Zawgyi
ေမွာ္ဝင္တမ္းခ်င္း
Part-8.3
“ငါမေျပာႏုိင္ေသးဘူး”
“ဒါေတြက ႏြယ္ပင္ေတြပါပဲ၊ ငါအရင္သြားၾကည့္မယ္”
ပင့္ခ္ ေရွ႕သို႔ ေျခတစ္လွမ္း ခ်လိုက္သည္ႏွင့္ သစ္ကိုင္းေျခာက္ အက်ိဳးအပဲ့တစ္ခုကို နင္းလုိက္မိျပီးေနာက္၊
“ေခ်ာက္”
“ရႈး!!”
“ပင့္ခ္!!”
ရႈးခနဲ အသံႏွင့္အတူ ေျခေထာက္ကို အားေကာင္းေသာအရာတစ္ခုက ရစ္ပတ္လာျပီးေနာက္ ပင့္ခ္ေလထဲမွာ ေဇာက္ထိုး ျဖစ္သြားေတာ့သည္။ ေမဗယ္လ္က ပင့္ခ္လက္ကို လွမ္းဆြဲလုိက္သည္။ ေမဗယ္လ္ပါ ပင့္ခ္ႏွင့္အတူ ပါလာျပီး အနီးဆံုးတြင္ ရွိေသာ သစ္ေခါင္းေပါက္တစ္ခုက ပြင့္လာသည္။ ထိုသစ္ေခါင္းေပါက္တြင္ သြားစြယ္မ်ားက ေသြးသံရဲရဲႏွင့္ ခၽြန္ထက္ေနသည္။
“အား!! သြားေတြ ေမဗယ့္လ္ သူ႔ဆီမွာ သြားေတြ ရွိတယ္”
“တိတ္တိတ္ေန မေအာ္နဲ႔၊ သူတို႔က မ်က္လံုးမျမင္ရဘူး”
“ဒါေပမယ့္ ငါျမင္ေနရတာေလ”
“အမ္မာဒေရး!!”
ေမဗယ္လ္၏ မီးခိုးေရာင္ လက္အစြပ္ေလးမွ အလင္းတန္းတစ္ခ်က္ ေျပးသြားျပီးေနာက္ သြားခၽြန္ေတြ ပါေနေသာ သစ္ေခါင္းေပါက္က ေက်ာက္ရုပ္အျဖစ္သို႔ ေျပာင္းလဲသြားေတာ့သည္။ ပင့္ခ္ကေတာ့ ေလထဲတြင္ တန္းလန္းျဖစ္ေနဆဲ၊ ေမဗယ္လ္က အရင္ဆံုး ခုန္ဆင္းလုိက္ျပီးမွ လက္ထဲမွ ျမဴခိုးအနည္းငယ္ ေပၚလာျပီး ပင့္ခ္ေျခေထာက္တြင္ ရစ္ပတ္ထားေသာ သစ္ႏြယ္ပင္အား လြတ္ေျမာက္ေစသည္။
“အား!!.. ဘုတ္.. အ”
ပင့္ခ္ ေျခလြတ္လက္လြတ္ျဖင့္ ေျမျပင္ေပၚသို႔ အထိန္းအကြပ္မရွိ ျပဳတ္က်လာေလသည္။ ေမဗယ္လ္က ေအာက္တြင္ ရွိေနရာမွာ ေဘးသို႔ တိမ္းေရွာင္ကာ ေျမျပင္ႏွင့္ ထိေတြ႔ေစ၏။
“မင္းက ဘာလုိ႔ ေရွာင္လုိက္တာလဲ”
“ငါက ဘာလို႔ မေရွာင္ရမွာလဲ ျမန္ျမန္ထ ငါက သူ႔ကို ဆယ့္ငါးမိနစ္စာပဲ ေက်ာက္တံုးျဖစ္တဲ့ က်ိန္စာကို သံုးထားတာ ျမန္ျမန္သြားမယ္”
“ငါ့ေျခေထာက္နာသြားတယ္”
“အဲ့ဒါဆို ေနခဲ့”
ေမဗယ္လ္က အဟုတ္ကိုပင္ ပင့္ခ္ကို ခ်န္ထားျပီး လွည့္ထြက္သြားသည္။
“ေဟ့ ငါ တစ္ခုခု ျဖစ္ျပီး အနာတရ ျဖစ္ရင္ မင္း ငါးမွတ္မရဘူးေနာ္”
“ငါ ဒီေတာထဲကို ေရာက္လာတာ က်ဴးရပ္စ္ကို ေတြ႔ခ်င္လို႔”
“ေမဗယ္လ္!!”
“မင္း အသံ ဒီေလာက္က်ယ္ေနတာက ေမွာ္သားရဲေတြကို ငါတို႔က ဒီမွာပါ လာတုိက္ခုိက္ပါလို႔ ေခၚေနတာလား၊ ျမန္ျမန္ထလာ”
“ငါေျခေထာက္ တကယ္နာသြားတာ”
နာသြားတာေတာ့ မွန္ေပမယ့္ သြားလာမရေအာင္ နာသြားတာ မဟုတ္သည့္တိုင္ ပင့္ခ္ကို ေျမျပင္ႏွင့္ ႏႈတ္ဆက္ေစေသာ ေမဗယ္လ့္ကို ညစ္ခ်င္ေနေသာ စိတ္ေလးေၾကာင့္ တမင္ပင္ ထိုေနရာတြင္ နာသြားဟန္ျဖင့္ ေပကပ္ေနလိုက္သည္။ ေမဗယ္လ္က အနားကို ေရာက္လာျပီးမွ ပင့္ခ္လက္ကို ဆတ္ခနဲ သူ႔ပုခံုးေပၚသို႔ တင္လုိက္ျပီးမွ ပင့္ခ္ကို ခါးမွ ကိုင္မလုိက္ကာ၊
“ငါတို႔ ျမန္ျမန္သြားရမယ္”
ေျပာျပီး ေျခလွမ္းက်ဲျဖင့္ ေျပးမလို သြားသည္တြင္ ပင့္ခ္ကပဲ ေနာက္ဆံုးေတာ့ အေလ်ာ့ေပးလုိက္ရေတာ့သည္။
“ရျပီ ရျပီ ငါ့ဖာသာပဲ သြားေတာ့မယ္ မနာေတာ့ဘူး”
“မင္း!”
ေမဗယ္လ္က ပင့္ခ္ကို ဖယ္လုိက္ျပီးမွ၊
“မနာပဲနဲ႔ ငါ့ကို သက္သက္မဲ့ အလုပ္ရႈပ္ေအာင္”
အခုလို ေျပာခံရေတာ့ ပင့္ခ္ မလံုမလဲ ျဖစ္သြားျပီးမွ ဆင္ေျခေပးဖို႔ ၾကိဳးစားမိသည္။
“မဟုတ္ပါဘူး၊ ခုနတုန္းက နာေနတာ”
“မင္းေၾကာင့္မို႔ က်ဴးရပ္စ္တစ္ခုခု ျဖစ္ရင္ ငါ့အဆိုးမဆုိနဲ႔”
ေမဗယ္လ္က အေရွ႕ကေန မေစာင့္ပဲနဲ႔ ထြက္သြားေတာ့ ပင့္ခ္အေနာက္ကေန ေျပးလုိက္ရေတာ့သည္။ ဒီတစ္ၾကိမ္ေတာ့ ေမဗယ္လ္က တကယ္ၾကီး စိတ္ဆိုးသြားဟန္ျဖင့္ လ်င္ျမန္စြာ သြားေနေတာ့သည္။
“ေမဗယ္လ္ ေမဗယ္လ္!”
ေန႔တစ္ပိုင္းေလာက္ လမ္းေလွ်ာက္ျပီးေတာ့ ေရအုိင္တစ္ခုအေရွ႕သို႔ ေရာက္သြားေလသည္။ ထိုေရအိုင္တြင္ ရွိေသာ ေရစက္မ်ားတြင္ သက္ေရာက္ေနေသာ ေမွာ္စြမ္းအင္အသက္မ်ားက ပင့္ခ္ကို ေတြ႔ေတာ့ ဝမ္းသာအားရျဖင့္ စကားဆုိၾကေလသည္။
ေမဗယ္လ္က ေရအိုင္ေရွ႕တြင္ ရပ္ေနသည္။ ပင့္ခ္ကို မၾကည့္ပဲႏွင့္ ေရအိုင္ကိုသာ ေငးၾကည့္ေန၏။ ေမဗယ္လ္၏ နေဘးတြင္ ဝံပုေလြငယ္ေလးက ေမဗယ္လ္စိတ္ဆိုးေနသည္ကို သိရွိသည့္အလား နားရြက္ေလးပင္ ကုပ္လ်က္ျဖင့္ ျငိမ္သက္စြာ အူသံေသးေသးပင္ မျပဳေပ။
~ငါ မင္းဆီမွာ ေရစက္ေမွာ္ပညာ အေငြ႕အသက္ကို ရတယ္~
ေရစက္ေလးက စကားဆုိလာေတာ့ ပင့္ခ္ ေခါင္းညိတ္ျပလိုက္ရင္းမွ၊
“ဟုတ္တယ္ ငါက စႏိုးဖလိတ္တစ္ေယာက္ပါ”
~အိုး၊ ဟုတ္လား၊ ေတြ႔ရတာ ဝမ္းသာပါတယ္၊ ငါတို႔က ဒီရန္ေရကန္ကပါ၊~
“ဒါနဲ႔ ဒီနားမွာ က်ဴးရပ္စ္ဆိုတဲ့ ၾကက္တူေရြးအသိုက္တစ္ခု ရွိလား”
~ဒီေရကန္ အလယ္က ကၽြန္းေလးမွာပဲေလ၊ က်ဴးရပ္စ္က ပုန္းေနတယ္~
“ဟုတ္လား၊ သူက ဘာလို႔ ပုန္းေနတာလဲ”
~မေန႔ကပဲ သူ႔ကို တစ္ေယာက္ေယာက္က တုိက္ခိုက္လိုက္တယ္ ထင္တယ္၊ က်ဴးရပ္စ္က ျပန္တုိက္ဖို႔ အင္အားရွိေပမယ့္ ပုန္းေနေတာ့တာပဲ~
ပင့္ခ္ရရွိလိုက္တဲ့ သတင္းကို အားရဝမ္းသာ ေျပာျပဖို႔ ေမဗယ္လ္အနားသို႔ သြားလိုက္သည္။ ေမဗယ္လ့္မ်က္ႏွာကို အကဲခတ္လိုက္ျပီးမွ၊
“ဒီေရကန္အလယ္က ကၽြန္းမွာ က်ဴးရပ္စ္က ပုန္းေနတယ္တဲ့”
“ငါသိတယ္”
“ဒါဆို ငါတို႔ သူ႔ကို သြားေတြ႔ၾကမယ္ေလ”
“သူ မထြက္လာရင္ ငါတို႔ ေတြ႔လို႔မရဘူး”
@@@@@@@@@
ဆက္ရန္---
Uni
မှော်ဝင်တမ်းချင်း
Part-8.3
“ငါမပြောနိုင်သေးဘူး”
“ဒါတွေက နွယ်ပင်တွေပါပဲ၊ ငါအရင်သွားကြည့်မယ်”
ပင့်ခ် ရှေ့သို့ ခြေတစ်လှမ်း ချလိုက်သည်နှင့် သစ်ကိုင်းခြောက် အကျိုးအပဲ့တစ်ခုကို နင်းလိုက်မိပြီးနောက်၊
“ချောက်”
“ရှုး!!”
“ပင့်ခ်!!”
ရှုးခနဲ အသံနှင့်အတူ ခြေထောက်ကို အားကောင်းသောအရာတစ်ခုက ရစ်ပတ်လာပြီးနောက် ပင့်ခ်လေထဲမှာ ဇောက်ထိုး ဖြစ်သွားတော့သည်။ မေဗယ်လ်က ပင့်ခ်လက်ကို လှမ်းဆွဲလိုက်သည်။ မေဗယ်လ်ပါ ပင့်ခ်နှင့်အတူ ပါလာပြီး အနီးဆုံးတွင် ရှိသော သစ်ခေါင်းပေါက်တစ်ခုက ပွင့်လာသည်။ ထိုသစ်ခေါင်းပေါက်တွင် သွားစွယ်များက သွေးသံရဲရဲနှင့် ချွန်ထက်နေသည်။
“အား!! သွားတွေ မေဗယ့်လ် သူ့ဆီမှာ သွားတွေ ရှိတယ်”
“တိတ်တိတ်နေ မအော်နဲ့၊ သူတို့က မျက်လုံးမမြင်ရဘူး”
“ဒါပေမယ့် ငါမြင်နေရတာလေ”
“အမ်မာဒရေး!!”
မေဗယ်လ်၏ မီးခိုးရောင် လက်အစွပ်လေးမှ အလင်းတန်းတစ်ချက် ပြေးသွားပြီးနောက် သွားချွန်တွေ ပါနေသော သစ်ခေါင်းပေါက်က ကျောက်ရုပ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ပင့်ခ်ကတော့ လေထဲတွင် တန်းလန်းဖြစ်နေဆဲ၊ မေဗယ်လ်က အရင်ဆုံး ခုန်ဆင်းလိုက်ပြီးမှ လက်ထဲမှ မြူခိုးအနည်းငယ် ပေါ်လာပြီး ပင့်ခ်ခြေထောက်တွင် ရစ်ပတ်ထားသော သစ်နွယ်ပင်အား လွတ်မြောက်စေသည်။
“အား!!.. ဘုတ်.. အ”
ပင့်ခ် ခြေလွတ်လက်လွတ်ဖြင့် မြေပြင်ပေါ်သို့ အထိန်းအကွပ်မရှိ ပြုတ်ကျလာလေသည်။ မေဗယ်လ်က အောက်တွင် ရှိနေရာမှာ ဘေးသို့ တိမ်းရှောင်ကာ မြေပြင်နှင့် ထိတွေ့စေ၏။
“မင်းက ဘာလို့ ရှောင်လိုက်တာလဲ”
“ငါက ဘာလို့ မရှောင်ရမှာလဲ မြန်မြန်ထ ငါက သူ့ကို ဆယ့်ငါးမိနစ်စာပဲ ကျောက်တုံးဖြစ်တဲ့ ကျိန်စာကို သုံးထားတာ မြန်မြန်သွားမယ်”
“ငါ့ခြေထောက်နာသွားတယ်”
“အဲ့ဒါဆို နေခဲ့”
မေဗယ်လ်က အဟုတ်ကိုပင် ပင့်ခ်ကို ချန်ထားပြီး လှည့်ထွက်သွားသည်။
“ဟေ့ ငါ တစ်ခုခု ဖြစ်ပြီး အနာတရ ဖြစ်ရင် မင်း ငါးမှတ်မရဘူးနော်”
“ငါ ဒီတောထဲကို ရောက်လာတာ ကျူးရပ်စ်ကို တွေ့ချင်လို့”
“မေဗယ်လ်!!”
“မင်း အသံ ဒီလောက်ကျယ်နေတာက မှော်သားရဲတွေကို ငါတို့က ဒီမှာပါ လာတိုက်ခိုက်ပါလို့ ခေါ်နေတာလား၊ မြန်မြန်ထလာ”
“ငါခြေထောက် တကယ်နာသွားတာ”
နာသွားတာတော့ မှန်ပေမယ့် သွားလာမရအောင် နာသွားတာ မဟုတ်သည့်တိုင် ပင့်ခ်ကို မြေပြင်နှင့် နှုတ်ဆက်စေသော မေဗယ်လ့်ကို ညစ်ချင်နေသော စိတ်လေးကြောင့် တမင်ပင် ထိုနေရာတွင် နာသွားဟန်ဖြင့် ပေကပ်နေလိုက်သည်။ မေဗယ်လ်က အနားကို ရောက်လာပြီးမှ ပင့်ခ်လက်ကို ဆတ်ခနဲ သူ့ပုခုံးပေါ်သို့ တင်လိုက်ပြီးမှ ပင့်ခ်ကို ခါးမှ ကိုင်မလိုက်ကာ၊
“ငါတို့ မြန်မြန်သွားရမယ်”
ပြောပြီး ခြေလှမ်းကျဲဖြင့် ပြေးမလို သွားသည်တွင် ပင့်ခ်ကပဲ နောက်ဆုံးတော့ အလျော့ပေးလိုက်ရတော့သည်။
“ရပြီ ရပြီ ငါ့ဖာသာပဲ သွားတော့မယ် မနာတော့ဘူး”
“မင်း!”
မေဗယ်လ်က ပင့်ခ်ကို ဖယ်လိုက်ပြီးမှ၊
“မနာပဲနဲ့ ငါ့ကို သက်သက်မဲ့ အလုပ်ရှုပ်အောင်”
အခုလို ပြောခံရတော့ ပင့်ခ် မလုံမလဲ ဖြစ်သွားပြီးမှ ဆင်ခြေပေးဖို့ ကြိုးစားမိသည်။
“မဟုတ်ပါဘူး၊ ခုနတုန်းက နာနေတာ”
“မင်းကြောင့်မို့ ကျူးရပ်စ်တစ်ခုခု ဖြစ်ရင် ငါ့အဆိုးမဆိုနဲ့”
မေဗယ်လ်က အရှေ့ကနေ မစောင့်ပဲနဲ့ ထွက်သွားတော့ ပင့်ခ်အနောက်ကနေ ပြေးလိုက်ရတော့သည်။ ဒီတစ်ကြိမ်တော့ မေဗယ်လ်က တကယ်ကြီး စိတ်ဆိုးသွားဟန်ဖြင့် လျင်မြန်စွာ သွားနေတော့သည်။
“မေဗယ်လ် မေဗယ်လ်!”
နေ့တစ်ပိုင်းလောက် လမ်းလျှောက်ပြီးတော့ ရေအိုင်တစ်ခုအရှေ့သို့ ရောက်သွားလေသည်။ ထိုရေအိုင်တွင် ရှိသော ရေစက်များတွင် သက်ရောက်နေသော မှော်စွမ်းအင်အသက်များက ပင့်ခ်ကို တွေ့တော့ ဝမ်းသာအားရဖြင့် စကားဆိုကြလေသည်။
မေဗယ်လ်က ရေအိုင်ရှေ့တွင် ရပ်နေသည်။ ပင့်ခ်ကို မကြည့်ပဲနှင့် ရေအိုင်ကိုသာ ငေးကြည့်နေ၏။ မေဗယ်လ်၏ နဘေးတွင် ဝံပုလွေငယ်လေးက မေဗယ်လ်စိတ်ဆိုးနေသည်ကို သိရှိသည့်အလား နားရွက်လေးပင် ကုပ်လျက်ဖြင့် ငြိမ်သက်စွာ အူသံသေးသေးပင် မပြုပေ။
~ငါ မင်းဆီမှာ ရေစက်မှော်ပညာ အငွေ့အသက်ကို ရတယ်~
ရေစက်လေးက စကားဆိုလာတော့ ပင့်ခ် ခေါင်းညိတ်ပြလိုက်ရင်းမှ၊
“ဟုတ်တယ် ငါက စနိုးဖလိတ်တစ်ယောက်ပါ”
~အိုး၊ ဟုတ်လား၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ငါတို့က ဒီရန်ရေကန်ကပါ၊~
“ဒါနဲ့ ဒီနားမှာ ကျူးရပ်စ်ဆိုတဲ့ ကြက်တူရွေးအသိုက်တစ်ခု ရှိလား”
~ဒီရေကန် အလယ်က ကျွန်းလေးမှာပဲလေ၊ ကျူးရပ်စ်က ပုန်းနေတယ်~
“ဟုတ်လား၊ သူက ဘာလို့ ပုန်းနေတာလဲ”
~မနေ့ကပဲ သူ့ကို တစ်ယောက်ယောက်က တိုက်ခိုက်လိုက်တယ် ထင်တယ်၊ ကျူးရပ်စ်က ပြန်တိုက်ဖို့ အင်အားရှိပေမယ့် ပုန်းနေတော့တာပဲ~
ပင့်ခ်ရရှိလိုက်တဲ့ သတင်းကို အားရဝမ်းသာ ပြောပြဖို့ မေဗယ်လ်အနားသို့ သွားလိုက်သည်။ မေဗယ်လ့်မျက်နှာကို အကဲခတ်လိုက်ပြီးမှ၊
“ဒီရေကန်အလယ်က ကျွန်းမှာ ကျူးရပ်စ်က ပုန်းနေတယ်တဲ့”
“ငါသိတယ်”
“ဒါဆို ငါတို့ သူ့ကို သွားတွေ့ကြမယ်လေ”
“သူ မထွက်လာရင် ငါတို့ တွေ့လို့မရဘူး”
@@@@@@@@@
ဆက်ရန်---