Uni
မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း
Part-11.1
“ဒီလို အရေးမပါတဲ့ပစ္စည်းတွေ ငါမလိုဘူး”
ပင့်ခ် တစ်ခဏမျှသာ ကြောင်အသွားပြီးနောက် အားလုံးသော အကြည့်တွေကို စိုးရိမ်စိတ်ပူစွာပင် ထိုကျောက်တုံးကို အိတ်ထဲသို့ ကောက်ထည့် ပစ်လိုက်လေတော့သည်။ ငါ့အပိုင်ဆို လာမကြည့်ကြနဲ့.. ဟွန့်၊
“ဒီနေ့ ပြန်လည်စိစစ်ရေးတွေ ပြီးပြီ ဆိုတော့ ငါတို့ သင်ခန်းစာ ပြန်စတော့မလား”
ဆရာကန်ဆယ်၏အသံကြောင့် အားလုံးက ပင့်ခ်ထံသို့ ရောက်သွားသော အာရုံကို ပြန်လည်လွဲယူလိုက်ကြသည်။
“မင်းတို့ကို ဒီလထဲမှာ သင်ကြားရေးက ကျိန်စာနဲ့ ပတ်သတ်ပြီး ဘာက အရေးအကြီးအဆုံးလဲ ဆိုတာပဲ၊ နောက်တစ်လအဆုံးမှာ မင်းတို့အတွက် ရမှတ်ဆယ်မှတ်ရရှိမယ့် ပြိုင်ပွဲတစ်ခု ထပ်ရှိမယ်၊ အားလုံးပဲ သင်ကြားရေးကို အာရုံစိုက်မယ်လို့ ထင်ပါတယ်၊ နောက်ထပ် ကံကောင်းတာ တစ်ခုက မနေ့ပဲ မှော်လောကစိုးစံသူက ခွင့်ပြုချက် တစ်ခုပေးခဲ့တယ်”
မှော်လောကစိုးစံသူက ဆိုသဖြင့် အားလုံးက မျက်ဝန်းများကို ဝင်းလက်လာကြလေတော့သည်။ ဆရာကန်ဆယ်က ခဏတာမျှ စောင့်ဆိုင်းလိုက်ပြီးနောက်၊
“မင်းတို့ ဒီသင်တန်းတစ်နှစ်တာ အဆုံးသတ်သွားပြီးတာနဲ့ မင်းတို့ဝင်ချင်တဲ့ အလုပ်ဌာနကို မှော်ကောင်စီကနေ ဝင်ခွင့်ပြုပေးလိမ့်မယ်၊ မင်းတို့ လုပ်ဆောင်ရမယ့် အပိုင်းက မင်းတို့တွေ အဆင့်သတ်မှတ်ချက် တစ်ကနေ ငါးအတွင်း ဝင်အောင် ကြိုးစားဖို့ပဲ မင်းတို့ ဒီလအတွက် တာဝန်ယူပေးမယ့် ဆရာက ကံဆိုးစွာနဲ့ ငါမဟုတ်တော့ဘူး၊ ဒီလထဲမှာ မင်းတို့အတွက် ဆရာက ဆရာမဟေဒီတစ်ဦးတည်း ဖြစ်မှာပါ၊ ပြီးတော့ ဒီလထဲမှာ မင်းတို့ တိုက်ခိုက်ရေးနဲ့ ပတ်သတ်တာတွေ လေ့လာသင်ကြားရမှာ မဟုတ်ဘူး၊ မင်းတို့ အထူးသင်ကြားရမှာက ဆေးရည်ဖော်စပ်ခြင်း၊ အပင်းသွင်းတာနဲ့ ခြေရာခံလိုက်ခြင်း အတတ်ပညာ”
ဆရာမဟေဒီက စာသင်ခန်းဝမှ အတွင်းသို့ လှမ်းဝင်လာပြီးနောက် မေးခွန်းတစ်ခုကို စမေးလေသည်။
“ဆေးရည်ဖော်စပ်တာက မင်းတို့ အထက်တန်းတုန်းက သင်ကြားဖူးခဲ့ကြမယ် ဆိုတာ ငါ ပြောရဲတယ်၊ ဒါပေမယ့် အပင်းသွင်းတာက ဝှိုက်ဝှစ်ချ်တွေရဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းသင့်တယ်လို့ မှော်ဌာနက အကြီးအကဲတွေ အားလုံးက သတ်မှတ်လိုက်လို့ ဒီသင်တန်းမှာ သင်ကြားခွင့် ရတာ ဖြစ်တယ်၊ တတ်ပြီးသားတချို့လူတွေ ပါမယ် ဆိုရင် တိတ်တိတ်နေပေးဖို့ တောင်းဆိုပါတယ်၊ ခြေရာခံလိုက်ခြင်း အတတ်ပညာဆိုတာ ဘယ်လို နေရာတွေမှာ သုံးတာလဲ ဆိုတာ မင်းတို့ သိကြမလားလို့ နည်းနည်းလောက် မေးပါရစေ”
“ခြေရာခံလိုက်ခြင်းကို အများဆုံး သုံးတာက မှုခင်းဖြစ်ရပ်တွေကို စစ်ဆေးရတဲ့ မှုခင်းစစ်ဌာနက အရာရှိတွေနဲ့ ထူးခြားဖြစ်စဉ်စိစစ်ရေးက အရာရှိတွေပဲ သုံးတယ်လို့ ကြားဖူးပါတယ်”
ဂေါ်ရမ်က ဖြေလိုက်တော့ ဇက်က ထပ်မံ၍ ဖြည့်စွပ်ပြောသည်။
“မှုခင်းစစ်ဌာနက မှုခင်းကို အတည်ပြုမှတ်ချပ် ပြုလုပ်ရတဲ့ အရာရှိတွေက အဲ့ဒီပညာရပ်တွေကို သီးခြား သင်ကြားပေးရတယ်လို့ သိထားပါတယ်”
“မင်းတို့က တော်တဲ့ ကလေးတွေပဲ အိုကေ လောလောဆယ် ဆရာကန်ဆယ်ကို နှုတ်ဆက်လိုက်ပါအုံး”
“မင်းတို့တွေ လုပ်ငန်းခွင် ဝင်ကြရင် တွေ့ကြမယ်၊ ကံကောင်းကြပါစေ”
“ဒီလအတွင်းမှာ သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
ဆရာကန်ဆယ်က သူ့တာဝန် ပြီးဆုံးပြီဟု မပြောရုံ တစ်မယ်ပင် ပါရာဒိုက်ရဲတိုက်မှ ထွက်ခွာသွားတော့သည်။ ဆရာမဟေဒီက အားလုံးသော သူတွေ ကိုယ်စီကိုယ်စီ ဝမ်းနည်းသွားကြတာကို ခွင့်ပြုထားပေးသည်။ ဆရာကန်ဆယ်က သူ့ကိုယ်ပိုင် ပစ္စည်းများကို သိမ်းလိုက်ပြီးမှ မောင်းသူမဲ့ကားဖြင့် ရဲတိုက်မှ ထွက်ခွာသွားတော့သည်။
ရဲတိုက်၏ ဒုတိယထပ် ဝရံတာမှ အားလုံးက ဆရာကန်ဆယ် ထွက်သွားတာကို ကြည့်လိုက်ကြပြီးနောက် စာသင်ရာခန်းမသို့ ပြန်ဝင်လာကြတော့ မျက်နှာကိုယ်စီက မကောင်းပေ။ ထိုနေရာတွင် တုတ်တုတ်မျှ မလှုပ်ပဲ ထိုင်နေသူက မေဗယ်လ်တစ်ဦးတည်းသာ၊ ပင့်ခ် မကျေမနပ် ဖြစ်သွားပြီးနောက်၊
“မေဗယ်လ် မင်း ဆရာကန်ဆယ်ကို လိုက်မပို့ဘူးလား၊ မင်း နည်းနည်းလေးမှတောင် မလေးစားတတ်ဘူးလား”
“လူတိုင်းက သူ့ကိစ္စနဲ့သူချည်းပဲ ဖြစ်လာမယ့်ဟာက ဖြစ်ကိုဖြစ်လာမှာ”
ဘာအဓိပ္ပါယ်ကြီးလဲ၊ ဘာမှန်းမသိတာကြီးကို ပြောပြီးနောက် မေဗယ်လ်က ငြိမ်သက်စွာဖြင့်သာ ဆက်၍ ထိုင်နေပါသည်။ ပင့်ခ်စိတ်ထဲမှာ အနည်းငယ် ဝမ်းနည်းသွားတာကြောင့် မေဗယ်လ်နှင့် ပြိုင်မငြင်းတော့ပဲနှင့် ဆရာမဟေဒီထံသို့ အာရုံပြန်စိုက်လိုက်သည်။
“မင်းတို့ကို ဟိုအရင်ရက်တွေတုန်းက မှော်ဆေးရည် ပညာကို သင်ကြားပေးခဲ့တယ်၊ ဒါက မင်းတို့ ကျောင်းတုန်းက သင်ကြားခဲ့ဖူးတဲ့ ပညာရပ်ကို ပြန်ပြီးတော့ ဆွေးနွေးတဲ့ သဘောတရားပဲ အခုက မှော်ဆေးရည်နဲ့ မှော်ဆေးပင် ဆက်စပ်နေပုံတွေကို ပြောပြမယ်”
ဆရာမဟေဒီက ဆေးပင်တွေကို စားပွဲပေါ်သို့ ချပြလိုက်ပြီးနောက်၊
“ဒီဟာက မှော်စွမ်းအင်နဲ့ ပြုစားထားတာကို ပြယ်စေတဲ့ ဆေးပင်လို့ လူသိများတယ်၊ ဥပမာ ရုပ်ထိန်းအပင်းကျွေးခံရတဲ့ သူတွေကို ကုသတဲ့နေရာမှာ သုံးတယ်၊ ဒီအပင်ရဲ့ ဆေးမြစ်က အရည်ဆိုရင် ရုပ်ထိန်းအပင်းကို ပျော်သွားစေပေမယ့် ဆေးလုံးသာ ဆိုရင်တော့ မတူညီတဲ့ အာနိသင် ဖြစ်သွားတယ် သိတဲ့သူ ရှိလား”
“ဆေးလုံး လုပ်လို့ ရတယ်ပေ့ါ”
“နော့ခ်ဆိုတဲ့ မှော်ဝင်နွားကို ရုပ်ထိန်းအပင်း ကျွေးပြီးတော့ စေခိုင်းခဲ့တာကနေ ရုပ်ထိန်းအပင်းကို ပြန်ဖြေချင်တော့ ဆေးလုံး လုပ်ခဲ့ပြီး ပြန်လည်တိုက်ကျွေးတဲ့ မှော်သမိုင်းတော့ ကြားဖူးတယ်၊ ရလဒ်က တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်၊ နော့ခ်က မှော်ပညာရဲ့အငွေ့အသက်ကို ရှုရှိုက်လို့ ရသွားပြီးတော့ တွေ့သမျှလူတွေကို လိုက်သတ်တော့တာ”
ဇက်က ဖြေကြားလိုက်တာကို ဆရာမဟေဒီက ခေါင်းညိတ်လက်ခံလေသည်။ ပြီးနောက်၊
“ဒီအဖြေကို ဘယ်သူက ဖြည့်စွပ်ချင်သေးလား”
“အဲ့ဒါက မှားယွင်းပြီး လိုအပ်ချက် ရှိတဲ့ ရုပ်ထိန်းအပင်းဖြစ်နေလို့ပါ”
မေဗယ်လ်၏ မှတ်ချက်တွင် ဆရာမဟေဒီက အနည်းငယ် ပြောဆိုရခက်သော ဟန်ပန်ဖြစ်ပေါ်လာလေ၏။ အနည်းငယ် လက်မခံချင်ပုံ ပေါ်နေသော ဆရာမဟေဒီက မေဗယ်လ့်အား မေးခွန်းထောက်လာလေ၏။
“ကောင်းပြီ ဒါက ဘယ်လိုမျိုး လိုအပ်ချက် ဖြစ်သွားတယ်လို့ ထင်တာလဲ မေဗယ်လ်”
“ရုပ်ထိန်းအပင်း တည်ဆောက်ပုံအရ တခြားတစ်ပါးသော အရာတစ်ခုခုကို ထိန်းချုပ်တော့မယ် ဆိုရင် အဲ့ဒီရုပ်ထိန်းအပင်းက သီးသန့်နယ်မြေကနေ ထွက်လာတဲ့ ရုပ်ထိန်းဆေးမြစ်ကို အသုံးချရမယ်၊ ပြီးရင် အမှောင့်ပယောဂသွင်းရမယ်၊ အဲ့ဒီအမှောင့်ပယောဂ မှာ ပြသနာ ရှိနေရင် ရုပ်ထိန်းအပင်းက မှားယွင်းမှုတွေ ဖြစ်လာနိုင်တယ်”
“အမှောင့်ပယောဂ သွင်းတဲ့ မှားယွင်းမှု နေရာမှာ နည်းနည်းလောက် ထပ်ပြီးတော့ ရှင်းပြပေးနိုင်မလား”
ဆရာမဟေဒီ၏ အမေးစကားက မေဗယ်လ်အား စောင့်ကြည့်နေကြသူများ၏ မျက်လုံးများကို အရောင်လက်လာစေသည်။ ထိုမျှသာမက မေဗယ်လ့်ကိုလည်း ထိုင်နေရာမှ ထရပ်စေလိုက်သည်။ မေဗယ်လ်က ထိုင်နေရာမှ ထရပ်လိုက်ပြီးနောက် သူမ၏ အကျႌအိတ်အတွင်းမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုသည်က ရုပ်ထိန်းအပင်းငယ်တစ်ခု၊
“ရုပ်ထိန်းအပင်း ဆိုတာက အမှောင့်ပယောဂရဲ့ အင်အားပေါ် မူတည်ပြီးတော့ ပိုပြီး အားပြင်းတယ် အားပျော့တယ် ဆိုတာ ကွာခြားတယ်လို့ ဆိုကြတယ်၊ ဒါပေမယ့် အဲ့ဒီအမှောင့်ပယောဂရဲ့ အမိန့်နာခံမှုကို မေ့ထားကြတယ်”
မေဗယ်လ်က ပြောဆိုနေရင်းမှ သူမ၏အိတ်အတွင်းမှ သစ်မြစ်တစ်ခုကို ထုတ်ယူလိုက်သည်။ ပြီးနောက် ဆရာမဟေဒီအရှေ့တွင် ရှိသော စားပွဲပေါ်ရှိ ဆေးရည်ကျိုသော ဖန်အိုးငယ်ကို မီးဖိုအသေးလေးပေါ်သို့ တင်လိုက်သည်။ မီးတောက်ငယ်ဖြင့် မီးဖိုကို မီးဖြစ်အောင် မွှေးလိုက်ပြီးနောက် သူမ၏အိတ်အတွင်းမှ ထုတ်ယူထားသော ရုပ်ထိန်းအပင်းကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
အကျႌအိတ်အတွင်းမှ ထုတ်ယူလာသည်က သစ်မြစ်တစ်ခု၊ သစ်ဆေးတစ်လုံးနှင့် ခြောက်သွေ့နေသော အရိုးတံတစ်ချောင်း ဖြစ်လေ၏။ မေဗယ်လ်က ထိုအရိုးတံအား ဆေးရည်ကြိုသော ဖန်အိုးအတွင်းသို့ ထည့်လိုက်ပြီးနောက် တဖြည်းဖြည်း ပျော်ကျစေသည်။ သစ်မြစ်ကိုပါ ထည့်လိုက်ပြီး မန္တာန်တစ်ခုကို ခပ်တိုးတိုး ဆက်တိုက် ရွတ်ဆိုနေ၏။
ဒီနည်းလမ်းက စုန်းဖြူတွေရဲ့ နည်းလမ်းမှာ ဖတ်ဖူး သိဖူးကြမှာ ပေမယ့် မျက်စိရှေ့တွင် ရုပ်ထိန်းအပင်းတစ်ခု ပြုလုပ်နေခြင်းအား အားလုံးက အသက်ရှုသံတွေ ရပ်တော့မတတ်ပင် ငေးမောကြည့်ရှုနေကြတော့၏။
မေဗယ်လ်က မန္တာန်တစ်ခုကို ခပ်တိုးတိုး အဆက်မပြတ် ရေရွတ်နေရင်းမှ ပြစ်ခဲလာသော အရည်နောက်နောက်အတွင်းသို့ သစ်ဆေးတစ်လုံးကို ထည့်လိုက်သည်။ အတန်ငယ်ကြာအောင် ဆက်လက်ရေရွတ်ပြီးနောက်တွင် ဖန်အိုးအတွင်းဝယ် မည်းနက်သော သစ်ဆေးကဲ့သို့ တုန်ယင်နေသည့် အရာက ပေါ်ထွက်လာလေသည်။
မေဗယ်လ်က မီးကို ငြိမ်းလိုက်ပြီးနောက် ဖန်အိုးအတွင်းဝယ် ခုန်လှုပ်လုနီးပါး ဖြစ်နေသော ထိုအရာကို အားလုံး ကြားနိုင်သော လေသံဖြင့် အမိန့်ပေးလိုက်လေသည်။
@@@@@@@
Zawgyi
ေမွာ္ဝင္ညရဲ႕ကေဝပ်ိဳတမ္းခ်င္း
Part-11.1
“ဒီလို အေရးမပါတဲ့ပစၥည္းေတြ ငါမလိုဘူး”
ပင့္ခ္ တစ္ခဏမွ်သာ ေၾကာင္အသြားျပီးေနာက္ အားလံုးေသာ အၾကည့္ေတြကို စိုးရိမ္စိတ္ပူစြာပင္ ထုိေက်ာက္တံုးကို အိတ္ထဲသို႔ ေကာက္ထည့္ ပစ္လုိက္ေလေတာ့သည္။ ငါ့အပိုင္ဆို လာမၾကည့္ၾကနဲ႔.. ဟြန္႔၊
“ဒီေန႔ ျပန္လည္စိစစ္ေရးေတြ ျပီးျပီ ဆုိေတာ့ ငါတို႔ သင္ခန္းစာ ျပန္စေတာ့မလား”
ဆရာကန္ဆယ္၏အသံေၾကာင့္ အားလံုးက ပင့္ခ္ထံသို႔ ေရာက္သြားေသာ အာရံုကို ျပန္လည္လြဲယူလိုက္ၾကသည္။
“မင္းတို႔ကို ဒီလထဲမွာ သင္ၾကားေရးက က်ိန္စာနဲ႔ ပတ္သတ္ျပီး ဘာက အေရးအၾကီးအဆံုးလဲ ဆုိတာပဲ၊ ေနာက္တစ္လအဆံုးမွာ မင္းတို႔အတြက္ ရမွတ္ဆယ္မွတ္ရရွိမယ့္ ျပိဳင္ပြဲတစ္ခု ထပ္ရွိမယ္၊ အားလံုးပဲ သင္ၾကားေရးကို အာရံုစိုက္မယ္လို႔ ထင္ပါတယ္၊ ေနာက္ထပ္ ကံေကာင္းတာ တစ္ခုက မေန႔ပဲ ေမွာ္ေလာကစုိးစံသူက ခြင့္ျပဳခ်က္ တစ္ခုေပးခဲ့တယ္”
ေမွာ္ေလာကစိုးစံသူက ဆိုသျဖင့္ အားလံုးက မ်က္ဝန္းမ်ားကို ဝင္းလက္လာၾကေလေတာ့သည္။ ဆရာကန္ဆယ္က ခဏတာမွ် ေစာင့္ဆုိင္းလုိက္ျပီးေနာက္၊
“မင္းတို႔ ဒီသင္တန္းတစ္ႏွစ္တာ အဆံုးသတ္သြားျပီးတာနဲ႔ မင္းတို႔ဝင္ခ်င္တဲ့ အလုပ္ဌာနကို ေမွာ္ေကာင္စီကေန ဝင္ခြင့္ျပဳေပးလိမ့္မယ္၊ မင္းတို႔ လုပ္ေဆာင္ရမယ့္ အပိုင္းက မင္းတို႔ေတြ အဆင့္သတ္မွတ္ခ်က္ တစ္ကေန ငါးအတြင္း ဝင္ေအာင္ ၾကိဳးစားဖို႔ပဲ မင္းတို႔ ဒီလအတြက္ တာဝန္ယူေပးမယ့္ ဆရာက ကံဆိုးစြာနဲ႔ ငါမဟုတ္ေတာ့ဘူး၊ ဒီလထဲမွာ မင္းတုိ႔အတြက္ ဆရာက ဆရာမေဟဒီတစ္ဦးတည္း ျဖစ္မွာပါ၊ ျပီးေတာ့ ဒီလထဲမွာ မင္းတို႔ တုိက္ခုိက္ေရးနဲ႔ ပတ္သတ္တာေတြ ေလ့လာသင္ၾကားရမွာ မဟုတ္ဘူး၊ မင္းတို႔ အထူးသင္ၾကားရမွာက ေဆးရည္ေဖာ္စပ္ျခင္း၊ အပင္းသြင္းတာနဲ႔ ေျခရာခံလုိက္ျခင္း အတတ္ပညာ”
ဆရာမေဟဒီက စာသင္ခန္းဝမွ အတြင္းသို႔ လွမ္းဝင္လာျပီးေနာက္ ေမးခြန္းတစ္ခုကို စေမးေလသည္။
“ေဆးရည္ေဖာ္စပ္တာက မင္းတို႔ အထက္တန္းတုန္းက သင္ၾကားဖူးခဲ့ၾကမယ္ ဆုိတာ ငါ ေျပာရဲတယ္၊ ဒါေပမယ့္ အပင္းသြင္းတာက ဝိႈက္ဝွစ္ခ်္ေတြရဲ႕ ပညာရပ္ေတြကို လက္ဆင့္ကမ္းသင့္တယ္လို႔ ေမွာ္ဌာနက အၾကီးအကဲေတြ အားလံုးက သတ္မွတ္လုိက္လို႔ ဒီသင္တန္းမွာ သင္ၾကားခြင့္ ရတာ ျဖစ္တယ္၊ တတ္ျပီးသားတခ်ိဳ႕လူေတြ ပါမယ္ ဆိုရင္ တိတ္တိတ္ေနေပးဖို႔ ေတာင္းဆိုပါတယ္၊ ေျခရာခံလုိက္ျခင္း အတတ္ပညာဆုိတာ ဘယ္လို ေနရာေတြမွာ သံုးတာလဲ ဆုိတာ မင္းတို႔ သိၾကမလားလို႔ နည္းနည္းေလာက္ ေမးပါရေစ”
“ေျခရာခံလုိက္ျခင္းကို အမ်ားဆံုး သံုးတာက မႈခင္းျဖစ္ရပ္ေတြကို စစ္ေဆးရတဲ့ မႈခင္းစစ္ဌာနက အရာရွိေတြနဲ႔ ထူးျခားျဖစ္စဥ္စိစစ္ေရးက အရာရွိေတြပဲ သံုးတယ္လို႔ ၾကားဖူးပါတယ္”
ေဂၚရမ္က ေျဖလိုက္ေတာ့ ဇက္က ထပ္မံ၍ ျဖည့္စြပ္ေျပာသည္။
“မႈခင္းစစ္ဌာနက မႈခင္းကို အတည္ျပဳမွတ္ခ်ပ္ ျပဳလုပ္ရတဲ့ အရာရွိေတြက အဲ့ဒီပညာရပ္ေတြကို သီးျခား သင္ၾကားေပးရတယ္လို႔ သိထားပါတယ္”
“မင္းတို႔က ေတာ္တဲ့ ကေလးေတြပဲ အိုေက ေလာေလာဆယ္ ဆရာကန္ဆယ္ကို ႏႈတ္ဆက္လုိက္ပါအံုး”
“မင္းတို႔ေတြ လုပ္ငန္းခြင္ ဝင္ၾကရင္ ေတြ႔ၾကမယ္၊ ကံေကာင္းၾကပါေစ”
“ဒီလအတြင္းမွာ သင္ၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ”
ဆရာကန္ဆယ္က သူ႔တာဝန္ ျပီးဆံုးျပီဟု မေျပာရံု တစ္မယ္ပင္ ပါရာဒိုက္ရဲတုိက္မွ ထြက္ခြာသြားေတာ့သည္။ ဆရာမေဟဒီက အားလံုးေသာ သူေတြ ကိုယ္စီကိုယ္စီ ဝမ္းနည္းသြားၾကတာကို ခြင့္ျပဳထားေပးသည္။ ဆရာကန္ဆယ္က သူ႔ကိုယ္ပိုင္ ပစၥည္းမ်ားကို သိမ္းလုိက္ျပီးမွ ေမာင္းသူမဲ့ကားျဖင့္ ရဲတိုက္မွ ထြက္ခြာသြားေတာ့သည္။
ရဲတုိက္၏ ဒုတိယထပ္ ဝရံတာမွ အားလံုးက ဆရာကန္ဆယ္ ထြက္သြားတာကို ၾကည့္လုိက္ၾကျပီးေနာက္ စာသင္ရာခန္းမသို႔ ျပန္ဝင္လာၾကေတာ့ မ်က္ႏွာကိုယ္စီက မေကာင္းေပ။ ထိုေနရာတြင္ တုတ္တုတ္မွ် မလႈပ္ပဲ ထုိင္ေနသူက ေမဗယ္လ္တစ္ဦးတည္းသာ၊ ပင့္ခ္ မေက်မနပ္ ျဖစ္သြားျပီးေနာက္၊
“ေမဗယ္လ္ မင္း ဆရာကန္ဆယ္ကို လုိက္မပို႔ဘူးလား၊ မင္း နည္းနည္းေလးမွေတာင္ မေလးစားတတ္ဘူးလား”
“လူတိုင္းက သူ႔ကိစၥနဲ႔သူခ်ည္းပဲ ျဖစ္လာမယ့္ဟာက ျဖစ္ကိုျဖစ္လာမွာ”
ဘာအဓိပၸါယ္ၾကီးလဲ၊ ဘာမွန္းမသိတာၾကီးကို ေျပာျပီးေနာက္ ေမဗယ္လ္က ျငိမ္သက္စြာျဖင့္သာ ဆက္၍ ထုိင္ေနပါသည္။ ပင့္ခ္စိတ္ထဲမွာ အနည္းငယ္ ဝမ္းနည္းသြားတာေၾကာင့္ ေမဗယ္လ္ႏွင့္ ျပိဳင္မျငင္းေတာ့ပဲႏွင့္ ဆရာမေဟဒီထံသို႔ အာရံုျပန္စိုက္လိုက္သည္။
“မင္းတို႔ကို ဟုိအရင္ရက္ေတြတုန္းက ေမွာ္ေဆးရည္ ပညာကို သင္ၾကားေပးခဲ့တယ္၊ ဒါက မင္းတို႔ ေက်ာင္းတုန္းက သင္ၾကားခဲ့ဖူးတဲ့ ပညာရပ္ကို ျပန္ျပီးေတာ့ ေဆြးေႏြးတဲ့ သေဘာတရားပဲ အခုက ေမွာ္ေဆးရည္နဲ႔ ေမွာ္ေဆးပင္ ဆက္စပ္ေနပံုေတြကို ေျပာျပမယ္”
ဆရာမေဟဒီက ေဆးပင္ေတြကို စားပြဲေပၚသို႔ ခ်ျပလုိက္ျပီးေနာက္၊
“ဒီဟာက ေမွာ္စြမ္းအင္နဲ႔ ျပဳစားထားတာကို ျပယ္ေစတဲ့ ေဆးပင္လို႔ လူသိမ်ားတယ္၊ ဥပမာ ရုပ္ထိန္းအပင္းေကၽြးခံရတဲ့ သူေတြကို ကုသတဲ့ေနရာမွာ သံုးတယ္၊ ဒီအပင္ရဲ႕ ေဆးျမစ္က အရည္ဆုိရင္ ရုပ္ထိန္းအပင္းကို ေပ်ာ္သြားေစေပမယ့္ ေဆးလံုးသာ ဆိုရင္ေတာ့ မတူညီတဲ့ အာနိသင္ ျဖစ္သြားတယ္ သိတဲ့သူ ရွိလား”
“ေဆးလံုး လုပ္လုိ႔ ရတယ္ေပ့ါ”
“ေနာ့ခ္ဆိုတဲ့ ေမွာ္ဝင္ႏြားကုိ ရုပ္ထိန္းအပင္း ေကၽြးျပီးေတာ့ ေစခုိင္းခဲ့တာကေန ရုပ္ထိန္းအပင္းကို ျပန္ေျဖခ်င္ေတာ့ ေဆးလံုး လုပ္ခဲ့ျပီး ျပန္လည္တုိက္ေကၽြးတဲ့ ေမွာ္သမိုင္းေတာ့ ၾကားဖူးတယ္၊ ရလဒ္က ေတာ္ေတာ္ဆိုးဆိုးဝါးဝါး ျဖစ္သြားတယ္၊ ေနာ့ခ္က ေမွာ္ပညာရဲ႕အေငြ႕အသက္ကို ရႈရိႈက္လို႔ ရသြားျပီးေတာ့ ေတြ႔သမွ်လူေတြကို လုိက္သတ္ေတာ့တာ”
ဇက္က ေျဖၾကားလုိက္တာကို ဆရာမေဟဒီက ေခါင္းညိတ္လက္ခံေလသည္။ ျပီးေနာက္၊
“ဒီအေျဖကို ဘယ္သူက ျဖည့္စြပ္ခ်င္ေသးလား”
“အဲ့ဒါက မွားယြင္းျပီး လုိအပ္ခ်က္ ရွိတဲ့ ရုပ္ထိန္းအပင္းျဖစ္ေနလို႔ပါ”
ေမဗယ္လ္၏ မွတ္ခ်က္တြင္ ဆရာမေဟဒီက အနည္းငယ္ ေျပာဆုိရခက္ေသာ ဟန္ပန္ျဖစ္ေပၚလာေလ၏။ အနည္းငယ္ လက္မခံခ်င္ပံု ေပၚေနေသာ ဆရာမေဟဒီက ေမဗယ္လ့္အား ေမးခြန္းေထာက္လာေလ၏။
“ေကာင္းျပီ ဒါက ဘယ္လိုမ်ိဳး လုိအပ္ခ်က္ ျဖစ္သြားတယ္လို႔ ထင္တာလဲ ေမဗယ္လ္”
“ရုပ္ထိန္းအပင္း တည္ေဆာက္ပံုအရ တျခားတစ္ပါးေသာ အရာတစ္ခုခုကို ထိန္းခ်ဳပ္ေတာ့မယ္ ဆုိရင္ အဲ့ဒီရုပ္ထိန္းအပင္းက သီးသန္႔နယ္ေျမကေန ထြက္လာတဲ့ ရုပ္ထိန္းေဆးျမစ္ကို အသံုးခ်ရမယ္၊ ျပီးရင္ အေမွာင့္ပေယာဂသြင္းရမယ္၊ အဲ့ဒီအေမွာင့္ပေယာဂ မွာ ျပသနာ ရွိေနရင္ ရုပ္ထိန္းအပင္းက မွားယြင္းမႈေတြ ျဖစ္လာႏုိင္တယ္”
“အေမွာင့္ပေယာဂ သြင္းတဲ့ မွားယြင္းမႈ ေနရာမွာ နည္းနည္းေလာက္ ထပ္ျပီးေတာ့ ရွင္းျပေပးႏုိင္မလား”
ဆရာမေဟဒီ၏ အေမးစကားက ေမဗယ္လ္အား ေစာင့္ၾကည့္ေနၾကသူမ်ား၏ မ်က္လံုးမ်ားကို အေရာင္လက္လာေစသည္။ ထိုမွ်သာမက ေမဗယ္လ့္ကိုလည္း ထိုင္ေနရာမွ ထရပ္ေစလိုက္သည္။ ေမဗယ္လ္က ထိုင္ေနရာမွ ထရပ္လုိက္ျပီးေနာက္ သူမ၏ အက်ႌအိတ္အတြင္းမွ တစ္စံုတစ္ခုကို ထုတ္ယူလုိက္သည္။ ထိုသည္က ရုပ္ထိန္းအပင္းငယ္တစ္ခု၊
“ရုပ္ထိန္းအပင္း ဆုိတာက အေမွာင့္ပေယာဂရဲ႕ အင္အားေပၚ မူတည္ျပီးေတာ့ ပိုျပီး အားျပင္းတယ္ အားေပ်ာ့တယ္ ဆုိတာ ကြာျခားတယ္လို႔ ဆုိၾကတယ္၊ ဒါေပမယ့္ အဲ့ဒီအေမွာင့္ပေယာဂရဲ႕ အမိန္႔နာခံမႈကို ေမ့ထားၾကတယ္”
ေမဗယ္လ္က ေျပာဆိုေနရင္းမွ သူမ၏အိတ္အတြင္းမွ သစ္ျမစ္တစ္ခုကို ထုတ္ယူလုိက္သည္။ ျပီးေနာက္ ဆရာမေဟဒီအေရွ႕တြင္ ရွိေသာ စားပြဲေပၚရွိ ေဆးရည္က်ိဳေသာ ဖန္အိုးငယ္ကို မီးဖိုအေသးေလးေပၚသို႔ တင္လုိက္သည္။ မီးေတာက္ငယ္ျဖင့္ မီးဖိုကို မီးျဖစ္ေအာင္ ေမႊးလုိက္ျပီးေနာက္ သူမ၏အိတ္အတြင္းမွ ထုတ္ယူထားေသာ ရုပ္ထိန္းအပင္းကို စားပြဲေပၚသို႔ တင္လုိက္ေလသည္။
အက်ႌအိတ္အတြင္းမွ ထုတ္ယူလာသည္က သစ္ျမစ္တစ္ခု၊ သစ္ေဆးတစ္လံုးႏွင့္ ေျခာက္ေသြ႔ေနေသာ အရိုးတံတစ္ေခ်ာင္း ျဖစ္ေလ၏။ ေမဗယ္လ္က ထုိအရိုးတံအား ေဆးရည္ၾကိဳေသာ ဖန္အိုးအတြင္းသို႔ ထည့္လိုက္ျပီးေနာက္ တျဖည္းျဖည္း ေပ်ာ္က်ေစသည္။ သစ္ျမစ္ကိုပါ ထည့္လုိက္ျပီး မႏၱာန္တစ္ခုကို ခပ္တိုးတိုး ဆက္တုိက္ ရြတ္ဆိုေန၏။
ဒီနည္းလမ္းက စုန္းျဖဴေတြရဲ႕ နည္းလမ္းမွာ ဖတ္ဖူး သိဖူးၾကမွာ ေပမယ့္ မ်က္စိေရွ႕တြင္ ရုပ္ထိန္းအပင္းတစ္ခု ျပဳလုပ္ေနျခင္းအား အားလံုးက အသက္ရႈသံေတြ ရပ္ေတာ့မတတ္ပင္ ေငးေမာၾကည့္ရႈေနၾကေတာ့၏။
ေမဗယ္လ္က မႏၱာန္တစ္ခုကို ခပ္တိုးတိုး အဆက္မျပတ္ ေရရြတ္ေနရင္းမွ ျပစ္ခဲလာေသာ အရည္ေနာက္ေနာက္အတြင္းသို႔ သစ္ေဆးတစ္လံုးကို ထည့္လုိက္သည္။ အတန္ငယ္ၾကာေအာင္ ဆက္လက္ေရရြတ္ျပီးေနာက္တြင္ ဖန္အိုးအတြင္းဝယ္ မည္းနက္ေသာ သစ္ေဆးကဲ့သို႔ တုန္ယင္ေနသည့္ အရာက ေပၚထြက္လာေလသည္။
ေမဗယ္လ္က မီးကို ျငိမ္းလုိက္ျပီးေနာက္ ဖန္အိုးအတြင္းဝယ္ ခုန္လႈပ္လုနီးပါး ျဖစ္ေနေသာ ထိုအရာကို အားလံုး ၾကားႏုိင္ေသာ ေလသံျဖင့္ အမိန္႔ေပးလုိက္ေလသည္။
@@@@@@@