မာရ်နတ်မင်း၏ စစ်သူကြီး...
===================
ဂါမဏိ တစ်ယောက် ဒုတိယအကြိမ်၊
အမှောင်ကမ္ဘာအတွင်းမျောလွင့်လျက်ရှိနေ၏ ။
အလင်းရောင်ဆို၍ စိုးစိမျ မရှိသောနေရာတစ်ခုသို့
သူရောက်ရှိနေခြင်းပင် ။
ဂါမဏိ အနေဖြင့်ယခုလိုအမှောင်ကမ္ဘာအတွင်း
မည်သို့မည်ပုံရောက်ရှိနေမှန်းတွေးမရ..။
သူကြည့်လေရာနေရာတိုင်းအမှောင်ပင်
မြင်နေရသည် ။ သူဘာဆက်လုပ်ရမလဲ ၊ ဘာကိုမှတွေးမရ။
အမှောင်အတွင်းဟိုသည် ကြည့်နေစဉ်မှာပင် အလင်းရောင်တစကိုတွေ့လိုက်ရသောကြောင့်
အနည်းငယ်အားတက်သွား၏ ။
ဦးနှောက်က ဘာမှမစဉ်းစားခင်မှာပင် ခြေလှမ်းများကထိုနေရာသို့ ဦးတည်သွားနေပြီးဖြစ်၏ ။
ထိုအလင်းနားသို့ရောက်သောအခါမှ
ထိုအလင်းမှာအပေါက်တစ်ပေါက်မှထိုးကျနေသကဲ့သို့တစ်ခြားနေရာသို့ဖြန့်ကျမနေပဲထိုနေရာတစ်ဝိုက်တွင်သာကျနေခြင်းဖြစ်ကြောင်းသိလိုက်ရ၏ ။
ဂါမဏိလည်းဘာမှမစဉ်းစားနိူင်ပဲ အလင်းရောင်ကွက်အတွင်းဝင်ရပ်လိုက်သည်။
အမှောင်ထဲတွင် ကျောမလုံခဲ့သမျ အလင်းထဲကျမှ
အနည်းငယ်စိတ်အေးသွားမိ၏ ။
”...သင်ရောက်လာပြီကိုး...”
...ဟင်...
အြရှရှစကားသံတစ်ခုအမှောင်အတွင်းမှကြားလိုက်ရသောကြောင့်ဆတ်ခနဲ ထိတ်လန့်သွားမိသည်။
”...ဟားဟား.. ဟားဟား.. ငါရဲ့မျိုးနွယ်တွေ တိုးပွားလာတာငါဝမ်းသာတယ် ကြိုဆိုပါတယ် ဂါမဏိမင်းဟာနောက်ဆုံးသောမျိုးနွယ်ဝင်တစ်ယောက်ပါပဲ...”
”...ဟာ ကျုပ်နာမည်ကို သိနေတယ် သင်ဘယ်သူလဲဘာကြောင့် ကျုပ်က မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ရမှာလဲ....”
...
တစ်ခုခုကို ကျေနပ်အားရသော အြရှရှ ရယ်မောသံကြီးနဲ့အတူသူ့နာမည်ကိုပါသိနေခြင်းအတွက်ဂါမဏိအံ့အြမူဖြစ်ရခြင်းနဲ့အတူအမှောင်ထဲမှအသံရှင်ကိုသိလိုလာသည်။
”...ငါ့သွေးတစ်ချို့တဝက်က မင်းကိုယ်ထဲမှာလှည့်ပတ်စီးဆင်းနေပြီဒီတော့ ငါ့မျိုးနွယ်ဝင်ပေါ့..ဂါမဏိရေ နောက်ပြီးငါ့မျိုးနွယ်ဝင်ဖြစ်တဲ့သူကိုငါ့စောင့်ရှောက်မူတွေပေးမယ် ဘယ်လိုဘေးအန္တရယ်မဆိုပေါ့...”
”...ဟာ ကျုပ်နားမလည်ဘူး အသင်ပြောတာတွေ
အသင်ကို ကျုပ်တွေ့လိုတယ်...”
”...ဟားဟား ..ဟားဟား...
ဆွေတော်မျိုးတော်တွေပဲတွေ့ရမှာပေါ့ မင်းဆွေတော်မျိုးတော်ကငါပဲ ဂါမဏိ ....”
”...အလိုလေး...ဘုရား..ဘုရား....မဟုတ်ဘူး...
အသင်လို မကောင်းဆိုးဝါးနဲ့ ကျုပ်က ဘာမှမတော်စပ်ဘူးဘာမှလည်းမဆိုင်ဘူး....”
အမှောင်ထဲမှအရိပ်တစ်ခုအလင်းရောင်ကျရာနေရာသို့ဝင်ရောက်လာ၏ ။
ထိုအရိပ်မှာလူတစ်ယောက်မဟုတ်ပေ။ ကြောက်မက်ဖွယ်ရာရုပ်သွင်ရှိသောမကောင်းဆိုဝါးတစ်ကောင်သာဖြစ်နေသောကြောင်.ထိုမကောင်းဆိုးဝါးအားကြည့်၍ဂါမဏိတစ်ယောက်ကြောက်လန့်တကြားဖြစ်၍ ခြေတလှမ်း နောက်ဆုတ်မိကာ
သူနဲ့မပတ်သက်ကြောင်းအကြောက်အကန်ငြင်းဆန်နေမိသည်။
ထိုမကောင်းဆိုးဝါးမှာသွားချွန်ကြီးများပေါ်အောင်ပြုံးလိုက်၏ ။
သို့ရာတွင်ပြုံးခြင်းနဲ့မတူချောက်လှန့်သလိုဖြစ်နေပြန်သည်။
”...ဂါမဏိ တချိန်ကျရင်သွေးကစကားပြောပါလိမ့်မယ်အဲဒီချိန်ကျမယုံချင်လည်းယုံလက်မခံချင်လည်းခံရလိမ့်မယ်...”
.”...မဟုတ်ဘူး ..လုံးဝမဟုတ်ဘူး.. အသင်ကမကောင်းဆိုးဝါး...ကျုပ်ကလူ...”
..ဟား.ဟား...ဟား....ဟားဟား....
..သွား..သွား...ကျုပ်အနားမလာနဲ့ သွား..သွား..
...ဂါမဏိ.. ဂါမဏိ... ဂါမဏိ....
...ဟင်..အင်...အင်....ကျုပ်..ကျုပ်ဘာဖြစ်သွားတာလဲ...
”...သတိလစ်သွားတာအကြာကြီးပဲ ခုမှနိူးလာတာ...”
ဂါမဏိတစ်ယောက်အဂ္ဂသူ့အသားကိုခပ်ကြမ်းကြမ်းလူပ်နိူးသောအခါမှသူအိပ်မက်နေကြောင်းသိလိုက်ရ၏်
။ပြီးနောက်ဘေးဘီငဲ့ကြည့်ရာသူလဲလျောင်းရာနေရာဖြစ်နေသည်။
ထိုအတူဘေးမလှမ်းမကမ်းတွင်အဂ္ဂလည်းရှိနေ၏။
ညက ကိစ္စကိုပြန်သတိရလာ၍
စိုးရိမ်တကြီးသူ့မျက်နှာအားစမ်းသပ်ရင်း...
.”.အဂ္ဂနောင်ကြီး ကျုပ်အခုဘာဖြစ်နေပြီလဲ ပြောစမ်းပါကျုပ်...ကျုပ်.. မကောင်းဆိုးဝါးအသွင်ပြောင်းသွားပြီလား
အမြန်ပြော စမ်းပါ...”
”...စိတ်အေးအေးထား ဂါမဏိ မျက်နာသွင်ပြင်က
နဂိုအတိုင်ပါပဲ ဒါပေမယ့် မအောင်မြင်ဘူးပြောလို့မရဘူးလေ
ခုလုပ်ရမှာက လှဲနေရာကထကြည့် ဂါမဏိ....”
.”..ဖြစ်..ဖြစ်ပါ့မလားနောင်ကြီး အဂ္ဂ....”
.”.ဘယ်သူမှမယုံကြည်ချင်နေပါ ဂါမဏိ
ကိုဟာကိုယ်တော့ယုံကြည်မူထားဖို့လိုတယ့်...”
...အ..ဖျစ်...ဖျစ်....ဂျစ်....ဂျစ်...အ.....
”..အားတင်းထား ဂါမဏိ.....”
ဂါမဏိ တစ်ယောက်လက်နှစ်ဖက်ကိုကြမ်းပြင်ပေါ်အားပြု၍ထထိုင်သောအခါအရိုးအကြောများမှတဖျစ်ဖျစ်မြည်သံများပင်ထွက်လာ၏ ။
ဂါမဏိမှာလည်း ချွေးသီးချွေးပေါက်များ
တဖြိုက်ဖြိုက်ကျသည်အထိ ပင်ပန်းနွမ်းနေလျက် မကြာခနပြုတ်ကျကာထမရချေ။
ဘေးမှ အဂ္ဂ မှာလည်း ဂါမဏိ စိတ်အား
တက်ကြွစေရန်အားပေးနေလျက်ရှိသည်။
ဂါမဏိမှာပြုတ်ကျလိုက်ထရန်ကြိုးစားလိုက်ဖြင့်နောက်ဆုံးကြမ်းပြင်ပေါ်ပက်လက်အနေအထားဖြင့်
ရှိနေကာ၊ ရင်ဘတ်မှာမောပန်းမူအရှိန်ဖြင့် နိမ့်ချည်၊မြင့်ချည်ဖြစ်နေလျက်ရှိနေပါတော့သည်။
”..အဂ္ဂနောင်ကြီးကျုပ်အပေါ်စေတနာထားပေးတာ
ကျေးဇူးတသက်မမေ့ပါဘူးနောင်ကြီးကျေးဇူး နောက်ဘဝမှ ကျုပ်ပြန်ဆပ်နိူင်ပါတော့မယ်..”
”...ဟာ ..ဂါမဏိ ဘယ်လိုစကားမျိုးပြောနေတာလဲ...”
”...ဟုတ်တယ်နောင်ကြီး ကျုပ်ဘဝကခုခါ
သေလူနဲ့မခြားနားတော့ပါဘူး
ကျုပ်ကိုသတ်လိုက်ပါတော့ နောင်ကြီးရယ်...”
.”.ဂါမဏိ ရယ်စိတ်ဓတ်မကျပါနဲ့ ပြန်ကောင်းဖို့
နည်းလမ်းရှိလောက်ပါတယ်....”
.”..ကျုပ်စိတ်ချမ်းသာအောင်နှစ်သိမ့်မနေပါနဲ့တော့
နောင်ကြီးရယ် ကျုပ်သေဖို့ဆန္ဒဖြည့်ပေးပါဗျာ...”
အဂ္ဂ မှာစိတ်ဓတ်ကျ၍သေရန်တောင်းဆိုနေသော ဂါမဏိ ကိုနှစ်သိမ့်နေရသော်လည်းသူကိုယ်တိုင်က မဖြစ်လာသောမျော်လင့်ချက်အတွက်စိတ်ပျက်နေဟန်ရှိနေသည်။
ဘာဆိုဘာမစကားမပြောပဲထောင့်တထောင့်တွင်ငူငူကြီးထိုင်လျက်ရှိနေ၏ ။
ဂါမဏိမှာစိတ်ဓတ်သည်အဝီစိရောက်နေသည်အထိ၊စိတ်နှလုံးမသာယာစွာခံစားနေရသည်။
သူဒုက္ခိတဘဝကောင်းရန်တစ်ခုတည်းသောမျော်လင့်ချက်အဂ္ဂသွေးသည်လည်းမစွမ်းဆောင်နိူင်တော့ပေ။
တသက်လုံးဒုက္ခိတဘဝကိုသူမနေလိုတော့ပေ။ သေခြင်းမှတပါးတခြားသူဘာကိုမှမလိုချင်တော့။
ဂါမဏိမှာလဲလျောင်နေရင်းမျက်ရည်များဖြိုင်ဖြိုင်စီးကျလာသည်။
သူစိ့တ်များမှာအတိတ်အဝေးဆီသို့ ခရီးနှင်နေ၏။
ငယ်စဉ်လူနင်းပြားဘဝကိုဖြင့်သားမိနှစ်ယောက် အနှိမ်ခံရပုံ၊ထိုဘဝဖြင့်အသားကျပြီးချိန်မှ ဘဝမြင့်မားရေးတဆစ်ချိုးစက္ကဒေဝနဲ့တွေ့ပုံ၊ စစ်သူကြီးတစ်ယောက်အဖြစ်မျော်လင့်ချက်အခွင့်
အရေးများမိမိလက်ထဲရောက်ခါနီးမှ ဒတ္တာကြောင့် ချောက်ထဲပြုတ်ကျကာဒုက္ခိဖြစ်ရပုံများခေါင်းထဲတရေးရေးပြန်ပေါ်လာနေ၏ ။
စစ်သူကြီးဝတ်စုံဖြင့်မိမိကိုယ်ကို မကြာခန အိပ်မက်မက်ခဲ့ရသမျသည်ယခုကားသဲထဲသွန်မိသောရေပမာပင်။
ဂါမဏိစိတ်များသည်တဆင့်ခြင်းပြောင်းလဲလျက်ရှိနေ၏ အစပထမ ဘဝကိုဝမ်းနည်း၏ ။
ဒုတိယနာကျည်း၏တတိယမခံမရပ်
နိူင်ဒေါသဖြစ်လာ၏ ။
ထိုအခါ ဂါမဏိ ခန္ဓာကိုယ်အတွင်းသွေးကြောများသည်
ပုရွက်ဆိတ်ကိုက်သလိုမခံရပ်နိူင်စွာဖြစ်လာကာအင်အားကြီးမားသောစွမ်းအားတစ်ခုပေါ်ထွန်းလာတော့သည်။
....ကျား...ဝုန်း...
..ယား....ဖျောင်း....
..ဟာ....ဂါမဏိ... ဂါမဏိ....
....ဟင်.....
”...ဝမ်းသာလိုက်တာ ဂါမဏိ ခုတော့ ဂါမဏိ ဘဝကိုပြန်ရပြီပေါ့....”
”...ကျုပ်...ကျုပ်...မတ်တတ် ရပ်နိူင်ပြီ..ဟားဟား.... ဟားဟား.... နောင်ကြီး အဂ္ဂ ကျုပ်မတ်တတ်ရပ်နိူင်ပြီဗျ...”
အခြေအနေကိုဂါမဏိကိုယ်တိုင်ပင်နားမလည်နိူင်၊သူမသိလိုက်သောအခြေအနေတစ်ခုတွင်မတ်တတ်ရပ်ချိန်တပြိုင်နက်အနားမှကျောက်စွန်းတစ်ခုကိုပင်ခြေဖြင့်ကန်ကျောက်လိုက်ရာကျောက်သားများပဲ့ထွက်ကုန်၏ ။
ဂါမဏိနည်းတူအဂ္ဂသည်လည်းပျော်ရွင်ဝမ်းမြောက်နေသည်။
......့ ဂါမဏိလည်းအိပ်ယာထဲလဲနေရတာကြာပြီဆိုတော့
ခုည လက်ဆန့်ခြေဆန့် အမဲလိုက်ကြရအောင်....
.....လက်နက်တွေမှ မရှိတာ နောင်ကြီးအဂ္ဂရဲ့...
.”..လက်နက်မလိုပါဘူး ဂါမဏိ အစွမ်းအစတွေ
ထုတ်မသုံးတတ်သေးလို့ပါ..”
လမင်းသည်လဆန်းတစ်ရက်နေ့ဖြစ်သောကြောင့်အလုံးအထည်မလျော့သေးချေ ။
ညပိုင်းတိုက်ခတ်သောလေမှာ အေးမြစွာတသုန်သုန်တိုက်ခတ်လျက်ရှိနေသည်။
သစ်ပင်ကြီးများအစပ်ကွင်းပြင်တွင် လူနှစ်ယောက်ရပ်နေကြ၏။
မိစ္ဆသွေးများရောနှောနေသူနှစ်ယောက် ။ အဂ္ဂ ၊ဂါမဏိသူတို့နှစ်ယောက်မှာငြိမ်သက်စွာရပ်ရင်း
သစ်တောတွင်းသို့စူးစိုက်စွာကြည့်နေကြသည်။
သစ်ပင်ကြီးများထူထပ်စွာပေါက်ရောက်နေ
သောကြောင့်လရောင်အလင်းမှာ သစ်တောအုပ်ပေါ်ဖြာကျလျက်ရှိနေသော်လည်းသစ်တောအုပ်အောက်ခြေတွင်မူ ၊ကွက်တိကွက်ကျားဖြင့်သာအလင်းဝင်ရောက်နေ၏။
”...အထဲကိုသေချာစူးစိုက်ပြီးသားကောင်ရှာ ဂါမဏိ....”
ဂါမဏိမှာအစပထမသစ်တောအတွင်းကြည့်ချိန်ဘာမှမမြင်ရသော်လည်းတဖြည်းဖြည်းအားလုံးကိုရှင်းလင်းပြတ်သားစွာမြင်လာရ၏ ။
သစ်တောအတွင်းပိုင်းအတော်ဝေးဝေးထိရှင်းလင်းစွာမြင်နေရခြင်းပင်။
....ဟိုမှာ သားကောင်တစ်ကောင်တွေ့လား ဂါမဏိ...
”...ဘယ်မှာလဲ နောင်ကြိး အဂ္ဂ.....”
”.....လာ ဒီအနားလေးကလာကြည့်.. တွေ့လား....”
”....ဝါး..နည်းတဲ့တောဝက်ကြီးလား ဖြစ်ပါ့မလား..”
.”...ဘာလို့မဖြစ်ရမှာလဲ လာလိုက်ခဲ့....”
သစ်တောများကြားတွင်တလူပ်လူပ်ဖြင့်
သွားနေသောအစွယ်ကောက်ကြီးများအပေါ်သို့ကော့တက်နေတောဝက်ကြီးတစ်ကောင်အားတွေ့လိုက်ရ၏ ။
သင်းကွဲဝက်သိုးကြီးတစ်ကောင်ပင်။
အစွယ်ကောက်ကြီးများကိုကြည့်ရင်း လက်ဗလာနဲ့
အမဲလိုက်ရမည့်ပထမဆုံးအကြိမ်ဖြစ်သောကြောင့်ဂါမဏိ.ရင်တဖိုဖိုဖြစ်နေမိသည်။
အဂ္ဂမှာလေကဲ့သို့အလျင်နူန်းဖြင့်ရုတ်ချည်းပင်တောထဲသို့ဝင်ပြေးသွားရာဂါမဏိမှာလည်းဘာကိုမှစဉ်းစားမနေတော့ပဲအဂ္ဂနောက်မှပြေးလိုက်ခဲ့တော့သည်။
ဂါမဏိအတွက်ခံစားမူအသစ်တစ်မျိုးခံစားနေရကာ ူ့ကိုယ်မှာလေပေါ်တွင်လွင့်မြောနေသလို သူ့စိတ်များသည်လန်းဆန်းတက်ကြွနေလျက်ရှိနေသည်။
အဂ္ဂ အနားသို့ဂါမဏိရောက်ချိန်တွင်
အဂ္ဂမှာတောဝက်ကြီးနဲ့မျက်နှာချင်းဆိုင်အနေအထားရှိနေ၏ ။
ဂါမဏိလည်းဝက်ကြီးနောက်ကျောဖက်မှနေရာယူလိုက်သည်။
တောဝက်သည်ကျားကိုပင်ပြန်လည်ရင်ဆိုင်
တတ်သော မိုက်ရူးရဲသတ္တဝါမျိုးဖြစ်၏။
ကောက်ကွေးသောအစွယ်ဖြင့်အပေါ်သို့ပင့်ကော်ရန်ခေါင်းကိုငုံ့၍ရန်သူကိုမျက်ခြေမပြတ်ကြည့်နေပြီးတရူးရူးနှာမူတ်သံပြုလျက်ရှိသည်။
အဂ္ဂမှာရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရာတောဝက်ကြီးမှာရှေ့သို့ပြေးဝင်၍အဂ္ဂကိုပင့်ကော်ထည့်လိုက်ရာဂါမဏိစိတ်တွင်အဂ္ဂတစ်ယောက်တောဝက်စွယ်ထိပြီထင်မိသော်လည်း သွက်လက်ပေါ့ပါးစွာဖြင့်
တပတ်ကျွမ်းထိုး၍ခုန်ထွက်သွား၏ ။
တဖန်ဝက်ကြီးမှာဒေါသတကြီးဖြင့် ကြောင်၍ရပ်နေသောဂါမဏိကိုပြေးဝင်၍အစွယ်ဖြင့်ပက်တော့၏ ။
....ဟာ.....
ဂါမဏိလည်းကြောက်လန့်စွာဘာလုပ်ရမည်မသိဖြစ်သွားသော်လည်းမသိစိတ်စေ့ဆော်မူဖြင့်နံဘေးမှအပင်တစ်ပင်၏ပင်စည်သို့ရုတ်တရက်ခုန်တက်တွယ်ကပ်လိုက်မိ၏ ။
ဂါမဏိ မှာသူ့ကိုသူပင်မယုံ့ကြည်နိူင်ပေ။
သူခန္ဓာကိုယ်မှာအထူးပင်ပေါ့ပါးလွန်းနေခြင်းအတွက် အံ့အြနေမိသည်။
ထို့နောက်ယုံကြည်မူလည်းပိုရှိလာကာ
တောဝက်ကြီးမောပန်းလာစေရန် အဂ္ဂ နဲ့ဘယ်ညာဝိုင်း၍တောဝက်ကြီးကိုအယောင်ပြကာတောဝက်ကြီးလာပက်ပါကအလွယ်တကူရှောင်ထွက်သွားကြရာတောဝက်ကြီးမှာတရူးရူးဖြင့်ဒေါသူပုန်ထကာ မောပန်းလာတော့သည်။
ထိုအချိန်ကျမှ.....
.....ကျား.......
...ယားး...ဂူး...ဂရူး......
.....ဖူး....ဖူး...ဘုံး.......
အဂ္ဂမှာဝက်ကျောပေါ်ခုန်တက်ကာဝက်ကြီးလည်ပင်းကိုချုပ်သိုင်း၍လှဲချကာလည်ကုတ်အားသူ့ပါးစပ်ဖြင့်ကိုက်ထားသောကြောင့်ဂါမဏိလည်းဝက်ကြီးကိုဝိုင်းကူချုပ်ပေးလိုက်သည် ။
တောဝက်ကြီးမှာရုန်းကန်မာန်ဖီသော်လည်း နှစ်ယောက်သား ချုပ်အားကြောင့် မလွတ်မြောက်
နိူင်ပဲ မကြာမှီငြိမ်ကျသွားတော့သည်။
....ဂါမဏိ သွေးမသောက်ဘူးလားလာလေ လာသောက်...
အဂ္ဂမှာပါးစပ်ရင်ဘတ်တဝိုက်တွင်သွေးများစီးကျလျက်သွေးသောက်ရန်ခေါ်သော်သွေးနံ့ရ၍စိတ်မတည်မငြိမ်ဖြစ်နေသော်လည်းဂါမဏိမှာ မိမိစိတ်ကို အတတ်နိူင်ဆုံးထိန်းချုပ်ထားနိူင်လိုက်သည်။
”...သောက် နောင်ကြီး အဂ္ဂကျုပ်သွေးသောက်ချင်စိတ်မရှိသေးဘူး ဘယ်အချိန်မှသွေးသောက်ချင်မယ်မဆိုနိူင်ဘူး...”
”...ကောင်းတယ် ဂါမဏိ စိတ်ကို ထိန်းချုပ်နိူင်တာ
အကောင်းဆုံးပဲ....”
အဂ္ဂ သွေးသောက်ပြီးချိန် ဂါမဏိ မှာဝက်သားအနည်းငယ်လှီးဖြတ်ယူလာရင်းဂူအပြင်ဖက်တခြားသတ္တဝါများလက်လှမ်းမမှီမတွေ့နိူင်သောနေရာတွင်နေလှန်းထားရစ်ခဲ့သည်။သူ့အတွက်ရိက္ခခြောက်ပြုလုပ်ရန်ဖြစ်၏ ။
နောက်နေ့များတွင် အမဲလိုက်ခြင်း ၊သစ်ပင်ပေါ်သို့
မျောက်တကောင်ကဲ့သို့ကျွမ်းကျင်စွာတက်နည်းများကိုအဂ္ဂမှဂါမဏိကိုသင်ကြားပေးတော့၏ ။
အမဲလိုက်၍ရသောသားကောင်များကိုအဂ္ဂသွေး
စုတ်သော်လည်းဂါမဏိမှာစိတ်ကိုထိန်းချုပ်ထားနိုင်
သောကြောင့် သွေးမစုတ်သလို အသားစိမ်းများ
ကိုလည်းမစားပဲ အသားခြောက်များကိုသာ
စားသောက်နေ၏ ။
အဂ္ဂမှာနေရောင်ကိုကြောက်လန့်ကာအပြင်မထွက်ဝံ့ပေ။
နေရောင်ထိသောနေရာမှအသားမှာ မီးလောင်ကွက်ကြီးများလိုဖြစ်ပေါ်တတ်၏။
ဂါမဏိမှာမူထိုသိူ့မဟုတ်နေရောင်အောက်ထွက်၍ရ၏။
သို့သော်.....၊
အားအင်မရှိသလိုခံစားရသောကြောင့်
အသားအရေများကိုနေမထိအောင်အဝတ်အုပ်ထားပါက ပုံမှန်အတိုင်းသာမာန်လူတစ်ယောက်လို
လူပ်ရှားသွားလာနိူင်၏ ။
ထို့ကြောင့်နေရောင်အောက်အကြောင်းမရှိပဲမထွက်ကြပဲ ဂူထဲတွင်သာနေကြ၏။
ညအချိန်ရောက်မှသာ ထွက်၍လူပ်ရှားကြသည်။
နေ့ရက်များသည်တရွေ့ရွေ့ကုန်ဆုံးလာချိန် ဂါမဏိ မှာသူ့မပြီးဆုံးသေးသောတာဝန်များအတွက် ..၊
ယခုနေရာမှစွန့်ခွာရန်တွေးထားပြီးဖြစ်သော်လည်း တစ်ကိုယ်တည်း ဘဝဖြင့်နှစ်များစွာ
ဖြတ်သန်းလာပြီး သူရောက်လာချိန်မျစ၍ သူ့အားမိတ်ဆွေရင်းချာကဲ့သို့ခင်မင်တွယ်တာနေသော အဂ္ဂ အားထိုစကားပြောမထွက်ပေ။
သို့ရာတွင်...... ပြောရပေတော့မည်ယခုညပင်လျင်ထွက်ခွာရန်
ဂါမဏိ ဆုံးဖြတ်ထားသောကြောင့်ထိုအကြောင်း
အဂ္ဂကိုမဖြစ်မနေအသိပေး နူတ်ဆက်လမ်းခွဲ
ရန်ဆုံးဖြတ်ထား၏ ။
ခါတိုင်းညများကဲ့သို့ သူတို့နှစ်ယောက်လုံးထွေးသတ်ပုတ်ကျီစယ်ကြသောကွင်းပြင်သို့နှစ်ယောက်သားထွက်လာကြ၏။
”....ဘယ်လိုလဲ ဂါမဏိ မနေ့ညကရူံးကြွေး
ခုညပြန်ဆပ်နိူင်မလားတပွဲတလမ်းစမ်းကြည့်
အောင်....”
”...နောင်ကြီး အဂ္ဂ
ကျုပ်နောင်ကြီးကို တောင်းပန်ချင်တယ်...”
”....ဘာဖြစ်လို့လဲ ညီငယ်ဂါဏိစကားကလည်း
အထူးအဆန်းတွေဆိုရော့မယ်
ညီအစ်ကိုချင်း....ဟားဟား...ဟားဟား... ”
”.......နောင်ကြီး ကျုပ်
ဒီကထွက်သွားတော့မယ်......”
”.......ဟင်..............”
တဟားဟားပျော်ရွင်စွာရယ်မောနေသော အဂ္ဂ အသံတိခနဲရပ်သွားကာဆွံ့အမှင်သက်နေ၏ ။
သူ့အနေဖြင့်ခွဲခွာရန်ကြိုတွေးထားပုံမရ.....။
”...တ..တကယ်..သွားတော့မှာပေါ့.
..ညီငယ်...”
”....ခွင့်လွတ်ပါနောင်ကြီး အဂ္ဂ ရေမလွဲသာလို့ပါ
ကျုပ်မှာမပြီးသေးတဲ့တာဝန်က အများကြီးမို့ပါ....”
.”...ဘယ်တော့လောက်သွားမှာလည်း ညီငယ်....”
”....ခုညသွားဖို့ဆုံးဖြတ်ထားပါတယ်.....”
အဂ္ဂမှာဝမ်းနည်းကြေကွဲနေဟန်ဖြင့်အသံများးတုန်ယင်နေ၏။
.”..ခုမခွဲလဲတချိန်ခွဲမှာပဲလေ.. ခနလေးညီငယ်....ခနစောင့်...”
အဂ္ဂ မှာသူကိုသူဖြေသိမ့်နေဟန်ဖြင့် ဂါမဏိ အားခတ္တေစောင့်ဆိုင်းခိုင်းရင်းနေရာမှပြေးထွက်သွားပြိး ခနအကြာပြန်ရောက်လာသည်။
”...ညီငယ်သတိမေ့နေချိန်အနားကတွေ့တဲ့ ဓားနဲ့စာအုပ်...
လူတွေကြားရောက်ရင်သတိထားပါ.၊
အစ်ကိုတို့ဟာ သာမာန်လူတွေ မဟုတ်ဘူးလေ
ဒေါသကိုထိန်းချုပ်ဖို့အထူးမှာချင်တယ်… ညီငယ်..”
သူ့ဓားနဲ့စစ်င်္သနကကျမ်းစာအုပ်ကိုယူလာရင်း အဂ္ဂ
သတိပေး၊ဆုံးမစကားဆိုလာ၏ ။
....နောက်ဆုံး အနေနဲ့ ကျေးဇူး ရှင်နောင်ကြီးကို ကန်တော့ခဲ့ပါရစေ.....
ဂါမဏိမှာအဂ္ဂအားရှိခိုးကန်တော့လိုက်၍ခေါင်းမော့ကြည့်ချိန်အဂ္ဂ အားမတွေ့ရတော့ချေ။
ခံစားမူကို မထိန်းချုပ်နိူင်၍ပြေးပုန်းပြီထင်၏။
”....နူတ်ဆက်ခဲ့ပါတယ် နောင်ကြီး အဂ္ဂ ရယ်...”..
ဂါမဏိ တစ်ယောက်သူမျော်လင့်ချက်များကို
ဆက်လက်အကောင်အထည်ဖော်ရန် အသက်
သခင်ကျေးဇူးရှင် အဂ္ဂကိုခွဲလာရခြင်းကြောင့်
သူ့စိတ်အတွင်းလည်း ဝမ်းနည်းနေမိတော့သည်။
==========================
၁၂-ဆက်ရန်