Zawgyi
ေမွာ္ဝင္ညရဲ႕ကေဝပ်ိဳတမ္းခ်င္း
Part-9.1
“သူ မထြက္လာရင္ ငါတို႔ ေတြ႔လို႔မရဘူး”
ပင့္ခ္စိတ္ထင္ ေမဗယ့္လ္အသံက အနည္းငယ္ ဝမ္းနည္းသံ စြပ္ေနသလားလို႔၊ စိတ္ထင္တာပဲ ျဖစ္ႏိုင္ပါသည္။ ေမဗယ္လ္က ထိုေနရာမွ လွည့္ထြက္ဖို႔ ျပင္သည္။ ပင့္ခ္ ေမဗယ့္လ္ကို ေျပာလုိက္မိသည္။
“သူ မထြက္လာဘူးလား ဆုိတာ ေသခ်ာေအာင္ ငါတို႔ ေခၚေမးလို႔ မရဘူးလား”
ေမဗယ္လ္က ပင့္ခ္ကို လွည့္ၾကည့္လာျပီးမွ သူ႔လက္ေတြထဲမွာ အေမွာင္ေငြ႔တခ်ိဳ႕က သိုင္းရစ္လာျပီးေနာက္ ေျမျပင္ေပၚသို႔ လက္ဖဝါးကို ဖိကပ္လုိက္ျပီးမွ၊
“က်ဴးရပ္စ္၊ မင္းကို အေမွာင္စက္ကြင္းထဲကို ဆင့္ေခၚတယ္”
“အက္! အက္!”
စူးရွလွေသာ ငွက္အသံက က်ယ္ေလာင္စြာ ထြက္ေပၚလာျပီးေနာက္ ေမဗယ္လ္ ဖန္တီးလုိက္ေသာ အေမွာင္စက္ကြင္းအတြင္းသို႔ တစ္ရွိန္ထိုးဝင္လာေသာ မီးလံုးတစ္ခုက အထိန္းအကြပ္မဲ့စြာျဖင့္ ပ်ံသန္းလာျပီးေနာက္ အေမွာင္စက္ကြင္းအတြင္းဝယ္ ျငိမ္သက္သြားေလသည္။ မီးလံုးငယ္က စက္ကြင္းအတြင္း ျငိမ္သက္စြာ ပ်ံဝဲေနသည္တြင္ ေမဗယ္လ္က စကားလွမ္းေျပာေလသည္။
“ဒီမွာ မင္းအႏၱာရာယ္ကင္းပါတယ္၊ မင္းထြက္လာလုိ႔ ရပါတယ္ က်ဴးရပ္စ္”
“အက္!.. အက္!”
အသံသဲ့သဲ့ေလးက မီးလံုးအတြင္းမွ ထြက္လာခဲ့ျပီးေနာက္ မီးလံုးေလးက ကြဲအက္လာကာ အေတာင္ပံျဖဴျဖဴေလး တစ္စံုက စတင္၍ ထြက္ေပၚလာေလသည္။ ျပီးေနာက္တြင္ မီးလံုးအခြံက ကြယ္ေပ်ာက္သြားျပီး အေတာင္ပံျဖဴျဖဴႏွင့္ ၾကက္တူေရြးေလးက ေလထဲတြင္ အေတာင္ပံခတ္လ်က္ျဖင့္ ေပၚလာေလသည္။
“က်ဴးရပ္စ္ မင္း အဆင္ေျပရဲ႕လား”
“အက္ အက္ အက္ အက္ အက္”
ၾကက္တူေရြးေလး၏ အဆက္မျပတ္ ေအာ္ျမည္သံက မေက်နပ္ခ်က္မ်ားကို တုိင္တန္ေနသည့္အလား၊ ေမဗယ္လ္ ပုခံုးထက္တြင္ လာနားျပီးေနာက္ ဦးေခါင္းေလးျဖင့္ ပါးျပင္ကို ပြတ္တိုက္ေလသည္။
“ငါ မင္းကို လာၾကည့္တာ ေနာက္က်သြားတယ္”
“ဟိုင္း က်ဴးရပ္စ္”
ေနာက္ဆံုးေတာ့ ကိုယ့္ကိုယ္ကို လူပိုလို မခံစားလိုေတာ့တာေၾကာင့္ ပင့္ခ္ကပဲ စတင္၍ ႏႈတ္ဆက္ရန္ ျပင္လုိက္သည္။ က်ဴးရပ္စ္က ေမဗယ့္လ္ပါးျပင္ကို ပြတ္တိုက္ေနရာမွ ပင့္ခ္အား လွမ္းၾကည့္လာခဲ့ျပီးေနာက္ သူ႔အေတာင္ပံတစ္ဖက္ကို ေကြးကာ ဦးညႊတ္၍ အရိုအေသျပဳဟန္ကို ေပးလာသည္။
ထိုအျပဳအမူက ခဏတာေလး ျဖစ္ေသာ္လည္း ပင့္ခ္ကို ေက်နပ္ ၾကည္ႏူးသြားေစသည္။ အနည္းဆံုးေတာ့ အရိုအေသေပးခံရတာက လ်စ္လ်ဴရႈခံရတာထက္ ပိုေကာင္းတယ္ မဟုတ္လား။
ပင့္ခ္ စြတ္စြတ္ျဖဴေနတဲ့ ၾကက္တူေရြးမ်ိဳးကို မျမင္ဖူးတာေၾကာင့္ အနားသို႔ တိုးသြားမိကာ ကိုင္ရန္ ျပင္လုိက္သည္။ ထုိတြင္ က်ဴးရပ္စ္က ေမဗယ္လ္ ပုခံုးထက္မွ ရုတ္ခ်ည္း ထပ်ံသြားျပီးေနာက္ အေတာင္ပံေတြ ျပန္႔ကားလာျပီးေနာက္ ၾကီးမားသည့္ အသြင္ကို ကူးေျပာင္းသြားေလသည္။
ေမဗယ္လ္က က်ဴးရပ္စ္ ေျပာင္းလဲသြားေတာ့ ေဘးသို႔ ဆုတ္ရပ္လုိက္ျပီးမွ၊
“ေဟး ငါ့အေရွ႕မွာ မင္း တကယ္အဲ့လို လုပ္ခ်င္တာ ေသခ်ာလား က်ဴးရပ္စ္”
“အက္ အက္”
အသံေသးေသးေလးကို ျပဳခဲ့ျပီးေနာက္ ျပန္လည္ေသးငယ္သြားကာ ေမဗယ္လ္ပုခံုးထက္တြင္ ျပန္၍ နားလာေလသည္။
“သူ႔ကို လူတိုင္း ထိလို႔ရတာ မဟုတ္ဘူး၊ သူက ဟိုးအရင္ နတ္သမာန္ေတာ္ေတြ လူသားေတြနဲ႔ ေရာေႏွာေနထိုင္တုန္းက စီးနင္းခဲ့တဲ့ သိမ္းငွက္မ်ိဳးႏြယ္ကေန ဆင္းသက္လာတာ”
“ဒါေပမယ့္ မင္းကိုက်ေတာ့ သူက အထိခံေနတာပဲ”
ပင့္ခ္ မေက်မခ်မ္းနဲ႔ ေျပာေတာ့ ေမဗယ္လ္က ရူးေနလား ဟူသည့္ အၾကည့္တစ္ခ်က္ ေရာက္လာျပီးမွ၊
“သူ႔ကို ငါေတြ႔ေတာ့ သူက ဥထဲကေန အေကာင္မေပါက္ေသးဘူး၊ ျပီးေတာ့ သူက ဘာမ်ိဳးစိတ္လဲ ဆိုတာလည္း ငါ ေသခ်ာမသိဘူး၊ ေက်ာင္းမွာ ငါ ယူသြားျပီးေတာ့ အေကာင္ေပါက္တဲ့အထိ ငါနဲ႔အတူတူ ေနခဲ့ျပီးမွ ငါသူ႔ကို ေမြးထားခဲ့တာ၊ သူ႔ကို တျခားေက်ာင္းသားတစ္ေယာက္က အတင္းမရမက မထိခ်င္ခဲ့တဲ့အထိ ငါနဲ႔အတူတူ ေနခဲ့တာ၊ အဲ့ဒီေက်ာင္းသားကို မ်က္လံုးေပါက္ေအာင္ ကုပ္ျခစ္ပစ္လုိက္တယ္”
“မင္း အေရွ႕မွာက် ကေလးေပါက္စလို ခၽြဲေနျပီးမွ”
“အဲ့ကတည္းက က်ဴးရပ္စ္ကို ဖန္တီးမႈ ေတာအုပ္ထဲကို ပို႔လုိက္ရတာ၊ ငါ တစ္ခါမွ လာမေတြ႔ရေသးဘူး”
ေမဗယ္လ္က အေမွာင္စက္ကြင္းကို ဖယ္လုိက္ျပီးမွ က်ဴးရပ္စ္ကို လက္ေခ်ာင္းေလးျဖင့္ ပြတ္သပ္လုိက္ရင္းက၊
“မင္း လုိက္ခဲ့လို႔ မရတာကို မင္းသိပါတယ္၊ က်ဴးရပ္စ္”
“သူက မင္းကို ဘာေတြ ေျပာေနတာလဲ၊ ဘယ္လုိ ဘာသာစကားကို သံုးျပီးေတာ့ ေျပာေနတာလဲ”
“ဘယ္လို ဘာသာစကားမွ မသံုးဘူး၊ ေမွာ္သားရဲမ်ိဳးစိတ္ ပထမမ်ိဳးဆက္က မ်ိဳးႏြယ္ေတြက စိတ္ထဲကေန တျခားသူကို ဆက္သြယ္ႏုိင္ၾကတယ္၊ ဒါေပမယ့္ သူတို႔ ဆက္သြယ္ခ်င္တဲ့သူကိုပဲ ဆက္သြယ္တယ္”
“ဒါဆို သူေျပာတာကို ငါ မၾကားရဘူးေပါ့”
“ေသခ်ာေပါက္ပဲ၊ က်ဴးရပ္စ္ မင္းသြားေတာ့ေလ၊ ငါ လုပ္စရာရွိတာ လုပ္ျပီးရင္ ျပန္ေတာ့မယ္”
ေမဗယ္လ္က ထုိသို႔ ေျပာေတာ့ က်ဴးရပ္စ္၏လက္ေခ်ာင္းေလးမ်ားက ေမဗယ္လ္၏ပုခံုးမွာ အက်ႌကို ေပါက္သြားေတာ့မလိုပင္ ကုတ္ထားလုိက္ပါေလေတာ့သည္။
“ငါမင္းကို ေခၚလို႔မရဘူးဆိုတာ မင္းသိပါတယ္ က်ဴးရပ္စ္၊ ဒီမွာဆို မင္း လြတ္လြတ္လပ္လပ္ ပ်ံလို႔ရတယ္၊ ျပီးေတာ့ မင္းကို ခ်ဳပ္ေႏွာင္ခ်င္တဲ့ ဘယ္သူ႔ကို မဆို မင္း လြတ္လပ္စြာ တုန္႔ျပန္ႏုိင္တယ္”
“အဲ့ဒါဆို ဟိုးအရင္တည္းက အခုထိ မင္းေမြးဖူးတဲ့ အိမ္ေမြးတိရိစာၦန္က က်ဴးရပ္စ္ပဲလား”
ေမဗယ္လ္က က်ဴးရပ္စ္ကို ေျပာေနရင္းက ပင့္ခ္ကို လွည့္ၾကည့္လာျပီးမွ၊
“ငါ အိမ္ေမြးအေကာင္ တစ္ေကာင္မွ မေမြးဖူးဘူး၊ အိုေက က်ဴးရပ္စ္ ငါ တစ္ ႏွစ္ သံုး ေရတြက္ရမလား”
ေမဗယ္လ္က ထိုသို႔ ျခိမ္းေျခာက္စကားဆုိေတာ့ ထိုက်ဴးရပ္စ္၏ အနီးနားတြင္ မီးလံုးငယ္ေလး ေပၚလာျပီး ထိုမီးလံုးေလးအတြင္းသို႔ က်ဴးရပ္စ္က ေလးတိေလးကန္ျဖင့္ ပ်ံသန္းကာ ဝင္ေရာက္သြားေလသည္။
“အိုး!! ဒ႑ာရီလာ သားရဲ ရွိတယ္ ဆုိတာ တကယ္ၾကီးပါလား”
အသံႏွင့္အတူ အေျပးအလႊား ေရာက္လာသူေတြက ပင့္ခ္တို႔ႏွင့္ အတူတူ ေတာအုပ္အတြင္းသို႔ သားရဲေကာင္ ဖမ္းရန္ ေရာက္လာေသာ သူမ်ား၊ ပထမဆံုး ခုန္ဆင္းလာတာက ဒီမန္း၊ အေနာက္တြင္ ေရာက္လာတာက လူးရာ၊ ဒီမန္းက လက္ရွိဒီမြန္းမ်ိဳးႏြယ္စု ျမိဳ႕ေတာ္ဝန္၏သားျဖစ္သည္။ လူးရာက ဇယ္ရာမ်ိဳးႏြယ္စု၏ ဆက္ခံသူ ႏွစ္ဦးထဲမွ တစ္ဦး ျဖစ္သည္။
သူတို႔အသင္းက တစ္ေယာက္က ဒီမြန္း တစ္ေယာက္က ဇယ္ရာ ျဖစ္ေန၍ သန္မာေသာ အသင္းဟု ဆုိႏုိင္သည္။ ေမဗယ္လ္က က်ဴးရပ္စ္အား မီးလံုးအတြင္းဝင္ေရာက္သြားတာကို ေစာင့္ၾကည့္ေနျပီးမွ၊
“က်ဴးရပ္စ္ သြားေတာ့ မထြက္လာေတာ့နဲ႔”
“ေဟ့ ေမ မင္းတစ္ေယာက္တည္း ဒ႑ာရီလာသတၱဝါကို အပုိင္ရသလို မေျပာနဲ႔ေလ”
“ငါ့ကို ေမလို႔ မေခၚနဲ႔ ဆႏၵရွိရင္ သခင္မဇိုးဒန္လို႔ ေခၚႏုိင္တယ္”
Uni
မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း
Part-9.1
“သူ မထွက်လာရင် ငါတို့ တွေ့လို့မရဘူး”
ပင့်ခ်စိတ်ထင် မေဗယ့်လ်အသံက အနည်းငယ် ဝမ်းနည်းသံ စွပ်နေသလားလို့၊ စိတ်ထင်တာပဲ ဖြစ်နိုင်ပါသည်။ မေဗယ်လ်က ထိုနေရာမှ လှည့်ထွက်ဖို့ ပြင်သည်။ ပင့်ခ် မေဗယ့်လ်ကို ပြောလိုက်မိသည်။
“သူ မထွက်လာဘူးလား ဆိုတာ သေချာအောင် ငါတို့ ခေါ်မေးလို့ မရဘူးလား”
မေဗယ်လ်က ပင့်ခ်ကို လှည့်ကြည့်လာပြီးမှ သူ့လက်တွေထဲမှာ အမှောင်ငွေ့တချို့က သိုင်းရစ်လာပြီးနောက် မြေပြင်ပေါ်သို့ လက်ဖဝါးကို ဖိကပ်လိုက်ပြီးမှ၊
“ကျူးရပ်စ်၊ မင်းကို အမှောင်စက်ကွင်းထဲကို ဆင့်ခေါ်တယ်”
“အက်! အက်!”
စူးရှလှသော ငှက်အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် မေဗယ်လ် ဖန်တီးလိုက်သော အမှောင်စက်ကွင်းအတွင်းသို့ တစ်ရှိန်ထိုးဝင်လာသော မီးလုံးတစ်ခုက အထိန်းအကွပ်မဲ့စွာဖြင့် ပျံသန်းလာပြီးနောက် အမှောင်စက်ကွင်းအတွင်းဝယ် ငြိမ်သက်သွားလေသည်။ မီးလုံးငယ်က စက်ကွင်းအတွင်း ငြိမ်သက်စွာ ပျံဝဲနေသည်တွင် မေဗယ်လ်က စကားလှမ်းပြောလေသည်။
“ဒီမှာ မင်းအန္တာရာယ်ကင်းပါတယ်၊ မင်းထွက်လာလို့ ရပါတယ် ကျူးရပ်စ်”
“အက်!.. အက်!”
အသံသဲ့သဲ့လေးက မီးလုံးအတွင်းမှ ထွက်လာခဲ့ပြီးနောက် မီးလုံးလေးက ကွဲအက်လာကာ အတောင်ပံဖြူဖြူလေး တစ်စုံက စတင်၍ ထွက်ပေါ်လာလေသည်။ ပြီးနောက်တွင် မီးလုံးအခွံက ကွယ်ပျောက်သွားပြီး အတောင်ပံဖြူဖြူနှင့် ကြက်တူရွေးလေးက လေထဲတွင် အတောင်ပံခတ်လျက်ဖြင့် ပေါ်လာလေသည်။
“ကျူးရပ်စ် မင်း အဆင်ပြေရဲ့လား”
“အက် အက် အက် အက် အက်”
ကြက်တူရွေးလေး၏ အဆက်မပြတ် အော်မြည်သံက မကျေနပ်ချက်များကို တိုင်တန်နေသည့်အလား၊ မေဗယ်လ် ပုခုံးထက်တွင် လာနားပြီးနောက် ဦးခေါင်းလေးဖြင့် ပါးပြင်ကို ပွတ်တိုက်လေသည်။
“ငါ မင်းကို လာကြည့်တာ နောက်ကျသွားတယ်”
“ဟိုင်း ကျူးရပ်စ်”
နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို လူပိုလို မခံစားလိုတော့တာကြောင့် ပင့်ခ်ကပဲ စတင်၍ နှုတ်ဆက်ရန် ပြင်လိုက်သည်။ ကျူးရပ်စ်က မေဗယ့်လ်ပါးပြင်ကို ပွတ်တိုက်နေရာမှ ပင့်ခ်အား လှမ်းကြည့်လာခဲ့ပြီးနောက် သူ့အတောင်ပံတစ်ဖက်ကို ကွေးကာ ဦးညွှတ်၍ အရိုအသေပြုဟန်ကို ပေးလာသည်။
ထိုအပြုအမူက ခဏတာလေး ဖြစ်သော်လည်း ပင့်ခ်ကို ကျေနပ် ကြည်နူးသွားစေသည်။ အနည်းဆုံးတော့ အရိုအသေပေးခံရတာက လျစ်လျူရှုခံရတာထက် ပိုကောင်းတယ် မဟုတ်လား။
ပင့်ခ် စွတ်စွတ်ဖြူနေတဲ့ ကြက်တူရွေးမျိုးကို မမြင်ဖူးတာကြောင့် အနားသို့ တိုးသွားမိကာ ကိုင်ရန် ပြင်လိုက်သည်။ ထိုတွင် ကျူးရပ်စ်က မေဗယ်လ် ပုခုံးထက်မှ ရုတ်ချည်း ထပျံသွားပြီးနောက် အတောင်ပံတွေ ပြန့်ကားလာပြီးနောက် ကြီးမားသည့် အသွင်ကို ကူးပြောင်းသွားလေသည်။
မေဗယ်လ်က ကျူးရပ်စ် ပြောင်းလဲသွားတော့ ဘေးသို့ ဆုတ်ရပ်လိုက်ပြီးမှ၊
“ဟေး ငါ့အရှေ့မှာ မင်း တကယ်အဲ့လို လုပ်ချင်တာ သေချာလား ကျူးရပ်စ်”
“အက် အက်”
အသံသေးသေးလေးကို ပြုခဲ့ပြီးနောက် ပြန်လည်သေးငယ်သွားကာ မေဗယ်လ်ပုခုံးထက်တွင် ပြန်၍ နားလာလေသည်။
“သူ့ကို လူတိုင်း ထိလို့ရတာ မဟုတ်ဘူး၊ သူက ဟိုးအရင် နတ်သမာန်တော်တွေ လူသားတွေနဲ့ ရောနှောနေထိုင်တုန်းက စီးနင်းခဲ့တဲ့ သိမ်းငှက်မျိုးနွယ်ကနေ ဆင်းသက်လာတာ”
“ဒါပေမယ့် မင်းကိုကျတော့ သူက အထိခံနေတာပဲ”
ပင့်ခ် မကျေမချမ်းနဲ့ ပြောတော့ မေဗယ်လ်က ရူးနေလား ဟူသည့် အကြည့်တစ်ချက် ရောက်လာပြီးမှ၊
“သူ့ကို ငါတွေ့တော့ သူက ဥထဲကနေ အကောင်မပေါက်သေးဘူး၊ ပြီးတော့ သူက ဘာမျိုးစိတ်လဲ ဆိုတာလည်း ငါ သေချာမသိဘူး၊ ကျောင်းမှာ ငါ ယူသွားပြီးတော့ အကောင်ပေါက်တဲ့အထိ ငါနဲ့အတူတူ နေခဲ့ပြီးမှ ငါသူ့ကို မွေးထားခဲ့တာ၊ သူ့ကို တခြားကျောင်းသားတစ်ယောက်က အတင်းမရမက မထိချင်ခဲ့တဲ့အထိ ငါနဲ့အတူတူ နေခဲ့တာ၊ အဲ့ဒီကျောင်းသားကို မျက်လုံးပေါက်အောင် ကုပ်ခြစ်ပစ်လိုက်တယ်”
“မင်း အရှေ့မှာကျ ကလေးပေါက်စလို ချွဲနေပြီးမှ”
“အဲ့ကတည်းက ကျူးရပ်စ်ကို ဖန်တီးမှု တောအုပ်ထဲကို ပို့လိုက်ရတာ၊ ငါ တစ်ခါမှ လာမတွေ့ရသေးဘူး”
မေဗယ်လ်က အမှောင်စက်ကွင်းကို ဖယ်လိုက်ပြီးမှ ကျူးရပ်စ်ကို လက်ချောင်းလေးဖြင့် ပွတ်သပ်လိုက်ရင်းက၊
“မင်း လိုက်ခဲ့လို့ မရတာကို မင်းသိပါတယ်၊ ကျူးရပ်စ်”
“သူက မင်းကို ဘာတွေ ပြောနေတာလဲ၊ ဘယ်လို ဘာသာစကားကို သုံးပြီးတော့ ပြောနေတာလဲ”
“ဘယ်လို ဘာသာစကားမှ မသုံးဘူး၊ မှော်သားရဲမျိုးစိတ် ပထမမျိုးဆက်က မျိုးနွယ်တွေက စိတ်ထဲကနေ တခြားသူကို ဆက်သွယ်နိုင်ကြတယ်၊ ဒါပေမယ့် သူတို့ ဆက်သွယ်ချင်တဲ့သူကိုပဲ ဆက်သွယ်တယ်”
“ဒါဆို သူပြောတာကို ငါ မကြားရဘူးပေါ့”
“သေချာပေါက်ပဲ၊ ကျူးရပ်စ် မင်းသွားတော့လေ၊ ငါ လုပ်စရာရှိတာ လုပ်ပြီးရင် ပြန်တော့မယ်”
မေဗယ်လ်က ထိုသို့ ပြောတော့ ကျူးရပ်စ်၏လက်ချောင်းလေးများက မေဗယ်လ်၏ပုခုံးမှာ အကျႌကို ပေါက်သွားတော့မလိုပင် ကုတ်ထားလိုက်ပါလေတော့သည်။
“ငါမင်းကို ခေါ်လို့မရဘူးဆိုတာ မင်းသိပါတယ် ကျူးရပ်စ်၊ ဒီမှာဆို မင်း လွတ်လွတ်လပ်လပ် ပျံလို့ရတယ်၊ ပြီးတော့ မင်းကို ချုပ်နှောင်ချင်တဲ့ ဘယ်သူ့ကို မဆို မင်း လွတ်လပ်စွာ တုန့်ပြန်နိုင်တယ်”
“အဲ့ဒါဆို ဟိုးအရင်တည်းက အခုထိ မင်းမွေးဖူးတဲ့ အိမ်မွေးတိရိစ္ဆာန်က ကျူးရပ်စ်ပဲလား”
မေဗယ်လ်က ကျူးရပ်စ်ကို ပြောနေရင်းက ပင့်ခ်ကို လှည့်ကြည့်လာပြီးမှ၊
“ငါ အိမ်မွေးအကောင် တစ်ကောင်မှ မမွေးဖူးဘူး၊ အိုကေ ကျူးရပ်စ် ငါ တစ် နှစ် သုံး ရေတွက်ရမလား”
မေဗယ်လ်က ထိုသို့ ခြိမ်းခြောက်စကားဆိုတော့ ထိုကျူးရပ်စ်၏ အနီးနားတွင် မီးလုံးငယ်လေး ပေါ်လာပြီး ထိုမီးလုံးလေးအတွင်းသို့ ကျူးရပ်စ်က လေးတိလေးကန်ဖြင့် ပျံသန်းကာ ဝင်ရောက်သွားလေသည်။
“အိုး!! ဒဏ္ဍာရီလာ သားရဲ ရှိတယ် ဆိုတာ တကယ်ကြီးပါလား”
အသံနှင့်အတူ အပြေးအလွှား ရောက်လာသူတွေက ပင့်ခ်တို့နှင့် အတူတူ တောအုပ်အတွင်းသို့ သားရဲကောင် ဖမ်းရန် ရောက်လာသော သူများ၊ ပထမဆုံး ခုန်ဆင်းလာတာက ဒီမန်း၊ အနောက်တွင် ရောက်လာတာက လူးရာ၊ ဒီမန်းက လက်ရှိဒီမွန်းမျိုးနွယ်စု မြို့တော်ဝန်၏သားဖြစ်သည်။ လူးရာက ဇယ်ရာမျိုးနွယ်စု၏ ဆက်ခံသူ နှစ်ဦးထဲမှ တစ်ဦး ဖြစ်သည်။
သူတို့အသင်းက တစ်ယောက်က ဒီမွန်း တစ်ယောက်က ဇယ်ရာ ဖြစ်နေ၍ သန်မာသော အသင်းဟု ဆိုနိုင်သည်။ မေဗယ်လ်က ကျူးရပ်စ်အား မီးလုံးအတွင်းဝင်ရောက်သွားတာကို စောင့်ကြည့်နေပြီးမှ၊
“ကျူးရပ်စ် သွားတော့ မထွက်လာတော့နဲ့”
“ဟေ့ မေ မင်းတစ်ယောက်တည်း ဒဏ္ဍာရီလာသတ္တဝါကို အပိုင်ရသလို မပြောနဲ့လေ”
“ငါ့ကို မေလို့ မခေါ်နဲ့ ဆန္ဒရှိရင် သခင်မဇိုးဒန်လို့ ခေါ်နိုင်တယ်”