Uni
Part-11.2
“ခုန်!”
ထိုအိတုန်တုန် အရာက အိုးအတွင်းမှ သူ့ဖာသာ ခုန်ဆင်းလာလေ၏။ သို့သော် စားပွဲပေါ်တွင် ရှိသော ရုပ်ထိန်းအပင်းက အသစ်ဖြစ်တည်စ ပြုနေသော ရုပ်ထိန်းအပင်းအား ငြိမ်သက်စွာ လေ့လာနေသည်ကို တွေ့ရလေသည်။
ထို့နောက်တွင်မူ မေဗယ်လ်က စကားတစ်ခွန်းကို ဆိုလာတော့သည်။
“ဒါက အမှောင့်မသွင်းရသေးတဲ့ ရုပ်ထိန်းအပင်းသက်သက်ပဲ၊ အမှောင့်ပယောဂ သွင်းလိုက်တာနဲ့ သူ့ဖာသာ လှုပ်ရှားနိုင်လာမယ်၊ ပြီးတော့ အင်း.. ရုပ်ကလာပ်တွေကို ထိန်းချုပ်လို့ ရသွားမယ်၊ အသက်ရှိအသက်မဲ့ အားလုံးသော ရုပ်ကလာပ်တွေကို ထိန်းလို့ ရသွားနိုင်တယ်”
ဆရာမဟေဒီကို တစ်ချက်ကြည့်လိုက်ပြီးမှ မေဗယ်လ်က ဆက်၍ ပြောလာသည်။
“ရုပ်ထိန်းအပင်းက အမှောင့်သွင်းတဲ့အချိန်မှာ အဲ့ဒီအမှောင့်က ကိုယ့်အမိန့်ကို မနာခံတဲ့ပုံစံ တုန့်ဆိုင်းတဲ့ ပုံစံ ပြလာခဲ့မယ် ဆိုရင် အဲ့ဒါကို ဆက်မလုပ်တာ ပိုကောင်းတယ်၊ များသောအားဖြင့် စမ်းသပ်ကြတဲ့ သူတွေက ဒီတစ်ခုလေး ဖြစ်အောင် ငါမနည်း လုပ်ထားကြတာ ဆိုတဲ့ စိတ်နဲ့ အဲ့ဒါကို ဆက်လုပ်ချင်ကြတယ်၊ အဖြေက နော့ခ်လိုမျိုး အမှားတွေကို ဖြစ်ပေါ်စေတာပါပဲ”
စကားမပြောဘူး၊ မပြောဘူးနှင့် ပြောမယ့်ပြောတော့လည်း ဘာသာရပ်တစ်ခုလုံးစာကို တစ်ယောက်တည်းက ရှင်းလင်းသွားခြင်းမျိုးမို့ အားလုံးက မေဗယ်လ့်အား ပါးစပ်အဟောင်းသား ငေးကြည့်နေကြတော့သည်။ မေဗယ်လ်က ဆရာမဟေဒီအား နောက်တစ်ခါ ပြန်ကြည့်ပြန်လေသည်။
“တကယ်က ရုပ်ထိန်းဖြေတဲ့ဆေးပင်က ဆေးလုံးနဲ့ဆေးရည် ကွာခြားချက် မရှိပါဘူး ဆရာမ၊ တကယ်တမ်း ကွာခြားချက် ရှိတာက အရွက်နဲ့အမြစ်မှာပါ၊ အရွက်ရဲ့အာနိသင်က အရိုင်းစိတ်ကို ဖြစ်ပေါ်စေပြီးတော့ ထိန်းချုပ်မရနိုင်ဘူး၊ ပိုပြီးတော့ ဖျက်စီးလိုတဲ့ စိတ်ရော စွမ်းအားပါ ကြီးမားလာမယ်၊ မှားယွင်းတဲ့ ရုပ်ထိန်းအပင်းနဲ့ မှားယွင်းတဲ့ ဖြေဆေး ပေါင်းလိုက်တော့ နော့ခ်က မှော်ဝင်သည်တွေ နေတဲ့ ရွာတစ်ရွာစာကို ဖျက်စီးလိုက်တယ်”
“အိုကေ မေဗယ်လ် အခုလို သိထားသမျှကို ပြန်ပြီးတော့ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်၊ ဒီသင်ခန်းစာကို သင်ကြားပေးဖို့ ငါတို့ ဇိုးဒန်မြို့က လူတွေကို အကူအညီတောင်းထားသေးတယ်၊ ဒါပေမယ့် အငြင်းခံခဲ့ရတော့ ငါက ဒီတာဝန်ကို ယူလိုက်ရတယ်၊ အကယ်လို့ မေဗယ်လ်သာ ဒါကို မရှင်းပြဘူး ဆိုရင် ငါ့အထင် ငါက လိုအပ်ချက်တွေ ရှိနေလိမ့်မယ်”
ဆရာမ ဟေဒီက မေဗယ်လ့်ကို သိသာစွာပင် ချီးကျူးပြီးနောက် ပြောကြားပေးတာကို ကျေးဇူးတင်ကြောင်း ဆိုသည်။ မေဗယ်လ်က ခပ်အေးအေးနှင့်ပင် ရုပ်ထိန်းအပင်းအသစ်တစ်ခုကိုရော အဟောင်းတစ်ခုကိုပါ ကောက်ယူလိုက်ပြီးနောက် အိတ်အတွင်းသို့ ကောက်ထည့်လိုက်ကာ နေရာတွင် ပြန်လာထိုင်သည်။
မထိုင်ခင်အတွင်း၌၊
“အမှောင့်သွင်းတာကို မပိုင်နိုင်ရင် ရုပ်ထိန်းအပင်းကို မပြုလုပ်ကြဖို့ အကြံပေးချင်ပါတယ်၊ ရုပ်ထိန်းအပင်းရဲ့ မန္တာန်မှာ တန်ပြန်စေတဲ့ အဓိပ္ပါယ်ပါဝင်နေတော့ အကယ်လို့သာ မင်းတို့ မှားယွင်းမှု တစ်ခုခု ဖြစ်ခဲ့မယ် ဆိုရင် မင်းတို့ကို ဒီရုပ်ထိန်းအပင်းက သူ့ဖာသာသူ ပြန်ပြီးတော့ ထိန်းချုပ်သွားလိမ့်မယ်”
“အို တကယ်ကြီးလား၊ ဒါကြီးက ကြောက်စရာကြီး”
“လူတိုင်း လုပ်လို့ လွယ်နေရင် ဒါက စုန်းဖြူမျိုးတွေရဲ့ လျို့ဝှက်ချက် ဟုတ်ပါအုံးမလား”
ထိုစကားကို ဂေါ်ရမ်က ထပြောလိုက်ခြင်း ဖြစ်ကာ ပုခုံးပင် တွန့်လိုက်သေး၏။ မေဗယ်လ်က ဂေါ်ရမ်အား တစ်ချက်သာ ကြည့်လိုက်ပြီးမှ မကြားလိုက်သလိုပင်၊
“မေဗယ်လ်က လုံးဝကို ဆရာမကြီးပဲ”
ပင့်ခ်နှင့် အနီးဆုံးတွင် ရှိသော ဇက်က ခပ်တိုးတိုး ငုံ့ကိုင်းကာ ဆိုလာ၏။ ပြီးနောက် မေးခွန်းတစ်ခုကို ထပ်မေးလာသည်။
“သူမက ဘာလို့ ဒီလိုမျိုး စကားတွေ အများကြီးနဲ့ ထရှင်းပြတာလို့ မင်းထင်လဲ ပင့်ခ် ဒါက သွေးရိုးသားရိုး မဟုတ်လောက်ဘူး”
ပင့်ခ် နှုတ်ခမ်းတွေ ကွေးလိမ်သွားသည်။ ဇက်ဆိုတဲ့ကောင်က မေဗယ့်လ်အကြောင်း ဘာလို့ ငါ့ကို လာမေးနေရတာလဲ၊ သူရော ငါရော ဒီခန်းမထဲမှာပဲ ထိုင်နေတာ မဟုတ်ဘူးလား။ မေဗယ်လ်ရဲ့ ဆိုလိုရင်း ငါလည်း မသိဘူးလေ။
“အင်း သွေးရိုးသားရိုး မဟုတ်ဘူး ငါ သူမကို ပြုစားလိုက်တာ”
“အဟွတ် အဟွတ်”
ဇက်က တမင်ကို လုပ်ချောင်းကြီး ဆိုးပြပြီးနောက်၊ ပင့်ခ်အား အထင်သေးသော မူဟန်ဖြင့် ဆိုလာသည်။
“မင်းသာ မေဗယ့်လ်ကို ပြုစားနိုင်ရင် ကမ္ဘာမှာ ရှိတဲ့သူတွေ အားလုံး မေဗယ့်လ်ကို ပြုစားနိုင်လိမ့်မယ်”
“အဲ့ဒါနဲ့များ မေဗယ့်လ်အကြောင်းကို ငါ့ကို ဘာလို့ လာမေးနေတာလဲ”
“ခုနက ဆရာကန်ဆယ်ပေးသွားတဲ့ ဆုကို သူမက မင်းကို ပေးလိုက်တယ် မဟုတ်လား”
“အင်း သူမ ပြောသွားတာက သူမက အဲ့လို အရေးမပါတာတွေ မလိုဘူးတဲ့”
“ယုံချင်စရာပဲ”
မယုံလည်း မတတ်နိုင်ဘူး ဆိုသည့် အတွေးနှင့်အတူ ပင့်ခ် ပုခုံးများကိုသာ တွန့်ပြလိုက်တော့သည်။
“ဒီနေ့အတွက် သင်ခန်းစာကတော့ ဒီလောက်ပါပဲ၊ ဒီလရဲ့ နောက်ဆုံးအပတ်မှာ မင်းတို့ရဲ့ ရမှတ်တွေအတွက် နောက်ထပ် ပြိုင်ပွဲတစ်ခု ရှိလို့ မင်းတို့ ဒီရက်တွေမှာ မင်းတို့ သေချာအာရုံစိုက်ကြဖို့ မျှော်လင့်ပါတယ်၊ မေဗယ်လ် မင်းက ချီးကျူးဖို့ ထိုက်တန်ပါတယ်”
ဆရာမဟေဒီက ထိုမျှသာ ပြောလိုက်ပြီး ထွက်သွားတော့ မေဗယ်လ်က ထိုင်နေရာမှ ထရပ်လိုက်ကာ လှေကားမှ တက်သွားရန် ပြန်လေသည်။ ပင့်ခ် ခပ်မြန်မြန်လေး ပြေးသွားပြီးမှ၊
“မေဗယ်လ် မင်းငါ့ကို ရုပ်ထိန်းအပင်း ပြုလုပ်တာ သင်ပေးပါလား”
မေဗယ်လ်က အပေါ်သို့ တစ်လှမ်းတက်နေရင်းက ပင့်ခ်ကို ငုံ့ကြည့်လာပြီးမှ၊
“အမှောင့်ပယောဂတွေက မင်းကို နာခံမှာ မဟုတ်ဘူး၊ မင်းက..”
မေဗယ်လ်က ပြောရန်စကားကို ခဏတာမျှ နားလိုက်သေးသည်။ မေဗယ်လ်အား ကျော်ဖြတ်၍ ဇော့ခ်က အပေါ်သို့ တက်သွားလေသည်။ ဇောခ့်အနောက်တွင် ဂေါ်ရမ်က ပြေးလိုက်သွား၏။ ပြီးနောက် တခြားသော သူများက တက်သွားကြသည်။ လူးရာက မေဗယ်လ်အား တွန်းတိုက်လုမတတ် မျက်လုံးချင်းပင် ဆုံဆည်းသွားကြသေးသည်။ ပင့်ခ် ထိုမျှထိ စောင့်ဆိုင်းနေမိရင်းကမှ၊
“ငါက ဘာဖြစ်တာလဲ ပြောလေ”
“ပြောင်ချော်ချာ်နဲ့”
ဘာ ပြောင်ချော်ချော်နဲ့၊ ဟုတ်လား၊ ငါ့ကို ပြောတာက၊
ပင့်ခ် စိတ်ဆိုး ဒေါသထွက်ဖို့ သတိရလိုက်သည်နှင့် မော့ကြည့်လိုက်တော့ မေဗယ်လ်က မရှိတော့ပေ။ သူမ၏ အမှောင်စည်းအတွင်းသို့ ဝင်သွားပြီ ဖြစ်လေသည်။ လူးရာက ပင့်ခ်နှင့် မေဗယ်လ်ရှိသော အထပ်သို့ တက်လာသော်လည်း ဟိုတစ်ခါ ဒီမန်းနှင့်လူးရာ အမှောင်စည်းအတွင်း ပိတ်မိသွားတာကို သုံးရက်အကြာမှာ ဆရာကန်ဆယ်ကသိပြီး ပြန်လွှတ်ပေးခဲ့ရသဖြင့် လူးရာက အမှောင်စည်းအတွင်း ဝင်ရန်တော့ မကြိုးစားတော့ပေ။
ပြောင်ချော်ချာ်နဲ့၊ ဆိုသော ဝေဖန်ချက်ကို ရပြီးနောက်တွင်တော့ ပင့်ခ် ထိုညက တစ်ညလုံး မှန်ကြည့်ခြင်းဖြင့်သာ အချိန်တွေကို အသုံးချလိုက်မိတော့သည်။ မစ်ကီပင်လျှင် ပင့်ခ် ကြည့်နေသော မှန်က ဘာများထူးဆန်းနေလို့လဲဟူသည့် အတွေးဖြင့် အနားကပ်ကာ လာကြည့်သေး၏။
မျက်ခုံးမျှင်မျှင်၊ မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းသေးသေး၊ နှာတံလုံးလုံး၊ ပါးမို့မို့ မေးစေ့ချွန်ချွန်နှင့် အနှီထိုမိန်းကလေး၏ ရုပ်သွင်က မှန်တွင်တော့ အတော်အတန် ကြည့်ကောင်းနေသေးသည်ဟု ပင့်ခ်ကတော့ ကိုယ့်မျက်နှာနှင့်ကိုယ် မှတ်ချက်ပြုမိလေသည်။ ဘယ်နေရာကများ ပြောင်ချော်ချော် ဖြစ်သွားတာလဲဟု အထပ်ထပ်တွေးရင်း မနက်လင်းသွားတော့ စာသင်ချိန် မစမှီတွင်ပင် ခါတိုင်းလို အပျင်းခိုကာ အိပ်ရာတွင် စည်းစိမ် မရစ်နိုင်ပါပဲနှင့် အခန်းအပြင်သို့ ပြေးထွက်လာမိရတော့သည်။
ထင်သည့်အတိုင်း မနက်ခင်း နှင်းဝေချိန်တိုင်းမှာ ထလေ့ရှိနိုင်မည့် စုန်းဖြူအမျိုးသမီးငယ်က ပင့်ခ်နှင့် လှေကားလျှောက်လမ်းတွင် ဆုံဆည်းလေသည်။
Zawgyi
Part-11.2
“ခုန္!”
ထိုအိတုန္တုန္ အရာက အိုးအတြင္းမွ သူ႔ဖာသာ ခုန္ဆင္းလာေလ၏။ သို႔ေသာ္ စားပြဲေပၚတြင္ ရွိေသာ ရုပ္ထိန္းအပင္းက အသစ္ျဖစ္တည္စ ျပဳေနေသာ ရုပ္ထိန္းအပင္းအား ျငိမ္သက္စြာ ေလ့လာေနသည္ကို ေတြ႔ရေလသည္။
ထို႔ေနာက္တြင္မူ ေမဗယ္လ္က စကားတစ္ခြန္းကို ဆိုလာေတာ့သည္။
“ဒါက အေမွာင့္မသြင္းရေသးတဲ့ ရုပ္ထိန္းအပင္းသက္သက္ပဲ၊ အေမွာင့္ပေယာဂ သြင္းလုိက္တာနဲ႔ သူ႔ဖာသာ လႈပ္ရွားႏုိင္လာမယ္၊ ျပီးေတာ့ အင္း.. ရုပ္ကလာပ္ေတြကို ထိန္းခ်ဳပ္လို႔ ရသြားမယ္၊ အသက္ရွိအသက္မဲ့ အားလံုးေသာ ရုပ္ကလာပ္ေတြကို ထိန္းလို႔ ရသြားႏိုင္တယ္”
ဆရာမေဟဒီကို တစ္ခ်က္ၾကည့္လိုက္ျပီးမွ ေမဗယ္လ္က ဆက္၍ ေျပာလာသည္။
“ရုပ္ထိန္းအပင္းက အေမွာင့္သြင္းတဲ့အခ်ိန္မွာ အဲ့ဒီအေမွာင့္က ကိုယ့္အမိန္႔ကို မနာခံတဲ့ပံုစံ တုန္႔ဆုိင္းတဲ့ ပံုစံ ျပလာခဲ့မယ္ ဆိုရင္ အဲ့ဒါကို ဆက္မလုပ္တာ ပိုေကာင္းတယ္၊ မ်ားေသာအားျဖင့္ စမ္းသပ္ၾကတဲ့ သူေတြက ဒီတစ္ခုေလး ျဖစ္ေအာင္ ငါမနည္း လုပ္ထားၾကတာ ဆိုတဲ့ စိတ္နဲ႔ အဲ့ဒါကို ဆက္လုပ္ခ်င္ၾကတယ္၊ အေျဖက ေနာ့ခ္လိုမ်ိဳး အမွားေတြကို ျဖစ္ေပၚေစတာပါပဲ”
စကားမေျပာဘူး၊ မေျပာဘူးႏွင့္ ေျပာမယ့္ေျပာေတာ့လည္း ဘာသာရပ္တစ္ခုလံုးစာကို တစ္ေယာက္တည္းက ရွင္းလင္းသြားျခင္းမ်ိဳးမို႔ အားလံုးက ေမဗယ္လ့္အား ပါးစပ္အေဟာင္းသား ေငးၾကည့္ေနၾကေတာ့သည္။ ေမဗယ္လ္က ဆရာမေဟဒီအား ေနာက္တစ္ခါ ျပန္ၾကည့္ျပန္ေလသည္။
“တကယ္က ရုပ္ထိန္းေျဖတဲ့ေဆးပင္က ေဆးလံုးနဲ႔ေဆးရည္ ကြာျခားခ်က္ မရွိပါဘူး ဆရာမ၊ တကယ္တမ္း ကြာျခားခ်က္ ရွိတာက အရြက္နဲ႔အျမစ္မွာပါ၊ အရြက္ရဲ႕အာနိသင္က အရုိင္းစိတ္ကို ျဖစ္ေပၚေစျပီးေတာ့ ထိန္းခ်ဳပ္မရႏုိင္ဘူး၊ ပိုျပီးေတာ့ ဖ်က္စီးလိုတဲ့ စိတ္ေရာ စြမ္းအားပါ ၾကီးမားလာမယ္၊ မွားယြင္းတဲ့ ရုပ္ထိန္းအပင္းနဲ႔ မွားယြင္းတဲ့ ေျဖေဆး ေပါင္းလုိက္ေတာ့ ေနာ့ခ္က ေမွာ္ဝင္သည္ေတြ ေနတဲ့ ရြာတစ္ရြာစာကို ဖ်က္စီးလိုက္တယ္”
“အိုေက ေမဗယ္လ္ အခုလို သိထားသမွ်ကို ျပန္ျပီးေတာ့ ေဝမွ်ေပးတာ ေက်းဇူးတင္ပါတယ္၊ ဒီသင္ခန္းစာကို သင္ၾကားေပးဖို႔ ငါတို႔ ဇိုးဒန္ျမိဳ႕က လူေတြကို အကူအညီေတာင္းထားေသးတယ္၊ ဒါေပမယ့္ အျငင္းခံခဲ့ရေတာ့ ငါက ဒီတာဝန္ကို ယူလုိက္ရတယ္၊ အကယ္လို႔ ေမဗယ္လ္သာ ဒါကို မရွင္းျပဘူး ဆိုရင္ ငါ့အထင္ ငါက လိုအပ္ခ်က္ေတြ ရွိေနလိမ့္မယ္”
ဆရာမ ေဟဒီက ေမဗယ္လ့္ကို သိသာစြာပင္ ခ်ီးက်ဴးျပီးေနာက္ ေျပာၾကားေပးတာကို ေက်းဇူးတင္ေၾကာင္း ဆိုသည္။ ေမဗယ္လ္က ခပ္ေအးေအးႏွင့္ပင္ ရုပ္ထိန္းအပင္းအသစ္တစ္ခုကုိေရာ အေဟာင္းတစ္ခုကိုပါ ေကာက္ယူလိုက္ျပီးေနာက္ အိတ္အတြင္းသို႔ ေကာက္ထည့္လုိက္ကာ ေနရာတြင္ ျပန္လာထုိင္သည္။
မထိုင္ခင္အတြင္း၌၊
“အေမွာင့္သြင္းတာကို မပိုင္ႏုိင္ရင္ ရုပ္ထိန္းအပင္းကို မျပဳလုပ္ၾကဖို႔ အၾကံေပးခ်င္ပါတယ္၊ ရုပ္ထိန္းအပင္းရဲ႕ မႏၱာန္မွာ တန္ျပန္ေစတဲ့ အဓိပၸါယ္ပါဝင္ေနေတာ့ အကယ္လို႔သာ မင္းတို႔ မွားယြင္းမႈ တစ္ခုခု ျဖစ္ခဲ့မယ္ ဆိုရင္ မင္းတို႔ကို ဒီရုပ္ထိန္းအပင္းက သူ႔ဖာသာသူ ျပန္ျပီးေတာ့ ထိန္းခ်ဳပ္သြားလိမ့္မယ္”
“အို တကယ္ၾကီးလား၊ ဒါၾကီးက ေၾကာက္စရာၾကီး”
“လူတုိင္း လုပ္လို႔ လြယ္ေနရင္ ဒါက စုန္းျဖဴမ်ိဳးေတြရဲ႕ လ်ိဳ႕ဝွက္ခ်က္ ဟုတ္ပါအံုးမလား”
ထိုစကားကို ေဂၚရမ္က ထေျပာလုိက္ျခင္း ျဖစ္ကာ ပုခံုးပင္ တြန္႔လုိက္ေသး၏။ ေမဗယ္လ္က ေဂၚရမ္အား တစ္ခ်က္သာ ၾကည့္လိုက္ျပီးမွ မၾကားလုိက္သလိုပင္၊
“ေမဗယ္လ္က လံုးဝကို ဆရာမၾကီးပဲ”
ပင့္ခ္ႏွင့္ အနီးဆံုးတြင္ ရွိေသာ ဇက္က ခပ္တိုးတိုး ငံု႔ကိုင္းကာ ဆိုလာ၏။ ျပီးေနာက္ ေမးခြန္းတစ္ခုကို ထပ္ေမးလာသည္။
“သူမက ဘာလို႔ ဒီလိုမ်ိဳး စကားေတြ အမ်ားၾကီးနဲ႔ ထရွင္းျပတာလို႔ မင္းထင္လဲ ပင့္ခ္ ဒါက ေသြးရုိးသားရိုး မဟုတ္ေလာက္ဘူး”
ပင့္ခ္ ႏႈတ္ခမ္းေတြ ေကြးလိမ္သြားသည္။ ဇက္ဆုိတဲ့ေကာင္က ေမဗယ့္လ္အေၾကာင္း ဘာလို႔ ငါ့ကို လာေမးေနရတာလဲ၊ သူေရာ ငါေရာ ဒီခန္းမထဲမွာပဲ ထိုင္ေနတာ မဟုတ္ဘူးလား။ ေမဗယ္လ္ရဲ႕ ဆိုလိုရင္း ငါလည္း မသိဘူးေလ။
“အင္း ေသြးရုိးသားရိုး မဟုတ္ဘူး ငါ သူမကို ျပဳစားလုိက္တာ”
“အဟြတ္ အဟြတ္”
ဇက္က တမင္ကို လုပ္ေခ်ာင္းၾကီး ဆိုးျပျပီးေနာက္၊ ပင့္ခ္အား အထင္ေသးေသာ မူဟန္ျဖင့္ ဆိုလာသည္။
“မင္းသာ ေမဗယ့္လ္ကို ျပဳစားႏုိင္ရင္ ကမာၻမွာ ရွိတဲ့သူေတြ အားလံုး ေမဗယ့္လ္ကို ျပဳစားႏုိင္လိမ့္မယ္”
“အဲ့ဒါနဲ႔မ်ား ေမဗယ့္လ္အေၾကာင္းကို ငါ့ကို ဘာလို႔ လာေမးေနတာလဲ”
“ခုနက ဆရာကန္ဆယ္ေပးသြားတဲ့ ဆုကို သူမက မင္းကို ေပးလုိက္တယ္ မဟုတ္လား”
“အင္း သူမ ေျပာသြားတာက သူမက အဲ့လို အေရးမပါတာေတြ မလိုဘူးတဲ့”
“ယံုခ်င္စရာပဲ”
မယံုလည္း မတတ္ႏုိင္ဘူး ဆိုသည့္ အေတြးႏွင့္အတူ ပင့္ခ္ ပုခံုးမ်ားကိုသာ တြန္႔ျပလုိက္ေတာ့သည္။
“ဒီေန႔အတြက္ သင္ခန္းစာကေတာ့ ဒီေလာက္ပါပဲ၊ ဒီလရဲ႕ ေနာက္ဆံုးအပတ္မွာ မင္းတို႔ရဲ႕ ရမွတ္ေတြအတြက္ ေနာက္ထပ္ ျပိဳင္ပြဲတစ္ခု ရွိလို႔ မင္းတို႔ ဒီရက္ေတြမွာ မင္းတို႔ ေသခ်ာအာရံုစိုက္ၾကဖို႔ ေမွ်ာ္လင့္ပါတယ္၊ ေမဗယ္လ္ မင္းက ခ်ီးက်ဴးဖုိ႔ ထိုက္တန္ပါတယ္”
ဆရာမေဟဒီက ထိုမွ်သာ ေျပာလိုက္ျပီး ထြက္သြားေတာ့ ေမဗယ္လ္က ထိုင္ေနရာမွ ထရပ္လုိက္ကာ ေလွကားမွ တက္သြားရန္ ျပန္ေလသည္။ ပင့္ခ္ ခပ္ျမန္ျမန္ေလး ေျပးသြားျပီးမွ၊
“ေမဗယ္လ္ မင္းငါ့ကို ရုပ္ထိန္းအပင္း ျပဳလုပ္တာ သင္ေပးပါလား”
ေမဗယ္လ္က အေပၚသို႔ တစ္လွမ္းတက္ေနရင္းက ပင့္ခ္ကို ငံု႔ၾကည့္လာျပီးမွ၊
“အေမွာင့္ပေယာဂေတြက မင္းကို နာခံမွာ မဟုတ္ဘူး၊ မင္းက..”
ေမဗယ္လ္က ေျပာရန္စကားကို ခဏတာမွ် နားလုိက္ေသးသည္။ ေမဗယ္လ္အား ေက်ာ္ျဖတ္၍ ေဇာ့ခ္က အေပၚသို႔ တက္သြားေလသည္။ ေဇာခ့္အေနာက္တြင္ ေဂၚရမ္က ေျပးလုိက္သြား၏။ ျပီးေနာက္ တျခားေသာ သူမ်ားက တက္သြားၾကသည္။ လူးရာက ေမဗယ္လ္အား တြန္းတိုက္လုမတတ္ မ်က္လံုးခ်င္းပင္ ဆံုဆည္းသြားၾကေသးသည္။ ပင့္ခ္ ထိုမွ်ထိ ေစာင့္ဆုိင္းေနမိရင္းကမွ၊
“ငါက ဘာျဖစ္တာလဲ ေျပာေလ”
“ေျပာင္ေခ်ာ္ခ်ာ္နဲ႔”
ဘာ ေျပာင္ေခ်ာ္ေခ်ာ္နဲ႔၊ ဟုတ္လား၊ ငါ့ကို ေျပာတာက၊
ပင့္ခ္ စိတ္ဆိုး ေဒါသထြက္ဖို႔ သတိရလုိက္သည္ႏွင့္ ေမာ့ၾကည့္လုိက္ေတာ့ ေမဗယ္လ္က မရွိေတာ့ေပ။ သူမ၏ အေမွာင္စည္းအတြင္းသို႔ ဝင္သြားျပီ ျဖစ္ေလသည္။ လူးရာက ပင့္ခ္ႏွင့္ ေမဗယ္လ္ရွိေသာ အထပ္သို႔ တက္လာေသာ္လည္း ဟုိတစ္ခါ ဒီမန္းႏွင့္လူးရာ အေမွာင္စည္းအတြင္း ပိတ္မိသြားတာကို သံုးရက္အၾကာမွာ ဆရာကန္ဆယ္ကသိျပီး ျပန္လႊတ္ေပးခဲ့ရသျဖင့္ လူးရာက အေမွာင္စည္းအတြင္း ဝင္ရန္ေတာ့ မၾကိဳးစားေတာ့ေပ။
ေျပာင္ေခ်ာ္ခ်ာ္နဲ႔၊ ဆိုေသာ ေဝဖန္ခ်က္ကို ရျပီးေနာက္တြင္ေတာ့ ပင့္ခ္ ထိုညက တစ္ညလံုး မွန္ၾကည့္ျခင္းျဖင့္သာ အခ်ိန္ေတြကို အသံုးခ်လိုက္မိေတာ့သည္။ မစ္ကီပင္လွ်င္ ပင့္ခ္ ၾကည့္ေနေသာ မွန္က ဘာမ်ားထူးဆန္းေနလုိ႔လဲဟူသည့္ အေတြးျဖင့္ အနားကပ္ကာ လာၾကည့္ေသး၏။
မ်က္ခံုးမွ်င္မွ်င္၊ မ်က္လံုးဝိုင္းဝုိင္း၊ ႏႈတ္ခမ္းေသးေသး၊ ႏွာတံလံုးလံုး၊ ပါးမို႔မို႔ ေမးေစ့ခၽြန္ခၽြန္ႏွင့္ အႏွီထိုမိန္းကေလး၏ ရုပ္သြင္က မွန္တြင္ေတာ့ အေတာ္အတန္ ၾကည့္ေကာင္းေနေသးသည္ဟု ပင့္ခ္ကေတာ့ ကိုယ့္မ်က္ႏွာႏွင့္ကိုယ္ မွတ္ခ်က္ျပဳမိေလသည္။ ဘယ္ေနရာကမ်ား ေျပာင္ေခ်ာ္ေခ်ာ္ ျဖစ္သြားတာလဲဟု အထပ္ထပ္ေတြးရင္း မနက္လင္းသြားေတာ့ စာသင္ခ်ိန္ မစမွီတြင္ပင္ ခါတိုင္းလို အပ်င္းခုိကာ အိပ္ရာတြင္ စည္းစိမ္ မရစ္ႏုိင္ပါပဲႏွင့္ အခန္းအျပင္သို႔ ေျပးထြက္လာမိရေတာ့သည္။
ထင္သည့္အတုိင္း မနက္ခင္း ႏွင္းေဝခ်ိန္တိုင္းမွာ ထေလ့ရွိႏုိင္မည့္ စုန္းျဖဴအမ်ိဳးသမီးငယ္က ပင့္ခ္ႏွင့္ ေလွကားေလွ်ာက္လမ္းတြင္ ဆံုဆည္းေလသည္။