Uni
Part-11.3
ပင့်ခ်ကပင် အရင်ဦးစွာ သူမအရှေ့သို့ သွားလိုက်သည်။ ပြီးမှ၊
“ငါမျက်နှာက ဘယ်နေရာမှာများ ပြောင်ချော်ချော် ဖြစ်နေတာလဲ”
မေဗယ်လ်က ပင့်ခ်ပြောလိုက်တာကို ခဏမျှ တွေးလိုက်ပြီးနောက်၊
“မင်းက တုံးလည်း တုံးတယ်”
ဘာလဲ၊ နောက်ထပ် တုံးလည်း တုံးတယ်လို့ ပြောသွားတာ မဟုတ်လား၊ ငါ့ကိုလေ ဘာလို့ နောက်ထပ် မကောင်းတဲ့ ဝေဖန်ချက်ကြီးလဲ၊
မေဗယ်လ်က ပင့်လ်ကို ရှောင်ထွက်သွားပြီးမှ လှေကားမှ ဆင်းသွားတော့သည်။ ပင့်ခ် ပူတပြင်း ပြေးလိုက်သွားဖို့ ပြင်လိုက်သော်လည်း ပုခုံးပေါ်သို့ ရောက်လာသော လက်တစ်ဖက်ကြောင့် အနောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
“သူမင်းကို ဝေဖန်သွားတယ်၊ မင်းကိုတော့ သူက ခင်သားပဲ”
ဖွီး၊ ကိုယ့်ဘဝနှင့်ကိုယ် ရယ်တောင် မရယ်ရက်တော့ပေ။
“သူ ပြောသွားတာ အကောင်းချည်းပဲ ဆိုတော့လေ”
ပင့်ခ်က ငေါ့ပြောလိုက်တော့ ဇော့ခ်က မချိပြုံးလေး ပြုံးပြလာရင်းက၊
“သူ့အဖေကိုတောင်မှ သူက စိတ်မပါရင် လုံးလုံးကို စကားမဟတာ တစ်နှစ်နေလို့ စကားတစ်ခွန်းမပြောပဲ နေတယ် မေဗယ်လ်က”
“ဘာလို့လဲ”
“အန်ကယ်ဇိုးဒန်လည်း ဘာထူးလို့လဲ၊ သူလည်း မေဗယ့်လ်ကို စကားပြောချင်မှ ပြောတာကို သားအဖတွေ ထမင်း တစ်ဝိုင်းတည်း စားလို့မှ အသက်ရှိတယ်လို့ မခံစားရတဲ့ အိမ်မျိုး သူတို့က”
“အော်၊ ဒါနဲ့ သူမအမေကရော်”
“အန်တီခီယာ အင်း၊ သူမက ဆုံးသွားတာ မေဗယ်လ်လေးနှစ်သမီး လား ငါးနှစ်သမီး ထင်တယ် အဲ့ကတည်းကပဲ”
“အိုး မေဗယ်လ်က အမေမရှိပဲ ကြီးလာတာပေါ့၊ သူ အဲ့ဒါကြောင့် မာရေကြောရေ ဖြစ်နေတာနဲ့တူတယ်”
“မွေးကတည်းက လက်သီးဆုပ်ပြီးတော့ မွေးလာတာ၊ မေဗယ်လ်တို့က”
“မသိရင် မင်းမြင်ဖူးတာကျလို့”
“မေမေက ပြောပြတယ်လေ၊ မေဗယ်လ့်ကို မွေးတော့ မေမေက အန်တီခီယာအနားမှာ ရှိတယ်တဲ့”
ပင့်ခ်က တမင်စကားထောက်သည်ကို ဇော့ခ်ကလည်း အလျော့မပေး ပြန်ဖြေသည်။
“မေဗယ်လ် မနေ့က ပြောသွားတာက ရုပ်ထိန်းအပင်းကို မလုပ်နိုင်ရင် လုပ်စေချင်တာ၊ အဲ့ဒါကြီးက အန္တာရာယ်များတယ်”
“မေဗယ်လ်ကတော့ အရမ်းကျွမ်းကျင်အဆင့်ကို ရောက်နေသလိုပဲ”
“သူက စုန်းဖြူမျိုးလေ၊ သူမကျွမ်းကျင်ဘူး ဆိုမှ ဆန်းကျယ်မှာပေါ့”
ပင့်ခ် မျက်စောင်း ထိုးလိုက်ပြီးမှ လှေကားမှ ဆင်းလာခဲ့တော့ ဇော့ခ်က နောက်မှ လိုက်ပါလာသည်။ ပြန်တက်လာသော မေဗယ်လ်က အခါတိုင်းလိုပင် မပူတာလား၊ သူမ မျက်နှာအတိုင်း ခန္ဓာကိုယ်ကပါ ခံစားချက်မဲ့သွားတာလား မသိနိုင်စွာ ဟော်ဒီအနက်ကို ဝတ်ထားမြဲ၊
“မနက်ဖြန် လနက်ည မင်းတို့ အပြင်မထွက်တာ ကောင်းမယ်”
ဘေးနားကနေ ဖြတ်သွားတော့ ထိုစကားကို ပြောသွားသည်။ ဇော့်ခ်က ခေါင်းညိတ်လိုက်သော်လည်း ပင့်ခ်ကတော့ မသိတာကြောင့် ခေါင်းမညိတ်လိုက်ပေ။
“လနက်ည ဆိုတာ ဘာလဲ မင်းသိလား”
ပင့်ခ်က မေးကြည့်တော့ ဇော့ခ်က၊
“အကောင်းဆုံးက အပြင်မထွက်တာပဲ၊ ဒီနေရာကြီးက အမှောင့်တွေနဲ့ ပြည့်နှက်နေသလိုပဲ”
“ငါတို့ကလည်း စုန်းဖြူမျိုး မဟုတ်ရင်တောင် စုန်းမျိုးတွေပဲလေ”
“အင်း မင်းကိုယ်မင်း စုန်းမျိုးကို သိနေသေးတာကို ငါ အတော်လေး ဝမ်းသာပါတယ် ပင့်ခ်”
“မင်း!!”
“စာသင်ခန်းကို ဆင်းတော့မလို့လား၊ စောသေးတယ် မဟုတ်လား”
လှေကားမှ ဆင်းလာရင်း တတိယထပ်ကို ရောက်တော့ ဂေါ်ရမ်က အခန်းတံခါးဝမှ ပျင်းတွဲတွဲဖြင့် နှုတ်ဆက်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကို လှစ်ဟ ပြထားသော ထိုအမျိုးသားကြောင့် ပင့်ခ် မျက်နှာကို ရှုံ့တွန့်ပစ်လိုက်သည်။
“မင်း ကိုယ်မင်း အရမ်းလှနေတယ်တော့ မထင်ဘူး မဟုတ်လား၊ မင်းရဲ့ကြွက်သားတွေကို ငါ မြင်ရတာ ငါ့အသားစားချင်စိတ်ကို ဖျက်စီးလိုက်သလိုပဲ”
ဂေါ်ရမ်ကို ဆိုလိုက်တော့ ဂေါ်ရမ်က ပင့်ခ်စကားကို မနာတဲ့အပြင် တဟားဟားဖြင့် ရယ်လေသည်။ ပြီးမှ သူ့ရင်ဘတ်အား အနားတစ်ဝိုက်ကို လက်ဖြင့် ဝိုက်ပြရင်းမှ၊
“မင်းက ငါ့ခန္ဓာကိုယ်မှာ ပိုထွက်နေတာ တစ်ခုခု ရှိနေစေချင်တာလား၊ ဖြစ်မှမဖြစ်နိုင်တာ မင်းလိုမျိုး”
“သောက်ကျိုးနဲ လင်းတကောင် မင်း အတွေးတွေက ဆန်းကျယ်နေတာပဲ ဝေါ့”
ပင့်ခ် ဝေါ့ခနဲ နှုတ်ခမ်းဖြင့် လုပ်ပြပြီးမှ လှေကားမှ အောက်ဆုံးထိ ဆင်းလာခဲ့လိုက်သည်။ စာသင်ခန်းမ ဘေးမှ လမ်းကလေးသို့ ချိုးဝင်လိုက်တော့ မနက်ခင်း စားဖွယ်တွေ ပြင်ဆင်သော မီးဖိုဆောင်သို့ ရောက်လာလေသည်။ လွန်ခဲ့သော တစ်လခန့်လုံးလုံး ပင့်ခ်က မနက်ခင်း ထပျင်းတာကြောင့် မနက်ခင်းစားဖွယ် စားသည့် အချိန်တိုင်း နီးပါးက အိပ်ရာပေါ်တွင်သာ ကုန်ဆုံးခဲ့လေသည်။
ဒီနေ့မှ စောစောနိုးနေခြင်းကြောင့် ဆင်းလာခြင်း ဖြစ်သည်တွင် ပင့်ခ် အထဲသို့ လှမ်းဝင်လိုက်တော့ ပြင်ဆင်ပေးနေသည့် ရဲတိုက်ဝန်ထမ်းငယ်များက ပင့်ခ်အား အထူးအဆန်းတဖွယ်ပင် ကြည့်လာခဲ့ကြလေသည်။
ပင့်ခ် လိမ္မော်ဖျော်ရည် တစ်ခွက် ယူလိုက်ပြီးမှ ပေါင်မုန့်တစ်လုံးကို ယူကာ စားရန်နေရာတွင် ဝင်ထိုင်လိုက်သည်။ ဇောခ့်က ဘာမှန်းမသိသော အရည်တစ်ခွက်နှင့် မုန့်အနှစ်တွေ စိမ်ထားသည့် မုန့်ကို ယူလာကာ ပင့်ခ်အနားတွင် ဝင်ထိုင်လေသည်။ ဇော့ခ်အနောက်မှာက ဂေါ်ရမ်က သွေးရည်တစ်ခွက်နှင့် ရောက်လာကာ ဇော့ခ်ကို နှစ်လိုစွာ ပြုံးပြရင်း ပုခုံးတွန့်မိသည်။
မတတ်နိုင်ဘူး၊ သူ့မှာ ရွေးချယ်စရာ မရှိဘူးဟု ပြောလိုဟန်အပြည့်နှင့်၊ ဖြစ်သည်။ ဇော့ခ်က မျက်မှောင်ကုတ်လိုက်ပြီးမှ၊
“အဲ့ဒါကြီးက အနံ့အသက် မကောင်းဘူး၊ ငါနဲ့ ဝေးဝေးမှာ နေစမ်းပါ”
“ဒါက ဇယ်ရာတွေနဲ့ ဒီမွန်းတွေ အတွက် သီးသန့် အားဖြည့်အစားအစာပဲကို ငါ တခြားအစားအစာ စားရင် အားမပြည့်နိုင်တာကို မင်းသိနေတာပဲ”
“ဟုတ်သားပဲ၊ ဇယ်ရာတွေနဲ့ ဒီမွန်းက သွေးရည်ကို စားတယ်၊ မင်းကျတော့ကော ဇော့ခ်”
ပင့်ခ်က မေးလိုက်တာကို ဇော့ခ်က အနည်းငယ် အဖြေခက်ဟန်ဖြင့်၊
“ငါ့အိမ်မှာ သွေးရည်မသောက်ဘူး၊ ငယ်ငယ်တည်းက ဘာကြောင့် ဆိုတာလည်း ငါမသိဘူး၊ ငါက အားလည်း မနည်းသွားဘူး”
“အိုး၊ ဒါပေမယ့် ငါက ပုံမှန်မသောက်ရင် အားနည်းသွားမှာလေ၊ သိတယ် မဟုတ်လား”
“မင်းကို မသောက်ရဘူးလို့ ငါက မတားပါဘူး၊ ဒါပေမယ့် ငါနဲ့ဝေးဝေးမှာ နေလို့ပဲ ပြောတာ”
“အဲ့ဒါကလည်း ပြသနာ တစ်ခုပဲ၊ ငါ အကျင့်ပါနေပြီ”
@@@@@@@@
ဆက်ရန်--
Zawgyi
Part-11.3
ပင့္ခ္ကပင္ အရင္ဦးစြာ သူမအေရွ႕သို႔ သြားလုိက္သည္။ ျပီးမွ၊
“ငါမ်က္ႏွာက ဘယ္ေနရာမွာမ်ား ေျပာင္ေခ်ာ္ေခ်ာ္ ျဖစ္ေနတာလဲ”
ေမဗယ္လ္က ပင့္ခ္ေျပာလုိက္တာကို ခဏမွ် ေတြးလုိက္ျပီးေနာက္၊
“မင္းက တံုးလည္း တံုးတယ္”
ဘာလဲ၊ ေနာက္ထပ္ တံုးလည္း တံုးတယ္လို႔ ေျပာသြားတာ မဟုတ္လား၊ ငါ့ကိုေလ ဘာလို႔ ေနာက္ထပ္ မေကာင္းတဲ့ ေဝဖန္ခ်က္ၾကီးလဲ၊
ေမဗယ္လ္က ပင့္လ္ကို ေရွာင္ထြက္သြားျပီးမွ ေလွကားမွ ဆင္းသြားေတာ့သည္။ ပင့္ခ္ ပူတျပင္း ေျပးလုိက္သြားဖုိ႔ ျပင္လုိက္ေသာ္လည္း ပုခံုးေပၚသို႔ ေရာက္လာေသာ လက္တစ္ဖက္ေၾကာင့္ အေနာက္သို႔ ဆတ္ခနဲ လွည့္ၾကည့္လုိက္မိသည္။
“သူမင္းကို ေဝဖန္သြားတယ္၊ မင္းကုိေတာ့ သူက ခင္သားပဲ”
ဖြီး၊ ကိုယ့္ဘဝႏွင့္ကိုယ္ ရယ္ေတာင္ မရယ္ရက္ေတာ့ေပ။
“သူ ေျပာသြားတာ အေကာင္းခ်ညး္ပဲ ဆုိေတာ့ေလ”
ပင့္ခ္က ေငါ့ေျပာလုိက္ေတာ့ ေဇာ့ခ္က မခ်ိျပံဳးေလး ျပံဳးျပလာရင္းက၊
“သူ႔အေဖကိုေတာင္မွ သူက စိတ္မပါရင္ လံုးလံုးကို စကားမဟတာ တစ္ႏွစ္ေနလို႔ စကားတစ္ခြန္းမေျပာပဲ ေနတယ္ ေမဗယ္လ္က”
“ဘာလို႔လဲ”
“အန္ကယ္ဇိုးဒန္လည္း ဘာထူးလို႔လဲ၊ သူလည္း ေမဗယ့္လ္ကို စကားေျပာခ်င္မွ ေျပာတာကို သားအဖေတြ ထမင္း တစ္ဝိုင္းတည္း စားလို႔မွ အသက္ရွိတယ္လို႔ မခံစားရတဲ့ အိမ္မ်ိဳး သူတို႔က”
“ေအာ္၊ ဒါနဲ႔ သူမအေမကေရာ္”
“အန္တီခီယာ အင္း၊ သူမက ဆံုးသြားတာ ေမဗယ္လ္ေလးႏွစ္သမီး လား ငါးႏွစ္သမီး ထင္တယ္ အဲ့ကတည္းကပဲ”
“အိုး ေမဗယ္လ္က အေမမရွိပဲ ၾကီးလာတာေပါ့၊ သူ အဲ့ဒါေၾကာင့္ မာေရေၾကာေရ ျဖစ္ေနတာနဲ႔တူတယ္”
“ေမြးကတည္းက လက္သီးဆုပ္ျပီးေတာ့ ေမြးလာတာ၊ ေမဗယ္လ္တို႔က”
“မသိရင္ မင္းျမင္ဖူးတာက်လုိ႔”
“ေမေမက ေျပာျပတယ္ေလ၊ ေမဗယ္လ့္ကို ေမြးေတာ့ ေမေမက အန္တီခီယာအနားမွာ ရွိတယ္တဲ့”
ပင့္ခ္က တမင္စကားေထာက္သည္ကို ေဇာ့ခ္ကလည္း အေလ်ာ့မေပး ျပန္ေျဖသည္။
“ေမဗယ္လ္ မေန႔က ေျပာသြားတာက ရုပ္ထိန္းအပင္းကို မလုပ္ႏုိင္ရင္ လုပ္ေစခ်င္တာ၊ အဲ့ဒါၾကီးက အႏၱာရာယ္မ်ားတယ္”
“ေမဗယ္လ္ကေတာ့ အရမ္းကၽြမ္းက်င္အဆင့္ကို ေရာက္ေနသလုိပဲ”
“သူက စုန္းျဖဴမ်ိဳးေလ၊ သူမကၽြမ္းက်င္ဘူး ဆိုမွ ဆန္းက်ယ္မွာေပါ့”
ပင့္ခ္ မ်က္ေစာင္း ထုိးလုိက္ျပီးမွ ေလွကားမွ ဆင္းလာခဲ့ေတာ့ ေဇာ့ခ္က ေနာက္မွ လိုက္ပါလာသည္။ ျပန္တက္လာေသာ ေမဗယ္လ္က အခါတိုင္းလိုပင္ မပူတာလား၊ သူမ မ်က္ႏွာအတိုင္း ခႏၶာကိုယ္ကပါ ခံစားခ်က္မဲ့သြားတာလား မသိႏုိင္စြာ ေဟာ္ဒီအနက္ကို ဝတ္ထားျမဲ၊
“မနက္ျဖန္ လနက္ည မင္းတို႔ အျပင္မထြက္တာ ေကာင္းမယ္”
ေဘးနားကေန ျဖတ္သြားေတာ့ ထိုစကားကို ေျပာသြားသည္။ ေဇာ့္ခ္က ေခါင္းညိတ္လုိက္ေသာ္လည္း ပင့္ခ္ကေတာ့ မသိတာေၾကာင့္ ေခါင္းမညိတ္လိုက္ေပ။
“လနက္ည ဆုိတာ ဘာလဲ မင္းသိလား”
ပင့္ခ္က ေမးၾကည့္ေတာ့ ေဇာ့ခ္က၊
“အေကာင္းဆံုးက အျပင္မထြက္တာပဲ၊ ဒီေနရာၾကီးက အေမွာင့္ေတြနဲ႔ ျပည့္ႏွက္ေနသလိုပဲ”
“ငါတို႔ကလည္း စုန္းျဖဴမ်ိဳး မဟုတ္ရင္ေတာင္ စုန္းမ်ိဳးေတြပဲေလ”
“အင္း မင္းကိုယ္မင္း စုန္းမ်ိဳးကို သိေနေသးတာကို ငါ အေတာ္ေလး ဝမ္းသာပါတယ္ ပင့္ခ္”
“မင္း!!”
“စာသင္ခန္းကို ဆင္းေတာ့မလို႔လား၊ ေစာေသးတယ္ မဟုတ္လား”
ေလွကားမွ ဆင္းလာရင္း တတိယထပ္ကို ေရာက္ေတာ့ ေဂၚရမ္က အခန္းတံခါးဝမွ ပ်င္းတြဲတြဲျဖင့္ ႏႈတ္ဆက္သည္။ ခႏၶာကိုယ္အေပၚပိုင္း တစ္ခုလံုးကို လွစ္ဟ ျပထားေသာ ထိုအမ်ိဳးသားေၾကာင့္ ပင့္ခ္ မ်က္ႏွာကို ရံႈ႕တြန္႔ပစ္လိုက္သည္။
“မင္း ကိုယ္မင္း အရမ္းလွေနတယ္ေတာ့ မထင္ဘူး မဟုတ္လား၊ မင္းရဲ႕ၾကြက္သားေတြကို ငါ ျမင္ရတာ ငါ့အသားစားခ်င္စိတ္ကို ဖ်က္စီးလုိက္သလိုပဲ”
ေဂၚရမ္ကို ဆုိလုိက္ေတာ့ ေဂၚရမ္က ပင့္ခ္စကားကို မနာတဲ့အျပင္ တဟားဟားျဖင့္ ရယ္ေလသည္။ ျပီးမွ သူ႔ရင္ဘတ္အား အနားတစ္ဝိုက္ကို လက္ျဖင့္ ဝုိက္ျပရင္းမွ၊
“မင္းက ငါ့ခႏၶာကိုယ္မွာ ပိုထြက္ေနတာ တစ္ခုခု ရွိေနေစခ်င္တာလား၊ ျဖစ္မွမျဖစ္ႏုိင္တာ မင္းလုိမ်ိဳး”
“ေသာက္က်ိဳးနဲ လင္းတေကာင္ မင္း အေတြးေတြက ဆန္းက်ယ္ေနတာပဲ ေဝါ့”
ပင့္ခ္ ေဝါ့ခနဲ ႏႈတ္ခမ္းျဖင့္ လုပ္ျပျပီးမွ ေလွကားမွ ေအာက္ဆံုးထိ ဆင္းလာခဲ့လုိက္သည္။ စာသင္ခန္းမ ေဘးမွ လမ္းကေလးသို႔ ခ်ိဳးဝင္လုိက္ေတာ့ မနက္ခင္း စားဖြယ္ေတြ ျပင္ဆင္ေသာ မီးဖိုေဆာင္သို႔ ေရာက္လာေလသည္။ လြန္ခဲ့ေသာ တစ္လခန္႔လံုးလံုး ပင့္ခ္က မနက္ခင္း ထပ်င္းတာေၾကာင့္ မနက္ခင္းစားဖြယ္ စားသည့္ အခ်ိန္တိုင္း နီးပါးက အိပ္ရာေပၚတြင္သာ ကုန္ဆံုးခဲ့ေလသည္။
ဒီေန႔မွ ေစာေစာႏိုးေနျခင္းေၾကာင့္ ဆင္းလာျခင္း ျဖစ္သည္တြင္ ပင့္ခ္ အထဲသို႔ လွမ္းဝင္လုိက္ေတာ့ ျပင္ဆင္ေပးေနသည့္ ရဲတုိက္ဝန္ထမ္းငယ္မ်ားက ပင့္ခ္အား အထူးအဆန္းတဖြယ္ပင္ ၾကည့္လာခဲ့ၾကေလသည္။
ပင့္ခ္ လိေမၼာ္ေဖ်ာ္ရည္ တစ္ခြက္ ယူလုိက္ျပီးမွ ေပါင္မုန္႔တစ္လံုးကို ယူကာ စားရန္ေနရာတြင္ ဝင္ထုိင္လုိက္သည္။ ေဇာခ့္က ဘာမွန္းမသိေသာ အရည္တစ္ခြက္ႏွင့္ မုန္႔အႏွစ္ေတြ စိမ္ထားသည့္ မုန္႔ကို ယူလာကာ ပင့္ခ္အနားတြင္ ဝင္ထိုင္ေလသည္။ ေဇာ့ခ္အေနာက္မွာက ေဂၚရမ္က ေသြးရည္တစ္ခြက္ႏွင့္ ေရာက္လာကာ ေဇာ့ခ္ကို ႏွစ္လိုစြာ ျပံဳးျပရင္း ပုခံုးတြန္႔မိသည္။
မတတ္ႏိုင္ဘူး၊ သူ႔မွာ ေရြးခ်ယ္စရာ မရွိဘူးဟု ေျပာလုိဟန္အျပည့္ႏွင့္၊ ျဖစ္သည္။ ေဇာ့ခ္က မ်က္ေမွာင္ကုတ္လုိက္ျပီးမွ၊
“အဲ့ဒါၾကီးက အနံ႔အသက္ မေကာင္းဘူး၊ ငါနဲ႔ ေဝးေဝးမွာ ေနစမ္းပါ”
“ဒါက ဇယ္ရာေတြနဲ႔ ဒီမြန္းေတြ အတြက္ သီးသန္႔ အားျဖည့္အစားအစာပဲကို ငါ တျခားအစားအစာ စားရင္ အားမျပည့္ႏိုင္တာကို မင္းသိေနတာပဲ”
“ဟုတ္သားပဲ၊ ဇယ္ရာေတြနဲ႔ ဒီမြန္းက ေသြးရည္ကို စားတယ္၊ မင္းက်ေတာ့ေကာ ေဇာ့ခ္”
ပင့္ခ္က ေမးလုိက္တာကို ေဇာ့ခ္က အနည္းငယ္ အေျဖခက္ဟန္ျဖင့္၊
“ငါ့အိမ္မွာ ေသြးရည္မေသာက္ဘူး၊ ငယ္ငယ္တည္းက ဘာေၾကာင့္ ဆိုတာလည္း ငါမသိဘူး၊ ငါက အားလည္း မနည္းသြားဘူး”
“အိုး၊ ဒါေပမယ့္ ငါက ပံုမွန္မေသာက္ရင္ အားနည္းသြားမွာေလ၊ သိတယ္ မဟုတ္လား”
“မင္းကို မေသာက္ရဘူးလို႔ ငါက မတားပါဘူး၊ ဒါေပမယ့္ ငါနဲ႔ေဝးေဝးမွာ ေနလို႔ပဲ ေျပာတာ”
“အဲ့ဒါကလည္း ျပသနာ တစ္ခုပဲ၊ ငါ အက်င့္ပါေနျပီ”
@@@@@@@@
ဆက္ရန္--