မိုဝူကျီသည် တရှဲရှဲအသံ မကြားတော့သည့်အထိ ဆက်တိုက်ပြေးလွှားနေလေသည်။ မြင်ကွင်းတွင် နှလုံးဖောက်မြွေများ မရှိတော့သည်ကို သတိပြုမိပြီး လှည့်ကြည့်လိုက်ရင်း သက်ပြင်းချမိလိုက်သည်။ သို့သော်လည်း စိတ်ထဲတွင် ယခုအထိ အန္တရာယ်မကင်းရှင်းသေးကြောင်း သိရှိသည်။
ထူထည်းသည့် မြူများနှင့် မြင့်မားသော သစ်ပင်များသည် သူ့အား ကောင်းကင်ကို မမြင်စေရန် ကာဆီးထား၏။
ထိုအချိန်တွင် သူသည် တောစပ်ကျော်လွန်လာ၍ မိုးကြိုးမြူတောနက်ထဲသို့ ရောက်နေကြောင်း သေချာလေသည်။
မိုဝူကျီသည် ဟန်နင်နှင့် အတူပါသွားသည့် အခြားသော အစောင့်များ၏ တည်နေရာကိုလည်း ရှာဖွေရန် မကြိုးစားတော့ချေ။ သူသည် အချိန်တိုအတွင် မြန်မြန်ထွက်သွားနိုင်ရန်သာ လိုအပ်လေသည်။
သူသည် မိုးကြိုးမြူတောသို့ အရင်က မရောက်ဖူးသော်လည်း ဤတောအုပ်အကြောင်း ပြောစမှတ် တစ်ခုချင်းစီကို ယုံကြည်၏။ သူသည် တောအုပ်ထဲ ဝင်လာသည့် အခိုက်အတန့်တွင်ပင် စိုးရိမ်မှု ခံစားနေရသည်။
"ဘုန်း......"
သစ်ပင်အကြီး တစ်ပင်သည် လဲကျလာပြီး မြူထဲမှ အရိပ်နှစ်ခု ထွက်ပေါ်လာလေသည်။ တောအုပ်၏ မှိန်ဖျော့ဖျော့ အလင်းရောင်ပံ့ပိုးပေးမှုကြောင့် မိုဝူကျီသည် ထိုအရိပ်နှစ်ခုကို မြင်လိုက်ရသည်။
မိုဝူကျီသည် သူတစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော သားရိုင်းနှစ်ကောင်ကို မြင်ရုံနှင့်တင် ခေါင်းကျိန်းစပ်လာ၏။ တစ်ကောင်တွင် မျက်လုံးသုံးလုံးပါရှိပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးအား ကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ကျန်တစ်ကောင်သည် ပါးစပ်နားရှိ အမွှေးများတွင် သွေးများပေကျံနေသော ခြင်္သေ့တစ်ကောင်နှင့် တူလှသည်။
သားရိုင်းနှစ်ကောင်သည် မိုဝူကျီအား မြင်ဟန် မပေါ်။
"ဝေါင်း....."
သားရဲနှစ်ကောင်၏ စူးရှလှသည့် မာန်ဖီသံများသည် မိုဝူကျီ၏ နှလုံးခုန် အလွန်မြန်လာလေ၏။
မိုဝူကျီအတွက် ကံကောင်းသည်က တစ်ကောင်တည်းဖြစ်မနေခြင်း ဖြစ်၏။ ထိုသို့သာဆိုလျှင် သူ့အား သေချာပေါက် သတိပြုမိပြီး ဆွဲစုတ်ခြင်း ခံရလိမ့်မည်။ မိုဝူကျီသည် သားရဲနှစ်ကောင်အား မြင်ကွင်းမှ မမြင်နိုင်တော့သည့်အထိ ဖြေးညှင်းစွာ နောက်ဆုတ်လိုက်သည်။ ထိုအကောင်များသည် တင်းဘူအာ ပြောဖူးသည့် တောအုပ်ထဲ ကျက်စားနေသော နတ်ဆိုးသားရဲများ ဖြစ်လိမ့်မည်။
မိုဝူကျီသည် နောက်ဆုတ်လိုက်သည့်အခါ သူ့ခြေထောက်မှ အေးစက်မှုကို ခံစားလိုက်ရသည်။ သူသည် နတ်ဆိုးသားရဲများအပေါ် အာရုံစိုက်ထားသောကြောင့် သူ့နောက်မှ အခြေအနေအား ဂရုမပြုမိခဲ့ချေ။
"ဘမ်း....."
လျှပ်စီးအားသည် မိုဝူကျီ၏ မနီးမဝေးမှ ဖြာထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းဖြာသွားလေသည်။
ထိုအခိုက်အတန့်တွင် သူသည် မည်သည့်နေရာမှာ ရှိနေကြာင်းကို ရှင်းရှုင်းလင်းလင်း မြင်နိုင်၍ ရွံနွံအလယ်တွင် ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။
"ဘမ်း..."
လျှပ်စီးနှစ်ချက်သည် မိုဝူကျီကို ဖြတ်ကျော်လာပြီး အလွန်တရာ ညို့ယူဖမ်းစားနိုင်သည့် လျှပ်စီး ပေါင်းကူးတံတားသဖွယ် ဖြစ်ပေါ်လာသည်။
မိုဝူကျီသည် သူရောက်နေသည့် တည်နေရာကို သိရှိပြီး စိတ်လုံးလုံး ကျသွားလေသည်။ ဤသည်က တင်းဘူအာပြောဖူးသည့် သေစေနိုင်သော လျှပ်စီးရေကန်ထဲမှ တစ်ခုဖြစ်လိမ့်မည်။
သက်ပြင်းအရှည်ကြီးချပြီးနောက်တွင် မိုဝူကျီသည် တည်ငြိမ်လာသည်။ သူသည် မိုးကြိုးမြူတော၏ နတ်ဆိုးသားရဲကို မြင်ဖူးလေပြီ။ ယခုအခါ လျှပ်စီးရေကန်ကိုပါ ကြုံတွေ့နေရ၏။ အကယ်၍ သူသာ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်လျှင် အစစ်အမှန် အံဖွယ်ဖြစ်လာလိမ့်မည်။
မိုဝူကျီ၏ ခြေထောက်များသည် လျှပ်စီးကန်ရှိ အေးခဲနေသည့် မြေပြင်တွင် ရပ်နေသောကြောင့် အေးစက်မှုကို ခံစားလာရသည်။ ထိုလျှပ်စီးကန်တွင် လျှပ်စီးအားများအပြင် အခြားသော ကြောက်စရာများအကြောင်း မည်သူကမျှ မသိပေ။ မိုဝူကျီသည် သူသည် တနည်းနည်းဖြင့် သေမည်ကို သိသောကြောင့် ထပ်၍ ကြောက်လန့်မနေတော့ချေ။ သူသည် ရွံနွံမှ ထွက်ရန် ခြေလှမ်းကို ဂရုတစိုက် ရွေ့လျားလိုက်သည်။
သူ့အသက်သေလျှင်ပင် ရှင်သန်ခြင်း အတွက် အနည်းဆုံး ပြန်တိုက်ခိုက်ရန် ကြိုးစားကြည့်သင့်သည်။
"ဘမ်း...."
နောက်ထပ် လျှပ်စီးအား တစ်ခုထွက်ပေါ်လာသည်။ သို့သော်လည်း မိုဝူကျီသည် ဤအခါမှာ ကံမကောင်းတော့ချေ။ ပခုံးကို ဖြတ်၍ ထိသွားလေသည်။
မိုဝူကျီသည် ဒူးမှ အားယုတ်လျော့လာပြီး ခန္ဓာတစ်ခုလုံးတွင် လောင်ကျွမ်းနေသည့် ပြင်းထန်သော ခံစားချက်ကို ခံစားနေရသည်။
မိုဝူကျီထံ ဝင်ရောက်နေသည့် လျှပ်စီး၏ အရိပ်မှတစ်ဆင့် ရေကန်ရှိ အခြားသော လျှပ်စီးအချို့သည်လည်း မိုဝူကျီ ခန္ဓာကိုယ်ကို စက်ဝန်း သဏ္ဍာန် ဝန်းရံကာ ထွက်ပေါ်လာကြသည်။
မိုဝူကျီ အဝတ်အစားများသည် စုတ်ပြဲကုန်ပြီး အရည်ပြားများ လောင်ကျွမ်းနေသည့် အနံ့ပင် ရရှိနေပြီ ဖြစ်သည်။ သူ့ခန္ဓာတစ်ကိုယ်လုံးသည်လည်း ထုံထိုင်းနေလေ၏။ သူ့ဒုတိယဘဝတွင် ဓာတ်လိုက်သေဆုံးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သူ့အသက်နှုတ်ယူရာတွင် ချက်ချင်း ညှာတာခြင်းမရှိ နှုတ်ယူခြင်းကို ငရဲသဖွယ် ညှင်းပန်းခံရခြင်းထက် ပိုလိုလားသည်။
သူ့ဆန္ဒကို ဖြည့်ဆည်းပေးသကဲ့သို့ ပို၍ ကြီးမားသော လျှပ်စီးသည် သူ့အား ဖြတ်သွားလေသည်။
"ဘမ်း...."
ထိုလျှပ်စီးသည် မိုဝူကျီ၏ ပခုံးတွင် ထပ်၍ တိုက်သွားလေသည်။ သို့သော်လည်း မိုဝူကျီသည် သူ့ခန္ဓာတစ်လျောက်လုံးတွင် အနည်းငယ်သော နာကျင်ခြင်းကိုမျှ မခံစားမိတော့ချေ။
ထိုသည်သာ မဟုတ်ပေ။ မိုဝူကျီသည် သူ့ပခုံးကို ဖြတ်သွားသည့် လျှပ်စီးသည် တစ်စုံတစ်ခုကို တိုက်ရိုက် ဖွင့်ပေးလိုက်သည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
နောက်အခိုက်အတန့်တွင် သူ့ခန္ဓာတစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားလေသည်။ မိုဝူကျီသည် ဖြစ်ပျက်သွားသည့် ကိစ္စကို သတိပြုမိပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားလာသည်။
လျှပ်စီးအားသည် သူဆေးသောက်သုံးကာ ဖွင့်ရန် ကြိုးစားခဲ့ပြီး ပိတ်မိနေသည့် ချီသွေးကြောမှ ကွက်လပ် အနည်းငယ်ကို ဖွင့်ပေးလိုက်သည်။ အကယ်၍ လျှပ်စီးအားသည် ထိုမျှ နေရာလပ်အသေးလေး ဆက်တိုက် ဖွင့်ပေးနိုင်လျှင် ပိတ်ဆို့နေသည့် ချီသွေးကြောတစ်ခုလုံးကို ဖွင့်ပေးနိုင်မည် မဟုတ်ပါလော....... ချီသွေးကြော ရှင်းသွားသည်နှင့် သူသည် ကျင့်ကြံနိုင်ရန် ဝိညာဉ်ကြော ပိုင်ဆိုင်နိင်တော့မည် မဟုတ်ပါလား........
လျှပ်စီးအား အများအပြား ထိရိုက်ခံရပြီးနောက်တွင် မိုဝူကျီသည် အတွင်းရော အပြင်ပါ မီးကျွမ်းနေလေသည်။ ဆက်လက်၍ ထွက်မပြေးရန် ဆုံးဖြတ်လိုက်၏။ သူသည် သူ့အား လာထိရိုက်မည့် လျှပ်စီးများကို စောင့်နေလေသည်။
"ဘမ်း.."
အနောက်မှ လျှပ်စီးနှစ်ချက်သည် ဖြာကျလာပြီး သူ့အား ဖြတ်သွားလေသည်။
ကံမကောင်းစွာ ထိုလျှပ်စီးနှစ်ချက်သည် နာကျင်မှုများကိုသာ ပေးပြီး ကွက်လပ်လေး ပွင့်သွားသည့် ခံစားချက်ကို မပေးစွမ်းပေ။
မိုဝူကျီသည် သူ့ကို ရိုက်ခတ်မည့် လျှပ်စီးများအား မထိန်းချုပ်နိုင်သည်မှာ နှမြောစရာ ကောင်းလှသည်။ အကယ်၍ သူသာ လုပ်နိုင်လျှင် သူသည် ပိတ်ဆို့နေသော ချီသွေးကြောကို ဖွင့်မည့် နေရာအား ရိုက်ခတ်ခံလိမ့်မည်။
သူ နောက်ထပ် လျှပ်စီးအားအချို့ ကြုံတွေ့ပြီးသည့်နောက်တွင် ထိုသည်က လုပ်ရန်မသင့်ကြောင်း သတိပြုမိလိုက်သည်။ သူချီသွေးကြောကို မဖွင့်နိုင်ခင်တွင် နာကျင်မှုကြောင့် သေဆုံးသွားနိုင်သည်။
မိုဝူကျီသည် သူ့အိတ်အစုတ်လေးမှ သွေးကြောဖွင့်ဖြေဆေးကို ထုတ်ယူလိုက်ပြီး သောက်လိုက်သည်။ ပိတ်ဆို့နေသည့် ချီသွေးကြောတွင် မီးတောက်လောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဘမ်း...."
နောက်ထပ် လျှပ်စီးအားတစ်ခုသည် သူ့အား လာထိရိုက်၏။ မိုဝူကျီသည် လျှပ်စီးအား သူ့တောက်လောင်နေသည့် ချီသွေးကြောအပေါ် ရောက်ရှိရန် အာရုံစိုက်ထားလေသည်။
မိုဝူကျီသည် သူ့အာရုံစိုက်မှုကြောင့်လေလား သို့မဟုတ် လျှပ်စီးသည် ချီသွေးကြောကို ဖြတ်သွားသောကြောင့် ဆေးစွမ်းပြသည်ကြောင့်လား မသေချာပေ။
ဖြစ်နိုင်သည်က ထိုသည်က စိတ်စွမ်းအားကြောင့် မိုဝူကျီသည် သူ့ချီသွေးကြောသည် အနည်းငယ် ပွင့်လာသည်ဟု ခံစားမိသည်။
နောက်ထပ်လျှပ်စီး တစ်ခုဝင်ရောက်လာသည်။ နောက်တစ်ခါတွင် တူညီသည့် ချီသွေးကြောကို တိုက်ရိုက် ထိရိုက်မိသည်။ ချီသွေးကြောသည် ထိုကြောင့် ပို၍ ပွင့်သွားလေသည်။ လျှပ်စီးရိုက်ချက်များကြောင့် တောက်လောင်နေသည့် ဆေးသည် ခန္ဓာကိုယ်မှ လျှင်မြန်စွာ ကွယ်ပျောက်သွားလေသည်။
လျှပ်စီးကို ချီသွေးကြောနှင့် တိုက်ရိုက် ထိတွေ့စေရန် ခွင့်ပြုထားသော ဆေးအာနိသင်ကြောင့်သာ ဖြစ်လိမ့်မည်။ သူ့ခန္ဓာထဲမှ ဆေး ပျောက်ကွယ်သွားသည်ကို ခံစားရပြီး မိုဝူကျီသည် နောက်တစ်ပုလင်း ထပ်သုံးစွဲရန် လက်မနှေးနေချေ။
"ဘမ်းဘမ်းဘမ်း......"
လျှပ်စီးအားဆယ်ချက်သည် မိုဝူကျီ ခန္ဓာအား ဆက်တိုက် ထိရိုက်လာပေမဲ့ သူသည် သက်တောင့်သက်သာ ဖြစ်နေဆဲ ဖြစ်၏။ သူသည် မရေတွက်နိုင်လောက်အောင် ထိရိုက်ခံထားရသော်လည်း ထိုအခိုက်အတန့်တွင် သူ့ခန္ဓာသည် အားအင်ပြည့်နေသည်ဟု ခံစားမိသည်။ သူ့ခန္ဓာသည် နာကျင်မှုများနှင့် ထုံထိုင်းခြင်းများကို ခံစားထားရသည့်အတွက် ထိုအားအင်ကို ထုတ်မပြနိုင်သည်မှာ သနားစရာ ကောင်းလှသည်။
မိုဝူကျီသည် မျက်ရည်များကျခြင်းကို မထိန်းချုပ်နိုင်ပေ။ အနည်းဆုံးတော့ သူသည် သူ့၏ ပထမဆုံး ဝိညာဉ်လမ်းကြောင်းဖြစ်သော ချီသွေးကြောကို အောင်မြင်အောင် ဖွင့်နိုင်ခဲ့၏။