book

Index 28

Part-10.3

Uni

မှော်ဝင်တမ်းချင်း Part-10.3


ပင့်ခ် ထိုစကားကို ပြောလိုက်တော့ ဂေါ်ရမ်က ရယ်မောလိုက်ပြီးနောက်၊


“အင်း သူမက မေဗယ်လ်ပဲလေ ဘယ်တူပါ့မလဲ”


“ဒါနဲ့ မင်းတို့ကော ဘယ်ဂါထာတွေကို သုံးခဲ့တာလဲ”


“ငါက အမ်မာဒရေးကို သုံးခဲ့တယ်၊ အဲ့ဒါပြီးတော့ ဇော်ဒီယန်က ကိုလီဂေးရှိုးရမ်နယ် သုံးပြီး ချုပ်နှောင်လိုက်တာပဲ၊ မှော်သားရဲတွေထဲမှာ လင်းယုန်က ပါးတယ်၊ ဇော်ဒီယန်က မရုန်းကန်ဖို့နဲ့ အန္တာရာယ်မဖြစ်စေဘူး ပြောတာကို လွယ်လွယ်ကူကူပဲ လက်ခံလိုက်တယ်”


ကိုလီဂေးရှိုးရမ်နယ် ကျိန်စာက ကြိုးဖြင့် တုတ်နှောင်စေသော ကျိန်စာဖြစ်ပြီး အီဆီးဒီးယက်စ်နှင့် စာလျှင် အသက်သွင်းရန် ပို၍ လွယ်ကူသည်။ အချိန်ကြာကြာလည်း ထားနိုင်သည်။


“ဒါနဲ့ မင်းက ဘယ်လို ဖြစ်ပြီးတော့ ဒဏ်ရာရခဲ့တာလဲ ဇော့်ခ်ကတောင်မှ မရခဲ့ဘူးလေ၊ မင်းလည်း ဇယ်ရာပဲ မဟုတ်လား”


ဂေါ်ရမ်က ရယ်ကျဲကျဲဖြင့် ခေါင်းကုတ်လေသည်။ ပြီးမှ၊


“ငါက မတော်တဆ အမှားတစ်ခု လုပ်မိသွားလို့ပါ၊ ရုတ်တရက် ဆိုတော့ ဒဏ်ရာရသွားတာ၊ တကယ်က ဒဏ်ရာက ခါတိုင်းဆို ကျက်ပြီ၊ ဒီတစ်ခါကျ မကျက်လိုက်ဘူး ဖြစ်သွားတာ”


“ဒဏ်ရာ ရမရကို စစ်မယ် ဆိုမှတော့ ဒဏ်ရာအမြန်ကျက်စေနိုင်တဲ့ မှော်အစွမ်းကို ထိန်းထားနိုင်တဲ့ တစ်ခုခုကို စီရင်ထားမှာပဲလေ မဟုတ်လား”


“ဒါနဲ့ပင့်ခ် မင်း ခက်ခဲခဲ့မှာပဲနော်၊ မေဗယ်လ်က အေးစက်စက်ကြီးလေ”


ထိုစကားတွင်တော့ ပင့်ခ် ခေါင်းယမ်းလိုက်ကာ ခပ်မြန်မြန် ပြောလိုက်လေသည်။


“သူက သိထားတာတွေ အများကြီးပဲ ပြီးတော့ သူမက နွေးထွေးပါတယ်”


ခပ်မြန်မြန်ပြောလိုက်ပြီးမှ နေရာတွင် ဝင်ထိုင်လိုက်ကာ ပင့်ခ်၏ တစ်ခုံကျော်တွင် ထိုင်နေသော မေဗယ်လ်အား ရယ်ပြလိုက်မိလေသည်။ သို့သော် တုန့်ပြန်မှုက မျက်နှာလွဲလိုက်ခြင်းသာ၊


“ဒီနေ့ ဟိုးနေ့တုန်းက ပြိုင်ပွဲမှာ သုံးသွားတဲ့ ကျိန်စာတွေ အကြောင်းကို ပြောကြမယ်၊ ပြီးရင် အကောင်းဆုံး ကျိန်စာအသက်သွင်းနိုင်သူကို ငါတို့ ဆုချမယ်”


“ဆုက ဘာဆုလဲဆရာ”


ဂေါ်ရမ်က သွက်သွက်လက်လက်ဖြင့် မေးမြန်းလာသည်။ ဆရာကန်ဆယ်လ်က အိတ်ကပ်အတွင်းမှ နီကျင်ကျင် ကျောက်တုံးငယ်ကို ထုတ်ယူလိုက်ပြီးမှ၊


“ဒါဘာလဲ သိတဲ့သူ ရှိလား”


ဆရာကန်ဆယ်လ်က မေးလိုက်တော့ ဇော်ဒီယန်က လက်ထောင်ပြလိုက်ပြီးမှ၊


“ဒါက တဲအိမ်တစ်ခုလို သုံးလို့ ရတဲ့ နေရာတစ်ခု မဟုတ်လား၊ ခရီးသွားရင် ယူသွားလို့ ရတယ်”


“အိုကေ ဒါက သာမန်မှော်ပစ္စည်းလေး တစ်ခုလို့ မှတ်ထင်ရပေမယ့် ဒီထက်ထူးဆန်းတာတွေ ရှိသေးတယ်၊ ဘယ်သူ သိနိုင်မလဲ”


ဇက်က မတ်တပ်ရပ်လိုက်ကာ၊


“အဲ့ဒါက နေရာအနှံ့ကို သွားလာလို့ ရတဲ့ အထူးခွင့်ပြုချက် ကျောက်တုံးမဟုတ်လား၊ ဒါကို ဒုတိယအလယ်ခေတ်မှာ မှော်ဆရာမ မိုဒီအာက တီထွင်ခဲ့တာ၊ တတိယခေတ်မှာ မှော်ကောင်စီကို ပေးအပ်ခဲ့ပြီး စတုတ္ထခေတ်မှာ ဒီမွန်းမျိုးနွယ်ကို ငြိမ်းချမ်းရေးလက်ဆောင် အဖြစ်ပေးခဲ့တယ်”


“ဇက်ပန်ဒိုရစ်ကို ဘယ်သူကများ လက်ခုတ်တီးပေးချင်လဲ”


ဆရာကန်ဆယ်က ဆိုပြီးနောက် ထိုကျောက်တုံးကို စားပွဲပေါ်သို့ တင်လိုက်လေသည်။ အားလုံးသော ကျောင်းသားများ၏ မျက်လုံးတို့က ထိုကျောက်တုံးပေါ်တွင် ရောက်ရှိနေကြသည်။ ပင့်ခ်အပါအဝင်ဟု ပြောလျှင် ပိုမှန်မည်။ မေဗယ်လ်ကတော့ ထိုကျောက်တုံးကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးမှ ဆရာကန်ဆယ်ရေးသားလိုက်သော မှော်ကျိန်စာများကို လိုက်ဖတ်နေသည်။


“ဒီနေ့ ရှင်းလင်းမှာက မင်းတို့ အရင်တစ်ပတ်တုန်းက ရွေးချယ် အသုံးပြုခဲ့တဲ့ မှော်ကျိန်စာတွေကို ပြန်ပြောပြမှာ ဖြစ်တယ်”


ဆရာကန်ဆယ်က မှော်ကျိန်စာတစ်မျိုးစီကို ရေးသားပြီးနောက် အနောက်သို့ ပြန်လှည့်လာပြီးနောက် ကိုင်နေကျ တုတ်ငယ်လေးကို သူ့လက်ဖဝါးပေါ်တွင် ကိုင်ထားလိုက်ရင်း၊


“မနေ့တုန်းက မင်းတို့ အသင်းကိုယ်စီက မှော်သားရဲတွေကို ဖမ်းဆီးခဲ့ကြတယ်၊ ဘယ်သူက ဘယ်ဂါထာ သုံးခဲ့ကြတာလဲ ဆိုတာကို နည်းနည်းစီ ပြန်ပြောပြမယ်၊ အဲ့ဒီအထဲမှာမှ ဘယ်သူ သုံးခဲ့တာက ထိရောက်ပြီး စွမ်းအား အတိအကျကို အသုံးပြုခဲ့တယ် ဆိုတာကို ထပ်ပြီးတော့ ဆွေးနွေးကြမယ်”


“ပထမဆုံ ပျားအုံကို ယူလာတဲ့ သုံးယောက်က ပထမဆုံး အနေနဲ့ ပြောရရင် မှော်သားရဲ ရွေးချယ်တာ မှားယွင်းပါတယ်၊ ဒါက ကိုယ်ရွေးချယ်ခဲ့တဲ့ အကောင်ကို ရင်ဆိုင်တာဟာ လဲပဲ မှားယွင်းပါတယ်၊ ပျားလိုမျိုး မှော်သားရဲကို ရင်ဆိုင်ရတဲ့အခါ သားရဲက သူ့ပုံမှန် အရွယ်အစားပဲ ဆိုရင် ဒါက လွယ်ကူပါတယ်၊ သူ့ကို စကျူးရီစကတ် မီးကွင်းဖန်တီးလိုက်ပြီးတော့ အသာအယာ ဖမ်းယူပါ၊ ပြီးရင် ဖန်တီးထားတဲ့ အိတ်တစ်လုံးထဲကို ကောက်ထည့်လိုက်ပါ၊ ဒါက အလွယ်ကူဆုံးနဲ့ အထိအခိုက်အနည်းဆုံး ဖြစ်ပါတယ်၊ သုံးယောက်သား မှော်ဂါထာ ခုနှစ်ခုလောက် ရွတ်ဆိုလိုက်ပြီးတော့ အသီးသီး ပျားကိုက်ရာ ကိုယ်စီနဲ့ ဖြစ်လာဖို့ အကြောင်းကို မရှိပါဘူး၊ အတော်ဆိုးဆိုးဝါးဝါး မှော်ဂါထာတွေကို ရွေးချယ်မှုပါပဲ”


“ဒုတိယအနေနဲ့ မက်စ်ဘလူးနဲ့ မေးလ် နှစ်ယောက်လုံးက မှော်သားရဲအကောင်ကြီးမျိုးကို ရွေးချယ်ခဲ့ပါတယ်၊ မှားယွင်းတာက မှော်ဂါထာလည်း ဖြစ်တယ်၊ ပြီးတော့ တစ်ဦးနဲ့တစ်ဦး မစောင့်ရှောက်နိုင်ခဲ့ဘူး၊ တော်တော်ဆိုးဆိုးဝါးဝါးက မှော်သားရဲကိုလည်း ဒဏ်ရာရအောင် လုပ်လိုက်ကြသေးတယ်၊ မှော်ဂါထာသုံးမျိုးလုံးကို အသက်သွင်းနိုင်ပေမယ့် ပစ်မှတ်လွဲချော်ခဲ့တယ်”


“နောက် ဒီမန်းနဲ့ လူးရာ၊ အိုရာနဲ့ ချဲလ် မင်းတို့တွေက တစ်ယောက်နဲ့တစ်ယောက် ကာကွယ်စောင့်ရှောက်ချင်ကြပေမယ့် နည်းလမ်းက မှားယွင်းနေခဲ့တယ်၊ ဒီအပတ် ပြိုင်ပွဲက မင်းတို့အတွက် အတွေ့အကြုံ တစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ မှော်သားရဲတွေကို ရင်ဆိုင်တဲ့အခါကျရင် သင့်တော်တဲ့ ကျိန်စာကို အမြန်ဆုံးနည်းနဲ့ ဆုံးဖြတ်ချက် ချပြီးတော့ မြန်မြန်တိုက်ခိုက်နိုင်မှ မင်းတို့တွေက အန္တာရာယ်က ကင်းလွတ်နိုင်မှာ ဖြစ်တယ်၊ နောက်ပြီးတော့ မင်းတို့ကို အန္တာရာယ်ပြုနိုင်တဲ့ မသင်္ကာဖွယ် လူတွေကိုရောပေါ့”


ဆရာကန်ဆယ်က အီဆီးဒီးယက်စ် ကျိန်စာကို ချရေးလိုက်ပြီးနောက်၊


“ဒီကျိန်စာကို နှစ်ရက်အကြာ အသက်သွင်းနိုင်တဲ့သူ ရှိရင် လက်ထောင်ပါ”


မေဗယ်လ်က သက်တောင့်သက်သာ နိုင်စွာ လက်ထောင်ခဲ့သလို ဇော့်ခ်ကလည်း လက်ထောင်လာခဲ့လေသည်။


“အိုကေ လက်ကို ချနိုင်ပါပြီ၊ ဇော်ဒီယန်က ဒီကျိန်စာကို သိတယ်၊ အသက်သွင်းနိုင်တာလည်း သေချာနေရဲ့နဲ့ ဘာလို့ မှော်သားရဲကို ဖမ်းတဲ့အခါ တခြားကျိန်စာကို သုံးခဲ့တာလဲ”


“ရုတ်တရက်ဆိုတော့ စိတ်ထဲမှာ ပေါ်လာတာကို ပထမဆုံး တွေးမိပြီး လှုပ်ရှားမိသွားတာမို့လို့ပါ”


“အဲ့ဒါပဲ”


ဆရာကန်ဆယ်လ်က ထပ်၍ ဆက်ပြောလာသည်။


“မှော်ပညာက ဘာသာရပ်ကြီး လေးမျိုးထဲမှာ မှော်ကျိန်စာကို အသက်သွင်းခြင်းက အရေးအကြီးဆုံးနဲ့ လူတိုင်း လိုက်လုပ်နိုင်တာမျိုး၊ ဒါပေမယ့် တကယ်တမ်း အသုံးချတဲ့အခါ ဘာကွာသွားတာလဲ၊ လူတစ်ယောက်ရဲ့ လျင်မြန်စွာ တွေးတောနိုင်စွမ်းနဲ့ တိကျ ပြတ်သားတဲ့ ဆုံးဖြတ်နိုင်မှု အဲ့ဒါကွာသွားတာပဲ”


ဒီအပတ် ပြိုင်ပွဲက ဘာဆို ပြပေးချင်တာလဲ ဆိုတာကို အားလုံးက နားလည်စွာနှင့် ခေါင်းညိတ်လိုက်ကြသည်။


“အတော်များများကတော့ အတွေ့အကြုံနဲ့ ဆိုင်ပေမယ့် စာဖတ်ပြီးတော့ သိရှိလာမှုရယ်၊ ထပ်ခါထပ်ခါ လေ့ကျင့်နိုင်မှုကိုလည်း လျော့တွက်လို့တော့ မရဘူး၊ မေဗယ်လ် ကျေးဇူးပြုပြီးတော့ စားပွဲပေါ်က မင်းရဲ့ဆုကို လာယူနိုင်ပါပြီ”


မေဗယ်လ်က ထိုင်နေရာမှ ထရပ်လိုက်ပြီးမှ စားပွဲပေါ်မှ ကျောက်တုံးကို ကောက်ယူလိုက်ပြီး ပင့်ခ်၏ စားပွဲအရှေ့သို့ အရောက်တွင် စားပွဲပေါ်သို့ တင်လိုက်ပြီးမှ ခပ်တိုးတိုးပြောသည်။


“ဒီလို အရေးမပါတဲ့ပစ္စည်းတွေ ငါမလိုဘူး”


@@@@@@@@@


ဆက်ရန်--


Zawgyi


ေမွာ္ဝင္တမ္းခ်င္း Part-10.3


ပင့္ခ္ ထိုစကားကို ေျပာလုိက္ေတာ့ ေဂၚရမ္က ရယ္ေမာလုိက္ျပီးေနာက္၊


“အင္း သူမက ေမဗယ္လ္ပဲေလ ဘယ္တူပါ့မလဲ”


“ဒါနဲ႔ မင္းတို႔ေကာ ဘယ္ဂါထာေတြကို သံုးခဲ့တာလဲ”


“ငါက အမ္မာဒေရးကို သံုးခဲ့တယ္၊ အဲ့ဒါျပီးေတာ့ ေဇာ္ဒီယန္က ကိုလီေဂးရိႈးရမ္နယ္ သံုးျပီး ခ်ဳပ္ေႏွာင္လုိက္တာပဲ၊ ေမွာ္သားရဲေတြထဲမွာ လင္းယုန္က ပါးတယ္၊ ေဇာ္ဒီယန္က မရုန္းကန္ဖို႔နဲ႔ အႏၱာရာယ္မျဖစ္ေစဘူး ေျပာတာကို လြယ္လြယ္ကူကူပဲ လက္ခံလုိက္တယ္”


ကိုလီေဂးရႈိးရမ္နယ္ က်ိန္စာက ၾကိဳးျဖင့္ တုတ္ေႏွာင္ေစေသာ က်ိန္စာျဖစ္ျပီး အီဆီးဒီးယက္စ္ႏွင့္ စာလွ်င္ အသက္သြင္းရန္ ပို၍ လြယ္ကူသည္။ အခ်ိန္ၾကာၾကာလည္း ထားႏုိင္သည္။


“ဒါနဲ႔ မင္းက ဘယ္လို ျဖစ္ျပီးေတာ့ ဒဏ္ရာရခဲ့တာလဲ ေဇာ့္ခ္ကေတာင္မွ မရခဲ့ဘူးေလ၊ မင္းလည္း ဇယ္ရာပဲ မဟုတ္လား”


ေဂၚရမ္က ရယ္က်ဲက်ဲျဖင့္ ေခါင္းကုတ္ေလသည္။ ျပီးမွ၊


“ငါက မေတာ္တဆ အမွားတစ္ခု လုပ္မိသြားလို႔ပါ၊ ရုတ္တရက္ ဆုိေတာ့ ဒဏ္ရာရသြားတာ၊ တကယ္က ဒဏ္ရာက ခါတိုင္းဆို က်က္ျပီ၊ ဒီတစ္ခါက် မက်က္လုိက္ဘူး ျဖစ္သြားတာ”


“ဒဏ္ရာ ရမရကို စစ္မယ္ ဆုိမွေတာ့ ဒဏ္ရာအျမန္က်က္ေစႏုိင္တဲ့ ေမွာ္အစြမ္းကို ထိန္းထားႏုိင္တဲ့ တစ္ခုခုကို စီရင္ထားမွာပဲေလ မဟုတ္လား”


“ဒါနဲ႔ပင့္ခ္ မင္း ခက္ခဲခဲ့မွာပဲေနာ္၊ ေမဗယ္လ္က ေအးစက္စက္ၾကီးေလ”


ထိုစကားတြင္ေတာ့ ပင့္ခ္ ေခါင္းယမ္းလုိက္ကာ ခပ္ျမန္ျမန္ ေျပာလုိက္ေလသည္။


“သူက သိထားတာေတြ အမ်ားၾကီးပဲ ျပီးေတာ့ သူမက ေႏြးေထြးပါတယ္”


ခပ္ျမန္ျမန္ေျပာလုိက္ျပီးမွ ေနရာတြင္ ဝင္ထိုင္လုိက္ကာ ပင့္ခ္၏ တစ္ခံုေက်ာ္တြင္ ထုိင္ေနေသာ ေမဗယ္လ္အား ရယ္ျပလုိက္မိေလသည္။ သို႔ေသာ္ တုန္႔ျပန္မႈက မ်က္ႏွာလြဲလိုက္ျခင္းသာ၊


“ဒီေန႔ ဟိုးေန႔တုန္းက ျပိဳင္ပြဲမွာ သံုးသြားတဲ့ က်ိန္စာေတြ အေၾကာင္းကို ေျပာၾကမယ္၊ ျပီးရင္ အေကာင္းဆံုး က်ိန္စာအသက္သြင္းႏုိင္သူကို ငါတို႔ ဆုခ်မယ္”


“ဆုက ဘာဆုလဲဆရာ”


ေဂၚရမ္က သြက္သြက္လက္လက္ျဖင့္ ေမးျမန္းလာသည္။ ဆရာကန္ဆယ္လ္က အိတ္ကပ္အတြင္းမွ နီက်င္က်င္ ေက်ာက္တံုးငယ္ကို ထုတ္ယူလုိက္ျပီးမွ၊


“ဒါဘာလဲ သိတဲ့သူ ရွိလား”


ဆရာကန္ဆယ္လ္က ေမးလုိက္ေတာ့ ေဇာ္ဒီယန္က လက္ေထာင္ျပလိုက္ျပီးမွ၊


“ဒါက တဲအိမ္တစ္ခုလို သံုးလို႔ ရတဲ့ ေနရာတစ္ခု မဟုတ္လား၊ ခရီးသြားရင္ ယူသြားလို႔ ရတယ္”


“အိုေက ဒါက သာမန္ေမွာ္ပစၥည္းေလး တစ္ခုလို႔ မွတ္ထင္ရေပမယ့္ ဒီထက္ထူးဆန္းတာေတြ ရွိေသးတယ္၊ ဘယ္သူ သိႏုိင္မလဲ”


ဇက္က မတ္တပ္ရပ္လိုက္ကာ၊


“အဲ့ဒါက ေနရာအႏွံ႔ကို သြားလာလို႔ ရတဲ့ အထူးခြင့္ျပဳခ်က္ ေက်ာက္တံုးမဟုတ္လား၊ ဒါကို ဒုတိယအလယ္ေခတ္မွာ ေမွာ္ဆရာမ မိုဒီအာက တီထြင္ခဲ့တာ၊ တတိယေခတ္မွာ ေမွာ္ေကာင္စီကို ေပးအပ္ခဲ့ျပီး စတုတၳေခတ္မွာ ဒီမြန္းမ်ိဳးႏြယ္ကို ျငိမ္းခ်မ္းေရးလက္ေဆာင္ အျဖစ္ေပးခဲ့တယ္”


“ဇက္ပန္ဒိုရစ္ကို ဘယ္သူကမ်ား လက္ခုတ္တီးေပးခ်င္လဲ”


ဆရာကန္ဆယ္က ဆိုျပီးေနာက္ ထိုေက်ာက္တံုးကို စားပြဲေပၚသို႔ တင္လုိက္ေလသည္။ အားလံုးေသာ ေက်ာင္းသားမ်ား၏ မ်က္လံုးတို႔က ထိုေက်ာက္တံုးေပၚတြင္ ေရာက္ရွိေနၾကသည္။ ပင့္ခ္အပါအဝင္ဟု ေျပာလွ်င္ ပိုမွန္မည္။ ေမဗယ္လ္ကေတာ့ ထိုေက်ာက္တံုးကို တစ္ခ်က္မွ်သာ ၾကည့္လိုက္ျပီးမွ ဆရာကန္ဆယ္ေရးသားလုိက္ေသာ ေမွာ္က်ိန္စာမ်ားကို လိုက္ဖတ္ေနသည္။


“ဒီေန႔ ရွင္းလင္းမွာက မင္းတို႔ အရင္တစ္ပတ္တုန္းက ေရြးခ်ယ္ အသံုးျပဳခဲ့တဲ့ ေမွာ္က်ိန္စာေတြကို ျပန္ေျပာျပမွာ ျဖစ္တယ္”


ဆရာကန္ဆယ္က ေမွာ္က်ိန္စာတစ္မ်ိဳးစီကို ေရးသားျပီးေနာက္ အေနာက္သို႔ ျပန္လွည့္လာျပီးေနာက္ ကိုင္ေနက် တုတ္ငယ္ေလးကို သူ႔လက္ဖဝါးေပၚတြင္ ကိုင္ထားလုိက္ရင္း၊


“မေန႔တုန္းက မင္းတို႔ အသင္းကိုယ္စီက ေမွာ္သားရဲေတြကို ဖမ္းဆီးခဲ့ၾကတယ္၊ ဘယ္သူက ဘယ္ဂါထာ သံုးခဲ့ၾကတာလဲ ဆုိတာကို နည္းနည္းစီ ျပန္ေျပာျပမယ္၊ အဲ့ဒီအထဲမွာမွ ဘယ္သူ သံုးခဲ့တာက ထိေရာက္ျပီး စြမ္းအား အတိအက်ကို အသံုးျပဳခဲ့တယ္ ဆုိတာကို ထပ္ျပီးေတာ့ ေဆြးေႏြးၾကမယ္”


“ပထမဆံု ပ်ားအံုကို ယူလာတဲ့ သံုးေယာက္က ပထမဆံုး အေနနဲ႔ ေျပာရရင္ ေမွာ္သားရဲ ေရြးခ်ယ္တာ မွားယြင္းပါတယ္၊ ဒါက ကိုယ္ေရြးခ်ယ္ခဲ့တဲ့ အေကာင္ကို ရင္ဆုိင္တာဟာ လဲပဲ မွားယြင္းပါတယ္၊ ပ်ားလိုမ်ိဳး ေမွာ္သားရဲကို ရင္ဆုိင္ရတဲ့အခါ သားရဲက သူ႔ပံုမွန္ အရြယ္အစားပဲ ဆိုရင္ ဒါက လြယ္ကူပါတယ္၊ သူ႔ကို စက်ဴးရီစကတ္ မီးကြင္းဖန္တီးလိုက္ျပီးေတာ့ အသာအယာ ဖမ္းယူပါ၊ ျပီးရင္ ဖန္တီးထားတဲ့ အိတ္တစ္လံုးထဲကို ေကာက္ထည့္လုိက္ပါ၊ ဒါက အလြယ္ကူဆံုးနဲ႔ အထိအခိုက္အနည္းဆံုး ျဖစ္ပါတယ္၊ သံုးေယာက္သား ေမွာ္ဂါထာ ခုႏွစ္ခုေလာက္ ရြတ္ဆိုလုိက္ျပီးေတာ့ အသီးသီး ပ်ားကိုက္ရာ ကိုယ္စီနဲ႔ ျဖစ္လာဖို႔ အေၾကာင္းကို မရွိပါဘူး၊ အေတာ္ဆိုးဆိုးဝါးဝါး ေမွာ္ဂါထာေတြကို ေရြးခ်ယ္မႈပါပဲ”


“ဒုတိယအေနနဲ႔ မက္စ္ဘလူးနဲ႔ ေမးလ္ ႏွစ္ေယာက္လံုးက ေမွာ္သားရဲအေကာင္ၾကီးမ်ိဳးကို ေရြးခ်ယ္ခဲ့ပါတယ္၊ မွားယြင္းတာက ေမွာ္ဂါထာလည္း ျဖစ္တယ္၊ ျပီးေတာ့ တစ္ဦးနဲ႔တစ္ဦး မေစာင့္ေရွာက္ႏုိင္ခဲ့ဘူး၊ ေတာ္ေတာ္ဆိုးဆိုးဝါးဝါးက ေမွာ္သားရဲကိုလည္း ဒဏ္ရာရေအာင္ လုပ္လုိက္ၾကေသးတယ္၊ ေမွာ္ဂါထာသံုးမ်ိဳးလံုးကို အသက္သြင္းႏုိင္ေပမယ့္ ပစ္မွတ္လြဲေခ်ာ္ခဲ့တယ္”


“ေနာက္ ဒီမန္းနဲ႔ လူးရာ၊ အိုရာနဲ႔ ခ်ဲလ္ မင္းတို႔ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ကာကြယ္ေစာင့္ေရွာက္ခ်င္ၾကေပမယ့္ နည္းလမ္းက မွားယြင္းေနခဲ့တယ္၊ ဒီအပတ္ ျပိဳင္ပြဲက မင္းတို႔အတြက္ အေတြ႔အၾကံဳ တစ္ခု ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ ေမွာ္သားရဲေတြကို ရင္ဆုိင္တဲ့အခါက်ရင္ သင့္ေတာ္တဲ့ က်ိန္စာကို အျမန္ဆံုးနည္းနဲ႔ ဆံုးျဖတ္ခ်က္ ခ်ျပီးေတာ့ ျမန္ျမန္တိုက္ခိုက္ႏုိင္မွ မင္းတို႔ေတြက အႏၱာရာယ္က ကင္းလြတ္ႏုိင္မွာ ျဖစ္တယ္၊ ေနာက္ျပီးေတာ့ မင္းတို႔ကို အႏၱာရာယ္ျပဳႏုိင္တဲ့ မသကၤာဖြယ္ လူေတြကိုေရာေပါ့”


ဆရာကန္ဆယ္က အီဆီးဒီးယက္စ္ က်ိန္စာကို ခ်ေရးလုိက္ျပီးေနာက္၊


“ဒီက်ိန္စာကို ႏွစ္ရက္အၾကာ အသက္သြင္းႏုိင္တဲ့သူ ရွိရင္ လက္ေထာင္ပါ”


ေမဗယ္လ္က သက္ေတာင့္သက္သာ ႏုိင္စြာ လက္ေထာင္ခဲ့သလို ေဇာ့္ခ္ကလည္း လက္ေထာင္လာခဲ့ေလသည္။


“အိုေက လက္ကို ခ်ႏုိင္ပါျပီ၊ ေဇာ္ဒီယန္က ဒီက်ိန္စာကို သိတယ္၊ အသက္သြင္းႏိုင္တာလည္း ေသခ်ာေနရဲ႕နဲ႔ ဘာလို႔ ေမွာ္သားရဲကို ဖမ္းတဲ့အခါ တျခားက်ိန္စာကို သံုးခဲ့တာလဲ”


“ရုတ္တရက္ဆိုေတာ့ စိတ္ထဲမွာ ေပၚလာတာကို ပထမဆံုး ေတြးမိျပီး လႈပ္ရွားမိသြားတာမို႔လို႔ပါ”


“အဲ့ဒါပဲ”


ဆရာကန္ဆယ္လ္က ထပ္၍ ဆက္ေျပာလာသည္။


“ေမွာ္ပညာက ဘာသာရပ္ၾကီး ေလးမ်ိဳးထဲမွာ ေမွာ္က်ိန္စာကို အသက္သြင္းျခင္းက အေရးအၾကီးဆံုးနဲ႔ လူတုိင္း လုိက္လုပ္ႏုိင္တာမ်ိဳး၊ ဒါေပမယ့္ တကယ္တမ္း အသံုးခ်တဲ့အခါ ဘာကြာသြားတာလဲ၊ လူတစ္ေယာက္ရဲ႕ လ်င္ျမန္စြာ ေတြးေတာႏုိင္စြမ္းနဲ႔ တိက် ျပတ္သားတဲ့ ဆံုးျဖတ္ႏုိင္မႈ အဲ့ဒါကြာသြားတာပဲ”


ဒီအပတ္ ျပိဳင္ပြဲက ဘာဆို ျပေပးခ်င္တာလဲ ဆုိတာကို အားလံုးက နားလည္စြာႏွင့္ ေခါင္းညိတ္လိုက္ၾကသည္။


“အေတာ္မ်ားမ်ားကေတာ့ အေတြ႔အၾကံဳနဲ႔ ဆိုင္ေပမယ့္ စာဖတ္ျပီးေတာ့ သိရွိလာမႈရယ္၊ ထပ္ခါထပ္ခါ ေလ့က်င့္ႏုိင္မႈကိုလည္း ေလ်ာ့တြက္လို႔ေတာ့ မရဘူး၊ ေမဗယ္လ္ ေက်းဇူးျပဳျပီးေတာ့ စားပြဲေပၚက မင္းရဲ႕ဆုကို လာယူႏုိင္ပါျပီ”


ေမဗယ္လ္က ထိုင္ေနရာမွ ထရပ္လုိက္ျပီးမွ စားပြဲေပၚမွ ေက်ာက္တံုးကို ေကာက္ယူလုိက္ျပီး ပင့္ခ္၏ စားပြဲအေရွ႕သို႔ အေရာက္တြင္ စားပြဲေပၚသို႔ တင္လိုက္ျပီးမွ ခပ္တိုးတိုးေျပာသည္။


“ဒီလို အေရးမပါတဲ့ပစၥည္းေတြ ငါမလိုဘူး”


@@@@@@@@@


ဆက္ရန္--


rate now:

3 Reviews
  • reader KhinWin 01.12.2019, 07:32 5

    Good

    reply

  • reader JuliusJulius 01.12.2019, 06:41 4.8

    So good

    reply

  • reader JuliusJulius 01.12.2019, 06:41 4.8

    So good

    reply