book

Index 17

အပိုင်း (၁၇)

မာရ်နတ်မင်း၏စစ်သူကြီး


===================


    ဂါမဏိ တစ်ယောက်ရင်တစ်ခုလုံးပူကာ

လည်ချောင်းတစ်ခုလုံးခြောက်ကပ်အက်ကွဲလျက်

ရှိနေ၏ ။


 သူရေအဆမတန်ဆာနေသောကြောင့်တံတွေးကို

မျိုချကြည့်ရာလျာမှာစိုစွတ်ရမည့်အစားခြောက်

ကပ်၍ တံတွေးမှာခြောက်ကပ်ပူလောင်နေသော

အာခံတွင်းတွင်ရှာမရဖြစ်နေ၏ ။


ကြည့်လေရာမြင်ကွင်းတိုင်းမှာ သဲပြင်ကြီးများအတိ၊

ဂါမဏိမှာကန္တရတစ်ခုအတွင်းရောက်ရှိနေလျက်ရှိနေ၏ ။


 နေမင်းသည်သဲကန္တရအတွင်းခြစ်ခြစ်တောက်ပူ

လျက်တိုက်ခတ်သောလေမှာပင်အေးမြမူမရှိသော

လေပူကြီးများဖြစ်နေ၏ ။


ဂါမဏိ မှာယိုင်ထိုးသောခြေလှမ်းများဖြင့် သဲကန္တရ

အတွင်းသွားနေရင်းနောက်ဆုံးခြေလှမ်းများယိုင်ခွေ၍လူလည်းပစ်လဲကျသွားတော့၏ ။


နေမင်းသည်မျက်နှာခြင်းဆိုင်အနေအထားပူပြင်း

တောက်ပစွာရှိနေခြင်းကြောင့် မျက်လုံးကမခံရပ်

နိူင်စွာမျက်ခွံ့များကိုမှေးမှိတ်ထားမိ၏ ။


ထိုအချိန်မှာပင်....။


ကန္တသဲများပမာခြောက်ကပ်နေသော သူ့နူတ်ခမ်း

ထက်သို့အေးမြစိုစွတ်သော အထိအတွေ့အကြောင့်

နူတ်ခမ်းနှစ်ခုအားဖြင့် ထိုရေစက်ကလေးကိုအငမ်း

မရလိုက်စုတ်ယူနေမိ၏ ။


ရေစက်များသည် ဂါမဏိ နူတ်ခမ်းများပေါ်သို့တစက်ပြီးတစက်ကျဆင်းလာ

ခြင်းနဲ့ ခေါ်သံတခုကိုအဝေးကြီးမှလိုလိုကြား

နေရရာမှတဖြည်းဖြည်းဖြင့်နီးကပ်လာတော့၏ ။


....မောင်ကြီး...မောင်ကြီး.......


ယခုမှနီးကပ်ပီပြင်စွာကြားရပြီးထိုအသံမှာ သူဇာ

အသံမှန်းသိလိုက်ရခြင်းကြောင့်မှေးမှိတ်ထားထား

သောမျက်ဝန်များကိုအားယူဖွင့်လိုက်မိတော့၏။


ထိုအခါမှ..


ဂါမဏိနူတ်ခမ်းပေါ်သို့ရေစက်များချပေးနေသော

သူဇာကိုတွေ့လိုက်ရခြင်းနဲ့အတူ၊ ဂါမဏိမှာနန်းတော်အတွင်းမှသူ့အခန်းအိပ်ယာ

ပေါ်ရောက်နေမှန်းသိလိုက်ရတော့၏ ။


ယခုမှဂါမဏိမှာ နန္ဒာမာလား ဒတ္တာတို့လူစုဖမ်း

ခေါ်ခံသွားခြင်း။ ဘီလူးကြီးတကောင်နဲ့တိုက်ခိုက်

ရာမှသူသတိလစ်မေ့မြောသွားရခြင်းတို့ကိုပြန်

ပြောင်းသတိရခြင်းတို့ကြောင့် ရုတ်တရက်ထထိုင်

လိုက်မိတော့၏ ။


”....ဟင်..မောင်ကြီး..ကျန်းမာသေးတာမဟုတ်ဘူးနားနားနေနေလှဲနေပါ...”


” ..ရတယ်.. နှမလေး ဒါနဲ့ အစ်ကိုဘယ်လို

ပြန်ရောက်လာတာလဲ သခင်မလေးရော....”


” နန်းတော်က ရဲမက်တွေရောက်ချိန်မောင်ကြီး

တစ်ယောက်တည်း သတိလစ်မေ့မြောနေတာ

တွေ့ရတာပါပဲ .....”


” သခင်မလေးကော သခင်မလေး... ရန်သူလက်


ကကယ်လိုက်နိူင်လား.....”


”  ..မကယ်လိုက်ဘူး မောင်ကြီး သို့ပေမယ့်

ပုန်ကန်သူတွေဟာ စန္ဒကူးမြို့မှာ အတိအလင်း

အခြေစိုက်လိုက်ပြီဆိုတဲ့သတင်းကြားရတာပါပဲ...”


” ဘယ်လို.......စန္ဒကူးမြို့... စန္ဒကူးမြို့.......”


ဂါမဏိတစ်ယောက် သူဇာနဲ့စကားအပြန်အလှန်

ပြောဆိုနေရာမှာစန္ဒကူးမြို့ဟူသောမြို့အမည်ကြား

ရချိန် အံ့အြမူကြောင့်အသံများပင်ကျယ်လောင်

သွားရမိတော့၏ ။


အဘယ့်ကြောင့်ဆိုလျင်ထိုမြို့မှာ သူမွေးဖွားရာ

ဇာတိမြို့ဖြစ်သောကြောင့်ပင်ဖြစ်၏ ။


မြို့နာမည်ကြားလိုက်ရချိန်ဂါမဏိအတွက်အတိတ်များမှာမနေ့တနေ့ကလို အရိပ်ထင်၍ သူ့အတွေးများတွင် ထင်ဟပ်လာ၏ ။


”....မောင်ကြီး...မောင်ကြီး...ဘာဖြစ်လို့လဲ...”


”...အင်..အင်...ဘာမှမဖြစ်ဘူး...နှမ.....”


” ဘယ်လိုများဖြစ်တာလဲလို့ လန့်သွားမိတာ

တနေကုန်တနေခန်းမောင်ကြီး သတိမေ့နေတာ

ဆာနေရောပေါ့ မောင်ကြီးစားဖို့ နှမတခုခုစီစဉ်

လိုက်အုံးမယ်...ခနနေသမားတော်လာလိမ့်မယ်

မောင်ကြီး....”


သူဇာမှ ဂါမဏိကိုနူတ်ဆက်၍ထွက်သွားရာ

ဂါမဏိလည်း ယခုမှအပြင်ဖက်ဆီလှမ်းကြည့်မိရာ

ညနေစောင်းအချိန်ပင်ရောက်ရှိနေကြောင်းသိရ

တော့၏ ။


ထိုစဉ်...။


”...သတိရပြီလား တူမောင်.....”


”..ဟုတ်....ဦးရီးက...သမားတော်ကြီးလား...”


” ..မှန်ပါ့ကွယ်..ကဲ..စိတ်ချရအောင် 


နောက်တခေါက် ပြန်စစ်ကြည့်မယ်...


ခနလှဲအိပ်လိုက်ပါအုံး.......”


နူတ်ဆက်စကားဆိုသံနဲ့အတူအသက်၆၀အရွယ်

ဆံပင်ဖြူရှည်များကိုဦးခေါင်းတွင်သပ်ရပ်စွာ

ထုံးဖွဲ့ထားသူတယောက် အခန်းအတွင်းဝင်လာရာ

သူဇာပြောထားမူဖြင့် သမားတော်ဖြစ်မှန်းသိလိုက်

ရမိ၏ ။

သမားတော်ကြီးမျက်နှာသွင်ပြင်ကိုဂါမဏိသေချာကြည့်မိစဉ်၊မယုံကြည်နိူင်ဖြစ်ခြင်း အံ့အြခြင်းများ

မျက်နှာတွင်ပေါ်လွင်နေခြင်းကို ဂါမဏိ မြင်တွေ့

နေရ၏ ။


သမားတော်ကြီးမှာ ဂါမဏိ လက်ကောက်ဝတ်သွေး

ခုန်နူန်းကိုစမ်းသပ်ခြင်း၊ ရင်ဘတ်နှလုံးခုန်သံကို

နားထောင်ခြင်းနဲ့အတူ ဦးနှောက်သွေးကြောများကို

ကိုင်နှိပ်၍စမ်းသပ်နေစဉ် အံ့အြသောအမူအယာ

မျိုးရှိနေ၏ ။


ထို့နောက် .။


ဂါမဏိ လက်ညိူးထိပ်ကိုအပ်ဖြင့်ထိုးဖောက်၍

သွေးကိုခွက်တစ်ခုဖြင့်ခံကာ ဆေးမူန့်များထည့်

၍စမ်းနေပြန်တော့၏ ။


ပြီးမှ ဂါမဏိ ကိုသေချာစွာကြည့်၍..


”… ဦးရီးအသက်ခြောက်ဆယ်ကျော်ပြီ

သမားတော်အဖြစ်ဆေးကုလာတဲ့ သက်တန်းဟာ

နှစ်သုံးဆယ်ကျော်မကတော့ဘူး...ကုလာတဲ့

လူနာပေါင်းစုံ၊ရောဂါမျိုးစုံကြုံဖူးတယ်..

ဒါပေမယ့် တူမောင်လိုလူနာမျိုးရောဂါမျိုးခုမှ

ကြုံဖူးတာပါပဲ၊.....”


”..ဘာအတွက်ကြောင့်များပါလဲ 

သမားတော်ကြီး..”


” ထူးဆန်းတာမှ အတော်ကိုထူးဆန်းတယ်

တူမောင်သတိလစ်နေချိန် ပထမတခေါက်လာစစ်

ကြည့်တုန်းက တူမောင်ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေဟာ ပြင်းပြင်းထန်ထန်

ဒဏ်ရာ ရထားတယ် ဒီဒဏ်ရာမျိုးဟာ တခြားလူ

ဆိုရင် အသက်ပြန်ရှင်ဖို့မလွယ်တဲ့ ဒဏ်ရာမျိုးပဲ..

တူမောင်ကို လက်လွတ်ရတဲ့လူနာအဖြစ်သတ်မှတ်

ထားခဲ့တာ.. ခုက...ကျုပ်ကိုကျုပ်တောင်မယုံ

ကြည်နိူင်ဖြစ်နေရမိပါပြီ....”


” ဘာတွေများ အထူးအဆန်းဖြစ်လို့တုန်း

သမားတော်ကြီးရဲ့ ကျုပ်ကဘာကိုမျ မခံစား

ရတော့ပါဘူး ကောင်းနေပါပြီ...”


 ”...အဲတာကိုကထူးဆန်းနေတာပေါ့

ခုဆိုအတွင်းပိုင်း ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ

ကောင်းကောင်းအလုပ်လုပ်နေပြီ၊ သွေးခုန်နူန်း

ကလည်းပုံမှန်ပါပဲ တခုရှိတာက တူမောင်သွေးက

သွေးဆိုးသွေးညစ်များတယ် အဲလိုသွေးဆိုးသွေး

ညစ်များသူမျိုးက ရောဂါမျိုးစုံခံစားနေရတဲ့ လူမမာ

မျိုးမှာတွေ့ကရတတ်တာ ခုက တူမောင်က

သန်သန်မာမာကြီး၊ ကျုပ်ဆေးပညာစုံနေပြီ

အထင်ရောက်နေတာ ကျုပ်ထပ်လေ့လာဖို့လို

နေပြီပဲ တူမောင်ကျန်းမာနေပြီဆိုတော့ ကျုပ်ပြန်

ပါအုံးမယ်.... ”


သမားတော်ကြီးမှာ စဉ်းစားတွေးတောရခက်နေဟန်အမူအယာမျိုးဖြင့်

ဂါမဏိ ကိုနူတ်ဆက်၍ထွက်ခွာသွားတော့၏ ။


မိစ္ဆာသွေးနှောထား၍ ဒဏ်ရာများ အကျက်မြန်၊

အပျောက်မြန်သောအခြေအနေကို သာမာန်သမား

တော်တစ်ယောက်အနေနဲ့ စဉ်းစားတွေးတောရကြပ်မည်မှာကားအမှန်ပင်

ဖြစ်ပါတော့၏ ။


သမားတော်ကြီးထွက်သွားပြီးမရှေးမနှောင်းမှာပင်။


အငွေ့တထောင်းထောင်းထနေသောဆန်ပြုတ်ပန်း

ကန်ကိုကိုင်၍ သူဇာဝင်လာ၏ ။


”....ဆာနေရောပေါ့ ဆန်ပြုတ်လေးသောက်လိုက်

မောင်ကြီး၊....”


ဂါမဏိမှာတခုခုကိုဆာလောင်မွတ်သိပ်စွာရှိနေသော်လည်း အစားအစာဆာလောင်ခြင်းမျိုးမဟုတ်ပဲ

သူ့ကိုယ်တွယ်ရှိသွေးသားများက သွေးကိုငတ်မွတ်တောင့်တနေခြင်းမျိုးထိန်းမနိူင်သိမ်းမရရုန်းကြွနေခြင်းကြောင့်အံ့အြရမိ၏ ။


ဟိုယခင်အချိန်က သွေးကိုယခုလိုမျိုးမတောင့်တဖူးပေ။ သူဇာယူလာ

သောဆန်ပြုတ်ကိုတဇွန်းမျခပ်ကာမြိုချမိရာ သူ့ကိုယ်ခန္ဓာမှလက်မခံပင် ပျို့အန်တက်လာခြင်း

ကြောင့်ကမန်းတန်းထွေးထုတ်လိုက်ရ၏ ။


”...ဘာဖြစ်လို့လဲ မောင်ကြီး.....”


”...ဘာမှမဖြစ်ဘူး နှမ ..အစ်ကိုခုမှသတိရလာ

ဆိုတော့ရုတ်တရက်စားမရသေးလို့ပါ....”


” ခုအချိန်လောက်ဆို သခင်မလေး 

ရန်သူလက်ထဲ ဘယ်လောက်တောင် ဒုက္ခရောက်

နေမလဲနော် သခင်မလေးကို သနားပါတယ်

မောင်ကြီးရယ်......”


”  အဲလောက်လည်း စိတ်ပူမနေပါနဲ့...နှမ.

သခင်မလေးကိုမရရအောင် ကယ်ဖို့ မောင်ကြီး

ကတိပြုပါတယ်......”


” ဖြစ်နိူင်ရင်အမြန်ဆုံးကယ်ပေးပါ မောင်ကြီးရယ်

ဒါနဲ့မေ့နေလို့ မောင်ကြီးသတိရလာရင် မင်းကြီး

ဆီလျောက်တင်ရမယ်ဆိုလို့ ရဲမက်တယောက်

ကတဆင့်လျောက်တင်ခိုင်းတာ မင်းတရားကြီး

ဆီက အမှာစကားပါလာတယ် မောင်ကြီး.

 ခုည လျို့ဝှက်ဆောင်မှာ အခစားဝင်ဖို့ မောင်ကြီး

လာရမယ်တဲ့....”


”...ဟုတ်လား.. ဘဇာအရေးများပါလိမ့်...”


”ဒါတော့နှမလည်းမသိပါလို့ 


မပြောတတ်ပါဘူး....”


”...မောင်ကြီးလည်းခုမှသတိပြန်လည်လာတာ


ခနတဖြုတ်နားပါအုံး....”


”..နားချင်စိတ်မရှိဘူး နှမရယ် ခုလေညှင်းခံထွက်

ချင်လို့ တခုလောက် တောင်းဆိုပေးလို့ရမလား..”


”..ပြောပြလေ မောင်ကြီး ဘာများတောင်းဆို

ချင်လို့လဲ....”


”..ဒီလိုပါ.. မြင်းကြီး ငနက်ကျော်ကို တချက်လောက် စီးခွင့်ရမလားတောင်းဆိုပေးပါ..”


”..ရပါတယ် မောင်ကြီးလိုတာ ဘာမဆို မင်းတရား

ကြီးကပေးရမယ်လို့ နန်းတော်အမူထမ်းတွေကို

မှာထားပါတယ်...မြင်းထိန်းဆီမှာတောင်းယူရုံပါပဲ....”


ညနေခင်းဆည်းဆာအချိန် ။


နန်းတော်အနောက်ဘက်အရပ် မြက်ရိုင်းလွင်ပြင်တွင်

မြင်းနက်ကြီးတစ်ကောင်မှာ လူတစ်ယောက်ကိုတင်

၍လေးညိူ့လွတ် မြှားတစ်စင်းပမာပြေးလွားနေ၏။ 


ငနက်ကျော်မှာ စီးနင်းမည့်သူမရှိ၊မြင်းဇောင်းအတွင်းအမြဲတစေနေရရာမှ ယခုလို

သူ့သခင်အဖြစ်သတ်မှတ်ထားသူ ဂါမဏိမှ စီးနင်း

ရန်ခေါ်ခံရချိန်စိတ်လက်မြူးထူးဟန်ရှိသမျခြေကုန်

ထုတ်၍ ကဆုန်ပေါက်ပြေးလွားနေ၏ ။


ဟိုးယခင်လို ဆိုးမိုက်သောအပြုအမူများပြုလုပ်ရန်

စိတ်ကူးကား ဂါမဏိ အပေါ်ရှိနေဟန်မတူချေ ။


ဂါမဏိ မှာ ငနက်ကျော်ကိုခြေကုန်ထုတ်စီးလိုက်

ဖြေးဖြေးမှန်မှန်ဖြင့် ရှိနေ၏ ။ 


မြက်ရိုင်းတောတွင်းအစာစားနေသော ယုန်ငယ်လေးတစ်ကောင်မှာ ငနက်ကျော်ခြေသံကြောင့် လန့်ဖြတ်ပြေးရာ ဂါမဏိ

မှာရည်ရွယ်စိတ်ကူးထားခြင်းမရှိပဲ ပြေးနေသော 

မြင်းပေါ်မှလွားခနဲခုန်ချလိုက်ရင်းတဆက်တည်းပြေးနေသောယုန်နောက်လိုက်ကာဖမ်းယူလိုက်မိ၏။


ယုန်ငယ်လေးမှာ တကိုယ်လုံးဆတ်ဆတ်တုန်လျက် ဂါမဏိ လက်အတွင်းပါလာတော့၏ ။


ဂါမဏိ ကိုယ်တွင်းတစ်ကိုယ်လုံးမှသွေးများမှ

ပွက်ပွက်ဆူရုန်းထလျက်ရှိသလိုခံစားနေရ၏ ။


ဂါမဏိမှာ သူ့အသိစိတ်ကမထိန်းချုပ်နိုင်ခင်မှာပင်

ယုန်ကလေးအား ဆတ်ခနဲ ကိုက်ချကာ သွေးများ

ကိုအငမ်းမရစုတ်ယူနေမိတော့၏ ။


ပူနွေးသောလတ်လတ်ဆတ်ဆတ်သွေးရည်မှာ

ဂါမဏိပါးစပ်မှ လည်ချောင်းတွင်း ဝင်၍ဝမ်းဗိုက်

သို့စီးဆင်းသွားချိန် သူ့တစ်ကိုယ်လုံးဆူပွက်နေသောသွေးများ 

တစတစငြိမ်လာကာ အားအင်များတိုးပွားလာ

သလိုခံစားနေရမိ၏ ။


ယုန်တစ်ကောင်လုံးသွေးကုန်သောအခါမှ ဂါမဏိ

မှာစိတ်များတည်ငြိမ်သွားပြီး ယုန်သေကောင်ကို

ပစ်ချလိုက်ရင်း သူ့ပြောင်းလဲနေသောအခြေအနေ

ကိုမယုံကြည်နိူင်ဟန်ရှိနေတော့၏ ။


သူ့စိတ်များမှယခင်ကနဲ့မတူပဲထိန်းချုပ်နိူင်စွမ်း

ကင်းမဲ့လာနေသလိုခံစားနေရမိ၏ ။


တဖက်မှစိုးရိမ်ထိတ်လန့်စိတ်နဲ့အတူတခြားတဖက်တွင်လည်းသွေးသောက်ရသောအရသာကို

နှစ်ခြိုက်ကျေနပ်လျက်ရှိနေမိတော့၏ ။


သခင်ပါမလာ၍တကျော့ပြန်လှည့်လာသော

ငနက်ကျော်ပေါ်လွားခနဲခုန်တက်ကာနန်းတော်သို့

မြင်းကိုခြေလှမ်းမှန်မှန်စီးနင်းရင်း နန္ဒမာလာအား

သတိရနေမိခြင်းနဲ့အတူ၊ ဒတ္တာ အကြောင်းတွေး

မိရင်းအံကိုတင်းတင်းကြိတ်၍ စိတ်တွင်းကြိမ်း

ဝါးလိုက်မိ၏ ။


”...ကျားနဲ့ဆင်လယ်ပြင်မှာတွေ့ကြတာပေါ့ ဒတ္တာ

ရာ...”


  ဂါမဏိမှာမှောင်ရီပျိုးချိန် ငနက်ကျော်ကို

မြင်းထိန်းလက်အပ်၍ ရေမိုးချိုးလိုက်၏ ။


သူဇာမှညစာပြင်ပေးရန်ပြောလာသည်ကိုမစားလို

ကြောင်းပြော၍ အခန်းအတွင်းထိုင်၍ဘုရင်မင်း

မြတ်  လျို့ဝှက်ဆောင်မှာ တွေ့ဆုံရန်ခေါ်ခြင်းကို

စဉ်းစားမရနိူင်ရှိနေတော့၏ ။


တကယ်တမ်းထိုကဲ့သို့လျို့ဝှက်ဆောင်တွင်တွေ့

ဆုံသော ကိစ္စရပ်များမှာ အရေးကြီးလူပုဂ္ဂိုလ်များသာ တက်ရောက်ရလေ့

ရှိသောနေရာဟု ဂါမဏိကြားဖူးပြီး သူ့လို သာမာန်

အရပ်သားတစ်ယောက်ကိုခေါ်ခြင်းကထူးဆန်းလွန်းနေ၏ ။


”.....ဂါမဏိ ..မင်းကြီးက အခုလာခဲ့ဖို့

အမိန့်ပြန်လိုက်ပါတယ် ကျုပ်နဲ့ ခုလိုက်ခဲ့ပါ. ...”


အတွေးများနဲ့ ရှိနေသော ဂါမဏိ တစ်ယောက်

သူအခန်းရှေ့မှ ခေါ်သံကြောင့် အဝတ်အစားကို

သေသပ်စွာပြင်ဆင်၍ လာခေါ်သူအစောင့်နောက်

ခေါ်ရာနောက်လိုက်ပါသွားတော့၏ ။


အဆောင်ဆောင်၊အခန်းခန်းသော နေရာများကို

ဟိုကွေ့၊ ဒီချိုးလျောက်လာရင်းမှာ လက်နက်ကိုင်

ရဲမက်များ လေးဖက်လေးတန်စောင့်နေသောအဆောက်ဦး

တစ်ခုရှေ့သို့ရောက်သောအခါ ဂါမဏိ အားခေါ်ဆောင်လာသောရဲမက်က တခါးရှေ့တွင်

ရပ်စောင်နေသော အစောင့်များကိုနှစ်ကိုယ်ကြား

တီးတိုးပြောဆိုလိုက်သောခါ ၊ အစောင့်တစ်ယောက်မှ ဂါမဏိ ကိုယ်အတွင်းစေ့စပ်သေချာစွာရှာဖွေနေ၏ ။


လက်နက်တစ်စုံတစ်ရာ ပါမပါ စစ်ဆေးနေခြင်း

ရှိဟန်တူနေ၏ ။


 ဂါမဏိမှာ အဆောင်ပတ်လည်အားမျက်လုံးဝေ့ကြည့်မိရာ 

လျို့ဝှက်စွာ ပုန်းအောင်းစပ်ကြပ်နေသော ရဲမက်များကိုလည်းတွေ့လိုက်ရတော့၏ ။


 ထိုအဆောင်ရှေ့ရပ်စောင့်နေသောအမတ်မှ

အတွင်းသို့ခနမျ ဝင်သွားပြန်ထွက်လာရာ 

အမတ်ကြီးဝတ်စုံ ဝတ်ထားသူတစ်ယောက်နဲ့အတူ

ပြန်ထွက်လာ၏ ။


”...ဂါမဏိ ထင်ပါရဲ့...အတွင်းကိုကြွပါ...”


အမတ်ကြီးမှာဂါမဏိကို အဆောင်အတွင်းခေါ်ဆောင်သွားတော့၏ ။


များပြားလှသော ခန်းဆောင်ကို ဖြတ်သန်းပြီး

ချိန် အမတ်ကြီးမှာ တခါးစေ့ထားသော အခန်း

တစ်ခုရှေ့တွင်ရပ်၏ ။


”…အရှင်မင်းကြီး အခေါ်လွတ်လိုက်တဲ့

ဂါမဏိ ရောက်ရှိလာကြောင်းပါ...”


”… ကောင်းပြီ ဂါမဏိကို အတွင်းထဲဝင်ခွင့်ပြုတယ် ....”


အမတ်ကြီးစကားအဆုံးတွင်အတွင်းဖက်အခန်း

ဆီမှအောင်မြင်ခံ့ညား၍အသံအြဇာပြည့်ဝ

သောအသံတစ်ခုက ဂါမဏိ ကိုအတွင်းသို့ဝင်လာ

ရန်ပြောလာ၏ ။


အမတ်ကြီးမှာဂါမဏိဝင်ရန်စေ့ထားသောတံခါးကို

ဖွင့်ပေး၍ ဂါမဏိ အတွင်းသို့ဝင်သွားသောအခါ

ပြန်ပိတ်လိုက်ရင်း အပြင်တွင်ကျန်နေရစ်ခဲ့တော့၏။


ဂါမဏိ မှာ အတွင်းသို့ဝင်လာရာ သလွန်ညောင်စောင်းတွင်ခြေဆင်းထိုင်နေသော

ပုံရိပ်တစ်ခုတွေ့ရခြင်းကြောင့် ချက်ချင်းဒူးထောက်

၍ခေါင်းငုံလိုက်မိ၏ ။


”…အရှင်မင်းကြီးကို ကျွန်တော်မျိုး ဂါမဏိ

အရိုအသေပြုအပ်ပါတယ်.....”


”ငါကိုယ်တော် မောင်မင်းကို အနီးကပ်တွေ့ဖူး

ချင်နေတာ... ထပြီး ငါကိုယ်တော်အနား

တိုးလာခဲ့ပါ...”


”...မှန်လှပါအရှင်မင်းကြီး....”


ဂါမဏိ မှာဘုရင်ခွင့်ပြုချက်ကြောင့်ရှေ့သို့တိုး

လာရင်း ဘုရင်နဲ့မနီးမဝေးအကွာအရောက်

ခေါင်းငုံကာ ခစားလျက်ရှိနေ၏ ။


 ”...ငါကိုယ်တော်ကို မော်ဖူးစေ ဂါမဏိ

ငါကိုယ်တော်ခွင့်ပြုတော်မူတယ်... ”


 ဂါမဏိမှာဘုရင်ကြီးမှမော့ဖူးခွင့်ပေးလာ

သောကြောင့် တဖြည်းဖြည်းဖြင့်ခေါင်းမော့ကြည့်

လိုက်မိ၏ ။


ရှည်လျားကာအဖြူတဝက်အမဲတဝက်ရောနေသော ဆံပင်များကို ကျောတွင်ဖြန့်ချလျက်ကျယ်ပြန့်သော မဟာနဖူး၊

ထူထဲသောမျက်ခုံး အောက်မှစူးရှသော မျက်လုံးများ နှာတံပေါ်ပေါ် မေးရိုးကားကားနူတ်မွေးထူထူအောက်မှ မထူမပါးနူတ်ခမ်းများက ပြတ်သားသောစိတ်ကို

ပြသနေဟန် ခြုံပြောရလျင်ဘုရင်မင်းမြတ်ရုပ်သွင်

ကတည်ကြည်ခန့်ညား၍ ဘုရင်ဟူသောဂုဏ်ပုဒ်

ထည့်ပေါင်းပါကဘုရင်ကိုမြင်ရသူမည်သူမဆိုရှိန်ကုန်ကြမည်ဟု ဂါမဏိ တွေးနေမိ၏ ။


”..မောင်မင်းဟာ သမီးတော်အသက်ကို 

ကယ်ခဲ့တဲ့အပြင် ငါကိုယ်တော်ရဲ့အသက်ကို

ကယ်ခဲ့သူတစ်ယောက်ဖြစ်တယ် ဒီတော့

ငါကိုယ်တော်မောင်မင်းကို ကျွန်ပ်မင်းစည်းစိမ်

ကလွဲပြီး လိုရာဆုကိုတောင်းခွင့်ပေးဖို့ဆုံးဖြတ်

ထားတော်မူတယ် မောင်မင်းအလိုရှိရာတောင်း

ဆိုပါ... ”


ဘုရင်ကြီးစကားကတစ်ခြားသူများအတွက်ဆိုလျင်

မက်မောစရာကောင်းလွန်းလှ၏ ။ ရာထူး၊စည်းစိမ်

ဥစ္စာ၊ရွေငွေကြိုက်ရာတောင်းနိူင်သောအခွင့်အရေး

ကဂါမဏိရှေ့တွင်ရှိပြီမဟုတ်လား ။


ဂါမဏိမှာ တသက်တကိုယ်မရဖူးသော အခွင့်

အရေးများသူရှေ့ခနအတွင်းရောက်လာ၍ သူတပ်မက်စိတ်ကူးယဉ်ခဲ့သောစစ်သူကြီးရာထူး၊

သူတိတ်တခိုးစိတ်ဝင်စားမိရသော နန္ဒမာလာ၊

ဆင်းရဲစွာအနှိမ်ခံဘဝဖြင့် ကြီးပြင်းလာရမူကြောင့်

ထိုအရာများထဲမှတခုကိုဖွင့်ဟလိုက်သည်နဲ့သူ့

လက်အတွင်းရောက်ရှိနိူင်ပြီဖြစ်၏။


သို့ရာတွင်... ။

ဂါမဏိတွလျို့ဝှက်သောစိတ်ကူးတခုရှိနေခြင်း

ကြောင့်ထိုဆန္ဒများကို မြိုသိပ်ထားလိုက်ရတော့၏ ။


”… အရှင်မင်းကြီးပေးအပ်သနားတဲ့ဆုကို

ယခုမတောင်းလိုပါ နောက်တချိန်ကျွန်တော်မျိုး

လိုအပ်ချိန်တောင်းပါ့မယ်...”


” ကောင်းပြီ ဂါမဏိ..မောင်မင်းတောင်မဲ့အချိန်ကျ


ငါကိုယ်တော့ဖြည့်ပေးပါ့မယ်... ဒါနဲ့ မောင်မင်းရဲ့


ဇာတိ မိဘမျိုးရိုးများကရော ဘာဇာခေါ်ပါလဲ...”


ဂါမဏိမှထိုမေးခွန်းကြားချိန် စိတ်အတွင်းဒေါသ

လိူင်းတပိုးများရိုက်ခတ်လျက်ရှိနေ၏ ။

သူအတွက် ယခုအချိန်မှာ လမ်းဆုံတခုတွင်ရောက်

နေသူလိုခံစားနေရမိ၏ ။


ဂါမဏိမှာဒေါသစိတ်ကိုကြိုးစားထိန်းချုပ်နေရင်း

အတန်ငယ် ငြိမ်သွားမှ.....


”..အရှင်မင်းကြီး ဟိုးအရင်အချိန်တခုက 

စန္ဒကူးမြို့စောင့်တပ်မှူး သူရဗလကိုသိပါသလား

အရှင်မင်းကြီးကိုတော်လှန်ပုန်ကန်သူအဖြစ်လူစည်

ရာအရပ်မှာကြိုးပေးသတ်ဖြတ်ခဲ့တဲ့ သူရဗလ ရဲ့

သား ဂါမဏိ ဆိုတာကျုပ်ပါ ပဲ အရှင်မင်းကြီး....”


ဂါမဏိမှာထိုစကားပြော၍ဆုံးသည်နဲ့ ဘုရင်ကြီးအနီးအရိပ်တခုလိုလျင်မြန်စွာတိုးကပ်

၍ အနားတွင်ချထားသော သန်လျက်ကိုကောင်ယူ

၍ဘုရင်လည်ပင်းကိုတေ့ထားလိုက်တော့၏ ။


”… လူပ်မယ်.. အော်မယ်လို့ မကြိုးစားပါနဲ့ အရှင်

မင်းကြီးတခုခုလုပ်ဖို့ကြံတာနဲ့ ကျွန်တော်မျိုးလက်က သန်လျက်က အရှင်မင်းကြီး လည်ချောင်းသွေးကိုဖောက်သောက်

ရပါလိမ့်မယ်...”


”....ငါကိုယ်တော်မကြောက်ဘူး ဂါမဏိ အခုဒီနေရာကိုခေါ်လိုက်တာကလည်း ဂါမဏိ ရဲ့

နောက်ကြောင်းကို သိရဖို့ အသက်နဲ့လောင်းကြေး

ထပ်ခေါ်လိုက်တာပါပဲ.....”


....ဘယ်လို...ဘယ်လို.......


ဂါမဏိမှာ သူလုပ်ရပ်ကြောင့်ဘုရင်ဖြစ်သူထိတ်လန့်တကြား

ဖြစ်သွားမည်ထင်မိသော်လည်း ရာဇအိနြေ္ဒတချက်

မညိူးပဲအေးဆေးတည်ငြိမ်စွာရှိနေမူကြောင့်

အံ့အြသင့်မိရတော့၏ ။


ဘုရင်မင်းမြတ်ပုံစံက ယခုလိုအခြေအနေမျိုးကို

ကြိုတင်တွက်ဆထားဟန်ရှိ၏ ။


 ဘုရင်မင်းမြတ်၏ မတုန်မလူပ်အမူအယာကြောင့်

ဂါမဏိသာအံ့အြစိတ်ဖြင့်တုန်လူပ်သွားမိရတော့၏။


”..သိပ်ကြီးလည်းမအံ့အြပါနဲ့ ဂါမဏိ

ညီတော်စက္ကဒေဝက ငါကိုယ်တော်ကိုလုပ်ကြံဖို့

လူပေါင်းများစွာလွတ်ဖူးပါတယ်....

ငါကိုယ်တော်မောင်မင်းကိုစမ်းသပ်ရခြင်းက

မောင်မင်းကိုအစပထမ စက္ကဒေဝလူအဖြစ်

သံသယဝင်မိပေမယ့် မောင်မင်းဟာ စက္ကဒေဝ

လွတ်လိုက်တဲ့လူတွေကိုလည်းတိုက်ခိုက်ပြီး

ငါကိုယ်တော်ကိုနှစ်ကြိမ်နှစ်ခါကယ်ပြန်တယ်.....

မောင်းမင်းဟာ ဘယ်ဖက်ကရပ်တည်နေသူဆိုတာ

ငါကိုယ်တော်တွေးလို့မရဘူး...

ဒီတော့ ဂါမဏိ မောင်မင်းနဲ့ငါကိုယ်တော်ကြား

အလောင်းအစားတခုလုပ်ရအောင်....”


”...ကျွန်တော်မျိုး အရှင်မင်းကြီးပြောတာ နားမလည်ဘူး ကျွန်တော်မျိုးသိလိုတာက

အရှင်မင်းကြီး ကျွန်တော်မျိုးဖခင်ကို သတ်မိန့်

ပေးခဲ့မပေးခဲ့ သိလိုတယ်.။..”


”...ဆန္ဒမစောပါနဲ့ ဂါမဏိ ငါကိုယ်တော် အားလုံးအမှန်ပြောပေးပါမယ်

တကယ်လို့ ငါကိုယ်တော် ပြောတာလက်မခံခဲ့ရင်

သတ်ပါ ၊မောင်မင်းဟာ ငါကိုယ်တော်အသက်ကို

ကယ်ထားသူမို့အသက်ပြန်ပေးဖို့ဝန်မလေးပါဘူး

ငါကိုယ်တော်ကိုသတ်ပြီးရင်လည်း ဘေးမသီရန်မခ ဒီကထွက်သွားလို့ရအောင်ပြု

လုပ်ပေးပါမယ်.. ..ဒါပေမယ့်တခုတော့လုပ်ပေးပါ...”


”..ကျွန်တော်မျိုးဘာလုပ်ပေးရမှာပါလဲ အရှင်မင်းကြီး...”


ဂါမဏိမှာဘုရင့်လည်ပင်းကိုသန်လျက်တင်ပြောနေရသော်လည်း မလေးမစားမပြောဝံ့ပဲ ရိုသေစွာ

ပြောဆိုနေမိသလို ၊ ဘုရင်မင်းကြီး၏ စိတ်ဝင်စား

ဖွယ်ရာအပေးအယူကို အဆုံးထိနားထောင်လိုစိတ်

ပြင်းပြနေ၏ ။


”...ငါ့ကိုယ်တော်စကားလက်မခံရင်ငါကိုယ်တော်

ကိုသတ်ပါ.. ၊ ဒါပေမယ့် ပြည်သူတွေဒုက္ခမရောက်

အောင် စက္ကဒေဝနဲ့ ကျုးကျော်လာတဲ့တရုတ်တွေကို မောင်းထုတ်ပေးပါ

လို့ ကတိတောင်းချင်ပါတယ်။...”


ဂါမဏိမှာဘုရင်မင်းမြတ်စကားကြားရချိန်သူ့လုပ်ရပ်မှားနေပြီလားဟုပင်သံသယဝင်မိရတော့၏ ။


အသက်ဘေးနဲ့တွေ့နေရချိန်မိမိအသက်ဘေးမစိုး

ရိမ်ပဲတိုင်းသူပြည်သားများအတွက်စိုးရိမ်ပေးနေသောစိတ်ဓတ်ကလေးစားစရာကောင်းလွန်းနေခြင်း

ကြောင့် ဘုရင့်စကားအတိုင်းလိုက်လုပ်ရန်

ဆုံးဖြတ်ချက်ချမိတော့၏ ။


”..ကျွန်တော်မျိုး အရှင်မင်းကြီး ပြောလာတဲ့အချက်တွေကို လက်ခံပါတယ်။..”


” စကားမဆုံးသေးဘူး ဂါမဏိ.. တကယ်လို့

ငါကိုယ်တော်စကားကိုလက်ခံယုံကြည်တယ်ဆိုရင်

ငါကိုယ်တော်ဆီသစ္စာခံရမယ်...အမူတော်ထမ်းရမယ်. ”


...ဟင်....


ဂါမဏိ ရင်အတွင်းအမျိုးအမည်မသိဖော်ပြရန်ခက်

သော ခံစားမူဖြင့်တုန်လူပ်သွားမိ၏ ။

မိမိအသက်ကိုသတ်ရန်ကြံစည်သူတစ်ယောက်

ကိုပင်ခွင့်လွတ်၍ အမူတော်ထမ်းခိုင်းသောမြင့်မြတ်

သော ဘုရင်မင်းမြတ်စိတ်ဓတ်ကို ကိုယ်တိုင်ကြုံရ

သောအခါ သူ့ရင်ထဲမှအကြိတ်အခဲဒေါသမှာလွင့်ပျယ်၍ 

တစ်စုံတခုလွဲချော်နေခြင်းလားဟူ၍စတွေးနေမိတော့၏ ။


ထို့ကြောင့်.....။


”...ကျွန်တော်မျိုး အရှင်မင်းကြီး ကမ်းလှမ်းမူကို

လက်ခံပါတယ်။.. ”


” ကောင်းပြီ...။ မောင်မင်းဖခင်အကြောင်းမစခင်

ငါကိုယ်တော်အကြောင်းကအရင်စပြောရလိမ့်မယ်...။

ညီတော်ဟာ စကားပြောချိုတယ် ၊ဟန်ဆောင်ကောင်းတယ်၊ 


လူတွေယုံလောက်အောင် လှည့်ဖျားပြောတတ်တာ

တဖက်ကမ်းခပ်တော်တယ်..။


ခမည်းတော်နတ်ရွာစံပြီးထီးနန်းလွဲအပ်ခံရသူငါကိုယ်တော်နန်းတက်တော့ သူဟာ ကြိတ်မနိူင်

ခဲမရ သူထီးနန်းမရဆိုပြီး ဒေါသဖြစ်တယ်။ 

ဒါပေမယ့် အပြင်ပန်းမှာတော့ သူဟာဒေါသကိုဖော်မပြဘူး ၊ တိတ်တဆိတ် နန်းတော်ကလူတွေကိုစုရုံးတယ်၊ မြို့စားနယ်

စားတွေကို ရာထူး၊အာဏာ၊ငွေကြေးသုံးပြီးဖျား

ယောင်းတယ်။


သူဟာ တရုတ်ပြည်ကဆက်သလာတဲ့မင်းသမီးတပါးက

မွေးဖွားလာတကြောင့် မိခင်အကူအညီနဲ့ တရုတ်တပ်တွေကိုပါ အကူအညီအတွက်ချိတ်ဆက်နေတယ်။


အဲဒီချိန်က ငါကိုယ်တော်ဟာ တိုင်းရေးပြည်ရေး

အခြေအနေစီမံကွပ်ကဲနေရတဲ့ကာလမို့သူ့အကြံအစည်တွေနောက်ကျမှသိရတယ် ငါကိုယ်တော်အချိန်မှီအုပ်စီးနိူင်လို့သာ သူ့အကြံအစည်အထမမြောက်နိူင်ခဲ့ဘူး။


ငါကိုယ်တော်ဟာ သူ့ကိုညီအစ်ကိုသံယောဇဉ်ကြောင့် သေဒဏ်မပေးပဲမင်းနေပြည်တော်တသက်လုံး

ခြေမချရဖို့နယ်နှယ်ဒဏ်ပေးခဲ့တယ်။


ညီတော်က ငါကိုယ်တော်ကိုသူမှားကြောင်းတဖွဖွ

တောင်းပန်ပြီး မင်းနေပြည်တော်ကထွက်ခွာသွား

ပေမယ့် နန်းတော်တွင်းက သူ့သစ္စာခံတချို့ကိုပါ

ခေါ်သွားပြီး နယ်စပ်ဒေသဖက်ထွက်သွားတယ်။


သူနောင်တရပြီးငြိမ်သွားပြီထင်ပေမယ့်တကယ်သူ

ဟာစခန်းအခိုင်အမာဆောက်နယ်စပ်ဒေသတလျောက်မြို့ရွာတွေက မြို့စားနယ်စားတွေကိုဖျား

ယောင်းတယ် သူ့လက်အောက်မဝင်သူတွေကို

တဖက်လှည့်သတ်ပစ်တတ်တယ်။

မောင်မင်းဖခင်ဟာ ငါကိုယ်တော်ကိုသစ္စာစောင့်

သိသူမို့ သူမို့ သူလူတွေနဲ့တဖက်လှည့်ညဏ်ဆင်ပြီး၊

ဘုရင်ကိုပုန်ကန်သူအဖြစ်သတ်လိုက်တာပါပဲ။


.....ဟင်...


ဂါမဏိ မှာဘုရင်မင်းမြတ်စကားကြားလိုက်ရချိန်

တုန်လူပ်သွား၍သူ့လက်မှသန်လျက်ပင်လွတ်ကျမလိုဖြစ်သွားရမိ၏ ။

သူကြားခဲ့ရသောအကြောင်းအရာမှယခုနေရာတွင်

ကွဲလွဲနေသောကြောင့်ဖြစ်၏ ။


ဘုရင်မင်းကြီးကသူ့စကားကိုပြန်ဆက်လာ၏။


”...တကယ်သာ မောင်မင်းဖခင် ငါကိုယ်တော်ကို သစ္စာဖောက်ခဲ့ရင် တဆွေလုံးတမျိုးလုံးတမျိုးလုံး

မင်းပစ်မင်းဒဏ်သင့်သတ်ခံရမှာပေါ့..

မောင်မင်းတောင်ခုအရွယ်ရောက်လာမှာ မဟုတ်ဘူး... ကဲ.. ဂါမဏိ... ငါကိုယ်တော်စကား

ကိုမယုံရင်သတ်လိုကသတ်ပါ၊ ယုံကြည်တယ်ဆိုရင် သစ္စာတော်ခံ အမူထမ်းပါ။...”


ဂါမဏိခေါင်းတခုလုံးခြာခြာလည်နေသလိုခံစား

နေရမိ၏ ။

စက္ကဒေဝပြောသလို ဘုရင်မှာတိုင်းပြည်တွင်ဆိုး

ယုတ်သော ဘုရင်တပါးအဖြစ်ရှိနေကာ ဖခင်ကို

သေဒဏ်ချခဲ့သူလား....?


ဘုရင်မင်းကြီး ပြောသလို စက္ကဒေဝမှာသူ့သစ္စာမခံ

သောဖခင်ဖြစ်သူကိုသတ်ခြင်းလား....?


ဂါမဏိတွေး၍မရအောင်ဖြစ်နေပါတော့၏ ။


ထို့နောက်....။


ဘုရင်လည်ပင်းတွင်တေ့ထားသော သန်လျက်

ကိုပိုင်းဖြတ်မည့်ဟန်မြောက်လိုက်၏ ။


ဘုရင်ကြီးမျက်လုံးများကိုခနကြည့်မိရာ ကြောက်လန့်မူမရှိပကတိတည်ငြိမ်နေ၏ ။


သံလျက်ကိုင်ထားသောလက်ကိုလွဲယမ်း၍မာန်

သွင်းအော်လိုက်သော ဂါမဏိ အသံထွက်လာပါ

တော့၏ ။


.........ယား.........


==========================

၁၈-ဆက်ရန်


rate now: