မာရ်နတ်မင်း၏ စစ်သူကြီး...
----------------------------------
လရောင်သည်အုတ်တိုက်ပျက်အတွင်း
တစ်စွန်းတစကျရောက်နေရာ ဂါမဏိနဲ့ မိန်းမပျိုလေးတို့ရှိနေသောနေရာတွင်လရောင်အနည်းငယ်ကျရောက်လျက်ရှိနေ၏ ။
တစ်စွန်းတစ်စလရောင်အောက်တွင် မိန်းမပျိုလေးမှာအစောနကပုံနဲ့ တစ်ခြားစီပင်။
ကျားသစ်မလေးတစ်ကောင်လိုရဲရင့်စွာရှိခဲ့သမျ
ယခုတော့ ယုန်သူငယ်မလေးအလားရှိနေတော့၏။
ဂါမဏိ ထိုင်နေရာသို့မဝံ့မရဲဟန်ကြည့်ရင်းအနီးသို့
လျောက်လောက်လာရင်းမှ..
”..အစ်ကိုတော် တောင်းပန်ပါတယ်
နှမကန်တော့တာလက်ခံပေးပါ....”
”...ဟားဟား.. အလကားကျီစယ်တာပါ နှမရယ်
ကျုပ်ကိုကန်တော့စရာမလိုပါဘူး .
စိတ်လည်းမဆိုးတော့ပါဘူး ရုတ်တရက်မို့သွေး
ပူပြီးပြောမိတာပါ ရတယ်နှမ.... ”
ဂါမဏိမှာမိန်းမပျိုလေးတကယ်ကန်တော့မည့်ဟန်
ပြင်နေခြင်းကြောင့် စိတ်ဆိုးဒေါသများအစား
ပြုံးမိရသလို ရယ်မောရင်းဖြင့်ခွင့်လွတ်ကြောင်း
ပြောရာ မိန်းမပျိုလေးမှာ အားနာနေဟန်ဖြင့်
ဂါမဏိ မနီးမဝေးတွင် ဝင်ထိုင်လာ၏ ။
” နှမဟာ..ကျေးဇူးရှင်အစ်ကိုတော်အပေါ်
ရိုင်းပျမိပါတယ်...ဘယ်သူ့ကိုမှမယုံကြည်ရတဲ့
အခြေအနေမို့ ကျေးဇူးရှင်ကိုပါ ကျေးဇူးကန်း
သလိုပြုမူမိခဲ့ပါတယ်.ကန်တော့ပြီးတောင်းပန်
ဆိုလည်းတောင်းပန်ဖို့အသင့်ပါ.......”
”...ကျုပ်နှမကိုစကယ်ကတည်းကကျေးဇူးရှင်
ဖြစ်ချင်လို့ မဟုတ်ပါဘူး အဲလိုအခြေအနေမှာ
နှမ မဟုတ်တဲ့တခြားသူဆိုလည်းကူညီဖြစ်မှာပါပဲ
ခုကနှမ မှာလည်း လူတွေကိုယုံလို့မရတဲ့နောက်
ကြောင်းရှိနေတော့ ကျုပ်နားလည်ခွင့်လွတ်ပါတယ်
အိပ်ချင်စိတ်ချလက်ချအိပ်ပါ မနက်အထိ ကျုပ်
နှမကိုမှဲ့တပေါက်မစွန်းစေရဖို့ ကာကွာပါ့မယ်
မနက်မိုးလင်းမှ လိုရာအရပ်ခရီးဆက်ပေါ့.... ”
”...ဒီက အစ်ကိုတော် စိတ်ဓတ်ဟာမွန်မြတ်လှပါတယ် နှမအပြုအမူရိုင်း
ပြမူတွေကိုအရှက်ရ၊နောင်တရမိပါတယ်..
နာမည်က ဘယ်သူများပါလ်ိမ့်...”
”....ဂါမဏိလို့ အမည်တွင်ပါတယ် နှမငယ်အမည်ရော
ကျုပ်ခွင့်ရပါမလား နှမငယ်အကြောင်းကိုရောပေါ့
သိခွင့်ရရင်သိလိုပါတယ်...”
”..နှမငယ်နာမည်က နန္ဒမာလာ လို့အမည်ရပါတယ်....၊
နှမငယ်အကြောင်းကို အစ်ကိုတော်ကိုအားလုံးပြော
ပြပါမယ်...ခုတော့မပြောပြပါရစေနဲ့လို့ မေတ္တာရပ်ခံပါကစေ။
နှမငယ်နေရပ်အစ်ကိုတော်ကိုအလည်ခေါ်ချင်ပါတယ်အဲဒီအချိန်ကျရင် နှမငယ်ဘဝကိုအပြည့်အစုံ
ရှင်းပြပါ့မယ် လိုက်ခဲ့စေချင်ပါတယ်....”
”...တယ်ဆိုတဲ့စာပါကလားနှမရယ် ကျုပ်လည်းသွားစရာအထွေအထူးမရှိတာနဲ့ဆိုတော့ကာ နှမငယ် အလည်ပတ်ခရီးဖိတ်ခေါ်မူကို လက်ခံပါတယ်...”
”...အစ်ကိုတော်လိုက်မယ်ကြားလို့ နှမ ဝမ်းမြောက်
ကြည်နူံးမိပါတယ် နှမငယ်အပေါ်လည်း နှမအရင်းအချာလိုသဘောထားခင်မင်နိူင်ပါတယ်.”
”...နှမငယ်ပြောစကားများဟာ ကျုပ်အတွကိငြင်းစရာမရှိအောင်ပါပဲ..”
”..နှမငယ် တစ်ခုလောက်မေးချင်ပါတယ် အစ်ကိုတော်စိတ်ဆန္ဒရှိမှသာဖြေပါ....
...အစ်ကိုတော်ဟာ ကျားကြီးကိုရင်ဆိုင်စဉ်ကတစ်ကြိမ်။
နှမငယ်ကို ရန်သူလက်ကယ်တင်ချိန်မှာတစ်ကြိမ်
နှမငယ်ဟာ အစ်ကိုတော်ရဲ့လျင်မြန်မူ၊ ရဲဝံ့သတ္တိရှိ ကိုယ်ခံပညာထူးချွန်မူ သူမတူအောင် တော်လွန်းလှတာကိုမျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရခဲ့ပါတယ် ဒီအတွက်အစ်ကိုတော်အကြောင်း
သိလိုပါတယ်...”
”..အစ်ကိုတော်ဘဝအကြောင်းက ရိုးရှင်းပါတယ် နှမငယ်သာမာန်အရပ်သား
ကျေးတောသားတစ်ယောက်ပါ...”
.”.နှမမြင်ဖူးသမျထဲမှာ အစ်ကိုတော်ရဲ့သိုင်းပညာ၊လျင်မြန်မူတွေက အံ့အြဘနန်းပါပဲ..”
”...ဒီလိုလျင်မြန်ရတဲ့အကြောင်းအရင်းက တောသားဆိုတော့
တောတောင်ထဲ သွားလာလူပ်ရှားရင်းမြန်နေတာပါ။
ကိုယ်ခံပညာကတော့ ရွာဦးဆရာတော်ဆီကလေ့လာသင်ကြား
ထားတာတွေပါ နှမရေ...”
ဂါမဏိမှာသူ့ဘဝအကြောင်းများကိုအမှန်အတိုင်းပြော၍မဖြစ်နိူင်သောကြောင့်မုသားသုံးလိုက်ရခြင်းပင်။
သို့သော်လည်း နန္ဒမာလာ ဆိုသောမိန်းမပျိုမှာ သူပြောစကားများကို ယုံကြည်ဟန်ကားမပြချေ ။
”...ဒါနဲ့ အစ်ကိုတော် မျက်နှာကို ဘာလို့ အဝတ်နဲ့ နေ့၊ည ကွယ်ထားရတာလဲ အစ်ကိုတော်မျက်နှာကို လူမမြင်
စေချင်တဲ့အကြောင်းရှိလို့လား. ကျေးဇူးရှင် အစ်ကိုတော်ရဲ့မျက်နှာကို နှမကြည့်ခွင့်ရမလား...”
”...ဟားဟား....အစ်ကိုတော် ရုပ်ကလူတွေကို
မပြဝံ့လောက်အောင် ရုပ်ဆိုးလွန်းလို့ ကွယ်ဝှက်ထားရတာပါ
နှမ လန့်ဖျတ်သွားပါလိမ့်မယ် မကြည့်ချင်ပါနဲ့...”
” ကျေးဇူးရှင်အစ်ကိုတော်ရုပ်ဟာ ဘယ်လိုပင်ရှိနေပါစေ၊ နှမကိုကာကွယ်စောင့်ရှောက်ခဲ့သူမို့ မျက်နှာကို
မြင်ဖူးထားချင်ပါတယ်....”
”ကောင်းပြီလေ စိတ်ကိုတော့ ခိုင်ခိုင်ထားနှမရေ.....”
ဂါမဏိမှာ နန္ဒမာလာဆိုသောမိန်းမပျိုလေးကမျက်
နှာကိုကြည့်လိုသည်ဆိုနေခြင်းကြောင့် မျက်နှာကို
ကွယ်ထားသော အဝတ်ကိုနောက်သို့လှန်ချလိုက်
တော့၏ ။
.....ဟင်....
”....ဘာလဲလန့်သွားလို့လား ကျုပ်မျက်နှာကို
ပြန်ဖုံးလိုက်ပါ့မယ်....”
” မဖုံးကွယ်ပါနဲ့အစ်ကိုတော် ခုကလန့်လို့အံ့အြတာ
မဟုတ်ပါဘူး ချောမောခန့်ညားယောက်ကျားပီသ
ကြည့်ကောင်းသူတယောက်က ဘာလို့မျက်နှာကွယ်ထားလဲ အံ့အြသွားမိလို့ပါ..”
”ကျုပ်ကိုလူဆိုးသူခိုးထင်နေမိပြီလား အမှန်က
ကျုပ်က ထူးဆန်းတဲ့ရောဂါတမျိုးခံစားနေရလို့
ခုလိုအဝတ်ခြုံပြီးကာထားရတာပါ...”
”..ဘယ်လို ထူးဆန်းတဲ့ရောဂါ.. ဟုတ်လား...”
”ဟုတ်တယ်..နှမ ကျုပ်အသားကိုနေရောင်ထိရင်
အဖုအပိန့်ထွက်လာတတ်လို့ အသားကိုနေမထိအောင်ကာ ထားရတာပါ....”
ဂါမဏိမှာ ခရီးစထွက်ချိန်မှစ၍
ဝတ်ရုံနက်ကြီးတစ်ထည်အား ခေါင်းမှစ ခြေဖျားထိလွမ်းခြုံထား၏ နေ့အခါ နေရောင်ခြည်အသားကိုမထိခိုက်စေရန်အတွက်ဖြစ်သည်။
မိန်းမပျိုက ထိုအကြောင်းမေးမြန်းလာသောအခါ
စကားရှည်မည်စိုးသောကြောင့်စကားကိုရှောင်ဖယ်ပြောခြင်းပင်။
သူ့အဖြေကို မိန်းမပျိုယုံကြည် ကျေနပ်ပုံမရ။ မချင့်မရဲဟန်ရှိနေဟန်ကိုဂါမဏိမြင်တွေ့နေရ၏။
သို့သော်လည်းဘာမှပြန်မပြောငြိမ်သက်နေ၏ ။
..အောက်...အီး...အီ....အွပ်.........
ထို့နောက်သူတို့နှစ်ယောက်ကြား
ပြောစရာ စကားမရှိသကဲ့သို့ အချိန်အတော်ကြာမျ
တိတ်ဆိတ်ငြိမ်သက်နေကြစဉ်အဝေးတောအုပ်ဆီမှတောကြက်ဖတစ်ကောင်
တွန်သံအားကြားလိုက်ရသောကြောင့် ဂါမဏိမှ
”..ဟော လင်းကြက်တောင်တွန်နေပြီ
အရုံကျင်းရောက်ပြီ နှမဒဏ်ရာလည်း
ရထားတော့ အနားယူပြီး ခနတဖြုတ်
အိပ်လိုက်ပါအုံး စိတ်ချလက်ချသာအိပ်ပါ
ကျုပ် ကင်းစောင့်ပေးပါမယ်...”
ဂါမဏိမှာနန္ဒာမာလာအမည်တွင်သော မိန်းမပျို အနေရမကျပ်စေရန်အပြင်ဖက်သို့ထွက်လာခဲ့၏။
ဂါမဏိအနေဖြင့် သွားစရာနေရာဦးတည်ချက်
မရှိသောအချိန်တွင်
နန္ဒမာလာ၏ ဖိတ်ခေါ်မူအားလက်ခံ၍ သူမနဲ့အတူ
လိုက်ပါရန်စိတ်ကူးထားခြင်းပင်။
အထက်တန်းကျကျ လှပချောမောသော၊ကိုယ်ခံပညာအဆင့်မြင့်မြင့်တတ်မြောက်ထားသော
နန္ဒမာလ၏ နောက်ကွယ်မှ ဘဝကိုလည်း သူစိတ်ဝင်စားသောကြောင့်လည်းပါ၏ ။
ဂါမဏိ တစ်ယောက်တည်းအုပ်ကျိုးပုံတစ်ခုပေါ်ထိုင်၍
ဟိုရောက်သည်ရောက်၊ အတွေးများဖြင့် နပန်းလုံးနေစဉ်အာရုံဦးရောင်ခြည်ပြေးအလင်းရောင်များ ပတ်ဝန်းကျင်တစ်ဝိုက်ယှက်သန်းလာချိန်မှ မတ်တတ်ရပ်၍အညောင်းအညာဖြေလျော့လိုက်ကာ မိန်းမပျိုလေးနိူးပါက စားသောက်ရန်
သစ်သီးဝလံများ ရှာဖွေရန် အနီးမှ တောထဲသို့ ဝင်ရောက်၍စားသောက်စရာသီးနှံများလိုက်လံရှာဖွေနေတော့၏ ။
-===========================
ယခုမူကား ဂါမဏိ မှာမိန်းမပျိုလေး ဦးဆောင်ရာနောက်သို့ လိုက်ပါလာခဲ့ပြီဖြစ်၏ ။
တစ်နေကုန်မျ ခရီးကိုနားလိုက်၊သွားလိုက် နှင်ကြပြီးသောအခါညနေမိုးချုပ်ချိန်ရောက်သောအခါ ရွာတစ်ရွာအနီးသို့ရောက်ရှိလာခဲ့ကြသည်။
ရွာလယ်လမ်းအတိုင်းလျောက်လာစဉ်
ထူးခြားသောအခြေအနေတစ်ကို ဂါမဏိ သတိပြုမိလိုက်သည်။တစ်ရွာလုံးမှာ လူသူမရှိသည်အလား တိတ်ဆိတ်ငြိမ်သက်
နေသောအခြေအနေက ထူးခြားနေ၏ ။
သို့ရာတွင်အိမ်အတွင်းဆီမှပုန်းလျိုးကွယ်လျိုးချောင်းမြောင်းကြည့်ရူနေသူများရှိကြောင်းဂါမဏိစိတ်တွင်း ခံစားသိရှိနေသည် ။
ဆက်လျောက်လာကြရင်းမှ
တချို့အိမ်များမှာပြိုကျပျက်စီးလျက်ရှိနေကြသည်ကိုတွေ့ရပြန်၏ ။
”.. ရွာက တိတ်ဆိတ် လွန်းလှချည်လား
လူမှရှိပါလေစ အစ်ကိုတော်...”
”. .တိုးတိုး နှမ အသံမပြုနဲ့ တစ်ခုခုတော့ ထူးခြားနေပြီ..”
” ..ဟင်… ဘယ်လိုဖြစ်လို့ပါလိမ့်...”
”...မကြာခင် သိရလိမ့်မှာပေါ့....”
ဂါမဏိမှာနန္ဒမာလာအား တီးတိုးသတိပေးရင်း
ဘေးဘီဝဲယာကိုသတိထားကြည့်ရင်းလျောက်လာကြစဉ်တစ်ရွာလုံးအကောင်းဆုံးဆိုရမည့် ရွာထိပ်ရှိအိမ်ကြီးတစ်လုံးရှေ့ရောက်လာကြ၏ ။
တောသဘာဝမို့ ခြံစည်းရိုးများကာရန်ထားခြင်းမရှိသော
ကြောင့်ထိုအိမ်ရှေ့တွင်ရပ်လိုက်ကြသည် ။
ရွာလူကြီးအိမ်ဖြစ်လောက်သည်ဟု
ဂါမဏိတွေးရင်း ယခုရွာတွင်ညအိပ်ခွင့်အတွက်ရွာလူကြီးထံ
ခွင့်တောင်းရန် အိမ်ရှေ့တွင် ရပ်လိုက်ခြင်းဖြစ်၏ ။
သို့သော်လည်း...။ အိမ်တခါးမှာတင်းတင်းစေ့ပိတ်လျက်ဖြင့်
ရှိနေကာ လူရိပ်၊ လူယောင်မျ မြင်တွေ့ရခြင်းမရှိ၊
ပကတိတိတ်ဆိတ်လျက်။
ရွာဓလေ့များတွင် အိမ်တိုင်းနီးပါးခွေးများမွေးထားကာ လူစိမ်းဝင်လာပါ ခွေးများဟောင်လေ့ရှိသော်လည်း ယခုမူ ခွေးတစ်ကောင်၊ကြောင်တမြီးမျပင်
မတွေ့ရပဲရှိနေ၏ ။
...ဗျို့...ဗျို့...အိမ်ရှင်တို့...အိမ်ရှင်တို့.....
.တစ်ကြိမ်နှစ်ကြိမ်မျ ဂါမဏိအော် ခေါ်သော်လည်း အိမ်အတွင်းမှတုန့်ပြန်သံ မကြားရပေ။
”...လူမရှိဘူးထင်တယ် အစ်ကိုတော်...”
”.. ရှိတယ် နှမ အိမ်တခါးပိတ်ထားပုံကိုကြည့်
အတွင်းက မင်းတုတ်ချ ပိတ်ထားတယ်
အထဲမှာ လူရှိတယ်ထပ်ခေါ်ကြည့်မယ်....”
မည်သည့်အကြောင်းမှန်းကြောင့်ဟူ၍မဆိုနိူင်။
အိမ်တွင်းတွင်လူရှိမှန်းသိနေသော်လည်း တုတ်တုတ်မျမလူပ်။ ငြိမ်သက်နေခြင်းက မည့်သည့်အကြောင်းကြောင့်ဟုဂါမဏိ တွေး၍ မရ
ပဲရှိနေ၏ ။
ထို့ကြောင့်နောက်တကြိမ်ခေါ်ကြည့်ရန်တွေးလိုက်ရင်းမှ..
”...ဗျို့...အိမ်ရှင်တို့ ကျုပ်တို့ လူကောင်းတွေပါ
ခရီးသွားရင်း မိုးချုပ်သွားလို့ တစ်ညတာနားခိုရုံပါ
ဘာအန္တရယ်မှ ပြုမယ့် လူတွေမဟုတ်ပါဘူး...”
ဂါမဏိ ယခုတကြိမ်အကြောင်းမထူးက လှည့်ပြန်ရန်တွေးနေချိန် အိမ်အတွင်းမှ လူပ်ရှားသံ၊ ပစ္စည်းရွေ့လျားသံများကြားရပြီး
မီးရောင်တစ်ခုလင်းလာကာပိတ်ထားသောတခါးကိုဖွင့်လျက်လက်ဆွဲမီးအိမ်တစ်လုံးကိုကိုင်ကာ လူတစ်ယောက် အိမ်ပေါ်မှ ဆင်းလာနေ၏ ။
” .... ဘယ်သူများလဲ ကွယ်ရို့....”
”...ကျုပ်တို့ လူဆိုးသူခိုးမဟုတ်ပါဘူးအဘိုး
တစ်ညတာ နားခိုရုံရရင်ကျေနပ်ပါပြီ...”
”..မိဘတွေသဘောကို ဆန့်ကျင်ပြီး ခိုးပြေးကြတဲ့
စုံတွဲတွေထင်ပါရဲ့.. ”.လာကြ...လာကြ အိမ်ပေါ်တက်.ခေတ်ကာလအခြေအနေ
ကောင်းတာ မဟုတ်ပါဘူး...”
...အို....
လက်ဆွဲမီးအိမ်ငယ်မှီတ်တုတ်၊မှိတ်တုတ်ဖြင့်
အိမ်ပေါ်မှဆင်းလာသောအသက်ခြောက်ဆယ်အရွယ်အဘိုးအိုက ဂါမဏိ တို့နှစ်ယောက်အား ခိုးပြေးလာကြသောစုံတွဲဟုအထင်ရောက်နေရှိဟန် ပြောလိုက်သောစကားကြောင့် ဂါမဏိ မျက်နှာတစ်ခုလုံးထူပူကာနန္ဒမာလာကို အားနာသွားရသလို နန္ဒမာလာ၏ ရှက်အမ်းသံ
တိုးတိုးကိုကြားလိုက်ရမိသည် ။
အိမ်ပေါ်ရောက်သောအခါ ဧည့်ခန်းတွင် ထိုင်ရန်အဘိုးအိုကပြောရင်း မီးအိမ်ကို သူတို့သုံးယောက်အလယ်တွင်ချလိုက်၏ ။
နန္ဒာမာလာမှ
”...အဘိုး တစ်ရွာလုံးလူသံသူသံမကြား တိတ်ဆိတ်လို့ဘယ်လိုဖြစ်တာလဲ...”
”...အင်း... ကျွဲနှစ်ကောင်ခတ်ရာ မြေစာပင်ကြားကညပ်တယ်ပြောရမှာပေါ့
အခုဆိုနယ်စွန်နယ်ဖျားကရွာ၊မြို့တွေမှန်သမျ ဘုရင်မင်းမြတ်ကိုပုန်ကန်ခြားနားတဲ့ တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီ
မကြာခင် မင်းနေပြည်တော်ကို သိမ်းတော့မယ်လို့ ကြားတယ်....”
အဖိုးအိုပြောစကားကို ဂါမဏိ စိတ်ဝင်စားသွားမိ၏ ။
ဂါမဏိ အနေဖြင့်ပတ်ဝန်းကျင်နဲ့ကင်းကွာနေသည်မှာ
နှစ်လကျော်အချိန်ကာလသို့ပင်ရောက်ရှိခဲ့ပြီဖြစ်ကာ
ထိုအတောအတွင်းပြောင်းလဲနေသော အခြေအနေကိုသူမသိပေ။
အဖိုးအိုပြောစကားအရ ဘုရင်မင်းမြတ်ကို
ပုန်ကန်ခြားနားသူဆိုသည်မှာ စက္ကဒေဝ တပ်ဖွဲ့များလားမဆိုနိူင် ထို့ကြောင့်သိလိုသမျ အဖိုးအိုထံမေးမြန်းစုံစမ်းရန်သာရှိတော့၏ ။
ထိုအချိန်တွင် နန္ဒမာလာအထူးငြိမ်သက်နေသည်ကိုဂါမဏိ သတိမပြုမိချေ ။
”...ပုန်ကန်ခြားနားသူတွေရဲ့ ခေါင်းဆောင်က
ဘယ်သူလဲအဘိုး နောက်ပြီး အဘတို့ရွာကိုရော
ဘာလုပ်သွားတာလဲ...”
...ပုန်ကန်ခြားနားသူဘယ်သူလဲတော့ အဘိုးလည်းမသိပါဘူးကွယ် ...
ကြားရသလောက်ပြောရရင် လေ့ကျင့်ရည်ပြည့်တဲ့
တပ်ဖွဲ့ဝင်တွေအပြင် ပြည်ပတရုတ်တပ်တွေကပါ
ပုန်ကန်သူတွေဖက်ကဝင်တိုက်ပေးတယ်လို့ကြားတယ် ၊သိမ်းပြီးတဲ့ မြို့ရွာတွေက အရွယ်ရောက်ပြီးယောက်ကျားသား
မှန်သမျကိုလည်း တပ်သားအဖြစ်စုဆောင်းဖို့ ခေါ်သွားကြတယ်။ အဘတို့ရွာကိုလည်းကုန်လွန်ခဲ့တဲ့ခုနှစ်ရက်က တပ်တစ်တပ်ရောက်လာပြီး
ရွာကလူငယ်တွေကို ဖမ်းခေါ်သွားတာပါပဲ ..”
”...ဒီလိုဆိုရင်တော့ အဲဒီတပ်ကအတော်ကြီးနေလောက်ပြီ...”
”...ကြီးဆို ရှေ့နောက် ဝဲယာက မြို့ရွာတွေကိုသိမ်းပြီးမင်းနေပြည်တော်ဆီ တဖြည်းဖြည်းချင်းတက်လာတာ
မကြာခင် မင်းနေပြည်တော်ကို ဝင်တိုက်တော့မယ်...”
...ဟင်...
ထိုစကားအားပြောလာသူမှာ အဘိုးအိုမဟုတ်ပဲ ငြိမ်သက်နေသောနန္ဒမာလာထံမှပြောလာခြင်းပင်ဖြစ်၏ ။
”.....နှမအနေနဲ့ ဒီအကြောင်းတွေ
သိနေတယ်ပေါ့ ဟုတ်လား....”
”..ပြည်သူတစ်ယောက်အနေနဲ့ ကို့ပြည်ကိုယ့်နယ် တိုင်းတပါးလက်ကျရောက်မယ့်အရေးကိုသိတာမဆန်းပါဘူး အစ်ကိုတော်...”
”...တစ်မျိုးတော့ ကောင်းပါတယ်လေ အခုအုပ်ချုပ်နေတဲ့ဘုရင်ကသောက်စားမူးယစ်ပြီး တိုင်းပြည်ကြွယ်ဝတိုးတက်ဖို့အရေး
ပြည်သူအရေးမကြည့်တဲ့ မင်းဆိုးမင်းညစ်မို့ သူကျဆုံးတာတဖက်ကတွေးကြည့်ရင် ဝမ်းမြောက်စရာပါပဲ....”
...ဟင်...
ဂါမဏိ စကားကြောင့်နန္ဒမာလာမှာအလန့်တကြား
အာမေဋိတ်သံပြုလိုက်၏။
ဂါမဏိကိုနားမလည်ဟန်ဖြင့်ကြည့်ရင်းမှ
”အခုနက....အစ်ကိုတော်ပြောတဲ့စကားတွေတခုခုမှားနေပြီထင်တယ်....”
”...မမှားဘူး… နှမ မမှားဘူး ဒီဘုရင်ဆိုး ဘုရင်ညစ်အကြောင်း
ကျုပ်ကောင်းကောင်းကြားဖူးထားတယ်....”
”...အစ်ကိုတော် ဘယ်ကကြားလာမှန်းမသိတဲ့စကားကို
အတည်လို့မယူဆသင့်ပါ လေ့လာသင့်ပါတယ်....”
ဂါမဏိပြောစကားကိုနန္ဒမာလာကမကြိုက်နှစ်သက်ဟန်ပြန်ပြောလာခြင်းဖြစ်သည်။
ဂါမဏိ ပြောစကားများကိုလည်း
အံ့အြသင့်နေဟန်ရှိ၏ ။
” ....ဒီသူငယ်မ ပြောတာ ဟုတ်တယ် တူမောင်
မင်းတရားကြီးဟာ မင်းကျင့်တရားဆယ်ပါးနဲ့အညီ
တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းတပါးပဲ
အခုတော့ ပုန်ကန်သူတွေကြောင့် ငါတို့ပြည်ကြီး
ကိုယ်ကျိုးနည်းပြီထင်ပါရဲ့....”
.....ဟာ.......
အဘိုးအိုကပါ ယခုဘုရင်ကောင်းကြောင်းပြောလာ
ခြင်းကြောင့်ဂါမဏိ တစ်ယောက်ဦးခေါင်းများချာချာလဲကုန်ရတော့၏ ။
စက္ကဒေဝ ထံမှသူကြားသိရသော ဘုရင်ကြီးအကြောင်းနဲ့ယခုသိရသောအကြောင်းမှာ အကွာခြားကြီးကွာခြားနေခဲ့ပြီဖြစ်၏ ။
မည်သည့်စကားမှားသည်၊မှန်သည်ကို ဂါမဏိ မတွေးနိူင်အောင်ဦးနှောက်များထူပူကုန်တော့သည်။
”...ကဲ ကဲ ညနက်လာပြီ အိပ်ချင်ကြရောပေါ့
ဒီအခန်းမှာအိပ်ကြ မီးအိမ်ကိုယူထားလိုက်
အဘိုး ဘုရားခန်းမှာအိပ်မယ်...”
အခန်းတစ်ခုကိုညွန်ပြ၍ အဘိုးအိုမှာ ဘုရားခန်းတွင်အိပ်စက်ရန်ထွက်သွားချိန် ဂါမဏိ နဲ့ နန္ဒာမာလာမှာနှစ်ယောက်တည်းကျန်နေရစ်ခဲ့သည်။
နန္ဒမာလာမှာ ဦးခေါင်းကိုငုံ၍ကြမ်းပြင်ကိုစိုက်ကြည့်
လျက်ရှက်ရွံ့နေဟန်ရှိနေသည် ။
...နှမ.......
ဂါမဏိခေါ်သံကြောင့်ဆတ်ခနဲကိုယ်ကလေးတုန်သွားပြီးငုံထားရာမှတဖြည်းဖြည်းမော့ကြည့်လာသော နန္ဒမာလာ မှာဆီမီးရောင်အောက်တွင် ကပိုကယိုဖြင့်တမျိုးတဖုံကဗျာဆန်လှနေပြန်သည်။
” ..အထဲခန်းဝင်ပြီးစိတ်ချလက်ချအိပ်နော်....”
”..အစ်ကိုတော်ကရော ဘယ်မှာအိပ်မှာလဲ....”
.”...ကျုပ်ကယောက်ကျားသားလေ ဘယ်မှာပဲအိပ်အိပ်ရတယ် ပူမနေနဲ့...”
နန္ဒမာလာအခန်းတွင်းဝင်သွားသောအခါ
ဂါမဏိမှာအခန်းအပြင်တွင်နံရံကိုကျောမှီထိုင်ရင်း အတွေးများစွာဖြင့်တညလုံးအိပ်မပျော်။
သူ့အတွက်တွေးစရာများကပေါ်လာပြီမဟုတ်လား။
နောက်တစ်နေ့မိုးသောက်သော်
အိမ်ရင်အဘိုးအိုပြင်ဆင်ပေးသော ကောက်ညှင်းနဲ့ငါးခြောက်အားစားသောက်ပြီးနူတ်ဆက်ကာ အဘိုးအိုအားနူတ်ဆက်ကာ
ခရီးဆက်ရန်ပြင်ဆင်ကြသည်။
”..ဒါနဲနှမ ဘယ်အရပ်ကို ဦးတည်သွားနေတာလဲ...”
.”...မင်းနေပြည်တော် သွားနေတာ အစ်ကိုတော်....”
.”..နှမက မင်းနေပြည်တော်ကလား....”
.”...ဟုတ်တယ် အစ်ကိုတော် အမြန်ခရီးဆက်ရင်
ခုညနေလောက် မြို့တခါးမပိတ်ခင်ရောက်လောက်တယ်..”
တစ်နေကုန်မနားမနေဖြင့် ခရီးနှင်လာကြပြီးချိန်
မြင့်မားသောအုပ်နံရံတံတိုင်း
ကြီးရှေ့မြို့တွင်းဝင်ဝဂိတ်ဆီသို့ရောက်ခဲ့ကြတော့၏ ။
”...ဟေ့ ရပ် မောင်မင်းတို့ဘယ်သူတွေလဲ
ဘယ်အရပ်ကလာသလဲ ...မောင်မင်းမျက်နှာက
အဝတ်ကိုဖယ်လိုက်စမ်း....”
မြို့တခါးအဝင်မှ တခါစောင့်ရဲမက်နှစ်ဥိးက လှံတံဖြင့်ဝင်ပေါက်ကိုကာဆီး၍မေးမြန်းလာသောစကားကိုဂါမဏိမဖြေတတ်ပဲကြောင်အမ်းအမ်းဖြစ်နေစဉ်နန္ဒမာလာမှာတခါးမူးနှစ်ယောက်အနီးတိုးကပ်၍အိတ်တွင်းမှပစ္စည်းတခုကိုခနမျထုတ်ပြ၍ ဂါမဏိ မကြားစေရန်တီးတိုးပြောဆိုပြီးချိန်တခါးမှူးနှစ်ယောက်၏မျက်နှာမှာ ချက်ခြင်းပြောင်းလဲကုန်ကာ
ဂိတ်တံခါးကို ကဗျာကသီ အလျင်အမြန်ဖွင့်ပေး
နေတော့၏ ။
တံခါးမှူးမှာ ဒူးများတဆတ်တုန်၍မျက်နှာများမှာလည်းကြောက်လန့်သောအသွင်ကို ဆောင်လျက်ရှိနေကြချိန် ။
နန္ဒမာလာမှာဂါမဏိ လက်ကိုဆွဲလျက် မြို့တွင်းအလျင်အမြန်ဝင်ခဲတော့၏ ။
ဂါမဏိ မှာတခါးမှူးနှစ်ယောက်၏ ပြောင်းလဲသွားသောအခြေကိုအနေမသိလိုက်ပေ။
နန္ဒမာလာမှာ ဂါမဏိအားလမ်းကြိုလမ်းကြားမှတစ်ဆင့်
ခေါ်ဆောင်သွားရင်းအိမ်ကြီးတအိမ်ရှေ့ရောက်
သော်ထိုအိမ်ရှေ့တွင်ရပ်လိုက်၏ ။
.”..အစ်ကိုတော် ဒီကခနစောင့်
နှမအထဲခနဝင်လိုက်မယ်....”
နန္ဒမာလာမှာ ဂါမဏိကိုအိမ်ရွှေ့တွင်ရပ်စောင့်ခိုင်း၍
အိမ်ထဲဝင်သွားသည်မှာအချိန်အတော်ကြာသည်အထိပေါ်မလာသောကြောင့် ဂါမဏိ တစ်ယောက်
စိတ်ပူပန်ကာအထဲဝင်ရမလိုရပ်နေရမလိုရှိနေစဉ်....
”.....ဖမ်းဟေ့ ရာဇဝတ်သားကိုမလွတ်စေနဲ့....”
........ဟာ.............
လမ်းကြားအတွင်းဟိုဖက်သည်ဖက်ညှပ်လျက်
လက်နက်အပြည့်အစုံဖြင့် ရဲမက်များရုတ်တရက်
ထွက်ပေါ်လာ၍ ဂါမဏိ ထွက်မပြေးစေရန်လေး
ဖက်လေးတန်ဝိုင်းထားလိုက်ကြတော့၏ ။
ဂါမဏိ တစ်ယောက်ရဲမက်များ ဖမ်းချုပ်ခြင်းအား
ခံလိုက်ရတော့ပါတော့သည်။
=========================
၁၄-ဆက်ရန်