🔜မာရ်နတ်မင်း၏စစ်သူကြီး🔙
===========
မြင်းဆိုးတို့မည်သည်ဆိုးရွားသော သန္ဓေဆိုး
မွေးကတည်းကပါလာတတ်ကြ၏။ .
သန္ဓေဆိုးပါသောမြင်းမျိုးမှာ သူ့အပေါ်ထိန်းချုပ်
စီးနင်းမည့်လူသားကိုအလွယ်တကူလက်မခံ တတ်ကြပေ။
မြင်းကြီးငနက်ကျော်ကားထိုကဲ့သို့မြင်းမျိုးပင်။
သူ အ့ပေါ်စီးနင်းသူအား နောက်ခြေနှစ်ချောင်းထောင်ကာ ပတတ်ရပ်၍
ခါချခြင်း။
ကိုယ်ကိုယ်ဘယ်ညာ ယိမ်းနွဲ့၍ ခါချခြတတ်ပြီး
သူအပေါ်စီးနင်းသူအောက်သို့ရောက်သို့ရောက်သောအခါ နောက်ခြေနှစ်ချောင်းမြှောက်၍ စုံကန်၏။
သွားဖြင့်ကိုက်၏။
သို့ရာတွင်သန္ဓေဆိုးပါသောမြင်းမျိုးမှာ
သာမာန်မြင်းတို့ထက်သာသော အချက်တစ်ခုရှိနေတတ်ပြန်သည်။
ယင်းမှာ ....။
စိတ်ဓတ်ပြင်းထန်လွန်းခြင်းကြောင့်ဒေါသအမျက်မာန်ကြီး၍အပြေးမြန်၍ အမောခံနိူင်သော အားသာချက်မျိုးရှိနေတတ်ပြန်သည်။
မြင်းကြီးငနက်ကျော်မှာကား
သန္ဓေဆိုးသည်ဆိုသောအချက်မှလွဲ အလုံးအဖန်
အမြင့်အစစပြည့်စုံသော အားကောင်းမောင်းသန်
နက်ချိတ်အောင်မဲနေသောမြင်းကြီးတစ်ကောင်ပင်။
ရဲမက်များတောတိုးခြောက်လှန့်မူနဲ့အတူ၊
တောတွင်းမှအရွယ်မျိုးစုံသောသားကောင်ကြီးငယ်
များပြေးထွက်လာကြ၏။
သမင်၊ ယုန်၊ဆတ်၊ ချေ၊ တောဝက် စသော အကောင်
မျိုးစုံသောတောကောင်များပင်။
ဂါမဏိမှာ မြင်းကြီးငနက်ကျော်အား အသာမှန်မှန်စီးရင်း နန်းတွင်းသားများမည်သို့ အမဲလိုက်သည်ကို ဦးဆုံးလေ့လာမိ၏ ။
မြင်းစီးသမား မင်းညီမင်းသားများသည်
ယုန်များအားဖမ်းဆီးရန်ကြည်းသားတုတ်ကိုအသုံး ပြု၍ဖမ်းဆီး၏။
ဖမ်ဆီးပုံမှာ ပြေးလွားနေသောယုန်ကို မြင်းပေါ်မှ
ကိုယ်ကို စောင်းနွဲ့၍ ကျည်းသားတုတ်ချောင်းဖြင့်
မြေပြင်မှတစ်တောင်အကွာမှန်းဆ၍
ပြေးနေသောယုန်ကို ပစ်ခတ်ကြ၏။
ထိသည်လည်းရှိသည် မထိသည်လည်းရှိ၏။
ကျန်သောတောကောင်ကြီးများကိုမူ လေးမြှား။ အသုံးပြုဖမ်းဆီးကြသည်။
မြက်ရိုင်းရှည်ပေါက်နေသော ကွင်းပြင်ကြီးအတွင်း
ရောက်ရှိနေသော သားကောင်များမှာ လူအုပ်ကြီး ပတချာလည်ဝိုင်းပတ်အော်ဟစ်သံကြောင့် ကွင်းပြင်ကျယ်ကြီးအတွင်း ပတ်ချာလှည့် အသက်လုပြေးလွားနေကြလျက်ရှိနေကြတော့၏။
ဂါမဏိမှာ အမဲလိုက်ခြင်းသဘောတရားကို
နားလည်ပြီဖြစ်သောကြောင့်ငြိမ်သက်နေရာမှ အမဲစလိုက်ရန် ငနက်ကျော် နံဘေးနှစ်ဖက်အား
ခြေဖြင့်ခတ်ကာ မြင်းကိုနှင်လိုက်သည်။
ငနက်ကျော်မှာ ငြိမ်သက်နေရာမှ လေးညိူ့ မှလွတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွား၏။
ဂါမဏိမှာ မြင်းကျောပေါ်မှ သားကောင်အခြေအနေလှမ်းအကဲခတ်ရင်း သူ့ဖက်သို့အသက်လုပြေးလာသော ယုန်တစ်ကောင်အားတွေ့ရသောကြောင့် ကျည်းသားတစ်ချောင်းထုတ်၍ ပစ်ခတ်ရန် မြင်းဘေးဖက်သို့ကိုယ်တခြမ်းစောင်း၍ ပစ်ခတ်ရန်
ပစ်ကွင်းချိန်ဆ၍ကျည်းသားတုတ်ကိုလွဲပစ်ရန်ပြုစဉ်။
....ဟီး... ဟီ......... ဟီ.......
............ဟင်.....
အချိန်အခါကောင်းကိုစောင့်နေဟန်တူသော
ငနက်ကျော်မှာ ဂါမဏိ အား စတင်၍ ပညာပြလိုက်တော့သည်။
အရှိန်ဖြင့်ပြေးလွားနေရာမှ ရုတ်တရက်၊ တုန့်ခနဲခြေစုံတန့် ရပ်လိုက်ပြီးလျင် ကိုယ်ကို ဂါမဏိ စောင်းနေသောဖက်သို့ တွန့်လိမ်၍ ကဆုန်ပေါက်ခုန်လိုက်တော့သည်။
ဂါမဏိကား လက်တဖက်ကကျည်းသားတုတ်
ကိုင်၍ ကိုယ်ကိုစောင်းနွဲ့ကာ သားကောင်ထံအာရုံရောက်နေသောကြောင့် ငနက်ကျော် ပညာပြချိန် ပြုတ်ကျမလိုဖြစ်သွား၏။
ခြေတစ်ဖက်မှာ မြေပြင်ပေါ်သို့ပင်
ရောက်သွားရ၏။ လူအများရှေ့တွင် အရှက်ကွဲမည့်
အရေးမို့ ဂါမဏိ ဒေါသပြင်းစွာထွက်သွားမိသည်။
ဆတ်ခနဲမြေပြင်ပေါ်ခြေဖြင့်ကန်ကာ
ငနက်ကျော်ဝမ်းဗိုက်အားအိမ်မြှောင်တစ်ကောင်ကဲ့သို့တွယ်ကပ်ထားလိုက်နိူင်၍သာ ခြေပစ်လက်ပစ် ပြုတ်မကျခြင်းဖြစ်သည်။
ငနက်ကျော်မှာ သူ့ကျောပေါ်မှလူအားအပိုင်ကွက်စောင့်၍ ကျိန်းသေပေါက်မြေပြင်ပေါ် ကျရန်ကြိုးစား
အားထုတ်မူမှာ မအောင်မြင်ဖြစ်ရခြင်းအတွက်
အံ့အြ၊ဒေါသဖြစ်သွားဟန်ဖြင့် သူ့ဝမ်းဗိုက်မှ ဂါမဏိ အားနောင်တကြိမ် ကိုယ်ကိုတွန့်လိမ်၍ ခါထုတ်မည်အားထုတ်ပြန်သည်။
အရှိန်ဖြင့် တွန့်လိမ်၍ ခုန်လိုက်သောအခါ
ငနက်ကျော် အံ့အြသင့်လောက်အောင် သူ့ဝမ်းဗိုက်အားဖက်လျက် လူသားကား ပါမလာချေ။
သူသာလျင်တစ်ကောင်တည်း။ သူ့ကျောပေါ်မှ
လူသားကားဘယ်အရပ်တွင်ကျကျန်နေရစ်သနည်း
ဟူ၍ ငနက်ကျော်မှတ်ထင်စေရန်
ဂါမဏိကား မြင်းဆိုးကြီးငနက်ကျော်ကို
ပညာပြန်ပြလိုက်တော့၏ ။
မြင်းကြီးနောက်တကြိမ်ခုန်ရန်အားထုတ်သောအခါ
သူကား မြင်းဗိုက်ပေါ်မှ မြေပေါ်သို့ လှစ်ခနဲ ကြောင်တကောင်အလား လျင်မြန်စွာ ခုန်ထွက်လိုက်သည်။
ထို့နောက်မြင်းဇက်ကြိုးကိုကိုင်၍
မြေပြင်မှ မြင်းနည်းတူ ပြေးလိုက်နေခြင်းဖြစ်သည်။
ထို့နောက်တဖန် ငနက်ကျော် ကျောပေါ် သွက်လက်စွာခုန်တက်၍ငနက်ကျော် ခါမချမှီ တစ်ဖက်သို့ လွားခနဲ ခုန်ချလျက်
မြင်းဘေးမှပြေးလိုက်နေပြန်သည်။
ငနက်ကျော်ဆိုသော မြင်းဆိုးကြီးလူပ်ရှားမူမှာ
အလွန်လျင်မြန်လှသည်။
လူသာမာန်ဆိုပါက မြင်းဆိုးကြီး၏
သခင်အပေါ် တော်လှန်မူမှာ အောင်မြင်ကောင်း
အောင်မြင်နိူင်၏ ။
သို့ရာတွင်
လူသားတပိုင်း၊ သရဲတစ်ပိုင်း သွေးနှောထားသူ
အဋ္ဌာရသပညာရပ်များကိုထုံးလိုချေရေလိုမွေနှောက်ထားသူနဲ့ ကြုံရသောအခါကား လူမမောပဲ
မြင်းမောကိန်းဆိုက်တော့သည်။
ငနက်ကျော်မှာမောပန်းစပြုလာပြီဖြစ်၏။
သူ့ကျောပေါ်မှလူသားကို သူ့သခင်အဖြစ် လက်ခံရတော့မည်လား ဆက်၍ငြင်းဆန်ရမည်
လားတွေးစပြုလာဟန်တူ၏ ။
သူ့အပေါ်မှလူသားမှာသူမည်မျကြိုးစားစေကာမူ
ပြုတ်ကျမည့်လူမဟုတ်မှန်းနားလည်စပြုလာသည်။
သဘောကျကျေနပ်လာဟန်လည်းရှိနေ၏ ။
သူ့သခင်ဖြစ်မည့်လူသည်အားလုံးထက်သာလွန်သူသာ ဖြစ်ရမည်ဟုတွေးထားဟန်တူ၏။
ငနက်ကျော်မှာမောပန်းမူနဲ့အတူမာန်ချလိုက်တော့သည်။ သူ့ကျောပေါ်မှလူသားကိုသခင်အဖြစ် အသိအမှတ် ကျေနပ်စွာဖြင့်ပြုလျက်မြင်းလိမ္မာ
လေးအလား အေးဆေးငြိမ်သက်သွားသည်။
ဂါမဏိမှာယခုမှ သက်ပြင်းချမိတော့၏။
တစ်နာရီနီးပါးအချိန်အတွင်း ငနက်ကျော်ကိုယဉ်ပါးအောင်ပြုလုပ်လိုက်ရသောကြောင့် မည်သည့်သားကောင်မျ သူမရသေးပေ။
ယခုမှအမဲလိုက်ရန်
အမဲလိုက်ကွင်းပြင်အတွင်းကြည့်လိုက်သောအခါ
လူသူတစ်ယောက်မှမတွေ့ရပဲစုရပ်နေရာသို့ရောက်နေကြပြီဖြစ်သည်။
ဂါမဏိ ငနက်ကျော်ကိုယဉ်ပါးအောင်ပြုနေချိန်အတွင်း
အမဲလိုက်ခြင်းပွဲကားပြီးဆုံးသွားပြီဖြစ်၏။
ဂါမဏိ မှာငနက်ကျော်အား စုရပ်နေရာသို့
မောင်းနှင်သွားလိုက်သည်။
ပစ်ခတ်ရရှိသော
သားကောင်များကို ရှေ့တွင်ချ၍ ဝင့်ကြွားနေဟန်
မင်းညီမင်းသားတစ်သိုက်မှာ ဂါမဏိ ကိုတွေ့လျင်....။
...ဘယ်လိုလဲ ကျေးတောသား သားကောင်
ဘယ်နှစ်ကောင်များ ပစ်ခတ်လို့ရလာသလဲ...
...အစ်ကိုတော်ကလည်း ကျည်းသားလည်းမကုန်
မြှားလည်းမကုန်ဆိုတော့ မေးနေစရာလိုသေးလို့လား.....
...ဟုတ်ပါရဲ့ ကျေးတောသားက မြှားမှမပစ်တတ်တာ
ဟား.. ဟား... ဟား... ဟားဟား..
မင်းညီမင်းသားများကား ဂါမဏိ လိုကျေးတောသားတစ်ယောက်က မင်းညီမင်းသားများသာ တောကစားထွက်ရသော
အခွင့်အရေးကိုရရှိခြင်းကြောင့်မျက်မုန်းကျိုးနေကြ
ဟန်တူ၏။
ငနက်ကျော် နဲ့ လွတ်ပေးခြင်းကသက်သေပင်။
ဂါမဏိ မှာမည်သည့်စကားမှမဆို၊ မြင်းကြီးငနက်ကျော်အားလည်ဆံမွေးများကိုလက်ဖြင့်သပ်၍ ရင်းနှီးမူယူလျက်ရှိ်နေသည်။
မြင်းဆိုး ငနက်ကျော်မှာယခုမူ မြင်းလိမ်မ္မာလေးအသွင် အမြီးတယမ်းယမ်း
ဇက်တမော့မော့ဖြင့် ဂါမဏိ ချော့မြူမူကိုခံယူလျက်
ရှိနေသည်။
"အစ်ကိုတော်တို့က မတရားမူပြု တာပဲ
နန်းတော်ထဲဘယ်မြင်းထိန်းမှစီးနင်းထိန်းကျောင်း
လို့မရတဲ့မြင်းဆိုးကြီးငနက်ကျော်ကို စီးခိုင်းပြီး
အမဲလိုက်ခိုင်းမှတော့ ဘယ်သားကောင်ရတော့မှာလဲ.... "
..နန္ဒမာလာ. ..
ဂါမဏိ စိတ်တွင်းတီးတိုးရေရွတ်မိခြင်းပင်။
နန္ဒမာလာကား ဘုရင်မင်းမြတ် အမဲလိုက်ပွဲရူစားရာစင်နဘေးမှ ဂါမဏိ တို့ရှိနေ
ရာလျောက်လာရင်း မကျေနပ်မနပ်ဖြစ်နေဟန်
မျက်နှာဖြင့် မင်းညီမင်းသားများကိုပြောလာခြင်း
ဖြစ်၏ ။
ရွေအိုရောင်ပိုးဝတ်စုံသည်သူမ၏ ဖြူဝင်းသော
အသားဖြင့်ပနံရစွာလိုက်ဖက်နေ၏။
အချိုးအစားမှန်စွာရှိသောခန္ဓာကိုယ်အလှ၊
ချောမောသောရုပ်ရည်၊ နန်းတွင်းသူမင်းသမီးတစ်ယောက်၏ပြင်ဆင်ထုံဖွဲ့မူများပေါင်းစပ်ပါက နန္ဒမာလာမှာ ပုရိသတိုင်း
နှလုံးသားကိုဆွဲငင်လူပ်ခတ်နိူင်သူတစ်ယောက်ပင်။
ဂါမဏိမှာ မင်းညီမင်းသားများသူ့အပေါ်
လှောင်ပြောင်သံ။ နန္ဒမာလာ၏ဒေါသစွက်ကာ
သူ့အစ်ကို တော်များအပေါ်အပြစ်တင်သံကို
ကြားနိူင်သောအကွာအဝေးလောက်တွင်ရှိနေသော
ကြောင့်ပြောဆိုသမျ အားလုံးကြားနေရသည်။
."ဂါမဏိ သားကောင်တကောင်မှမရဘူးဆိုပေမယ့်
ဂါမဏိဟာ အကျိုးအမြတ်တခုရသွားပြီ
အဲတာ အစ်ကိုတော်တို့သိပါလေစ "
" အလို... ဆိုစမ်းပါအုံးညီမတော်ရဲ့
ကျေးတောသားက ဘာတွေအကျိုးအမြတ်
ရသွားလို့လဲ.... "
" ရှုလိုက်ပါအုံး.. လူတိုင်းလိုချင်နေကြပေမယ့်
ဆိုးလွန်းလို့ အနားကပ်မရတဲ့ ငနက်ကျော်က
ဂါမဏိအပေါ်သခင်အဖြစ်သတ်မှတ်လိုက်ပြီလေ
ဒါဟာ ဂါမဏိ ရဲ့အောင်ပွဲပါပဲ... ”
ထိုအခါမှမင်းညီမင်းသားများမှာ ငနက်ကျော်ကိုအေးဆေးစွာ စီးနင်းနေသော ဂါမဏိကိုသတိထားမိကြတော့သည်။
မြင်းဆိုးဖြင့် ဂါမဏိ အားအရှက်ရစေရန်
ကြိုးပမ်းမူကား အထမမြောက်ပဲ မြင်းဆိုးက
သခင်အဖြစ်ပင်လက်ခံသွားခြင်းကြောင့် ခံပြင်း
ဒေါသဖြစ်သွားကြသည်။
သို့ရာတွင်လည်းဘာမျမတတ်နိူင်သောအခြေအနေ
ကြောင့်ကြိတ်၍သာနေရတော့၏ ။
."ဟင်.. "
အကြားအာရုံ၊ အမြင်အာရုံမှာ သာမာန်ထက်ထူးကဲနေသော ဂါမဏိ တစ်ယောက်
တောကစားခြင်းပြီး၍အချွေအရံများဖြင့်နန်းတော်သို့ပြန်ကြွရန်ပြုနေသော ဘုရင်မင်းကြီးနဲ့မြှားတစ်ပစ်အကွာဝေးသစ်ပင်တစ်ပင်ပေါ်မှလူပ်ရှားမူတစ်ခုကိုရိပ်ခနဲတွေ့လိုက်ရသောကြောင့် မင်းကြီးအတွက်စိတ်ပူပန်ကာရင်ထဲ
ထိတ်ခနဲဖြစ်သွားရမိ၏ ။
လှမ်းအော်သတိပေးရန်လည်းအနည်းငယ်အလှမ်း
ကွာဝေးနေသောကြောင့် မြင်းကြီး ငနက်ကျော်အား
ဖနောင့်ခတ်၍ဘုရင်မင်းမြတ်ထံဦးတည်လိုက်သည်။
မြင်းကြီးငနက်ကျော်မှာလည်း သခင်အလိုကို
သိသည်အလား လေ၏ အလျင်ကဲ့သို့ ပြေးလွားလျက်ရှိနေသည်။
ဂါမဏိကား ကျောတွင်လွယ်ထားသော လေး ကိုထုတ်၍ မြှားဗူးမှ မြှားတစ်ချောင်းထုတ်ကာ လေးညိူ့တွင်တင်၍ ပစ်ရန်အဆင်သင့်ပြုထား၏။
ထို့နောက် မြင်းကျောပေါ်မတ်တတ်ရပ်စီးနင်းလျက်
ပါးစပ်မှလည်း
"" ရန်သူ... ရန်သူ... သတိထား.... "
....ဝှစ်.... ဝှီး.... ဒုတ်. ...
...ဝှစ်... စွတ်. အား...
....ဝုန်း....
....ဟာ... ဟင်....
...အလိုလေး...
..ရန်သူ... ရန်သူ... ဘုရင်မင်းတရားကြီးကို
ကာကွယ်ကြ...
အခြေအနေမှာ မျက်စိတမှိတ်လျပ်တပျက်အချိန်အတွင်းဖြစ်ပျက်သွားတော့၏။
ဂါမဏိမှာရန်သူရှိရာနေရာသို့မျက်ခြည်မပြတ်ကြည့်နေစဉ်ရုတ်တရက်သစ်ပင်ကြားမြှမှားတံတစ်စင်းမှာ
ဘုရင်မင်းမြတ်ထံသို့ဦးတည်၍သွားသောကြောင့်
စိုးရိမ်ပူပန်ကာထိုမြှားတန်ကိုသူ့မြှားဖြင့်ပစ်လိုက်၏။
လေထုခွင်းအား။ပစ်မှတ်တည်နေရာမှန်းဆခြင်း။
မကြာခနလေ့ကျင့်သဖြင့်လေ့ကျင့်ရည်ပြည့်ဝသော
လက်ရည်ပေါင်းစပ်ထားသော၊ဂါမဏိ ပစ်လိုက်သောမြှားကားဘုရင်မင်းမြတ်ထံရောက်ရန်ဝါးတရိုက်အကွာခန့်တွင် ဂါမဏိမြှားကထိုမြှားတံအလည်အားထိမှန်၍ လမ်းကြောင်းပြောင်းကာမြေပေါ်ပြုတ်ကျသွားတော့၏။
ပထမမြှားချက်ပစ်ပြီးသော်ရုတ်ချည်း၊ ဒုတိယမြှားတစ်ချောင်းကိုလေးညိူ့ပေါ်တင်ကာအလျင်အမြန်ပစ်လိုက်တော့၏။
ဂါမဏိ ပစ်လိုက်သော နောက်မြှားတံတချောင်းကား
မြှားတံထွက်ပေါ်လာရာသစ်ပင်အပေါ်ပိုင်းသစ်ရွက်အုပ်နေသောနေရာသို့ကွက်တိတိုးဝင်သွားသောအခါနာကျင်စွာအော်ညည်းသံနဲ့အတူ အပင်ပေါ်မှလူတစ်ယောက် ပြုတ်ကျသွားသည်ကို
ဂါမဏိ တွေ့လိုက်ရ၏။
လူအများကားယခုမှအုတ်အော်သောင်းနင်း
ဖြစ်ကုန်ကြသည်။
ဘုရင်မင်းမြတ်ကိုယ်ရံတော်များကလည်း မင်းကြီးကိုပတ်ချာလည်ဝိုင်းရံကာ နောက်ထပ်အန္တရယ်ကြုံပါက ကာကွယ်နိူင်ရန်အသင့်ပြင်ထားကြ၏။
ဂါမဏိတစ်ယောက် ပတ်ဝန်းကျင်အခြေအနေကိုတစ်ချက်အကဲခတ်လျက်အန္တရယ်အရိပ်အယောင်မတွေ့ရသောအခါမှ
သူ့မြှားချက်ထိ၍ ပြုတ်ကျသော ရန်သူရှိရာ
ငနက်ကျော်အားအသော့လေးနှင်လိုက်သည်။
ရန်သူကားသေကွင်းသေကွက်နေရာဖြစ်သော
လည်ပင်းအားမြှားကထုတ်ချင်းပေါက်စိုက်ဝင်လျက်
ရှိကာ သစ်ပင်ပေါ်မှပြုတ်မကျမှီကပင်
အသက်ပျောက်နေဟန် မှောက်ခုံကြီးရှိနေ၏။
" .. ဟင်..... "
မြင်းပေါ်မှခုန်ဆင်း၍ မှောက်ရက်ကျနေသော
အလောင်းကိုဆွဲလှန်ကြည့်လိုက်ရာ
ဂါမဏိကားအံ့အြစိတ်ကြောင့်မှင်သက်သွားရသည်။
အကြောင်းကား ထိုလူကိုသူတွေ့ဖူးနေသောကြောင့်
ဖြစ်သည်။
" ရန်သူတွေ ရှိမရှိ ဒီနားတစ်ဝိုက်
ပတ်ရှာကြစမ်း ရဲမက်တို့.... "
" ပုန်ကန်သူတွေက ဘုရင်မင်းမြတ်ကိုလုပ်ကြံ
ဖို့ချောင်းနေကြပြီ သတိထားကြဟဲ့..... "
" ရဲမက်တွေ နန်းတော်အထိ ဘုရင်ကြီး
ဘေးမသီရန်မခို့လိုက်ပို့ကြ..... "
""လုပ်ကြံသူရှိတယ် ဘုရင်မင်းမြတ်ကို
လုပ်ကြံသူရှိတယ်... "
ကွင်းပြင်တစ်ခုလုံးအုတ်အော်သောင်းနင်း
ဖြစ်နေကြချိန် ဂါမဏိ မှာငနက်ကျော်အားဇက်ကြိုး
ဆွဲ၍ မိမိတည်းခိုရာအဆောင်သို့ ဖြည်းလေးစွာ
လျောက်လာခဲ့၏။
ကွင်းပြင်နဲ့ခပ်ဝေးဝေးနေရာ။
ကွင်းပြင်ကျယ်အား
အပေါ်စီးမှလှမ်းမြင်နိူင်သော တောင်ကုန်းပေါ်တွင်
လူတစ်ယောက်မှာအောက်မှမြင်ကွင်းကိုကြည့်၍
တောက်တချက်ပြင်းစွာခတ်ရင်း တောအုပ်အတွင်း
ဝင်ရောက်သွားတော့သည်။
ထိုလူမှာကား စက္ကဒေဝ ပင်ဖြစ်ပါတော့သည်။
သူကားယခုလုပ်ကြံမူအောင်မြင်ခါနီးမှ မြင်းနက်စီး
လူတစ်ယောက်ဝင်ရောက်နှောင့်ယှက်မူကြောင့်
ခံပြင်းဒေါသထွက်ခြင်းနဲ့အတူ။
လျို့ဝှက်သေသပ်စွာ
အချိန်ယူလုပ်ကြံမူပြုရန် ရွေးချယ်ထားသော
လက်ရွေးစင်စစ်သည်တော်၏ မြှားပစ်ချက်ကို
ကြားဖြတ်ပစ်ချတားဆီးနိူင်သလို၊ ထပ်ဆင့်ပစ်ချက်ဖြင့်
သူ့လက်ရွေးစင်စစ်သည်အားသတ်ဖြတ်နိူင်သော
ထိုမြင်းနက်စီးလူ၏အမြင်စူးရှမူ၊ လျင်မြန်တိကျသော
မြှားပစ်ချက်များကိုကြိတ်၍အံ့အြသင့်မိပြန်သည်။
အကယ်၍သာမြင်းနက်ကြီးစီးထားသော မြှားသမားမှာ
သူလေ့ကျင်သင်ကြားပေးခဲ့သော ဂါမဏိ ဟုသာ
စက္ကဒေဝသိခဲ့လျင်မူ။
=========================
ဂါမဏိ့ခေါင်းအတွင်းတွေးစရာများတပုံတခေါင်း
ကပ်ပါလာခဲ့သည်။
ယခုသူမြှားဖြင့်ပစ်လိုက်၍သေဆုံးသွားသော
လူမှာစက္ကဒေဝလူရွေးချယ်ပွဲတွင်ရွေးချယ်ခံသော
ဒတ္တာအဖွဲ့တွင်ပါသော အဖွဲ့သားတစ်ယောက်ပင်။
ယခုဆိုလျင် ဒတ္တာတစ်ယောက်
စစ်သူကြီးဖြစ်လောက်ပြီထင်၏။
ယခုအချိန်တွင် စက္ကဒေဝတို့မည်သို့လူပ်ရှားမူမျိုး
ပြုလုပ်နေကြပြီသူမသိနိူင်။
ဂါမဏိမှာမြင်းကိုအမူထမ်းတစ်ယောက်လက်အပ်၍
ရေမိုးချိုးကာသူဇာပြင်ပေးသောညစာ
ကိုစားသောက်နေစဉ် ဘေးတွင်ရှိနေသောသူဇာမှ
" မောင်ကြီး.. သခင်မလေးက အမှာတော်ရှိထားပါတယ်ညနေစာသုံးဆောင်ပြီးရင်
ဥယျာဉ်တော်ထဲက မောင်ကြီးကိုစောင့်နေပါ့မယ်တဲ့... "
" ကောင်းပြီ နှမ သူဇာ
ဥယျာဉ်တော်ထဲမောင်ကြီးကိုလမ်းပြပေးပါ "
ညစာစားသောက်ပြီးချိန်။
ဂါမဏိမှာ သူဇာနောက်မှလိုက်ပါလာခဲ့ရာ
နန်းတော်ဘေးလှမ်းလှမ်းမှသစ်ပင်ပန်းမန်ပင်ကြီးများကိုစနစ်တကျပြုစုစိုက်ပျိုးထားသော ဥယျဉ်တော်အတွင်းသို့ရောက်နေ့ဖက်နဲ့မခြားထွန်းညှိထားသောဆီမီးတုတ်များကနေရာအနှံ့ထွန်းညှိထားသလို၊ ကင်းလှည့်နေကြသော
ရဲမက်များကိုလည်းဂါမဏိမြင်တွေ့နေရသည်။
နေ့ခင်းကဖြစ်ပွားသော လုပ်ကြံမူကြောင့်
လူအင်အားတိုးကာလုံခြုံရေးကင်းတိုးမြှင့်ချထားဟန်ပင်။
ကောင်းကင်တွင်ကားလမင်းကြီးမှာ
ပြည့်ဝိုင်းစွာထွန်းလင်းတောက်ပလျက်ရှိနေသည်။
သူဇာမှ ဂါမဏိကိုခေါ်ဆောင်သွားသော
နေရာကား ဥယျဉ်တော်အလည်ရှိအနားယူအပန်းဖြေရန်ဆောက်လုပ်ထားသောအဆောက်အုံငယ်ဆီသို့ဖြစ်၏။
အဆောင်ငယ်အလယ်မှကျောက်ခုံဝိုင်းကြီးကို
ဝိုင်းပတ်၍ချထားသောခုံများထဲမှ အရှေ့ဖက် လရောင်ဖြာကျရာ ခုံပေါ်တွင်လမင်းကြီးကို
ငေးကြည့်နေဟန်ဖြင့်ထိုင်နေသော နန္ဒမာလာအား
ဂါမဏိ မြင်တွေ့လိုက်ရသည်။
သူဇာက အဆောက်အဦးအစပ်တွင် ဒူးထောက်
ခေါင်းငုံလိုက်သောကြောင့် ဂါမဏိ လည်းဒူးထောက်ခေါင်းငုံထားလိုက်၏။
"" သခင်မလေး အခေါ်တော်လွတ်တဲ့
မောင်ကြီး ဂါမဏိ ရောက်ရှိလာပါပြီ သခင်မလေး... ""
"" ကောင်းပြီ သူဇာပြန်နိူင်ပြီ ""
သူဇာကားဂါမဏိကိုချန်ရစ်၍ လာလမ်းအတိုင်း
ထွက်ခွာသွားပြီဖြစ်၏။
သူဇာမြင်ကွင်းမှပျောက်ကွယ်သွားသောအခါမှ
နန္ဒာမာလာက ဂါမဏိ ရှေ့လျောက်လာသည်။
"" အစ်ကိုတော် စိတ်မရှိပါနဲ့ ထပါ ခုံပေါ်
ထိုင်လှည့်ပါ ""
ဂါမဏိမှာမင်းသမီးခွင့်ပြုချက်ကြောင့်
နေရာမှထ၍ ကျောက်ထိုင်ခုံတခုတွင်ဝင် ထိုင်လိုက်၏။
ခေါင်းကိုကားငုံမြဲငုံထားကာ နန္ဒမာလာပြောကြားလာမည့်စကားကိုနားစွင့်နေမိသည်။
သူ့ရှေ့ခုံတွင်ဝင်ထိုင်လိုက်သော နန္ဒမာလာထံမှ
ညမွေးပန်းရနံ့နဲ့အတူ ထုံအီမွေးပျံ့သောကိုယ်သင်း
ရနံ့က ဂါမဏိ အတွက်အသက်ရူပင်မှားမတတ်
ရှိနေမိသည်။
" သက်သာအဆင်ပြေသလိုနေပါ အစ်ကိုတော်
နေခင်းအချိန်က ဖခမည်းတော်အသက်ကို
ကယ်ဆယ်ပေးခဲ့တဲ့အတွက် အကိုတော်ကိုကျေး
ဇူးတင်ပါတယ်... အခုဆိုရင်အသက်ကြွေးနှစ်ခု
ရှိနေပါပြီ..
နှမဖခင်ကိုကယ်ခဲ့တဲ့အတွက်ရော နှမအသက်ကို
ကယ်ခဲ့တဲ့မောင်ကြီးကို ကန်တော့ခွင့်ပြုပါ.... "
" ဟာ... ကြုံကြိုက်လို့ကူညီဖြစ်တာပါ
မင်းသမီးတစ်ယောက်ကကျေးတောသား
အညတရကို ရှိခိုးကန်တော့ဖို့မတန်ပါဘူး
မလုပ်ပါနဲ့ မင်းသမီး ကျွန်တော်မျိုး မခံယူ
ဝံ့ပါဘူး... "
ဂါမဏိကားထိတ်လန့်တကြားထိုင်နေရာမှအလန့်တကြားခုန်ထလိုက်မိကာသူ့အားကြုံကြုံလေးထိုင်၍ ကန်တော့ရန်လက်အုပ်ချီနေသော နန္ဒမာလာ လက်နှစ်ဖက်အား မရည်ရွယ်ပဲဆုတ်ကိုင်မိသွား၏။
အမှတ်မထင်မျက်လုံးချင်းဆုံမိသောအခါ၊ နန္ဒမာလာ မျက်လုံးများမှာ လရောင်ဖြင့်ရွန်းစို၍ အရောင်တလဲ့လဲ့တောက်ပနေလျက်ရှိနေသည်။
ဂါမဏိ လက်ဖြင့်အုပ်မိုးထားသော သူမလက်ကိုလည်း
ရုန်းဖယ်ခြင်းမရှိ၊ ဂါမဏိ မှာလည်း နန္ဒမာလာ
လက်ကိုအုပ်ကိုင်ရက်သား။
နှစ်ယောက်သား နူံးညံ့သိမ်မွေ့သော ခံစားမူ
တစ်ခုကြား ခနကြာမှ နစ်မွန်းနေမိကြတော့သည်။
အစောဆုံးသတိဝင်လာသူက နန္ဒမာလာပင်။
" အို.. အစ်ကိုတော် နှမလက်လွတ်ပါအုံး…
ကန်တော့ခံပေးပါ ကျေးဇူးရှင်ဟာ သူဖုန်းစား
ပင်ဖြစ်လင့်ပါစေ ကန်တော့ထိုက်သူထဲပါတာမို့
ကန်တော့ခွင့်ပြုပါ... ""
"" ဟာ... မင်းသမီး.... ကျွန်တော်မျိုးကိုခွင့်လွတ်ပါ.... "
ဂါမဏိကား ရှက်ရွံ့ထူပူစွာမည်သည့်စကားမျ
မဆိုပဲတဖက်လှည့်ရပ်နေသည်။
သူ့တစ်သက်တွင် အရွယ်ရောက်ချိန်အထိမည်သည့် မိန်းမပျိုတစ်ယောက်နဲ့မျ ယခုလိုနီးကပ်စွာမနေဖူး
၍ရှက်ရွံ့ထူပူကာ နန္ဒမာလာ အားမျက်နှာခြင်း
မဆိုင်ဝံ့ဖြစ်နေမိသည်။
အကယ်၍နန္ဒာမာလာသာ
အမျက်တော်ရှပါက သူ့အပစ်က သေဒဏ်ပင်။
သို့ရာတွင် နန္ဒမာလာမှစိတ်ကွက်သောစကားမဆို
သူကိုသာကြုံကြုံလေးထိုင်ကန်တော့နေရင်းမှထလာရင်း.......
" နံနက်မိုးသောက်ရင် မင်းတရားကြီးက
ညီလာခံတက်ဖို့ အကိုတော်ကိုအမှာပါးလိုက်တယ်
ညနက်ပြီ နှမပြန်တော့မယ် အကိုတော် ""
ဂါမဏိ မည်သည့်စကားမျမဆိုမိ ရှက်ရွံ့နူတ်ဆိတ်လျက်ရှိနေသည်။ နန္ဒမာလာမှာ ဂါမဏိ အနီးမှ ထွက်ခွာသွားပြီဖြစ်၏။
"" ဟူး.. ....."
ထိုအချိန်ကျမှဂါမဏိတစ်ယောက်လေပူကြီးတစ်ခု
မူတ်ထုတ်လိုက်မိတော့သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နန္ဒမာလာနဲ့ဂါမဏိစကားပြောဆိုနေချိန်။
ဒတ္တာဦးဆောင်သောလူတစ်စုမှာ မြို့ရိုးအပြင်မှ
အတွင်းသို့မမှိတ်မသုန်ချောင်းမြောင်းနေကြလျက်ရှိသည်။
ဒတ္တာနဲ့အတူ သူ၏ ဆရာဖြစ်သူလည်းအတူပါလာ၏။
"" အချိန်ကျပြီ အသင့်ပြင်ကြ ""
ဒတ္တာဆရာဖြစ်သူကား ကောင်းကင်ပေါ်မော့ကြည့်၍
အချက်ပေးသံပြုကာ သူ့အိတ်အတွင်းမှ
အထုတ်တစ်ခုကိုဆွဲထုတ်လျက်မြေပြင်ပေါ်ဖြန့်ကျဲချလိုက်သည်။
သင်္ချိုင်းအတွင်းမှယူလာ
သောမကောင်းသော မြေဆိုးမြေညစ်မျိုးဖြစ်၏။
"" ယစ်ပူဇော်ဖို့ သားကောင်ခေါ်လာခဲ့..... "
ဆရာဖြစ်စကားအဆုံးတွင် ဒတ္တာက သူ့တပည့်တစ်ယောက်ကိုအချက်ပြလိုက်ရာ ပါးစပ်အား အဝတ်ဖြင့်ပိတ်၍ ကြိုးတုတ်ထား
သူတစ်ယောက်ပါလာ၏။
တိုက်ပွဲတွင်ဖမ်းမိသော
အကျဉ်းသားထဲမှတစ်ယောက်ဖြစ်သည်။
...စွတ်.....
....အ... အု... အု....
ဒတ္ထကားဆရာဖြစ်သူမှာကြားထားသော
စကားအတိုင်းအချိန်ဆွဲမနေပဲအကျဉ်းသားဝမ်းဗိုက်အား ဓားမြောင်ဖြင့်ရက်စက်စွာထိုးလိုက်ရာ အကျည်းသားမှာပါးစပ်အုပ်ထုတ်ခြင်းကြောင့်
နာညည်းသံတိုးတိုးသာပြု၍ ဓားဒဏ်ရာမှသွေးများ
ပန်းထွက်ကာမှောက်ရက်အနေအထားဖြင့် ဒတ္တာ
ဆရာကြဲပက်ထားသောမြေကြီးပေါ်ကျ
သွားတော့၏။
ထိုသူထံမှထွက်သောသွေးများမှာ
ကျဲပက်ထားသောမြေဆိုးမြေညစ်များအပေါ်တွင်
သွေးအိုင်ထွန်းကုန်တော့သည် ။
ဒတ္တာဆရာဖြစ်သူကား မန္ကန်တစ်ခုကိုမတိုးမကျယ်
အသံဖြင့်၊
ကိုယ်ခန္ဓာယိမ်းထိုးလျက်မနားမနေတတွတ်
တွတ်ဆက်တိုက်ရွတ်ဖတ်လျက်ရှိနေ၏ ။
အချိန်အနည်းငယ်အကြာသော် မန္တန်ရွတ်ဖတ်
ခြင်းကိုနားကာ ပုံမှန်ထက်အနည်းငယ်အသံ
မြင့်သောအသံပြတ်ဖြင့်.....
...မြေဖုတ်ဘီလူးမင်းအား လူ့သား
ဝိညဉ်၊လူသားအသွေးအသားဖြင့်
ဆက်ကပ်၍ ပသပူဇော်ပါ၏၊ ကျွန်ပ်တို့ကိစ္စများအတွက်အရှင့် အကူအညီ
လိုအပ်ပါသောကြောင့် ကျွန်ပ်တို့ထံ
ဆင့်ခေါ်ပါသည်...
(သုံးကြိမ်တိတိ ထိုကဲ့သို့ဆင့်ခေါ်မူပြုလုပ်)
သုံးကြိမ်မြောက်မြေဖူတ်ဘီလူးဆင့်ခေါ်ခြင်း
ပြုပြီးအချိန်မရှေးမနှောင်းတွင်....
....ဟာ....
....ဟင်.....
....အလိုလေး.....
ဒတ္တာဆရာဖြစ်သူ ပင့်ဖိတ်မူအဆုံးတွင်
လူသွေးကျရာ မြေဆိုးမှာ အခိုးအငွေ့များထွက်၍
တစ်စုံတစ်ခုသော သဏ္ဌာန်တစ်ခုမှာ မြေကြီးမှ
တိုးထွက်လာနေ၏။
မြင်ကွင်းမှာမသဲကွဲမူန်ဝါးလျက်
ရှိနေသည်။
သို့ရာတွင်မူမြေကြီးပေါ်ရုန်းကြွ
တိုးထွက်သံအားကြောက်ခမန်းလိလိကြားနေရသည်။
တဖြည်းဖြည်းဖြင့်အခိုးအငွေ့များပြေပျောက်သွား
သောအခါ သပိတ်လုံးခန့်ရှိသောမျက်လုံးနီနီရဲရဲ၊
ကြီးမားသောခေါင်းတုံးပြောင်ကြီးဖြင့်
ပခုံးထိရှည်ကျနေသောနားရွက်ရှည်၊ပြဲကား
သောပါးစပ်အတွင်းမှလက်ညိူးအရွယ်တစ်ထွာခန့်ရှိ အစွယ်ငေါငေါက နူတ်ခမ်းထောင့်မှ အပေါ်ကော့တက်ကာကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်သန်မာသောလက်ချောင်းများဖြင့်တင်းပုတ်ကြီးတစ်ခုကိုပခုံးပေါ်တင်လျက်။
ဒူးတစ်ဖက်ကိုထောင်ကာ ဒူးတစ်ဖက်ကိုထောက်လျက် မျက်လုံးနီကြီးများ
ဖြင့်ဒတ္တတိုာ့လူစုအားစားမတတ်ဝါးမတတ်စိုက်ကြည့်နေရာဒတ္တာအဖွဲ့သားများသွေးပျက်စွာဖြင့်အော်ဟစ်၍ခပ်ဝေးဝေးသို့ ရှောင်ပြေးကုန်ကြသည်။
"
နန်းတော်ထဲသွားပြီး ဘုရင့်သမီးတော်ကို
ဖမ်းခေါ်ပေးပါ မြေဖုတ်ဘီလူးမင်း...."
ဒတ္တာဆရာဖြစ်သူကမြေဖုတ်ဘီလူးအား
အမိန့်ပေးလိုက်သောအခါ မြေဖုတ်ဘီလူးမှာဆောင့်ကြောင့်ထိုင်အနေအထားမှမတ်တတ်ရပ်လိုက်ရာ ခုနှစ်ပေနီးပါးခန့်မျအရပ်ဖြင့်
ကြောက်စရာမြေဖုတ်ဘီလူးကြီးမှာ နန်းမြို့ရိုးဆီ ရှေးရူထွက်ခွာသွားသည်။
" အားလုံးအသင့်ပြင်ကြ ဘီလူးကြီးကို
အကာအကွယ်ပြုပြီး နန်းတော်ထဲ ခိုးဝင်ပြီး
ဘုရင်ကြီးကို လုပ်ကြံကြမယ် "
ဒတ္တာအားအထက်မှညွန်ကြားချက်အရ
သူ့ဆရာအကူအညီဖြင့် ဘုရင်ကိုသတ်ရမည်။
အကယ်၍ ထိုအစီအစဉ်မအောင်မြင်
လွဲချော်ပါကမင်းသမီးကိုဖမ်းဆီးရမည်။
ထိုမျကြီးကျယ်သောအစီအစဉ်အတွက်
ဆရာဖြစ်သူအား ဒတ္တာ အကူအညီတောင်း
ထားခြင်းကြောင့် ဒတ္တာ ဆရာဖြစ်သူ
ပါလာရခြင်းဖြစ်သည် ။
ထိုအကြံအစည်များမှာ တကယ့်လက်တွေ့တွင်
ဖြစ်လာ။ မဖြစ်လာဆိုသည်ကိုစောင့်ကြည့်ရမည်
ဖြစ်၏ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁၆
ဆက်ရန်
။။။။။။။။။။။။။