👣မာရ်နတ်မင်း၏စစ်သူကြီး👣 -
========================
နံနက်ခင်းနေရောင်ခြည်မှာ
ကမ္ဘာမြေကို ရွေခြည်ရောင်ဝါသန်း၍
ကျဆင်းလျက်ရှိနေ၏ ။
ကျယ်ပြန့်သောကွင်းပြင်ကြီးတစ်ခု
တွင်မြင်းအစီးတစ်ရာတွင်စီးနင်းသူ အယောက်တစ်ရာဖြင့်အသင့်အနေအထားရှိနေကြ၏ ။
...စထွက်....
..ဝေး...ယေး.....ယေး..
.....ရွီ.....ရွမ်း...ရွမ်း......
......ဖျောင်း...ဖျောင်း.....
...ခွပ်...ခွပ်....ခွပ်......ခွပ်.....
.....ဟီ....ဟီ....ဟီ....ဟီ....
ဒိုင်လုပ်သူအချက်ပြအော်ဟစ်သံပြုသံစတင်လိုက်သည်နဲ့ ငြိမ်သက်နေသောပတ်၀န်းကျင်မှာရုတ်ချည်းဆူညံ့သွားတော့၏ ။
မြင်းဟီသံ ၊
မြင်းခွာသံ ၊ကြာပွတ်ရိုက်သံများဆူညံ့ကာ
မြင်းများမှာလေးညိူ့မှလွတ်သည့် မြှားများအလား ပြေးထွက်သွားကြကုန်တော့သည်။
ပရိတ်သတ်များမှာ
လက်ခုတ်လက်ဝါးတီးအားပေးလျက်ကျန်နေရစ်ခဲ့ကြကြ၏ ။
ဂါမဏိမှာကား မြင်းအုပ်ကြားမှ
သူ့မြင်းကြီးတိမ်ပျံကို ဂရုတစိုက်ထိန်းစီး
နေရင်းဖြင့်ရှိနေသည်။ ယခုမြင်းပြိုင်ပွဲမှာ
သတ်မှတ်ထားသောနေရာတွင်ရှိသော
အလံအခုနှစ်ဆယ်ထဲမှတစ်ခုအားအရယူရမည် ။
အောင်ပန်း၀င်အလံရသူ ပြိုင်ပွဲ၀င်များသာလျင်
မြင်းစီးပြိုင်ပွဲနောက်တစ်ဆင့်ကို ဆက်လက်၍ယှဉ်ပြိုင်ခွင့်ရရှိမည်ပင်။
ထို့ကြောင့်ပြိုင်ပွဲ၀င်ကြသူများမှာ
သူ့ထက်ငါ မြင်းကို အသားကုန်မောင်း
လျက်ဖြင့်ရှိနေကြတော့၏ ။
မြင်းစီးပြိုင်ပွဲ၀င်များမှာ ကျယ်ပြန့်သော
ကွင်းပြင်ကြီးအားဖြတ်သန်းပြီးသောအခါ ၊
သစ်ပင်ကြီးများထူပိတ်စွာဖြင့်ရှိနေသော တောအုပ်ကြီးတစ်ခုကမြင်းစီးသမားပြိုင်ပွဲ၀င်များကိုစောင့့်ကြိုလျက်ရှိနေသည်။
တောအုပ်ကြီးမှာသစ်ပင်ကြီးများထူပိန်းစွာပေါက်လျက် အောက်ခြေခြုံနွယ်များရူတ်ထွေးနေလျက်ရှိ၏ ။
တစ်ခြားသောသွားလမ်းမရှိပဲ
ရှေ့သို့မဖြစ်မနေသွားလိုပါက တောအုပ်ကြီးကို မဖြစ်မနေဖြတ်သွားရမည်ဖြစ်သောကြောင့်
မြင်းစီးပြိုင်ပွဲ၀င်များမှာ
အရှိန်ဖြင့်ပြေးနေသောမြင်းများကို ဇက်ရှိန်သတ်၍ တောအုပ်အတွင်းမြင်းကိုပုံမှန်စီး၍ ခြုံနွယ်ပါးရာနေရာများမှမြင်းများကို စီးနင်း၍သွားနေကြ၏ ။
.......ဗွမ်း........
....ဟီ....ဟီ.....
...သတိထားကြဟေ့ နွံ့အိုင်တွေရှိတယ်.....
တဖြည်းဖြည်း သွားနေသောမြင်းစီးပြိုင်ပွဲ၀င်တစ်ယောက်မှာ သစ်ရွက်ခြောက်များဖုံးနေသောနေရာတစ်ခုမှဖြတ်သန်းမိရာ သူ့မြင်းမှာ
အပေါ်ယံတင်းမာနေသောနွံ့အိုင်တစ်ခုအတွင်းကျသွားကာမြင်းမှာနွံ့အိုင်အတွင်းရုန်းလေ၊နစ်လေ
ဖြင့်တဖြည်းဖြည်းနစ်မြုတ်လျှက်ရှိသည်။
လူမှာကား နွံ့အိုင်အတွင်းမှ
မြင်းကိုနင်းတက်၍ လွတ်မြောက်သွားကာ
သူ့မြင်းဇက်ကြိုးအားဆွဲ၍မြင်းကိုနွံ့အိုင်ပေါ်မှကယ်တင်ရန်ကြိုးစားလျက်ရှိနေသည်။
ထိုအခြင်းအရာကိုတစ်ခြားပြိုင်ပွဲ၀င်များမြင်ကြသော်လည်း ထိုလူနဲ့မြင်းကိုကယ်တင်ရန်စိတ်မကူးကြပေ။
မျက်နှာလွဲလျက်ရှေ့သို့သာဆက်လက်
ထွက်ခွာသွားကြသည်။
ပြိုင်ပွဲယှဉ်ပြိုင်မူတွင်နောက်ကျနေမည်စိုးသောကြောင့်ဖြစ်သည်။
....ဝှီး....ဒုန်း......
....ဘုံး......အား.....
ကိုယ်စီအဆင်ပြေနေရာများရွေးချယ်သွားလာကြရင်းတစ်ခုသောနေရာတွင်
မြင်းစီးပြိုင်ပွဲ၀င်တစ်ယောက်စီးလာသောမြင်းမှာ နွယ်ကြိုးတစ်ပင်အားတိုက်မိရာ သစ်တုံးကြီးတစ်တုံး နွယ်ကြိုးဖြင့်တွဲ၍ ကန့်လန့်ဖြတ်အရှိန်ဖြင့် လျပ်တပျက် ၀င်ရောက်လာကာမြင်း
စီးသမားအားတိုက်ချသွားသောကြောင့်
ထိုလူမှာမြင်းပေါ်မှမြေပြင်ပေါ်သို့ ခြေပစ်လက်ပစ်
ပြုတ်ကျသွား၏ ။
သစ်တုံးကြီး၀င်လာသောအရှိန်ပြင်း
သောကြောင့် ထိုသူမှာ မြေပြင်မှပြန်မထနိူင်ပဲရှိနေသည်။
သစ်တောကြီးအတွင်း
အမျိုးမျိုးသော ထောင်ချောက်များကြောင့် မြင်းစီးပြိုင်ပွဲ၀င်များမှာ
ဒဏ်ရာအနာတရဖြစ်များဖြင့်
ရှေ့သို့ ခရီးမဆက်နိူင်ပဲရှိနေတော့သည်။
ထို့အတူ သစ်တောကြီးမှာထောင်ချောက်များနဲ့အတူ စနစ်တကျ
စိုက်ပျိုးထားသော သစ်ပင်များမှာ
၀င်္ကပါ များဖန်တီးစိုက်ပျိုးထားခြင်းကြောင့် ရှေ့သို့ သွားမရပဲ အရပ်လည်လျက် နဂိုစသွားသောနေရာသို့သာပြန်ရောက်လျက်လည်း ရှိနေကြပြန်သည်။
ဂါမဏိမှာ သူ့မြင်းကြီး တိမ်ပျံကိုစီးလျက်
ပတ်၀န်းကျင် အခြေအနေအား မျက်ခြည်မပြတ် အကဲခတ်လျက် သတိထားနေမိ၏ ။
ယခုတောအုပ်မှာ အန္တရယ်ပေါင်းများစွာကို
မြင်းစီးပြိုင်ပွဲ၀င်များအတွက် ကြိုတင်ဖန်တီးထားသောနေရာတစ်ခုမှန်း တစ်ခြားသောမြင်းစီးပြိုင်ပွဲ၀င်များလည်း
ရိပ်စားမိခဲ့ကြပြီဖြစ်သည်။
..ဖျောက်.
..
.ဖျော....ဖျော...
....ဟာ....
...ဟီး..ဟီး...ဟီး ....
...ယား...ဝှစ်...
...ထောက်...
တစ်ကြိမ်တွင်မူ ဂါမဏိစီးနင်းလာသော
မြင်းကြီးတိမ်ပျံမှာ သစ်ကိုင်းခြောက်တစ်
ခုကို တိုက်လိုက်မိရာ ထိုသစ်ကိုင်းခြောက်မှာ ရိုးရိုးရှိနေသော သစ်ကိုင်းမဟုတ်ပဲ
သုတ်ကိုင်းနင်းတံတစ်ခုဖြစ်သောကြောင့် သစ်ကိုင်းခြောက်အားမြင်း
ရှေ့လက်ဖြင့်တိုက်မိသည်နဲ့ တပြိုင်တည်း
သုတ်ကိုင်းပြုတ်သွားကာမြေပြင်ပေါ်တွင်
သစ်ရွက်ခြောက်များဖြင့် ဖုံးအုပ်ထားသော ကြိုးကွင်းမှာ အပေါ်မှ သစ်ပင်
ကြီးကိုင်းညွတ်နေရာမှ အပေါ်သို့ အရှိန်ဖြင့်အမြောက်တွင် မြင်းကြီးတိမ်ပျံရှေ့လက်အား ကြိုးကွင်းစီးသွားခြင်းကြောင့် တိမ်ပျံမှာ လန့်၍ဟီသံပြုကာကြိုးအရှိန်ဖြင့် ပတတ်ရပ်အနေအထားရှေ့လက်များမြောက်တက်သွားသည်။
အကယ်၍သာ ယခုအခြေအနေ
မျိုးတွင် ဂါမဏိသာ သတိမထားပဲနေပါ
ကမြင်းပေါ်မှ ခြေပစ်လက်ပစ် ပြုတ်ကျသွားမည်မှာ ဧကန်မလွဲပင်။
သို့ရာတွင်မူကား သတိမပြတ်ကပ်နေသောကြောင့် မြင်းကြီးတိမ်ပျံသုတ်ကိုင်း
မိသည်ကို သိသည်နဲ့တစ်ပြိုင်နက် မြင်းကျောကို နင်း၍ အရှိန်ဖြင့်လေပေါ်ခုန်တက်လိုက်ချိန်မှာပင်နောက်ကျောတွင်
လွယ်ထားသော ဓားကိုဆွဲထုတ်ပြီးသားဖြစ်နေသည်။
ထို့နောက်
ဓားကိုင်လက်ကို လျင်မြန်စွာဖြင့် ဝှေ့ယမ်းလိုက်ရာ သုတ်ကိုင်းကြိုးကို တခါတည်းဓားဖြင့်ဖြတ်ပြီးသားဖြစ်နေသည်။
ဂါမဏိလေပေါ်မှ ပြန်အကျတွင်ကား
မြင်းကြီးတိမ်ပျံ ကျောပေါ်သို့ အလိုက်သင့်ခွရက်သားပြန်ကျလာသည်။
ဂါမဏိလူပ်ရှားမူများမှာ
အားလုံးချိန်သားကိုက်၊ တစ်ပြိုင်နက်တည်းပြုလုပ်လိုက်ခြင်းဖြစ်ရာ ထိုလူပ်ရှားမူများမှာ အချိန်တိုအတွင်း လျင်မြန်တိကျစွာ ပြီးဆုံးသွားသည်။
ဂါမဏိမှာ ထိတ်လန့်သွားသော
မြင်းကြီး တိမ်ပျံကို စုတ်သတ်ချော့မြူ ပြီး
ရှေ့ခရီးသို့ဆက်လက်ထွက်ခွာလာခဲ့တော့သည်။
အောက်ခြေ ခြုံနွယ်များရှင်းလင်းလျက် လူကြီးတစ်ဖက်စာပင်စည်လုံးရှိသော အရွယ်တူ သစ်ပင်များ ကြားသို့ဂါမဏိရောက်ရှိလာတော့၏။
ထို့အတူ ရှေ့သို့သွားသော ဂါမဏိတစ်ယောက် လိုရာနေရာမရောက်နိူင်ပဲ နဂိုမူလနေရာသို့သာပြန်ရောက်လျက် တဝဲလည်လည်ဖြင့်သစ်ပင်များကြားရှိနေ၏ ။
တစ်ကြိမ်မှ ၊ နှစ်ကြိမ်ရောက်ပြီးသော
နေရာ ပြန်ရောက်မှန်းသိသောအခါ
ဂါမဏိမှာ သစ်ပင် ပင်စည်ကို ဓားဖြင့်
အမှတ်အသားပြုကာရှေ့ဆက်သွားသည်သို့ရာတွင် နဂိုမူလနေရာမှမဖောက်ထွက်နိူင်ပေ ။
သစ်တောအုပ်တွင်မျက်စိလည်လျက်ရှိနေသောကြောင့် အကြံအိုက်သွားရမိသည်။
သူ့ဆရာကြီးထံမှ ၀င်္ကပါနဲ့ပတ်သက်သော ပညာရပ်များသင်ကြားခဲ့ဖူးသော်လည်း
ယခု၀င်္ကပါမှာ ထူးခြားဆန်းပြားကာ
ရူတ်ထွေးလွန်းလှသောကြောင့်ဝင်္ကဘာကိုမဖောက်
ထွက်နိူင်ပဲရှိနေ၏ ။
သစ်တောအုပ်များအကြားတွင်
တစ်ခြားသော မြင်းစီးပြိုင်ပွဲ၀င်များမှာလည်း တဝဲ၀ဲလည်လျက်လမ်းပျောက်နေကြသည်။
ထိုအချိန်တွင်
ဒတ္တာမှာ..၀င်္ကပါတောအတွင်း
မျက်စိလည်နေရာမှ
ရှေ့သို့ဆက်မသွားပဲ ၀င်္ကပါ၏ ရူတ်ထွေးခြင်းကို ရသမျအဖြေရှာနေဟန်ဖြင့်
ငြိမ်သက်နေ၏ ။
သို့ရာတွင်သူလည်း ၀င်္ကပါ အဖြေ
ကိုရှာတွေ့ဟန်မတွေ့ပေ ။
ဒတ္တာမှာ ဝင်္ကာပါတောအတွင်း ဇောချွေးပြန်လျက်
ဘာဆက်လုပ်ရမှန်းမသိအကြံအိုက်လျက်ရှိနေစဉ်။
ဒတ္တာရှိရာသစ်တောအပေါ်ကောင်းကင်မှ အနက်ရောင်ငှက်တစ်ကောင်မှာ ဒတ္တာထံပျံဝဲ
ဆင်းသက်လာကာ ဒတ္တာ ရှေ့သစ်ပင်
ပေါ်တွင်နားလိုက်၏ ။
မည်းနက်သော ကျီးကန်း တစ်ကောင်မှာ ဒတ္တာအားကြည့်လျက် ကျက်သရေ
ကင်းမဲ့စွာ တအအ ဖြင့်အော်မြည်လျက်
ရှိနေသည်။
ထိုငှက်အား မြင်သော ဒတ္တာမျက်လုံးများ မျော်လင့်
့ချက်ဖြင့် အရောင်တောက်သွားသည်။
ကျီးကန်းမှာ ဒတ္တာ အားကြည့်ကာအော်မြည်ရင်းသစ်ပင်တစ်ပင်ပေါ်မှတစ်ပင်ကူးလူးပြန်သန်းလျက်ဖြင့်ရှိနေသည်။
ဒတ္တာမှာ ထိုငှက်ပျံသန်းရာနောက်မှတစ်ဆင့် မြင်းစီးလျက်လိုက်သွားတော့သည်။
ကျီးကန်းငှက်တစ်ကောင်နောက်မှ
၀င်္ကပါလမ်းအားဖြတ်သန်းနေသော
ဒတ္တာအကြောင်းကို မြင်ရ ကြားသိရသူများမှာမည်သူမဆို ဟားတိုက်ရယ်မောမိကြပေမည်။
သို့ရာတွင် အကြောင်းအရင်းအမှန်ကို
သိလျင်မူရယ်မောဝံ့ကြမည်မထင်ပေ။
ထိုငှက်မှာ ဒတ္တာ ဆရာကြီးမွေးမြူ
ထားသော ကျီးကန်းငှက်တစ်ကောင်ဖြစ်ကာ ၀င်္ကပါတောထဲပိတ်မိနေသော
ဒတ္တာကို ကူညီရန် သူ့ဆရာလွတ်လိုက်ခြင်းဖြစ်မှန်း ကျီးကန်းငှက်ကို မြင်ကတည်းက ဒတ္တာရိပ်စားမိ၏ ။
သာမန်လူများအဖို့ ကျီးကန်းငှက်ကို
ကျက်သရေ ကင်းမဲ့သောငှက်အဖြစ်
သတ်မှတ်၍မွေးမြူ လေ့မရှိကြသော်လည်း ဒတ္တာဆရာကြီးမှာမူကား ကျီးကန်းငှက်ကိုမွေးမြူ ထားသူဖြစ်သည်။
.......××........××.........××..
ဂါမဏိတစ်ယောက်မှာမူကား
ဘာဆက်လုပ်ရမှန်းမသိ တွေဝေငေးမောနေမိတော့၏ ။
သူသင်ကြားဖူးသော ၀င်္ကပါပညာရပ်များမှာလည်း ယခု၀င်္ကပါတောအုပ်တွင်
အရာမထင်ဖြစ်နေသည်။
သူယခုပြိုင်ပွဲတွင် ရူံးနိမ့်ရမည့်အရေးကိုတွေးကာ သွေးပျက်သွားမိသည်။
သူမရူံးလို၊ သို့ရာတွင်
ယခု ၀င်္ကပါ တောအုပ်မှ အချိန်မီ မထွက်နိူင်လျင် ပြိုင်ပွဲစည်းကမ်းအရ
သူရူံးနိမ့်ရပေတော့မည်ပင်။
ထိုအချိန်မှာပင်သူစိတ်အတွင်း
တစ်စုံတစ်ခုကိုသတိရလာ၍ အ၀တ်အိတ်ငယ်လေးတွင်း ရှာဖွေကာ ထုတ်ယူလိုက်ရာ ဂါမဏိ
လက်အတွင်းပါလာသောအရာက
ပေစာထုတ်တစ်ထုတ်ပင်။
ဂါမဏိလမ်းခရီးတွင် ကြုံတွေ့ခဲ့ရသော တစ္ဆေကြီးထံမှရခဲ့သော ပေစာထုတ်ဖြစ်သည်။
ပေစာထုတ်မှ ပေရွက်များတွင်မှတ်သားထားသော ၀င်္ကပါ နဲ့ပတ်သက်သော
အကြောင်းအရာများကို ဂါမဏိ ရှာဖွေကြည့်လိုက်မိ၏ ။
ပေစာထုတ်မှာ ၀င်္ကပါတည်ဆောက်ပုံ ထွက်လမ်းများကို ဖတ်ရူလိုက်မှ သူ့လိုချင်သောအဖြေကို ဂါမဏိရတော့သည်။
သစ်ပင်များစိုက်ပျိုးပုံမှာ သတိမထားမိပဲကြည့်ပါက ပုံမှန်အမျိုးအစား အပင်များထင်ရသောလည်း တစ်ပင်နဲ့တစ်ပင်ကြား အကွာအဝေးမတူသောနေရာ နေ့တစ်နေ့အချိန်အခါအလိုက်နေရောင်ကြောင့် အရိပ်ကျရာနေရာများအလိုက် မတူညီမူများက
ဝင်္ကပါထွက်လမ်းကိုပြသနေ၏ ။
ယခုဝင်္ကပါမှာရှေးကျ၍အဆင့်မြင့်သောကြောင့်
တော်ရုံအဖြေရှာရန်မလွယ်ပေ။
ပေစာထုတ်တွင်ပါသော
၀င်္ကပါဆင်နည်း၊ဝင်္ကပါဖျက်နည်း၊ အသေးစိတ်ဖော်ပြထားသောကြောင့် ထိုနည်းအတိုင်းလိုက်လုပ်ကြည့်ရာ ဂါမဏိ တစ်ယောက်တောအုပ်အတွင်း တဝဲလည်လည်ဖြစ်မနေတော့ပဲ
တောအုပ်အတွင်း သွားလာ၍ရတော့၏ ။
နေသည်မွန်းလွဲကျော်သွားခဲ့ပြီဖြစ်သည်။
ဒေါင်းအလံများစိုက်ထူထားသော
ကွင်းပြင်ကြီးအတွင်းမှ ယာယီဆောက်လုပ်ထားသော စက္ကဒေ၀မှာ ကွင်းပြင်ကြီးတစ်ဖက်ရှိတောအုပ်အား မျော်လင့်ကြီးစွာစောင့်ကြည့်လျက်ရှိနေသည်။
သူမွေးမြူ သင်ကြားပေးထားသော
လက်ရွေးစင်လူငယ်ဆယ်ယောက်နဲ့
တစ်ခြားသော အစွမ်းသတ္တိ ပြည့်စုံသူ
လူငယ်များ ၀င်္ကပါ သစ်တောကိုဖြတ်သန်းပြီး သတ်မှတ်နေရာကို ယခုထိ
ရောက်မလာသောကြောင့် စက္ကဒေ၀
တစ်ယောက် စိတ်မောနေမိခြင်းပင်။
အများနဲ့မတူ တမူထူးခြားစွာလေ့ကျင့်စေလျက်
သူအများကြီးမျော်လင့်ထားသော
လူငယ်များမှာ ၀င်္ကပါတောအုပ်ကိုကျော်လွားသွားနိူင်မည်လား စက္ကဒေ၀
သိချင်စိတ်ပြင်းပြနေမိ၏ ။
" ဟာ...တစ်ယောက်တော့
ထွက်လာနိူင်ပြီ ...."
စက္ကဒေ၀ တစ်ယောက်တောအုပ်ကြီးသို့မျော်ကြည့်နေစဉ်မှာပင်
မြင်းတစ်စီးမှာတောအုပ်အတွင်းမှ
ထွက်လာသည်ကိုတွေ့ရခြင်းကြောင့်
၀မ်းမြောက်ပျော်ရွင်စွာ ရာဇအိနြ္ဒကိုပင်
မထိန်းနိူင်ပဲ မတ်တတ်ထရပ်၍ အသံထွက်ရေရွတ်လျက်မည်သူမှန်းသိလို၍
ကြည့်သော်လည်းဝေးလွန်းသောကြောင့် လူလုံးသဲကွဲစွာမတွေ့မြင်ရသောကြောင့်မည်သူမှန်း
မသိနိူင်ပေ။
လျို့ဝှက်စွာ ပုန်းအောင်းနေသော
မြှားသည်တော်များမှာ
ထိုသူ မြှားတပစ်အကွာအဝေးသို့ရောက်
လာသောအခါ မြှားတံမြှားလေးညိူ ့တင်၍အသင့်ပြင်ထားလိုက်ကြတော့သည်။
..ပစ္...
...ဝှစ်...ဝှစ်.....ဝှစ်...ဝှစ်.....ဝှစ်......ဝှစ်....
မြှားပစ်သမားအဖွဲ့ခေါင်းဆောင်မှ ပစ်ရန်အချစ်ပြလိုက်သောအခါ
မြှားတံဆယ်ချောင်းခန့်မှာ မြင်းပေါ်တွင်ရှိနေသော ထိုလူခန္ဓာကိုယ်သို့
နေရာပေါင်းစုံသို့ စုပြုံ တိုး၀င်သွားကြတော့သည်။
အကယ်၍ရှောင်တိမ်းမည်ဆိုပါက
မြှားတံဆယ်ချောင်းလုံးအားရှောင်တိမ်းနိူင်မည်မဟုတ်ပဲ တစ်ချောင်းမဟုတ်တစ်ချောင်းထိပေမည် ။
မြှားထိ၍ကားသေမည်မဟုတ် အကြောင်းမှာ
မြှားတံထိပ်များတွင်း သံချွန်တပ်ဆင်ထားခြင်းမရှိသော ထိပ်တုံးလျက်ရှိသော
မြှားတံများ ဖြစ်သောကြောင့်ပင်။
....ဟင်...
.....ဟာ....
...အလိုလေး....
.....လူဘယ်ပျောက်သွားပြီလဲ ...
မြှားတံများပစ်၍ထိမထိကြည့်နေကြသောမြှားပစ်သမားများအပြင်၊
စက္ကဒေ၀ပင် အံ့အြသင့်ရမိ၏ ။
အကြောင်းမှာကားမြင်းပေါ်မှ
လူမှာ ကြည့်နေကြသူများမျက်လုံးရှေ့မှ ရုတ်ချည်းပျောက်ကွယ်သွားသောကြောင့်ပင်ဖြစ်၏ ။
မြှားတံများမှာမူကား လေကိုသာခွင်းလျက် အရှိန်ကုန်သောအခါ မြေပေါ်သို့
ပြုတ်ကျကုန်တော့သည်။
မြင်းသည်ကား ကွင်းပြင်ပေါ်တွင်ဒုန်းစိုင်းပြေးလျက်ရှိနေသည်။မြင်းစီးသမားသည် ကိုယ်ပျောက်အတတ်အားတတ်မြှောက်နေခြင်းလားမဆိုနိူင်ပေ။
" ဟာ ...ဟိုမှာ
မြင်းစီးသမားပြန်ပေါ်လာပြီ ...."
...အားလုံးအသင့်...ထွက်...
...ကျား...ယား....ယား.....ယား...
မြင်းများဖြင့်စောင့်ဆိုင်းနေသော
လူရှစ်ယောက်ခန့်မှာ တုတ်များကိုင်စွဲလျက် ထိုလူထံ ညာသံပေးလျက်
အနီးရောက်သောအခါ တုတ်များဖြင့်
၀ိုင်း၀န်းတိုက်လိုက်ကြသည်။ ထိုသူမှာ
မြင်းစီးနေရင်း ကိုယ်ခန္ဓာရှေ့နောက် ယိမ်းနွဲ့ကာ ရှောင်တိမ်းလျက်ရှိနေသည်။
...ဖောင်း...
....ခွပ်...ဘုံး..ဘုံး...
.......ခွပ်...
ဖောင်း...ဖောင်း...
....ဒုတ္....
....အား....အား..
......ဘုံး....ဘုံး.....
မြင်းဇက်ကို လွတ်လျက် မြင်းပေါ်တွင်ရှောင်တိမ်းနေရာမှ ဓားကိုထုတ်ကာ ပြန်လှန်၍ခုခံကာကွယ်ရင်း။သူ့အားဝိုင်းတိုက်နေသူများဘေးမှ
မြင်းစီးသမားတစ်ယောက်ထံရုတ်ချည်း
လွားခနဲခုန်၀င်ရင်း ကန်ထည့်လိုက်ရာ ထိုလူမှမြင်းပေါ်မှအောက်သို့ပြုတ်ကျသွားတော့၏ ။
မြင်းစီးသမားပြိုင်ပွဲ၀င်မှာသူ့အားဝိုင်းတိုက်ကြသူများအား မြင်းပေါ်မှ ဓားဖြင့်
ခုခံလိုက်ရှောင်တိမ်းလိုက်ဖြင့်
တစ်ချက်တစ်ချက်ပြန်လှန်တိုက်ခိုက်ရာ
၀ိုင်းတိုက်သောလူများမှာတစ်ယောက်ပြီးတစ်ယောက်မြင်းပေါ်မှ ပြုတ်ကျကုန်တော့သည်။
မြင်းပေါ်မှပြုတ်ကျသူများမှာဆက်လက်မတိုက်ကြတော့ပဲမနီးမဝေးမှရပ်တန့်ကာ တိုက်ပွဲအားကြည့်ရူနေကြရာ နောက်ဆုံးတွင်
တိုက်ခိုက်သူ ရှစ်ယောက်လုံး ပြိုင်ပွဲ၀င်မြင်းစီးသမားလက်ချက်ကြောင့်
အောက်သို့ပြုတ်ကျကုန်တော့သည်။
ပြိုင်ပွဲ၀င်မြင်းစီးသမားမှာ အောင်ပွဲ၀င်အလံစိုက်ထူထားသောနေရာသို့
မြင်းကိုဒုန်းစိုင်းမောင်းနှင်သွားလျက်
မြင်းပေါ်မှ အလံကို ဆွဲနူတ်ယူလျက်
အလံအားဝှေ့ယမ်းလျက်
မြင်းစီးစွမ်းရည်အားပြသနေတော့၏ ။
မြင်းပေါ်တွင် မတ်တတ်ရပ်၍
မြင်းစီးခြင်း၊ မြင်းဘေးတစ်ဖက်တစ်ချက်မှခိုတွယ်စီးခြင်း ၊ မြင်း၀မ်းဗိုက်အောက်မှ
ဖက်တွယ်စီးခြင်းစသော မြင်းစီးစွမ်းရည်ပေါင်းစုံအားပြသနေတော့သည်။
....ဟာ..ဘယ်သူလဲလို့ ဒတ္တာ ပါလား တယ်တော်တဲ့လူငယ်ပဲ...
မြင်းစီးပြိုင်ပွဲ၀င်မှာ စက္ကဒေ၀နဲ့နီးကပ်သောနေရာသို့တစ်ကြိမ်ရောက်လာသောအခါမှ ထိုလူမှာ
ဒတ္တာဖြစ်ကြောင်းသိကာ စက္ကဒေ၀မှာ
ဒတ္တာ အစွမ်းကိုကြည့်၍ အားရ၀မ်းသာ
ဖြင့်ရှိနေတော့သည်။
ဒတ္တာတစ်ယောက်ကား
သူ့စွမ်းရည်များကို ဆက်လက်ပြသနေလျက်ရှိသည်။
လှံတံများထားရာနေရာမှ
အဲမောင်းလှံတံတစ်ချောင်းကို ယူ၍
ပစ်ကွင်းပြုလုပ်ထားရာမှ ပစ်ကွင်းအား
မြင်းပေါ်မှထိမှန်အောင် ပစ်ပြခြင်း။
မြှားတံနဲ့ လေးကိုယူ၍ပစ်ကွင်းကို
ထိအောင်ပစ်ပြခြင်းနဲ့အတူ သူတတ်ကျွမ်းသောဓားရေးကို မြင်းပေါ်တွင်သရုပ်ပြလျက် ရှိသည်။
ကြည့်ရူသူများ မျက်တောင်မခတ်တမ်းစိတ်၀င်စားစွာဖြင့်ဒတ္တာ ပြကွက်များကို ကြည့်ရူနေလျက်ရှိစဉ် ဒတ္တာ မှာ စက္ကဒေ၀ ယာယီစံနန်းရှေ့
မြင်းကိုဒုန်းစိုင်းမောင်းလာလျက်
မြင်းပေါ်မှ တပတ်ကျွမ်းထိုးကာ မြေပြင်ပေါ်အလိုက်သင့်ကျလာလျက်
ဒူးထောက်ခစား၍ စက္ကဒေ၀ကို အရိုအသေပေးလိုက်သည်။
....ဖြောင်း....ဖြောင်း...
ဖြောင်း....
စက္ကဒေ၀ကားမျက်နှာပြုးရွင်၍
ကျေနပ်အားရစွာဖြင့် လက်ခုတ်တီး၍
ဒတ္တာအား ချီးကျုးလိုက်၏ ။
ထို့နောက်အားလုံးသော
သူများမှာလည်း ပထမဆုံးသောပြိုင်ပွဲတွင် အောင်နိူင်သူ ဒတ္တာအား ဂုဏ်ပြုလိုက်ကြတော့သည်။
............××............××......
.ဒတ္တာမြင်းစီးစွမ်းရည်ပြပြီး မရှေးမနှောင်းအချိန်မှာပင်
သစ်တောတွင်းမှမြင်းစီးပြိုင်
ပွဲ၀င်နောက်တစ်ယောက်ထွက်လာသော
ကြောင့် အားလုံးထိုသူမည်သူဖြစ်မည်ကို
စိတ်၀င်စားစွာစောင့်ကြည့်နေမိကြတော့၏ ။
ဂါမဏိမှာ ပေစာရွက်မှ ၀င်္ကပါ
ဖျက်နည်းကိုအသုံးပြု၍တောအုပ်မှ
ထွက်နိူင်ခဲ့ပြီဖြစ်သည်။
သူအဝေးသို့မျော်ကြည့်ရာ အလံတလူလူလွင့်ထူလျက် လူစုစုမြင်နေရသောကြောင့် မြင်းကိုထိုနေရာသို့ဒုန်းစိုင်းလိုက်သည်။
မြှားတံများသည် မမျော်လင့်ပဲ
သူ့ထံလွင့်ပျံလာကြသောကြောင့်
ရှောင်တိမ်းရန်မလွယ်ကူသောအခြေအနေတွင် မြင်းဘေးဖက်သို့ ကိုယ်ခန္ဓာစောင်း၍ကပ်နေလိုက်သည်။
မြှားတံများသူ့အပေါ်မှကျော်သွား
သောအခါ ပုံမှန်အတိုင်းမြင်းစီး၍လာရာ
သူ့ထံသို့မြင်းစီးသမားတစ်စု တုတ်လက်နက်များကိုင်၍ လာသောကြောင့် တိုက်ခိုက်ရန်အသင့်ပြင်ထားလိုက်တော့သည်။
ဂါမဏိမှာ ထိုသူများကို
အချိန်တိုအတွင်း မြင်းပေါ်မှပြုတ်ကျအောင်တိုက်ခိုက်လိုက်ရင်း အောင်ပွဲ၀င်အလံအားယူလျက်
မြင်းစီးစွမ်းရည်။
လှံပစ်စွမ်းရည်။ မြှားပစ်စွမ်းရည်။ ဓားသိုင်းစွမ်းရည်များပြသနေလျက်ရှိနေ၏ ။
ကြည့်ရူနေကြသူများမှာလည်း
ဂါမဏိပြကွက်များကြောင့် ရင်သပ်ရူမောရှိနေချိန် ဒတ္တာမှာ ဂါမဏိကိုကြည့်၍အံ့ကြိတ်ထားသည်။
ဂါမဏိမှာ သူနဲ့လက်ရည်တူပြိုင်ဖက်အဖြစ်၊
သူ့နေရာအားသူနဲ့ယှဉ်ပြိုင်လုမည့်သူအဖြစ် ၊
စိတ်တွင်းတွေးနေခြင်းကြောင့် ဂါမဏိ ကိုစိတ်
အတွင်းမုန်းတီးလျက်ရှိနေ၏ ။
....ဖျောက်....ဝုန်း....
....ဟီးဟီး.. .ဟီးဟီး..
....ဟာ...ဟင်....
....အလိုလေး....
မြင်းကိုအရှိန်ဖြင့်ဒုန်းစိုင်းစီးနေရင်း
ဂါမဏိ မြင်းကြီးတိမ်ပျံမှာ ကျော့ကွင်းမိထား၍နာနေသော ရှေ့လက်မှာတွင်းချိုင့်တစ်ခုအတွင်းကျသွားရာ လက်ခွေသွားပြီးရှေ့သို့အရှိန်ဖြင့်လဲသွား၏ ။
ဂါမဏိလည်း မမျော်လင့်သော
အခြေအနေကြောင့်
သူပါမြင်းနဲ့အတူ လဲပြိုသွားရသည်။
ဂါမဏိမှာ တစ်ကိုယ်လုံးဖုန်မူန့်များကပ်နေသည်ကိုဂရုမပြုအား မြင်းကြီးတိမ်ပျံကို စုတ်သတ်၍ ဖြည်းဖြည်းထစေရာရှေ့လက်နာသွားသည်ကိုတွေ့လိုက်ရ၏ ။
ယခုအခြေအနေမှာ မမျော်လင့်သော အခြေအနေအကြောင်းကြောင့်ဖြစ်သွားရသော်လည်း ကြည့်ရူနေသော
လူပရိတ်သတ်များကြောင့် ဂါမဏိအနည်းငယ်အရှက်ရမိသွားသည်။
ဒတ္တာမှာကားအားရကျေနပ်သော
အကြည့်ဖြင့် ဂါမဏိဖြစ်အင်အား
အရသာခံကြည့်ရူလျက်ရှိနေတော့သည်။
××..........××...........××
၇ ဆက်ရန်