္သမိုင္းနဲ႔ ေဝါဟာရက သိပ္ျပီး ျပသနာ မရွိေပမယ့္.. အနုပညာမွာ သံဇဥ္ဖန္တီးျခင္းက ျပသနာ ရွိႏုိင္တယ္ မဟုတ္လား..၊ ~~ငါ အေကာင္းဆံုး ၾကိဳးစားမယ္..~~
“စာသင္သားေတြ.. မဲႏိႈက္ရမယ္..”
ဆရာတစ္ဦးမွ သတိေပးလာေတာ့ မဲႏိႈက္ရန္ တန္းစီေသာ ေနရာသို႔ သြားလုိက္သည္။ သူက လမင္းရဲ႕ ၾကယ္စင္မွ စာသင္သားကို ေရြးခ်ယ္ရမည္ ျဖစ္ျပီး လမင္း၏ ၾကယ္စင္မွ စာသင္သားက ေနမင္း၏ ေရာင္ျခည္မွ စာသင္သားကို မဲႏိႈက္ ေရြးခ်ယ္ရမည္ ျဖစ္သည္။ ျပီးလွ်င္ သူတို႔ သံုးဦး အျပန္အလွည္ ဘာသာရပ္ တစ္ခုစီကို ယွဥ္ျပိဳင္ရမည္ ျဖစ္၏။
မဲႏႈိက္ရမည္က တစ္ခါတည္း ျဖစ္ေသာ္လည္း.. သူေရြးျခယ္ထားေသာသူမွ ထပ္မံ ေရြးခ်ယ္မည့္ ယွဥ္ျပိဳင္သူကို သူ စိတ္ပါဝင္စားမိသည္။ ယွဥ္ျပိဳင္သူ ေကာင္းေကာင္းကို လိုခ်င္မိေသာ္လည္း.. အလြန္ေကာင္းမြန္ေသာ ျပိဳင္ဖက္ကိုေတာ့ ဟူအာ မလိုခ်င္ပါ။
ယွဥ္ျပိဳင္ရမည့္ ဘာသာရပ္ႏွင့္ ယွဥ္ျပိဳင္ရမည့္သူကိုလည္း ထပ္ျပီး တြဲဆက္ရအံုးမည္ ျဖစ္၏။ ေနာက္ဆံုးတစ္ၾကိမ္ သံုးဦးသား ေက်ာက္ကလပ္ေရွ႕တြင္ ရပ္ကာ.. ဘာသာရပ္သံုးခုကို ေရြးခ်ယ္ေစရမည္။ ေက်ာက္ကလပ္၏ စီမံ နတ္စြမ္းအားမွ ေရြးခ်ယ္ တြဲဆက္ေပးျခင္း ျဖစ္၏။
“ပိုင္ဟုန္ဟူ.. တြဲဖက္ ယွဥ္ျပိဳင္သူ လမင္းရဲ႕ၾကယ္စင္ စာသင္ေဆာင္မွ.. စာသင္သား.. ဖန္းရႈိဝိန္..”
ဖန္ရိႈဝိန္ ဆိုတာက လမင္းရဲ႕ၾကယ္စင္ ခန္းမက အဆင့္တစ္ဆယ္အတြင္းဝင္ေသာ စာသင္သား ျဖစ္သည့္အျပင္ ဟုန္ရြယ္ သေဘာက်ေနေသာသူ မဟုတ္လား..၊ ဘယ္လို လုပ္ျပီး.. သူက အဲ့လူကို ေရြးမိပါလိမ့္..၊ သို႔ေသာ္.. ဖန္းရိႈဝိန္က ထြက္လာျပီး.. သူ႔ကို အရိုအေသေပးသည္။
“သင္ျပေပးပါ.. ညီေလး”
~~နင့္အေမပဲ သင္ခိုင္းလုိက္ေတာ့..~~ စိတ္အတြင္းမွ ေျပာမိေသာ္ည္း ဟူအာ အာေစးထည့္ထားေသာလူလို ေခါင္းသာ ညိတ္ျပ လုိက္မိသည္။ ဘယ္လိုလုပ္ျပီး နတ္စြမ္းအား ျပင္းထန္သူကို ေရြးလိုက္မိတာလဲ..၊ သူကေရာ ေနမင္းရဲ႕ ေရာင္ျခည္ကေန.. ဘယ္သူ႔ကို ထပ္ျပီး ေရြးခ်ယ္မလဲ..၊ ဟူအာ ရင္ေတြ ခုန္ေနပါျပီ။ ဖန္းရိႈးဝိန္က ေနမင္း၏ ေရာင္ျခည္ ခန္းမမွ မဲတစ္လိပ္ကို ႏိႈက္လုိက္ေတာ့.. ဟူအာ.. ဆရာ၏ ေၾကျငာသံကို မၾကားရဲသလို ျဖစ္သြားသည္။
“ဖန္းရိႈးဝိန္ တြဲဖက္ ယွဥ္ျပိဳင္သူ ေနမင္းရဲ႕ေရာင္ျခည္ စာသင္ေဆာင္မွ စာသင္သား.. က်ိဳးရန္..”
က်ိဳးရန္ ဆိုတာ ေက်ာင္းအုပ္ရဲ႕ သားမဟုတ္လား..၊ ငါ ဘာလို႔ ဒီေလာက္ ကံဆိုးရတာလဲ ငါယွဥ္ျပိဳင္မယ့္သူေတြက ဘယ္လို ျဖစ္ျပီး အဆင့္ျမင့္တဲ့သူေတြ ျဖစ္္ေနရတာလဲ..၊ ေရွာင္ေညာင္က ေဘးမွ ဝမ္းသာစြာ လက္ခုတ္တီးေန၏။
ဆရာ၏ ေၾကျငာခ်က္က ထြက္လာသည္။
“ပထမ ယွဥ္ျပိဳင္မည့္ တစ္ဖြဲ႔က ပိုင္ဟုန္ဟူ..၊ ဖန္ရိႈးဝိန္..၊ က်ိဳးရန္..”