Uni
Part-10.1
ပထမဆုံး စာသင်ချိန်..၊
လူသားတွေနှင့် ရောလျက် သင်ကြားရတာမို့.. လူသားတို့၏ စိတ်စွမ်းအားကို အဓိကထားလျက်.. သင်ကြားရသည်။ ဒီနေ့တွင် စိတ်စွမ်းအားမှ မီးတောက်ဆိုသည့် ပညာကို သင်ကြားရာ ဟူအာအတွက် လွယ်လွန်းနေသည်။ လူသားတချို့က စုဝေးလျက်.. မီးတောက်ရအောင် မန္တာန်များ ရွတ်ဆိုနေကြရာ.. မီးက မတောက်လာပေ။ ထို့အတွက် သူတို့က ကြိုးစားပမ်းစား အဖွဲ့များ ထပ်ခွဲလျက် လေ့ကျင့်ကြ၏။
လူသားတွေ ရွတ်ဆိုသော မန္တာန်က နတ်မင်းများ ရွတ်လျှင် သာမာန် ထွက်ပေါ်လာရမည့် စွမ်းအားထက် အဆပေါင်းများစွာ ထွက်ပေါ်လာနိုင်သဖြင့် လူသားတို့၏ မန္တာန်ကို နတ်တွေက ဘယ်တော့မှ မရွတ်ဆိုကြပေ။ သို့သော် ဟူအာက ထိုသို့ မန္တာန်မပြောနှင့် မျိုးနွယ်အလို မြေးခွေးမန္တာန်များပင် အသံမဝင်တာမို့ ပါးစပ်မှ လိုက်ပြီး ရွတ်ဆိုမိသည်။
သို့သော်.. လူသားတို့၏ မန္တာန်များက သူ့အတွက် မြေခွေးမန္တာန်များလိုပင် အသုံးမဝင်ပေ။ သူ အကြိမ်ရေ အများကြီး ရွတ်ဆိုသော်လည်း သူ့နှုတ်ဖျားမှ မန္တာန်က အသက်မဝင်လာပေ။ ရှောင်ညောင်ကတော့.. သူ့အနားမှ လူစုစုရှိရာသို့ ခုန်သွားသည်။ နောက်တော့ တစ်ခုခု လုပ်နေကြတာကို လာပြောပြသည်။ နောက်တော့ နောက်ထပ် တစ်နေရာသို့ သွားပြီး ထိုနေရာမှ အကြောင်းကို လာပြောပြပြန်သည်။
“ရှောင်ညောင်.. ငြိမ်ငြိမ်နေ..”
ငြိမ်ငြိမ်နေ ဆိုတော့.. သူမက တိတ်ဆိတ်စွာ သူ့ရှေ့တွင် လာထိုင်နေသည်။ သူ ရွတ်နေတာကို ကြားတော့ သူမ ခေါင်းလေး ထောင်လာပြီး..
“သခင်.. အဲ့တာက လူသားတွေရဲ့ မန္တာန် မင်း မရွတ်သင့်ဘူး.. မဟုတ်လား..”
မျက်နှာသေလေးနှင့် မေးလာသည်။ ဟူအာ ဘာမှမပြောချင်သဖြင့် တိတ်ဆိတ်စွာ နေလိုက်သည်။ သူမက သူ့အား ထပ်မံ၍ သတိပေးလာသည်။
“သခင်.. အဲ့တာကို မရွတ်သင့်ဘူး.. မိုးကြိုးဖြူပစ်ခံရမှာ..”
ထိုပြစ်ဒဏ် ဆိုတာအထိတော့ ဟူအာ နားမလည်သဖြင့် ရှောင်ညောင်အား မေးလိုက်ရသည်။
“မိုးကြိုးဖြူ ပစ်ခံရမှာ မဟုတ်လား..”
“ဟုတ်တယ်လေ.. နတ်စည်းမျဉ်းမှာ မလုပ်ရလို့ တားမြစ်ထားလို့ ပြုလုပ်ရင် မိုးကြိုးဖြူ ပစ်ခံရတယ်.. အချက်ရေပဲ ကွာတာ.. သခင်ရဲ့ ခန္ဓာကိုယ်ကို ပက်ကြားအက်တဲ့ လယ်ကွက်လို ဖြစ်သွားနိုင်တာ..”
“မင်းက အပြစ်ခံဖူးလို့လား..”
မေးလိုက်တော့ သူမက ခေတ္တတိတ်ဆိတ်သွားပြီး ခေါင်းယမ်းသည်။
“ငါ ဘယ်လို သိနေတာလဲတောင် ငါမသိဘူး..”
ဟုတ်သားပဲ..၊ သူမကမှ စိတ်မနှံ့တာ..၊ ငါဘာလို့များ သူ့စကားကို ယုံနေမိတာလဲ မသိဘူး..၊ ဟူအာ.. ထိုလူသားမန္တာန်ကို ဆက်၍ ရေရွတ်နေမိသည်။ သူမက ထိုင်နေရာမှ ထရပ်လိုက်ပြီး..
“ငါ စမ်းကြည့်မယ်.. ငါက.. နတ်လို့ သူတို့တွေ ပြောတယ်.. ပြီးတော့ ငါ့မှာလည်း စွမ်းအားတွေ ရှိတယ် ဆိုတော့.. ငါစမ်းကြည့်မယ်..”
ပြောပြီးသည်နှင့် သူမက လူသားတွေ လုပ်သလို လက်ညိုးနှင့် လက်ခလယ်ကို ထောင်လိုက်ကာ.. တောင်အား လက်ညိုးထိုးလိုက်ပြီးမှ.. လူသားတို့၏ မန္တာန်ကို ကျယ်လောင်စွာ ရွတ်ဆိုလိုက်၏။ သူမလက်ညိုးထိုးထားသော တောင်တစ်ပိုင်းလုံးသည် ဟုန်းခနဲ မီးထစွဲလေတော့သည်။
ဟူအာအပါအဝင် အားလုံးသော စာသင်သားများ သူမအား အလန့်တကြားကြည့်လိုက်စဉ်.. သူမကတော့ မျက်တောင်ကို ပုတ်ခတ်ရင်း စဉ်းစားနေသည်။ သို့သော် သိပ်မကြာခင်မှာပဲ.. မိုးက သည်းထန်စွာ ရွာသွန်းလာပြီး.. ကွပ်လပ်တွင် ရပ်နေသော သူမထံသို့ ပြင်းထန်သော မိုးကြိုးသွားက ကျဆင်းလာ၏။
“ဂျိန်း!!..”
ပထမ တစ်ချက်တွင် ရှောင်ညောင်တွန့်ခနဲ ဖြစ်သွားသည်။
“ဂျိန်း!!..”
ဒုတိယ တစ်ချက်တွင် သူမက ဒူးထောက်ကျသွား၏။
“ဂျိန်း!!..”
တတိယတစ်ချက်တွင်တော့ သူမ၏ ပါးစပ်မှ သွေးများ အန်ကျလာသည်။ ဟူအာ မနေနိုင်တော့ပဲ အပေါ်ဝတ်ကို ချွတ်ကာ မိုးရေတွေ စိုရွဲနေသော သူမထံသို့ ပြေးလာမိသည်။ သို့သော်.. စတုတ္ထတစ်ချက်ကလည်း သူမပေါ်သို့.. ဂျိန်းခနဲ ကျသွားကာ.. သူမကိုယ်လေး လဲပြိုကျသွားတော့၏။
ဟူအာ သူမအား ပွေ့ယူလိုက်တော့.. သူမက သွေးတွေ ကျနေသော နှုတ်ခမ်းလေးဖြင့် သူ့အား ပြုံးပြလာသည်။ သို့သော် မိုးခြိမ်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး.. သူမ၏ ရင်ဘတ်ပေါ်သို့ နောက်ထပ် တစ်ကြိမ် မိုးကြိုးပစ်ခွင်းသွား၏။
“ဂျိန်း!!..”
သူမ နှုတ်ခမ်းမှ ထွေးထုတ်လိုက်သော သွေးများက သူ့မျက်နှာကို စင်ထွက်လာသည်။ သို့သော် မိုးတိမ်တွေက ကင်းစင်သွားကာ.. ကောင်းကင်က ချက်ချင်းပင် လင်းခြင်းသွားတော့၏။ သူမက သွေးပေနေသော သွားတို့ဖြင့် တစ်ချက် ရယ်သေးလျက်..
“သခင်.. လူသားတွေရဲ့ မန္တာန်ကို ရွတ်ရင်.. မိုးကြိုးဖြူဒဏ် ငါးချက် ခံရမှာပါ.. သခင် မရွတ်နဲ့တော့နော်..”
လက်ကလေး ငါးချောင်းကို ထောင်ပြရင်း.. သူမက သူ့ရင်ခွင်အတွင်းသို့ မှီကျလာလေတော့၏။ အရူးမလေး..၊ ဒါကို သက်သေပြဖို့ အတွက်နဲ့များ..၊
@@@@@@@@@
ရှောင်ညောင်က ဘယ်လို နတ်မျိုးမှန်း မသိတော်လည်း မိုးကြိုးဖြူဒဏ် ငါးချက်ကို သုံးရက်အတွင်း ထူထူထောင်ထောင် ဖြစ်လာသည်။ သို့သော် သူမက မိုးကြိုးဖြူဒဏ်ခံထားရတာကို နည်းနည်းမှ မမှတ်သော နတ်တစ်ပါးသာ ဖြစ်လေသည်။
သူလည်း နောက်ဆုံးတော့ လူသားမန္တာန်တွေကို မရွတ်ဆိုရန်သာ ဆုံးဖြတ်လိုက်ရသည်။ ဒီအရူးမလေးက ပြောလို့ ရတာ မဟုတ်ဘူး.. နောက်ထပ်တစ်ကြိမ် မိုးကြိုးဖြူဒဏ်ကို ခံဖို့ လုပ်ရင် လုပ်နေအုံးမှာ..၊
တိုက်ခိုက်ရေးနှင့် စာပေသင်ကြားခြင်းမှာ.. မြေပြင်မှလမ်းကလေး စာသင်ဆောင်က မနိမ့်ကျသော်လည်း.. နတ်စွမ်းအင် တတ်မြောက်မှုတွင်တော့ များစွာ နိမ့်ကျလေသည်။ နှစ်တစ်နှစ်၏ အဆုံးသတ်တိုင်းတွင် ကျောင်းသားများကို စမ်းသပ်သော ပြိုင်ပွဲကို ကျင်းပပေးသည်။ ထို ပြိုင်ပွဲတွင် ဘာသာရပ်လေးခုကို ယှဉ်ပြိုင်ရ၏။ အကယ်၍ ထိုဘာသာရပ်လေးခုတွင်.. အောင်မြင်ပြီး အထက်တန်းကျသော အမှတ်ကို ရရှိပါက ထိုကျောင်းသားကို စာသင်ဆောင်ပြောင်းပေးသည်။
နတ်သမိုင်း..၊ စွမ်းအားမဲ့ တိုက်ခိုက်ရေး..၊ ဖန်ဆင်းခြင်းအနုပညာ..၊ နောက်ဆုံးတစ်ခုကတော့.. နတ်စွမ်းအား အသုံးပြုခြင်း ဖြစ်သည်။ ဒီတစ်လပြီးသည်နှင့် အစ်မတော်နှင့် အတူတူ လမင်း၏ကြယ်စင် ခန်းမဆောင်သို့ ပြောင်းနိုင်ရန် သူ ကြိုးစားရမည်ဟု တွေးထားသည်။
လက်အတွင်းဝယ် ကိုင်ဆောင်ထားသော လွန်ခဲ့သော နှစ်တစ်သိန်းက မွေးဖွားခဲ့သည့် နတ်များသမိုင်းတွင် အဖေပါဝင်နေတာကို တွေ့ရသည်။ စာကြည့်ဆောင်ကနေ သွားငှားထားသော လွန်ခဲ့သည့် နှစ်နှစ်သိန်းက နတ်များ သမိုင်းတွင်တော့.. ရှေ့ဆုံးစာမျက်နှာတွင်.. စိမ့်စမ်းပြာကျွန်းပိုင်ရှင် သူမ၏ မျက်နှာကို ဦးစွာ တွေ့ရသည်။ နတ်လောက၏ အသက်ဓာတ်ကို ထိန်းနိုင်သည့် တစ်ပါးတည်းသော နတ်ဘုရားမ..၊ နတ်တို့၏ စည်းမျဉ်းကို မျက်နှာလွဲခွင့် ရှိသည့် တစ်ပါးတည်းသော နတ်..၊ ကောင်းကင်မင်းကြီး တလီချင်းယွင်၏ ဇနီး ကောင်းကင်မိဖုရားကြီး၏ မွေးစားမိခင်..၊ ကျိုးမျိုးနွယ်နတ်တို့၏ နောက်ဆုံးမျိုးဆက် သုံးပါးတွင် အငယ်ဆုံးနတ်ဘုရားမ..၊ နောင်တစ်ချိန် ဖြစ်လာမည့် ကောင်းကင်မင်းကြီး အလောင်းလျာ.. ကောင်းကင်အိမ်ရှေ့စံ တလီယီမင်၏ ချစ်လှစွာသော တစ်ဦးတည်းသော နတ်မိဖုရား..၊
ထိုအထိ ဖတ်ပြီးတော့ ဟူအာ.. သူတို့ လင်မယား၏ ပုံရိပ်တွေကို ပြေးမြင်မိသည်။ ဒီလောက် ဂုဏ်ပုဒ်တွေများနေတာ.. စာမျက်နှာတွေ အလကားကုန်တာပဲဟုပင် တွေးလိုက်မိသေးသည်။ ဆက်ဖတ်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့လက်အတွင်းမှ စာအုပ်ကို အနီရောင် အရိပ်တစ်ခုက ဆွဲယူသွား၏။ အရင်ရက်တုန်းကမှ စာသင်ဆောင်မှ အစ်ကိုကြီး တစ်ဦးက စာသင်သား မဟုတ်လျှင် စာသင်သားဝတ်စုံကို ပေးဝတ်လို့ မရဘူးဟု ဆိုသဖြင့်.. အဝတ်ချုပ်ပေးသော ဌာနတွင် ရှောင်ညောင်အတွက် ဝတ်စုံနီ သုံးစုံကို သွားပြီး ဝယ်ယူခဲ့ရသည်။ ယခုတော့ သူမက အနီရောင်ဝတ်စုံ တစ်လွှားလွှားဖြင့် သူ့ထံမှ ဆွဲယူသွားသော စာအုပ်အား.. အသံ ကျယ်ကျယ်ဖြင့်..
“ကျိုးရင်း နတ်ဘုရားမ.. ဘာတဲ့.. တလီယီမင်၏ ချစ်လှစွာသော တစ်ဦးတည်းသော နတ်မိဖုရား..၊ အဟား.. ဟား.. ဟား.. ပြီးတော့.. ပြီးတော့.. နတ်စွမ်းအားအသုံးပြုခွင့်ကို ပိတ်ပင်နိုင်သည့် တစ်ပါးတည်းသော နတ်..၊ ငါမယုံဘူး..”
ဟူအာ လက်အတွင်းမှ စာအုပ်ကို မြောက်ပြီး ဖတ်ကာ.. ရယ်မောရင်း သူမစိတ်တိုင်းကျ.. ပြောဆိုနေသည့် ရှောင်ညောင်ကို ဟူအာ လိုက်ဖမ်းတော့ သူမက ပျံတက်ကာ ပြေးသွား၏။ သို့သော် အနောက်မှ လာနေသော အပြုံးမျက်နှာပိုင်ရှင် နတ်မင်း ကျိုးလျန်နှင့် တိုက်မိတော့ သူမလက်အတွင်းမှ စာအုပ်က လွင့်စင်သွား၏။ သူမက ကျိုးလျန် နတ်မင်းအား မတောင်းပန်သည့်အပြင် စာအုပ်ကို ပြူးပြဲ လိုက်ရှာပြီး.. တွေ့မှ ကုန်းရုန်း ထလာပြီး.. ဟူအာထံသို့ ဝမ်းသာအားရဖြင့်..
“သခင်.. စာအုပ်မပျောက်ဘူး.. စာအုပ်..”
ကျိုးလျန် နတ်မင်းက ရှောင်ညောင်ကို ကျော်လွန်ပြီး သူ့အနားသို့ ရောက်လာပြီးမှ လက်အတွင်းမှ သားမွှေး ယပ်တောင်ဖြင့် ခပ်လိုက်သေးကာ..
“ကောင်လေး.. မင်းရဲ့ ငှက်ကလေးက နေသိပ်မကောင်းဘူး ထင်တယ်..”
ကျောင်းအုပ်ကြီး ပြောလိုက်တာကို ဟူအာ နားမလည်ပါ။ သို့သော်..
“ဟူအာ.. ရှောင်ညောင်ရဲ့ ရိုင်းပြတဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်..”
“မင်းရဲ့ ငှက်ကလေးက နတ်သူငယ် မဟုတ်ဘူး.. ထာဝရနတ်ပဲ.. သူ့ရဲ့ စွမ်းအားကလည်း ပြင်းထန်တယ်.. ဒါပေမယ့် သူက ဘာလို့ အခုလို.. ဖြစ်နေရတာလဲ..”
ဟူအာ နောက်ထပ် ခေါင်းယမ်းလိုက်မိသည်။ သူလည်း တကယ်ကို မသိတာလေ။ ထို့ကြောင့် ခေါင်းခါပြဖို့ပဲ တတ်နိုင်တယ်လေ။ ကျိုးလျန် နတ်မင်းက အလွန်အမင်း သိချင်သော ဟန်ပန်ဖြင့် အနားသို့ ထပ်တိုးလာပြီး..
“တကယ်ဆို သူက.. အမှန်ပြောရရင် မင်းလို အရှိန်အဝါ မရှိတဲ့ နတ်သူငယ်တစ်ပါးကို အလုပ်ကြွေးပြုဖို့ မသင့်တော်တဲ့ အခြေအနေမှာ ရှိတယ်..”
ဒီစကားကို ပြောလိုက်ဖို့ ကျိုးလျန် နတ်မင်းက သူ့မျက်နှာကို အားနာစွာ ကြည့်နေသေး၏။ ပြီးမှ.. ကျိုးလျန် နတ်မင်းက..
“မင်းကို နိမ့်ကျတယ်လို့ ဆိုလိုချင်တာ မဟုတ်ဘူး.. သူက.. သာမာန် နတ်တစ်ပါးထက် ပိုလွန်တဲ့ စွမ်းအား ရှိတယ် ဆိုတာကို ပြောပြချင်ရုံပါ..”
“ကျွန်တော် နားလည်ပါတယ်.. ဒါပေမယ့် ကျောင်းကို လာတဲ့လမ်းမှာ တွေ့ခဲ့တာ ဆိုတော့.. သူ့သခင်အစစ်က ဘယ်သူလဲ ကျွန်တော်မသိဘူး.. သူက ကျွန်တော့ကို သခင်လို့ ခေါ်ပြီး လိုက်လာနေတာ.. ပြောရရင်.. ကျွန်တော်က သူ့ကို လက်ခံထားတာပါ..”
“အဲ့လို ရှိတာလား..”
သူတို့ နှစ်ဦး ပြောနေစဉ်မှာပဲ သူ့အနားသို့ ရှောင်ညောင်က ရောက်လာပြီး..
“သခင်.. သခင်က ကျွန်မ သခင် အစစ်ပါ.. တကယ်..”
ဟူအာလည်း ခေါင်းညိတ်လိုက်ပြီးမှ..
“မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ..”
“ငါ မှတ်မိတယ်.. မင်းက အဲ့တုန်းက အနီရောင်လေး.. သေးကွေးတဲ့ ဝိဉာဉ်လေးပဲ ရှိသေးတာ.. ဒါပေမယ့် မင်းမှာ အနံ့ရှိတယ်..”
နတ်တွေ၏ ကိုယ်ပိုင်အနံ့ကို ရနိုင်တာက မိစ္ဆာမျိုးနွယ်တွေပဲ ရှိတာမို့.. ဒီငှက်ကလေးက လူသားကနေ မိစ္ဆာ.. မိစ္ဆာကနေမှ တစ်ဆင့် နတ်တစ်ပါး ဖြစ်လာသည်ဟု သတ်မှတ်ရမည်။
“အနံ့..”
“မင်း သွားပြီး လေ့ကျင့်တော့လေ.. ဒီလရဲ့ နောက်ဆုံးအပတ်မှာ စမ်းသပ်ပွဲ ရှိတယ်..”
ကျိုးလျန် နတ်မင်းက ပြောတော့ သူ ခေါင်းညိတ်လိုက်ပြီး.. တောင်အောက်သို့ ဆင်းရန် ပြင်ဆင်လိုက်သည်။ တောင်ပေါ်မှာက စာသင်သားတွေ ပြည့်နေတာမို့.. သူ နတ်အစွမ်းကို အနည်းငယ်မျှသာ သုံးလို့ ရနေတာကို မထုတ်ပြချင်ပေ။ ပိုပြီး ဆိုးတာက ထာဝရနတ် ဖြစ်နေပြီးမှ.. မြေပြင်မှလမ်းကလေး စာသင်ဆောင်တွင် နေနေရခြင်းက ဟာသဖြစ်ဖွယ်ဟု လူသားတွေက သတ်မှတ်ထားကာ ရယ်မောတတ်ခြင်းပင် ဖြစ်၏။
အစ်မဖြစ်သူ ဟုန်ရွယ်နှင့်လည်း မတွေ့ချင်ပေ။ သူမက နတ်အစွမ်းကို အရင်ထက် ပိုပြီး အသုံးပြုနိုင်ပြီ ဖြစ်ကာ.. သူမရောက်လာတိုင်း ဖန်းဟုခေါ်သည့် လူသားအကြောင်းကို မကြားချင်မျှ အဆုံးပင် ပြောကြားတတ်သည်။
“ဒီနေ့လေ.. ဖန်းအစ်ကိုကြီးက.. ပညာတစ်ခုကို သင်ပေးတာ..”
“ဒီနေ့လေ.. ဖန်းဆရာတူအစ်ကိုက ဆရာပြောတာကို လုပ်ပြတာ..”
“ဖန်းအစ်ကိုကြီးကလေ..”
“တော်တော့!!.. မင်းငါ့ကို နေရတာ အဆင်ပြေရဲ့လားလို့တောင်မှ မမေးတော့ဘူးလား အစ်မ..”
ဟုန်ရွယ်က ဟူအာကို နားမလည်သလို ကြည့်လာပြီးမှ..
“မင်းပဲ အရင်တုန်းက ဒီကို လာချင်တယ် ပြောပြီးတော့.. အခုကျတော့ ငါက သူများတွေနဲ့ အတူတူ နေသားကျနေပြီ.. မင်းက သီးသန့်နေတတ်တဲ့ နတ်လည်း မဟုတ်ပဲနဲ့..”
ဟူအာ ဘာမှမပြောတော့ပဲ သူ့အစ်မကို ကျောခိုင်းကာ ထွက်လာခဲ့လိုက်သည်။ မိန်းကလေး ဖြစ်တဲ့ အစ်မတောင်မှ နတ်တွေ လူတွေ ရောထွေးနေတဲ့ဆီမှာ အသားကျလွယ်ပြီးတော့ သူက ဘာလို့များ နေရခက်နေပါလိမ့်ဟု ခံစားရလာသည်။
Zawgyi
Part-10.1
ပထမဆံုး စာသင္ခ်ိန္..၊
လူသားေတြႏွင့္ ေရာလ်က္ သင္ၾကားရတာမို႔.. လူသားတို႔၏ စိတ္စြမ္းအားကို အဓိကထားလ်က္.. သင္ၾကားရသည္။ ဒီေန႔တြင္ စိတ္စြမ္းအားမွ မီးေတာက္ဆိုသည့္ ပညာကို သင္ၾကားရာ ဟူအာအတြက္ လြယ္လြန္းေနသည္။ လူသားတခ်ိဳ႕က စုေဝးလ်က္.. မီးေတာက္ရေအာင္ မႏၱာန္မ်ား ရြတ္ဆိုေနၾကရာ.. မီးက မေတာက္လာေပ။ ထို႔အတြက္ သူတို႔က ၾကိဳးစားပမ္းစား အဖြဲ႕မ်ား ထပ္ခြဲလ်က္ ေလ့က်င့္ၾက၏။
လူသားေတြ ရြတ္ဆိုေသာ မႏၱာန္က နတ္မင္းမ်ား ရြတ္လွ်င္ သာမာန္ ထြက္ေပၚလာရမည့္ စြမ္းအားထက္ အဆေပါင္းမ်ားစြာ ထြက္ေပၚလာႏုိင္သျဖင့္ လူသားတို႔၏ မႏၱာန္ကို နတ္ေတြက ဘယ္ေတာ့မွ မရြတ္ဆိုၾကေပ။ သို႔ေသာ္ ဟူအာက ထိုသို႔ မႏၱာန္မေျပာႏွင့္ မ်ိဳးႏြယ္အလို ေျမးေခြးမႏၱာန္မ်ားပင္ အသံမဝင္တာမို႔ ပါးစပ္မွ လုိက္ျပီး ရြတ္ဆိုမိသည္။
သို႔ေသာ္.. လူသားတို႔၏ မႏၱာန္မ်ားက သူ႔အတြက္ ေျမေခြးမႏၱာန္မ်ားလိုပင္ အသံုးမဝင္ေပ။ သူ အၾကိမ္ေရ အမ်ားၾကီး ရြတ္ဆိုေသာ္လည္း သူ႔ႏႈတ္ဖ်ားမွ မႏၱာန္က အသက္မဝင္လာေပ။ ေရွာင္ေညာင္ကေတာ့.. သူ႔အနားမွ လူစုစုရွိရာသို႔ ခုန္သြားသည္။ ေနာက္ေတာ့ တစ္ခုခု လုပ္ေနၾကတာကို လာေျပာျပသည္။ ေနာက္ေတာ့ ေနာက္ထပ္ တစ္ေနရာသို႔ သြားျပီး ထိုေနရာမွ အေၾကာင္းကို လာေျပာျပျပန္သည္။
“ေရွာင္ေညာင္.. ျငိမ္ျငိမ္ေန..”
ျငိမ္ျငိမ္ေန ဆိုေတာ့.. သူမက တိတ္ဆိတ္စြာ သူ႔ေရွ႕တြင္ လာထိုင္ေနသည္။ သူ ရြတ္ေနတာကို ၾကားေတာ့ သူမ ေခါင္းေလး ေထာင္လာျပီး..
“သခင္.. အဲ့တာက လူသားေတြရဲ႕ မႏၱာန္ မင္း မရြတ္သင့္ဘူး.. မဟုတ္လား..”
မ်က္ႏွာေသေလးႏွင့္ ေမးလာသည္။ ဟူအာ ဘာမွမေျပာခ်င္သျဖင့္ တိတ္ဆိတ္စြာ ေနလုိက္သည္။ သူမက သူ႔အား ထပ္မံ၍ သတိေပးလာသည္။
“သခင္.. အဲ့တာကို မရြတ္သင့္ဘူး.. မိုးၾကိဳးျဖဴပစ္ခံရမွာ..”
ထိုျပစ္ဒဏ္ ဆိုတာအထိေတာ့ ဟူအာ နားမလည္သျဖင့္ ေရွာင္ေညာင္အား ေမးလုိက္ရသည္။
“မိုးၾကိဳးျဖဴ ပစ္ခံရမွာ မဟုတ္လား..”
“ဟုတ္တယ္ေလ.. နတ္စည္းမ်ဥ္းမွာ မလုပ္ရလို႔ တားျမစ္ထားလို႔ ျပဳလုပ္ရင္ မိုးၾကိဳးျဖဴ ပစ္ခံရတယ္.. အခ်က္ေရပဲ ကြာတာ.. သခင္ရဲ႕ ခႏၶာကိုယ္ကို ပက္ၾကားအက္တဲ့ လယ္ကြက္လို ျဖစ္သြားႏိုင္တာ..”
“မင္းက အျပစ္ခံဖူးလို႔လား..”
ေမးလုိက္ေတာ့ သူမက ေခတၱတိတ္ဆိတ္သြားျပီး ေခါင္းယမ္းသည္။
“ငါ ဘယ္လို သိေနတာလဲေတာင္ ငါမသိဘူး..”
ဟုတ္သားပဲ..၊ သူမကမွ စိတ္မႏွံ႔တာ..၊ ငါဘာလို႔မ်ား သူ႔စကားကို ယံုေနမိတာလဲ မသိဘူး..၊ ဟူအာ.. ထိုလူသားမႏၱာန္ကို ဆက္၍ ေရရြတ္ေနမိသည္။ သူမက ထိုင္ေနရာမွ ထရပ္လုိက္ျပီး..
“ငါ စမ္းၾကည့္မယ္.. ငါက.. နတ္လို႔ သူတို႔ေတြ ေျပာတယ္.. ျပီးေတာ့ ငါ့မွာလည္း စြမ္းအားေတြ ရွိတယ္ ဆိုေတာ့.. ငါစမ္းၾကည့္မယ္..”
ေျပာျပီးသည္ႏွင့္ သူမက လူသားေတြ လုပ္သလို လက္ညိဳးႏွင့္ လက္ခလယ္ကို ေထာင္လိုက္ကာ.. ေတာင္အား လက္ညိဳးထိုးလိုက္ျပီးမွ.. လူသားတို႔၏ မႏၱာန္ကို က်ယ္ေလာင္စြာ ရြတ္ဆိုလုိက္၏။ သူမလက္ညိဳးထိုးထားေသာ ေတာင္တစ္ပိုင္းလံုးသည္ ဟုန္းခနဲ မီးထစြဲေလေတာ့သည္။
ဟူအာအပါအဝင္ အားလံုးေသာ စာသင္သားမ်ား သူမအား အလန္႔တၾကားၾကည့္လုိက္စဥ္.. သူမကေတာ့ မ်က္ေတာင္ကို ပုတ္ခတ္ရင္း စဥ္းစားေနသည္။ သို႔ေသာ္ သိပ္မၾကာခင္မွာပဲ.. မိုးက သည္းထန္စြာ ရြာသြန္းလာျပီး.. ကြပ္လပ္တြင္ ရပ္ေနေသာ သူမထံသို႔ ျပင္းထန္ေသာ မိုးၾကိဳးသြားက က်ဆင္းလာ၏။
“ဂ်ိန္း!!..”
ပထမ တစ္ခ်က္တြင္ ေရွာင္ေညာင္တြန္႔ခနဲ ျဖစ္သြားသည္။
“ဂ်ိန္း!!..”
ဒုတိယ တစ္ခ်က္တြင္ သူမက ဒူးေထာက္က်သြား၏။
“ဂ်ိန္း!!..”
တတိယတစ္ခ်က္တြင္ေတာ့ သူမ၏ ပါးစပ္မွ ေသြးမ်ား အန္က်လာသည္။ ဟူအာ မေနႏိုင္ေတာ့ပဲ အေပၚဝတ္ကို ခၽြတ္ကာ မိုးေရေတြ စိုရြဲေနေသာ သူမထံသို႔ ေျပးလာမိသည္။ သို႔ေသာ္.. စတုတၳတစ္ခ်က္ကလည္း သူမေပၚသို႔.. ဂ်ိန္းခနဲ က်သြားကာ.. သူမကိုယ္ေလး လဲျပိဳက်သြားေတာ့၏။
ဟူအာ သူမအား ေပြ႔ယူလုိက္ေတာ့.. သူမက ေသြးေတြ က်ေနေသာ ႏႈတ္ခမ္းေလးျဖင့္ သူ႔အား ျပံဳးျပလာသည္။ သို႔ေသာ္ မိုးျခိမ္းသံက က်ယ္ေလာင္စြာ ထြက္ေပၚလာျပီး.. သူမ၏ ရင္ဘတ္ေပၚသို႔ ေနာက္ထပ္ တစ္ၾကိမ္ မိုးၾကိဳးပစ္ခြင္းသြား၏။
“ဂ်ိန္း!!..”
သူမ ႏႈတ္ခမ္းမွ ေထြးထုတ္လိုက္ေသာ ေသြးမ်ားက သူ႔မ်က္ႏွာကို စင္ထြက္လာသည္။ သို႔ေသာ္ မိုးတိမ္ေတြက ကင္းစင္သြားကာ.. ေကာင္းကင္က ခ်က္ခ်င္းပင္ လင္းျခင္းသြားေတာ့၏။ သူမက ေသြးေပေနေသာ သြားတို႔ျဖင့္ တစ္ခ်က္ ရယ္ေသးလ်က္..
“သခင္.. လူသားေတြရဲ႕ မႏၱာန္ကို ရြတ္ရင္.. မုိးၾကိဳးျဖဴဒဏ္ ငါးခ်က္ ခံရမွာပါ.. သခင္ မရြတ္နဲ႔ေတာ့ေနာ္..”
လက္ကေလး ငါးေခ်ာင္းကို ေထာင္ျပရင္း.. သူမက သူ႔ရင္ခြင္အတြင္းသို႔ မွီက်လာေလေတာ့၏။ အရူးမေလး..၊ ဒါကို သက္ေသျပဖို႔ အတြက္နဲ႔မ်ား..၊
@@@@@@@@@
ေရွာင္ေညာင္က ဘယ္လို နတ္မ်ိဳးမွန္း မသိေတာ္လည္း မိုးၾကိဳးျဖဴဒဏ္ ငါးခ်က္ကို သံုးရက္အတြင္း ထူထူေထာင္ေထာင္ ျဖစ္လာသည္။ သို႔ေသာ္ သူမက မိုးၾကိဳးျဖဴဒဏ္ခံထားရတာကို နည္းနည္းမွ မမွတ္ေသာ နတ္တစ္ပါးသာ ျဖစ္ေလသည္။
သူလည္း ေနာက္ဆံုးေတာ့ လူသားမႏၱာန္ေတြကို မရြတ္ဆိုရန္သာ ဆံုးျဖတ္လိုက္ရသည္။ ဒီအရူးမေလးက ေျပာလို႔ ရတာ မဟုတ္ဘူး.. ေနာက္ထပ္တစ္ၾကိမ္ မိုးၾကိဳးျဖဴဒဏ္ကို ခံဖို႔ လုပ္ရင္ လုပ္ေနအံုးမွာ..၊
တုိက္ခုိက္ေရးႏွင့္ စာေပသင္ၾကားျခင္းမွာ.. ေျမျပင္မွလမ္းကေလး စာသင္ေဆာင္က မနိမ့္က်ေသာ္လည္း.. နတ္စြမ္းအင္ တတ္ေျမာက္မႈတြင္ေတာ့ မ်ားစြာ နိမ့္က်ေလသည္။ ႏွစ္တစ္ႏွစ္၏ အဆံုးသတ္တိုင္းတြင္ ေက်ာင္းသားမ်ားကို စမ္းသပ္ေသာ ျပိဳင္ပြဲကို က်င္းပေပးသည္။ ထို ျပိဳင္ပြဲတြင္ ဘာသာရပ္ေလးခုကို ယွဥ္ျပိဳင္ရ၏။ အကယ္၍ ထိုဘာသာရပ္ေလးခုတြင္.. ေအာင္ျမင္ျပီး အထက္တန္းက်ေသာ အမွတ္ကို ရရွိပါက ထိုေက်ာင္းသားကို စာသင္ေဆာင္ေျပာင္းေပးသည္။
နတ္သမုိင္း..၊ စြမ္းအားမဲ့ တုိက္ခိုက္ေရး..၊ ဖန္ဆင္းျခင္းအနုပညာ..၊ ေနာက္ဆံုးတစ္ခုကေတာ့.. နတ္စြမ္းအား အသံုးျပဳျခင္း ျဖစ္သည္။ ဒီတစ္လျပီးသည္ႏွင့္ အစ္မေတာ္ႏွင့္ အတူတူ လမင္း၏ၾကယ္စင္ ခန္းမေဆာင္သို႔ ေျပာင္းႏုိင္ရန္ သူ ၾကိဳးစားရမည္ဟု ေတြးထားသည္။
လက္အတြင္းဝယ္ ကိုင္ေဆာင္ထားေသာ လြန္ခဲ့ေသာ ႏွစ္တစ္သိန္းက ေမြးဖြားခဲ့သည့္ နတ္မ်ားသမိုင္းတြင္ အေဖပါဝင္ေနတာကို ေတြ႔ရသည္။ စာၾကည့္ေဆာင္ကေန သြားငွားထားေသာ လြန္ခဲ့သည့္ ႏွစ္ႏွစ္သိန္းက နတ္မ်ား သမိုင္းတြင္ေတာ့.. ေရွ႕ဆံုးစာမ်က္ႏွာတြင္.. စိမ့္စမ္းျပာကၽြန္းပိုင္ရွင္ သူမ၏ မ်က္ႏွာကို ဦးစြာ ေတြ႔ရသည္။ နတ္ေလာက၏ အသက္ဓာတ္ကုိ ထိန္းႏုိင္သည့္ တစ္ပါးတည္းေသာ နတ္ဘုရားမ..၊ နတ္တို႔၏ စည္းမ်ဥ္းကို မ်က္ႏွာလြဲခြင့္ ရွိသည့္ တစ္ပါးတည္းေသာ နတ္..၊ ေကာင္းကင္မင္းၾကီး တလီခ်င္းယြင္၏ ဇနီး ေကာင္းကင္မိဖုရားၾကီး၏ ေမြးစားမိခင္..၊ က်ိဳးမ်ိဳးႏြယ္နတ္တို႔၏ ေနာက္ဆံုးမ်ိဳးဆက္ သံုးပါးတြင္ အငယ္ဆံုးနတ္ဘုရားမ..၊ ေနာင္တစ္ခ်ိန္ ျဖစ္လာမည့္ ေကာင္းကင္မင္းၾကီး အေလာင္းလ်ာ.. ေကာင္းကင္အိမ္ေရွ႕စံ တလီယီမင္၏ ခ်စ္လွစြာေသာ တစ္ဦးတည္းေသာ နတ္မိဖုရား..၊
ထိုအထိ ဖတ္ျပီးေတာ့ ဟူအာ.. သူတို႔ လင္မယား၏ ပံုရိပ္ေတြကို ေျပးျမင္မိသည္။ ဒီေလာက္ ဂုဏ္ပုဒ္ေတြမ်ားေနတာ.. စာမ်က္ႏွာေတြ အလကားကုန္တာပဲဟုပင္ ေတြးလုိက္မိေသးသည္။ ဆက္ဖတ္ဖို႔ ျပင္လုိက္စဥ္မွာပဲ သူ႔လက္အတြင္းမွ စာအုပ္ကို အနီေရာင္ အရိပ္တစ္ခုက ဆြဲယူသြား၏။ အရင္ရက္တုန္းကမွ စာသင္ေဆာင္မွ အစ္ကိုၾကီး တစ္ဦးက စာသင္သား မဟုတ္လွ်င္ စာသင္သားဝတ္စံုကို ေပးဝတ္လို႔ မရဘူးဟု ဆိုသျဖင့္.. အဝတ္ခ်ဳပ္ေပးေသာ ဌာနတြင္ ေရွာင္ေညာင္အတြက္ ဝတ္စံုနီ သံုးစံုကို သြားျပီး ဝယ္ယူခဲ့ရသည္။ ယခုေတာ့ သူမက အနီေရာင္ဝတ္စံု တစ္လႊားလႊားျဖင့္ သူ႔ထံမွ ဆြဲယူသြားေသာ စာအုပ္အား.. အသံ က်ယ္က်ယ္ျဖင့္..
“က်ိဳးရင္း နတ္ဘုရားမ.. ဘာတဲ့.. တလီယီမင္၏ ခ်စ္လွစြာေသာ တစ္ဦးတည္းေသာ နတ္မိဖုရား..၊ အဟား.. ဟား.. ဟား.. ျပီးေတာ့.. ျပီးေတာ့.. နတ္စြမ္းအားအသံုးျပဳခြင့္ကို ပိတ္ပင္ႏုိင္သည့္ တစ္ပါးတည္းေသာ နတ္..၊ ငါမယံုဘူး..”
ဟူအာ လက္အတြင္းမွ စာအုပ္ကို ေျမာက္ျပီး ဖတ္ကာ.. ရယ္ေမာရင္း သူမစိတ္တုိင္းက်.. ေျပာဆိုေနသည့္ ေရွာင္ေညာင္ကို ဟူအာ လုိက္ဖမ္းေတာ့ သူမက ပ်ံတက္ကာ ေျပးသြား၏။ သို႔ေသာ္ အေနာက္မွ လာေနေသာ အျပံဳးမ်က္ႏွာပိုင္ရွင္ နတ္မင္း က်ိဳးလ်န္ႏွင့္ တိုက္မိေတာ့ သူမလက္အတြင္းမွ စာအုပ္က လြင့္စင္သြား၏။ သူမက က်ိဳးလ်န္ နတ္မင္းအား မေတာင္းပန္သည့္အျပင္ စာအုပ္ကို ျပဴးျပဲ လုိက္ရွာျပီး.. ေတြ႔မွ ကုန္းရုန္း ထလာျပီး.. ဟူအာထံသို႔ ဝမ္းသာအားရျဖင့္..
“သခင္.. စာအုပ္မေပ်ာက္ဘူး.. စာအုပ္..”
က်ိဳးလ်န္ နတ္မင္းက ေရွာင္ေညာင္ကို ေက်ာ္လြန္ျပီး သူ႔အနားသို႔ ေရာက္လာျပီးမွ လက္အတြင္းမွ သားေမႊး ယပ္ေတာင္ျဖင့္ ခပ္လိုက္ေသးကာ..
“ေကာင္ေလး.. မင္းရဲ႕ ငွက္ကေလးက ေနသိပ္မေကာင္းဘူး ထင္တယ္..”
ေက်ာင္းအုပ္ၾကီး ေျပာလုိက္တာကို ဟူအာ နားမလည္ပါ။ သို႔ေသာ္..
“ဟူအာ.. ေရွာင္ေညာင္ရဲ႕ ရိုင္းျပတဲ့ အျပဳအမူအတြက္ ေတာင္းပန္ပါတယ္..”
“မင္းရဲ႕ ငွက္ကေလးက နတ္သူငယ္ မဟုတ္ဘူး.. ထာဝရနတ္ပဲ.. သူ႔ရဲ႕ စြမ္းအားကလည္း ျပင္းထန္တယ္.. ဒါေပမယ့္ သူက ဘာလို႔ အခုလို.. ျဖစ္ေနရတာလဲ..”
ဟူအာ ေနာက္ထပ္ ေခါင္းယမ္းလုိက္မိသည္။ သူလည္း တကယ္ကို မသိတာေလ။ ထို႔ေၾကာင့္ ေခါင္းခါျပဖို႔ပဲ တတ္ႏုိင္တယ္ေလ။ က်ိဳးလ်န္ နတ္မင္းက အလြန္အမင္း သိခ်င္ေသာ ဟန္ပန္ျဖင့္ အနားသို႔ ထပ္တိုးလာျပီး..
“တကယ္ဆို သူက.. အမွန္ေျပာရရင္ မင္းလို အရွိန္အဝါ မရွိတဲ့ နတ္သူငယ္တစ္ပါးကို အလုပ္ေၾကြးျပဳဖို႔ မသင့္ေတာ္တဲ့ အေျခအေနမွာ ရွိတယ္..”
ဒီစကားကို ေျပာလုိက္ဖို႔ က်ိဳးလ်န္ နတ္မင္းက သူ႔မ်က္ႏွာကို အားနာစြာ ၾကည့္ေနေသး၏။ ျပီးမွ.. က်ိဳးလ်န္ နတ္မင္းက..
“မင္းကို နိမ့္က်တယ္လို႔ ဆိုလိုခ်င္တာ မဟုတ္ဘူး.. သူက.. သာမာန္ နတ္တစ္ပါးထက္ ပိုလြန္တဲ့ စြမ္းအား ရွိတယ္ ဆိုတာကို ေျပာျပခ်င္ရံုပါ..”
“ကၽြန္ေတာ္ နားလည္ပါတယ္.. ဒါေပမယ့္ ေက်ာင္းကို လာတဲ့လမ္းမွာ ေတြ႔ခဲ့တာ ဆုိေတာ့.. သူ႔သခင္အစစ္က ဘယ္သူလဲ ကၽြန္ေတာ္မသိဘူး.. သူက ကၽြန္ေတာ့ကို သခင္လို႔ ေခၚျပီး လုိက္လာေနတာ.. ေျပာရရင္.. ကၽြန္ေတာ္က သူ႔ကို လက္ခံထားတာပါ..”
“အဲ့လို ရွိတာလား..”
သူတို႔ ႏွစ္ဦး ေျပာေနစဥ္မွာပဲ သူ႔အနားသို႔ ေရွာင္ေညာင္က ေရာက္လာျပီး..
“သခင္.. သခင္က ကၽြန္မ သခင္ အစစ္ပါ.. တကယ္..”
ဟူအာလည္း ေခါင္းညိတ္လိုက္ျပီးမွ..
“မင္းက ဘယ္လိုလုပ္ျပီး သိတာလဲ..”
“ငါ မွတ္မိတယ္.. မင္းက အဲ့တုန္းက အနီေရာင္ေလး.. ေသးေကြးတဲ့ ဝိဉာဥ္ေလးပဲ ရွိေသးတာ.. ဒါေပမယ့္ မင္းမွာ အနံ႔ရွိတယ္..”
နတ္ေတြ၏ ကိုယ္ပိုင္အနံ႔ကို ရႏုိင္တာက မိစာၦမ်ိဳးႏြယ္ေတြပဲ ရွိတာမို႔.. ဒီငွက္ကေလးက လူသားကေန မိစာၦ.. မိစာၦကေနမွ တစ္ဆင့္ နတ္တစ္ပါး ျဖစ္လာသည္ဟု သတ္မွတ္ရမည္။
“အနံ႔..”
“မင္း သြားျပီး ေလ့က်င့္ေတာ့ေလ.. ဒီလရဲ႕ ေနာက္ဆံုးအပတ္မွာ စမ္းသပ္ပြဲ ရွိတယ္..”
က်ိဳးလ်န္ နတ္မင္းက ေျပာေတာ့ သူ ေခါင္းညိတ္လိုက္ျပီး.. ေတာင္ေအာက္သို႔ ဆင္းရန္ ျပင္ဆင္လိုက္သည္။ ေတာင္ေပၚမွာက စာသင္သားေတြ ျပည့္ေနတာမို႔.. သူ နတ္အစြမ္းကို အနည္းငယ္မွ်သာ သံုးလို႔ ရေနတာကို မထုတ္ျပခ်င္ေပ။ ပိုျပီး ဆိုးတာက ထာဝရနတ္ ျဖစ္ေနျပီးမွ.. ေျမျပင္မွလမ္းကေလး စာသင္ေဆာင္တြင္ ေနေနရျခင္းက ဟာသျဖစ္ဖြယ္ဟု လူသားေတြက သတ္မွတ္ထားကာ ရယ္ေမာတတ္ျခင္းပင္ ျဖစ္၏။
အစ္မျဖစ္သူ ဟုန္ရြယ္ႏွင့္လည္း မေတြ႔ခ်င္ေပ။ သူမက နတ္အစြမ္းကို အရင္ထက္ ပိုျပီး အသံုးျပဳႏုိင္ျပီ ျဖစ္ကာ.. သူမေရာက္လာတိုင္း ဖန္းဟုေခၚသည့္ လူသားအေၾကာင္းကို မၾကားခ်င္မွ် အဆံုးပင္ ေျပာၾကားတတ္သည္။
“ဒီေန႔ေလ.. ဖန္းအစ္ကိုၾကီးက.. ပညာတစ္ခုကို သင္ေပးတာ..”
“ဒီေန႔ေလ.. ဖန္းဆရာတူအစ္ကိုက ဆရာေျပာတာကို လုပ္ျပတာ..”
“ဖန္းအစ္ကိုၾကီးကေလ..”
“ေတာ္ေတာ့!!.. မင္းငါ့ကို ေနရတာ အဆင္ေျပရဲ႕လားလို႔ေတာင္မွ မေမးေတာ့ဘူးလား အစ္မ..”
ဟုန္ရြယ္က ဟူအာကို နားမလည္သလို ၾကည့္လာျပီးမွ..
“မင္းပဲ အရင္တုန္းက ဒီကို လာခ်င္တယ္ ေျပာျပီးေတာ့.. အခုက်ေတာ့ ငါက သူမ်ားေတြနဲ႔ အတူတူ ေနသားက်ေနျပီ.. မင္းက သီးသန္႔ေနတတ္တဲ့ နတ္လည္း မဟုတ္ပဲနဲ႔..”
ဟူအာ ဘာမွမေျပာေတာ့ပဲ သူ႔အစ္မကို ေက်ာခုိင္းကာ ထြက္လာခဲ့လုိက္သည္။ မိန္းကေလး ျဖစ္တဲ့ အစ္မေတာင္မွ နတ္ေတြ လူေတြ ေရာေထြးေနတဲ့ဆီမွာ အသားက်လြယ္ျပီးေတာ့ သူက ဘာလို႔မ်ား ေနရခက္ေနပါလိမ့္ဟု ခံစားရလာသည္။