book

Index 25

Part-9.3

Zawgyi

ေမွာ္ဝင္တမ္းခ်င္း


Part-9.3


ပင့္ခ္ေျပာလုိက္ေသာ စကားက အရိႈက္ထိသြားဟန္ တူေလသည္။ ဒီမန္းက ေမဗယ္လ္ ထံသို႔ ရိပ္ခနဲ ေျပးဝင္သြားေလသည္။ ပင့္ခ္ေမ့သြားလို႔ သူတို႔က ဒီမြန္းနဲ႔ ဇယ္ရာေတြ၊ ပင့္ခ္ ထိတ္ခနဲ ေမဗယ္လ့္အတြက္ ပူပန္သြားမိေသာ္လည္း ေမဗယ္လ္က ထိုေနရာမွ ေပ်ာက္ကြယ္သြားျပီးေနာက္ သစ္ပင္ေပၚတြင္ ေပၚလာေလသည္။


“အမ္မာဒေရး!!”


ေက်ာက္ရုပ္ျဖစ္ေစေသာ က်ိန္စာဆုိသံႏွင့္အတူ အလင္းတန္းတစ္ခုက လင္းလက္လာျပီးေနာက္ ဒီမန္းအား ထိမွန္သြားကာ ဒီမန္းက ထိုေနရာတြင္ပင္ ေက်ာက္ရပ္ျဖစ္သြားေလသည္။ ေမဗယ့္လ္ကို တိုက္ခိုက္ရန္ လက္ကို ရြယ္ထားလ်က္ျဖင့္ သြားပါ ျဖဲထားေသာ ဒီမန္း၏ပံုက အမွန္တကယ္ ထိခိုက္မိသြားလွ်င္ မစားသာေသာ္လည္း အခုလို သူက ျပန္၍ ေက်ာက္ရုပ္ျဖစ္သြားေတာ့ ရယ္ခ်င္စဖြယ္ပင္ ေကာင္းေသး၏။


“အီဆီးဒီးယက္စ္!”


ဆက္တုိက္ ဆိုသလိုပင္ လူးရာက ဇယ္ရာအသြင္သို႔ ကူးလုိက္သည္ႏွင့္ ေမဗယ့္လ္ထံမွ က်ိန္စာေနာက္တစ္ခုအသံက ထြက္လာေလသည္။ ထိုတြင္ လူးရာ၏ လူသားတစ္ရပ္ေက်ာ္ ရွိေသာ ဇယ္ရာအသြင္အား အနီးအနားတြင္ သံကိုင္းသံေကြးကဲ့သို႔ ေထာင္ေခ်ာက္မ်ား ျဖစ္ေပၚလာျပီးေနာက္ ထိုေထာင္ေခ်ာက္က ေျမျပင္ေပၚသို႔ ဘုန္းခနဲ က်ေရာက္ေလသည္။


ေမဗယ္လ္က သစ္ပင္ေပၚမွ နာမ္ေရြ႕လ်ားကာ ျပန္ဆင္းလာခဲ့ျပီးေနာက္ က်ိန္စာကိုယ္စီ ထိမွန္ထားေသာ သူမ်ားကို တစ္ခ်က္မွ်သာ လွည့္ၾကည့္သည္။ ပင့္ခ္ကေတာ့ ေလွာင္အိမ္အနီးသို႔ ေျပးသြားျပီးေနာက္၊


“ငါေျပာသားပဲ ေဝလငါးေတြနဲ႔ ဆင္ေတြက ေလာကကို မအုပ္ခ်ဳပ္ႏုိင္ပါဘူးဆုိတာကို သြားႏွင့္ျပီေနာ္၊ ေနာက္မွ ေတြ႔မယ္”


“ပင့္ခ္ မိုးေမွာင္ေတာ့မယ္၊ ျမန္ျမန္လာ”


“အူးဝူး”


ေမဗယ္လ္က ပင့္ခ္အား အျပစ္တင္လိုေသာ ဟန္ျဖင့္ ေအာ္ေခၚသည္တြင္ ဇယ္ရာေပါက္စေလးကပါ အေနာက္မွ အူးဝူး ဟူေသာ ျမည္သံကို ေပးေလသည္။ ပင့္ခ္ ရယ္ေမာလိုက္ျပီးမွ အေနာက္မွ ေပ်ာ္ရႊင္စြာ ေျပးလိုက္သြားေတာ့သည္။


တစ္ေနရာသို႔ အေရာက္တြင္ ေမဗယ္လ္က သစ္တံုးေပၚတြင္ ရွိေနရာမွ ငံု႔ကိုင္းလုိက္ျပီး အေရွ႕မွ အနည္းငယ္ ဆင္ေျခေလ်ာ သ႑ာန္ဆင္းသြားရသည့္ ေခ်ာင္းအတြင္းသို႔ ငံု႔ၾကည့္ေတာ့ ပင့္ခ္ပါ စိတ္ပါဝင္စားစြာျဖင့္ ငံု႔ၾကည့္သည္တြင္ ေမဗယ္လ္က၊


“ေနာက္ဆုတ္၊ ခနေန ေမွာ္သားရဲေကာင္တစ္ေကာင္ ေရေသာက္ဆင္းမွာ”


ေမဗယ္လ္ေရာ ပင့္ခ္ေရာ ထိုအနားတြင္ ပုန္းခိုေနရာမွ မိုးေမွာင္ျခင္းကို ေရာက္သြားေတာ့သည္။ ေမဗယ္လ္၊ ပင့္ခ္တို႔ႏွင့္အျပိဳင္ ဇယ္ရာေပါက္စေလးကပါ ဝပ္၍ ပုန္းေနေလသည္။ ညေမွာင္ျပီး သိပ္မၾကာမွီတြင္ အနီေရာင္မီးသီးႏွစ္လံုးက ေခ်ာင္းနားတြင္ ေပၚလာေလသည္။


“အဲ့ဒါလား”


“အင္း”


“ငါတို႔ ဘာနဲ႔ဖမ္းမွာလဲ”


“အီဆီးဒီးယက္စ္!!”


ေမဗယ္လ္က ေျပးသြားရင္းမွ က်ိန္စာကို ရြတ္ဆုိလုိက္ေတာ့ ေခ်ာင္းအတြင္း ရုန္းကန္သံမ်ား ညံသြားျပီးေနာက္ သံကိုင္း သံေကြးတို႔ျဖင့္ ေလွာင္အိမ္တစ္ခုက ေပၚထြက္လာျပီး တစ္ေကာင္ေကာင္ကို ဖမ္းမိသံကို ၾကားရေလသည္။ ေလွာင္အိမ္ကို ထုရိုက္သံ တဒုန္းဒုန္းကိုလည္း ၾကားရေသးသည္။


ေမဗယ္လ္က ေခ်ာင္းအစပ္နားမွ ထိုေလွာင္အိမ္အား မီးလံုးျဖင့္ ပ်ံသန္းေစလ်က္ ကုန္းေပၚသို႔ သယ္ယူလာေလသည္။ ျပီးေနာက္တြင္ သစ္ပင္တစ္ပင္ကို အေျချပဳ၍ အေမွာင္စက္ဝန္းကို ဖန္တီးလုိက္ျပီး သစ္ပင္ကို မွီလ်က္ ထိုင္လိုက္ေလသည္။


ထိုတြင္မွ မီးလံုးကို ျပန္မေဖ်ာက္ခင္ ျမင္လုိက္ေသာ အေကာင္ေၾကာင့္ ပင့္ခ္ပင္ အေနာက္သို႔ တစ္လွမ္းဆုတ္လုိက္မိသည္။ ဇယ္ရာေပါက္စကေတာ့ ေျပးလႊားသြားကာ ေမဗယ့္လ္အနားသို႔ တုိးကပ္ကာ တအီအီအသံေပးရင္း ေၾကာက္ရြံ႕ေၾကာင္းကို ျပသေလေတာ့သည္။


ေလွာင္အိမ္အတြင္းမွ အေကာင္ၾကီးက က်ားသစ္ကြက္မ်ားႏွင့္ ျဖစ္ကာ အစြယ္က ေတာ္ေတာ္ၾကီးကို ရွည္လ်ားျပီး မ်က္လံုးမ်ားက စူးရဲေတာက္ပလြန္းေနသည္။ ပိုဆိုးျခင္းက အေတာင္ပံတခ်ိဳ႕ ပါဝင္ေနျပီး ရုန္းကန္ထၾကြလုိက္ျပီး ေလွာင္အိမ္ကပါ ရုန္းကန္ေနသည္။


ဒါၾကီးကို ေမဗယ္လ္က က်ိန္စာတစ္ခ်က္တည္းျဖင့္ ဖမ္းလုိက္ႏုိင္တယ္ ဆုိတာ ပင့္ခ္မ်က္စိေရွ႕မွာ မဟုတ္ပဲ တျခားသူေတြသာ ေျပာလာရင္ ပင့္ခ္ ယံုၾကည္မည္ မဟုတ္ေသာ္လည္း အခုကေတာ့ တကယ့္ကို မယံုႏုိင္စရာက အေရွ႕မွာတင္ ျဖစ္သြားခဲ့တာ ျဖစ္၏။


“ေမဗယ္လ္ ဒီေလွာင္အိမ္က ဘယ္ႏွစ္နာရီ ခံတာလဲ”


ပင့္ခ္သာဆုိ ဒီလို ေလွာင္အိမ္ကို ႏွစ္နာရီေလာက္သာ ဖန္တီးႏုိင္မည္မို႔ ေသခ်ာေစရန္ ေမးျမန္းလုိက္ျခင္း ျဖစ္၏။ အီဆီးဒီးယက္စ္ က်ိန္စာက ပင့္ခ္တို႔ အထက္တန္းေနာက္ဆံုးႏွစ္က်မွ သင္ၾကားရေသာ က်ိန္စာျဖစ္ျပီး ပင့္ခ္ေတြ႔ဖူးသေလာက္ နိမ္းလက္စ္ေက်ာင္း၏ အေတာ္ဆံုး က်ိန္စာအသက္သြင္းသူ ေက်ာင္းသားကေတာင္ အမ်ားဆံုး ငါးနာရီသာ အတည္ျပဳႏုိင္ခဲ့သည္။


“ႏွစ္ရက္”


“ႏွစ္ရက္!!.. ဟုတ္ေရာ ဟုတ္ရဲ႕လား၊ သူ ရုန္းကန္ေနတာ ေတာ္ၾကာ ညနက္ ငါတို႔ အိပ္ေပ်ာ္သြားမွာ သူ ရုန္းလုိ႔ လြတ္သြားရင္ေကာ”


“သူက ေမွာ္သားရဲမ်ိဳးစိတ္ၾကီး ျဖစ္ေပမယ့္ ဒီလို ေလွာင္အိမ္မ်ိဳးကို မရုန္းႏုိင္ဘူး၊ သမန္းဝံပုေလြ တစ္ေကာင္ကို ႏွစ္ရက္ခ်ဳပ္ထားႏုိင္ရင္ သူ႔ကိုလည္း ငါ ႏွစ္ရက္ ခ်ဳပ္ထားႏုိင္တယ္”


“လူးရာကို မင္း ႏွစ္ရက္ေတာင္ ခ်ဳပ္ထားခဲ့တာလား”


ပင့္ခ္က ေမးလုိက္ေပမယ့္ ေမဗယ္လ္က ထိုစကားကို ျပန္မေျဖလာေတာ့ပဲႏွင့္၊ ထိုင္ေနရာမွ ထရပ္လုိက္ကာ၊


“ဒီကေန ဘယ္မွမသြားနဲ႔၊ ငါ ငါးသြားဖမ္းလာခဲ့မယ္”


“ငါး”


ပင့္ခ္လည္း တစ္ေနကုန္ ဘာမွမစားထားရေသး၍ ငါးဆိုေသာ အသံတြင္ တံေထြးပင္ မ်ိဳခ်မိေတာ့မလို ျဖစ္သြား၏။ ဝံပုေလြေပါက္ေလးကေတာ့ နားရြက္ေတြ အစြမ္းကုန္ ေထာင္ထလာကာ သူပါ လုိက္ခ်င္သည္ဟု မေျပာရံုတမယ္ႏွင့္ လဲေနရာမွာ ကုန္းထေလသည္။


“ေနခဲ့”


ေမဗယ္လ္ ရိပ္ခနဲ ထြက္သြားျပီး သိပ္မၾကာမွီတြင္ ေက်ာက္တံုးမ်ားကို သယ္မျပီး ျပန္လာေလသည္။ ေသခ်ာၾကည့္လိုက္ေတာ့ ထိုေက်ာက္တံုးမ်ားက ငါးသ႑ာန္မ်ား၊


“ေမဗယ္လ္ မင္း အမ္မာဒေရး က်ိန္စာကို ငါးဖမ္းတဲ့အခ်ိန္မွာ သံုးလုိက္တာလား”


“က်ိန္စာရဲ႕စြမ္းအား ဆုိတာက ကိုယ္သံုးတဲ့အေပၚမွာပဲ မူတည္တယ္”


“ဒါေပမယ့္ ေက်ာက္တံုးေတြ ျဖစ္ေနျပီေလ”


“ႏွစ္မိနစ္ဆိုရင္ သူတို႔ က်ိန္စာျပယ္ျပီ”


“ႏွစ္မိနစ္၊ အဲ့ေလာက္ ျမန္ျမန္နဲ႔ က်ိန္စာျပယ္ေအာင္ ရြတ္ႏုိင္တာလား၊ ငါၾကားဖူးတာ ေန႔စဥ္သံုး က်ိန္စာေတြက အနည္းဆံုး အခ်ိန္ ဆယ့္ငါးမိနစ္ေလာက္ေတာ့ ရွိေစရမယ္ဆုိတာ”


“ငါတို႔ ေက်ာင္းက ငါ့ကို လက္ေတြ႔က်ျပီး အသံုးဝင္တာေတြ သင္ေပးတယ္”


ေမဗယ္လ္က အေမွာင္စက္ဝန္းကို ျမဴခိုးမ်ား ပို၍ ထူထပ္သိပ္သည္းသြားေစရန္ လက္ကို ဆန္႔တန္းလုိက္ျပီး ျဖည့္စြပ္လုိက္ျပီးမွ သစ္ကိုင္းမ်ားကို ေကာက္လိုက္ကာ မီးေမႊးလိုက္သည္။ သစ္ကိုင္းမ်ားကို သူ႔ေျခေထာက္တြင္ ထိုးထားေသာ ဓားေျမာင္ျဖင့္ ခၽြန္ေအာင္ ေခ်ာေအာင္ ျပဳလုိက္ျပီးေနာက္၊


“ငါးကင္မယ္”


@@@@@@@


ဆက္ရန္--


Uni


မှော်ဝင်တမ်းချင်း


Part-9.3


ပင့်ခ်ပြောလိုက်သော စကားက အရှိုက်ထိသွားဟန် တူလေသည်။ ဒီမန်းက မေဗယ်လ် ထံသို့ ရိပ်ခနဲ ပြေးဝင်သွားလေသည်။ ပင့်ခ်မေ့သွားလို့ သူတို့က ဒီမွန်းနဲ့ ဇယ်ရာတွေ၊ ပင့်ခ် ထိတ်ခနဲ မေဗယ်လ့်အတွက် ပူပန်သွားမိသော်လည်း မေဗယ်လ်က ထိုနေရာမှ ပျောက်ကွယ်သွားပြီးနောက် သစ်ပင်ပေါ်တွင် ပေါ်လာလေသည်။


“အမ်မာဒရေး!!”


ကျောက်ရုပ်ဖြစ်စေသော ကျိန်စာဆိုသံနှင့်အတူ အလင်းတန်းတစ်ခုက လင်းလက်လာပြီးနောက် ဒီမန်းအား ထိမှန်သွားကာ ဒီမန်းက ထိုနေရာတွင်ပင် ကျောက်ရပ်ဖြစ်သွားလေသည်။ မေဗယ့်လ်ကို တိုက်ခိုက်ရန် လက်ကို ရွယ်ထားလျက်ဖြင့် သွားပါ ဖြဲထားသော ဒီမန်း၏ပုံက အမှန်တကယ် ထိခိုက်မိသွားလျှင် မစားသာသော်လည်း အခုလို သူက ပြန်၍ ကျောက်ရုပ်ဖြစ်သွားတော့ ရယ်ချင်စဖွယ်ပင် ကောင်းသေး၏။


“အီဆီးဒီးယက်စ်!”


ဆက်တိုက် ဆိုသလိုပင် လူးရာက ဇယ်ရာအသွင်သို့ ကူးလိုက်သည်နှင့် မေဗယ့်လ်ထံမှ ကျိန်စာနောက်တစ်ခုအသံက ထွက်လာလေသည်။ ထိုတွင် လူးရာ၏ လူသားတစ်ရပ်ကျော် ရှိသော ဇယ်ရာအသွင်အား အနီးအနားတွင် သံကိုင်းသံကွေးကဲ့သို့ ထောင်ချောက်များ ဖြစ်ပေါ်လာပြီးနောက် ထိုထောင်ချောက်က မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျရောက်လေသည်။


မေဗယ်လ်က သစ်ပင်ပေါ်မှ နာမ်ရွေ့လျားကာ ပြန်ဆင်းလာခဲ့ပြီးနောက် ကျိန်စာကိုယ်စီ ထိမှန်ထားသော သူများကို တစ်ချက်မျှသာ လှည့်ကြည့်သည်။ ပင့်ခ်ကတော့ လှောင်အိမ်အနီးသို့ ပြေးသွားပြီးနောက်၊


“ငါပြောသားပဲ ဝေလငါးတွေနဲ့ ဆင်တွေက လောကကို မအုပ်ချုပ်နိုင်ပါဘူးဆိုတာကို သွားနှင့်ပြီနော်၊ နောက်မှ တွေ့မယ်”


“ပင့်ခ် မိုးမှောင်တော့မယ်၊ မြန်မြန်လာ”


“အူးဝူး”


မေဗယ်လ်က ပင့်ခ်အား အပြစ်တင်လိုသော ဟန်ဖြင့် အော်ခေါ်သည်တွင် ဇယ်ရာပေါက်စလေးကပါ အနောက်မှ အူးဝူး ဟူသော မြည်သံကို ပေးလေသည်။ ပင့်ခ် ရယ်မောလိုက်ပြီးမှ အနောက်မှ ပျော်ရွှင်စွာ ပြေးလိုက်သွားတော့သည်။


တစ်နေရာသို့ အရောက်တွင် မေဗယ်လ်က သစ်တုံးပေါ်တွင် ရှိနေရာမှ ငုံ့ကိုင်းလိုက်ပြီး အရှေ့မှ အနည်းငယ် ဆင်ခြေလျော သဏ္ဍာန်ဆင်းသွားရသည့် ချောင်းအတွင်းသို့ ငုံ့ကြည့်တော့ ပင့်ခ်ပါ စိတ်ပါဝင်စားစွာဖြင့် ငုံ့ကြည့်သည်တွင် မေဗယ်လ်က၊


“နောက်ဆုတ်၊ ခနနေ မှော်သားရဲကောင်တစ်ကောင် ရေသောက်ဆင်းမှာ”


မေဗယ်လ်ရော ပင့်ခ်ရော ထိုအနားတွင် ပုန်းခိုနေရာမှ မိုးမှောင်ခြင်းကို ရောက်သွားတော့သည်။ မေဗယ်လ်၊ ပင့်ခ်တို့နှင့်အပြိုင် ဇယ်ရာပေါက်စလေးကပါ ဝပ်၍ ပုန်းနေလေသည်။ ညမှောင်ပြီး သိပ်မကြာမှီတွင် အနီရောင်မီးသီးနှစ်လုံးက ချောင်းနားတွင် ပေါ်လာလေသည်။


“အဲ့ဒါလား”


“အင်း”


“ငါတို့ ဘာနဲ့ဖမ်းမှာလဲ”


“အီဆီးဒီးယက်စ်!!”


မေဗယ်လ်က ပြေးသွားရင်းမှ ကျိန်စာကို ရွတ်ဆိုလိုက်တော့ ချောင်းအတွင်း ရုန်းကန်သံများ ညံသွားပြီးနောက် သံကိုင်း သံကွေးတို့ဖြင့် လှောင်အိမ်တစ်ခုက ပေါ်ထွက်လာပြီး တစ်ကောင်ကောင်ကို ဖမ်းမိသံကို ကြားရလေသည်။ လှောင်အိမ်ကို ထုရိုက်သံ တဒုန်းဒုန်းကိုလည်း ကြားရသေးသည်။


မေဗယ်လ်က ချောင်းအစပ်နားမှ ထိုလှောင်အိမ်အား မီးလုံးဖြင့် ပျံသန်းစေလျက် ကုန်းပေါ်သို့ သယ်ယူလာလေသည်။ ပြီးနောက်တွင် သစ်ပင်တစ်ပင်ကို အခြေပြု၍ အမှောင်စက်ဝန်းကို ဖန်တီးလိုက်ပြီး သစ်ပင်ကို မှီလျက် ထိုင်လိုက်လေသည်။


ထိုတွင်မှ မီးလုံးကို ပြန်မဖျောက်ခင် မြင်လိုက်သော အကောင်ကြောင့် ပင့်ခ်ပင် အနောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ ဇယ်ရာပေါက်စကတော့ ပြေးလွှားသွားကာ မေဗယ့်လ်အနားသို့ တိုးကပ်ကာ တအီအီအသံပေးရင်း ကြောက်ရွံ့ကြောင်းကို ပြသလေတော့သည်။


လှောင်အိမ်အတွင်းမှ အကောင်ကြီးက ကျားသစ်ကွက်များနှင့် ဖြစ်ကာ အစွယ်က တော်တော်ကြီးကို ရှည်လျားပြီး မျက်လုံးများက စူးရဲတောက်ပလွန်းနေသည်။ ပိုဆိုးခြင်းက အတောင်ပံတချို့ ပါဝင်နေပြီး ရုန်းကန်ထကြွလိုက်ပြီး လှောင်အိမ်ကပါ ရုန်းကန်နေသည်။


ဒါကြီးကို မေဗယ်လ်က ကျိန်စာတစ်ချက်တည်းဖြင့် ဖမ်းလိုက်နိုင်တယ် ဆိုတာ ပင့်ခ်မျက်စိရှေ့မှာ မဟုတ်ပဲ တခြားသူတွေသာ ပြောလာရင် ပင့်ခ် ယုံကြည်မည် မဟုတ်သော်လည်း အခုကတော့ တကယ့်ကို မယုံနိုင်စရာက အရှေ့မှာတင် ဖြစ်သွားခဲ့တာ ဖြစ်၏။


“မေဗယ်လ် ဒီလှောင်အိမ်က ဘယ်နှစ်နာရီ ခံတာလဲ”


ပင့်ခ်သာဆို ဒီလို လှောင်အိမ်ကို နှစ်နာရီလောက်သာ ဖန်တီးနိုင်မည်မို့ သေချာစေရန် မေးမြန်းလိုက်ခြင်း ဖြစ်၏။ အီဆီးဒီးယက်စ် ကျိန်စာက ပင့်ခ်တို့ အထက်တန်းနောက်ဆုံးနှစ်ကျမှ သင်ကြားရသော ကျိန်စာဖြစ်ပြီး ပင့်ခ်တွေ့ဖူးသလောက် နိမ်းလက်စ်ကျောင်း၏ အတော်ဆုံး ကျိန်စာအသက်သွင်းသူ ကျောင်းသားကတောင် အများဆုံး ငါးနာရီသာ အတည်ပြုနိုင်ခဲ့သည်။


“နှစ်ရက်”


“နှစ်ရက်!!.. ဟုတ်ရော ဟုတ်ရဲ့လား၊ သူ ရုန်းကန်နေတာ တော်ကြာ ညနက် ငါတို့ အိပ်ပျော်သွားမှာ သူ ရုန်းလို့ လွတ်သွားရင်ကော”


“သူက မှော်သားရဲမျိုးစိတ်ကြီး ဖြစ်ပေမယ့် ဒီလို လှောင်အိမ်မျိုးကို မရုန်းနိုင်ဘူး၊ သမန်းဝံပုလွေ တစ်ကောင်ကို နှစ်ရက်ချုပ်ထားနိုင်ရင် သူ့ကိုလည်း ငါ နှစ်ရက် ချုပ်ထားနိုင်တယ်”


“လူးရာကို မင်း နှစ်ရက်တောင် ချုပ်ထားခဲ့တာလား”


ပင့်ခ်က မေးလိုက်ပေမယ့် မေဗယ်လ်က ထိုစကားကို ပြန်မဖြေလာတော့ပဲနှင့်၊ ထိုင်နေရာမှ ထရပ်လိုက်ကာ၊


“ဒီကနေ ဘယ်မှမသွားနဲ့၊ ငါ ငါးသွားဖမ်းလာခဲ့မယ်”


“ငါး”


ပင့်ခ်လည်း တစ်နေကုန် ဘာမှမစားထားရသေး၍ ငါးဆိုသော အသံတွင် တံထွေးပင် မျိုချမိတော့မလို ဖြစ်သွား၏။ ဝံပုလွေပေါက်လေးကတော့ နားရွက်တွေ အစွမ်းကုန် ထောင်ထလာကာ သူပါ လိုက်ချင်သည်ဟု မပြောရုံတမယ်နှင့် လဲနေရာမှာ ကုန်းထလေသည်။


“နေခဲ့”


မေဗယ်လ် ရိပ်ခနဲ ထွက်သွားပြီး သိပ်မကြာမှီတွင် ကျောက်တုံးများကို သယ်မပြီး ပြန်လာလေသည်။ သေချာကြည့်လိုက်တော့ ထိုကျောက်တုံးများက ငါးသဏ္ဍာန်များ၊


“မေဗယ်လ် မင်း အမ်မာဒရေး ကျိန်စာကို ငါးဖမ်းတဲ့အချိန်မှာ သုံးလိုက်တာလား”


“ကျိန်စာရဲ့စွမ်းအား ဆိုတာက ကိုယ်သုံးတဲ့အပေါ်မှာပဲ မူတည်တယ်”


“ဒါပေမယ့် ကျောက်တုံးတွေ ဖြစ်နေပြီလေ”


“နှစ်မိနစ်ဆိုရင် သူတို့ ကျိန်စာပြယ်ပြီ”


“နှစ်မိနစ်၊ အဲ့လောက် မြန်မြန်နဲ့ ကျိန်စာပြယ်အောင် ရွတ်နိုင်တာလား၊ ငါကြားဖူးတာ နေ့စဉ်သုံး ကျိန်စာတွေက အနည်းဆုံး အချိန် ဆယ့်ငါးမိနစ်လောက်တော့ ရှိစေရမယ်ဆိုတာ”


“ငါတို့ ကျောင်းက ငါ့ကို လက်တွေ့ကျပြီး အသုံးဝင်တာတွေ သင်ပေးတယ်”


မေဗယ်လ်က အမှောင်စက်ဝန်းကို မြူခိုးများ ပို၍ ထူထပ်သိပ်သည်းသွားစေရန် လက်ကို ဆန့်တန်းလိုက်ပြီး ဖြည့်စွပ်လိုက်ပြီးမှ သစ်ကိုင်းများကို ကောက်လိုက်ကာ မီးမွှေးလိုက်သည်။ သစ်ကိုင်းများကို သူ့ခြေထောက်တွင် ထိုးထားသော ဓားမြောင်ဖြင့် ချွန်အောင် ချောအောင် ပြုလိုက်ပြီးနောက်၊


“ငါးကင်မယ်”


@@@@@@@


ဆက်ရန်--


rate now:

1 Reviews
  • reader KhinWin 01.12.2019, 04:16 5

    Good

    reply