Uni
မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း
Part-10.1
“ငါးကင်မယ်”
မနေ့တုန်းက ပင့်ခ်ကို မီးမွှေးလို့ မရဘူးဟု ပြောခဲ့တာကို အမှတ်ရမိပြီး ပင့်ခ် မကျေမချမ်း ဖြစ်သွားသည်။ အခုကျတော့ မီးမွှေးလို့ ရနေပြီးတော့၊ မေဗယ်လ်က မီးမွှေးကာ ငါးကို သစ်ချောင်းဖြင့် ထိုးကင်ရန် ပြင်ဆင်နေရင်းက ပင့်ခ်ဘက်ကို တစ်ချက် လှည့်ကြည့်လာပြီးနောက် ပင့်ခ်တွေးလိုက်သည်ကို သိနှင့်သွားသည့်အလား၊
“မနေ့တုန်းက ငါ ကျူးရပ်စ်ကို ဆင့်ခေါ်ရအုံးမယ် ပြီးတော့ မှော်သားရဲတစ်ကောင်ကိုလည်း ဖမ်းရအုံးမယ်၊ မှားယွင်းမှု ဖြစ်လာနိုင်လား မဖြစ်လာနိုင်ဘူးလား ဆိုတာကို ငါမသိဘူး၊ ငါ့မှော်စွမ်းအားကို အများကြီး အသုံးမချနိုင်ဘူး၊ အမှောင်မြူခိုးတွေကို သိပ်သည်းဆများအောင် ဖန်တီးလေလေ ပါရမီမှော်အစွမ်းက ပိုပြီးတော့ လျော့နည်းလာလေလေပဲ၊ မလိုအပ်ပဲ မသုံးတာ ပိုကောင်းတယ်”
ငါးကို မီးနှင့် ကင်နေရင်းက သေသေချာချာကို ရှင်းလင်း ပြောကြားနေသည်။ ထိုအချိန်အတွင်း မေဗယ်လ်က ကလေးငယ်တစ်ဦးကို သင်ကြားပေးနေခြင်းနှင့် ဆင်တူနေပြီး၊ ဒါမှမဟုတ် မသိသေးတဲ့ ညီမငယ်လေး တစ်ဦးကို စိတ်ရှည်လက်ရှည် သင်ပြပေးနေတာနှင့်လည်း ဆင်တူနေသည်။
မီးမြည်သံ တဖျစ်ဖျစ်နှင့်အတူ ငါးကင်၏ရနံ့က မွှေးပျံ့လာသည်။ မေဗယ်လ်က အကျႌလက်အတွင်းမှ အိတ်ငယ်လေးကို နှိုက်လိုက်တော့ ဆားအိတ်အသေးလေး တစ်အိတ် ပါလာသည်။ ငါးကင်ကို ဆွဲယူလိုက်ကာ အသေအချာ ကြည့်ရှုနေရင်းက မှော်လက်အစွပ်လေးဖြင့် ငါးကို ထိုးချိန်လိုက်ကာ၊
“ကျူးရီးယက်ဖိုင်း!”
မှော်ဂါထာရွတ်ဆိုသံ သဲ့သဲ့နှင့်အတူ ငါးပေါ်မှ အကြေးခွံများက ဖယ်ရှားသွားလေသည်။ မေဗယ်လ်က ဆားအိတ်အတွင်းမှ ဆားအနည်းငယ်ကို ယူလိုက်ပြီးနောက် ငါးပေါ်တွင် ဖြူးလိုက်လေသည်။
“ဝါး!! ကျူးရီးယက်ဖိုင်းကို ဒီလိုလည်း သုံးလို့ ရသေးတာလား”
“မင်း ကြက်ဥပြုတ်အခွံကို လက်နဲ့နွာနေတာလား”
ဘယ်လို မေးခွန်းကြီးလဲ၊ ဒါကြီးက ဘာကို ဆိုလိုချင်တာလဲ၊
“မှော်ပညာက အလှသက်သက်မှ မဟုတ်ပဲ၊ အသုံးဝင်တဲ့ပုံစံမျိုးစုံနဲ့ သုံးလို့ ရတယ်”
“ဒါဆို ကျူးရီးယက်ဖိုင်းကို တခြားနည်းနဲ့ သုံးလို့ ရသေးတာလား”
ပင့်ခ်မေးလိုက်တာကို မေဗယ်လ်က ငါးထိုးထားသော သစ်ကိုင်းတစ်ကိုင်းကို ပင့်ခ်ထံသို့ ကမ်းပေးလာပြီးနောက်၊
“မင်း လူတစ်ယောက်ကို ကျူးရီးယက်ဖိုင်းနဲ့ အရေခွံနွာချင်တယ် ဆိုရင် မင်း လုပ်လို့ ရတယ်”
“မဖြစ်နိုင်တာ”
“တစ်ခုပဲ လိုတယ်”
“ဘာလဲ”
လက်ထဲကို ရောက်လာတဲ့ ငါးကို မီးမှာ ပြန်ပြနေရင်းက ပင့်ခ်စိတ်ပါဝင်စားစွာ မေးမြန်းလိုက်မိသည်။ မေဗယ်လ်က တခြားသော ငါးများကိုပါ ကျူးရီးယက်ဖိုင်းနှင့် တိုးတိုးသဲ့သဲ့ ငါးအကြေးခွံခွာပစ်လိုက်ပြီးမှ ဆားဖြူးကာ မီးနှင့်ပြကာ ကင်လေသည်။ ဒီအခြေအနေလေးက မသိရင် ပျော်ပွဲစား ထွက်လာတဲ့အတိုင်းလေး၊
“ဒုန်း ဂရား!”
ဒုန်းခနဲ လှောင်အိမ်ကို မှော်သားရဲက ဆောင့်မရုန်းလိုက်ခင်အထိတော့ ပင့်ခ်၏ အသိတရားတို့က ညင်သာသိမ့်မွေ့ နေခဲ့သေးသည်။ ဒီ မှော်သားရဲစုတ်၊ ငါ့စိတ် အကြည်ဓာတ်လေးကို ဖျက်စီးရက်တယ်။
ပိုပြီး နှမြောဖို့ကောင်းတာက မေဗယ်လ်ထံမှ ရှားရှားပါးပါး မျက်မှောင်မကုပ်ထားခြင်းလေးက ပျက်စီးသွားပြီ။ ရက်တွေ အများကြီး အတူတူ ဖြတ်သန်းဖူးတာတောင်မှ မေဗယ်လ်က နေ့စဉ်နေ့တိုင်း အေးစက်နေရင်နေ အဲ့လိုမှမနေရင် စကားတစ်ခွန်းမှ မပြောပဲနှင့် မျက်မှောင်ကုတ်ကာ တစ်လောကလုံးကို လိုက်ကြည့်နေတတ်သည်။
ဒီနှစ်ရက်တာ အတောအတွင်းမှာမှ မေဗယ်လ်ဒီလို စကားတွေ ပြောတတ်တာပါလား၊ ဒီလို သိနားလည်မှုတွေ မြင့်မားပါလားဟု သိခွင့်ရခဲ့တာပင် ဖြစ်၏။ မသိရင် မေဗယ်လ်နဲ့ ပင့်ခ်က နှစ်တွေ အများကြီး ဝေးကွာနေသလိုမျိုး၊
“ဒီမှော်သားရဲစုတ်!!”
ပင့်ခ်၏ မကျေမချမ်းမှုက နှုတ်ဖျားသို့တိုင် တက်လာတော့ မေဗယ်လ်က ပင့်ခ်ဘက်ကို လှည့်လာပြီးမှ ဆိုလာသည်။
“သူ့ကို သွားမရှုပ်နဲ့ သူ့ဖာသာ နေပါစေ လွတ်လွတ်လပ်လပ်နေရာကနေ ဘာမှန်းညာမှန်းမသိပဲနဲ့ လှောင်အိမ်ထဲ ပိတ်ခံလိုက်ရတာ သူ စိတ်မဆိုးဘူးဆိုရင်တောင်မှ အန္တာရာယ်ပိုများနေအုံးမယ်”
“အင်း”
“စား စားပြီးရင် မီးငြိမ်းရမယ်”
“ဘာလို့လဲ ဒီအတိုင်းက နွေးနေတာကို”
“အမှောင်မြူခိုးကို သိပ်သည်းဆပြန်လျော့ရမယ် မဟုတ်ရင် ဒီအနီးအနား ပတ်ဝန်းကျင်က မှော်သားရဲတွေကို ခြိမ်းခြောက်သလို ဖြစ်ပြီးတော့ ဒီနားမှာ လာမကျက်စားကြပဲ နေလိမ့်မယ်”
“မင်း သိတာတွေ အရမ်းများတာပဲ”
“ငါက အသုံးဝင်တာကိုပဲ သင်ယူတယ်၊ အပိုတွေ မသင်ဘူး”
“ဒါပေမယ့် ငါက မင်းထက်တော့ မှော်မဲ့ပစ္စည်းတွေကို ရင်းနှီးကျွမ်းဝင်ပါသေးတယ်”
ပင့်ခ် ဂုဏ်ယူစွာနဲ့ ပြောလိုက်တာကို မေဗယ်လ်က တစ်ချက်သာ လှမ်းကြည့်လာပြီး ဘာစကားမှ မဆိုတော့ပေ။ မေဗယ်လ်က နောက်ထပ် ကျက်သွားသော ငါးတစ်ကောင်ကို ဇယ်ရာထံသို့ ကမ်းပေးလိုက်တော့ ဇယ်ရာက ချစ်စဖွယ်ကောင်းစွာ ခုန်ပေါက်လိုက်သေးသည်။ ပြီးမှ ငါးကို ပါးစပ်သေးသေးလေးဖြင့် ကိုက်လိုက်သည်။
“အာဝု ဝု”
ဝံပုလွေငယ်လေးက ပူသွားတော့ မေဗယ်လ်က မျက်မှောင်ကုတ်နေရင်းက အပြစ်တင်စကားဆို၏။
“မင်းက လူတစ်ဝက်ဆို စကားလည်း နားလည်နေတာကို ပူနေမှန်းမသိဘူးလား”
ဇယ်ရာက ငါးကို ပူနေသည့်အတွက် စောင့်ပြီးနောက် သူစားနိုင်သော အပူပမာဏတွင်မှ လျင်မြန်စွာ စားသောက်လေသည်။ စားပြီးသည်နှင့် ဇယ်ရာက မေဗယ်လ်အနားသို့ တိုးကပ်လာပြီး အနားတွင် ခွေလိုက်သည်။ မေဗယ်လ်က ငါးစားပြီးသည့် နောက်တွင်၊
“စကျူးရယ်လန်!”
ခပ်တိုးတိုး ရွတ်ဆိုသံနှင့်အတူ မီးကို ငြိမ်းလိုက်ပြီးမှ သစ်ကိုင်းတွေကို နေရာချဲထားလိုက်သည်။ မီးငြိမ်းလိုက်တော့ အနီးအနားတွင် မည်းမှောင်သွားသော ပတ်ဝန်းကျင်ကို မြင်ရသည်။ သို့သော် မီးမှိတ်လိုက်သည့်တိုင် လုံခြုံနွေးထွေးနေသည့် အသိအာရုံက ပင့်ခ်ကို မျက်ခွံတွေ လေးလံလာစေသည်။
ကိုယ်ပေါ်သို့ ခပ်နွေးနွေး အဝတ်စတစ်ထည် လွှားခနဲ ရောက်လာတာကို သိလိုက်သည်။ မျက်လုံးကို အားယူပြီး ဖွင့်ကြည့်ဖို့ ကြိုးစားပေမယ့် အမြင်အာရုံက မှုန်ဝါးဝါးသာ၊ မေဗယ်လ်က မြူခိုးတချို့ကို ပြန်လည်ရုပ်သိမ်းနေသော နောက်ကျောကို မြင်ရပြီးနောက် အပြုံးတစ်စနှင့်အတူ စိတ်ချယုံကြည်စွာဖြင့် ငြိမ်သက်စွာ လှဲချလိုက်တော့သည်။
စီခနဲ စီခနဲ ငှက်သံနှင့် တစ်ချက် တစ်ချက် စကားပြောသံတွေ၊ ကားစက်နိုးသံတွေ ကြားမှာ ပင့်ခ် ပြန်နိုးလာခဲ့သည်။
“ဟင်!”
ဟင်ခနဲ ဖြစ်သွားပြီးနောက် ဘေးဘီကို ပထမဆုံး ကြည့်လိုက်မိတော့ အနားတွင် မေဗယ်လ်က ကားနောက်မှီကို အကျအန မှီထားပြီး မျက်လုံးတွေကို မှေးမှိတ်ထား၏။ ရှပ်လက်တိုတွင် လက်ကို တင်းနေအောင် ပိုက်ထားပြီး အပေါ်ထပ်အကျႌကို မဝတ်ထားပေ။ မဝတ်ထားပေ ဆိုကာမှ ပင့်ခ် ကိုယ်ပေါ်ကို ပင့်ခ်ဖာသာ ပြန်စမ်းကြည့်လိုက်တော့ ခပ်နွေးနွေး ဖြစ်နေသည့် ဟော်ဒီသား အကျႌအနက်လေးက လျောခနဲ ပြုတ်ကျသွားလေသည်။ ဒါက မေဗယ့်လ်အကျႌ..၊
နေအုံး၊ တစ်ခုခု လိုနေတာ မဟုတ်လား။ ဇယ်ရာရော်၊ ဇယ်ရာက ဘယ်မှာလဲ၊
Zawgyi
ေမွာ္ဝင္ညရဲ႕ကေဝပ်ိဳတမ္းခ်င္း
Part-10.1
“ငါးကင္မယ္”
မေန႔တုန္းက ပင့္ခ္ကို မီးေမႊးလို႔ မရဘူးဟု ေျပာခဲ့တာကို အမွတ္ရမိျပီး ပင့္ခ္ မေက်မခ်မ္း ျဖစ္သြားသည္။ အခုက်ေတာ့ မီးေမႊးလို႔ ရေနျပီးေတာ့၊ ေမဗယ္လ္က မီးေမႊးကာ ငါးကို သစ္ေခ်ာင္းျဖင့္ ထိုးကင္ရန္ ျပင္ဆင္ေနရင္းက ပင့္ခ္ဘက္ကို တစ္ခ်က္ လွည့္ၾကည့္လာျပီးေနာက္ ပင့္ခ္ေတြးလုိက္သည္ကို သိႏွင့္သြားသည့္အလား၊
“မေန႔တုန္းက ငါ က်ဴးရပ္စ္ကို ဆင့္ေခၚရအံုးမယ္ ျပီးေတာ့ ေမွာ္သားရဲတစ္ေကာင္ကိုလည္း ဖမ္းရအံုးမယ္၊ မွားယြင္းမႈ ျဖစ္လာႏုိင္လား မျဖစ္လာႏုိင္ဘူးလား ဆုိတာကို ငါမသိဘူး၊ ငါ့ေမွာ္စြမ္းအားကို အမ်ားၾကီး အသံုးမခ်ႏုိင္ဘူး၊ အေမွာင္ျမဴခိုးေတြကို သိပ္သည္းဆမ်ားေအာင္ ဖန္တီးေလေလ ပါရမီေမွာ္အစြမး္က ပိုျပီးေတာ့ ေလ်ာ့နည္းလာေလေလပဲ၊ မလိုအပ္ပဲ မသံုးတာ ပိုေကာင္းတယ္”
ငါးကို မီးႏွင့္ ကင္ေနရင္းက ေသေသခ်ာခ်ာကို ရွင္းလင္း ေျပာၾကားေနသည္။ ထိုအခ်ိန္အတြင္း ေမဗယ္လ္က ကေလးငယ္တစ္ဦးကို သင္ၾကားေပးေနျခင္းႏွင့္ ဆင္တူေနျပီး၊ ဒါမွမဟုတ္ မသိေသးတဲ့ ညီမငယ္ေလး တစ္ဦးကို စိတ္ရွည္လက္ရွည္ သင္ျပေပးေနတာႏွင့္လည္း ဆင္တူေနသည္။
မီးျမည္သံ တဖ်စ္ဖ်စ္ႏွင့္အတူ ငါးကင္၏ရနံ႔က ေမႊးပ်ံ႕လာသည္။ ေမဗယ္လ္က အက်ႌလက္အတြင္းမွ အိတ္ငယ္ေလးကို ႏႈိက္လုိက္ေတာ့ ဆားအိတ္အေသးေလး တစ္အိတ္ ပါလာသည္။ ငါးကင္ကို ဆြဲယူလုိက္ကာ အေသအခ်ာ ၾကည့္ရႈေနရင္းက ေမွာ္လက္အစြပ္ေလးျဖင့္ ငါးကို ထိုးခ်ိန္လုိက္ကာ၊
“က်ဴးရီးယက္ဖိုင္း!”
ေမွာ္ဂါထာရြတ္ဆိုသံ သဲ့သဲ့ႏွင့္အတူ ငါးေပၚမွ အေၾကးခြံမ်ားက ဖယ္ရွားသြားေလသည္။ ေမဗယ္လ္က ဆားအိတ္အတြင္းမွ ဆားအနည္းငယ္ကို ယူလုိက္ျပီးေနာက္ ငါးေပၚတြင္ ျဖဴးလုိက္ေလသည္။
“ဝါး!! က်ဴးရီးယက္ဖုိင္းကို ဒီလိုလည္း သံုးလို႔ ရေသးတာလား”
“မင္း ၾကက္ဥျပဳတ္အခြံကို လက္နဲ႔ႏြာေနတာလား”
ဘယ္လို ေမးခြန္းၾကီးလဲ၊ ဒါၾကီးက ဘာကို ဆိုလိုခ်င္တာလဲ၊
“ေမွာ္ပညာက အလွသက္သက္မွ မဟုတ္ပဲ၊ အသံုးဝင္တဲ့ပံုစံမ်ိဳးစံုနဲ႔ သံုးလို႔ ရတယ္”
“ဒါဆို က်ဴးရီးယက္ဖိုင္းကို တျခားနည္းနဲ႔ သံုးလုိ႔ ရေသးတာလား”
ပင့္ခ္ေမးလုိက္တာကို ေမဗယ္လ္က ငါးထိုးထားေသာ သစ္ကိုင္းတစ္ကိုင္းကို ပင့္ခ္ထံသို႔ ကမ္းေပးလာျပီးေနာက္၊
“မင္း လူတစ္ေယာက္ကို က်ဴးရီးယက္ဖိုင္းနဲ႔ အေရခြံႏြာခ်င္တယ္ ဆိုရင္ မင္း လုပ္လို႔ ရတယ္”
“မျဖစ္ႏုိင္တာ”
“တစ္ခုပဲ လိုတယ္”
“ဘာလဲ”
လက္ထဲကို ေရာက္လာတဲ့ ငါးကို မီးမွာ ျပန္ျပေနရင္းက ပင့္ခ္စိတ္ပါဝင္စားစြာ ေမးျမန္းလုိက္မိသည္။ ေမဗယ္လ္က တျခားေသာ ငါးမ်ားကိုပါ က်ဴးရီးယက္ဖိုင္းႏွင့္ တိုးတိုးသဲ့သဲ့ ငါးအေၾကးခြံခြာပစ္လုိက္ျပီးမွ ဆားျဖဴးကာ မီးႏွင့္ျပကာ ကင္ေလသည္။ ဒီအေျခအေနေလးက မသိရင္ ေပ်ာ္ပြဲစား ထြက္လာတဲ့အတုိင္းေလး၊
“ဒုန္း ဂရား!”
ဒုန္းခနဲ ေလွာင္အိမ္ကို ေမွာ္သားရဲက ေဆာင့္မရုန္းလုိက္ခင္အထိေတာ့ ပင့္ခ္၏ အသိတရားတို႔က ညင္သာသိမ့္ေမြ႔ ေနခဲ့ေသးသည္။ ဒီ ေမွာ္သားရဲစုတ္၊ ငါ့စိတ္ အၾကည္ဓာတ္ေလးကို ဖ်က္စီးရက္တယ္။
ပိုျပီး ႏွေျမာဖို႔ေကာင္းတာက ေမဗယ္လ္ထံမွ ရွားရွားပါးပါး မ်က္ေမွာင္မကုပ္ထားျခင္းေလးက ပ်က္စီးသြားျပီ။ ရက္ေတြ အမ်ားၾကီး အတူတူ ျဖတ္သန္းဖူးတာေတာင္မွ ေမဗယ္လ္က ေန႔စဥ္ေန႔တိုင္း ေအးစက္ေနရင္ေန အဲ့လိုမွမေနရင္ စကားတစ္ခြန္းမွ မေျပာပဲႏွင့္ မ်က္ေမွာင္ကုတ္ကာ တစ္ေလာကလံုးကို လိုက္ၾကည့္ေနတတ္သည္။
ဒီႏွစ္ရက္တာ အေတာအတြင္းမွာမွ ေမဗယ္လ္ဒီလို စကားေတြ ေျပာတတ္တာပါလား၊ ဒီလို သိနားလည္မႈေတြ ျမင့္မားပါလားဟု သိခြင့္ရခဲ့တာပင္ ျဖစ္၏။ မသိရင္ ေမဗယ္လ္နဲ႔ ပင့္ခ္က ႏွစ္ေတြ အမ်ားၾကီး ေဝးကြာေနသလိုမ်ိဳး၊
“ဒီေမွာ္သားရဲစုတ္!!”
ပင့္ခ္၏ မေက်မခ်မ္းမႈက ႏႈတ္ဖ်ားသို႔တိုင္ တက္လာေတာ့ ေမဗယ္လ္က ပင့္ခ္ဘက္ကို လွည့္လာျပီးမွ ဆုိလာသည္။
“သူ႔ကို သြားမရႈပ္နဲ႔ သူ႔ဖာသာ ေနပါေစ လြတ္လြတ္လပ္လပ္ေနရာကေန ဘာမွန္းညာမွန္းမသိပဲနဲ႔ ေလွာင္အိမ္ထဲ ပိတ္ခံလုိက္ရတာ သူ စိတ္မဆိုးဘူးဆုိရင္ေတာင္မွ အႏၱာရာယ္ပိုမ်ားေနအံုးမယ္”
“အင္း”
“စား စားျပီးရင္ မီးျငိမ္းရမယ္”
“ဘာလို႔လဲ ဒီအတုိင္းက ေႏြးေနတာကို”
“အေမွာင္ျမဴခိုးကို သိပ္သည္းဆျပန္ေလ်ာ့ရမယ္ မဟုတ္ရင္ ဒီအနီးအနား ပတ္ဝန္းက်င္က ေမွာ္သားရဲေတြကို ျခိမ္းေျခာက္သလို ျဖစ္ျပီးေတာ့ ဒီနားမွာ လာမက်က္စားၾကပဲ ေနလိမ့္မယ္”
“မင္း သိတာေတြ အရမ္းမ်ားတာပဲ”
“ငါက အသံုးဝင္တာကိုပဲ သင္ယူတယ္၊ အပိုေတြ မသင္ဘူး”
“ဒါေပမယ့္ ငါက မင္းထက္ေတာ့ ေမွာ္မဲ့ပစၥည္းေတြကို ရင္းႏွီးကၽြမ္းဝင္ပါေသးတယ္”
ပင့္ခ္ ဂုဏ္ယူစြာနဲ႔ ေျပာလုိက္တာကို ေမဗယ္လ္က တစ္ခ်က္သာ လွမ္းၾကည့္လာျပီး ဘာစကားမွ မဆိုေတာ့ေပ။ ေမဗယ္လ္က ေနာက္ထပ္ က်က္သြားေသာ ငါးတစ္ေကာင္ကို ဇယ္ရာထံသို႔ ကမ္းေပးလုိက္ေတာ့ ဇယ္ရာက ခ်စ္စဖြယ္ေကာင္းစြာ ခုန္ေပါက္လုိက္ေသးသည္။ ျပီးမွ ငါးကို ပါးစပ္ေသးေသးေလးျဖင့္ ကိုက္လုိက္သည္။
“အာဝု ဝု”
ဝံပုေလြငယ္ေလးက ပူသြားေတာ့ ေမဗယ္လ္က မ်က္ေမွာင္ကုတ္ေနရင္းက အျပစ္တင္စကားဆုိ၏။
“မင္းက လူတစ္ဝက္ဆုိ စကားလည္း နားလည္ေနတာကို ပူေနမွန္းမသိဘူးလား”
ဇယ္ရာက ငါးကို ပူေနသည့္အတြက္ ေစာင့္ျပီးေနာက္ သူစားႏုိင္ေသာ အပူပမာဏတြင္မွ လ်င္ျမန္စြာ စားေသာက္ေလသည္။ စားျပီးသည္ႏွင့္ ဇယ္ရာက ေမဗယ္လ္အနားသို႔ တိုးကပ္လာျပီး အနားတြင္ ေခြလုိက္သည္။ ေမဗယ္လ္က ငါးစားျပီးသည့္ ေနာက္တြင္၊
“စက်ဴးရယ္လန္!”
ခပ္တုိးတိုး ရြတ္ဆိုသံႏွင့္အတူ မီးကို ျငိမ္းလုိက္ျပီးမွ သစ္ကိုင္းေတြကို ေနရာခ်ဲထားလုိက္သည္။ မီးျငိမ္းလုိက္ေတာ့ အနီးအနားတြင္ မည္းေမွာင္သြားေသာ ပတ္ဝန္းက်င္ကို ျမင္ရသည္။ သို႔ေသာ္ မီးမွိတ္လုိက္သည့္တိုင္ လံုျခံဳေႏြးေထြးေနသည့္ အသိအာရံုက ပင့္ခ္ကို မ်က္ခြံေတြ ေလးလံလာေစသည္။
ကိုယ္ေပၚသို႔ ခပ္ေႏြးေႏြး အဝတ္စတစ္ထည္ လႊားခနဲ ေရာက္လာတာကို သိလုိက္သည္။ မ်က္လံုးကို အားယူျပီး ဖြင့္ၾကည့္ဖုိ႔ ၾကိဳးစားေပမယ့္ အျမင္အာရံုက မႈန္ဝါးဝါးသာ၊ ေမဗယ္လ္က ျမဴခိုးတခ်ိဳ႕ကို ျပန္လည္ရုပ္သိမ္းေနေသာ ေနာက္ေက်ာကို ျမင္ရျပီးေနာက္ အျပံဳးတစ္စႏွင့္အတူ စိတ္ခ်ယံုၾကည္စြာျဖင့္ ျငိမ္သက္စြာ လွဲခ်လိုက္ေတာ့သည္။
စီခနဲ စီခနဲ ငွက္သံႏွင့္ တစ္ခ်က္ တစ္ခ်က္ စကားေျပာသံေတြ၊ ကားစက္ႏိုးသံေတြ ၾကားမွာ ပင့္ခ္ ျပန္ႏိုးလာခဲ့သည္။
“ဟင္!”
ဟင္ခနဲ ျဖစ္သြားျပီးေနာက္ ေဘးဘီကို ပထမဆံုး ၾကည့္လုိက္မိေတာ့ အနားတြင္ ေမဗယ္လ္က ကားေနာက္မွီကို အက်အန မွီထားျပီး မ်က္လံုးေတြကို ေမွးမွိတ္ထား၏။ ရွပ္လက္တိုတြင္ လက္ကို တင္းေနေအာင္ ပိုက္ထားျပီး အေပၚထပ္အက်ႌကို မဝတ္ထားေပ။ မဝတ္ထားေပ ဆိုကာမွ ပင့္ခ္ ကိုယ္ေပၚကို ပင့္ခ္ဖာသာ ျပန္စမ္းၾကည့္လုိက္ေတာ့ ခပ္ေႏြးေႏြး ျဖစ္ေနသည့္ ေဟာ္ဒီသား အက်ႌအနက္ေလးက ေလ်ာခနဲ ျပဳတ္က်သြားေလသည္။ ဒါက ေမဗယ့္လ္အက်ႌ..၊
ေနအံုး၊ တစ္ခုခု လိုေနတာ မဟုတ္လား။ ဇယ္ရာေရာ္၊ ဇယ္ရာက ဘယ္မွာလဲ၊