မာရ်နတ်မင်း၏ စစ်သူကြီး--
-----------------------------------
ဂါမဏိ မှာအဂ္ဂအားကျောခိုင်း၍ထွက်ခွာလာခဲ့ပြီဖြစ်၏။
သူ့အနေဖြင့် အဂ္ဂ အတွင်စိတ်မကောင်းပေ ။
ရှေးအတိတ်ကံကြောင့်
လူသားတစ်ယောက်အဖြစ်ကိုရရှိခဲ့သော်လည်း ၊
အတိတ်ဝဋ်ကြွေးကြောင့်ထင့် ။ လူသားတစ်ပိုင်း မကောင်းဆိုးဝါး တစ်ပိုင်းဘဝကိုရောက်ရှိနေရသည်။
သို့ရာတွင်အဂ္ဂမှာစိတ်နှလုံးမွန်မြတ်သူတစ်ယောက်ပင်၊သူ့ကြောင့်လူသားများဘေးဒုက္ခမဖြစ်စေရန်
လူနေမနီးသော တောနက်ကြီးတွင် တစ်ကိုယ်တည်းနေထိုင်သူဖြစ်၏ ။
မမျော်လင့်ပဲရောက်လာသူ ဂါမဏိ ကိုကယ်ဆယ်ပြီးဒုက္ခိတဂါမဏိကြီးကို ချေး၊သေး
မှအစ မရွံမရှာ သန့်ရှင်းပေးပြီးမညီးမညူ ပြုစုရင်း နောက်ဆုံး လူပ်ရှားသွားလာ၍ရစေရန်ပင်
အကူအညီပေးခဲ့သူဖြစ်၏ ။
အဂ္ဂ ကျေးဇူးများမှာ ဂါမဏိ အတွက်ဆပ်၍မကုန်နိူင်အောင်ပင်ရှိနေသည်။
သို့ရာတွင်မလွဲမရှောင်သာသောအခြေအနေမို့ခွဲခွာရပေတော့မည်။
အဂ္ဂနဲ့ခွဲလာရင်းဂါမဏိမှာ သူသွားမည့်နေရာအားပထမဆုံးစဉ်းစားဖြစ်၏ ။
သူ့အနေဖြင့် စက္ကဒေဝ ထံသို့မပြန်လိုတော့ပေ ။
အားလုံးကသူသေပြီဟု သတ်မှတ်ထားကြပြီးဖြစ်သလို၊
အကယ်၍ပြန်သွားပါကလည်း အရူံးသမားဟူ၍
ဝိုင်းကြည့်လာကြမည့် မျက်လုံးဒဏ်ကို သူခံနိူင်ရည်မရှိပေ ။
ယခုဆိုလျင် ဒတ္တမှာစစ်သူကြီးဖြစ်နေလောက်ပြီဖြစ်ကာ
တိုက်ပွဲများပင်ဆင်နွဲနေပြီလားမဆိုနိူင်ပေ ။
သူမရှိသောနှစ်လကျော်အတွင်း အပြင်လောကသည်ဘာဖြစ်နေသည်ကိုသူမသိ၊ သိလည်းမသိလိုတော့ပေ။
ထိုနေရာမှာ သူနဲ့မသက်ဆိုင်တော့ပေ ။
ထို့ကြောင့် စက္ကဒေဝ နန်းဆောင်နဲ့ ဝေးရာသို့တောင်ကြားလမ်းမှတစ်ဆင့်ဦးတည်ထွက်ခွာလာခဲ့သည် ။
ဂါမဏိ အတွက်လတ်တလောတွင် ဦးတည်ချက်မရှိ၊
ရည်မှန်းချက်မရှိသောကြောင့် ခြေဦးတည့်ရာ နေရာသို့သွားလာနေခြင်းပင်ဖြစ်၏ ။
ဂါမဏိမှာ ခြေဦးတည့်ရာ သွားနေရင်း
ကြုံရာနေရာတွင်အိပ်၍ ဖြစ်သလို ရှာကြံစားသောက်၍ခရီးဆက်ခဲ့သည်မှာ လေးရက်မြောက်ခရီးသို့ပင်ရောက်ခဲ့ပြီဖြစ်သည် ။
လူနေအိမ်ခြေများကိုမူမတွေ့ရသေးပဲ တောအုပ်တောင်ကုန်းများကြားမှဖြတ်သန်းသွားလာရင်းဖြင့်ရေငတ်လာ၍စမ်းချောင်းတစ်ခုအတွင်းမှ ရေအား လက်ခုတ်နှစ်ဖက်ဖြင့်အားပါးတရ ခတ်သောက်၍ ကျောက်တုံးတစ်ခုပေါ်တွင်
အမောဖြေနေမိစဉ်.....
......ဝေါင်း...ဝေါင်း.....ဝေါင်း.....
....အား...အေမ့.......
....ဟင်....
ကျားဟိန်းသံတစ်ခုနဲ့အတူ လူသံတစ်ခုကို ကြားလိုက်ရသောကြောင့် တစ်စုံတစ်ယောက်သောသူမှာ ကျားနဲ့ရင်ဆိုင်ရပြီ
မှန်းရိပ်မိလိုက်၍ထိုနေရာသို့အလျင်အမြန်ပြေးလွား
သွားလိုက်မိရာ မြင်လိုက်ရသောမြင်ကွင်းကိုကြည့်
၍ ဂါမဏိ ခနမျ မှင်သက်သွားရ၏ ။
...ဟာ...
ဂါမဏိတွေ့လိုက်ရသောမြင်ကွင်းမှာအသည်းယားစဖွယ်ပင်။ကိုးတောင်ခန့်မျအရှည်ရှိမည်ဖြစ်သော အဝါအနက်စင်းကျားဖြင့် ကျားကြီးတစ်ကောင်မှာ မိန်းမပျိုလေးတစ်ယောက်ကိုလှည့်ပတ်ချောင်းမြောင်းနေသောမြင်ကွင်းဖြစ်သည်။
မိန်းမပျိုလေးမှာလက်မောင်းတစ်ဖက်မှ သွေးစိမ်းရှင်ရှင်ကျနေလျက်ဒဏ်ရာရနေပြီး တစ်ခြားလက်တစ်ဖက်က ဓားရှည်တစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသည် ။
ကျားကြီးမှာ မိန်းမပျိုလေးကို အလွယ်တကူ အနိူင်ယူနိူင်သောအခြေအနေပင် ။
သို့ရာတွင် သူသတ်ရမည့်သားကောင်ကို အလွယ်တကူအနိူင်ယူနိူင်၍ လှည့်ပတ်ကစားနေခြင်းမျိုးဖြစ်မှန်းဂါမဏိနားလည်လိုက်၏ ။
မိန်းမပျိုလေးမှာလည်း ကျားကြီးလှည့်ပတ်ရာနေရာသို့သူပါခန္ဓာကိုယ်လှည့်ပတ်၍ မျက်ချည်မပြတ်ကျားကြီးကိုကြည့်နေ၍
ကျားကြီးတိုက်ခိုက်လာပါက တိုက်ခိုက်ရန်အသင့်အနေအထားရှိနေ၏ ။
သတ္တိကောင်းသောမိန်းခလေးတစ်ယောက်ဟု
ဂါမဏိ မိန်းမပျိုလေးအား စိတ်အတွင်းမှတ်ချက်
ချလိုက်မိ၏ ။
ကျားကြီးမှာ လက်တစ်ဖက်ကိုမြောက်၍ ပုတ်ထုတ်ဟန်လုပ်ပြလိုက်၊
ခုန်အုပ်မည့်ဟန်ပြလိုက်ဖြင့်မိန်းမပျိုလေးကိုလှည့်ပတ်၍အယောင်ပြ ခြောက်လှန့်နေသည်။
တစ်ကြိမ်တွင်မူ..။
လှည့်ပတ်ချောင်းမြောင်းနေရာမှရုတ်တရက်
လွားခနဲ၊အငိုက်ဖမ်း၍မိန်းမပျိုလေးအား ခုန်အုပ်လိုက်တော့၏ ။
....ယား.....ဝုန်း....
..စွတ်.....ဘုံး....
.ဝေါင်း....ဝေါင်း....
....ဝေါင်း....ဝေါင်း....
အခြေအနေမှာအသည်းယားစဖွယ်ရာပင်
မိန်းမပျိုလေးအား ကျားကြီး ခုန်အုပ်ချိန်မှာပင် ဂါမဏိမှာ
အဆင်သင့်ထုတ်ထားသောဓားကိုလက်နှစ်ဖက်ဖြင့်စုံကိုင်၍ မာန်တစ်ချက်သွင်းလိုက်ရင်း လူရောဓားပါ ကျားကြီးထံမျှားတစ်စင်းကဲ့သို့အရှိန်ဖြင့်တိုးဝင်လိုက်၏ ။
ကျားကြီးမှာမိန်းမပျိုအနားသို့မရောက်မှီ ဂါမဏိ တွန်းလိုက်သောအရှိန်ဖြင့်ဘေးသို့ပစ်ကျသွားသလို ဂါမဏိ လက်ထဲမှဓားမှာလည်း ကျားကြီးလည်မြိုသို့ ထုတ်ချင်းပေါက်စိုက်ဝင်သွားတော့၏ ။
...ဝုန်း...ဖျောင်း....ဖျောင်း...ဖျောင်း...
ဂါမဏိ မှာကျားကြီးအားဓားဖြင့်ထိုးစိုက်ပြီးသည်နဲ့ ကြောင်ငေးနေသော မိန်းမပျို လက်ကိုဆွဲ၍ ကျားကြီးနဲ့ဝေးရာသို့ခုန်ထွက်လိုက်သည်။
ကျားကြီးမှာလဲနေရာမှ လူးလဲထပြီးသူ့ရန်သူကို ဒေါသတကြီးတိုက်ခိုက်ရန်ကြိုးစားသေးသော်လည်းဒဏ်ရာကြောင့်
မဟန်နိူင်တော့ပဲ မြေပြင်ပေါ်ပြန်လဲကျကာ၊ ဒေါသတကြီးမာန်ဖီလျက် လဲနေရင်းမှ အနီးရှိသစ်ပင်ငယ်များကို ကုတ်ခြစ်လျက် အတန်ငယ်အကြာ အကြောတဆတ်ဆတ်ဆွဲ၍ ငြိမ်သက်သွားတော့၏ ။
အဂ္ဂ နဲ့တွဲဖက်၍မဲလိုက်စဉ်က ကျားနဲ့ရင်မဆိုင်ဖူးသော်လည်း အန္တရယ်ရှိသော တောဝက်၊ဝက်ဝံ ၊ပြောင်၊ ဆတ်စသော
အကောင်ကြီးများနဲ့ရင်ဆိုင်ဖူးသောကြောင့် အတွေ့ကြုံရနေကာ
ကျားအားယခုအခါမှရင်ဆိုင်ဖူးခြင်းပင်။
ဂါမဏိမှာစိတ်ချရသောအခြေအနေရောက်မှ ကျားကြီးအနီးတိုးကပ်သွားရင်း လည်ပင်းတွင်စိုက်ဝင်နေသောဓားကို
ဆွဲနူတ်၍ဓားတွင်ပေနေသောသွေးများကို ကျားကိုယ်လုံးပေါ်တွင်သုတ်လိုက်သည် ။.
သွေးနံ့ရသောကြောင့် သူ့စိတ်များမှာထိန်းချုပ်မရစွာသွေးများဆူပွက်လာသလိုခံစားနေရ၏ ။
ကျားလည်ပင်းမှထွက်နေသောသွေးများကို သောက်ချင်သောအာသီသဆန္ဒကထိန်းချုပ်မရနိူင်ဖြစ်နေသည်။
သို့သော်လည်းလူပ်ရှားနေသောစိတ်အားတည်ငြိမ်စေရန်အတတ်နိူင်ဆုံးထိန်းချုပ်ကာကျားသေဆီမှမျက်နှာလွဲလိုက်သည်။
ထို့နောက် ကြောင်ငေးနေသောမိန်းမပျိုအနီးတိုးကပ်သွားရင်း
.. နှမငယ်... ဟိတ်......ဟိတ်....ဒီမှာ...
....ဟင်း..တော်သေးတာပေါ့.. ကျေးဇူးပဲ..
...ဟာ ဘယ်လိုမိန်းကလေးလဲ.....
မိန်းမပျို မှာ သက်ပြင်းရှည်တစ်ချက်ချရင်း ကျားသေကြီးကိုတစ်ချက်ကြည့်ကာ ဂါမဏိ အားတစ်ချက်မျလှမ်းကြည့်၍ကျေးဇူးတင်စကားတာဝန်ကျေမျဆိုလျက် အနီးအနားတွင်
ဟိုသည်ကွဲပြားစွာကျနေသော လေးနဲ့မြှားကို
လိုက်ကောက်ပြီးလေးကိုပုခုံးတွင်ချိတ်။
မျှားဗူးကိုကျောတွင် လွယ်လျက် နောက်သို့ မျလှည့်မကြည့်ပဲ
တောတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏ ။
ချောမောသလောက် မာနထောင်လွားလွန်းလှသောမိန်းမပျိုပင်။
တစ်ကယ်ဆိုလျှင် သူမအသက်မှာ ဂါမဏိ သာရောက်မလာပါကမတွေးဝံ့စရာပင်။
ယခုမူကား သူမပုံကအသက်သခင် ကျေးဇူးရှင်တစ်ယောက်
အပေါ်ဆက်ဆံပုံက ခံပြင်းစရာပင်ဖြစ်၏ ။
ဂါမဏိ မှာထိုအကြောင်းအရာအားကြာရှည်မတွေးနိုင်အား ယခုသူ့ဝမ်းဗိုက်မှာအဆမတန်ဆာလောင်နေသော
ကြောင့်ကျားသားတချို့ကိုလှီးဖြတ်ယူပြီးလျင်တံစို့ထိုး၍မီးခတ်ကျောက်ဖြင့်မီးမွေးလျက်ကင်သည်ဆိုရုံမျကင်ကာ ကင်တံတစ်ချောင်းပြီးတစ်ချောင်းကို
အားပါးတရစားသောက်၍အနီးအပါးစမ်းချောင်းတစ်ခုတွင်ရေသောက်၊ခြေလက်များဆေးကြော၍ နွယ်ပင်များထူပိန်းစွာ ရစ်လိမ်လျက်ပေါက်နေသောခြုံတစ်ခုတွင်ဝင်ရောက်လဲလျောင်းလိုက်တော့၏ ။
ခြုံနွယ်များထူထပ်လွန်းသောကြောင့်နေပျောက်ပင်မထိုးသောထိုခြုံပုတ်ကြီးတွင် လဲလျောင်းရင်း ဗိုက်တင်းနေသောကြောင့်မျက်လုံးများမှေးစင်းလာကာမကြာမှီအိပ်ပျော်ခြင်းသို့ရောက်ရှိသွားတော့သည် ။
မည်မျကြာအောင် အိပ်ပျော်သွားသည်မသိ၊ ဂါမဏိနိူးလာသောအချိန်တွင် ညအမှောင်ရိပ်ပင် သန်းနေပြီဖြစ်သည် ။
ယခုအချိန်မျိုးသည် သူအနှစ်သက်ဆုံး၊အကြိုက်ဆုံးအချိန်ပင်။
ထို့ကြောင့်ခြုံပုတ်အတွင်းမှထွက်၍သူ၏ဦးတည်ချက်မရှိသောမဆုံးနိူင်သောခရီးရှည်ကြီးကို စတင်ခဲ့ပြန်တော့သည် ။
လဆုတ်ရက်ဖြစ်သောကြောင့် ညနက်သောအခါမှ
လမင်းကြီးကိုမြင်တွေ့ရ၏ ။
ဂါမဏိမှာတောအုပ်တောင်ကုန်းများကိုဖြတ်သန်း၍
တဖြည်းဖြည်းသစ်ပင်များကျဲပါးသောနေရာကိုဖြတ်သန်းပြီးသော ကွင်းပြင်ကျယ်ကြီးတစ်ခုကို တွေ့လိုက်ရသည် ။
လေတဖြူးဖြူးဖြင့်ကွင်းပြင်ကျယ်ကြီးတွင်စိတ်အေးလက်အေးသွားလာနေရင်း သူ့နားအတွင်းအတော်ဝေးဝေးအရပ်ဆီမှ
တိုက်ခိုက်နေကြသံများကိုကြားလိုက်ရမိသည်။
သံကိုသံချင်းထိမိသံ၊ အားမာန်ပြုသံ၊ ညာသံများကြားနေရခြင်းပင်။
ယခုအချိန်သည် လူဆိုး၊သူခိုးများ ကျင်လည်တတ်ချိန်ဖြစ်သောကြောင့် လိုအပ်ပါက ကူညီနိူင်ရန် ထိုနေရာသို့ အလျင်အမြန်ပြေးလွားသွားခဲ့မိတော့သည်။
တိုက်ပွဲမှာတစ်ဖက်သတ်ဆန်သောတိုက်ပွဲပင်။
လူတစ်ယောက်ကိုလူဆယ်ယောက်ဝိုင်း၍တိုက်နေသောတိုက်ပွဲဖြစ်၏ ။
သို့ရာတွင်...။
တစ်ယောက်တည်းသမားမှာကိုယ်ခံပညာမြင့်မားဟန်ဖြင့် ဆယ်ယောက်တစ်ယောက်ဆိုသော်လည်း
အလွယ်တကူ အနိူင်ယူနိင်စွမ်းမရှိပေ။
တစ်ယောက်တည်းသမားမှာ အများနဲ့တယောက်
ဖြစ်သလိုလက်မောင်းတဖက်တွင်ဒဏ်ရာတခုရှိနေ
ဟန် အဝတ်ဖြင့်လက်ကိုပတ်စည်းထား၏ ။
အချိန်ကြာလာသည်နဲ့အမျ အများနဲ့တစ်ယောက်မို့ ခြေကုန်လက်ပန်းကျလာဟန်တူသည် ။
ထိုလူတဖြည်းဖြည်းတိုက်ခိုက်မူ ရှောင်တိမ်းမူများ
နှေးကွေးလာတော့၏ ။
..ဟေ့ မသေချင်ရင်
အေးအေးဆေးဆေးလက်နက်ချ အဖမ်းခံပါ
ဒါဆိုရင် အသက်ကို ချမ်းသာပေးမယ်...
..သင်တို့ဆီမှာ လက်နက်ချမယ့်အစား သတ်သေလိုက်မယ်၊စကားအပိုမဆိုပါနဲ့ နိူင်အောင်တိုက်သင်တို့နိူင်ရင် သင်တို့ သတ်သွား
သင်တို့ရူံးရင် ရမှာက....
...ထန်း....တိန်.. တိန်...ကျား...ယား... ယား
တစ်ယောက်တည်းသမားမှာ လက်နက်ချရန်ပြောသော
စကားကိုပြန်လှန်ချေပရင်းဓားကို ဆတ်ခနဲ ဘယ်ဖက်မှရန်သူထံလွဲခုတ်လိုက်ရာထိုသူက ဓားဖြင့်ပြန်ခံကာလိုက်၏ ။
တစ်ခြားသော
သူများမှာလည်းအားလျော့စပြုနေပြီဖြစ်သောထိုသူကို ဝိုင်းဖိတိုက်ကြရာဒဏ်ရာရနေသော ထိုသူ့လက်မောင်းတွင်ဓားဒဏ်ရာနောက်တစ်ချက်ရသွားပြန်သည် ။
သေချာကြည့်မိသောအခါမှ ထိုတစ်ယောက်တည်းသမားမှာ
မိန်းမပျို တစ်ယောက်ဖြစ်နေသည်ကို ဂါမဏိ တစ်ယောက်အံ့အြစွာတွေ့လိုက်ရသည်။
ယခုလို လူတစ်ယောက်ကိုအုပ်စုဖွဲ့တိုက်သည့်အပြင်
တိုက်ခံရသူမှာဒဏ်ရာရမိန်းမပျိုတစ်ယောက်ဖြစ်သောအခါတိုက်ပွဲမမျတတော့ဟု ဂါမဏိ တွေးလိုက်၏။
ထို့ကြောင့်တိုက်ပွဲအတွင်းသူပါဝင်ရန်ဆုံးဖြတ်လိုက်ရင်းလေကဲ့သို့ အလျင်ဖြင့် ထိုနေရာသို့ ပြေးလွားသွားရင်းအနီးရောက်သောအခါ..။
..မရှက်ကြဘူးလား မောင်တို့ မိန်းမပျိုလေးတစ်ယောက်
ကိုဆယ်ယောက် ဝိုင်းတိုက်လို့ မနိူင်တာ မရှက်ကြဘူးလား
ကွယ်ရို့ ရှက်စရာကောင်းလှချည်ရဲ့ ယိုသူမရှက် မြင်သူရှက်....ဟား. ဟား....
.”..တော်တိတ် သင်နဲ့မဆိုင်တာ သင်ဝင်မရူတ်နဲ့
ပါးစပ်ပိတ်ပြီး ကို့လမ်းကိုသွား နိူ့မို့ မနက်ဖြန်
နေထွက်တာကြည့်ခေါင်းမရှိဘူးဖြစ်နေမယ်...”
...ဟားဟား ..လေကတော့ ကျယ်ပါဘိတောင်း
ကြောက်လှပါချီရဲ့ဗျာ မလုပ်ကြပါနဲ့.. မိန်းမပျိုလေးတစ်ယောက်ကိုတောင်မနိူင်ပဲနဲ့များ လေကြီးလေကျယ်ပြောရဲပါဘိ
ဟားဟား..ဟားဟား..
...ဒီသူဖုန်းစား လာဟောင်နေတယ် သတ်ကြစမ်း
အသေသတ်ပြီး တစ်စစီ ဆွဲဖြုတ်လိုက်ကြစမ်း...
.. ယား..
ကျား.....ဝုန်း..
.....ဘုံး.အင့်. .
...ခွပ်..ဖုန်း...အ...
...သေပါပြီ....ဖျောင်း....
မိန်းမပျိုလေးအားဖမ်းချုပ်ရန်ဆန္ဒရောက်နေသော
လူစုမှာ ရုတ်တရက်ရောက်လာသော ဂါမဏိ
ကြောင့် တိုက်ပွဲကိုရပ်လိုက်ကြ၏ ။
ဂါမဏိ ကမခံချင်အောင်စနောက်ခြင်းကို
ဂါမဏိ နဲ့စကားအပြန်အလှန်ပြောသော ခေါင်း
ဆောင်မှာ ဒေါသဖြစ်ဟန်ဖြင့် ဂါမဏိ ကိုတိုင်ခိုက်ရန် သူ့လူများကို အမိန့်ပေးလိုက်တော့
၏ ။
ခေါင်းဆောင်ဖြစ်သူ အမိန့်ကြောင့်တခြားသူများမှာ
မိန်းမပျို ကိုချန်ထားပြီး ဂါမဏိအား
ဝိုင်းတိုင်ကြတော့၏။
ဂါမဏိ မှာသူ့ဓားကိုပင်မထုတ်
ဟိုမှဒီအရိပ်လိုလေကဲ့သို့ရိပ်ခနဲရိပ်ခနဲပြေးလွားနေသောကြောင့်ထိုလူများဓားချက်များမှာ လေကိုသာခုတ်မိ၍ အချိးအနှီးဖြစ်ကုန်တော့သည်။
ဂါမဏိ မှာတစ်ယောက်ချင်းအား ဒူး၊ တံတောင်၊ လက်သီးချက်များပေးလိုက်ရာ မကြာမှီ လူဆယ်ယောက်မှာမြေပြင်ပေါ်မှောက်သွားပြီး ညီးညူ နေကြလျက်ပြန်မထနိူင်တော့ပေ ။
သူတို့စိတ်အတွင်သူတို့ရင်ဆိုင်နေရသူမှာ လူမှဟုတ်ပါလေစဟုတွေးနေကြမည်မှာ ဧကန်မလွဲပင် ။
..နှမ ဒဏ်ရာသက်သာလား ဟာ ဘယ်သူများလဲလို့ကျေးဇူးမသိတတ်သူကိုး ဒီလိုမှန်းသိ မကူညီဖြစ်ပါဘူး
.တောက်...
...အစ်ကိုတော်. အစ်ကိုတော် ခနရပ်ပါအုံး နန္ဒာ
တောင်းပန်ပါတယ်..
....ဘုံး...အ....
ဂါမဏိ မှာရန်သူများကိုတိုက်ခိုက်ပြီးဒဏ်ရာရနေသော
မိန်းမပျိုအနီးသို့သွားရောက်၍ဒဏ်ရာအခြေအနေမေးမြန်းစဉ်မိန်းမပျို မျက်နှာအားမြင်လိုက်ရသောအခါ နေ့လည်ကမှ
သူကျားရန်မှကာကွယ်ပေးသောမိန်းမပျိုမှန်းသိရချိန်ဒေါသမှာထောင်းခနဲထွက်သွားသောကြောင့်နေရာမှလှည့်ထွက်လာရာ သူ့နောက်မှမိန်းမပျိုပြေးလိုက်လာပြီးရပ်ခိုင်းဖို့
တောင်းပန်နေသံကိုကြားရသော်လည်း ဂါမဏိ ခြေလှမ်းမရပ်ပေ။
သို့ရာတွင် လဲပြိုသံကြား၍လှည့်ကြည့်လိုက်ရာ
မိးန်မပျိုလေးမှာမြေပြင်ပေါ်ပုံ့ပုံလေးလဲနေသည်ကိုတွေ့လိုက်ရသည် ။
အစကဒေါသစိတ်ဖြင့် ဒီအတိုင်းလှည့်ထွက်ရန်ကြံစည်ထားသော်လည်း
လူသူမနီးနေရာတစ်ခုတွင်
ဒဏ်ရာရမိန်းမပျိုတစ်ယောက်ကို ထားရစ်ဖို့ကို သူ့စိတ်များကမလုပ်ရက်နိူင်စွာ မိန်းမပျိုလေးအနီးလျောက်သွား၍ မိန်းမပျို အား
စစ်ဆေးကြည့်ရာ အသက်မျင်းမျင်းရူလျက် သတိလစ်မေ့မြောနေသည်ကို တွေ့လိုက်ရသည် ။
ထို့ကြောင့်......။
မိန်းမပျိုလေးအားရင်ခွင်တွင်းပွေ့ချီ၍
ထိုနေရာမှဝေးရာသို့ပြေးလွားရင်း နားခိုမည့်နေရာတစ်ခုရှာဖွေနေမိသည် ။
တစ်မောင်းထိုးအချိန်မျပြေးလွားရင်းတနေရာအရောက်တွင်အုပ်ရိုးမျ ပြိုကျ ပျက်စီးနေသော အဆောက်အဦးအဟောင်းတစ်ခုတွေ့ရသော
ကြောင့် ထိုနေရာတွင် ဝင်ရောက်တည်းခိုရန်
ဆုံးဖြတ်လိုက်တော့သည် ။
အမိူက်သရိုက်ခဲလုံးများဖြင့် ရူပ်ပွနေသော အဆောက်အဦးပျက်အတွင်း အခန်းထောင့်တနေရာကိုလှည်းကျင်း၍ မိန်းမပျိုလေးကိုညင်သာစွာချ၍လှဲသိပ်ပေးထားလိုက်သည် ။
သူ့အဝတ်အိပ်ကိုခေါင်းအုံးစေပြီး ဒဏ်ရာကိုစစ်ဆေးကြည့်ရူရာ
ညာလက်မောင်းနားတွင်ဓားဒဏ်ရာတစ်ခု၊
ထိုဒဏ်ရာအောက်နားတွင်မကြားသေးခင်က
ရထားသောကျားလက်သည်းရာဒဏ်ရာတခု
တွေ့ရပြီးထိုနေရာဒဏ်ရာများမှသွေးများယခုထိထွက်နေဆဲပင်ရှိသည် ။
ထို့ကြောင့်သူ့အကျီလက်နားစကိုဓားဖြင့်လှီးဖြတ်၍
ဒဏ်ရာများတွင်စည်းနှောင်ပေးကာ မိန်းမပျို လေးအားခနထားရစ်၍ဆေးပင်ရှာထွက်ရပြန်၏။
တောထဲတွင် ကြီးပြင်းလာခဲ့သူမို့ ဘယ်အပင်ကဆေးဝင်
ဘယ်အပင်က အဆိပ်ပင်ဆိုသည်ကိုကား အထိုက်အလျောက်နားလည်သောကြောင့် အနက်ကျက်ဆေးပင်တစ်မျိုးနဲ့ ၊
နွယ်ပင်တစ်မျိုးရချိန် မိန်းမပျိုအားထားခဲ့သောနေရာသို့
အမြန်ပြေးလွားလာခဲ့သည်။
..ဟာ ဘယ်ရောက်သွားပြီလဲ...
မိန်းမပျိုလေွးှာသူထားခဲ့သောနေရာတွင်မတွေ့ရသောကြောင့်ဂါမဏိ တစ်ယောက်စိုးရိမ်စိတ်ဖြင့် ထူပူကာဘာလုပ်၍ဘာကိုင်ရမည်မသိဖြစ်သွားစဉ်သူ့နောက်ကျောကိုမာကျောသော
အရာတစ်ခုလာထောက်ခြင်းနဲ့အတူ...
...အသက်မသေချင်ရင် မှန်မှန်ဖြေစမ်း
သင်ကိုဘယ်သူလွတ်လိုက်တာလဲ ဆိုတာဖြေ....
..အို့..အမေ့...
မိန်းမပျိုလေး လေသံမှန်း ဂါမဏိ သိလိုက်၏ ။ ဂါမဏိ နာကျင်စွာတစ်ချက်ပြုံးလိုက်မိသည်။
နှစ်ကြိမ်နှစ်ခါကယ်ဖူးသော အသက်ခင်သခင်ကို ကျေးဇူးဆပ်လေခြင်းဟုစိတ်တွင်းနာကျင်သွားမိ
သွားသလို၊ဆတ်ခနဲ ခါးကိုဘယ်သို့လျင်မြန်စွာ တစ်ချက်နွဲ့လိုက်ပြီးဓားသွားကိုကိုင်၍ ဓားအားဆတ်ခနဲဆောင့်ဆွဲလိုက်ရာ
ဓားသည်အဝေးသို့ လွင့်သွားပြီး မိန်းမပျို လေးမှာဂါမဏိရင်ခွင်တွင်းရောက်ရှိသွားတော့၏။
ဂါမဏိ မိန်းမပျို လေးခါးကိုတင်းကျပ်စွာဖက်ရင်း......
”..ကျုပ် ဘယ်သူလဲ ဟုတ်လား
နှစ်ကြိမ်နှစ်ခါကယ်ဖူးတဲ့အသက်ကိုမှမထောက်
နှမငယ်ရယ် ကျေးဇူး ဆပ်လိုက်တာပေါ့ ဟုတ်လား..... ”
...လွတ်...လွတ်ပါ....
မျက်နှာများရဲရဲနီလျက်ရှက်ရွံ့စွာ ဂါမဏိ ရင်ခွင်မှရုန်းရန်ကြိုးစားနေသောမိန်းမပျိုအခြေအနေကို ဂါမဏိ မှာမရိပ်မိချေ။ ဒေါသစိတ်ဖြင့် သူပြောလိုရာပြောနေခြင်းဖြစ်သည်။
”...အခုလည်းမင်းကလေးဒဏ်ရာကိုဆေးထည့်ဖို့
ဆေးပင်သွားရှာပြီးပြန်လာတာကိုမှ မငဲ့ကွက်
လုပ်ရက်လေခြင်း....”
..နှမ.နှမ ဘဝအခြေအနေက ဘယ်သူကိုမှ အလွယ်တကူ
ယုံဖို့မဖြစ်နိူင်လို့ အစ်ကိုအပေါ် မှားမိတာပါ
ရှိခိုးတောင်းပန်ဖို့ အသင့်ပါပဲရှင်....
. .ကောင်းပြီ မင်းကလေးဒဏ်ရာကိုဆေးအရင်ထည့်မယ်
ပြီးရှိခိုးတောင်းပန် ဒါကလည်းကျေးဇူးရှင်ကိုကျေးစွတ်လို့
အပယ်မလားရအောင် လုပ်ခိုင်းတာနော်
ပြီးရင်တော့ ကျုပ်ကျေနပ်လောက်အောက်အောင်
မင်းကလေးရဲ့ ဘဝကိုပြောပြရမယ် ဒါဆိုကျုဖက်ကခွင့်လွတ်ဖို့အသင့်ပဲ....
ဂါမဏိ မှာမိန်းမပျိလေးအားဖက်ထားရာမှလွတ်လက်ပြိး
အခန်းထောင့်ဆီသွား၍ထိုင်ကာ ပါလာသော
ဆေးပင်၊ဆေးမြစ်များကို ကျောက်ပြားသန့်သန့်
တစ်ခုပေါ်တွင်တင်၍ သစ်ကိုင်းခြောက်တစ်ချောင်း
ဖြင့်လှိမ်နေသောမြင်ကွင်းကို မိန်းမပျိုလေးမှာ
ငေးမောကြည့်နေတော့၏ ။
” ကဲ... ဆေးကို ကိုယ့်ဟာကိုထည့်မလား
ကျုပ်ကူပေးရမလား....”
”...ဟို...အစ်ကိုတော်......တစ်ချက်ကူပေးပါ... ”
ဂါမဏိမှာဆေးကြိတ်ခြင်းပြီးသောအခါ ကြောင်ကြည့်နေသောမိန်းမပျိုမေးလိုက်ရာ
မဝံ့မရဲပြန်ဖြေသံနဲ့အတူ ဂါမဏိ အနားလာထိုင်
လာ၏ ။
ဂါမဏိ မှာမိန်းမပျိုလေးလက်ကိုကိုင်၍ဒဏ်ရာ
အတွင်းဆေးရည်များညှစ်ချ၍ ဆေးဖတ်များကိုအ
ပေါ်မှကပ်ကာအဝတ်စုတ်ဖြင့်လက်ကိုသေချစွာ
စီးပေးနေ၏ ။
ဆေးထည့်နေသောအချိန်တွင် ဂါမဏိ နဲ့မိန်းမပျို
မှာနီးကပ်စွာရှိနေကြလျက်တယောက်အသက်ရူ
သံပင်တယောက်ကြားနေရ၏ ။
ဂါမဏိမှာအပြင်ပိုင်းတည်ငြိနေသော်လည်းစိတ်အတွင်းလိူင်းထ၍အတွေးများစွာရှိနေတော့၏ ။
မိန်းမပျိုလေး၏ဖြူဖွေး၍သွေးကြောစိမ်းလေးယှက်
နေသောလက်မောင်းသားကိုသူကိုင်မိစဉ်
အလွန်နူံးညံ့သောအသားအရေမှန်းသိလိုက်ရခြင်းနဲ့အတူ ၊ချွေးထွက်
ရာမှထွက်သော ချွေးနံ့မှာနံမနေပဲ ပန်းဆီနံတမျိုး
ကိုရူရိူက်နေရမိ၏ ။
မိန်းမပျိုလေး ချောမောမှန်းသိသော်လည်းယခုလို
နီးကပ်နေချိန်မျိုးတွင် မျက်နှာမော်ကြည့်ပါကရိုင်းပျ
ရာရောက်မည်မို့ အနာကိုသာကြည့်၍ဆေးထည့်ခြင်းပြုလုပ်ပြီးသော
အခါ ခပ်လှမ်းလှမ်းမနီးမဝေးတွင်သွားထိုင်၍
အကြည့်ကိုအဝေးသို့ပို့ထားမိတော့၏ ။
ဂါမဏိ ဆေးထည့်ပေးနေချိန်တွင်
မိန်းမပျိုလေးမျက်နှာနီမြန်း.နေသည်ကိုကား
ခေါင်းငုံနေသောဂါမဏိတစ်ယောက်မသိလိုက်ပေ။
ဂါမဏိ စိတ်တွင်းတွေးနေသည် မိန်းမပျို၏ ရုပ်ဆင်းင်္ကြန်အင်လက္ခဏာမှာ သာမာန်အရပ်သူများနဲ့ လုံးဝကွဲပြားနေခြင်းပင်။
မိန်းမပျိုလေးမှာ မည်သူနည်း သူမအတွက်ရန်သူဝိုင်းနေခြင်းကရော ဘယ်အတွက်ကြောင့်နည်း။
ဂါမဏိတစ်ယောက်စိတ်အတွင်းမိန်းမပျိုလေးအကြောင်းတွေးလျက်ဖြင့်ရှိနေပါတော့သည်။
-------------------------------------------
၁၃-ဆက်ရန်