👹မာရ်နတ်မင်း၏ စစ်သူကြီး👹
======================
ဂါမဏိမှာ နန္ဒမာလာကို စောင့်ဆိုင်းနေစဉ်မင်းချင်းများဖမ်းစီးခြင်းကိုခံလိုက်ရတော့၏ ။
" ကျွန်ပ်ကိုဘာအတွက်
ဖမ်းရတာလဲ ကျွန်ပ်ဘာအပြစ်မှ
…လုပ်မထားဘူး "
" တော်တိတ်… ဘာမှ မောင်မင်းပြောစရာမလိုဘူး ရန်သူ့ သူလျိုတွေ မင်းနေပြည်တော်မှာ ရောက်နေတယ် သတင်းရပြီးသား မောင်မင်းလည်း သူလျိုတစ်ယောက်ပဲဖြစ်လိမ့်မယ်..... "
" ဟာ...ကျွန်ပ်သူလျို မဟုတ်ရပါဘူး.."
"တော်တိတ်..အသားမနာချင်ရင်
အေးဆေးလိုက်ခဲ့.... "
ဂါမဏိတစ်ယောက်ဆွမ်းခံရင်းငှက်သင့်
ချေပြီ ။
သူ့အခြေအနေက ရှင်းပြ၍မရတော့ပေ ။ ရှင်းမှပိုရူပ်ကုန်မည့်ကိန်းပင် ။
ထို့ကြောင့် ဘာမှစကားမဆိုပဲ မင်းချင်းများဖမ်းခေါ်ရာနောက်လိုက်ခဲ့တော့သည်။
အတန်ငယ်ကြာမျကြာအောင်လမ်းလျောက်ပြီးချိန်တွင် မြင့်မားသောအုပ်တံတိုင်းကြီးတစ်ခုရှေ့သို့အရောက်ရဲမက်များရပ်လိုက်သောကြောင့် ဂါမဏိ လည်းရပ်လိုက်ရသည် ။
ထို့နောက်ခေါင်းဆောင်တပ်မှူးမှ
အသံပြုလိုက်ရာ အတွင်းမှ လက်တစ်ဝင်စာချောင်းကြည့်ပေါက်ကလေးတစ်ခု
အရင်ပွင့်လာ၏ ။
မိမိရဲဘော်မင်းချင်းဟုသေချာသော
အခါမှ ပိတ်ထားသော တံခါးကြီးနှစ်ချပ်မှာ
တအိအိပွင့်လာသည်။
ထို့နောက် ဂါမဏိ အားဖမ်းလာသော
ရဲမက်များမှာ အတွင်းသို့ဝင်ကြသောကြောင့် ဖမ်းဆီးခံလာရသော ဂါမဏိ
လည်း ရဲမက်များနဲ့ လိုက်ပါဝင်ရောက်ခဲ့ရတော့၏ ။
ထိုအခါမှ အုပ်တံတိုင်းကြီးနောက်ကွယ်မှ မြင်ကွင်းများကိုကြည့်ရင်း
ဂါမဏိ မှင်သက်အံ့အြမိရတော့သည်။
ကြီးမားသော အဆောက်အအုံကြီးများမှာ
အုပ်တံတိုင်းကြီးနောက်တွင်ရှိနေသောကြောင့်ပင်။
ညမှောင်ရီပျိုးပြီဖြစ်သောကြောင့် အဆောင်ဆောင်အခန်းခန်းသော အဆောက်အအုံကြီးများမှာ မီးရောင်စုံ ထိန်ထိန်
လင်းလျက်ရှိနေသည် ။
ထို့အတူ တစ်ကျိပ်ခန့်မျ ပါဝင်သော
တပ်စုများကလည်း ကွမ်းတယာညက်မျ
ကြာသောအချိန်အတွင်း တစ်ဖွဲ့ပြီးတစ်ဖွဲ့မပြတ်တမ်းကင်းလှည့်နေကြသည်ကို ဂါမဏိ မြင်တွေ့နေရ၏။
မင်းချင်းများသည်အဆောင်တစ်ခု
ရှေ့တွင်ရပ်တန့်လိုက်ကြစဉ် ထိုအဆောင်ရှေ့တွင် ရပ်၍ကင်းစောင့်နေသောရဲမက်နှစ်ယောက်ကို ဂါမဏိအားဖမ်းဆီးလာသောတပ်မှူးမှတီးတိုးစကားပြောနေ၏ ။
မည်သည့်စကားဟုတိုးလွန်းသောကြောင့် ဂါမဏိ မသိနိူင်။
သို့ရာတွင်...။
စကားပြောရင်းသူ့အားမကြာခနကြည့်နေကြခြင်းကိုထောက်၍ သူ့အကြောင်းပြောနေကြခြင့်ဟု
ရိပ်စားမိလိုက်၏.။
စကားပြောဆိုပြီးသောအခါ
တပ်မူးရဲမက်မှာတခြားသူများကို ချန်ထားရစ်၍ ဂါမဏိ အားရှေ့မှသွားစေ၍ သူတစ်ယောက်တည်းနောက်မှလိုက်ပါလာ၏ ။
အဆောင်အတွင်းဝင်မိသောအခါ ဂါမဏိ
မှာအတွင်းပိုင်းအခြေအနေကိုမသိမသာ
အကဲခတ်မိရာ တန်ဖိုးကြီးအသုံးအဆောင်များဖြင့် လှပစွာတည်ရှိနေသည်ကိုတွေ့ရ၏ ။
တပ်မူးက ဂါမဏိ အားခန်းဆောင်တစ်ခု
ရှေ့ရောက်သောအခါ....
....ရပ် ဒူးထောက် ၊ ခေါင်းငုံ...
ဂါမဏိ မှာလည်း သူ့အားမည်သည့်နေရာသို့ခေါ်လာမှန်းမသိ။
ယောင်ချာချာဖြင့် တပ်မူးစကားအတိုင်း
ဒူးထောက်ခေါင်းငုံထားလိုက်သည် ။
..သခင်မလေး ခင်မျ.. သခင်မလေး
ခေါ်ခိုင်းလိုက်သူ ရောက်ရှိကြောင်း
ရိုသေစွာ တင်လျောက်အပ်ပါတယ်...
...ကောင်းပြီ သူ့ကိုထားခဲ့ပြီး မောင်မင်းပြန်လို့ရပြီ....
...မှန်လှပါ သခင်မလေး ...
တပ်မူးလျောက်တင်သံနဲ့မရှေးမနှောင်းမှာပင် ခန်းဆောင်အတွင်းမှ သာယာနာပျော်ဖွယ်ရာ အသံတစ်ခုကြားလိုက်ရ၏ ။
တပ်မူးမှာကား ဂါမဏိ ကိုချန်ထားရစ်၍
ထွက်ခွာသွားပြီဖြစ်သည် ။
ဂါမဏိ သာလျင်ဒူးထောက်ထိုင်ရင်း
အံ့အြသင့်သောစိတ်ဖြင့်ရှိနေရ၏ ။
သူ့အားရာဇဝတ်သားအဖြစ်ဖမ်းလာသော်လည်းရာဇဝတ်သားအဖြစ်မဆက်ဆံ
ပဲမင်းသမီးတစ်ယောက်ခန်းဆောင်ရှေ့ခေါ်လာခြင်း၊ ထို့အပြင်အတွင်းမှ မင်းသမီး
အသံကိုသူကြားဖူးသကဲ့သို့ရှိနေခြင်းကြောင့်ပင်။
သို့ရာတွင် ...။
ဂါမဏိမှာ နန်းတော်မှလူများနဲ့မဆက်ဆံ၊မရင်းနှီးဖူးသောကြောင့်သူ့အတွေးကား သိပ်တော့မသေချာလှပေ။
ဂါမဏိ အတွေးများဖြင့်ရှိနေစဉ် ခန်းဆောင်တံခါးဖြည်းညှင်းစွာဖွင့်သံကြား
လိုက်ရ၏ ။
အခန်းတခါးပွင့်လာခြင်းနဲ့အတူ
မွေးကြိုင်သင်းပျံ့သောပန်းဆီပန်းနံများ ဂါမဏိနှာခေါင်းအတွင်းတိုးဝင်လာလျက်ရှိနေ၏။
လှပသောခြေထောက်လေးတစ်စုံမှာ
ဂါမဏိ ရှေ့တွင်ရပ်လိုက်ရာ ဖြူ ဖွေး၍မို့ဖောင်းဖောင်းခြေခုံ၊သွယ်လျ၍လှပသော
ခြေချောင်းလေးများ မကြီးမလွန်းမသေးလွန်းသော
ခြေအရွယ်အစားဖြင့် ခြေထောက်ကလေးက
လှပလွန်းသည်ဟု ဂါမဏိ တွေးနေမိသည်။
ခေါင်းငုံနေရခြင်းအတွက်
အပေါ်ပိုင်းမျက်နှာကို ဂါမဏိ မြင်တွေ့ခွင့်မရသော
ကြောင့်မျက်နှာသွင်ပြင်ကိုကားမမြင်ရပေ။
" သင်အသူလဲ ဘယ့်အတွက်
ကုမာရဃန ပြည်ကြီးရောက်နေရတာလဲ
ရန်သူတွေရဲ့ကင်းထောက်သူလျိုတစ်ယောက်လား သခင်မကိုအမှန်လျောက်တင်စမ်း မဟုတ်ရင်ကြီးလေးတဲ့မင်းပြစ်မင်း
ဒဏ်သင့်လိမ့်မယ်.... "
" မှန်လှပါ ကျွန်တော်မျိုးဟာ သာမာန်
အညတရကျေးတောသားတစ်ယောက်ပါ
မင်းနေပြည်တော်ကိုလည်းတစ်ခါမှ
မရောက်ဖူးပါ၊ ယခုရောက်နေရခြင်းဟာလည်း နန္ဒာမာလာဆိုတဲ့ မိန်းခလေးတစ်ယောက် ခေါ်ဆောင်ရာနောက်လိုက်ရင်းရာဇဝတ်သားအဖြစ်မှားယွင်းဖမ်းဆီးခံရခြင်းပါတယ် သခင်မလေး.. "
ငြိမ်သက်စွာအတွေးများဖြင့်ရှိနေရာမှ
သာယာသော်လည်းအနည်းငယ်ခပ်မာမာ
မေးမြန်းလာသော သခင်မစကားကို
မမှားယွင်းရအောင်ဂါမဏိပြန်၍တင်လျောက်လိုက်သည်။
ဂါမဏိဖြေကြားပြီးချိန်
သခင်မထံမှစကားထပ်မကြားရပဲခတ္တခနမျ ငြိမ်သက်နေ၏ ။
" သင်ဘယ်အရပ်ကလာသလဲ
ဘယ့်အတွက် ခုလိုအနက်ရောင်ခြုံထည်ကြီးဆင်မြန်းထားသလဲ သခင်မသိလိုတယ်...."
" မှန်လှပါ ကျွန်တော်မျိုးဟာ ဝေပုသဏ
မြို့သားတစ်ယောက်ပါ
။ဆွေမျိုးညာတိမရှိ၊မိဘမရှိ၊
တစ်ကောင်ကြွက်မို့ရောက်ရာပေါက်ရာ
လျောက်သွားနေခြင်းမျိုးပါ။
ခြုံလွာကြီးခြုံထားရခြင်းက ရောဂါတစ်ခုကြောင့် နေရောင်ခြည်ဒဏ်မခံနိုင်လို့ပါ
သခင်မ.... "
ဂါမဏိ တစ်ယောက်သခင်မမေးမြန်းစကားများကို မုသားတစ်ဝက်ရော၍ပြန်လှန်ဖြေဆိုနေခြင်းပင်။
သူ့ဘဝဇတ်ကြောင်းအမှန်ကို မည်သူ့ကိုမှ ပြော၍အဆင်မပြေနိူင်သောကြောင့်ဖြစ်၏ ။
" သင်ပြောတာအမှန်ဆိုရင် သင့်ကိုသခင်မတာဝန်တစ်ခုပေးလိုတယ် သင်လုပ်နိူင်ပါ့မလား..... "
" ကျွန်တော်မျိုးလုပ်ပေးနိူင်တာဆိုရင်
လုပ်ပေးဖို့အဆင့်သင့်ပါ သခင်မ..."
" သင့်ကို သခင်မရဲ့ကိုယ်ရံတော်အဖြစ်
ခန့်အပ်လိုတယ် သင်လုပ်နိူင်ပါ့မလား..."
" ဟင်....မ.....မ.....ဖြစ်......"
သခင်မစကားက ဂါမဏိ အတွက်ထူးဆန်းလွန်းသောကြောင့် ဂါမဏိ တစ်ယောက်စကားများထေ့ငေ့ကုန်တော့၏ ။
သူလုံးဝမမျော်လင့်သော စကားမျိုးကြားလိုက်ရသောကြောင့်လည်းဖြစ်၏။
" တယ်..သင်က သခင်မစကားကိုပယ်ရှားရဲသလား.... "
" အမျက်တော်မရှိပါနဲ့ သခင်မ
ကျွန်တော်မျိုးဟာ ကျေးတောသားတစ်ယောက်ဖြစ်တာကြောင့် နန်းတော်မှာအနေအထိုင်မတတ်တာတစ်ကြောင်း။
နောက်တစ်ကြောင်းက ခုရာထူးဟာ
ကျွန်တော်မျိုးလို ကျေးတောသားအတွက်
အင်မတန်ကြီးကျယ်လွန်းပါတယ်။
မထမ်းရွက်နိူင်မှာကိုလည်းစိတ်ပူခြင်းကြောင့်ပါ..."
သခင်မကား ဂါမဏိ အဖြေစကားကြောင့်အနည်းငယ်မျငြိမ်သက်သွားပြန်၏ ။
ပြီးနောက်...။
" ကဲ.. ဒီအရေးနောက်မှဆွေးနွေးမယ်..
သခင်မကို မော်ဖူးစေ..."
ဂါမဏိတစ်ယောက်သခင်မကသူ့အား
မော်ဖူးခွင့်ပေးသောအခါ ငုံထားသော
ခေါင်းကို ဖြည်းဖြည်းချင်းမော့ကာ
သခင်မ မျက်နှာအားကြည့်လိုက်မိစဉ်
ရင်သပ်ရူမောသွားမိရတော့သည် ။
နတ်သမီးပုံပြင်များစွာကိုသူကြားဖူး၏ ။
သူကြားဖူးသောပုံပြင်ထဲမှ နတ်သမီးများ
အလွန်တရာချောကြောင်း၊လှကြောင်းကြားသိရဖူး၏ ။
နတ်သမီးများကိုအပြင်လောကတွင်မမြင်ဖူးခဲ့။
ယခုသူအပြင်လောကတွင် နတ်သမီးကို
မြင်တွေ့နေရပြီဟု ဂါမဏိ ခံစားနေရတော့၏။
နန်းဝတ်၊နန်းစားများဆင်ယင်ထုံးဖွဲ့မူနဲ့အတူ သခင်မလေးမှာ အလွန်တရာချောမောလွန်းလှ၏ ။
ထွန်းညှိထားသော ဆီးမီးရောင်ထိန်ထိန်သည်ပင် သခင်မလေးအလှတရားကြောင့် မှေးမှိန်ကုန်လေရော့လားဟူ၍တွေးနေပြန်၏ ။
"ထထ …အစ်ကိုတော် ညီမကိုမမှတ်ဘူးလား နန္ဒမာလာလေ ။အစောနက အပြုအမူ၊မေးခွန်းတွေအတွက် စိတ်မရှိပါနဲ့
အစ်ကိုတော် နှမငယ် တောင်းပန်ပါတယ်.... ဖခမည်းတော်စေခိုင်းချက်အရ
မေးမြန်းရတာပါ... နှမကအစ်ကိုတော်အပေါ်ယုံကြည်ပြီးသားပါ…"
.....ဟာ....
ထိုအချိန်....။
မထင်မှတ်သောစကားတစ်ခွန်းကိုသခင်မလေးဆိုလာခြင်းကြောင့်ဂါမဏိစိတ်အတွင်းမယုံကြည်နိူင်ခြင်းအံ့အြခြင်းများတစ်လှည့်စီဖြတ်ပြေးလျက်ရှိနေတော့၏ ။
သူနဲ့တစ်လမ်းလုံးအတူလာခဲ့သောမိန်းမပျိုလေးက သခင်မလေးဖြစ်နေပါရော့လား။
နန္ဒမာလာမလှမဟုတ်လှ၏။
သို့သော်လည်း ယခုလိုမင်းသမီးဝတ်စုံအပြည့်အစုံ၊ သေသပ်ကျနသောဆင်ယင်ထုံးဖွဲ့မူများကြောင့် နန္ဒမာလာသာဖွင့်ပြောမလာပါကဂါမဏိမှတ်မိမည်မဟုတ်ပေ။
" ထပါ အစ်ကိုတော် အရင်လိုပြန်နေပါ......"
" ဟာ...သခင်မလေး... ကျွန်တော်မျိုး
မနေရဲပါဘူး.. အရင်က သခင်မလေးမှန်း
မသိလို့ အပြောအဆိုမှားခဲ့ရင် ကျွန်တော်မျိုးကို ခွင့်လွတ်ပေးပါ..."
" အပြစ်မယူပါဘူး အစ်ကိုတော်ရယ်…
နှမအသက်နဲ့အရှက်ကို နှစ်ကြိမ်နှစ်ခါ
ကယ်ခဲ့တာရေ ရိုးသားတည်ကြည်စိတ်နဲ့
နှမအပေါ်ပြုစုစောင့်ရှောက်တာတွေအတွက်တောင်နှမက ကျေးဇူး တင်နေရတာပါ။
နှမအနေနဲ့အစ်ကိုတော်ဆီကတစ်ခု
တောင်းပန်ပါရစေ...."
" ဘာများပါလဲ.. သခင်မလေး..."
" နှမကို မင်းသမီး တစ်ပါးအနေနဲ့မဟုတ်ပဲ သာမာန်အရပ်သူမိန်းခလေးလို
ပြောဆိုဆက်ဆံပေးပါ အစ်ကိုတော်
နှမတောင်းပန်ပါတယ်.... "
" ဟူး... ခက်ပါဘိ မင်းသမီးရယ်...
ဒီလိုလုပ် နှစ်ယောက်ချင်းတွေ့ချိန်
သာမာန်လူလိုဆက်ဆံပေးမယ်။
အများရှေ့မှာတော့ မင်းသမီးတစ်ယောက်လိုအရိုသေပေးပါရစေ... "
" ဝမ်းသာလိုက်တာ အစ်ကိုတော်ဂါမဏိရယ်...."
နောက်ဆုံးမတတ်သာ၍ ဂါမဏိ မှာနန္ဒာမာလာကိုချွင်းချက်ထားခွင့်ပြုလိုက်ရသည်။ သူနဲ့နန္ဒာမာလာကြားအမျိုးဂုဏ်အဆင့်အတန်းတစ်ခုက တံတိုင်းတစ်ခုလိုကာရန်နေပြီဖြစ်မှန်း ဂါမဏိ တွေးထားပြီဖြစ်၏ ။
" ညနက်တော့မယ် အစ်ကိုတော်လည်း
ခရီးပန်းလာတာနဲ့ဆာရောပေါ့
တည်းမယ့်နေရာလိုက်ပြပေးကြလိမ့်မယ်... ..။...သူဇာရေ သူဇာ... "
"..လာပါပြီသခင်မလေး ဘာလိုအပ်တာများသူဇာလုပ်ပေးရမလဲ... "
" ဒီက..အစ်ကို.အင်း..ဂါမဏိကို သူအတွက်စီစဉ်ထားတဲ့ အခန်းပြပေးလိုက်
စားဖွယ်သောက်ရာတွေပါ လိုလေးသေးမရှိကျွေးမွေးပေးလိုက်...."
" အမိန့်တော်အတိုင်း အကုန်ဖြစ်စေရပါမယ်.သခင်မလေး..."
နန္ဒာမာလာမှာ စကားကောင်းနေ၍ယခုမှဂါမဏိမစား
မသောက်ရသေးခြင်းကိုသတိရကာ ဂါမဏိ နဲ့စကားပြောရင်းတဆက်တည်းမိန်းမငယ်လေးတစ်ယောက်ကိုလှမ်းခေါ်၍ မှာကြားနေခြင်းဖြစ်၏။
ဂါမဏိမှာနန္ဒာမာလာကို နူတ်ဆက်၍
သူဇာနောက်လိုက်ခဲ့၏ ။
သူဇာမှာ ဆယ့်ရှစ်ဆယ့်ကိုးအရွယ် သွက်လက်ချက်ချာသော ချစ်စဖွယ်ရုပ်ရည်ပိုင်ရှင်ကောင်မလေးတစ်ယောက်ပင်ဖြစ်သည်။
နန္ဒာမာလာ အဆောင်မှထွက်လာကြပြီးသော် အဆောက်အုံကြီးများဘေးမှဖြတ်သန်း၍ အတော်အတန်ကြီးသော အဆောက်အဦးတခါးကို သူဇာကဖွင့်လိုက်၏ ။
ထို့နောက်သူမလက်တွင်ကိုင်လာသော
ဆီမီးခွက်ဖြင့် တစ်ဆောင်လုံးလိုက်ပတ်ထွန်းလိုက်၏ ။
" မောင်ကြီး ရေချိုးမလား နောက်ဖေးမှာစဉ့်အိုးရှိတယ် ချိုးလိုက်ပါလား လန်းဆန်းသွားအောင်... အော်. အဝတ်အပိုတွေ သခင်မလေးက
မောင်ကြီးအတွက်ပို့ပေးထားတယ်... "
" ကိုယ်လက်ပဲ သုတ်သင်ဆေးကြောတော့မယ် နှမလေး...."
"မောင်ကြီးသဘောပါပဲ နှမလေးထမင်းပွဲ
ပြင်ရင်းစောင့်နေမယ်... "
ဂါမဏိလည်း ဖုန့်မူန့်ချွေးစေးများဖြင့်ကပ်ငြိနေသော ခြေ၊လက် မျက်နှာများကိုဆေးကြောလိုက်ပြီး ပြန်ထွက်လာသောအခါ သူဇာကထမင်းစားခေါ်၍လိုက်သွားရာသူ့တသက်တွင်တခါမှမမြင်ဖူးမစားဖူးသောဟင်းများဖြင့်ထမင်းဝိုင်းကြီးကိုတွေ့ရ၏ ။
ဘယ်ဟင်းခွက်နိူက်၍နိူက်ရမှန်းမသိအောင် ဟင်းခွက်များက များပြားလွန်းသောကြောင့် သူဇာကပင် ဂါမဏိ ထမင်းပန်ကန်ထဲ ဟင်းအပြည့်အမောက်ထည့်ပေးနေရာ တားပင်တားယူနေရသည် ။
စားသောက်ပြီးသောအခါ ဂါမဏိ အိပ်မည့်အိပ်ခန်းကိုလိုက်ပြ၍ နူက်ဆက်ကာ
သူဇာတစ်ယောက်ပြန်သွား၏ ။
ဂါမဏိမှာ သားနားသန့်ပြန့်လွန်းသော
အိပ်ယာပေါ်မှေးစက်၍ သူ့ဘဝဇတ်ကြောင်းများကိုပြန်လှန်တွေးနေမိပြန်
တော့၏။
အမေတစ်ခု၊သားတစ်ခုဘဝဖြင့် သူများအနှိမ်ခံဘဝမှ စက္ကဒေဝကြောင့်သူ့ဘဝတဆစ်ချိုးပြောင်းလဲသွားရပုံတစ္ဆေကြီးနဲ့ရင်ဆိုင်ပြီးသူ့ဘဝအတွက်အရေးပါသောမေးခွန်းများနဲ့ စစ်သေင်္နဂကျမ်းရရှိပုံ၊
ဒတ္တကြောင့် မယှဉ်ပြိုင်ခင်ရှုံးနိမ့်ရသော
ပြိုင်ပွဲ၊ မိမိကိုယ်ကိုသေလူဟုထင်မှတ်ထားချိန် ၊ အဂ္ဂဆိုသော လူသားမကျ
သရဲမကျ ထူးဆန်းသူတစ်ယောက်ကြောင့် သူသည်လည်း လူသားတစ်ပိုင်း။
သရဲတပိုင်းကူးပြောင်းခဲ့ရပုံ၊
ပဟေဠိ ဆန်လှသော မိန်းမပျိုလေး
နန္ဒာမာလာနဲ့ဆုံစည်းမိရာမှယခုရွေနန်းတော်သို့ရောက်ရှိနေရသော မိမိအတဖြစ်အပျက်များက အိပ်မက်ဆန်လှလွန်းကြောင်း ဂါမဏိ တွေးနေမိခြင်းဖြစ်သည် ။
အတွေးများစွာဖြင့် ဂါမဏိတစ်ယောက်ညနက်မှ အိပ်ပျော်ခြင်းသို့ရောက်တော့သည်။
မနက်လင်းသောအခါ ဂါမဏိ အိပ်ယာမှထ၍ စဉ်းအိုးဘေးမျက်နှာသစ်ရန်ပြုသောအခါ သွားတိုက်ရန် ခွက်တစ်ခုအတွင်း
ထည့်ထားသော တန်ပူချောင်းကိုစဉ့်အိုးကြီးဘေးတွေ့ရ၏ ။
မျက်နှာသစ်သွားတိုက်ရင်းရေပါတခါတည်းချိုးလိုက်သည် ။
ထို့နောက် နန္ဒမာလာ ပို့ထားသော
အထုတ်အတွင်းမှ အဝတ်အစားအသစ်များကို သူ့အဝတ်အစားဟောင်းများဖြင့်
လဲလှယ်ဝတ်ဆင်လိုက်၏ ။
ကြည့်မှန်ပေါ်တွင်မြင်နေရသော
ဂါမဏိမှာ ယခုကား သာမာန်ကျေးတောသားဟူ၍ထင်ရက်စရာမရှိတော့ပေ။
ဖြူဖွေးသောအသားအရေ၊ မြင့်မားသောအရပ်အမောင်း ။ ခန့်ညားတည်ကြည်သော မျက်နှာ ၊ ရင်အုပ်ကျယ်ကျယ်ကိုယ်ထည်ကျစ်ကျစ်ပေါ်တွင် မင်းညီမင်းသားများဝတ်လေ့ရှိသော ဖိုးဖဲကတ္တီပါ
အကျီ င်္တောင်ရှည်ပုဆိုးဖြင့် သူ့ပုံက မင်းညီမင်းသားတစ်ပါးအလားရှိနေ၏ ။
" မောင်ကြီးကို သခင်မလေးဘာကြောင့်အရေးတယူဆက်ဆံလဲ ခုမှသိတော့တယ် မောင်ကြီးက အတော်ယောက်ကျား
ပီသခန့်ညားသူပဲ ၊ သတ္တိလည်းအတော်
ကောင်းတယ်လို့ သခင်မလေး တဖွဖွ
ပြောနေတယ်...."
" အော်...သူဇာ.. သခင်မလေး
ကြားသွားမှဖြင့်... "
ဘယ်အချိန်ကရောက်နေမှန်းမသိသော
သူဇာစကားကြောင့် ကြည့်မှန်တွင်မိမိရုပ်ကိုမိမိပြန်ကြည့်နေမိသော ဂါမဏိ ရှက်သွားရမိ၏ ။
" သခင်မလေးအကြောင်း သူဇာ အသိဆုံး ဘယ်ယောက်ကျားသားကိုမှ
စကားထဲထည့်ပြောဖူးတာမဟုတ်ဘူး
စိတ်ကလဲ ယောက်ကျားလေးလိုပဲ
သိုင်းပညာမြင်းစီးပညာတွေကိုပဲအချိန်ပြည့်လေ့ကျင့်နေတာ...ကျားဆိုးတစ်ကောင်
လူတွေကို ဒုက္ခ ပေးနေတယ်သတင်းရလို့
နန်းတော်ကတိတ်တိတ်လေးခိုးထွက်ပြီး
ကျားကိုသွားသတ်ရင်း မောင်ကြီးနဲ့ဆုံကြတယ်ပြောပြတယ် အခုဒီသတင်းကနန်းတော်တခုလုံးပျံ နေပြီ ခုလည်း သာမာန်လူတွေမရတဲ့ အခွင့်အရေးတစ်ခု
မောင်ကြီးကိုမင်းကြီးက ချီးမြှောက်ထားတယ်... "
" ဘာများလဲ သူဇာ... "
" မင်းညီမင်းသားတွေသာ စုပြီးလိုက်တဲ့
တောကစားပွဲ... သခင်မလေးလည်း
ပါလာလိမ့်မယ်.... "
ဂါမဏိတစ်ယောက်တောကစားပွဲဆို၍
စိတ်ဝင်စားသွားမိသည် ။
ဘယ်သားကောင်ကို ဘယ်သို့ ဖမ်းကြမည်နည်း ။
နေ့လည်နေ့ခင်းစားသောက်ပြီးချိန်
သူဇာမှ ဂါမဏိ အားတောကစားပွဲထွက်ရန်လာခေါ်၏ ။
ရာသီဥတုမှာ မိူင်းပြကာ နေရောင်
မတွေ့ရခြင်းကြောင့် ဂါမဏိ မှာဝတ်ရုံရှည်အားခြုံစရာမလိုသောကြောင့်
ယခုအတိုင်းပင်ထွက်လာခဲ့သည် ။
အဆောက်အဦးများနောက်ဖက်တွင် ကွင်းပြင်ကျယ်ကြီးတစ်ခုရှိပြီးထိုကွင်းပြင်ကျယ်တစ်ဖက်တွင်တောအုပ်ကြီးတစ်ခုရှိနေ၏ ။
မင်းညီမင်းသားမောင်းမမိသံများကား
နန်းတော်ဖက်အခြမ်းကွင်းပြင်အစပ်တွင်
စုရုံးရောက်ရှိနေ၏ ။
မင်းချင်းတစ်ယောက်မှာ ထွားကြိုင်းသန်မာသော မြင်းနက်ကြီး
တစ်ကောင်ကိုဆွဲယူလာရင်း
ဂါမဏိ လက်သို့မြင်းဇက်အပ်ပေးလာ၏ ။
တစ်ကိုယ်လုံးနက်ချိတ်နေသော
မြင်းကိုကြည့်၍ သူဇာမှာမျက်နှာပျက်သွားသည်ကို ဂါမဏိ မြင်တွေ့ရသည်။
" မောင်ကြီး ဒီမြင်းကိုသတိထားပါ
ဒီမြင်းဟာ သန်မာတယ် အပြေးမြန်တယ်
အမောလည်းတခြားမြင်းတွေထက်ခံနိူင်တယ်..
ဒါပေမယ့် …နန်းတော်မှာ ဒီမြင်းကို ဘယ်သူမှစီးလို့မရဘူး သူကဗွေဖောက်တယ် ၊ သူ့အပေါ်စီးလာသူကို ခါချတယ်၊
ကိုက်တယ် ၊ ကန်တယ်...အို.. ပြောရရင်
ဒီမြင်းမကောင်းဘူး မောင်ကြီး
ကြည့်ရတာ မင်းညီမင်းသားတွေ မောင်ကြီးခုလိုသူတို့နဲ့ တောကစားထွက်တာ
မကြိုက်လို့ လုပ်ကြံပြီး ဒီမြင်းကြီး ငနက်ကျော်ကိုပေးစီးခိုင်းတာနေမှာ..."
" စိတ်ပူပန်မူမရှိပါနဲ့ နှမလေး
ငနက်ကျော်ထက် အစ်ကိုပိုဆိုးရင်ငနက်ကျော်
အလိုလို လိမ်မာလာပါလိမ့်မယ်..ဟားဟား ဟဟား ဟားဟား.... "
သူဇာ၏ စိုးရိမ်စွာပြောကြားချက်အား
ဂါမဏိ ရယ်သွမ်းသွေးလျက်ရှိကာ မြင်းဆိုးကြီး ငနက်ကျော်ကျောကုန်းသို့လွားခနဲခုန်တက်လိုက်၏ ။
မင်းချင်းများက တစ်တောင်မျအရှည်
ကျည်းသား အချောင်းနှစ်ဆယ်အစည်း။
လေး၊မြှား တို့ကို လာပေးကြသည်။
ဂါမဏိကားဘယ်သို့ဘယ်ပုံအမဲလိုက်ရမည်မသိသော်လည်းကြောက်ရွံစိတ်ကင်းနေ၏။
ဂါမဏိ မှာငနက်ကျော်အားစီးရင်းဟိုသည်ကြည့်နေစဉ်...
..တောအုပ် ခပ်ဝေးဝေးဆီမှ တော
လှန့်သံများကြားလိုက်ရ၏။
...ဟေး..ဟေး..ဟေး ..ဟေး.....
......ဒန်း..ဒန်း...ဒုံ...ဒုံ....တုံ..တုံ...တုံ...
...ယား....ကျား....ဖျောင်း..ဖျောင်း.....
...ခွပ်...ခွပ်....ခွပ်....ခွပ်....ခွပ်..
........ဟီ..ဟီ.....ဟီ....
ကြိုတင်ပြင်ဆင်ထားမူအရ
တစ်ဖက်တောစပ်မှမင်းချင်းများကတောထဲဝင်ခြောက်လှန့်မူအရ သားကောင်များ
ကြောက်လန့်ကာ ကွင်းပြင်ထဲသို့ အရွယ်အစားစုံ သတ္တဝါ အမျိုးမျိုးထွက်လာ၏ ။
သံပုံးတီးသံ၊တုံးမောင်းခေါက်သံ၊လူအုပ်စုများ
ဟိုမှသည်မှ၊ခြောက်လှန့်မူကြောင့် ပြေးထွက်လာသော သားကောင်များမှာ...
...ယုန်
ဆတ်၊သမင်၊ဂျီ၊ ဒရယ်၊ဆတ်၊
အစသောတောကောင်မျိုးပင်။
အသားစားကျားကားမပါပေ။
တောကောကောင်များထွက်လာသည်နဲ့မင်းညီမင်းသားများမှာသူ့ထက်ငါမြင်းကိုဒုန်းစိုင်းပြေး၍
သားကောင်နောက်လိုက်ကြတော့၏ ။
တောလှန့်ရာမှထွက်လာသောအသံ၊
မြင်းခွာသံ၊မြင်းဟီသံ၊အော်ဟစ်မာန်သွင်းသံများဖြင့်
ကွင်းပြင်တစ်ခုလုံးဆူညံ့သွားတော့၏ ။
ဂါမဏိ မှာလည်း တခြားလူနည်းတူစွာသားကောင်
များနောက်သို့လိုက်ရန်
မြင်းကြီးငနက်ကျော်အား ခြေဖနောင့်နှစ်ချက်အား ဝမ်းဗိုက်ပေါ်ခပ်ကြမ်းကြမ်းခပ်လိုက်တော့၏။
သို့သော်......။
မြင်းဆိုးတို့မည်သည်ဆိုးသောဗီဇမှာမွေးချိန်ကတည်းကပါလာတတ်ရာ ယခု ဂါမဏိ စီးမည့်ငနက်ကျော်မှာ ဆိုးသည့်အပြင် ညဏ်ရည်
ကလည်းကောင်းသောမြင်းဆိုးတစ်ကောင်ဖြစ်၏ ။
ညဏ်ကောင်းသောမြင်းဆိုးကြီး ငနက်ကျော်နဲ့
မိစ္ဆာသွေးနှော ဂါမဏိ တို့တွေ့ဆုံမူသည်ကား
စိတ်ဝင်စားဖွယ်ရာအတိဖြင့် ရှိနေပါသည် ။
========================
၁၅ ဆက်ရန်