book

Index 27

Part-10.2

Uni

မှော်ဝင်တမ်းချင်း Part-10.2


“မေဗယ်လ် မေဗယ်လ် ဇယ်ရာရော်”


“ဆရာဂီဆန်ဆီ ပို့လိုက်ပြီ”


မေဗယ်လ်က မျက်လုံးပင် မဖွင့်လာပဲနှင့် ဖြေ၏။


“ဘာ! ငါ့ကို ဘာလို့ မပြောတာလဲ၊ အနည်းဆုံးတော့ ငါ့ကို ပြောသင့်သေးတယ်လေ၊ ငါက..”


“ဘယ်သူက မင်းကို ကုလားသေကုလားမော အိပ်နေခိုင်းလဲ၊ ကားရောက်လာတာလည်း မသိ၊ ကားပေါ် ပစ်တင်လိုက်တာလည်း မသိ”


“ငါ သူ့ကိုတောင်မှ မနှုတ်ဆက်ရသေးဘူး မဟုတ်လား”


“နှုတ်ဆက်တာက လိုလို့လား”


“ဘာ မင်းက ဘယ်လိုလူကြီးလဲ၊ လူတွေက တစ်ယောက်နဲ့တစ်ယောက် ခွဲခွာခါနီးကျရင် နှုတ်ဆက်ကြတာပဲ ဟုတ်လား”


“အရေးမပါတာကို လုပ်နေကြတာ”


ပြောပြီးနောက် မျက်လုံးကို တစ်ချက်ဖွင့်လာပြီး ပြန်ပိတ်သွားသည်။ သိပ်မကြာမှီတွင် ကားက ပန်ဒိုရာမြို့တွင်းသို့ ပြန်ရောက်လာပြီးနောက် ပါရာဒိုက်ရဲတိုက်အနောက်ဖက် အပေါက်တွင် ကားကို ထိုးစိုက်လိုက်သည်။ ကားရပ်လိုက်သည်နှင့် ကားတံခါးက အလိုလျှောက်ပွင့်လာခဲ့သည်။ မေဗယ်လ်က ပင့်ခ်ကိုယ်ပေါ်မှ သူ့အကျႌကို ပြနလည် ဆွဲယူလိုက်ပြီးနောက် ပါရာဒိုက်ရဲတိုက်အတွင်းသို့ လှမ်းဝင်သွားတော့သည်။


ပင့်ခ်မှာသာ ဇယ်ရာကို မနှုတ်ဆက်လိုက်ရ၍ ဝမ်းနည်းနေပြီး ကားပေါ်မှ ကမန်းကတမ်း ဆင်းလိုက်ကာ အနောက်မှ ခပ်သုတ်သုတ် လိုက်ပါသွားမိသည်။ ဆရာကန်ဆယ်လ်က ရပ်စောင့်နေပြီး မေဗယ့်လ်ကို တွေ့လိုက်တော့ လက်ခုတ်တီးကာ ကြိုဆိုလေသည်။


“မင်းတို့ နှစ်ယောက်စလုံးက ပထမဆုံး ရောက်တဲ့အသင်းပဲ၊ ဒဏ်ရာလည်း ကင်းတယ်၊ ဖမ်းလာတဲ့ မှော်သားရဲကလည်း အင်း.. အမှတ်က လေးမှတ်ခွဲတောင်မှ ပေးထားတဲ့ အကောင်ပဲ”


“မင်းတို့ နှစ်ယောက်လုံး ကိုးမှတ်ခွဲစီ ရမယ်၊ ဆယ်မှတ်ပေးထားတာ ကိုးမှတ်ခွဲစီ ဆိုတော့ တော်တော်အဆင့်မြင့်တယ်လို့ နားလည်ထားလို့ ရတယ်”


အဲ့ဒီချီးကျူးစကားကြီးက ပင့်ခ်နဲ့ မသက်ဆိုင်ဘူး ဆိုပေမယ့် ပင့်ခ်မှာ အဲ့လို အသင်းသားကောင်း ရှိတဲ့အတွက် နည်းနည်းတော့ ကျေနပ်ရသေးသည်။ သို့သော် ဆရာကန်ဆယ်က ဆက်၍ ပြောလာ၏။


“နောက်တစ်ခါကျရင် ပြိုင်ပွဲက မတူတော့ဘူး၊ တစ်ဦးတစ်ယောက်စီမှာ မှီခိုနေလို့ မရတဲ့ ပြိုင်ပွဲဖြစ်လိမ့်မယ်”


မသိလျှင် ထိုစကားကြီးက ပင့်ခ်ကို တည့်တည့်ကြီး ပြောလိုက်သည့်အတိုင်းပင်၊ မေဗယ်လ်က ကျောင်းခန်းမအတွင်းဝယ် ပြန်လည်ရောက်ရှိကြောင်း လက်မှတ်ရေးထိုးပြီးနောက် အပေါ်ဆုံးထပ်သို့ နာမ်ရွေ့ကာ ရောက်သွားလေတော့၏။ မမေ့မလျော့ပင် သူနေသော အထပ်တစ်ခြမ်းအား အမှောင်စက်ကွင်း ပြုလုပ်ဖို့လည်း မမေ့ပေ။


ပင့်ခ်တစ်လှမ်းချင်း အပေါ်သို့ တက်လာပြီးနောက် ပန်းရောင်များ လွှမ်းနေသော အိပ်ရာခန်းအတွင်းသို့ ဝင်လိုက်ကာ လွမ်းလှပြီ ဖြစ်သော အိပ်ရာလေးပေါ်သို့ တက်ကာ ခွေခွေလေး လှဲလျောင်းလိုက်တော့သည်။ ဒီနှစ်ရက်ကျော်သုံးရက်လေး တောထဲမှာ လျှောက်သွားနေခဲ့ရတာက တကယ့်ကို ပင်ပန်းလွန်းလှသည်။


“မစ်ကီ ငါအရမ်း ပင်ပန်းလာတယ်”


“ကျွီ့ကျွီ”


မစ်ကီက ပင့်ခ်ကို လှမ်းကြည့်ရင်းမှ စားပွဲပေါ်သို့ ခုန်တက်လိုက်ကာ အမူအရာ လုပ်ပြလေသည်။ ဒါက မစ်ကီနှင့် ပင့်ခ်နဲ့ ကြားက ဆက်သွယ်ချက် ဖြစ်ကာ ဘယ်သူမှ နားလည်နိုင်မည် မဟုတ်ပေ။ မစ်ကီက ပင့်ခ်ကို ပြောလာသည်မှာ အရမ်းပင်ပန်းလာတဲ့သူက ကျိန်စာလေး တစ်ခုတောင်မှ အသက်မသွင်းခဲ့ပဲနဲ့ဟု ဆိုသည်။ ပင့်ခ် အလန့်တကြားဖြင့် မစ်ကီကို ထထိုင်ကြည့်လိုက်ပြီးနောက်၊


“အဲ့ဒါကို မင်း ဘယ်လို သိတာလဲ”


မစ်ကီက ထပ်မံ၍ အမူအရာကို လုပ်ပြပြန်သည်။ သူတို့ စောင့်ကြည့်ရေပြင်ကနေ စောင့်ကြည့်နေသည်ဟု ဆိုသည်။ အားလုံးကို မြင်ရသည်ဟု ဆိုသည်။ ဆရာတွေ အားလုံးက မေဗယ့်လ်ကို အံ့သြကြသည်ဟုပါ ဆိုသေး၏။ မေဗယ်လ်ပြောထားတာ မှန်သားပဲ၊ သူတို့ စောင့်ကြည့်နေကြတာပဲ၊


“ဘာပဲဖြစ်ဖြစ် ငါပင်ပန်းလာတယ်၊ အိပ်ရာကိုလည်း လွမ်းနေပြီ”


ပင့်ခ် ကုတင်ပေါ်မှ ဝမ်းလျားမှောက်လဲလိုက်ပြီးမှ အိပ်ရာကို လက်ဖြင့် ပွတ်သပ်လိုက်သေးကာ၊


“အား တကယ် လွမ်းတာပဲ”


ပင့်ခ် နောက်ထပ်တစ်ကြိမ် မျက်လုံးတွေ မှေးမှိတ်သွားတော့သည်။ မေဗယ်လ်နှင့် ပင့်ခ်က တတိယရက်တွင် ပြန်လာနိုင်သော်လည်း ဇော်ဒီယန်နှင့် ဂေါ်ရမ်က နောက်ထပ်တစ်ရက်တွင် ပြန်ရောက်လာနိုင်သည်။ ရရှိလာသော မှော်သားရဲက လင်းယုန် ဖြစ်ပြီး စူးရှတောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ ထိုမှော်သားရဲလင်းယုန်အတွက် ဆရာကန်ဆယ်လ်က အမှတ်လေးမှတ်ခွဲ ပေးခဲ့သည်။


သို့သော် ဇော်ဒီယန်က ဒဏ်ရာမရသော်လည်း ဂေါ်ရမ်က ပွန်းပဲ့ဒဏ်ရာအနည်းငယ် ရရှိခဲ့သဖြင့် ဇော်ဒီယန်က အမှတ်တစ်မှတ်လျော့သွားကာ ရှစ်မှတ်ခွဲသာ ရတော့သည်။ ဂေါ်ရမ်ကတော့ ဇော်ဒီယန်ကို ဒဏ်ရာမရအောင် စောင့်ရှောက်နိုင်မှုကြောင့် အမှတ်ငါးမှတ်အပြည့်သည့်အတွက် ပင့်ခ်တို့နှင့် အမှတ်အတူတူ ရလေသည်။ ခပ်အေးအေး အပြုံးချိုချိုနှင့် ဂေါ်ရမ်က ပင့်ခ်ကိုတွေ့တော့ အံ့အားသင့်သော ဟန်ပန်ဖြင့် လက်ပြနှုတ်ဆက်လေသည်။ ပင့်ခ်အနောက်တွင် ရေဘူးကိုင်ကာ ရပ်နေသော မေဗယ့်လ်ကိုပါ နှုတ်ဆက်သော်လည်း မေဗယ်လ်က တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ထိုလက်ပြနေမှုအား မမြင်လိုက်သည့်အလား လျစ်လျူရှုလိုက်လေသည်။


နောက်ထပ်တစ်ရက် မနက်အစောတွင် လူးရာနှင့် ဒီမန်းက ရောက်ရှိလာပြီး မေဗယ်လ်ရှိသော နေရာသို့ ခုန်ပျံတော့မတတ် သွားသည်တွင် မေဗယ်လ်၏ အမှောင်စည်းအတွင်း ပိတ်မိနေကာ ထိုနေရာမှ မထွက်လာနိုင်တော့ပေ။ ပင့်ခ် ထိုကိစ္စတွင် ဝင်မပါရန် ဆုံးဖြတ်လိုက်ပြီးမှ ကိုယ့်အခန်းအတွင်းသို့ ကိုယ် ပြန်ဝင်လာခဲ့တော့သည်။ လူးရာတို့အသင်းက ရေလိပ်တစ်ကောင်ကို ဖမ်းမိလာပြီး ထိုရေလိပ်က မှော်အစွမ်းကို ကာကွယ်နိုင်သော သန်မာသည့် အခွံရှိသည်ဟု ဆရာကန်ဆယ်ကတော့ ပြောသည်။ သို့သော် မှော်သားရဲအတွက် အမှတ်ကို သုံးမှတ်သာပေးလေသည်။ ထို့အတွက် ဒီမန်းနှင့် လူးရာအား တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်နိုင်မှုကလည်း လိုအပ်သည်ဟု ဆရာကန်ဆယ်က သတ်မှတ်ချက် ပေးပြီးနောက် တစ်ဦးကို ခြောက်မှတ်စီသာ ရလေသည်။


နေ့လည်ကျတော့ ဇက်နှင့် ဂျီနိုက ရောက်လာပြီး ရှုးပျံပေါက်စ တစ်ကောင်ကို ဖမ်းယူလာလေသည်။ ထိုသားရဲအတွက် လေးမှတ်အတိရပြီး တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်မှုတွင် လေးမှတ်စီရ၍ ဇက်နှင့် ဂျီနိုက ပွန်းပဲ့ရာ အနည်းငယ်စီနှင့် ရှစ်မှတ်စီ ရလေသည်။


ညနေပိုင်းကျတော့ မှင်စာလေး အိုရာနှင့် ချဲလ်က ပြန်ရောက်လာပြီး အသားစား ယုန်တစ်ကောင်ကို ဖမ်းမိလာလေသည်။ ထိုယုန်က ရှုးပျံနှင့် အမှတ်အတူတူ ဖြစ်သောလည်း သူတို့က အတော်လေး အားထုတ်ခဲ့ရဟန် တူသည်။ အတော်အတန် ဒဏ်ရာများ ရရှိလာသဖြင့် ဆရာကန်ဆယ်က နှစ်ဦးသားကို ငါးမှတ်ခွဲစီသာ ပေး၏။


ခြောက်ရက်မြောက်နေ့တွင်မူ မေးလ်နှင့် မက်စ်ဘလူးက ရောက်ရှိလာသည်။ မေးလ်ထံတွင် ဒဏ်ရာများ ရှိနေသော်လည်း မက်စ်ဘလူးထံတွင် ဒဏ်ရာရရှိမှု နည်းပါးသဖြင့် ဆရာကန်ဆယ်က မက်စ်ဘလူးအား သုံးမှတ်တိတိလျော့ချ ပစ်လိုက်သည်တွင် ဆရာကန်ဆယ်အား မက်စ်ဘလူးက အခြေအတင် စကားဆိုလေသည်။ မေးလ်နှင့် မက်စ်ဘလူးက ဝံတစ်ကောင်ကို ဖမ်းလာခြင်း ဖြစ်ပြီး ထိုဝံအား ကြိုးများနှင့် တုတ်နှောင်ကာ ဖမ်းလာခြင်းကြောင့် မေးလ်အား ထိခိုက်မိခြင်းက ပိုများလေသည်။ ထိုဝံအတွက် ဆရာကန်ဆယ်က လေးမှတ်ခွဲ ပေးသော်လည်း မေးလ်နှင့် မက်စ်ဘလူးဆို့၏ အသင်းလိုက် လုပ်ဆောင်နိုင်စွမ်းဟ အောက်ဆုံးအဆင့်မှာသာ ရှိသည်ဟု ပြောကြားခဲ့ပြီး မေးလ်အား ရှစ်မှတ်ခွဲနှင့် မက်စ်ဘလူးအား ခုနှစ်မှတ်ခွဲသာ ပေးခဲ့သည်။


ခုနှစ်ရက်နေ့မြောက်တွင် သုံးယောက်တစ်သင်း ဖြစ်သော ခရော့ခ်၊ အာရာယ်နှင့် လော်ရာတို့ ရောက်လာခဲ့ပြီး ပျားအုံတစ်ခုကို ယူဆောင်လာခဲ့ကြလေသည်။ သုံးဦးသားက ပျားကိုက်ရာများနှင့် ဖြစ်နေ၍ ပင့်ခ်ခမျာ ငယ်ကတည်းက မခင်သော်လည်း သိလာသော လော်ရာကို သနားမိရသေး၏။ ဆရာကန်ဆယ်က သူတို့ သုံးဦးလုံးကို အသင်းအဖွဲ့အပေါ် စောင့်ရှောက်နိုင်မှု အားနှစ်မှတ်စီ လျော့ချလိုက်ကာ ပျားအုံကို ဖမ်းယူလာနိုင်ခြင်းကို သုံးမှတ်ပေးလိုက်လေသည်။ ထိုတွင် သူတို့သုံးဦးလုံးက ခြောက်မှတ်စီ ရရှိကြပြီးနောက် ပင့်ခ်တို့ ပြိုင်ပွဲက ပြီးဆုံးသွားလေသည်။


နောက်ရက် သင်တန်းတွင် ဆရာကန်ဆယ်လ်က ရဲတိုက်၏တံခါးဝတွင် တစ်ဦးချင်းစီ၏ ရမှတ်များကို ကြေငြာထားလေသည်။ မေဗယ်လ်၊ ပင့်ခ်နှင့် ဂေါ်ရမ်က အမှတ်အများဆုံး ဖြစ်ကာ နာမည်များက ထိပ်ဆုံးတွင် တက်နေလေသည်။ မေဗယ်လ်က ထိုကြေငြာထားမှုကို တစ်ချက်သာ ကြည့်ပြီးနောက် ချာခနဲ လှည့်ထွက်သွားလေသည်။ ဂေါ်ရမ်က အနားသို့ ရောက်လာပြီးနောက် ပင့်ခ်အား မေးလေသည်။


“ဟေး မင်းတို့ မှော်သားရဲကို ဖမ်းတုန်းက ဘယ်ဂါထာကို သုံးခဲ့တာလဲ”


“အီဆီးဒီးယက်စ်”


“ဟာ ဖြစ်နိုင်လို့လား၊ အဲ့ဒီသားရဲကို ဖမ်းဖို့က ဒီတောကောင်ဖမ်းတဲ့ လှောင်ချိုင့်နဲ့ ပြီးရင် အကြာကြီး အသက်ဝင်ဖို့ ဆိုတာက..”


“သူမက မေဗယ်လ်လေ”


Zawgyi


ေမွာ္ဝင္တမ္းခ်င္း Part-10.2


“ေမဗယ္လ္ ေမဗယ္လ္ ဇယ္ရာေရာ္”


“ဆရာဂီဆန္ဆီ ပို႔လုိက္ျပီ”


ေမဗယ္လ္က မ်က္လံုးပင္ မဖြင့္လာပဲႏွင့္ ေျဖ၏။


“ဘာ! ငါ့ကို ဘာလို႔ မေျပာတာလဲ၊ အနည္းဆံုးေတာ့ ငါ့ကို ေျပာသင့္ေသးတယ္ေလ၊ ငါက..”


“ဘယ္သူက မင္းကို ကုလားေသကုလားေမာ အိပ္ေနခိုင္းလဲ၊ ကားေရာက္လာတာလည္း မသိ၊ ကားေပၚ ပစ္တင္လုိက္တာလည္း မသိ”


“ငါ သူ႔ကိုေတာင္မွ မႏႈတ္ဆက္ရေသးဘူး မဟုတ္လား”


“ႏႈတ္ဆက္တာက လိုလို႔လား”


“ဘာ မင္းက ဘယ္လိုလူၾကီးလဲ၊ လူေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ခြဲခြာခါနီးက်ရင္ ႏႈတ္ဆက္ၾကတာပဲ ဟုတ္လား”


“အေရးမပါတာကို လုပ္ေနၾကတာ”


ေျပာျပီးေနာက္ မ်က္လံုးကို တစ္ခ်က္ဖြင့္လာျပီး ျပန္ပိတ္သြားသည္။ သိပ္မၾကာမွီတြင္ ကားက ပန္ဒိုရာျမိဳ႕တြင္းသို႔ ျပန္ေရာက္လာျပီးေနာက္ ပါရာဒိုက္ရဲတုိက္အေနာက္ဖက္ အေပါက္တြင္ ကားကို ထိုးစိုက္လိုက္သည္။ ကားရပ္လုိက္သည္ႏွင့္ ကားတံခါးက အလိုေလွ်ာက္ပြင့္လာခဲ့သည္။ ေမဗယ္လ္က ပင့္ခ္ကိုယ္ေပၚမွ သူ႔အက်ႌကုိ ျပနလည္ ဆြဲယူလုိက္ျပီးေနာက္ ပါရာဒိုက္ရဲတုိက္အတြင္းသို႔ လွမ္းဝင္သြားေတာ့သည္။


ပင့္ခ္မွာသာ ဇယ္ရာကို မႏႈတ္ဆက္လုိက္ရ၍ ဝမ္းနည္းေနျပီး ကားေပၚမွ ကမန္းကတမ္း ဆင္းလုိက္ကာ အေနာက္မွ ခပ္သုတ္သုတ္ လုိက္ပါသြားမိသည္။ ဆရာကန္ဆယ္လ္က ရပ္ေစာင့္ေနျပီး ေမဗယ့္လ္ကို ေတြ႔လုိက္ေတာ့ လက္ခုတ္တီးကာ ၾကိဳဆိုေလသည္။


“မင္းတို႔ ႏွစ္ေယာက္စလံုးက ပထမဆံုး ေရာက္တဲ့အသင္းပဲ၊ ဒဏ္ရာလည္း ကင္းတယ္၊ ဖမ္းလာတဲ့ ေမွာ္သားရဲကလည္း အင္း.. အမွတ္က ေလးမွတ္ခြဲေတာင္မွ ေပးထားတဲ့ အေကာင္ပဲ”


“မင္းတို႔ ႏွစ္ေယာက္လံုး ကိုးမွတ္ခြဲစီ ရမယ္၊ ဆယ္မွတ္ေပးထားတာ ကိုးမွတ္ခြဲစီ ဆုိေတာ့ ေတာ္ေတာ္အဆင့္ျမင့္တယ္လို႔ နားလည္ထားလို႔ ရတယ္”


အဲ့ဒီခ်ီးက်ဴးစကားၾကီးက ပင့္ခ္နဲ႔ မသက္ဆုိင္ဘူး ဆိုေပမယ့္ ပင့္ခ္မွာ အဲ့လို အသင္းသားေကာင္း ရွိတဲ့အတြက္ နည္းနည္းေတာ့ ေက်နပ္ရေသးသည္။ သို႔ေသာ္ ဆရာကန္ဆယ္က ဆက္၍ ေျပာလာ၏။


“ေနာက္တစ္ခါက်ရင္ ျပိဳင္ပြဲက မတူေတာ့ဘူး၊ တစ္ဦးတစ္ေယာက္စီမွာ မွီခိုေနလို႔ မရတဲ့ ျပိဳင္ပြဲျဖစ္လိမ့္မယ္”


မသိလွ်င္ ထုိစကားၾကီးက ပင့္ခ္ကို တည့္တည့္ၾကီး ေျပာလိုက္သည့္အတုိင္းပင္၊ ေမဗယ္လ္က ေက်ာင္းခန္းမအတြင္းဝယ္ ျပန္လည္ေရာက္ရွိေၾကာင္း လက္မွတ္ေရးထိုးျပီးေနာက္ အေပၚဆံုးထပ္သို႔ နာမ္ေရြ႕ကာ ေရာက္သြားေလေတာ့၏။ မေမ့မေလ်ာ့ပင္ သူေနေသာ အထပ္တစ္ျခမ္းအား အေမွာင္စက္ကြင္း ျပဳလုပ္ဖို႔လည္း မေမ့ေပ။


ပင့္ခ္တစ္လွမ္းခ်င္း အေပၚသို႔ တက္လာျပီးေနာက္ ပန္းေရာင္မ်ား လႊမ္းေနေသာ အိပ္ရာခန္းအတြင္းသို႔ ဝင္လိုက္ကာ လြမ္းလွျပီ ျဖစ္ေသာ အိပ္ရာေလးေပၚသို႔ တက္ကာ ေခြေခြေလး လွဲေလ်ာင္းလုိက္ေတာ့သည္။ ဒီႏွစ္ရက္ေက်ာ္သံုးရက္ေလး ေတာထဲမွာ ေလွ်ာက္သြားေနခဲ့ရတာက တကယ့္ကို ပင္ပန္းလြန္းလွသည္။


“မစ္ကီ ငါအရမ္း ပင္ပန္းလာတယ္”


“ကၽြီ႕ကၽြီ”


မစ္ကီက ပင့္ခ္ကို လွမ္းၾကည့္ရင္းမွ စားပြဲေပၚသို႔ ခုန္တက္လိုက္ကာ အမူအရာ လုပ္ျပေလသည္။ ဒါက မစ္ကီႏွင့္ ပင့္ခ္နဲ႔ ၾကားက ဆက္သြယ္ခ်က္ ျဖစ္ကာ ဘယ္သူမွ နားလည္ႏုိင္မည္ မဟုတ္ေပ။ မစ္ကီက ပင့္ခ္ကို ေျပာလာသည္မွာ အရမ္းပင္ပန္းလာတဲ့သူက က်ိန္စာေလး တစ္ခုေတာင္မွ အသက္မသြင္းခဲ့ပဲနဲ႔ဟု ဆိုသည္။ ပင့္ခ္ အလန္႔တၾကားျဖင့္ မစ္ကီကို ထထိုင္ၾကည့္လုိက္ျပီးေနာက္၊


“အဲ့ဒါကို မင္း ဘယ္လုိ သိတာလဲ”


မစ္ကီက ထပ္မံ၍ အမူအရာကို လုပ္ျပျပန္သည္။ သူတို႔ ေစာင့္ၾကည့္ေရျပင္ကေန ေစာင့္ၾကည့္ေနသည္ဟု ဆိုသည္။ အားလံုးကို ျမင္ရသည္ဟု ဆိုသည္။ ဆရာေတြ အားလံုးက ေမဗယ့္လ္ကို အံ့ၾသၾကသည္ဟုပါ ဆိုေသး၏။ ေမဗယ္လ္ေျပာထားတာ မွန္သားပဲ၊ သူတို႔ ေစာင့္ၾကည့္ေနၾကတာပဲ၊


“ဘာပဲျဖစ္ျဖစ္ ငါပင္ပန္းလာတယ္၊ အိပ္ရာကိုလည္း လြမ္းေနျပီ”


ပင့္ခ္ ကုတင္ေပၚမွ ဝမ္းလ်ားေမွာက္လဲလုိက္ျပီးမွ အိပ္ရာကို လက္ျဖင့္ ပြတ္သပ္လိုက္ေသးကာ၊


“အား တကယ္ လြမ္းတာပဲ”


ပင့္ခ္ ေနာက္ထပ္တစ္ၾကိမ္ မ်က္လံုးေတြ ေမွးမွိတ္သြားေတာ့သည္။ ေမဗယ္လ္ႏွင့္ ပင့္ခ္က တတိယရက္တြင္ ျပန္လာႏိုင္ေသာ္လည္း ေဇာ္ဒီယန္ႏွင့္ ေဂၚရမ္က ေနာက္ထပ္တစ္ရက္တြင္ ျပန္ေရာက္လာႏုိင္သည္။ ရရွိလာေသာ ေမွာ္သားရဲက လင္းယုန္ ျဖစ္ျပီး စူးရွေတာက္ပေသာ မ်က္လံုးမ်ားကို ပိုင္ဆုိင္ထားသည္။ ထိုေမွာ္သားရဲလင္းယုန္အတြက္ ဆရာကန္ဆယ္လ္က အမွတ္ေလးမွတ္ခြဲ ေပးခဲ့သည္။


သို႔ေသာ္ ေဇာ္ဒီယန္က ဒဏ္ရာမရေသာ္လည္း ေဂၚရမ္က ပြန္းပဲ့ဒဏ္ရာအနည္းငယ္ ရရွိခဲ့သျဖင့္ ေဇာ္ဒီယန္က အမွတ္တစ္မွတ္ေလ်ာ့သြားကာ ရွစ္မွတ္ခြဲသာ ရေတာ့သည္။ ေဂၚရမ္ကေတာ့ ေဇာ္ဒီယန္ကို ဒဏ္ရာမရေအာင္ ေစာင့္ေရွာက္ႏုိင္မႈေၾကာင့္ အမွတ္ငါးမွတ္အျပည့္သည့္အတြက္ ပင့္ခ္တို႔ႏွင့္ အမွတ္အတူတူ ရေလသည္။ ခပ္ေအးေအး အျပံဳးခ်ိဳခ်ိဳႏွင့္ ေဂၚရမ္က ပင့္ခ္ကိုေတြ႔ေတာ့ အံ့အားသင့္ေသာ ဟန္ပန္ျဖင့္ လက္ျပႏႈတ္ဆက္ေလသည္။ ပင့္ခ္အေနာက္တြင္ ေရဘူးကိုင္ကာ ရပ္ေနေသာ ေမဗယ့္လ္ကိုပါ ႏႈတ္ဆက္ေသာ္လည္း ေမဗယ္လ္က တစ္ခ်က္သာ ၾကည့္လုိက္ျပီးေနာက္ ထိုလက္ျပေနမႈအား မျမင္လိုက္သည့္အလား လ်စ္လ်ဴရႈလိုက္ေလသည္။


ေနာက္ထပ္တစ္ရက္ မနက္အေစာတြင္ လူးရာႏွင့္ ဒီမန္းက ေရာက္ရွိလာျပီး ေမဗယ္လ္ရွိေသာ ေနရာသို႔ ခုန္ပ်ံေတာ့မတတ္ သြားသည္တြင္ ေမဗယ္လ္၏ အေမွာင္စည္းအတြင္း ပိတ္မိေနကာ ထုိေနရာမွ မထြက္လာႏုိင္ေတာ့ေပ။ ပင့္ခ္ ထိုကိစၥတြင္ ဝင္မပါရန္ ဆံုးျဖတ္လုိက္ျပီးမွ ကိုယ့္အခန္းအတြင္းသို႔ ကိုယ္ ျပန္ဝင္လာခဲ့ေတာ့သည္။ လူးရာတို႔အသင္းက ေရလိပ္တစ္ေကာင္ကို ဖမ္းမိလာျပီး ထိုေရလိပ္က ေမွာ္အစြမ္းကို ကာကြယ္ႏုိင္ေသာ သန္မာသည့္ အခြံရွိသည္ဟု ဆရာကန္ဆယ္ကေတာ့ ေျပာသည္။ သို႔ေသာ္ ေမွာ္သားရဲအတြက္ အမွတ္ကို သံုးမွတ္သာေပးေလသည္။ ထို႔အတြက္ ဒီမန္းႏွင့္ လူးရာအား တစ္ဦးႏွင့္တစ္ဦး ေစာင့္ေရွာက္ႏုိင္မႈကလည္း လိုအပ္သည္ဟု ဆရာကန္ဆယ္က သတ္မွတ္ခ်က္ ေပးျပီးေနာက္ တစ္ဦးကို ေျခာက္မွတ္စီသာ ရေလသည္။


ေန႔လည္က်ေတာ့ ဇက္ႏွင့္ ဂ်ီႏိုက ေရာက္လာျပီး ရႈးပ်ံေပါက္စ တစ္ေကာင္ကို ဖမ္းယူလာေလသည္။ ထိုသားရဲအတြက္ ေလးမွတ္အတိရျပီး တစ္ဦးႏွင့္တစ္ဦး ေစာင့္ေရွာက္မႈတြင္ ေလးမွတ္စီရ၍ ဇက္ႏွင့္ ဂ်ီႏိုက ပြန္းပဲ့ရာ အနည္းငယ္စီႏွင့္ ရွစ္မွတ္စီ ရေလသည္။


ညေနပိုင္းက်ေတာ့ မွင္စာေလး အိုရာႏွင့္ ခ်ဲလ္က ျပန္ေရာက္လာျပီး အသားစား ယုန္တစ္ေကာင္ကို ဖမ္းမိလာေလသည္။ ထုိယုန္က ရႈးပ်ံႏွင့္ အမွတ္အတူတူ ျဖစ္ေသာလည္း သူတို႔က အေတာ္ေလး အားထုတ္ခဲ့ရဟန္ တူသည္။ အေတာ္အတန္ ဒဏ္ရာမ်ား ရရွိလာသျဖင့္ ဆရာကန္ဆယ္က ႏွစ္ဦးသားကို ငါးမွတ္ခြဲစီသာ ေပး၏။


ေျခာက္ရက္ေျမာက္ေန႔တြင္မူ ေမးလ္ႏွင့္ မက္စ္ဘလူးက ေရာက္ရွိလာသည္။ ေမးလ္ထံတြင္ ဒဏ္ရာမ်ား ရွိေနေသာ္လည္း မက္စ္ဘလူးထံတြင္ ဒဏ္ရာရရွိမႈ နည္းပါးသျဖင့္ ဆရာကန္ဆယ္က မက္စ္ဘလူးအား သံုးမွတ္တိတိေလ်ာ့ခ် ပစ္လုိက္သည္တြင္ ဆရာကန္ဆယ္အား မက္စ္ဘလူးက အေျခအတင္ စကားဆိုေလသည္။ ေမးလ္ႏွင့္ မက္စ္ဘလူးက ဝံတစ္ေကာင္ကို ဖမ္းလာျခင္း ျဖစ္ျပီး ထိုဝံအား ၾကိဳးမ်ားႏွင့္ တုတ္ေႏွာင္ကာ ဖမ္းလာျခင္းေၾကာင့္ ေမးလ္အား ထိခိုက္မိျခင္းက ပိုမ်ားေလသည္။ ထိုဝံအတြက္ ဆရာကန္ဆယ္က ေလးမွတ္ခြဲ ေပးေသာ္လည္း ေမးလ္ႏွင့္ မက္စ္ဘလူးဆို႔၏ အသင္းလုိက္ လုပ္ေဆာင္ႏိုင္စြမ္းဟ ေအာက္ဆံုးအဆင့္မွာသာ ရွိသည္ဟု ေျပာၾကားခဲ့ျပီး ေမးလ္အား ရွစ္မွတ္ခြဲႏွင့္ မက္စ္ဘလူးအား ခုႏွစ္မွတ္ခြဲသာ ေပးခဲ့သည္။


ခုႏွစ္ရက္ေန႔ေျမာက္တြင္ သံုးေယာက္တစ္သင္း ျဖစ္ေသာ ခေရာ့ခ္၊ အာရာယ္ႏွင့္ ေလာ္ရာတို႔ ေရာက္လာခဲ့ျပီး ပ်ားအံုတစ္ခုကို ယူေဆာင္လာခဲ့ၾကေလသည္။ သံုးဦးသားက ပ်ားကိုက္ရာမ်ားႏွင့္ ျဖစ္ေန၍ ပင့္ခ္ခမ်ာ ငယ္ကတည္းက မခင္ေသာ္လည္း သိလာေသာ ေလာ္ရာကို သနားမိရေသး၏။ ဆရာကန္ဆယ္က သူတို႔ သံုးဦးလံုးကို အသင္းအဖြဲ႔အေပၚ ေစာင့္ေရွာက္ႏုိင္မႈ အားႏွစ္မွတ္စီ ေလ်ာ့ခ်လိုက္ကာ ပ်ားအံုကို ဖမ္းယူလာႏုိင္ျခင္းကို သံုးမွတ္ေပးလိုက္ေလသည္။ ထိုတြင္ သူတို႔သံုးဦးလံုးက ေျခာက္မွတ္စီ ရရွိၾကျပီးေနာက္ ပင့္ခ္တို႔ ျပိဳင္ပြဲက ျပီးဆံုးသြားေလသည္။


ေနာက္ရက္ သင္တန္းတြင္ ဆရာကန္ဆယ္လ္က ရဲတိုက္၏တံခါးဝတြင္ တစ္ဦးခ်င္းစီ၏ ရမွတ္မ်ားကို ေၾကျငာထားေလသည္။ ေမဗယ္လ္၊ ပင့္ခ္ႏွင့္ ေဂၚရမ္က အမွတ္အမ်ားဆံုး ျဖစ္ကာ နာမည္မ်ားက ထိပ္ဆံုးတြင္ တက္ေနေလသည္။ ေမဗယ္လ္က ထိုေၾကျငာထားမႈကို တစ္ခ်က္သာ ၾကည့္ျပီးေနာက္ ခ်ာခနဲ လွည့္ထြက္သြားေလသည္။ ေဂၚရမ္က အနားသို႔ ေရာက္လာျပီးေနာက္ ပင့္ခ္အား ေမးေလသည္။


“ေဟး မင္းတို႔ ေမွာ္သားရဲကုိ ဖမ္းတုန္းက ဘယ္ဂါထာကို သံုးခဲ့တာလဲ”


“အီဆီးဒီးယက္စ္”


“ဟာ ျဖစ္ႏုိင္လို႔လား၊ အဲ့ဒီသားရဲကို ဖမ္းဖို႔က ဒီေတာေကာင္ဖမ္းတဲ့ ေလွာင္ခ်ိဳင့္နဲ႔ ျပီးရင္ အၾကာၾကီး အသက္ဝင္ဖို႔ ဆုိတာက..”


“သူမက ေမဗယ္လ္ေလ”


rate now:

1 Reviews
  • reader KhinWin 01.12.2019, 07:31 5

    Good

    reply