book

Index 21

Part-8.2

Zawgyi


ေမွာ္ဝင္တမ္းခ်င္း


Part-8.2


ဆံပင္တစ္စႏွစ္စ က်န္ေနသည့္ ကုတ္ပိုးအေပၚနားက ေနရာက ရွင္းလင္းေနျပီး လည္ပင္းကလည္း သြယ္သြယ္ေလး၊


ပုခံုးကေန လက္ဖ်ံေတြဆီ အၾကည့္ ေရာက္မိေတာ့ ဝင္းဝင္းစိုစို ျဖဴေဖြးေနေသာ အသားအေရရွိသည့္လက္တစ္စံုက အေမွာင္ေငြ႔ေတြကို ဘယ္လို စြမ္းအားေတြနဲ႔ ဆင့္ေခၚႏုိင္တာလဲဟု ေတြးခ်င္စဖြယ္ပင္၊ ထိုမွတစ္ဆင့္ သြယ္သြယ္လ်လ် လက္ေခ်ာင္းေတြဆီ အၾကည့္က ေရာက္သြားျပန္သည္။


လက္ေခ်ာင္းတစ္ခုခ်င္းဆီက ရွည္လ်ားျပီး သြယ္လ်ေနကာ လက္သည္းအရွည္မထားေသာ လက္သည္းတို႔က ညီညီညာညာ ျပည့္ျပည့္ဝဝ နက္နက္ရိႈင္းရိႈင္း၊ ထိုမွတစ္ဆင့္ အနက္ေရာင္ဂ်င္းေဘာင္းဘီႏွင့္ ဖံုးအုပ္ထားသည့္တုိင္ သြယ္လ်ေနဟန္ အထင္းသားရွိသည့္ ေျခတံရွည္ရွည္ေတြက မနာလိုစရာ ေကာင္းလြန္းသည္။


ပင့္ခ္က်ေတာ့ ေျခေထာက္ ပုပုတိုတိုေလးေတြနဲ႔၊ လက္ေလးေတြကလည္း ပုပုေသးေသးနဲ႔၊ လူစဥ္မွီေအာင္ မနည္းေမြးလာတာလား ေမေမဟု ေျပးေမးရမလိုပင္၊ ပင့္ခ္၏ မ်က္လံုးတို႔က ေမဗယ္လ့္ထံ ေရာက္လုိက္ ပင့္ခ္ကိုယ္ကို ျပန္ေရာက္လာလုိက္ႏွင့္ မနာလိုျခင္း အျပည့္အသိပ္ ျဖစ္လာေစသည္။


“အုအု”


ပင့္ခ္ၾကည့္ေနတာကို ဝံပုေလြငယ္ေလးက ေမဗယ္လ္ႏွင့္ ပင့္ခ္ၾကားသို႔ ျပန္ေရာက္လာျပီးေနာက္ ပင့္ခ္ကို မ်က္ေမွာင္တြန္႔လ်က္ ၾကည့္သည္။


“ဘာလဲ ငါက မၾကည့္ရဘူးလား”


“အု အြတ္”


မအူတတ္ မေဟာင္တတ္ေသာေသာ အသံေသးေသးေလးျဖင့္ ပင့္ခ္ကို ေဟာင္ဖို႔ ၾကိဳးစားေနေသာ ထိုဝံပုေလြငယ္ေလးကို စေနာက္ခ်င္လာေသာေၾကာင့္ ပင့္ခ္ တမင္သက္သက္ပင္ ေမဗယ္လ့္ကို ေမာ့ေငးျပလုိက္ရင္းမွ၊


“ၾကည့္မယ္၊ ၾကည့္မယ္ ၾကည့္ေတာ့ ဘာျဖစ္လဲ မင္းက ဘာျဖစ္ေနတာလဲ”


“အု အု အု”


ဝံပုေလြငယ္ေလးက ပင့္ခ္ကို သူ႔ေျခေထာက္ေလးမ်ားႏွင့္ စတင္တူးဆြကာ ထိုေနရာမွ ခြာရန္ ေျပာေနေသာ ဟန္ပန္မ်ားအျပည့္၊


“ငါက မင္းကို သနားလို႔ ေခၚလာတာေနာ္၊ သူ ေခၚလာတာ မဟုတ္ဘူး”


“အု”


ပင့္ခ္ေျပာလုိက္ေတာ့ ထိုဝံပုေလြေလးက ေမဗယ္လ္ ေျခေထာက္နားတြင္ သြား၍ ေခြလုိက္ျပီးမွ ပင့္ခ္အား မေက်နပ္စြာျဖင့္ ၾကည့္ေနေလသည္။


“မင္းတို႔ ႏွစ္ေယာက္ဆူမယ္ ဆိုရင္ တျခားမွာ သြားေနမလား၊ ျမဴခိုးပင္လယ္ထဲကို သြားၾကမလား”


မ်က္လံုးေတြကို ေမွးမွိတ္ထားရင္းက အသံထြက္လာေတာ့ ဝံပုေလြေလးက ေမဗယ္လ္ေျခေထာက္အားတြင္ ေခါင္းတိုးလုိက္ျပီး အိပ္ျပီဟူသည့္ ဟန္ပန္ကို လုပ္ျပေလသည္။ ဒီဟာေလး ဉာဏ္ရည္ေတာ့ ျမင့္သားဟ၊ သူ ေရြးခ်ယ္ရမယ့္သူကို ခ်က္ခ်င္းသိတယ္ ၾကည့္စမ္း၊


“မနက္ျဖန္ မင္းကို ေစာင့္ေနရတာမ်ိဳး မျဖစ္ေစနဲ႔”


“ဇယ္ရာ ငါ့ကို မထိနဲ႔”


ေမဗယ္လ္၏ ဆုိစကားတြင္ ဝံပုေလြေလးက သူ႔နာမည္ကို သိသည့္အလား ေခါင္းေလး ေထာင္လာျပီးေနာက္ ဝမ္းနည္းသြားဟန္ျဖင့္ ေမဗယ္လ္၏ေျခေထာက္နားမွ ပင့္ခ္ဘက္သို႔ အနည္းငယ္ တိုးလာေလသည္။


“မင္း သူ႔ကို ခ်စ္ရင္လည္း သူက မင္းကို အေရးစိုက္မွာ မဟုတ္ဘူး”


ပင့္ခ္ကေတာ့ လူသားအနံ႔ရတယ္လို႔ ဘယ္လိုပင္ ဆိုဆို ထုိဝံပုေလြေလးကို အိမ္ေမြးေကာင္ေလးလုိပင္ ဆက္ဆံေနမိေလသည္။


“မင္းက မင္းကို ေပးလုိက္တဲ့ နာမည္ကို ခ်က္ခ်င္း မွတ္မိတယ္လား၊ ေတာ္လုိက္တာ၊ မင္းအသက္က ဘယ္ေလာက္ ရွိျပီလဲ”


ပင့္ခ္ေမးလိုက္တာကို အေရးမစိုက္ပါပဲႏွင့္ အသံမထြက္နဲ႔ဟု မေျပာရံုတစ္မယ္ပင္ ဝံပုေလြငယ္ေလး၏ မ်က္လံုးက ပင့္ခ္ထံသို႔ စူးစိုက္၍ ၾကည့္လာေလသည္။ ပင့္ခ္ကို ၾကည့္လုိက္ ေမဗယ့္လ္ထံသို႔ ၾကည့္လုိက္ႏွင့္ ဝံပုေလြငယ္ေလး၏ မူဟန္က ေမဗယ့္လ္ကို အေႏွာင့္အယွက္မေပးနဲ႔ဟု ေျပာေနသေယာင္၊ တခ်ိဳ႕ တခ်ိဳ႕မ်ားေတာ့ ကုသိုလ္ကံက ေကာင္းလုိက္ပံုမ်ား သနားတာက တစ္ေယာက္ ထိုအေကာင္ငယ္ေလး သံေယာဇဥ္တြယ္သြားတာက တျခား၊


ငါ့ကံကိုက ဆုိးတာပါ ထားလုိက္ပါေတာ့ေလ။ ငါက သေဘာထားၾကီးျပီး ျမင့္ျမတ္တဲ့ မိန္းမသားဆုိေတာ့ ဒီေလာက္နဲ႔ ေဗြမယူေတာ့ပါဘူး။


@@@@@@@@


“ေထတာ့!”


ေလသံခပ္ဆတ္ဆတ္ ေနာက္တြင္ မ်က္လံုးကို ေသးေသးေလး ဖြင့္ၾကည့္လုိက္ေတာ့ ေနရာတစ္ခုလံုးက ေနေရာင္ဝင္ေနျပီး လင္းခ်င္းေန၏။ ျမဴခုိးပါးပါးက ျပယ္လႊင့္သြားဟန္တူသည္။ ဘာဆိုဘာမွ မရွိေတာ့ေပ။


“အု အု အု”


ဝံပုေလြငယ္ေလးက အားအင္ျပည့္ဝဟန္ျဖင့္ ေမဗယ့္လ္ ေျခေထာက္နားတြင္ ခုန္ေပါက္ေနေလျပီ။ မေန႔တုန္းကႏွင့္မ်ား တျခားစီ။


“သူက ဘယ္လို ျဖစ္ျပီး ရုတ္တရက္ၾကီး ေနေကာင္းသြားရတာလဲ”


“သူက ေနမေကာင္းတာ မဟုတ္ဘူး၊ သူ႔မွာ ေမွာ္စြမ္းအားက ကေမာက္ကမ ျဖစ္ေနတယ္ ထင္တယ္၊ ၾကည့္ရတာ သူ႔အေဖက လူသားမဟုတ္ဘူး ထင္တယ္၊ ေမွာ္ေသြးက တစ္ဝက္ပဲ ပါေနတာ၊ လူအသြင္လည္း သူကူးလို႔ မရဘူး၊ အခု သူ႔ကို လုပ္ေပးဖို႔ အခ်ိန္မရွိေသးဘူး၊ ငါတို႔ ျပန္ေရာက္ျပီးွ ငါ သူ႔ကို ဆရာဂီဆန္ဆီ ပို႔လိုက္မယ္ မင္းထေတာ့”


“ငါ အိပ္ေရးမဝေသးဘူး”


“ေရာ့!!.. ေရ မ်က္ႏွာသစ္ ဒီအခ်ိန္ဆို ေမွာ္သားရဲေတာ္ေတာ္မ်ားမ်ား အိပ္ေနၾကျပီ ငါတို႔ ေတာရဲ႕ေတာင္ပုိင္းကို သြားျပီးရင္ သားရဲတစ္ေကာင္ဖမ္းျပီး ျပန္ၾကမယ္”


ပင့္ခ္ ေရဘူးကို ဖမ္းလုိက္ျပီးမွ သစ္ပင္ေျခရင္းနားကေန ကုန္းကြထရပ္လုိက္ျပီး မ်က္ႏွာသစ္ရန္ ၾကိဳးစားလုိက္ရသည္။


“ေရက ဘယ္ကေန ရလာတာလဲ”


“မေန႔တုန္းက စမ္းေခ်ာင္းကေန သြားခပ္ထားတာ”


“ဝါး အဲ့ေလာက္ အေဝးၾကီး”


“ငါက မင္းပါေနလို႔ ရႈပ္ေနတာ၊ ငါတစ္ေယာက္တည္းဆုိ ရႈပ္ဖို႔ကို မရွိဘူး”


အေျပာခံရတာကို မေက်မခ်မ္း ျဖစ္သြားေသာ္လည္း အမွန္ျဖစ္ေနတာမို႔ ပင့္ခ္ မ်က္ေစာင္းသာ ထုိးလုိက္မိသည္။ ဘယ္သူက သူ႔ကို ငယ္ငယ္ေလးနဲ႔ နာမ္ေရြ႕တတ္ေလာက္ေအာင္ ၾကိဳးစားဖို႔ ေျပာလုိ႔လဲ။


“ဒါနဲ႔ က်ဴးရပ္စ္ဆုိတာ ဘယ္သူလဲ”


“က်ဴးရပ္စ္ဆိုတာက ငါေမြးထားဖူးတဲ့ ၾကက္တူေရြး”


“ေအာ္.. သူ႔ကို ေမွာ္သားရိုင္းစာရင္း သြင္းလုိက္လို႔ သူက ဖန္တီးမႈ ေတာအုပ္ထဲ ေရာက္ေနတာလား”


“အင္း”


ပင့္ခ္တို႔ ထိုေနရာကေန ခြာလာျပီးေတာ့ ေတာအုပ္၏ေတာင္ပိုင္းကို သြားရန္ စတင္လုိက္သည္။ ဇယ္ရာက လမ္းေလွ်ာက္ႏုိင္သည္မွစ၍ ေမဗယ့္လ္အနားတြင္ တကပ္ကပ္ႏွင့္ ေခၚလို႔ပင္ မရေတာ့ေပ။ ဇယ္ရာေတြက ေက်းဇူးသိတတ္တယ္တဲ့ ဘယ္သူကမ်ား ေျပာထားပါလိမ့္၊


သစ္ပင္အၾကီးမ်ား ရွိေသာ ေနရာသို႔ အေရာက္တြင္ ေမဗယ္လ္က ရပ္လုိက္သည္။ ပင့္ခ္လည္း ပါးနပ္စြာႏွင့္ ရပ္လုိက္သည္။


“ဒီႏြယ္ေတြက မူမမွန္ဘူး”


“ဟုတ္လား သူတို႔က လူသားစားၾကမွာလား”


Uni


မှော်ဝင်တမ်းချင်း


Part-8.2


ဆံပင်တစ်စနှစ်စ ကျန်နေသည့် ကုတ်ပိုးအပေါ်နားက နေရာက ရှင်းလင်းနေပြီး လည်ပင်းကလည်း သွယ်သွယ်လေး၊


ပုခုံးကနေ လက်ဖျံတွေဆီ အကြည့် ရောက်မိတော့ ဝင်းဝင်းစိုစို ဖြူဖွေးနေသော အသားအရေရှိသည့်လက်တစ်စုံက အမှောင်ငွေ့တွေကို ဘယ်လို စွမ်းအားတွေနဲ့ ဆင့်ခေါ်နိုင်တာလဲဟု တွေးချင်စဖွယ်ပင်၊ ထိုမှတစ်ဆင့် သွယ်သွယ်လျလျ လက်ချောင်းတွေဆီ အကြည့်က ရောက်သွားပြန်သည်။


လက်ချောင်းတစ်ခုချင်းဆီက ရှည်လျားပြီး သွယ်လျနေကာ လက်သည်းအရှည်မထားသော လက်သည်းတို့က ညီညီညာညာ ပြည့်ပြည့်ဝဝ နက်နက်ရှိုင်းရှိုင်း၊ ထိုမှတစ်ဆင့် အနက်ရောင်ဂျင်းဘောင်းဘီနှင့် ဖုံးအုပ်ထားသည့်တိုင် သွယ်လျနေဟန် အထင်းသားရှိသည့် ခြေတံရှည်ရှည်တွေက မနာလိုစရာ ကောင်းလွန်းသည်။


ပင့်ခ်ကျတော့ ခြေထောက် ပုပုတိုတိုလေးတွေနဲ့၊ လက်လေးတွေကလည်း ပုပုသေးသေးနဲ့၊ လူစဉ်မှီအောင် မနည်းမွေးလာတာလား မေမေဟု ပြေးမေးရမလိုပင်၊ ပင့်ခ်၏ မျက်လုံးတို့က မေဗယ်လ့်ထံ ရောက်လိုက် ပင့်ခ်ကိုယ်ကို ပြန်ရောက်လာလိုက်နှင့် မနာလိုခြင်း အပြည့်အသိပ် ဖြစ်လာစေသည်။


“အုအု”


ပင့်ခ်ကြည့်နေတာကို ဝံပုလွေငယ်လေးက မေဗယ်လ်နှင့် ပင့်ခ်ကြားသို့ ပြန်ရောက်လာပြီးနောက် ပင့်ခ်ကို မျက်မှောင်တွန့်လျက် ကြည့်သည်။


“ဘာလဲ ငါက မကြည့်ရဘူးလား”


“အု အွတ်”


မအူတတ် မဟောင်တတ်သောသော အသံသေးသေးလေးဖြင့် ပင့်ခ်ကို ဟောင်ဖို့ ကြိုးစားနေသော ထိုဝံပုလွေငယ်လေးကို စနောက်ချင်လာသောကြောင့် ပင့်ခ် တမင်သက်သက်ပင် မေဗယ်လ့်ကို မော့ငေးပြလိုက်ရင်းမှ၊


“ကြည့်မယ်၊ ကြည့်မယ် ကြည့်တော့ ဘာဖြစ်လဲ မင်းက ဘာဖြစ်နေတာလဲ”


“အု အု အု”


ဝံပုလွေငယ်လေးက ပင့်ခ်ကို သူ့ခြေထောက်လေးများနှင့် စတင်တူးဆွကာ ထိုနေရာမှ ခွာရန် ပြောနေသော ဟန်ပန်များအပြည့်၊


“ငါက မင်းကို သနားလို့ ခေါ်လာတာနော်၊ သူ ခေါ်လာတာ မဟုတ်ဘူး”


“အု”


ပင့်ခ်ပြောလိုက်တော့ ထိုဝံပုလွေလေးက မေဗယ်လ် ခြေထောက်နားတွင် သွား၍ ခွေလိုက်ပြီးမှ ပင့်ခ်အား မကျေနပ်စွာဖြင့် ကြည့်နေလေသည်။


“မင်းတို့ နှစ်ယောက်ဆူမယ် ဆိုရင် တခြားမှာ သွားနေမလား၊ မြူခိုးပင်လယ်ထဲကို သွားကြမလား”


မျက်လုံးတွေကို မှေးမှိတ်ထားရင်းက အသံထွက်လာတော့ ဝံပုလွေလေးက မေဗယ်လ်ခြေထောက်အားတွင် ခေါင်းတိုးလိုက်ပြီး အိပ်ပြီဟူသည့် ဟန်ပန်ကို လုပ်ပြလေသည်။ ဒီဟာလေး ဉာဏ်ရည်တော့ မြင့်သားဟ၊ သူ ရွေးချယ်ရမယ့်သူကို ချက်ချင်းသိတယ် ကြည့်စမ်း၊


“မနက်ဖြန် မင်းကို စောင့်နေရတာမျိုး မဖြစ်စေနဲ့”


“ဇယ်ရာ ငါ့ကို မထိနဲ့”


မေဗယ်လ်၏ ဆိုစကားတွင် ဝံပုလွေလေးက သူ့နာမည်ကို သိသည့်အလား ခေါင်းလေး ထောင်လာပြီးနောက် ဝမ်းနည်းသွားဟန်ဖြင့် မေဗယ်လ်၏ခြေထောက်နားမှ ပင့်ခ်ဘက်သို့ အနည်းငယ် တိုးလာလေသည်။


“မင်း သူ့ကို ချစ်ရင်လည်း သူက မင်းကို အရေးစိုက်မှာ မဟုတ်ဘူး”


ပင့်ခ်ကတော့ လူသားအနံ့ရတယ်လို့ ဘယ်လိုပင် ဆိုဆို ထိုဝံပုလွေလေးကို အိမ်မွေးကောင်လေးလိုပင် ဆက်ဆံနေမိလေသည်။


“မင်းက မင်းကို ပေးလိုက်တဲ့ နာမည်ကို ချက်ချင်း မှတ်မိတယ်လား၊ တော်လိုက်တာ၊ မင်းအသက်က ဘယ်လောက် ရှိပြီလဲ”


ပင့်ခ်မေးလိုက်တာကို အရေးမစိုက်ပါပဲနှင့် အသံမထွက်နဲ့ဟု မပြောရုံတစ်မယ်ပင် ဝံပုလွေငယ်လေး၏ မျက်လုံးက ပင့်ခ်ထံသို့ စူးစိုက်၍ ကြည့်လာလေသည်။ ပင့်ခ်ကို ကြည့်လိုက် မေဗယ့်လ်ထံသို့ ကြည့်လိုက်နှင့် ဝံပုလွေငယ်လေး၏ မူဟန်က မေဗယ့်လ်ကို အနှောင့်အယှက်မပေးနဲ့ဟု ပြောနေသယောင်၊ တချို့ တချို့များတော့ ကုသိုလ်ကံက ကောင်းလိုက်ပုံများ သနားတာက တစ်ယောက် ထိုအကောင်ငယ်လေး သံယောဇဉ်တွယ်သွားတာက တခြား၊


ငါ့ကံကိုက ဆိုးတာပါ ထားလိုက်ပါတော့လေ။ ငါက သဘောထားကြီးပြီး မြင့်မြတ်တဲ့ မိန်းမသားဆိုတော့ ဒီလောက်နဲ့ ဗွေမယူတော့ပါဘူး။


@@@@@@@@


“ထေတာ့!”


လေသံခပ်ဆတ်ဆတ် နောက်တွင် မျက်လုံးကို သေးသေးလေး ဖွင့်ကြည့်လိုက်တော့ နေရာတစ်ခုလုံးက နေရောင်ဝင်နေပြီး လင်းချင်းနေ၏။ မြူခိုးပါးပါးက ပြယ်လွှင့်သွားဟန်တူသည်။ ဘာဆိုဘာမှ မရှိတော့ပေ။


“အု အု အု”


ဝံပုလွေငယ်လေးက အားအင်ပြည့်ဝဟန်ဖြင့် မေဗယ့်လ် ခြေထောက်နားတွင် ခုန်ပေါက်နေလေပြီ။ မနေ့တုန်းကနှင့်များ တခြားစီ။


“သူက ဘယ်လို ဖြစ်ပြီး ရုတ်တရက်ကြီး နေကောင်းသွားရတာလဲ”


“သူက နေမကောင်းတာ မဟုတ်ဘူး၊ သူ့မှာ မှော်စွမ်းအားက ကမောက်ကမ ဖြစ်နေတယ် ထင်တယ်၊ ကြည့်ရတာ သူ့အဖေက လူသားမဟုတ်ဘူး ထင်တယ်၊ မှော်သွေးက တစ်ဝက်ပဲ ပါနေတာ၊ လူအသွင်လည်း သူကူးလို့ မရဘူး၊ အခု သူ့ကို လုပ်ပေးဖို့ အချိန်မရှိသေးဘူး၊ ငါတို့ ပြန်ရောက်ပြီးှ ငါ သူ့ကို ဆရာဂီဆန်ဆီ ပို့လိုက်မယ် မင်းထတော့”


“ငါ အိပ်ရေးမဝသေးဘူး”


“ရော့!!.. ရေ မျက်နှာသစ် ဒီအချိန်ဆို မှော်သားရဲတော်တော်များများ အိပ်နေကြပြီ ငါတို့ တောရဲ့တောင်ပိုင်းကို သွားပြီးရင် သားရဲတစ်ကောင်ဖမ်းပြီး ပြန်ကြမယ်”


ပင့်ခ် ရေဘူးကို ဖမ်းလိုက်ပြီးမှ သစ်ပင်ခြေရင်းနားကနေ ကုန်းကွထရပ်လိုက်ပြီး မျက်နှာသစ်ရန် ကြိုးစားလိုက်ရသည်။


“ရေက ဘယ်ကနေ ရလာတာလဲ”


“မနေ့တုန်းက စမ်းချောင်းကနေ သွားခပ်ထားတာ”


“ဝါး အဲ့လောက် အဝေးကြီး”


“ငါက မင်းပါနေလို့ ရှုပ်နေတာ၊ ငါတစ်ယောက်တည်းဆို ရှုပ်ဖို့ကို မရှိဘူး”


အပြောခံရတာကို မကျေမချမ်း ဖြစ်သွားသော်လည်း အမှန်ဖြစ်နေတာမို့ ပင့်ခ် မျက်စောင်းသာ ထိုးလိုက်မိသည်။ ဘယ်သူက သူ့ကို ငယ်ငယ်လေးနဲ့ နာမ်ရွေ့တတ်လောက်အောင် ကြိုးစားဖို့ ပြောလို့လဲ။


“ဒါနဲ့ ကျူးရပ်စ်ဆိုတာ ဘယ်သူလဲ”


“ကျူးရပ်စ်ဆိုတာက ငါမွေးထားဖူးတဲ့ ကြက်တူရွေး”


“အော်.. သူ့ကို မှော်သားရိုင်းစာရင်း သွင်းလိုက်လို့ သူက ဖန်တီးမှု တောအုပ်ထဲ ရောက်နေတာလား”


“အင်း”


ပင့်ခ်တို့ ထိုနေရာကနေ ခွာလာပြီးတော့ တောအုပ်၏တောင်ပိုင်းကို သွားရန် စတင်လိုက်သည်။ ဇယ်ရာက လမ်းလျှောက်နိုင်သည်မှစ၍ မေဗယ့်လ်အနားတွင် တကပ်ကပ်နှင့် ခေါ်လို့ပင် မရတော့ပေ။ ဇယ်ရာတွေက ကျေးဇူးသိတတ်တယ်တဲ့ ဘယ်သူကများ ပြောထားပါလိမ့်၊


သစ်ပင်အကြီးများ ရှိသော နေရာသို့ အရောက်တွင် မေဗယ်လ်က ရပ်လိုက်သည်။ ပင့်ခ်လည်း ပါးနပ်စွာနှင့် ရပ်လိုက်သည်။


“ဒီနွယ်တွေက မူမမှန်ဘူး”


“ဟုတ်လား သူတို့က လူသားစားကြမှာလား”



rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:13 5

    Good

    reply

  • reader JuliusJulius 29.11.2019, 06:57 4.9

    So good.

    reply