book

Index 9

အပိုင်း(၉)

__မာရ်နတ်မင်း၏စစ်သူကြီး__

......................................


     ...အမြင်အာရုံတစ်ခုလုံး ပိတ်ကားနက်ကြီးကာရန်ထားသလို မည်းမည်းမှောင်လျက်ရှိ၏ ။ရင်ဘတ်သည် မီးစနဲ့ထိုးထားသလို ပူလောင်လျက် အာခေါင်တစ်ခုလုံးသည် ကန္တရလို

ခြောက်ကပ်ပူလောင်နေ၏။


    သူဘယ်သူလဲ ဘာဖြစ်နေတာလဲ ဘာတစ်ခုမှ တွေးမရ

   လွတ်နေသော အသိစိတ်ကိုကြိုးစားထိန်းချုပ်ကြည့်ချိန်

အကြောင်းအရာများမှာ ဂါမဏိ ခေါင်းထဲ တရေးရေး ပြန်ပေါ်လာ၏ ။


    ချောက်ကမ်းပါးအတွင်းသူပြုတ်ကျလာသည်ကို နောက်ဆုံး

အနေဖြင့်မှတ်မိကာ သတိလစ်သွားခြင်းဖြစ်သည် ။


     ယခုသူဘယ်ရောက်နေလဲ သေပြီးတမလွန်ရောက်နေခြင်းလား ။


     နောက်ကျိနေသော ဦးခေါင်းကြည်လင်လာသောအခါ

ကျောက်ခဲဆွဲထားသလို လေးလံနေသော မျက်ခွံ့နှစ်ဖက်ကို 

အားယူ၍ ဖြည်းဖြည်းချင်း ဖွင့်နေမိသည် ။


      အလင်းရောင်သဲ့သဲ့မျ မျက်လုံးအတွင်းတိုးဝင်လာ

သောကြောင့် ပြန်မှိတ်ကာ နောက်တကြိမ်ကြိုးစားဖွင့်ကြည့်လိုက်သည် ။ 


...အ...

    ထိုနောက် ခန္ဓာကိုယ်အား ကြိုးစားအားယူ၍လူပ်ရှားကြည့်သော အသည်းထိမတတ်နာကျင်သော ခံစားမူကို ခံစားလိုက်ရသည် ။


...မလူပ်နဲ့… ချောက်ထဲကိုပြုတ်ကျချိန် သစ်ပင်သစ်ကိုင်းတွေနဲ့

ရိုက်မိလို့တစ်ကိုယ်လုံးအကောင်းအတိုင်းမရှိတော့ဘူး…၊

မသေရင်တောင်ဘဝကအိပ်ယာထဲတစ်သက်လုံးလှဲနေရတော့မယ်.....


...ဗျာ ....


 ဂါမဏိအော်ညည်း အော်သံကြောင့် အမှောင်ရိပ်အတွင်းထောင့်တွင်မည်သည့်အချိန်က ရောက်နေသူတစ်ယောက်စကားကြားလိုက်ရချိန် သွေးပျက်မတတ်ဖြစ်သွားရတော့၏ ။


...တ..တ..တကယ်.လား ကျုပ် ဒီလို မသန်မစွမ်းဘဝနဲ့

လူသေလို နေရတော့မှာပေါ့...


...သိပ်သေချာတာပေါ့ ကိုယ့်လူရာ ဒီချောက်ထဲက ရေကန်ထဲပြုတ်ကျလို့သာပေါ့ နိူ့မို့ …အသက်တောင်ရမှာမဟုတ်ဘူး...


ထိုလူ့စကားကြောင့် ဂါမဏိ သူ့ဘဝဖြစ်အင်ကိုတွေး၍စိတ်ဓတ်

လက်မိူင်ကျကာ ယူကြုံးမရ ဖြစ်သွားရတော့သည် ။

 သူမျော်လင့်ခဲ့ရသမျ စိတ်ကူးယဉ် နန်းတော်ကြီးမှာ လေထဲတွင်

ပြိုပျက်သွားခဲ့ရပြီဖြစ်သည် ။


   သူ့လိုအိပ်ယာပေါ်လှဲနေရမည့် ဒုက္ခိတကြီးသည် မည်သည့်အရာကိုမျ စွမ်းဆောင်နိူင်တော့မည်မဟုတ်သောကြောင်းတွေးကာမျက်ရည်များလည်းစီးကျလာတော့သည် ။


...ဟိတ်လူ ရေသောက်လိုက်ရေဆာနေရောပေါ့ 

 သတိမေ့နေတာလည်း ရက်နှစ်ဆယ်လောက်ရှိရော့မယ်

ချီးကျူးးရမှာတစ်ခုက ခင်များခံနိူင်ရည်ရှိမူပဲ...


 ..ရက်နှစ်ဆယ်....ဒါဆိုပြိုင်ပွဲပြီး ရောပေါ့....


..ဘာပြိုင်ပွဲလဲ အားရှိကျန်းမာလာအောင် အရင်လုပ်ရမယ်ရော့ရေသောက်.တစ်ခြား

အကြောင်းတွေမတွေးနဲ့ .....


   ထိုလူမှာပြောလည်းပြော ဂါမဏိအနားသို့တိုးကပ်လာချိန်

ညှီစို့စို့ .ပုတ်အက်အက် အနံ့တစ်ခုရလိုက်သည်။


 ရုပ်ကိုမူကား အမှောင်အနည်းငယ်ကျသောနေရာတွင်ထိုသူ

ထိုင်သောကြောင့် သေချာ မမြင်တွေ့နိူင်ချေ ။


 ထိုသူမှာဝါးကျဉ်တောက်အတွင်းမှရေကို တစ်စက်ချင်း

ဂါမဏိ ပါးစပ်သို့ချပေးရာ ဂါမဏိ မှာရေကို အငမ်းမရသောက်နေမိတော့၏။


  … ရော့..တအားဆာနေမယ်ထင်တယ် စားလိုက်... 


ဂါမဏိ အားရေတိုက်ပြီးလျင်ထိုသူမှာငှက်ပျောသီးတစ်လုံးကိုအခွံနွာကျွေးပြန်၏ ။ 


ဂါမဏိကားမည်သည့်စကားမျမဆိုနိူင်

အောင်ပင်ဆာလောင်မွတ်သိပ်နေသောကြောင့်အငမ်းမရစားနေမိ၏ ။


  ..သိပ်အများကြီးမစားနဲ့အုံး ကိုယ့်လူ ဝမ်းဗိုက်က 

အလုပ်မလုပ်တာကြာပြီဆိုတော့ အန္တရယ်ရှိနိူင်တယ်..


  ငှက်ပျောသီးသုံးလုံးမျ ကျွေးမွေးပြီး ထိုသူက ရပ်လိုက်ရာဂါမဏိမှာ ဆာလောင်နေသေးသော်လည်း ထိုသူပြောစကား

ယုတ္တိတန်သောကြောင့် ငြိမ်နေလိုက်ရတော့၏ ။


...ကျုပ် အသက်ကို ကယ်ပေးထားတာရော ပြုစုစောင့်ရှောက်ပေးမူအတွက်ကော နောင်ကြီးကို ကျေးဇူးသက္ကာရ၊အထူးတင်ကြောင်းပြောလိုပါတယ်...


.. ရတယ် ကြုံကြိုက်လို့ ကူညီတယ် သဘောထား..


ထိုသူကအနိမ့်အမြင့်မရှိသောလေသံဖြင့် ဂါမဏိ ကျေးဇူးတင်စကားကို တုန့်ပြန်လာ၏ ။


ဂါမဏိမှာကား ယခုမှပင်ထိုသူအကြောင်း ထူးခြားမူများကိုသတိပြုမိလာ၏ ။


   လူသူမနီးတောနက်ကြီးတွင် ထိုသူတစ်ယောကတည်း အဘယ်အတွက်ရောက်နေသနည်း။


  ထို့အတူထိုသူပုံက တစ်စုံတစ်ခုသောအကြောင်းကိုလျို့ဝှက်ထားဟန်တူနေမှန်း ဂါမဏိ စိတ်တွင်းရိပ်စားမိနေ၏ ။

   


 .. ကျုပ်အမည်နာမက ဂါမဏိ လို့ခေါ်တွင်ပါတယ်

ဒီက ကျေးဇူးရှင် နောင်ကြီးအမည်က...


...ဒီမှာ နောင်ကြီး ကျုပ်အကြောင်းမေးတာ ကျုပ်မကြိုက်ဘူး

ဘာအကြောင့်းမှလည်းဖြေမှာ မဟုတ်ဘူး

အတင်းကြပ်မေးလာရင် ကျုပ်နောင်ကြီးကို တစ်ယောက်တည်း

ထားခဲ့ရလိမ့်မယ် ကျုပ်ခနအပြင်သွားအုံးမယ်...


ဒေါသစွက်သောလေသံမာဖြင့်

ပြောလည်းပြောတဆက်တည်းအမှောင်အတွင်းသို့ထိုလူမှာအမှောင်ရိပ်အတွင်းတိုးဝင်သွားသော ခြေသံကိုကြားလိုက်ရတော့သည် ။


  ဂါမဏိ ပါးစပ်အဟောင်းသားဖြစ်သွားရမိသည် လူမူရေးအရမေးခွန်းမျိုးကိုပင်မကြိုက်ပဲ သူဘဝအကြောင်းမေးလာမည်ကိုကြိုတင်စကားပိတ်သွားသောထိုလူထူးဆန်းကိုသူအံ့အြမိသည်။ 


သို့သော်လည်း……


ယခုအခြေအနေမျိုးတွင် ထိုလူထူးဆန်းမရှိပါကရပ်တည်၍မရသော အခြေအနေမျိုးမို့သိချင်စိတ်ကို လက်လျော့ကာ၊

လူထူးဆန်း အလိုကျနေရန်ဆုံးဖြတ်လိုက်တော့၏။


  နောက်ရက်များတွင်ထိုလူထူးဆန်းမှာ ဂါမဏိထံရောက်လာပြီး

အစာရေစာကျွေးမွေး ။ တစ်ကိုယ်လုံးဆေးပင်၊ဆေးမြစ်များ

ထောင်းကြိတ်ကာ မငြီးငြူ စတမ်းပြုလုပ်ပေး

သော်လည်း စကားအပိုမဆို တိတ်ဆိတ်စွာဖြင့်ပြန်သွားတတ်သည် ။


   ဂါမဏိမှာကား တစ်ယောက်တည်း စကားပြောဖော်မရှိ

တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ပျင်းရိငြီးငွေ့စွာဖြတ်သန်းနေရသည် ။


  ထိုရက်များသည်သူ့အတွက်ငရဲပင်။ ပြိုင်ပွဲတွင်သူသည်ရူံးနိမ့်ခဲ့ရသလို၊ မျော်လင့်ချက်ရောင်ခြည်များလည်းပျက်သုန်း

သွားရခြင်းကြောင့် ။


နာကြည်းခံပြင်းမူနဲ့ရောယှက်၍ အားငယ်ဝမ်းနည်းမူများဝင်ရောက်လျက်ရှိနေကာ လူ့ဘဝကိုပင် အသက်မဆက်လိုတော့ပေ။


ယခုသူ့အခြေအနေက သေသွားသည်ကပင် ပိုကောင်းမည်အခြေအနေဟု တွေးမိပြန်သည် ။


    တဆက်တည်းယခုရောက်နေသောနေရာ၊လူထူးဆန်းအကြောင်းများကိုတွေးမိပြန်သည် ။

  နေရာမှာအမှောင်ပါးလျားလျားမျရှိသောလိူဏ်ဂူတစ်ခုမှန်းခန့်မှန်းမိသည်။

  အမှောင်အတွင်းရောက်နေသော်လည်းလူထူးဆန်းသည်မီးတုတ်ပင်မထွန်းညှိပေ။


   စားသောက်ရန်၊ တပေါ့တပါးသွားရန်ကူညီသောအချိန်တွင်

ထိုလူထူးဆန်းထံမှ ပုတ်အက်အက် ညှီစို့စို့ အနံ့တစ်ခုကိုမခံရပ်နိူင်အောင်ရနေတတ်ပြန်သည်။


   မျက်နှာကိုမူ အလင်းရောင်မူန်ဝါးခြင်းကြောင့်လည်းကောင်း။

ခေါင်းဆောင်းတစ်ခုဆောင်းကာကွယ်ထားခြင်းကြောင့်လည်းကောင်း မမြင်တွေ့နိူင်ပေ ။


 နေ့ရက်များသည် တဖြည်းဖြည်းဖြင့်ကုန်ဆုံးလာသလိုလူထူးဆန်းနဲ့သူ့ကြားတွင်လည်း ရင်းနှီးမူများတိုးလာကြသည် ။


  သို့ရာတွင်……

 လူထူးဆန်းမှာ ဂါမဏိ အကြောင်းဘာမှမမေးပေ။

ယုတ်စွဆုံးယခုဒဏ်ရာများမည်သို့ရလာသည်ကိုပင်မမေးခြင်းဖြစ်၏ ။


ဂါမဏိ တွေးမိသည်မှာ …အကယ်၍ဂါမဏိဘဝဇတ်ကြောင်းကို

မေးမြန်းပါကသူ့ဘဝဇတ်ကြောင်းကိုပါပြန်ပြောရမည်စိုး၍ဟုကောက်ချက်ချမိလိုက်၏ ။


ယုတ်စွဆုံးယခုအချိန်အထိ လူထူးဆန်းနာမည်ကိုပင် ဂါမဏိ မသိချေ ။ သိရန်လည်းမကြိုးစားဖူးပေ။


ထိုလူထူးဆန်းမကြိုက်သောအလုပ်မျိုးသူမလုပ်လိုသောကြောင့်လည်းဖြစ်သည်။


...ဂါမဏိ နေရထိုင်ရသက်သာလား...


လူထူးဆန်းအကြောင်းတွေးနေစဉ်မှာပင်စကားသံကြားလိုက်ရပြီးအနားသို့လှမ်းဝင်လာသော လူထူးဆန်းအားတွေ့လိုက်ရသည်။


...သက်သာပါတယ် နောင်ကြီးရယ် လူပ်ရှားမရတာတစ်ခုပဲ

ဆိုးနေတာ တောက် ကျုပ်ဘဝက ဒီလိုဒုက္ခိတဘဝနဲ့ အသက်မဆက်ချင်တော့ပါဘူး သေသွားတာပဲကောင်းပါတယ်

ကျုပ်အတွက် ခင်များလည်းပင်ပန်းလှပါပြီ...


...ယောက်ကျားပဲ ဂါမဏိရာ အားမလျော့ပါနဲ..

ခန္ဓာကိုယ်လူပ်ရှားလို့ရဖို့

တစ်နည်းတော့ရှိတယ် လုပ်သင့်မလုပ်သင့်

အလုပ်ဖြစ် မဖြစ်တွေးနေတာ..…


 ..ဟင်..တ..တကယ်လား နောင်ကြီး...


ဂါမဏိ ဖြစ်အင်ကိုကြည့်ကာ စိတ်မကောင်းဟန်ဖြစ်သွားဟန်တူသော လူထူးဆန်းထံမှမျော်လင့်ချက်စကားတစ်ခွန်းကြားလိုက်ရသောကြောင့် ဂါမဏိ တစ်ယောက် အံ့အြမူကြောင့်အိနြ္ဒမဆည်နိူင်လောက်အောင်ဖြစ်သွားရက အလောတကြီးမေးမြန်းမိခြင်းပင်။


သို့ရာတွင်… လူထူးဆန်းမှာ ဝေခွဲမရခက်နေဟန်စကားမျိုးဆိုလာခြင်းမျိုးပင်။


...ပြန်ကောင်းလာနိူင်ပေမယ့် သာမာန်လူသားဘဝကိုတော့မရနိူင်တော့ဘူး....


...ဟာ လူသားဘဝကိုမရနိူင်ဆိုတာ....


ဂါမဏိ အနေဖြင့်… လူထူးဆန်းစကားများကြောင့်ခေါင်းများပင်မူးနောင်သွားရကာယခုအချိန်ထိလူထူးဆန်းပြောလိုသောအကြောင်အရာကိုသူနားမလည်နိုင်ပဲရှိနေတော့၏။


လူထူးဆန်းကစကားဆက်၍...


...ခုညကလပြည့်ညလေ ကျုပ်အကြောင်းတွေပြောပြမယ်နောက်ပြီး ဂါမဏိ အနေနဲ့ စဉ်းစားချိန်လည်းရတာပေါ့....


ဂါမဏိ တစ်ယောက်မှာ ပျော်ရမလိုငိုရမလို။ လူထူးဆန်းမှာဂါမဏိအနီးသို့ထွက်ခွာသွားပြီဖြစ်၏ ။


  လူထူးဆန်းမှာ ဂါမဏိအားကျောထမ်း၍ပြေးလွားနေ၏။


လူထူးဆန်းမှာ ဂါမဏိကိုထမ်းပိုးသွားနေသော်လည်းမောပန်းဟန်မတူ။ ခြေလှမ်းများပေါ့ပါးသွက်လက်နေ၏ ။


  ဂူအတွင်းမှထွက်လာပြီးမှဖြာ

ကျနေသောလရောင်ကိုတွေ့ရချိန်

လူထူးဆန်းက ထိုနေရာသို့ ဦးတည်လိုက်တော့၏။


ယခုကားသူတို့ ဂူအပြင်သို့ စတင်ခြေချမိကြပြီ။

ခြေချသည်ဟုဆိုရာတွင်လည်းလူထူးဆန်းသာ

မြေပြင်ပေါ်ခြေချထားပြီး ဂါမဏိ မှာလူထူးဆန်း

ကျော်ပေါ်တွင်ရှိနေသောကြောင့်သူကားခြေချခွင့်

မရ ၊ရပါကလည်း မတ်တတ်ရပ်နိူင်မည်မဟုတ်ပေ။


ကောင်းကင်တွင်လမင်းကြီးမှာပြည့်ဝိုင်းစွာရှိနေ၏။


လောကတခွင်သို့သူ့အလင်းကိုအစွန်းကုန်

ဖြန့်ကျက်ကာအလင်းပေးလျက်ရှိနေ၏ ။


လူထူးဆန်းမှာတစ်နေရာအရောက် ရပ်လိုက်၍ 

သယ်ပိုးလာသော ဂါမဏိ ကိုကျောက်တုံးတစ်တုံး

ဘေးချကာမှီထိုင်ခိုင်းလိုက်သည် ။


 ထို့နောက်....


ဂါမဏိအားကျောပေးရပ်၍ပြည့်ဝိုင်းစွာသာနေသောလမင်းကြီးကိုမော့ကြည့်လျက်ငြိမ်သက်စွာရှိနေ

တော့၏ ။

  ဂါမဏိမှာလည်းလမင်းကြီးကိုငေးကြည့်ရင်းတဒင်္ဂသောကများပြေပျောက်သွားသလို သူ့ရင်တွင်းအေးချမ်းမူများဖြင့်ရှိနေစဉ်


လူထူးဆန်းမှ........


..ကျုပ်နာမည် အဂ္ဂ အလုပ်ကမုဆိုးအလုပ်။

သားမယားနဲ့ဆိုပါတော့...


 ဂါမဏိ တစ်ယောက်လူထူးဆန်းအမည်မှာ

အဂ္ဂ မှန်းယခု မှသိလိုက်ရသည်။


အဂ္ဂမှာဂါမဏိကိုကျောပေးရပ်၍သူစကားကိုဆက်လာ၏ ။


...ကျုပ်ဟာမုဆိုးအလုပ်နဲ့မိသားစုကိုနေပူမိုးရွာမရှောင်တောတကာတောင်တကာလည်ပြီးရှာဖွေကျွေးမွေးခဲ့တယ်။


ကျုပ်မိန်းမက ကျုပ်ရှာဖွေရသမျသားကောင်တွေကိုခုတ်ထစ်ပြီး

ရွာစဉ်လှည့်ရောင်းတယ်။


မိသားစုဟာမချမ်းသာပေမယ့် မဆင်းရဲဘူး ၊သားသမီးလေးတွေဟာ ကျုပ်တို့အတွက်ခွန်အားတွေဖြစ်စေတယ်။


 မောပန်းသမျ သူတို့အသံလေးတွေကြားရရင်၊အမောကိုပြေရော။


ဒီလိုနဲ့နှစ်တွေဖြတ်သန်းရင်းကျုပ်ဘဝအတွက်

ကြမ္မာဆိုးစမယ့်နေ့တနေ့ရောက်လာခဲ့တယ်၊


....တစ်နေ့.....အဲဒီနေ့ကကျုပ်ဘဝကို


ပြောင်းလဲပေးလိုက်တဲ့နေ့...…


ထိုနေရာတွင် အဂ္ဂ စကားသံမှာဝမ်းနည်းမူကြောင့်ထင်၏။

တိမ်ဝင်သွားမှန်း ဂါမဏိ ခံစားသိလိုက်ရသည်။


ထို့ကြောင့် အဂ္ဂ ဆက်ပြောလာမည့်စကားကိုနားစွင့်နေမိတော့၏။


အဂ္ဂလည်းဝမ်းနည်းကြေကွဲသံဖြင့်သူ့ဘဝဇတ်ကြောင်းကိုရင်ဖွင့်ပြောလာပါတော့၏။


လူထူးဆန်း အဂ္ဂပြောပြသောအကြောင်းအရာများ

မှာအောက်ပါအတိုင်းဖြစ်ပါသည်။


။---------------------------------------။


အဂ္ဂ တစ်ယောက်

 ခါတိုင်းနေ့များစွာကဲ့သို့လက်စွဲတော်ဒူးလေးနဲ့

မျှားတံထည့်ထားသောဝါးကျည်တောက်ကိုလွယ်ပိုးလျက်တောတောင်တစ်ခွင်လှည့်ပတ်၍သားကောင်အရှာထွက်လာခဲ့တော့၏ ။


  သို့ရာတွင် ယနေ့အဖို့ သူကို အကုသိုလ်ကံမရှိဟန်တောကောင်တစ်ကောင်မှမတွေ့ရပေ။


  တောမှာ ခြောက်ကပ်တိတ်ဆိတ်လျက်ရှိနေ၏ ။


တစ်နေကုန်လှည့်ပတ်ရှာသော်မျ မတွေ့သောအခါ

ပြန်ရန်ဆုံးဖြတ်ပြီးနေကိုမော့ကြည့်သော်ညနေပင်

စောင်းနေချေပြီ။ 


ထို့ကြောင့်မိုးမချုပ်မှီရွာသို့ပြန်ရန် မုဆိုးခြေလှမ်းများဖြင့်သုတ်ခြေတင်လိုက်၏ ။


   ဟာ...စိုင် ကော်လို့ခြုံပေါ်ရောက်ပြီပေါ့......

.

အဂ္ဂ ကြိတ်၍ပျော်သွားခြင်းမှာ တစ်နေ့လုံးအမဲကောင်ရှာ၍

မတွေ့ပဲလက်လျော့၍အိမ်ပြန်လာသောအခါမှ မြက်စားနေသောဂျီတစ်ကောင်အားတွေ့ရသောကြောင့်ပင်။


 ပစ်ကွင်းကောင်းစေရန်အနီးသို့တိုးကပ်သွားပြီး

လေးပေါ်မျှားတင်၍ပစ်ကွင်းကို ချိန်ရွယ်လိုက်၏ ။


   ဝှစ်..ချွတ်....ဒုတ်.......ဟာ.........


အသက်အောင့်၍အရှေ့လက်ပြင်နဲ့ရင်ဘတ်ထိစပ်နေသောနေရာကိုပစ်လွတ်လိုက်ခြင်းပင်။


အတွေ့အကြု့နဲ့လက်ရည်အရမထိစရာအကြောင်းမရှိ။


သို့ရာတွင်…


 ယခုတကြိမ်တွင်မူမျှားတံလေပေါ်ဖြတ်ပြေးစဉ်

သစ်ကိုင်းခြောက်ကျိုးသံတစ်ခုကြောင့် ချေမှာလန့်ဖြတ်ကာပြေးရန်ပြုလိုက်သောကြောင့် မျှားတံကလိုရမရောက်ပဲချေကိုထိမှန်

သော်လည်းသေကွင်းသေကွက်နေရာမထိမှန်ပဲ

အနည်းငယ်မျ သေကွက်နေရာနဲ့လွဲသွား၏ ။


 ထို့ကြောင့်

ချေမှာလည်းမြှားတန်းလန်းဖြင့်ထိုနေရာမှပြေးလွားသွားတော့သည်။


ထို့ကြောင့်ပင်သားကောင်ကိုလက်မလွတ်လိုသော

အဂ္ဂ လည်းချေ နောက်သို့ပြေးလိုက်တော့၏ ။


နေစောင်းနေပြီဆိုသောအသိကသားကောင်ဇောကပ်နေ၍မေ့လျောသွားတော့၏ ။


သွေးစက်များကိုခြေရာခံ၍ချေနောက်သို့လိုက်လာသောအဂ္ဂမှာရေကန်ကြီးတစ်ခုနားအရောက်ချေကိုမှီလာကာပွဲသိမ်းပစ်ချက်တစ်ခုပစ်ရန် ဒူးလေးကို ချေ ရှိရာချိန်ရွယ်လိုက်စဉ်မထင်မှတ်သောအဖြစ်အပျက်အပျက်တစ်ခုဖြစ်လာ၏  ။


အရိပ်မဲကြီးတစ်ခုသည် လွားခနဲ ချေ ရှိရာခုန်ဝင်၍

လည်ပင်းကိုဖက်ကာ ကိုက်လိုက်သောကြောင့် ချေ မှာရုန်းကန်ရင်းလဲပြိုကျကာ မလူပ်တော့ချေ ။


အဂ္ဂတစ်ယောက်ထိုမြင်ကွင်းကိုကြည့်လျက်ျကြာင်ငေးနေမိသည်။လူကဲ့သို့ခြေလက်များပါသော်လည်း အမွေးအမျင်များဖုံးလွမ်းလျက်လက်သည်းရှည်များကိုအသုံးပြုလျက် သွေးစုတ်ပြီးစ

ချေကိုအားပါးတရဖဲ့ယူစားသောက်နေ၏ ။


ထိုသတ္တဝါမျိုးသူ့တသက်တွင်တခါမှမမြင်ဖူးပေ။


ခနခြင်းပင် ချေတစ်ကောင်လုံးပျိုက်ခနဲကုန်

အောင်စားသောက်ပြီးသောအခါ၊

အဂ္ဂ ဖက်သို့လှည့်လာသည်။


ထိုအချိန်တွင် လ ထွက်လာပြီဖြစ်သောကြောင့်ထိုသတ္တဝါကြီးရုပ်သွင်ကိုရှင်းလင်းစွာမြင်တွေ့လိုက်ရသည်။


 နားရွက်ရှည်ထောင်ထောင်၊ နီရဲသောမျက်လုံး၊ သွေးများဖြင့်ရဲရဲနီနေသောပါးစပ်အးတွင်းမှပါးစပ်အတွင်းသွားချွန်ကြီးများမြင်ရသောအခါ အဂ္ဂ တစ်ယောက် သုတ်ခြေတင်ပြေးရန်ကြံလိုက်စဉ် ။


ထိုမကောင်းဆိုးဝါးကြီးမှာတစ်ချက်ဆတ်ခနဲခုန်လိုက်ရာအဂ္ဂ အနီးရောက်လာပြီး အဂ္ဂအားဖက်၍လည်ပင်းအားကိုက်လိုက်ရာ နာကျင်မူနဲ့အတူ မျက်လုံးများပြာဝေကာ ဘာမှသတိမရတော့ပဲလောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားရတော့သည်။


........အား.........


အဂ္ဂ ၏နာကျင်စွာအော်မြည်သံမှာ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။


 အဂ္ဂ တစ်ယောက်နိူးလာချိန်မှာ လမွန်းတည့်ချိန်ပင်ရောက်နေခဲ့ပြီဖြစ်၏ ။


လမင်းကြီးမှာကောင်းကင်တွင်ပြည့်ဝစွာဖြင့်ရှိနေသောကြောင့်ပတ်ဝန်းကျင်မှာနေ့ဖက်နဲ့မခြားရှိနေသည်။


ကြောက်လန့်စွာဖြင့်သူ့အားကိုက်ခဲ့သော မကောင်းဆိုးဝါးရှိမရှိလိုက်ကြည့်မိရာ ပတ်ဝန်းကျင်မှာအေးချမ်းတိတ်ဆိတ်လျက်ရှိနေသည် ။


.....ဟင်.....


 အဂ္ဂ တစ်ယောက်သူလည့်ပင်းကိုစမ်းလိုက်သောအခါ

သွေးစေးတစ်ချို့စမ်းမိသည်မှအပဒဏ်ရာကားရှိမနေသည်ကိုအံ့အြစွာသိလိုက်ရမိ၏။


အဂ္ဂရင်ဘတ်သည်ယခုအချိန်မီးစဖြင့်ထိုးထားသလို ပြင်းထန်စွာပူလောင်နေ၏ ။


  ထို့ကြောင့်ပင်ရေ ကန်ဆီသို့သွား၍ ရေကိုလက်ဝါးနှစ်ဖက်ဖြင့်

တဝကြီးခပ်သောက်နေချိန်ထူးခြားမူတစ်ခုကိုသတိပြုမိလိုက်၏။


....ဟာ.....အောင်မလေးဗျ....အလိုလေး....


ရေထဲတွင်ကြောက်မက်ဖွယ်ရာမကောင်းဆိုးဝါးတစ်ကောင်တွေ့လိုက်ရသောကြောင့်လန့်

ဖျတ်ကာအော်ရင်းနောက်ဆုတ်လိုက်မိလိုက်

ပါတော့၏ ။


-----------------------------------------------------


၁၀ ဆက်ရန်


rate now: