book

Index 24

Part-9.2

Zawgyi

ေမွာ္ဝင္တမ္းခ်င္း


Part-9.2


ေမဗယ္လ္က ပင့္ခ္ကို ေဘးသို႔ တြန္းလိုက္ျပီးမွ ဇယ္ရာကို အေနာက္မွာ ေနရန္ ေျခေထာက္ျဖင့္ အေနာက္သို႔ ခပ္ထုတ္လုိက္သည္။ လူးရာက ႏြဲ႔ႏြဲ႔ေလး အေရွ႕သို႔ ေလွ်ာက္လာျပီးမွ ဇယ္ရာကို ေတြ႔ေတာ့၊


“အိုး မ်ိဳးမစစ္ေလးက ဒီမွာ ေရာက္ေနပါလား”


“ဂီ.. ဂီ.. ဂဲ”


ဇယ္ရာက လူးရာကို ေတြ႔ေတာ့ စတင္၍ မာန္ဖီေလသည္။ ဘာျဖစ္မွန္း မသိေသးသျဖင့္ ေမဗယ္လ္က တစ္ခြန္းမွ ဝင္မေျပာေသးပဲႏွင့္ ျငိမ္၍ ၾကည့္ေနေလသည္။


“မင္းတို႔ ႏွစ္ေယာက္က ငါ့တို႔ကို ယွဥ္တုိက္ဖို႔ ေရြးခ်ယ္တာ မွားတယ္လို႔ မထင္ဘူးလား၊ ငါတို႔က သန္မာတယ္ေနာ္”


ေမဗယ္လ္က တစ္ခြန္းမွ မေျပာေသာ္လည္း ပင့္ခ္က ေမးဖ်ားကို ေမာ့လုိက္ျပီးမွ၊


“သန္မာတုိင္းသာ ေလာကကို အုပ္ခ်ဳပ္ေၾကး ဆိုရင္ ေဝလငါးေတြက အုပ္ခ်ဳပ္မလား ဆင္ေတြက အုပ္ခ်ဳပ္ၾကမလား လူေတြက ေသေပးရမွာလား”


“မင္း!”


ပင့္ခ္ကိုမ်ား လာျပီးေတာ့၊ တျခားသာ မတတ္မယ္ ပင့္ခ္ကို စကားနဲ႔ လာေၾကာဖို႔လား၊ ေတြးေတာင္ မေတြးၾကည့္နဲ႔၊


“ငါတို႔ ဒီဒ႑ာရီလာေကာင္ကို ဖမ္းမယ္၊ ငါၾကားတာက ေတာထဲမွာ အမွတ္အမ်ားဆံုး ျဖစ္ႏုိင္ေခ်ရွိတာက ဒီအေကာင္ပဲတဲ့”


ဒီမန္းက ဆုိလာျပီး ေမဗယ့္လ္အနားတြင္ မတ္မတ္လာရပ္သည္။ ေမဗယ္လ္က ဒီမန္းကို ငဲ့ၾကည့္လုိက္ျပီးမွ၊


“မင္း အစြမ္းအစရွိသ၍..”


“မင္းက ဇိုးဒန္ျမိဳ႕ရဲ႕ တစ္ဦးတည္းေသာ ဆက္ခံသူ ဆုိတာနဲ႔ပဲ သူမ်ားေတြကို ေက်ာ္ခြႏုိင္ျပီ ထင္ေနတာလား”


“ငါက ေမဗယ္လ္ျဖစ္ေနသ၍ ဒီမြန္းျဖစ္ျဖစ္၊ ဇယ္ရာျဖစ္ျဖစ္ အေရးမၾကီးဘူး၊ ဇိုးဒန္ျမိဳ႕ေတာ္ဝန္ ဆုိတာက ကံေကာင္းစြာနဲ႔ ငါ့အေဖ ျဖစ္လာတာ”


“ဝါး!!”


ေမဗယ့္လ္ကို သူမ်ားေတြနဲ႔ စကားႏုိင္မလုႏုိင္ဘူး ထင္တားျခင္းမွာ ပင့္ခ္ႏႈတ္ဖ်ားမွ အာေမဋိတ္သံ ခပ္တိုးတိုးက ပ်ံ႕လြင့္လာသည္။


“မင္းက အဲ့လိုမို႔လို႔လဲ တျခားေသာ သူေတြကို ေက်ာ္လြန္ျပီးေတာ့ ငါ့အေဖက မင္းကို မ်က္စိက်တာ ျဖစ္ႏုိင္တယ္”


“ကံဆုိးစြာနဲ႔ ငါ မင္းအေဖကို မ်က္စိက်မေနခဲ့ဘူး”


“အဟု!”


မရယ္ဖို႔ ဖိႏွိပ္ထိန္းထားရင္းက ပင့္ခ္ ခိုးရယ္လိုက္မိသည္။ ဒီမန္းက ပင့္ခ္အား တစ္ခ်က္မွ် ၾကည့္လာခဲ့ျပီးေနာက္၊


“ဘာပဲျဖစ္ျဖစ္ မင္းနဲ႔ငါ့ရဲ႕ ေစ့စပ္ေၾကာင္းလမ္းတာက အတည္ျဖစ္လာမွာပဲ”


ေမဗယ္လ္က ဒီမန္းအနားသို႔ တစ္လွမ္းစာမွ် ေရွ႕တိုးလိုက္ျပီးေနာက္ နားနားသို႔ ကပ္လုိက္ကာ တစ္ခုခု ေျပာလိုက္ေလသည္။ ျပီးမွ အေနာက္သို႔ ျပန္ဆုတ္လုိက္ျပီး လူးရာအနားသို႔ တိုးသြားလုိက္သည္။


“မင္း မ်ိဳးမစစ္ေလးလို႔ ေခၚလုိက္တဲ့ တစ္ေယာက္က ငါ့မိသားစုဝင္ ျဖစ္သြားျပီ ေနာက္က်ရင္ အေခၚအေဝၚဆင္ျခင္ပါ”


ဒီမန္းက မ်က္ႏွာတစ္ခုလံုး ရဲရဲနီသြားျပီးေနာက္တြင္မွ၊


“ေမဗယ္လ္ မင္း အရွက္မရွိ ဒီလိုစကားမ်ိဳးကို”


“ပင့္ခ္ ဇယ္ရာ သြားမယ္”


ေမဗယ္လ္က ဇယ္ရာကို ေခၚလိုက္ေတာ့ လူးရာက ဆတ္ခနဲ ျဖစ္သြားျပီးေနာက္၊


“သူက ဇယ္ရာမ်ိဳးႏြယ္လို႔ ေခၚဖို႔ အဆင့္မရွိဘူး၊ သူ႔ကို အဲ့လိုေခၚခြင့္မရွိဘူး”


“ငါ့မိသားစုဝင္ကို ငါ့ဖာသာ ဇယ္ရာဇိုးဒန္လို႔ နာမည္ေပးထားမယ္၊ ငါက ေကာင္စီကို တင္ျပေပးရအံုးမွာလား”


“ဒါေပမယ့္ သူက ဇယ္ရာမ်ိဳးႏြယ္စစ္စစ္ မဟုတ္ဘူး၊ တိရိစာၦန္နဲ႔ သားေပါက္ထားတဲ့ ဟိလာတာကို မထိန္းႏုိင္မသိမ္းႏုိင္တဲ့ ရြံစရာအေမကေန ေမြးလာတဲ့ တိရိစာၦန္ပဲ”


(ေျဖရွင္းခ်က္- သမန္းဝံပုေလြရဲ႕ ကာလစက္ဝန္းကို ေခြးေလးေတြကို သံုးသလိုပဲ ဟိလာတယ္လို႔ပဲ သံုးထားပါတယ္ေနာ္)


“ဂီး ဂီး”


ဝံပုေလြေပါက္ေလးက လူးရာထံသို႔ ဦးတည္၍ ခုန္အုပ္သည္တြင္ ေမဗယ္လ္က လမ္းတစ္ဝက္တြင္ ဆြဲဖမ္းထားလိုက္သည္။ ပင့္ခ္ ဘာလို႔မွန္း မသိေသာ္လည္း မ်က္ႏွာငယ္ေလး ျဖစ္သြားေသာ ဝံပုေလြငယ္ေလးကို သနားျခင္း ၾကီးစိုးသြားခဲ့ျပီးေနာက္၊


“မင္း ဟိလာတာကိုပဲ မင္းဖာသာ ေသခ်ာထိန္းသိမ္းထားလုိက္ပါအံုး၊ ဒီလုိေတာထဲမွာ မေတာ္တဆ မင္း ဟိလာခဲ့ရင္.. မင္းအသံုးျပဳဖို႔က မ်ိဳးႏြယ္တူဆုိတာ ရွိပါ့မလားပဲ၊ မင္းက မိတ္ေကာ ရွိျပီမို႔လို႔လား”


ေမဗယ္လ္က ပင့္ခ္ေျပာေနသည္ကို တစ္ခ်က္သာ ၾကည့္၍ တားလာခဲ့ျပီးေနာက္၊


“မင္း ေနာက္တစ္ခါ စကားမဆင္ျခင္ခဲ့ရင္ ငါ မင္းကို ရုပ္ထိန္းအပင္း ေကၽြးလိုက္မယ္၊ မင္းေျပာခဲ့ဖူးတဲ့ စကားေတြ အားလံုးကို ေနာင္တရသြားေအာင္ ငါ မလုပ္ႏုိင္ဘူး ထင္ရင္ စမ္းၾကည့္လိုက္”


ေမဗယ္လ္က ဇယ္ရာကို ေအာက္သို႔ ပစ္ခ်လိုက္ျပီးမွ၊


“ဒါနဲ႔ မင္းသိလား၊ သူက လူအသြင္မေျပာင္းႏုိင္ေသးတာ ေပမယ့္ တစ္သက္လံုး မေျပာင္းႏုိင္ေတာ့တာ မဟုတ္ဘူး”


“ေအာ္စဂန္ဒီးလာ!!”


ဒီမန္း၏ေမွာ္အစြမ္းျဖင့္ ပိတ္ကြယ္ထားေသာ အရာမ်ားကို ေပၚလြင္ေစေသာ က်ိန္စာရြတ္ဆိုသံက က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။ သို႔ေသာ္ ေမဗယ္လ္က တစ္ခ်က္သာ ငဲ့ၾကည့္ျပီးေနာက္ လွည့္ထြက္လာခဲ့ေတာ့သည္။


ပင့္ခ္ႏွင့္ ဇယ္ရာက အေနာက္ကေန လိုက္ပါလာခဲ့ျပီးေနာက္ ပင့္ခ္ ေမဗယ္လ္ကို မွီသြားေတာ့ ေမးလုိက္မိသည္။


“သူ က်ိန္စာရြတ္တာက ဘာလို႔ အက်ိဳးသက္ေရာက္မႈ မရွိတာလဲ”


“ဒါက ေမွာ္အစြမ္းနဲ႔ ဖန္းတီးထားတာ မဟုတ္ဘူး၊ သဘာဝအသိုက္ မို႔လို႔”


“သဘာဝအသိုက္ ဟုတ္လား”


“အင္း မီးလံုး ဆုိတာက က်ဴးရပ္စ္တို႔ မ်ိဳးႏြယ္ေတြ အိပ္တဲ့အခ်ိန္ ဒါမွမဟုတ္ ေလာကနဲ႔ အဆက္သြယ္ျဖတ္တဲ့အခ်ိန္ သံုးတာ၊ ေမွာ္အစြမ္းနဲ႔ မျမင္ရေအာင္ ပိတ္ကာထားတာ မဟုတ္ဘူး၊ တမင္သက္သက္ ပုန္းေနရတာမို႔”


“ဒါနဲ႔ မင္းေခၚတုန္းက က်ေတာ့ေရာ”


“ငါ့အသံၾကားျပီးေတာ့ ငါ့အေငြ႔အသက္ကို ရလို႔ သူ ထြက္လာတာ”


“ေဟး!!”


ဒီမန္း၏ အသံကို ၾကားလုိက္ရျပီးေနာက္ ေမဗယ္လ္ေရွ႕တြင္ ပိတ္ကာထားလုိက္ေလသည္။ လူးရာကပါ အနားသို႔ ေရာက္လာျပီးေနာက္ မေက်မခ်မ္းျဖင့္ ဆုိသည္။


“မင္း ဘာလုပ္ထားတာလဲ၊ ဒ႑ာရီလာ သတၱဝါကို မင္းကပဲ လိုခ်င္လို႔ ရမလား၊ ဒါက မင္း တမင္သက္သက္..”


ေမဗယ္လ္က လူးရာကို တည့္တည့္စိုက္ၾကည့္လုိက္ေတာ့ လူးရာက ေျပာလက္စ စကားကို ရပ္ပစ္လုိက္ေလသည္။


“မင္း မေခၚသြားဘူး မဟုတ္လား၊ ဒါဆုိ ဘာလို႔ ငါတို႔ကို ေခၚသြားဖို႔ ခြင့္မျပဳရတာလဲ”


“မင္းတို႔ အသိဉာဏ္နည္းျပီး ႏံုအတဲ့အျပင္ အစြမ္းအစ မရွိတာမွာ ငါတို႔ကို လာျပီးေတာ့ အျပစ္တင္ေနတာလား”


Uni


မှော်ဝင်တမ်းချင်း


Part-9.2


မေဗယ်လ်က ပင့်ခ်ကို ဘေးသို့ တွန်းလိုက်ပြီးမှ ဇယ်ရာကို အနောက်မှာ နေရန် ခြေထောက်ဖြင့် အနောက်သို့ ခပ်ထုတ်လိုက်သည်။ လူးရာက နွဲ့နွဲ့လေး အရှေ့သို့ လျှောက်လာပြီးမှ ဇယ်ရာကို တွေ့တော့၊


“အိုး မျိုးမစစ်လေးက ဒီမှာ ရောက်နေပါလား”


“ဂီ.. ဂီ.. ဂဲ”


ဇယ်ရာက လူးရာကို တွေ့တော့ စတင်၍ မာန်ဖီလေသည်။ ဘာဖြစ်မှန်း မသိသေးသဖြင့် မေဗယ်လ်က တစ်ခွန်းမှ ဝင်မပြောသေးပဲနှင့် ငြိမ်၍ ကြည့်နေလေသည်။


“မင်းတို့ နှစ်ယောက်က ငါ့တို့ကို ယှဉ်တိုက်ဖို့ ရွေးချယ်တာ မှားတယ်လို့ မထင်ဘူးလား၊ ငါတို့က သန်မာတယ်နော်”


မေဗယ်လ်က တစ်ခွန်းမှ မပြောသော်လည်း ပင့်ခ်က မေးဖျားကို မော့လိုက်ပြီးမှ၊


“သန်မာတိုင်းသာ လောကကို အုပ်ချုပ်ကြေး ဆိုရင် ဝေလငါးတွေက အုပ်ချုပ်မလား ဆင်တွေက အုပ်ချုပ်ကြမလား လူတွေက သေပေးရမှာလား”


“မင်း!”


ပင့်ခ်ကိုများ လာပြီးတော့၊ တခြားသာ မတတ်မယ် ပင့်ခ်ကို စကားနဲ့ လာကြောဖို့လား၊ တွေးတောင် မတွေးကြည့်နဲ့၊


“ငါတို့ ဒီဒဏ္ဍာရီလာကောင်ကို ဖမ်းမယ်၊ ငါကြားတာက တောထဲမှာ အမှတ်အများဆုံး ဖြစ်နိုင်ချေရှိတာက ဒီအကောင်ပဲတဲ့”


ဒီမန်းက ဆိုလာပြီး မေဗယ့်လ်အနားတွင် မတ်မတ်လာရပ်သည်။ မေဗယ်လ်က ဒီမန်းကို ငဲ့ကြည့်လိုက်ပြီးမှ၊


“မင်း အစွမ်းအစရှိသ၍..”


“မင်းက ဇိုးဒန်မြို့ရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဆိုတာနဲ့ပဲ သူများတွေကို ကျော်ခွနိုင်ပြီ ထင်နေတာလား”


“ငါက မေဗယ်လ်ဖြစ်နေသ၍ ဒီမွန်းဖြစ်ဖြစ်၊ ဇယ်ရာဖြစ်ဖြစ် အရေးမကြီးဘူး၊ ဇိုးဒန်မြို့တော်ဝန် ဆိုတာက ကံကောင်းစွာနဲ့ ငါ့အဖေ ဖြစ်လာတာ”


“ဝါး!!”


မေဗယ့်လ်ကို သူများတွေနဲ့ စကားနိုင်မလုနိုင်ဘူး ထင်တားခြင်းမှာ ပင့်ခ်နှုတ်ဖျားမှ အာမေဋိတ်သံ ခပ်တိုးတိုးက ပျံ့လွင့်လာသည်။


“မင်းက အဲ့လိုမို့လို့လဲ တခြားသော သူတွေကို ကျော်လွန်ပြီးတော့ ငါ့အဖေက မင်းကို မျက်စိကျတာ ဖြစ်နိုင်တယ်”


“ကံဆိုးစွာနဲ့ ငါ မင်းအဖေကို မျက်စိကျမနေခဲ့ဘူး”


“အဟု!”


မရယ်ဖို့ ဖိနှိပ်ထိန်းထားရင်းက ပင့်ခ် ခိုးရယ်လိုက်မိသည်။ ဒီမန်းက ပင့်ခ်အား တစ်ချက်မျှ ကြည့်လာခဲ့ပြီးနောက်၊


“ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါ့ရဲ့ စေ့စပ်ကြောင်းလမ်းတာက အတည်ဖြစ်လာမှာပဲ”


မေဗယ်လ်က ဒီမန်းအနားသို့ တစ်လှမ်းစာမျှ ရှေ့တိုးလိုက်ပြီးနောက် နားနားသို့ ကပ်လိုက်ကာ တစ်ခုခု ပြောလိုက်လေသည်။ ပြီးမှ အနောက်သို့ ပြန်ဆုတ်လိုက်ပြီး လူးရာအနားသို့ တိုးသွားလိုက်သည်။


“မင်း မျိုးမစစ်လေးလို့ ခေါ်လိုက်တဲ့ တစ်ယောက်က ငါ့မိသားစုဝင် ဖြစ်သွားပြီ နောက်ကျရင် အခေါ်အဝေါ်ဆင်ခြင်ပါ”


ဒီမန်းက မျက်နှာတစ်ခုလုံး ရဲရဲနီသွားပြီးနောက်တွင်မှ၊


“မေဗယ်လ် မင်း အရှက်မရှိ ဒီလိုစကားမျိုးကို”


“ပင့်ခ် ဇယ်ရာ သွားမယ်”


မေဗယ်လ်က ဇယ်ရာကို ခေါ်လိုက်တော့ လူးရာက ဆတ်ခနဲ ဖြစ်သွားပြီးနောက်၊


“သူက ဇယ်ရာမျိုးနွယ်လို့ ခေါ်ဖို့ အဆင့်မရှိဘူး၊ သူ့ကို အဲ့လိုခေါ်ခွင့်မရှိဘူး”


“ငါ့မိသားစုဝင်ကို ငါ့ဖာသာ ဇယ်ရာဇိုးဒန်လို့ နာမည်ပေးထားမယ်၊ ငါက ကောင်စီကို တင်ပြပေးရအုံးမှာလား”


“ဒါပေမယ့် သူက ဇယ်ရာမျိုးနွယ်စစ်စစ် မဟုတ်ဘူး၊ တိရိစ္ဆာန်နဲ့ သားပေါက်ထားတဲ့ ဟိလာတာကို မထိန်းနိုင်မသိမ်းနိုင်တဲ့ ရွံစရာအမေကနေ မွေးလာတဲ့ တိရိစ္ဆာန်ပဲ”


(ဖြေရှင်းချက်- သမန်းဝံပုလွေရဲ့ ကာလစက်ဝန်းကို ခွေးလေးတွေကို သုံးသလိုပဲ ဟိလာတယ်လို့ပဲ သုံးထားပါတယ်နော်)


“ဂီး ဂီး”


ဝံပုလွေပေါက်လေးက လူးရာထံသို့ ဦးတည်၍ ခုန်အုပ်သည်တွင် မေဗယ်လ်က လမ်းတစ်ဝက်တွင် ဆွဲဖမ်းထားလိုက်သည်။ ပင့်ခ် ဘာလို့မှန်း မသိသော်လည်း မျက်နှာငယ်လေး ဖြစ်သွားသော ဝံပုလွေငယ်လေးကို သနားခြင်း ကြီးစိုးသွားခဲ့ပြီးနောက်၊


“မင်း ဟိလာတာကိုပဲ မင်းဖာသာ သေချာထိန်းသိမ်းထားလိုက်ပါအုံး၊ ဒီလိုတောထဲမှာ မတော်တဆ မင်း ဟိလာခဲ့ရင်.. မင်းအသုံးပြုဖို့က မျိုးနွယ်တူဆိုတာ ရှိပါ့မလားပဲ၊ မင်းက မိတ်ကော ရှိပြီမို့လို့လား”


မေဗယ်လ်က ပင့်ခ်ပြောနေသည်ကို တစ်ချက်သာ ကြည့်၍ တားလာခဲ့ပြီးနောက်၊


“မင်း နောက်တစ်ခါ စကားမဆင်ခြင်ခဲ့ရင် ငါ မင်းကို ရုပ်ထိန်းအပင်း ကျွေးလိုက်မယ်၊ မင်းပြောခဲ့ဖူးတဲ့ စကားတွေ အားလုံးကို နောင်တရသွားအောင် ငါ မလုပ်နိုင်ဘူး ထင်ရင် စမ်းကြည့်လိုက်”


မေဗယ်လ်က ဇယ်ရာကို အောက်သို့ ပစ်ချလိုက်ပြီးမှ၊


“ဒါနဲ့ မင်းသိလား၊ သူက လူအသွင်မပြောင်းနိုင်သေးတာ ပေမယ့် တစ်သက်လုံး မပြောင်းနိုင်တော့တာ မဟုတ်ဘူး”


“အော်စဂန်ဒီးလာ!!”


ဒီမန်း၏မှော်အစွမ်းဖြင့် ပိတ်ကွယ်ထားသော အရာများကို ပေါ်လွင်စေသော ကျိန်စာရွတ်ဆိုသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သို့သော် မေဗယ်လ်က တစ်ချက်သာ ငဲ့ကြည့်ပြီးနောက် လှည့်ထွက်လာခဲ့တော့သည်။


ပင့်ခ်နှင့် ဇယ်ရာက အနောက်ကနေ လိုက်ပါလာခဲ့ပြီးနောက် ပင့်ခ် မေဗယ်လ်ကို မှီသွားတော့ မေးလိုက်မိသည်။


“သူ ကျိန်စာရွတ်တာက ဘာလို့ အကျိုးသက်ရောက်မှု မရှိတာလဲ”


“ဒါက မှော်အစွမ်းနဲ့ ဖန်းတီးထားတာ မဟုတ်ဘူး၊ သဘာဝအသိုက် မို့လို့”


“သဘာဝအသိုက် ဟုတ်လား”


“အင်း မီးလုံး ဆိုတာက ကျူးရပ်စ်တို့ မျိုးနွယ်တွေ အိပ်တဲ့အချိန် ဒါမှမဟုတ် လောကနဲ့ အဆက်သွယ်ဖြတ်တဲ့အချိန် သုံးတာ၊ မှော်အစွမ်းနဲ့ မမြင်ရအောင် ပိတ်ကာထားတာ မဟုတ်ဘူး၊ တမင်သက်သက် ပုန်းနေရတာမို့”


“ဒါနဲ့ မင်းခေါ်တုန်းက ကျတော့ရော”


“ငါ့အသံကြားပြီးတော့ ငါ့အငွေ့အသက်ကို ရလို့ သူ ထွက်လာတာ”


“ဟေး!!”


ဒီမန်း၏ အသံကို ကြားလိုက်ရပြီးနောက် မေဗယ်လ်ရှေ့တွင် ပိတ်ကာထားလိုက်လေသည်။ လူးရာကပါ အနားသို့ ရောက်လာပြီးနောက် မကျေမချမ်းဖြင့် ဆိုသည်။


“မင်း ဘာလုပ်ထားတာလဲ၊ ဒဏ္ဍာရီလာ သတ္တဝါကို မင်းကပဲ လိုချင်လို့ ရမလား၊ ဒါက မင်း တမင်သက်သက်..”


မေဗယ်လ်က လူးရာကို တည့်တည့်စိုက်ကြည့်လိုက်တော့ လူးရာက ပြောလက်စ စကားကို ရပ်ပစ်လိုက်လေသည်။


“မင်း မခေါ်သွားဘူး မဟုတ်လား၊ ဒါဆို ဘာလို့ ငါတို့ကို ခေါ်သွားဖို့ ခွင့်မပြုရတာလဲ”


“မင်းတို့ အသိဉာဏ်နည်းပြီး နုံအတဲ့အပြင် အစွမ်းအစ မရှိတာမှာ ငါတို့ကို လာပြီးတော့ အပြစ်တင်နေတာလား”


rate now:

3 Reviews
  • reader JuliusJulius 01.12.2019, 06:33 5

    So good

    reply

  • reader JuliusJulius 01.12.2019, 06:33 5

    So good

    reply

  • reader KhinWin 01.12.2019, 04:15 5

    Good

    reply