မာရ်နတ်မင်း၏စစ်သူကြီး
=================
...ယား....
....ဒုတ်....
သန်လျက်သည် နံရံပေါ်သို့အရှိန်ဖြင့်စိုက်ဝင်သွား၏။
ဂါမဏိ ရင်တွင်းခရီးရှည်ကြီးဖြတ်သန်းလာရသူလို
မောပန်းမူကြောင့်နိမ့်တုန်မြင့်တုန်ရှိနေပါ၏။
ကြားလိုက်ရသောအဖြစ်အပျက်မှာ ယုတ္တိတန်၊
သဘာဝကျကာငြင်းဆန်မရနိူင်သောအခြေအနေ
မျိုးဖြစ်နေသောကြောင့် ဂါမဏိ စိတ်ကိုလျော့ချ
လိုက်မိ၏ ။
ဘုရင်မင်းးမြတ်မှာတည်ငြိမ်စွာဖြင့်ရှိနေ၏။
ဂါမဏိ မှာဘုရင်မင်းမြတ်ရှေ့ ဒူးထောက်၍ထိုင်
လိုက်၍...
”..ကျွန်တော်မျိုးတောင်းပန်ပါတယ်
အရှင်မင်းကြီး စဉ်းစားဆင်ခြင်ညဏ်နည်းတဲ့
ကျေးတောသားတစ်ယောက်မို့ ခွင့်လွတ်စေလိုပါတယ်....”
”..ငါကိုယ်တော် ဂါမဏိ အပေါ် အပြစ်မဆိုပါဘူး
ထပါ ဂါမဏိ ... ခုအချိန်မဆိုင်းပဲ
စန္ဒကူးမြို့ကို ခရီးဆက်ကြပြီး စက္ကဒေဝ ကိုရင်ဆိုင်ကြပါစို့...”
” ..မှန်လှပါ အရှင်မင်းကြီး....”
”..မြင်းကြီး ငနက်ကျော်ကို မောင်မင်းအပိုင်အဖြစ်
ချီးမြင့်တော်မူတယ်...
ခုညတွင်းချင်း ခရီးထွက်မှာမို့ အသင့်ပြထားပါ...”
ဂါမဏိမှာ ဘုရင်မင်းမြတ်ကို အရိုအသေပြု၍
ပြန်ထွက်လာခဲ့၏ ။
ရန်သူဟု သတ်မှတ်ထားမိသူထံ မိတ်ဆွေအဖြစ်
ပြန်၍ အမူထမ်းရမည့် သူ့အဖြစ်အပျက်က ပြန်လှန်
တွေးကြည့်ပါက ထူးဆန်းနေပြန်၏ ။
နန်းဆောင်မှအပြင်အရောက်တွင် အိပ်ဆောင်ပြန်၍ အဝတ်အစားများလဲလှယ်ပြီးပြန်ထွက်လာရာ မြင်းထိန်းတစ်ယောက်မှ ငနက်ကျော်ကို သူထံယူ
ဆောင်လာပေး၏ ။
ဆင်တပ်၊ မြင်းတပ် ၊ခြေလျင်တပ် များမှာ နန်းတော်အတွင်းမှ ညတွင်းခြင်းထွက်ခွာလာကြပြီ
ဖြစ်၏ ။
ဘုရင်မင်းမြတ်မှာ ဆင်ဖြူတော်ထက်တွင်ထီးဖြူ
တင်၍ ကိုယ်တိုင် စစ်တပ်ကို ဦးစီး၍လိုက်ပါလာ၏။
ဂါမဏိမှာ ငနက်ကျော်ကို စီးနင်း၍ ဘုရင့်စစ်တပ်နောက်မှလိုက်ပါလာခဲ့၏ ။
ယခု ခရီးမှာ ဂါမဏိ အတွက် ရင်ခုန်စိတ်လူပ်ရှားစွာ ရှိနေမိသည်။
ငယ်ဘဝမွေးဖွားရာဇာတိ၊ မိခင်ရှိရာအရပ် ၊ စက္ကဒေဝ ၊ဒတ္တတို့ကိုပြန်ဆုံရမည့်အရေးအတွက်လည်းရင်ခုန်
စိတ်လူပ်ရှားနေမိပြန်၏ ။
...ဟီ...ဟီ..
.ဟင်.....
ထိုသို့အအတွေးများစွာဖြင့်ရှိနေရာမှ မြင်းကြီးငနက်ကျော်မှာ လန့်ဖြတ်၍ လက်နှစ်ချောင်းမြောက် ပတပ်ရပ်ဟီလိုက်သောအခါမှ အတွေးစပြတ်၍
ရှေ့သို့ကြည့်မိရာ လူတယောက်လမ်းဘေးရပ်
နေခြင်းကိုတွေ့ရ၏ ။
ထိုလူအားသူစိတ်အတွင်းမြင်ဖူးသလိုခံစားရ၍
သေချာကြည့်မိသောအခါမှ ထိုလူ့ခေါင်းတွင်
ဆောင်းထားသော ဦးထုတ်ချွန်အားမှတ်မိလိုက်ကာ ထိုသူမှာ သူနဲ့ဆုံဖူးသော တစ္ဆေကြီးမှန်း အမှတ်ရလာမိ၏ ။
”...ခုတခါလည်း ကိုယ်ခံပညာပြိုင်ဖို့စောင့်နေတာလား ကျုပ်မအားဘူး မိတ်ဆွေကြီးရေ...”
”..မဟုတ်ဘူး ရောင်းရင်း...။
ခုရောင်းရင်းကိုစောင့်နေတာက ကျုပ်ဆီကမေးခွန်းသုံးခုမှာ နောက်ဆုံးမေးခွန်း
မှတ်မိလား... ”
” မှတ်မိပဗျာ...ကျုပ်ဘယ်လိုသေမယ်ဆိုတာလေ...”
” ...ရောင်းရင်းမေးခွန်းအတွက် အချိန်နီးကပ်လာ
ပြီမို့ ကျုပ်လာသတိပေးရတာပါ......
အစစအရာရာ သတိထားစေချင်ပါတယ်
ရောင်းရင်းကိုသတ်မယ့်လူဟာ မကြာခင်အချိန်မှာ
ရောက်လာပါလိမ့်မယ်..... ”
”...ဘယ်သူကသတ်မှာလဲ ပြောခဲ့အုံးလေ....
မိတ်ဆွေကြီး....”
တစ္ဆေကြီးမှာ သူပြောလိုရာပြောဆိုပြီးချိန် ဂါမဏိ
လှမ်းခေါ်ခြင်းကိုမကြားဟန်ပြု၍ အမှောင်အတွင်း
တိုးဝင်ပျောက်ကွယ်သွားတော့၏ ။
ဂါမဏိမှာသာတွေးရကြပ်နေမိ၏ ။ သူ့ကံကြမ္မာ၊သူ့အသက်ကိုမည်သူကစီရင်၍ရမည်နည်း။
သေခြင်း၊ရှင်ခြင်းကို လူတယောက်ကစီရင်ခွင့်ရှိ
သည်ဆိုစကားအံ့အြဖွယ်စကားပင်။
တစ္ဆေကြီးပြောစကားအရ ထိုကာလမကြာခင်
ရောက်လာတော့မည်ဆို၏။
ဂါမဏိမှာ မစဉ်းစားတတ်သောကြောင့် ခေါင်းခါယမ်းလိုက်ပြီး ဝေးသွားပြီဖြစ်သော ရဲမက်
လူတန်းနောက်လိုက်ရန် မြင်းကို အသော့နှင်လိုက်
တော့၏ ။
မနက်ခင်းရောင်ခြည်ထွက်ပေါ်လာချိန်။
ဘုရင်ဦးဆောင်လာသော စစ်သားရဲမက်များမှာ
စန္ဒကူးမြို့သို့ရောက်ရန်တောအုပ်တစ်ခုကိုဖြတ်
သန်းနေချိန်......။
...တိုက်.....
...ဝှစ်...ဝှစ်....ဝှစ်...ဝှစ်.....
....ကျား.....ယား......ချီတက်.........
.....ထန်း.......ထန်း.......ချွင်....ချွင်.....
....စွတ်...
.....အား......အား......
..ရန်သူ...ရန်သူ...ဘုရင်မင်းကြီးကိုကာကွယ်ကြ....
အော်ဟစ်မာန်သွင်းသံများနဲ့ အတူသစ်ပင်ခြုံပုတ်
များကြားမှ မြှ့ားတံများ ၊ပစ်လွင့်လာခြင်းနဲ့အတူ၊
လူများညာသံပေးချီတက်၍ ရုတ်တရက်ဝင်တိုက်
ခိုက်လာကြ၏ ။
ဂါမဏိ အပါအဝင် ရဲမက်များမှာ မမျော်လင့်ပဲ
်အလစ်ဝင်တိုခိုက်မူကြောင့် အသည်းအသန်ခုခံ
ကာကွယ်နေရတော့၏ ။
စုစည်းမူမရှိခြင်းကြောင့်ထိခိုက်ကျဆုံးမူလည်းများ
ကုန်တော့၏ ။
ဂါမဏိ မှာဘုရင်ကြီးအားလှမ်းကြည့်မိရာ စစ်သူကြီးနဲ့တပ်သားတစ်စုကာကွယ်နေမူကြောင့်
စိတ်ချသွားရတော့၏ ။
ဂါမဏိ သူ့အနီး ဓားကိုင်၍တိုးဝင်လာသူတစ်ယောက်ကို မြင်းပေါ်မှ
ဓားဖြင့်ဝိုက်ပိုင်းခုတ်ချလိုက်ရာ ထိုသူမှာ လည်ပင်း
တွင်သွေးများပန်းထွက်၍လဲကျသွားတော့၏။
ဂါမဏိ မှာယခုမှလူစသတ်ဖူးသော်လည်း လက်ရွံ
မနေပဲထိုခံစားမူကိုနှစ်ခြိုက်သဘောကျနေမိ၏ ။
ထို့နောက် ရန်သူများကြား ငနက်ကျော်အား လှည့်ပတ်စီး၍ဝင်တိုက်ခိုက်လေတော့၏ ။
ငနက်ကျော်မှာလည်း သခင်အလိုအတိုင်း ရန်သူများကြားပြေးလွားပေးနေ၏ ။
ရန်သူများမှာ မြင်းနက်ကြီးပေါ်မှ ဝတ်ရုံနက်ကြီး
ခြုံထားသော ဓားရေးကောင်းသူတစ်ယောက်ကို
ထိတ်လန့်ကုန်ကြတော့၏ ။
သူတို့ရင်ဆိုင်ရသူမှာ လူမဟုတ်ပဲ သရဲသဘက်စီး
နေသူအလား ထင်မှတ်မှားလာကြမိတော့၏ ။
ရဲမက်များမှာ ဂါမဏိ တိုက်ခိုက်ခြင်းကိုမြင်ရချိန်
အားတက်လာကြပြီး ရန်သူများကို ပြန်တိုက်ခိုက်ကြရာ ရန်သူများမှာ ဆုတ်ခွာနေကြ
တော့၏ ။
ယခုရောက်လာသူများမှာ လေးငါးဆယ်ခန့်မျသာဖြစ်ပြီး အလစ်ဝင်တိုက်၍
အခြေအနေမဟန်ချိန်ပြန်ဆုတ်ရန်ပြင်နေကြခြင်းပင်။
ဂါမဏိမှာ ရန်သူတယောက်ကိုတိုက်ခိုက်နေချိန်
သူ့နားရွက်ဘေးမှ မြှားတစ်စင်းဖြတ်သွား၍ မြှား
လာရာလမ်းသို့ကြည့်လိုက်ရာ ။
...ဟင်...ဒတ္တာ.....
ယခုလူစုကိုဦးဆောင်လာဟန်တူသော ဒတ္တာကိုတွေ့လိုက်ရတော့၏ ။
အဖြူရောင်ဝတ်စုံဖြူ၊ မြင်းဖြူပေါ်မှ ဒတ္တာမှာ
ဂါမဏိကို မှတ်မိဟန်မတူချေ ။
ဒတ္တာမှာ ဂါမဏိကိုမြှားဖြင့်ပစ်ပြီးချိန်သူ့လူများကို
အချက်ပြ၍ဆုတ်ခွာရန်ပြင်ဆင်နေ၏ ။
ဂါမဏိမှာ ဒတ္တာ နောက်သို့တရှိန်ထိုးမြင်းကိုမောင်း
နှင်၍လိုက်လေတော့၏ ။
ဒတ္တာလူများမှာ မြင်းများမပါကြပဲ သစ်တောများကြားခြေရာဖျောက်ပြေးနေကြချိန်
မြင်းစီးသမား ဒတ္တာ တစ်ယောက်သာ မြင်းဖြင့်
ပြေးနေခြင်းဖြစ်၏ ။
ငနက်ကျော်ပြေးအားမှာ သာမာန်မြင်းများထက်
ပြေးအားသာသောကြောင့် မကြာမှီအချိန်အတွင်း
ကွင်းပြင်တခုအရောက်တွင် ဒတ္တာ အားမှီလာခဲ့
တော့၏ ။
ဒတ္တာမှာတခြားသူများမပါပဲ တစ်ဦးတည်းသူ့နောက်
လိုက်လာသော မြင်းနက်စီး လူကိုလည်ပြန်ကြည့်၍
ရက်စက်စွာပြုံးလိုက်၏ ။
ထို့နောက် မြင်းကို နောက်ပြန်လှည့်လိုက်တော့၏ ။
မြင်းဖြူနဲ့မြင်းနက်ကြီးမှာ မျက်နှာခြင်းဆိုင်အနေ
အထားရှိနေကြတော့၏ ။
.”......သတ္တိကိုတော့ကြိုက်သွားပြီ...ကျုပ်ဘယ်
သူမှန်းမသိပဲနောက်ကလိုက်လာတာ သေဖို့
လမ်းကိုရွေးလိုက်တာဆိုတာ မသိလေရော့လား...”
”...သိပ...ဒတ္တာ ရေ...သိတာမှ သိပ်သိတာပေါ့..”
” ...ဟင်...မင်းဘယ်သူလဲ ကျုပ်..ကိုသိနေတယ်....”
”..ဟား..ဟား.....ဟား.....ငါဘယ်သူလဲ
မင်းသိပါတယ်... မင်းနဲ့ ကျောင်းတော်က
ရန်ကြွေးတင်နေတဲ့... ဂါမဏိ ပဲ ဒတ္တာ.... ”
”...ဂါမဏိ မင်းမသေဘူး....ဟိုတခေါက်
ဘုရင့်သမီးကိုဖမ်းတုန်းက ဆုံခဲ့တာလည်း
မင်းပဲလား...”
”...ဟုတ်ပ ဒတ္တာ ရေဟိုဘီလူးနဲ့သာ ရင်မဆိုင်နေရရင် အဲကတည်းကမင်းကိုသတ်ဖြစ်
ပါတယ်.....”
”...ရာရာစစ..ကံကောင်းလို့ မသေတဲ့အကောင်က
ခုတကြိမ် ငါ့လက်နဲ့ အသေသတ်ပေးရတာပေါ့..
ဂါမဏိ ရယ်...”
”...ငါမင်းကို အခုမသတ်သေးဘူး ဒတ္တာ
ငါမှာမင်းနဲ့ အလဲအလှယ်လုပ်စရာ ကျန်နေသေးလို့
တကယ်လို့ အခုတိုက်ပွဲ မင်းရူံးခဲ့ရင် နန္ဒာမာလာ
ကိုငါ့ဆီလွဲပေးရမယ်...မင်းနိူင်ရင်ငါ့ကိုသတ်ပါ...”
”..ကောင်းပြီ ဂါမဏိ ငါလက်ခံတယ်
မင်းက ငါ့ကိုနိူင်စရာအကြောင်းတော့ ရှိမလာဘူး
မင်းသေရလိမ့်မယ်... ”
”..ဟားဟား.. အဲလိုအပြောတွေက
ဒတ္တာ ပီသနေတာပေါ့ စလိုက်ကြရအောင်...”
ဒတ္တာမှာ ဂါမဏိ အားမမျော်လင့်ပဲတွေ့လိုက်ရမူအတွက် အံ့အြသင့်
နေ၏ ။
သူ့ဆရာက မြေဖူတ်ဘီလူးအားရင်ဆိူင်သူအကြောင်းပြောလာချိန်က ထိုသူကို ဂါမဏိ ဟုမထင်မိချေ။
သူ့ပင်ကိုယ်မာန မခံချင်စိတ်ကြောင့်သာ ဂါမဏိ
ကိုတိုက်ခိုက်ရန်စိန်ခေါ်နေသော်လည်း သူ့ဆရာ
ပြောစကားကြောင့် အနည်းငယ်စိုးရိမ်စိတ်တော့
ရှိနေ၏ ။
သူ့ဆရာမှာ ဒတ္တာ အားထူးမှာကြားချက်တစ်ခုရှိထား၏။
ထိုမှာကြားချက်မှာ မြေဖူတ်ဘီလူးကို ရင်ဆိုင်သူမှာ
သရဲတစ္ဆေအစောင့်အရှောက်ရှိကြောင်း ရင်ဆိုင်
တွေ့ပါက ရှောင်သင့်ကြောင်းမှာထားဖူး၏ ။
ထိုမှာကြားချက်ကို ဒတ္တာ မေ့လျောနေ၍ ဂါမဏိကို
ရင်ဆိုင်ခြင်းမဟုတ်ပဲ သူ့ပင်ကိုယ်မာနအရ ဂါမဏိ
ကိုစိန်ခေါ်နေခြင်းဖြစ်၏ ။
ဂါမဏိ နဲ့ ဒတ္တာ မှာဓားကိုယ်စီဆွဲထုတ်၍ပြင်းပြင်း
ထန်ထန်တိုက်ခိုက်နေကြပြီဖြစ်၏ ။
ဒတ္တာမှာ လေ့ကျင်မူမပြတ်သလို အမှန်တကယ်လည်း ဓားရေးကောင်းလွန်းသူပင်။
အယောင်ပြထိုးခုတ်ချက်များဖြင့် ပရိယယ်ကြွယ်
ညဏ်ကောင်းသူတစ်ယောက်ဖြစ်၏။
ဘယ်ကိုခုတ်ဟန်အယောင်ပြ၍ ၊ညာကိုခုတ်လာသလို တခါတရံ အယောင်ပြမဟုတ်ပဲ ခုတ်မည့်ဓားကို မခုတ်ပဲ
ထိုးသွင်းတတ်၏ ။
ဂါမဏိ မှာဒတ္တာနဲ့တိုက်ခိုက်ရင်း ဒတ္တာကိုချီးကျုး
နေမိသလို၊ ဒတ္တာ စိတ်အတွင်းလည်း ဂါမဏိကို
မပေါ့ဆဝံ့ဖိဖိစီးစီးဖြင့် ဂါမဏိ တိုက်စစ်ဆင်ချိန်
မရစေရန်တောက်လျောက်ဖိတိုက်နေ၏ ။
သူ့ဓားချက်များအောက် ဂါမဏိ မှာဓားဖြင့်ကာသင့်သည်ကိုကာ ရှောင်သင့်သည်ကိုရှောင်ဖြင့် ယိမ်းနွဲ့လူပ်ရှားလျက်ရှိနေရာ အပိုင်တိုက်ချက်များ
လွဲချော်နေ၍ ဒတ္တာမှာ ဒေါသပိုထွက်လာကာ
ပို၍ ဖိတိုက်နေပြန်တော့သည် ။
ဒတ္တာ မှာမြင်းပေါ်မှ ပညာစုံပြခွင့်မရ၍ မြင်းပေါ်
မှခုန်ဆင်းလိုက်ရာ ဂါမဏိမှာလည်း မြင်းပေါ်မှ
ခုန်ဆင်းလာတော့၏ ။
တဖြည်းဖြည်းဖြင့် အချိန်များ ကုန်လာသလို
နှစ်ယောက်သားတိုက်ပွဲလည်း ပိုပြင်းထန်လာတော၏ ။
ဒတ္တာဓားချက်များက သေကွင်းသေကွက်နေရာများ
သို့ အဓိက ဦးတည်၍တိုက်နေခြင်းဖြစ်ကာ ရက်စက်၍အညှာအတာကင်းလွန်းလှ၏ ။
ဂါမဏိမှာဒတ္တာ တိုက်သလိုမဟုတ်ပဲ ဒတ္တာမှားမည့်
အချိန်ကို စောင့်၍ တိုက်နေခြင်းဖြစ်၏ ။
ဓားသိုင်းပညာအပြင် ခြေသိုင်း၊လက်သိုင်းပါ ထူးချွန်သူမို့ တချက်ချက်ဝင်လာသော ခြေကန်ချက်များ လက်သီးထိုးချက်များကိုလည်း
ဂါမဏိမှာ ကာကွယ်နေရသေး၏ ။
....စွတ်....
....ဖုန်း...
...အ......
တိုက်ပွဲအရူံးအနိူင်မှာ ပေါ်ထွက်ခဲ့ပြီဖြစ်၏ ။
ဂါမဏိ ပခုံးပေါ်မှသွေးတစက်စက်ကျနေလျက်
ရှိနေ၏ ။
သူ့လက်မှဓားမှာ ဒတ္တာ လည်ပင်းပေါ်တင်ထား
လျက် ဒတ္တာမှာ စိတ်ဓတ်အကြီးအကျယ်ကျနေ
ဟန် ခေါင်းငိုက်စိုက်ကျလျက်ရှိနေ၏ ။
နောက်ဆုံး တိုက်ကွက်အရ ဂါမဏိမှာ ဒတ္တာ
ဓားချက် တမင်မရှောင်ပဲ ပခုံးဖြင့် ခံလိုက်၍
ဒတ္တာဓားကိုင်လက်ကို ဓားပြားဖြင့်ရိုက်ချလိုက်ရာ
ဒတ္တာ မှာဓားလွတ်ကျ၍ တိုက်ပွဲအရူံးအနိူင် အဖြေ
ပေါ်သွားရခြင်းဖြစ်၏ ။
ဒတ္တာမျက်နှာမှာ ရှက်ခြင်း ဒေါသဖြစ်ခြင်းရောယှက်
လျက်ခေါင်းငိုက်စိုက်ချထား၏ ။
”..ငါရူံးပြီ...ဂါမဏိ.... ငါ့ကိုသတ်လိုက
သတ်နိူင်တယ်....”
”...ငါ့စကားအတိုင်းပဲ ငါလုပ်မှာပါ မင်းကို
အခုမသတ်ဘူး နန္ဒာမာလာကို ငါ့ဆီလွဲပေးပါ...”
”....မင်းငါ့ကိုခုမသတ်ရင် နောက်တကြိမ်
အခွင့်အရေးခုလိုရချင်မှရလိမ့်မယ် ဂါမဏိ
ပွဲမပြီးသေးဘူးလို့မှတ်ထားပါ...”
”...နောက်တကြိမ်ကျရင် ငါလည်းမင်းကိုသတ်
မှာပါ ဒတ္တာ စိတ်ချ...”
”...ကောင်းပြီထပ်တွေ့ကျတာပေါ့
ညပိုင်းဒီနေရာလာခဲ့ပါ နန္ဒာမာလာ ငါခေါ်လာပေးမယ်...”
” ကောင်းပြီ ဒတ္တာ မင်းကတိတည်ပါစေ...
ငါစောင့်နေမယ်...”
ဒတ္တာမှာ မြင်းပေါ်တက်၍ ဒုန်းစိုင်းမောင်းနှင်သွားချိန် ဂါမဏိ မှာဒတ္တာမြင်ကွင်းမှပျောက်ကွယ်ချိန်အထိငေးကြည့်
နေမိတော့၏ ။
ဒတ္တာ တိုက်ပွဲ မှာဆက်လာအုံးမည်မှန်း ဂါမဏိ
တွေးသလို ဒတ္တာ လည်းတွေးနေနိူင်၏ ။
ဒတ္တာမှာ မြင်းကိုဒုန်းစိုင်းလျက်နေရာတစ်ခုဆီဦး
တည်မောင်းနှင်နေ၏ ။
ဂါမဏိ ကိုလောလောလတ်လတ်ရူံးလာရသည်မို့
အရူံးကိုလက်မခံနိူင်သူပီပီ ခံပြင်းစိတ်၊ဒေါသစိတ်၊
ရှက်စိတ်များဖြင့်ရင်တွင်းပြည့်ကျပ်နေ၏ ။
ဒတ္တာ ဦးတည်သောနေရာမှာ လူသေကောင်မြုတ်
နှံရာ သချိုင်းအတွင်းဖြစ်ပြီး သချိုင်းအတွင်းအလယ်ရှိဇရပ်တစ်ခုဆီသို့သွား
နေ၏။
ဇရပ်အနီးရောက်သောအခါ မြင်းပေါ်မှဆင်း၍
ဇရပ်ပေါ်တက်လိုက်ရာ ဇရပ်ပေါ်တွင် လူတစ်
ယောက်ရှိနေသည်ကိုတွေ့လိုက်ရ၏ ။
ဒတ္တာ ဆရာဖြစ်သူဖြစ်ပြီး ဒတ္တာ ဆရာမှာ သူတပည့်အားကူညီရင်း သချိုင်းအတွင်း သူအောက်လမ်းပညာရပ်များအဆင့်မြင့်နေခြင်းဖြစ်၏။
”...ဆရာကြီး....”
”....တပည့် မျက်နှာလည်းမကောင်းပါလား.
ဘာဖြစ်လာတာလဲ..”
” မြေဖူတ်ဘီလူးကို ပြန်တိုက်တဲ့လူကို
တွေ့လာခဲ့ပြီ ဆရာကြီး ကျုပ်သူဆီရူံးလာခဲ့တယ်...”
”...ဘယ်လို....အဲလူဆီရူံးလာတယ်
သူ့ကိုရှောင်ရမှာတပည့် သူကမကောင်းဆိုးဝါး
စောင့်ရှောက်သူပဲ...”
”...ရှောင်လို့မရတော့ဘူးဆရာကြီး
သူ့ကိုဘယ်သူလို့ထင်လို့လဲ သူက ကျုပ်နဲ့
ရန်ကြွေးရှိတဲ့ ဂါမဏိပဲ ခုဆိုပိုရှောင်လို့မရတော့ဘူး
သူအခုလာတာ ဘုရင့်တပ်တွေနဲ့အတူလာတာ...”
”...ဂါမဏိ.. ဂါမဏိ ဆိုတာတပည့်ကိုသတ်မယ့်သူပဲ သူအခုထိ
မသေသေးဘူးကိုး...ဒီလိုဆိုမှတော့
သူကိုသတ်ဖို့လုပ်ရတော့မှာပေါ့...သူနဲ့တွေ့လာ
တာအစအဆုံးပြောပြ ဆရာကြီးဘာလုပ်သင့်
လဲတွေးကြည့်ပေးမယ်...”
ဒတ္တာမှာ ဂါမဏိ နဲ့သူဆုံတွေ့ခြင်းအကြောင်းကို
အကျဉ်းချုံးပြောပြလိုက်၏။
”....ခုညနေထပ်တွေ့ရင် သူ့ကိုသတ်ဖို့ကြံစည်
ကြမယ် သူကိုသတ်ဖို့ တခြားလက်နက်ကမရဘူး
လက်နက်တခုရှိတယ် အဲတာယူသွား ညဏ်ရှိသလို အသုံးချ... ”
ဒတ္တာဆရာဖြစ်သူမှာ သူ့အထုတ်အပိုးများကြား
မှဓားတိုလေးတချောင်းကို ယူလာပေး၏။
ဓားမှာငယ်သည့်အပြင် အသုံးမပြုသည်မှာကြာ
ဟန်သံချေးပင်အနည်းငယ်တက်နေ၏။
ဒတ္တာမှာ သူ့ဆရာအတွေးကို နားမလည်ဟန်ဖြင့်ဓားကို
ကြည့်ရင်း....။
”...ဒီဓားလေးနဲ့ ဘယ်လိုသတ်ရမှာလဲ ဓားကငယ်
ပြီးသံချေးတောင်တက်နေသေးတယ်...”
” တပည့်က ဒီဓားအကြောင်းမသိလို့ အထင်သေး
စိတ်ဖြစ်နေတာ တကယ်ကဒီဓားဟာ ကိုးသချိုင်း
ဓားတလက်ပဲ သူ့ကိုဆောင်ထားရင် သရဲတစ္ဆေတွေအနားမကပ်ဝံ့ကြဘူး ဓားပြီး၊တုတ်ပီး လူဆိုရင်လည်း ခုဓားနဲ့ထိုးခုတ်ရင်
ပြတ်ရှနိူင်တယ်...”
”...ဟာ..အဲလောက်တောင်စွမ်းလားဆရာကြီး
ဂါမဏိ ကတုတ်ပီး၊ဓားပီးမဖြစ်လောက် တပည့်
ကြောင့် သူလက်မောင်းဒဏ်ရာ ရသွားတယ်...”
” ...ဂါမဏိ တုတ်၊ဓား..မပီးပေမယ့်
လူသားအစစ်လည်းမဖြစ်နိူင်တော့ဘူး
ဆရာကြီးအတွေးသာ မှန်ရင်ခုဓားက
အသုံးတည့်ပါလိမ့်မယ်....”
”....ဂါမဏိကလူသားမဖြစ်နိူင်ဘူး ဟုတ်လား
ဆရာကြီး...”
”..ဟုတ်တယ် တပည့်
သာမာန်လူသာဆိုရင် မြေဖူတ်ဘီလူးလက်ချက်
ကြောင့်သေပြီ ခုကဘာဒဏ်ရာမှမရ
အကောင်းပကတိရှိနေတယ် နောက်တခုက
သူ့ကိုကယ်တာ မကောင်းဆိုးဝါးတကောင်ဆိုတော့
သေချာလောက်ပါတယ်....”
”...ဒီလိုဆိုရင် ဒီဓားကနေရာကျပြီပေါ့ ...
ဟားဟား.. ဂါမဏိရေမင်းတော့ သေဖို့သာ
ပြင်ထားပေတော့....”
ဒတ္တာမှာ ဆရာဖြစ်သူရှင်းပြလာမှ ဓားအစွမ်းနဲ့အတူ၊
ဂါမဏိအားနည်းချက်ဖြစ်လာနိူင်သော ကိုးသချိုင်း
ဓားတိုလေးကို လှည့်ပတ်ကြည့်၍သဘောကျစွာ
ရှိနေပါတော့၏ ။
==========================
၁၉-ဆက်ရန်
မြူခိုးအလင်္ကာ