book

Index 16

အပိုင်း(၁၆)

မာရ်နတ်မင်းစစ်သူကြီး  

     ================


      ဘုရင့်နန်းတော်ကြီးမှာ လရောင်အောက်

တွင်လှပခံ့ထည်စွာဖြင့် ငြားစွင့်စွာရှိနေသည်။

     နန်းတော်တည်ရှိရာနေရာအား မြင့်မားသော

တံတိုင်းကြီးများဖြင့်လေးဖက်လေးတန်ကာရံ

ထားသလို နံရံအနီးအလွယ်တကူချည်းကပ်မရ

စေရန်ကျုံးများပတ်လည်ပြည့်တူးထား၏ ။ 

 ထို့အပြင် နံရံအထက်တွင် အရပ်မျက်နှာ

အတွက် သရဲခိုဟုခေါ်သော ကင်းမျော်စင်

ထားရှိကာ နေ့ညမပြတ်အလှည့်ကျစောင့်ကြပ်

နေသော ရဲမက်များကရှိနေသည် ။


      အကယ်၍ နန်းတော်အတွင်းသို့ 

တံခါးမှမဝင်ပဲ တခြားနေရာမှ ခိုးဝင်မည်ဆိုပါ

ကလွယ်ကူသောကိစ္စကားမဟုတ်ပေ။


   ပထမဆုံးဖြတ်သန်းရမည့်အခက်အခဲမှာ

ကျုံးပင်ဖြစ်သည် ။


    နံရံဖြင့်ကပ်လျက်ပတ်ချာလည်လေးမျက်နှာတွင်

အတောင် ၄၀မျ အကျယ်

တူးထားသောကျုံးတွင် ရေများမပြတ်တမ်းပြည့်နေ

စေရန် စီမံထားပြီး ထိုရေထဲတွင် မိကျောင်းများ

ကိုလည်းမွေးမြူထားသေး၏ ။


   အကယ်၍ ကျုံးအားဖြတ်လာနိူင်ပါကလည်း

မြင့်မားသောနံရံကိုတွယ်တက်ရအုံးမည်ဖြစ်ကာ

စောင့်ကြပ်နေသော အစောင့်ရဲမက်များကိုလည်း

သတိထားရအုံးမည်ဖြစ်သည် ။

    အနောက်ဖက်ကင်းမျော်စင်တွင်တာဝန်ကျသော

ကင်းစောင့်ရဲမက်မှာ အပေါ်စီးမှစီးမိုး၍ မြင်နေရ

သောပတ်ဝန်းကျင်အား အခါမပြတ်လှည့်ပတ်

ကြည့်ရင်းညနက်လာသော် ပျင်းရိငြီးငွေ့လာသည်။


   သူကား ပထမအသုတ်ကင်းသမားနဲ့

တာဝန်ချိန်းထားသောကင်းသမားဖြစ်သည်။

   အစောပိုင်းအချိန်အိပ်စက်ထားသော်လည်း

အိပ်ရေးမဝသောကြောင့် အိပ်ငိုက်နေသလို

ထူးခြားမူမရှိသော အခြေအနေကြောင့်လည်း

 စိတ်ချလက်ချ ငိုက်မျည်းလျက်ရှိ၏ ။


    ထိုအချိန်တွင် ထိုကင်းသမားတာဝန်ကျရာ

နံရံအောက်ခြေမှရေသည် ရေနွေးကဲ့သို့ တပွက်ပွက် ဆူပွက်လာ၏ ။


     တဆက်တည်းအနက်ရောက်အခိုးအငွေ့များ

သည်နန်းတော်အတွင်းသို့ ခြုံလွမ်းဝင်ရောက်

လာသည်။


   ငိုက်မျည်းနေသောကင်းသမားမှာ

အနက်ရောင်အခိုးအငွေ့ထဲမှ စိမ်းရွေရွေရနံကို

ရူရိူက်မိပြီးတပြိုက်နက်လုံးဝအိပ်ပျော်ခြင်းသို့

ရောက်သွားတော့သည် ။


   ထို့အတူ နန်းတော်အတွင်းဖက်ဝင်းအတွင်း

လှည့်လည်နေသောကင်းသမားများမှာလည်း

ထိုရနံ့ကိုရူရိူက်မိသည်နဲ့ နေရာမှာပင်

ပျော့ခွေလျက် အိပ်ပျော်ခြင်းသို့ရောက်ကုန်ကြတော့သည် ။


...ဝုန်း...


ဆူပွက်နေသော ရေအတွင်းမှ ဝုန်းကနဲရေအား

ထိုးခွဲလျက် အပေါ်သို့မြောက်တက်လာသော

အရာတစ်ခုသည် နံရံထိပ်သို့ လွားခနဲခုန်တက်လိုက်သည် ။


 ရေစက်တဖွားဖွား

ကျကာကြောက်မက်ဖွယ်ရာရုပ်သွင်ဖြင့် တင်းပုတ်ကြီးကိုလက်တဖက်ဖြင့်ကိုင်စွဲထား

သောမြေဖုတ်ဘီလူးပင်ဖြစ်သည် ။


    မြေဖုတ်ဘီလူးကြီးသည်နန်းတော်ရှိရာသို့

မျက်မှောင်ကြုတ်ကာကြည့်လိုက်ရင်း နံရံပေါ်မှအတွင်းဖက်သို့လခုန်ချလိုက်တော့သည် ။


    ..ချွင်....ချွင်.   ..ချွင်....ချွင်....ချွင်....


   အဝေးဆီမှ ကြိုးစများသည် နံရံထိပ်သို့

ပြေးလွားဝင်ရောက်လာရင်း ကြိုးထိပ်တွင်တပ်

ထားသော ချိတ်ကောက်များက နံရံတွင် ချိတ်မိသွား၏ ။ 


     ထိုကြိုးများအားအပြင် တဖက်ကျုံးထိပ်မှ

ဒတ္တာအပါအဝင်စုစုပေါင်းလူဆယ်ယောက်ပစ်

လိုက်ကြခြင်းဖြစ်၏ ။

ချိတ်ကနံရံတွင်ချိတ်မိသည်ဆိုသည်နဲ့ ကိုင်ထား

သောကြိုးစအား သစ်ပင် ပင်စည်များတွင်း ကြိုးအား တင်းနေအောင်ဆွဲလျက် ချည်နှောင်

လိုက်ကြသည်။ 


 ထို့နောက် ထိုကြိုးများမှတစ်ဆင့် မျောက်များကဲ့သို့

တွဲလွဲခိုလျက်နံရံသို့တွယ်တက်၍ အပေါ်ရောက်သောအခါ ခါးတွင်ပတ်ချည်ယူလာသော ကြိုးအပိုကို

ဖြေကာ နံရံတွင်ချိတ်ဖြင့်ချိတ်ကာ အောက်သို့

လျောဆင်းသွားကြသည် ။ 


     ယခုနေရာတွင် ဒတ္တာတို့အဖွဲ့ အမှားအယွင်းမရှိ ကျင်လည်စွာပြုလုပ်နိူင်သော

အကြောင်းအရင်းမှာ စက္ကဒေဝထံမှ နန်းတော်တည်ဆောက်ပုံ မြေနေရာအကြောင်း

ကြိုတင်သိထားခြင်း ။ 


    အထက်တွင်ဖော်ပြသကဲ့သို့ ကြိုးချိတ်ပစ်ခြင်းကို အကြိမ်ကြိမ်အဖန်ဖန် 

လေ့ကျင့်ထားမူတို့ကြောင့်ဖြစ်၏ ။


   ဒတ္တာဆရာဖြစ်သူအကူအညီဖြင့် မြေဖုတ်ဘီလူးကိုခေါ်ဆောင်လာသလို၊ အိပ်ငွေ့ဆေးမူန့်များမီးရိူ့ လွတ်ထားခြင်းကလည်း

ဒတ္တာတို့လုပ်ငန်းစဉ်အတွက် အထောက်အကူ

ဖြစ်စေ၏ ။


  ယခုမူကားနန်းတော်ပတ်ချာလည်တွင်ကင်းလှည့်

နေသော ရဲမက်များမှာ နေရာတွင်ခွေခေါက်လဲကျ

ကုန်သောကြောင့် ဒတ္တာတို့လူစုမှာ    နန်းတော်

အနီးသို့ အလွယ်တကူတိတ်တဆိတ်ချည်းကပ်

လာကြတော့၏ ။  


 ဒတ္တာမှာ စက္ကဒေဝ ပြသထားသောမြေပုံကြမ်းအရ

ဘုရင့်အိပ်စရာ နန်းဆောင်သို့ချည်းကပ်လာနေတော့၏ ။


နန္ဒမာလာတစ်ယောက်လေသာပြတင်းပေါက်ကို

ဖွင့်၍ ထိန်ထိန်သာနေသောလမင်းကြီးကိုကြည့်

နေသော်လည်းအတွေးရေယဉ်ကြောမှာ ဂါမဏိ

ထံရောက်နေမိတော့၏ ။


 ငယ်ရွယ်စဉ်အချိန်ကတည်းက ယောက်ကျား

လေးများသာ သင်ယူလေ့ရှိသော မြင်းစီး၊မြှားပစ်

တိုက်ခိုက်ရေးပညာရပ်များကိုသာစိတ်ဝင်စား၍

တော်ဝင်မင်းသမီးတပါးအဖြစ်အလှမာန်ကြွယ်

ဂုဏ်မောက်နေခြင်းမရှိ ၊ ထိုပညာရပ်များကိုသင်

ယူခွင့်ရရေး ဖခင်ဘုရင်မင်းမြတ်ထံအကြိမ်ကြိမ်

တောင်းဆိုကာ သင်ကြားခဲ့သူဖြစ်၏ ။


  ကျားဆိုးတစ်ကောင်သောင်းကျန်းနေသည်ဟူ

သောသတင်းကိုကြားရချိန် အများပြည်သူဒုက္ခ

မရောက်ရေး ကျားဆိုးကိုနှိမ်နှင်းရန် ဖခင်ကို

အခွင့်တောင်းပါကခွင့်မပြုမည်စိုး၍တိတ်တဆိတ်

ကျားဆိုးကြီးကိုနှိမ်နှင်းရန်နန်းတော်မှခိုးထွက်

ခဲ့မိ၏ ။


 ကျားဆိုးသောင်းကျန်းရာနယ်မြေသို့သတင်းစုံ

စမ်း၍ တကယ်တမ်း ကျားဆိုးကြီးနဲ့ရင်ဆိုင်ရချိန်

နန္ဒာမာလာအတွက် သူမစိတ်ကူးထားသလို

ကျားဆိုးကြီးကို အလွယ်တကူအနိူင်မယူနိူင်

သည့်အပြင် ကျားဆိုးကြီးကြောင့်အသက်ဆုံးရူး

ရမည့်အရေးနဲ့ပင် ရင်ဆိုင်နေရချိန် မမျော်လင့်

မျက်နှာကိုဖုံးကွယ်ထားသူတစ်ယောက်ကယ်

တင်မူကြောင့်ပထမအကြိမ်လွတ်မြောက်ခဲ့ရသလို။


နန်းတော်ပြန်ရာလမ်းတွင် သူမနန်းတော်မှခိုးထွက်ခြင်း သတင်းကိုကြိုရ

၍ရှာဖွေနေဟန်တူသော အဖွဲ့တဖွဲ့နဲ့ ထိပ်တိုက်

တိုး၍ တိုက်ခိုက်ရင်းအရေးနိမ့်နေချိန် ကျားဆိုးကို

ရင်ဆိုင်ပေးသူပေါ်လာကာ သူမကိုနောက်တကြိမ်

ကယ်တင်ပေးပြန်၏ ။


သူမသတိလစ်မေ့မြောရာမှသတိပြန်ရချိန်

ဒဏ်ရာကို ကုသပေးရန်ဆေးမြစ်သွားရှာလာသော

ထိုသူကိုဓားဖြင့်

ထောက်၍ထိုလူအားစစ်မေးမိ၏ ။


မည်သူကိုမျမယုံကြည်ရသောအခြေအနေမို့

ရှေ့နောက်မစဉ်းစားမိပဲလုပ်မိသော ကိစ္စမျိုးပင်။


ကျေးဇူးရှင်ကိုကျေးစွတ်မိသောလုပ်ရပ်မျိုးသူမကျုး

လွန်မိခဲ့၏ ။ 


သူမလုပ်ရပ်များအတွက် အစပထမ ထိုလူမှာဒေါ

သထွက်ဟန်တူနေသောလည်း နန္ဒာမလာတောင်း

ပန်ချိန်မနေတတ်မထိုင်တတ်စွာ ခွင့်လွတ်ကြောင်း

ဆိုလာပြန်၏ ။.


နန္ဒာမာလာမှာထိုလူ၏ယောက်ကျားကောင်းစိတ်ဓတ်ကိုလေးစားမိရသလို၊အနက်ရောင်ခေါင်းဆောင်းကြီးဖြင့်မျက်နှာကိုတ

ချိန်လုံးကွယ်ထားသောထိုလူအကြောင်းစိတ်ဝင်

စားမိရပြန်၏ ။


ကျားဆိုးကြီးကိုရင်ဆိုင်စဉ် လျင်မြန်လွန်းသော

လူပ်ရှားမူ၊ တိကျသောဓားချက်များကိုမျက်စိတမှိတ်

လျပ်တပျက်အတွင်းထုတ်သုံးနိူင်သလို၊

ရန်သူများနဲ့ရင်ဆိုင်ရချိန်တွင်လည်း ဓားကိုပင်မထုတ်ပဲအနိူင်ယူနိူင်ပြန်သည်။


မျက်နှာတွင်ဒဏ်ရာဒဏ်ချက်တခုကြောင့်ဖုံးကွယ်

ထားသည်ထင်သော်လည်း တကယ်တမ်းမျက်နှာ

ကိုပြချိန်ထင်သလိုမဟုတ်ပြန်ချေ။ 


လူဆိုးသူခိုးမဖြစ်နိူင်မှန်းစိတ်အတွင်းသိနေသော်

လည်းထိုလူတွင်နောက်ကွယ်တွင်လျို့ဝှက်ချက်

တခုခုရှိမှန်းတော့ရိပ်မိလိုက်၏ ။


 ယခုအချိန်ကာလတွင်နန်းတော်တွင်ထိုကဲ့သို့

အရည်အခြင်းရှိသူမျိုးလိုအပ်သောကြောင့်နန်း

တော်သို့ခေါ်ရန်ဆုံးဖြတ်၍ခေါ်လာရာလမ်းတလျောက်တွင်လည်းသူမအပေါ် နှမလေး သဖွယ်

စောင့်ရှောက်၍ မရိုးမသားအရိပ်တစ်စုံတရာမပြပေ။


ထိုလူအရည်အခြင်းများ၊ကောင်းကွက်များမှာ

ထိုမျနဲ့ရပ်မသွား နန်းတော်တွင် ကျွမ်းကျင်မြင်း

ထိန်းများပင်ထိန်းများပင်ထိန်းချုပ်မရသော

ငနက်ကျော်ကို မြင်းလိမ္မာလေးတစ်ကောင်အဖြစ်

အချိန်တိုအတွင်းထိန်းချုပ်ပြသလို၊

ဖခမည်းတော်မှာလည်း ထိုလူကြောင့်သာမြှားသင့်

မည့်အရေးမှလွတ်ကာ အသက်ဘေးမှလွတ်မြောက်ရတော့၏ ။


ယခုဆိုလျင်ထိုသူမှာ သူမအသက်နဲ့ဖခင်အသက်

ကိုကယ်ပေးသောကျေးဇူးရှင်ဖြစ်နေပြီဖြစ်၏ ။


နန္ဒာမာလာမှာ ဂါမဏိအကြောင်းတွေးနေချိန်မည်

သည့်ယောက်ကျားတစ်ယောက်အပေါ်တွင်မှမခံ

စားဖူးသော ခံစားမူအသစ် ရင်သည်တငြိမ့်ငြိမ့်ခုန်

လျက်ဖြင့်ရှိနေတော့၏ ။


နန္ဒာမာလာတစ်ယောက်အိပ်မပျော်နိူင်ပဲ လေသာ

ပြတင်းဝယ်အတွေးများဖြင့်ရှိနေစဉ်တိုက်ခတ်လာသောလေနဲ့အတူ သူမ နှာခေါင်းအတွင်းစိမ်းရွေရွေရနံ့များ ရနံ့များရူရိူက်

မိကာနေရာတွင် ပုံလျက်သားလဲကျ၍ အိပ်ဆေး

ငွေ့မိသွားတော့၏ ။


နန္ဒာမာလဲကျပြီးမရှေးမနှောင်းမှာပင် နန္ဒာမာလာ

ရှိနေရာတပင်တိုင်စံနန်ဆောင်ပေါ်သို့ ကြောက်မက်ဖွယ်ရာ အဆင်းသဏ္ဏန်ရှိသော

အကောင်ကြီးတစ်ကောင်တွယ်ကပ်တက်လာ၏။


ဒတ္တာဆရာဖြစ်သူလွတ်ထားသောမြေဖူတ်ဘီလူး

မှာအိပ်ဆေးငွေ့မိနေသော နန္ဒာမာလာကိုစွေ့ခနဲ

ပခုံးပေါ်ဝမ်းလျားမှောက်တင်လိုက်ရင်း လှေသာ

ဆောင်မှတဆင့်တွယ်ဖက်၍အောက်သို့ဆင်း

သွားတော့၏ ။


  ထိုအချိန်...။


နန္ဒာမာလာနဲ့တွေ့ဆုံပြီးပြန်လာသောဂါမဏိတစ်

ယောက်မှာ အိပ်ယာပေါ်ဘယ်ညာလူးလှိမ့်၍

အိပ်မပျော်နိူင်ပဲအတွေးများဖြင့် ရှိနေစဉ် 

သူ့တစ်ကိုယ်လုံးမှသွေးများ ဖျဉ်းခနဲဖြစ်သွားကာ အန္တရယ်ကြုံတွေ့မည့်အရိပ်အခြေအနေများ စိတ်အတွင်းအလိုလိုခံစားနေမိ၏ ။


ထိုခံစားမူမှာ ဟိုးယခင်က မခံစားဖူးပေ ။ မျက်လုံးအတွင်း သွေးနီရောင်ကြီးများ ဖျတ်ခနဲ၊

ဖျတ်ခနဲ မြင်နေရမိ၏ ။


ဂါမဏိပင်သူ့အခြေအနေကိုသူနားမလည်နိူင်အောင်ရှိနေကာ စိတ်သည် ချုပ်ထိန်းမရကမူးရူးထိုး

ဖြင့်သူနားနေရာအဆောင်မှ အပြင်သို့ပြေးထွက်

ခဲ့မိတော့၏ ။ 

 

ဂါမဏိစိတ်သည် ထိန်းချုပ်ရခက်စွာ ရန်သူတစ်

ယောက်ကိုရင်ဆိုင်တွေ့ရမည့်တော့အလားရှိနေစဉ်

သူ့ရှေ့ခပ်လှမ်းလှမ်းတွင် လရောင်အောက်တွင်

လျို့ဝှက်စွာလူပ်ရှားနေသော လူရိပ်များကို တွေ့လိုက်ရတော့၏ ။

    

 နန်းတော်အတွင်းမှလူများဆိုပါကထိုကဲ့သို့လျို့ဝှက်

လူပ်ရှားမည်မဟုတ်မှန်းသိလိုက်သောကြောင့်ထိုနေရာသို့ပြေးလွားသွားမိရာ လမ်းတွင်ကင်းလှည့် အစောင့်များ အစုံလိုက်အပြုံလိုက် လဲကျနေသော

ကြောင့်သူအထင်သေချာသွားရတော့၏ ။


လဲကျနေသောသူများကိုအနီးတိုးကပ်၍စစ်ဆေးကြည့်ရာ အိပ်ပျော်နေခြင်းဖြစ်ကြောင်းသိရကာ

လူပ်နိူးမရသောကြောင့် အိပ်ဆေးမိထားကြောင်း

တွေးလိုက်ရင်း အစောင့်အနီးမှ အဲမောင်းလှံတံတစ်ချောင်းကိုကောက်ယူလိုက်

ကာအဆောက်အဦးပေါ် တွယ်တက်နေသော

လူများအနီးသို့ နီးနိူင်သမျ နီးစေရန်တိုးကပ်၍

လှံတပစ်အကွာအရောက်တွင် ထိုလူစုထဲမှ

တစ်ယောက်ထံချိန်ရွယ်၍ ပစ်ချလိုက်တော့၏။


.....ဝှီး.....


....စွပ်......


....အား.....


အဆောင်ပေါ်တွယ်ကပ်နေသူများထဲမှ ကံဆိုးသူ

မောင်ရှင်တစ်ယောက်မှာကား အဲမောင်းလှံမှာ

နောက်ကျောမှဖောက်ကာ ဗိုက်မှဖောက်ထွက်သွား

တော့၏ ။

တိတ်ဆိတ်သော ညတွင် နာကျင်စွာအော်ဟစ်သံ

ကြီးက ဟိန်းထွက်လာတော့၏ ။


လှံတံထိမှန်သူမှာ အဆောင်ပေါ်တွယ်ကပ်နေရာ

မှခြေကားယားလက်ကားယားဖြင့်အောက်သို့ပြုတ်

ကျသွားတော့၏ ။


ဒတ္တာမှာမမျော်လင့်သောအခြေအနေကြောင့်

ခနမျ ကြောင်ငေးသွားမိ၏ ။ 


ဘုရင်စက်တော်ခေါ်ရာ ခန်းဆောင်သို့ဝင်ရန်ကြိုးစားနေချိန်သူ့အဖွဲ့သား

တစ်ယောက်နာကျင်စွာအော်ဟစ်၍ကြည့်လိုက်ရာ

လှံတံတစ်ချောင်းကျောမှဖောက်ဝင်၍အောက်သို့

ပြုတ်ကျသွားခြင်းနဲ့အတူ အဆောင်များအတွင်းမှ

မီးများလင်းလာသောကြောင့်အခြေအနေမဟန်

မှန်းရိပ်မိလိုက်၏ ။


”…အမြန်ဆုတ်... အမြန်ဆုတ်.....”


.....ဒူ...ဒူ...ဒူ.....ဒူ....


...ရန်သူ...ရန်သူ...နန်းတော်ထဲရန်သူတွေ

ရောက်နေပြီ....


 ဒတ္တာမှာ သူ့လူများကိုပြန်ဆုတ်ရန်ခပ်အုပ်အုပ်

အမိန့်ပေးသံအဆုံး လူပ်ရှားသံများနဲ့အတူ အချက်ပေးမောင်းသံတပ်လှန့်သံများကြားလိုက်ရကြောင့်ကမန်းကတန်းဆုတ်ပြေးကြတော့၏ ။


...ဝှစ်...ဝှစ်...ဝှစ်..ဝှစ်....ဝှစ်.....


....စွပ်.......စွပ်.......အား.....အား.....


မင်းကြီးအိပ်ဖန်ဆောင်ရှေ့စောင့်ကြပ်ရသောအတွင်းပိုင်းတွင်ရှိနေသောရဲမက်များနဲ့ တခြားသော

အိပ်ဆေးငွေ့မမိသော ရဲမက်များစုပေါင်းထားသော

အဖွဲ့မှာအော်သံထွက်ပေါ်လာသော မင်းကြီးခန်းဆောင်ရှေ့ရောက်လာကြပြီး ။


ထွက်ပြေးနေသော ဒတ္တာ တို့အဖွဲ့ထံ မြှားဖြင့်ဝိုင်းပစ်ရာ နောက်ကျန်နေသော အဖွဲ့သား

နှစ်ယောက်ကိုထိမှန်ကာ တစ်ယောက်မှာ ချက်ကောင်းထိမှန်ဟန်နေရာတွင်တုန့်ခနဲဖြစ်ကာ

လဲကျသွားသော်လည်းတခြားတစ်ယောက်မှာမူ

လက်မောင်းကိုသာထိမှဆက်လက်ပြေးလွားသွား

ရာရဲမက်များက ဒတ္တာတို့လူစုပြေးရာနောက်လိုက်

သွားကြ၏ ။


  ဂါမဏိမှာနေရာတွင်ရပ်လျက်ဖြင့်သာရှိနေ၏ ။

သူ့အနေဖြင့် ထိုသူများကိုဖမ်းဆီးရန် သူ့တာဝန်မဟုတ်ဟုခံယူချက်ကြောင့်လည်းရပ်

နေမိခြင်းဖြစ်၏ ။


”...မောင်ကြီး.....မောင်ကြီး....အကျိုးတော့နည်း


ကုန်ပြီထင်ပါရဲ့....အဟင့်. ...အဟင့်.....”


”..နှမလေး...သူဇာ...ဘာဖြစ်လို့လဲ.. 


ငိုကြီးချက်မနဲ့.....”


”..အဟင့်..အဟင့်..သခင်မလေး..သခင်မလေး


မရှိတော့ဘူးမောင်ကြီး...”


.....ဟင်.....


ငိုကြီးချက်မဖြင့် ပြေးလာသောသူဇာစကားကြောင့်

ဂါမဏိတယောက်ထူပူသွားသွားပြီး ရန်သူများပြေး

ရာနောက်တရှိန်ထိုးပြေးလိုက်ခဲတော့၏ ။


ဒတ္တာတို့လူစုမှာအခြေအနေမဟန်မှန်းသိ၍ထွက်

ပြေးလာကြရင်း သူတို့ဆင်းလာရာနေရာမှကြိုးများ

ကိုဆွဲလွဲခိုတက်၍ တဖက်နံရံမှတွယ်ဆင်းသွား

ကြ၏ ။


  နောက်မှလိုက်လာသောရဲမက်များမှာအုပ်နံရံအနီး

တွင်ရှေ့ဆက်တက်ရမလို၊ ရပ်နေရမလိုဖြင့်ရှိနေချိန် ဂါမဏိမှာ အုပ်နံရံအနီး

ရောက်လာပြီး တွဲလွဲကျနေသော ကြိုးများကိုကြည့်

၍အခြေအနေကို သဘောပေါက်နားလည်သွား၏ ။


ထို့နောက် ကြိုးတပင်ကိုဆွဲ၍အုပ်နံပေါ်တက်လိုက်ပြီးထိပ်တွင်ရပ်၍အပြင်ဖက်မှနေရာအနှံ့ကိုမျော်ကြည့်မိရာ

ခပ်ဝေးဝေးအရပ်ဆီတွင်တခုခုထမ်းပြီးပြေးနေဟန်

အရိပ်တစ်ခုကြောင့် အချိန်မဆိုင်းပဲ သွယ်တန်း

ထားသောကြိုးများကိုတွဲလွဲခို၍ တဖက်မြေပြင်တွင်

ခြေချမိသည်နဲ့တပြိုင်နက် သူမြင်တွေ့လိုက်ရသော

ပုံရိပ်ရှိရာသို့လေးညိူ့မှလွတ်သောမြှားတစ်စင်းသဖွယ်ပြေးလွားလိုက်လေတော့၏ ။


ဒတ္တာဆရာဖြစ်သူမှာ မြေဖူတ်ဘီလူးကို အသက်သွင်းရာနေရာတွင်ရပ်စောင့်လျက်ရှိနေ၏ ။


နန္ဒာမာလာအားဖမ်းယူလာသောမြေဖူတ်ဘီလူး

ရောက်ပြီးမရှေးမနှောင်းမှာပဲ အသက်လုပြေးလွား

လာကြသော ဒတ္တာတို့လည်းရောက်ရှိလာကြတော့၏ ။


မြေဖူတ်ဘီလူးမှာ အိပ်ဆေးငွေ့မိနေသော နန္ဒာမာလာကို ဒတ္တာ ဆရာရှေ့မြေပြင်တွင်

ချထားလိုက်၏ ။


”..ဘယ်လိုလဲ တပည့်အကြံအစည်အောင်မြင်

ခဲ့ရဲ့လား....”


”တပည့်တို့အဖွဲ့သားနှစ်ယောက်ကျဆုံးလာတယ်

ဆရာ....အကြံအစည်အထမမြောက်ခဲ့ပါဘူး...”


” ..တပည့်ဘာမှစိတ်မပူပါနဲ့ ဒီမှာတွေ့လား

မင်းသမီးကိုဖမ်းလာနိူင်ပြီ ဒီအရပ်ကအမြန်

ခွာကြမယ်... မင်းသမီးကို သယ်ခဲ့ကြ.. ”


”..မင်းသမီးကိုချန်ထားပြီးသွားမယ်ဆိုရင်

အားလုံးအသက် ဘေးကင်းလိမ့်မယ်.. တကယ်

လို့များ အဲဒီလိုမဟုတ်ပဲ မင်းသမီးကိုခေါ်သွားမယ်

စိတ်ကူးရင်တော့  ..အသက်နဲ့ကိုယ် အိုးစားကွဲ

ပြီးမှ ဒီနေရာက ထွက်သွားနိူင်လိမ့်မယ်...”


....ဟင်....


...ဟာ....


...နန်းတော်က ရဲမက်တွေလိုက်လာပြီထင်တယ်..


.”.အားလုံးစိတ်အေးအေးထားကြ

ခုလာတာတစ်ယောက်တည်းပဲ သေချင်လို့

ကျားပေါတဲ့အရပ်လာတဲ့အကောင်ပဲ... ”


မင်းသမီးကိုချန်ထားရန်ပြောစကားကြောင့်

ရဲမက်များလိုက်လာပြီထင်ကာ အားလုံးကြောက်

ရွံထိတ်လန့်မိသွားကြသော်လည်း လရောင်အောက်တယောက်တည်း အေးဆေးစွာလာနေသော ဂါမဏိနောက်တွင်

တစ်ခြားသူများမပါမှန်းသိသောအခါ ဒတ္တာ

မှာဆောင်ဓားကိုဆွဲထုတ်၍ အံ့ကြိတ်ကြိမ်းဝါးကာ

ဂါမဏိ ထံတိုက်ရန်သွားမည်ပြုလိုက်၏ ။


” တပည့် ဒတ္တာ နောက်ဆုတ်....


မင်းသမီးကိုခေါ်ပြီး ဒီနေရာကဆုတ်တော့... ”


...ဟင်...ဒတ္တာ....


ဒတ္တာဆရာဖြစ်သူထံမှ ဒတ္တာနာမည်ကြားလိုက်ရ

သောအခါ တချိန်လုံးအေးဆေးတည်ငြိမ်စွာရှိနေ

သောဂါမဏိတစ်ယောက် လူပ်လူပ်ရွရွဖြစ်သွား

ရတော့၏ ။


 ဒတ္တာမှဆရာဖြစ်သူစကားကြောင့် ခြေလှမ်းတုန့်

သွားပြီးဆရာဖြစ်သူမျက်နှာအားကြည့်လိုက်ရာ

ခေါင်းညိတ်ပြလိုက်သောကြောင့် ။


နောက်ဆုတ်လိုက်ရင်း သူ့လူများကိုအချက်ပြလိုက်ရာ အသင့်ပြင့်ကာ

တောစပ်တွင်ဝှက်ထားသော မြင်းလှည်းတစ်စီးနဲ့

မြင်းများထုတ်ယူလာကြ၏ ။


ဒတ္တာမှ သူ့လူများကို နန္ဒာမာလာကို မြင်းလှည်း

အတွင်းသွင်းစေ၍ မြင်းများအပေါ် တက်ကာထွက်ခွာရန်ပြုချိန်မှ ဒတ္တာ အမည်ကြား

ကာခတ္တခနမျ သွေးများဆူပွက်နေသော ဂါမဏိမှာ

ရှေ့တိုးလိုက်ရပြုစဉ်......


...ဝှစ်...


...ဘုန်း....


သူခေါင်းအပေါ်ပိုင်းဆီမှ လေထုအားခွင်း၍ထွက်လာသော အသံကြောင့်

ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ရာ ဘီလူးကြီး

တစ်ကောင်မှ ဂါမဏိကို တင်းပုတ်ဖြင့် ထုလာခြင်း

ကိုတွေ့ရ၍ လှစ်ခနဲ တဖက်သို့ ခုန်ရှောင်လိုက်ရာ

တူမှာမြေပြင်အားအရှိန်ပြင်းစွာထိမိပြီး တူဖြင့်

ထိမိသောနေရာမှာချိုင့်ဝင်သွားပြီး ဖူန်မူန့်များထကုန်တော့၏ ။ 


အကယ်၍မတော်တဆသာ ထိမိပါက အရိုးအသား

စိစိညက်ညက်ကြေသွားနိူင်သော တူချက်ပင်

ဖြစ်တော့၏ ။


ထိုအချိန်မှပင်..။


ဒတ္တာ တို့လူစုမှာ နန္ဒာမလာကိုတင်ဆောင်ထားသော မြင်းလှည်းကို

ခြံရံ၍ထိုနေရာမှထွက်ခွာသွားကြတော့၏ ။


ဒတ္တာ ဆရာဖြစ်သူနဲ့မြေဖူတ်ဘီလူးသာ ချန်နေရစ်

ခဲ့ကြတော့၏ ။


ဂါမဏိမှာ ဒတ္တာတို့လူစုနောက်သို့ လိုက်လိုသောသောလည်း အခွင့်မသာပေ ။


မြေဖူတ်ဘီလူကြီး၏ အဆက်မပြတ်ထုနှက်နေသောတင်းပုတ်ချက်များလက်ချက်မှ

လွတ်မြောက်စေရန် အသည်းအသန်ရှောင်တိမ်း

နေရခြင်းကြောင့် ဒတ္တာတို့နောက်သို့ လိုက်ရန်

အခွင့်မသာပဲရှိနေ၏ ။


ဒတ္တာတို့လူစုမှာ ထိုနေရာမှထွက်ခွာသွားပြီဖြစ်၏။


ယခုမူကား ဒတ္တာ ဆရာ၊ ဂါမဏိ ၊မြေဖူတ်ဘီလူး

သာကျန်နေရစ်ခဲ့ကြကာ မြေဖူတ်ဘီလူးမှ

ဂါမဏိကို အသည်းအသန်တူဖြင့်လိုက်ထုနေသော

မြင်ကွင်းကို ကြည့်ရူလျက်ဖြင့်ရှိနေသော ဒတ္တာဆရာသခင်မှာ အောက်လမ်းဆရာတစ်ယောက်မို့ ဂါမဏိ ၏ပုံမှန်

မဟုတ်သောအခြေအနေကို ရိပ်မိကာ အံ့အြသင့်

နေမိ၏ ။


မြေဖူတ်ဘီလူးတိုက်ခိုက်နေသူထံမှ မကောင်း

ဆိုးဝါးအရိပ်များလွမ်းခြုံနေခြင်းကိုတွေ့ရသော်လည်းထိုသူမှာမကောင်းဆိုးဝါးမဟုတ်ပဲ လူဖြစ်နေ

ခြင်းကြောင့်အံ့အြရမိသလို သူ့တသက်တွင်

လူတစ်ယောက်တွင် ထိုကဲ့သို့ မကောင်းဝါး

ကြီးစိုးနေခြင်းကို မတွေ့ဖူးမမြင်ဖူးသောကြောင့်

ဖြစ်တော့၏ ။


ဂါမဏိမှာမကောင်းဆိုးဝါးမြေဖူတ်ဘီလူး၏တင်းပုတ်ဖြင့်

လိုက်ထုခြင်းကိုရှောင်ရှားနေရလျက် ပြန်လှန်တိုက်ခိုက်ရန် အခွင့်မသာပဲရှိနေတော့၏။


ဂါမဏိမှတင်းပုတ်ဖြင့်ထုလာချက်များကို ဘယ်ညာ

လှည့်ပတ် ရှောင်တိမ်းနေခြင်းကြောင့်ထိုနေရာ

တဝိုက်တွင် တဘုန်းဘုန်း တဒုန်းဒုန်းတူနဲ့မြေကြီး

ထိသံများထွက်ပေါ်နေပြီး ထိုနေရာတဝိုက်တွင်

ဖူန်မူန့်များလွမ်းခြုံလျက်ဖြင့်ရှိနေတော့၏ ။


ဂါမဏိမှာ အလောတကြီးထွက်လာရသောကြောင့်

သူ့တွင်လက်နက်တစုံတရာပါမပေ။


ဂါမဏိ မြေဖူတ်ဘီလူးတိုက်ခိုက်မူကိုရှောင်တိမ်းနေရင်း

တကြိမ်တွင်အပေါ်မှကျလာသော တူချက်ကို

ရှောင်တိမ်းနေစဉ် ခဲတလုံးကိုနင်းမိကာ ကိုယ်ဟန်

ပျက်သွားစဉ်.....


...ဝှီး.....


...အ.....


...ဘုံး...


...အွန့်...


တင်းပုတ်ဖြင့်ထုချလာချိန်တွင်ကိုယ်ဟန်ပျက်နေသောဂါမဏိမှာ လက်မောင်းအားတင်းပုတ်ရှပ်ထိသွားခြင်းကြောင့်

လက်မောင်းကိုအုပ်ကိုင်မိလိုက်ချိန်တစ်ခြားသော

တင်းပုတ်ချက်တခုရုတ်တရက်ဝင်လာခြင်းတစ်ခုမှာသူ့ရင်ဘတ်တည့်တိုးဝင်လာတော့၏။


ပြင်းထန်အားပါသောတင်းပုတ်ချက်က ဂါမဏိရင်

ဘတ်အားထိချိန်တွင် ဂါမဏိတစ်ယောက် ပြင်းထန်သော နာကျင်မူကို ခံစားရလျက် လူမှာ

လည်းအဝေးသို့လွင့်စင့်သွားပြီး နာကျင်ခက်ခဲစွာ

အသက်ရူနေရလျက်ရှိနေတော့၏ ။


မြေဖုတ်ဘီလူးမှာ တင်းပုတ်ကြီးကိုလက်တဖက်

ဖြင့်တဝှီးဝှီးလွဲယမ်း၍ ဂါမဏိထံ လျောက်လာနေ

တော့၏ ။


ဂါမဏိမှာ မိစ္ဆာသွေးနှော တစ်ယောက်ဆိုသော်လည်း သာမာန်လူများထက်

စွမ်းအားသာသည်မှန်သော်လည်း ယခုကဲ့သို့

စွမ်းအားကြီးမကောင်းဆိုးဝါး နဲ့ရင်ဆိုင်ရချိန်

သူ့အစွမ်းဖြင့်တားဆီးရန် မစွမ်းသာခြင်းဖြစ်၏ ။


နောက်တစ်ခုအနေဖြင့် ဂါမဏိမှာ တစ်ကိုယ်လုံး

အကြောသေ ဒုက္ခိတ ဘဝမှလူကောင်းပကတိ

ဖြင့်ပြန်လာရာတွင်

အဂ္ဂ တိုက်လိုက်သော မိစ္ဆာသွေးမှာ အဓိကျ၏ ။


သူ့တကိုယ်လုံးသာမာန်လူကဲ့သို့ လူပ်ရှားလည်ပတ်

နိူင်သောအစွမ်းမှာ အဂ္ဂ၏မိစ္ဆာသွေးကြောင့်သာ

ဖြစ်ရာ သာမာန်လူများကဲ့သို့စားသောက်နေထိုင်

သောဂါမဏိအတွက် အဆင်မပြေနိုင်ပေ။


အဓိကလိုအပ်သောသွေးစိမ်းကိုသောက်မှ စွမ်းအားတိုးပွားမည်ဖြစ်သော်လည်း သွေးမသောက်လိုသော ဂါမဏိအတွက် အခက်

အခဲ ကြုံ၍

အင်အားဆုတ်ယုတ်လျက်ရှိနေရခြင်းဖြစ်၏ ။


မြေဖုတ်ဘီလူးမှာ ဂါမဏိအား လက်စတုံးသတ်ဖြတ်ရန် သူတင်းပုတ်ကြီးကို

လွဲမြှောက်လိုက်၏ ။


ထိုအချိန်.... ။


ကောင်းကင်ယံတွင်သာနေသောလမင်းကြီးမှာ

အမဲရောင်အရိပ်များလွမ်းခြုံသွားတော့၏ ။


ထိုအရိပ်များမှာသေချာကြည့်ပါကကြီးမား၍ကြောက်မက်ဖွယ်ရာ

ကောင်းသောအသွင်ရှိသော အကောင်ကြီးတစ်ကောင်ပျံသန်းနေခြင်းဖြစ်ပြီး

သူ့နောက်တွင်လင်းနိူ့ငှက်ငယ်ထောင်ပေါင်းများ

စွာလိုက်ပါပျံသန်းနေကြခြင်းဖြစ်၏ ။


ထိုကြောက်မက်ဖွယ်ရာအကောင်ကြီးမှဂါမဏိနဲ့

မြေဖူတ်ဘီလူးရှိနေရာသို့ထိုးစိုက်ပျံဆင်းလာရာ

သူနောက်မှလင်းနိူ့ငှက်ငယ်များကလည်းကပ်ပါ

လာကြတော့၏ ။


.....ဖပ်...ဝုန်း.........


......အြီ..........အြီ...အြီ....အြီ.....အြီ....


....ဖပ်...ဖပ်..၊အူး....အူး. ......အူး.......


ထိုကြောက်မက်ဖွယ်လင်းနိူ့ဘုရင်ကြီးမှာ ဂါမဏိ ကိုတင်းပုတ်ဖြင့် ထုနှက်ရန်ပြုနေသော အကောင်

ကြီးကိုသူ့တောင်ပံနှစ်ဖက်ဖြင့်မျက်နှာကိုချုပ်၍

ရိုက်ချလိုသလို နောက်ကွယ်မှပါလာသော 

လင်းနိူ့ငှက်ငယ်များကလည်း ..


မြေဖုတ်ဘီလူးတကိုယ်လုံးကိုယ်လုံးအနှံ့အော်သံစူး

စူးများပြု၍ ကိုက်တွယ်လျက်ရှိနေကြရာ မြေဖုတ်

ဘီလူးမှာ တင်းပုတ်ကိုလွတ်ချ၍ သူ့ကိုယ်မှလင်း

နိူ့ငှက်ငယ်များကို ရိုက်ပုတ်ဆွဲခွာလျက်ရှိနေ၏ ။


ဒတ္တာ ဆရာသခင်မှာ မြင်ကွင်းကိုအံ့အြကြောင်ငေး

ကြည့်နေမိတော့၏ ။


သူ့တသက်တွင် အောက်လမ်းမကောင်းဆိုးဝါးများ

စွာကိုမြင်တွေ့ဖူး၏ ။


အနိူင်ယူထိန်းချုပ်၍ သူ့လိုအပ်ချက်များစွာအတွက်

ခိုင်းစေဖူးသည်။


သို့ရာတွင်.... ။


ယခုကဲ့သို့စွမ်းအားကြီးသောမကောင်းဆိုးဝါးကို

ယခုမှမြင်ဖူးခြင်းဖြစ်၏ ။


သူထိန်းချုပ်ထားသောမြေဖုတ်ဘီလူးကိုကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လူးလှိမ့်လျက်ရှိနေကာ

တစ်ကိုယ်လုံးသွေးချင်းချင်းနီရဲလျက်ရှိကာ၊ လင်းနိူ့

ငှက်ငယ်များက မျက်လုံးအပါအဝင် အသားများကို

ကိုက်ဖဲ့စားသောက်နေကြ၏။


....ဂီး.....


....ဟာ....


ဒတ္တာဆရာဖြစ်သူမှာမြေဖူတ်ဘီလူးအခြေအနေကို

ကြည့်နေစဉ်မှာပင် ဂါမဏိ ကိုစိုက်ကြည့်နေသော

လင်းနိူ့ဘုရင်မကောင်းဆိုးဝါးကြီးက သူ့ဖက်သို့

လှည့်ကာမာန်ဖီသံပြုလိုက် ကျယ်ဝန်းသော

ပါးစပ်အတွင်းမှ ချွန်ထက်နေသော သွားများမှာ

လရောင်အောက်တွင်အရောင်လက်လျက်လျက်

ရှိနေတော့၏ ။


ဒတ္တာဆရာမှာ မကောင်းဆိုးဝါးများကို ကြောက်

လန့်လေ့ရှိသူမဟုတ်သူကပင်ထိန်းချုပ်ခိုင်းစေ

သူဖြစ်သော်လည်း ယခုမကောင်းဆိုးဝါးကိုမြင်ရ

ချိန်ကျောရိုးစိမ့်မျကြောက်လန့်သွားရမိ၏ ။


ကြာရှည်နေပါက သူလည်းအခြေအနေမဟန်မှန်း

တွေးမိကာ ထိုနေရာမှသုတ်ခြေတင်ပြေးလေတော့၏။


လင်းနိူ့ဘုရင်မှာ ဒတ္တာဆရာသခင်နောက်သို့ဆက်မလိုက်ပဲ လဲကျကာသတိလစ်နေသော ဂါမဏိ အနီးတိုးကပ်

သွားတော့၏ ။


 ဂါမဏိ မှာလင်းနိူ့ဘုရင်ရောက်လာချိန်တွင်သတိလစ်နေပြီ

ဖြစ်သောကြောင့်ဖြစ်ပျက်ပြောင်းလဲသွားသော

အကြောင်းအရာကို ဘာမှမသိလိုက်ပဲရှိတော့သည်။


လင်းနိူ့ဘုရင်မှာ ဂါမဏိကိုရန်ပြုမည့်အရိပ်အယောင်မပြပဲ ဂါမဏိ

အခြေအနေကိုကြည့်ကာ သူ့လက်ညိူးထိပ်ကို

သွားစွယ်ချွန်ဖြင့်ဆွဲခြစ်လိုက်ရာ နီရဲစေးထန်းသော

သောသွေးများထွက်လာတော့၏ ။


ထိုသွေးကျနေသောလက်ညိူးကို ဂါမဏိ ပါးစပ်အနီးတွင် တေ့လိုက်ပြီးသွေးစက်သုံးလေး

စက်ခန့်မျ ပါးစပ်အတွင်းချလိုက်၏ ။


ပြီးနောက်.... ။


မတ်တတ်ရပ်၍ ဂါမဏိကိုနူတ်ဆ်ဟန်တချက်ကြည့်၍တောင်ပံကို

အားယူခတ်၍ ကောင်းကင်ပေါ်ပျံတက်လိုက်ရာ

မြေဖုတ်ဘီလူးကိုအရိုးကျသည်အထိအသားများ

ဖဲ့ယူစားသောက်နေသော လင်းနိူ့ငှက်ငယ်များမှာ

လည်းထိုအကောင်ကြီးပျံသန်းရာနောက်လိုက်

ပျံသန်းလျက်ရှိနေကြ၏ ။


လမင်းကြီးကိုနောက်ခံပြု၍ ပျံသန်းနေသော အမဲ

ရောင်အရိပ်များ ထိုနေရာမှဝေး၍ဝေး၍သွားရာ

အစပထမ လူပ်ရှားသက်ဝင်ခဲ့သောနေရာတွင်

သက်ရှိလူသားဆို၍ ဂါမဏိ တစ်ယောက်သာ

ရှိနေတော့၏ ။


”......ငါ့သွေးတစ်ချို့တဝက်က 


မင်းကိုယ်ထဲမှာလှည့်ပတ်စီးဆင်းနေပြီဒီတော့ 


..မင်းဟာ...


ငါ့မျိုးနွယ်ဝင်ပေါ့..ဂါမဏိရေ ....


နောက်ပြီး....


ငါ့မျိုးနွယ်ဝင်ဖြစ်တဲ့သူကိုငါ့စောင့်ရှောက်


မူတွေပေးမယ်.......


 ဘယ်လိုဘေးအန္တရယ်မဆိုပေါ့.......”


ဂါမဏိမှအိပ်မက်လိုလို တစ်ကယ်လိုလိုဖြင့်သူ့နား

အတွင်း အဂ္ဂ သွေးကိုသောက်ခဲ့စဉ်ကဆုံခဲ့ရသော

မကောင်းဆိုးဝါးကောင်ကြီးစကားများကို ဒုတိယအကြိမ်

နားအတွင်းပဲ့တင်ထပ်သလိုအထပ်ထပ်အကြိမ်ကြိမ် ကြားနေရလျက်ရှိနေတော့၏ ။


==========================


၁၇-ဆက်ရန်


rate now: