book

Index 1

အခန်း.{ ၁ }

👣  မာရ်နတ်မင်း၏စစ်သူကြီး 👣

======================


      နွေနေ့လည်ခင်း။

ပူပြင်းလွန်းလှသောနေရောင်ခြည်အောက်တွင်

      လူငယ်လေးတစ်ယောက်မှာလွင်ပြင်ကျယ်ကြီးတစ်ခုတွင်ပြေးလွားလျက်ရှိနေ၏ ။ သူပုံစံမှာ ရည်ရွယ်ထားသော

ပန်းတိုင်တစ်ခုဆီသို့ ပြေးလွားနေသော

ပုံစံမျိုးမဟုတ်။သူရူးတစ်ယောက်လို ဦးတည်ရာမဲ့ ကမူးရူးထိုးပြေးလွားနေခြင်းမျိုးဖြစ်သည်။ 

သူ့မျက်လုံးများမှာလည်းငိုကြွေးထားသော

ကြောင့်ရဲရဲနီလျက်ရှိနေကာ မျက်ရည်များ

မျက်ဝန်းမှအတားစီးမဲ့စီးကျနေသည်။

စိတ်နှလုံးမချမ်းမြေ့မူတစ်ခုကို လတ်တလော

ပြင်းပြင်းထန်ထန်ခံစားရထားဟန်ရှိနေ၏။


     ...ဘုံး...


လူငယ်လေးမှာ ခြေဦးတည့်ရာပြေးနေရင်းမြေကမူကို

ခလုတ်တိုက်မိသောကြောင့်မြေကြီးပေါ်

 ၀မ်းလျားမှောက်

ထိုးကျသွားတော့သည်။ ဖုန်မူန့်များသဲများသူ့တစ်ကိုယ်လုံးပေကျံသွားသလို သူ့မျက်ရည်များမှာ

ဖူန်မူန့်များဖြင့်ရောလျက်ဖြင့် မျက်နှာ

တစ်ပြင်လုံးကပ်ငြိနေလျက်ဖြင့်ရှိနေသည်။ လူငယ်မှာ ဖုန်မူန့်များအားလက်တစ်ဖက်စီတွင်ကျစ်ကျစ်ပါအောင်ဆုတ်လျက်

ဒူးထောက်ထိုင်လျက်ဖြင့်၀မ်းနည်းကြေ

ကွဲမူကို မခံစားနိူင်တော့သည့်အလား

ကျယ်လောင်စွာအော်ဟစ်လိုက်၏ ။ 


.....အား.......


သူ့အော်သံကြောင့် ခပ်လှမ်းလှမ်းတောအုပ်အစပ်အပင်ပေါ်တွင်နားလျက်ရှိနေသော ငှက်တစ်အုပ် လန့်ဖျတ်၍အဝေးသို့ပြန်ကုန်ကြသည်။


" ဘာကြောင့်လဲ.. ..ဘာကြောင့်လဲ.. .

အကျွန်ပ်..မလိုချင်တဲ့ ..ဘ၀တစ်ခု

ရလာရတာလဲ...ဘာကြောင့်များ ..

အကျွန်ပ်မလုပ်ရတဲ့ ..အမှားကိုလူတွေက လှောင်ပြောင် နှိမ်ချ ချင်ကြတာလဲ......ဖြေပါ အသင်လောက...

အကျွန်ပ်ကိုဖြေပါ...ကျွန်ပ်ဟာဒီဘ၀မှာ

အသက်ဆက်မရှင်လိုတော့ဘူး...

အကျွန်ပ်အတွက် ဘ၀ဟာအဓိပ္ပါယ်

လည်းမရှိပါဘူး....."


 လူငယ်လေးမှာမကျေမနပ်အော်ဟစ်ရင်း

မြေပြင်ကို သူ့ရန်သူအလား အငြိုးတကြီး

လက်သီးဖြင့်ဘယ်ညာထိုးလျက်ရှိနေ၏။


လူငယ်ပြေးလွားလာချိန်မှစ၍ ယခုအချိန်အထိ

တောအုပ်အစပ်သစ်ပင်ကြီးတစ်ပင်အောက်လူကြီးတစ်ယောက်ကရပ်ကြည့်နေရာလူငယ်အဖြစ်အပျက်အားအစအုံးတွေ့မြင်နေရ၏ ။


လူကြီးမှာခေါင်းငုံ၍၀မ်းပမ်းတနည်းရိူက်

လျက်ရှိသော လူငယ်အနီးသို့ တစ်လှမ်း

ခြင်းလျောက်သွားလျက်အနီးရောက်သော်

ခေါင်းငုံငိုကြွေးနေသော လူငယ်ကျောပြင်

သနားကြင်နာဟန်ဖွဖွသပ်လျက် နှစ်သိမ့်မူ

ပြုလိုက်သည်။


 " ကောင်ငယ်လေး ဘာလို့ငိုနေရတာလဲအခက်အခဲတစ်စုံတစ်ရာကြုံတိုင်း၊ ကြုံတိုင်းမှာ

ငိုယိုပြီးလောကကြီးကို  အပြစ်တင်တာဟာ ယောက်ကျားကောင်းတွေ

အလုပ်မဟုတ်ဘူး ကောင်လေးရ

ယောက်ကျားဆိုတာ လောကဓံ ကိုခေါင်းမော့ရင်ဆိုင်နိူင်ရမယ် မှတ်ထား.."


 " ဟင်.....

ဦးရီးကဘယ်သူလဲ ..."


 လူငယ်မှာသူ့ခံစားချက်နဲ့သူ ငိုကြွေးနေရာမှ အနားသို့လူကြီးရောက်နေခြင်း

အားမသိပဲ သူကျောပြင်အားပွတ်သတ်ကာ

လူကြီးစကားပြောသံကြားရ

သောအခါမှ ရှက်ရွံ အံ့အြဟန်ဖြင့်

 မျက်ရည်များကိုလက်ဖနောင့်နှစ်ဖက်ဖြင့်

ခပ်ကြမ်းကြမ်းပွတ်သုတ်နေသည်။ 


  "လာ...ထ..ဟိုသစ်ပင်ကြီးအောက်မှာစကား

သွားပြောကြရအောင်...”


လူငယ်မှပူပြင်းသောနေရောင်အောက်ပြင်း

ထန်စွာလူပ်ရှားမူပြုခြင်း ငိုခြင်းကြောင့်

အားမဲ့သလိုခံစားနေရသည်။

ထို့ကြောင့်ယခုအချိန်အရိပ်အေးအေးတွင်

အနားယူလိုသောကြောင့် လူကြီးစကားကို

ငြင်းဆန်ခြင်းမပြုပဲ

   သစ်ပင်ရိပ်အောက်သွားနေသော

လူကြီးနောက်မှ လိုက်သွားတော့၏ ။

   သစ်ပင်ကြီးမှာအရွက်တဖားဖားဖြင့်

နေပျောက်မထိုးသောကြောင့် 

သစ်ပင်ကြီးအောက်ရောက်သောအခါ

အေးချမ်းသွားရတော့၏ ။ 

လူကြီးမှာ သစ်ပင်ကြီးပင်စည်အား ကျောမှီထိုင်လျက် ခါးကြားမှဘူးသီး

ခြောက်ရေဘူးအားထုတ်လျက်တစ်ငုံ

နှစ်ငုံမျသောက်ကာ လူငယ်အားကမ်း

ပေးလာ၏ ။

လူငယ်မှာမည်မျမောပန်းရေငတ်လာသည်မသိရေဘူးအတွင်းမှရေအား

တကျိုက်ကျိုက်ဖြင့်အားလုံးမော့သောက်

လိုက်ပြီး လူကြီးမနီးမဝေးမြေပြင်ပေါ်တွင် ၀င်ထိုင်လိုက်၏ ။


  "    ငါ့နာမည်  စက္ကဒေ၀. ..

ကောင်ငယ်လေးမင်းနာမည်ကရော .."


 "  ဂါမဏိ   "


  " ဟား...နာမည်ကအားမာန်

အပြည့်နဲ့ နာမည် လူကပျော့ညံ့လိုက်တာကွယ် နာမည်နဲ့လူတစ်ခြားစီဖြစ်နေပြီ"


  " ဟာ..ဦးရီး...တစ်ဖက်သတ်

မပြောပါနဲ့ ဦးရီး ကျွန်ပ်ငိုမိလို့ကျွန်ပ်ကို

အထင်သေးတာလား 

အကျွန်ပ်အကြောင်း ဦးရီးမှမသိတာ.."


  " ပြောစမ်းပါဦးကောင်ငယ်လေးရ

ဘယ်လိုအကြောင်းအရာမျိုးကြုံရလို့

ခုလို၀မ်းနည်းကြေကွဲပြီး

လူ့လောကကြီးကို အပြစ်တင်နေရတာ

လဲဆိုတာ ဦးရီးလည်းသိရအောင်

ပြောပြစေချင်တယ်....."


" ဒါနဲ့ ဦးရီးက ဒီမြို့ ဒီတိုင်းသား

မဟုတ်ဘူးထင်တယ် ..."


" နေပါအုံး  ကောင်ငယ်လေးပြောပြမယ့် 

အကြောင်းအရာက

ဦးရီး ဒီမြို့ ဒီတိုင်းသားမဟုတ်တာနဲ့

ဆိုင်ရော့လားကွယ်......."


  " ဆိုင်တာပေါ့ဦးရီးရေ 

အကျွန်ပ်အကြောင်း ဒီမြို့ကလူတွေ

အားလုံးသိကြတယ် အကျွန်ပ်ခံစားချက်ကို

နားထောင်ပေးဖို့မပြောနဲ့ အကျွန်ကိုဘယ်သူမှ 

အရေးတယူစကားပြောဖော်တောင်မရှိဘူး ဦးရီးရ ......"


" ဦးရီးတော့ကောင်ငယ်လေး

ဘ၀ဇတ်ကြောင်းကို အတော်စိတ်၀င်စား

သွားပြီ ဘယ်သူမှနားမထောင်ချင်ပေမယ့် ဦးရီးနားထောင်မယ် အစအဆုံးသာပြောပြ...”


   လူငယ်မျက်နှာမှာသူ့ဘ၀ဇတ်ကြောင်းအားပြောပြရန် အားယူနေဟန်တူ၏ ။


မျက်လုံးများမှာ ခံစားချက်ကြောင့်

မူန်မိူင်းသွားသည်ကို စက္ကဒေ၀လှမ်းမြင်ရသည်။

့် ကောင်ငယ်လေးခံစားချက်မှာမသေးမှန်း

ရိပ်စားမလိုက်သည်။


   " မင်းတရားကြီးကို

တော်လှန်ပုန်ကန်တဲ့တောပုန်းကြီး

 သူရဗလ ဟာအကျွန်ပ်ဖခင်ပဲ ဦးရီး.."


" ဟာ....သူရဗလ ဟာ... ကောင်ငယ်လေး

ဖခင်ဟုတ်လား..."


" ဘယ်လိုလဲ ဦးရီးအံ့အြသွားပြီလား

ဟုတ်ပါတယ်  မင်းတရားကြီးကိုတော်လှန်ပုန်ကန်မူနဲ့ မြို့လယ်လူစည်ကားရာ

အရပ်မှာ ကြိုးပေးသတ်ဖြတ်ခံရတဲ့ 

တောပုန်းကြီး သူရဗလဟာ အကျွန်ပ်ဖခင်ပါပဲ အကျွန်ပ်ဟာ တောပုန်းကြီးသားအဖြစ် 

အမိကို အဖော်ပြု ကြီးပြင်းခဲ့ရတယ် 

အကျွန်ပ်သိတတ်ချိန်တစ်မြို့လုံးအကျွန်ပ်ကို

နှိမ်ချဆက်ဆံကြတယ် 

အကျွန်ပ်မှာကစားဖော်မရှိဘူး

။တောပုန်းကြီးသားမယားနဲ့သားဆိုတဲ့ နှိမ်ချဆက်

ဆံမူကြား အကျွန်ပ်ကြီးပြင်းခဲ့ရတယ်

အကျွန်ပ်ဟာ၀မ်းနည်းအားငယ်မူကို

အချိန်တိုင်း ခံစားနေရသူပါ

ခုဒီနေ့အဖြစ်အပျက်ကတော့အကျွန်ဘ၀မှာ

၀မ်းအနည်းဆုံးပဲ ဦးရီး...

မြို့က သူငှေးကြီးတစ်ယောက်ရဲ့တစ်မြို့လုံးကိုကျွေးမွေးတဲ့ အလှူပွဲကြီးမှာ

အကျွန်ပ်ဟာ သူများနည်းတူ စားသောက်ဖို့သွားခဲ့တယ် အကျွန်ပ်မိခင်

ဟာ ဟင်းသီး ၊ ဟင်းရွက် နေပူမိုးရွာ

မရှောင် ရောင်းရတဲ့အတွက်ရော ဇရာကြောင့်ရော အိပ်ယာပေါ်လဲကျန်နေရစ်ခဲ့တယ် အကျွန်ဟာ အမိ အတွက်ပါ

စားသောက်စရာလေး ယူလာမယ်

စိတ်ကူးနဲ့ထွက်လာခဲ့တာပေါ့ ....

သို့ပေတိဗျာ........."


ဂါမဏိဆိုသောလူငယ်လေးမှာ ခံစားမူကြောင့်ထင့်ပြောနေသောစကားသံများ

တိမ်၀င်သွားကာ ရှေ့ဆက်ပြောရန် ရင်ဘတ်အတွင်းတစ်ဆို့နေဟန်တူ၏ ။

 စက္ကဒေ၀မှာ ဘာမှစကားမပြောပဲ

လူငယ်လေးဆက်ပြောလာမည့်စကားကို

နားစွင့်၍ရှိနေသည်။


...အကျွန်ပ်ဟာ သူများနည်းတူ အလှူပွဲ

ကိုရောက်တဲ့အခါ အကျွန်ပ်ကိုကြည့်ပြီး

အားလုံးက မလာဖို့ ထွက်သွားဖို့ပြောတယ် အလှူရှင်သူငှေးကြီးကိုယ်တိုင်

ကပါအဲလိုပြောတော့ အကျွန်ပ်ရှက်လည်း

အရှက်ရမိတယ် အကျွန်အခုလိုဘ၀နဲ့

မနေချင်တော့ဘူး ဦးရယ်..ဖြစ်နိူင်ရင်

အကျွန်ပ်သေချင်နေမိတယ်....


" တိတ်စမ်း...တိတ်စမ်း...သူရဗလ

သားဟာ သူရဲဘောကြောင်လှချည်လား

အဖေနဲ့များတစ်ခြားစီပါလား သူရဗလ

ကအမှန်တရားအတွက်သတ်ရဲသေရဲ

သူမျိုး သူသားကျ ..

.ရာဇ၀င်ရိုင်းလှချည်ရဲ့ကွယ် ....."


လူငယ်လေးပြောသမျတစ်ချိန်လုံးငြိမ်သက်စွာ

နားထောင်နေသောလူကြီးမှာ လူငယ်စကား

ဆုံးသောအခါ လည်ပင်းကြောကြီးများထောင်ထအောင်အံ့ကြိတ်

လျက်လူငယ်လေးအားငေါက်ငန်းလိုက်သည်။


စက္ကဒေ၀မှာဒေါသူပုန်ထနေခြင်းကိုလူငယ်မှာနားမလည်နိူင်အောင်ပင်ရှိနေ၏ ။ ယခုသေချာ

ကြည့်မှလူကြီးသည် ခန့်ညားတည်ကြည်သော

ရုပ်သွင်၊မာန်မာနကြီးသော အသွင်အပြင်ကို

မြင်ရကာ စိတ်အတွင်းအလိုလို လူကြီးကိုရှိန်

သွားမိသည်။

စက္ကဒေ၀မှာ လက်သီးနှစ်ဖက်

ကိုကျစ်ကျစ်ပါအောင်ဆုတ်လျက်ဖြင့်

မတ်တတ်ထရပ်လျက်သူ့အကြည့်များကို

အဝေးသို့ပို့ထားလျက်၊ သူ့ပုံသည်တစ်စုံတရာ

အရေးတွေးရင်းမချိတင်ကဲခံပြင်းနေဟန်

အမူအယာရှိနေသည်။

ခနကြာမှလူငယ်လေးအားကြည့်မိရာ သူ့အား

နားမလည်စွာကြောင်ငေးကြည့်နေသောကြောင့်

စိတ်လျော့ချ ပြုံးပြလိုက်သည်။


" ကောင်ငယ်လေး ဦးရီးနဲ့တွေ့ပြီ

ဘာမှအားမငယ်နဲ့တော့ လောကမှာ

လူတွေက အားနည်းသူကိုဖိနှိပ်တတ်ကြ

စမြဲပဲ မာကျောတဲ့လူကိုဘယ်သူမှ မဖိနှိပ်

ရဲကြဘူးလေ 

ကောင်ငယ်လေး ဒီမြို့ကလူတွေကိုမုန်း

သလား ဦးရီးသိချင်မိတယ် .."


" ဘယ်လိုပြောလိုက်တာလဲ ဦးရီးရေ

ဖြစ်နိူင်ရင် တစ်မြို့လုံးကို ကျုပ်မီးလောင်

တိုက်သွင်းပလိုချင်တာ မစွမ်းသာလို့သာပေါ့ဗျာ.."


  " ယောက်ကျားပဲ ကောင်ငယ်

လေးကြိုးစားရင် တစ်နေ့ဒီမြို့ကြီးကို

မီးလောင်တိုက်သွင်းမဲ့ကိစ္စမဖြစ်လာစရာ

မရှိပါဘူး ဦးရီးနောက်ကိုလိုက်ခဲ့ရင်

ကောင်ငယ်လေးဆန္ဒပြည့်လာစေရမယ်

ဘယ်လိုလဲ ......"


"ဗျာ...ဘယ်လို.... ”


” ဦးရီးစကားကို ယုံမှားသံသယဝင်နေတာလား၊

စဉ်းစားပေါ့ တသက်လုံး သူများဖိနှိပ်ခံအဖြစ်

နေသွားမလား၊ ကိုကဖိနှိပ်တဲ့သူဖြစ်ချင်လား

 ဆုံးဖြတ်ပါ...”


” မယုံလို့မဟုတ်ပါဘူး ဦးရီးရေ 

ကျွန်ပ်က ဒီမြို့မှာတစိမျနေချင်တာမဟုတ်ဘူး

ဟို...အကျွန်ပ်အမိ...မြို့ထဲကျန်နေရစ်ခဲ့တယ်..

အဲဒါကြောင့်...တွေးရခက်နေတာ...”


" ယောက်ကျားဆိုတာဆုံးဖြတ်ချက်

ပြတ်သားနိူင်ရမယ် ကောင်ငယ်လေး

တစ်နေ့ဒီမြို့ကို မီးလောင်တိုက်သွင်းမဲ့

အောင်မြင်သူအဖြစ်ပြန်လာချိန်ကောင်

ငယ်လေးအမိကို ပြန်တွေ့ပေါ့ 

ဟုတ်လား.ပြီးတော့ ကောင်ငယ်လေး

အမိကို ချမ်းချမ်းသာသာ ထားနိူင်မယ်လေ..”


” ကျွန်ပ် ဘာလုပ်ရမှာလဲ ဦးရီး....”


” လူတွေအပေါ်က နေချင်ရင် အပေါ်ရောက်

အောင်လုပ်ရမှာပေါ့ ကဲ လိုက်ချင်သပဆိုရင်

လိုက်နိူင်တယ် တကယ်လို့ နေခဲ့ချင်သပဆိုရင်လည်း နေနိူင်တယ်

ဦးရီးသွားပြီ...”


 အပင်ရိပ်အောက်မှထွက်ခွာသွားပြီဖြစ်

သော စက္ကဒေ၀ နောက်ကျောအားကြည့်ရင်း လူငယ်လေးမှာ လိုက်သင့်မလိုက်သင့်ချိန်ဆနေမိ၏။ တစ်ကြိမ်တစ်ခါမှမတွေ့ဖူးသူတစ်ယောက်က

သူ့ဘဝမြင့်မားရန် လောကကြီးထဲတစ်ဦးတည်း

တွယ်တာစရာမိခင်ကိုချန်ထားရမည်လား။

 တသက်လုံးအနှိမ်ခံ၊ အပယ်ခံဘဝဖြင့်

နေသွားမည်လား ။လူကြီးနောက်လိုက်လျင်

တကယ်ကောသူဖြစ်ချင်သည်များဖြစ်လာ

နိူင်မည်လား အတွေးပေါင်းများစွာဖြင့်ရှိနေသည်။


နောက်ဆုံးတွင်ပြတ်သား

သောဆုံးဖြတ်ချက်တစ်ခုအားချလိုက်ပြီး

ခပ်ဝေးဝေးသို့ရောက်နေသော လူကြီးနောက်သို့

လူ့ငယ်အပြေးအလွားလိုက်သွားတော့သည်။


    စက္ကဒေ၀မှာတောနက်ကြီးများအား

ဖြတ်သန်းသွားလာလျက်ရှိနေသည်။

သူ့နောက်မှလူငယ်လေးမှာသူ့အားမှီအောင်လိုက်နေရသောကြောင့်ချွေးပြန်

လျက်ရှိနေသလိုဖိနပ်မပါသောခြေဗလာ

ကြောင့် ကျောက်စလစ်ချွန်များ သစ်ငုတ်စများထိုးထားခြင်းကြောင့် ခြေဖဝါး

နှစ်ဖက်လုံးသွေးများဖြင့်နီရဲနေလျက်

ခြေထောက်၍မရအောင်ထော့နင့်ထော့နင်းဖြင့်ရှိနေ၏ ။

  စက္ကဒေ၀ကားနောက်မှလူငယ်အဖြစ်ကိုမသိလေသလား ။ မသိယောင်ဆောင်

နေခြင်းလားမပြောတတ်ပေ။ နောက်သို့

တစ်ချက်မျပင်ငဲ့စောင်းမကြည့်ပဲခြေလှမ်းကျယ်ကြီးများဖြင့် လှမ်းခရီးတွင်မရပ်နားပဲလျောက်သွားနေသည်။

လူငယ်မှာခြေဖဝါးများကျိန်းစပ်နာကျင်ကာ အနာရှိသောနေရာကို ကျောက်ချွန်လေးများထိုးမိပါက အသဲခိုက်မတတ်နာကျင်သောကြားမှ ရှေ့မှသွားနေသော

စက္ကဒေ၀ကို မှီအောင်လိုက်နေတော့၏ ။

  ညမှောင်ရီပျိုးစအချိန်ရောက်သော

အခါတွင်မူ တောနက်ကြီးအတွင်း

ရောက်ရှိခဲ့ကြသလို ကွင်းပြင်ကျယ်အတွင်းသစ်လုံးကြီးများဖြင့်ကာရံထားသော ခြံစည်းရိုးကြီးတစ်ခုအားတွေ့ရပြီး

ခြံစည်းရိုးအနီးသို့စက္ကဒေ၀တိုးကပ်သွား

ရင်းအသံတစ်ချက်ပြုလိုက်သောအခါ အတွင်းမှ လူပ်ရှားသံများ

ကြားလိုက်ရပြီး တခါးတစ်ချပ်ပွင့်လာတော့သည်။

 ပွင့်နေသောတခါးမှတစ်ဆင့် အတွင်းသို့

စက္ကဒေ၀၀င်လိုက်သောကြောင့် ဂါမဏိ

လည်းလှမ်း၀င်လိုက်တော့၏ ။ 

သစ်လုံးတံခါးမှတဆင့်အတွင်းရောက်သော်

   ဂါမဏိအံ့အြသင့်သွားရတော့၏ ။

သစ်လုံးကြီးများခြံစည်းရိုးခတ်ကာရံထားသောနောက်ဖက်တွင် သစ်လုံးအိမ်ငယ်များအစီအရီဆောက်လုပ်ထားပြီးလူပ်ရှားသွားလာနေသောယောက်ကျားမိန်းမ

ခလေးအရွယ်မျိုးစုံအားတွေ့လိုက်ရတော့၏ ။ 

အိမ်ခြေမှာတစ်ရာကျော်နီးပါးခန့်မျရှိခန့်မျရှိနေ၏ ။ စက္ကဒေ၀

မှာရွာလယ်လမ်းအတိုင်းလျောက်သွားရာ

လမ်းတွင် စက္ကဒေ၀ နဲ့ဆုံသောသူတိုင်းမှာ မြေပြင်ပေါ် ဒူးထောက်ခေါင်းငုံ

အရိုအသေပေးကြသည်ကိုဂါမဏိတွေ့ရ၏။ 

စက္ကဒေ၀မှာသာမာန်လူမဟုတ်မည်ကဲ့သို့လူမျိုးဖြစ်သည်ကိုကား ဂါမဏိ မတွေးတတ်ပေ။ 


  " ဘိုးသီလ ...ဘိုးသီလ...."


  စက္ကဒေ၀မှာအိမ်ကြီးတစ်အိမ်ရှေ့တွင်မတ်တတ်ရပ်ရင်း အသံပြုလိုက်သောအခါ ဖြူဖွေးသောဆံပင်ရှည်များကို

လျောင်တစ်စောင်းထုံးထားသော အသက်ခြောက်ဆယ်အရွယ် အဘိုးကြီးတစ်ယောက်အိမ်အတွင်းမှထွက်လာရင်း စက္ကဒေ၀ ရှေ့အရိုအသေပြုလိုက်၏။


" မှန်ပါ မင်းသားလေး ...ကျွန်တော်မျိုးကိုဘာများ အမိန့်အမှာစကားပြော

ကြားလိုပါသလဲ .နာခံလျက်ပါ ..."


  " ဒီကောင်ငယ်လေးနာမည်က

ဂါမဏိလို့ခေါ်တယ် ဘိုးသီလ သူရဗလရဲ့သားပဲ...."


   " ဟင်...သူရဗလရဲ့သား..."


" ငါကိုယ်တော် မှာကြားချင်တာက

သူ့ကိုဘိုးသီလနဲ့အပ်ထားခဲ့မယ် 

ယောက်ကျားကောင်းတွေတတ်ရမယ့်

ပညာရပ်မှန်သမျ

သူ့ကို အိတ်သွန်ဖာမှောက်ဆရာစားမချန်

သင်ကြားပေးစေလိုပါတယ် 

တကယ်လို့ သူပညာစုံရင် ငါကိုယ်တော်မြတ်ထံ ကောင်ငယ်လေးကို မောင်မင်းကိုယ်တိုင်လာအပ်ပါ ...."


  " အမိန့်တော်မြတ်အတိုင်းပါ 

မင်းသားလေး...."


  " ကောင်ငယ်လေး ဒီဘဘနာမည်က

ဘိုးပညာသီလလို့ခေါ်တယ် နန်းတွင်းက

မင်းညီမင်းသားတွေတတ်မြောက်ရမဲ့

အတတ်ပညာတွေသင်ကြားပေးတဲ့ဆရာ

ကြီးပဲ ကောင်ငယ်လေးသူ့ဆီကပညာစုံတဲ့တစ်နေ့ဦးရီးကိုလာတွေ့ပါ ..."


စက္ကဒေ၀ကားပြောစရာများပြောဆိုပြီးသောအခါ ဂါမဏိအား ပညာသီလနဲ့

ချန်ထားရစ်ကာထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ဂါမဏိမှာသာအံ့အြပြီးရင်းအံ့အြကာပါးစပ်အဟောင်းသားဖြစ်နေရ၏ ။ မင်းညီမင်းသားတစ်ပါး သာသင်ယူခွင့်ရှိနိူင်မည့် အတတ်ပညာ

များကိုသူသင်ယူခွင့်ရသောအကြောင်း

အပြင။် နန်းတွင်းမှ ပညာရှိကြီးမှာတောတွင်းသို့မည်သည့်အကြောင်းကြောင့်ရောက်နေရသနည်း။ စက္ကဒေ၀ ကိုအားလုံးသောလူများကအရိုအသေပြု

ဆက်ဆံနေကြသနည်း။စသောအံ့အြခြင်းများကရှိနေပါသည်။


"လူလေးသိပ်အံ့အြနေလား

လူလေးပညာစုံတဲ့ တစ်နေ့အားလုံးကို

မင်းသားလေးကရှင်းပြပါလိမ့်မယ်၊

လာအထဲ၀င် တစ်ကိုယ်လုံးသန့်စင်သွားအောင်ရေမိုးချိုးလိုက်နောက်ဖေးမှာရေတွင်းရှိတယ် ပြီးရင်ညစာစားရအောင်"

  ပညာသီလမှာအံ့အြကြောင်ငေးနေသော ဂါမဏိ ကိုအေးချမ်းသောဂရုဏာအသံဖြင့်ပြောလာခြင်းဖြစ်၏ ။ 

   အိမ်နောက်ဖေးထောင့်တွင်တူးထားသောရေတွင်းမှရေကို ခပ်ချိုးနေချိန်

ပညာသီလက သူ၀တ်ရန်အ၀တ်အစား

တစ်စုံယူလာပေးသောကြောင့် အနည်းငယ်ပွယောင်းနေသော အ၀တ်များကို

ရေချိုးပြီးလှဲလှယ်ပြီးအိမ်ပေါ်တက်ခဲ့တော့၏ ။ ညသည်လည်းမှောင်နေပြီဖြစ်သောကြောင့် အိမ်ရှေ့တွင် ထမင်းစားပွဲတွင်အငွေ့တထောင်းထောင်းထနေသောဟင်းလျာများနဲ့ထမင်းများအဆင်သင့်ခူးခပ်ထားသည်ကိုတွေ့လိုက်ရသည်။


" လာ..လူလေး အားမနာနဲ့ အ၀သာစား ..."


  " အဘိုးရော ...မစားဘူးလား"


   " အဘိုးက ညစာမစားဘူးကွဲ့

ကဲ ဟင်းတွေမအေးခင်စားလိုက်ပါ "


ဂါမဏိမှာမနက်ကတည်းကပင်ဘာမှမစားရသေးသောကြောင့် ဟင်းနံ့များရကတည်းက၀မ်းဗိုက်တဂွီဂွီဖြစ်နေရာ ထမင်းနဲ့ဟင်းကို ခေါင်းမဖော်စတမ်းအားပါးတရ စားသောက်လိုက်တော့သည်။ 

စားသောက်ပြီးသောအခါ အိမ်ရှေ့ကပြင်တွင်ရေနံဆီမီးအိမ်ထွန်းလျက် ပညာသီလနဲ့ ဂါမဏိ စကားပြောဖြစ်ကြ၏ ။

   " လူလေးကို မြင်ရတာ ကျုပ်ဖြင့်

သူရဗလကို သွားသတိရမိတယ်ကွယ်

မျက်လုံး မျက်ခုံး မျက်နှာကျတွေက

သူရဗလနဲ့ အတော်တူတယ် ..."


  " အဘိုးက အဖေ့ကို သိလို့လား

သိရင်အဖအကြောင်းပြောပြပါလား

အဘိုးရယ် အကျွန်ဟာ အဖေ့ကို တောပုန်းကြီးဆိုတာကလွဲပြီး တစ်ခြားဘာမှ အဖ အကြောင်းဘာမှမသိပါဘူး..."


   "လူလေး ပညာစုံချိန်ကျရင်

အကြောင်းစုံသိရပါလိမ့်မယ် အခုတော့ညနက်ပြီအိပ်ကြရအောင်..."


   ဂါမဏိကားအိပ်ယာအတွင်းတလူးလူး

တလှိမ့်လှိမ့်ဖြင့်အိပ်မပျော်နိူင်ပဲရှိနေမိ၏ ။ မမျော်လင့်ပဲ ပြောင်းလဲသွားသော သူ့ဘ၀တစ်ဆစ်ချိုးအကြောင်းအရာများ

အားတွေးကြည့်ပါကသူ့အဖြစ်သည်ယုံနိူင်စရာမရှိ။ ယခုသူရောက်နေသောနေရာမှလူများအကြောင်း၊ သူအကြောင်းစုံမသိရသေးသော ဖခင်အကြောင်းများကိုလည်း သိနေကြသောနေရာတစ်ခုသို့သူရောက်နေခြင်းပင်။ ထိုသူများသည်မည်သူဖြစ်သနည်း ။

အတွေးပေါင်းများစွာဖြင့် ဂါမဏိတစ်ယောက် မနက်လင်းကြက်တွန်ချိန်ရောက်မှ အိပ်ပျော်သွားတော့သည်။


    တစ်ရက်နှစ်ရက်ခန့်မျ အချိန်အတွင်းဂါမဏိအား ပညာသီလမှာ ဘာမှသင်မပေးသေးသောကြောင့် ဂါမဏိမှာ ပျင်းရိငြီးငွေ့ကာ

မိခင်ကြီးကို သတိအထူးတလည်ရနေမိသည်။

မိခင်ထံသို့ပြန်သွားလိုစိတ်များလည်းတဖွားဖွား

ပေါ်နေသည်။

သို့သော်လည်းမြို့မှလူများမျက်နှာပြန်မြင်

ယောင်သောအခါ ထိုစိတ်များ ပျောက်ကွယ်

ကုန်သည်။

ဂါမဏိရောက်ပြီးသုံးရက်မြောက်။

မနက်ခင်းတွင်ပညာသီလမှာ ဂါမဏိ အားဆရာတပည့်

အပ်နှံပွဲပြုလုပ်ပြီး သိုင်းပညာအခြေခံသဘောတရားများစတင်သင်ကြားပေးတော့၏ ။ အချိန်များမှာ ရက်ကိုလစား

လကိုနှစ်စားဖြင့်ပြောင်းလဲလာကာ သုံးနှစ်နီးပါးအချိန်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဂါမဏိမှာလည်း

ပညာစုံသလောက်အခြေအနေသို့ရောက်ရှိလာပြီဖြစ်သည်။ လက်နက်မဲ့သိုင်း၊ဓားသိုင်း၊လှံသိုင်း ၊ မြင်းစီးအတတ်အပြင်။တစ်ခြားသောစာပေပညာ၊ စစ်ချီစစ်တက် သေနင်္ဂဗျူ ဟာများ၊ ဂြိုလ်သွားဂြိုလ်လာ နတ်က္ခတ်ဗေဒပညာရပ်များကိုလည်း ဂါမဏိ မှာဘိုးသီလထံမှသင်ကြားရသည်။ ညဏ်ကောင်းကာ ကြိုးစားသော ဂါမဏိ ကား

ပညာသီလ သင်ပြသမျအားအချိန်အတို

အတွင်းတတ်မြောက်ခြင်းကြောင့် ပညာသီလ တစ်ယောက်မှာ ဆရာထက်တပည့်လက်စောင်းထက်မည့်တပည့်ကျော်ကြီးအားကြည့်၍ ကျေနပ်မဆုံးနိူင်ပေ။ ထိုအတောအတွင်းဂါမဏိမှ စက္ကဒေ၀ကိုတစ်ကြိမ်မှပြန်တွေ့ရခြင်းမရှိသလို။ သူတို့သည်လည်းမကြာခနရွာလုံးကျွတ်နေရာရွေ့ပြောင်း

ခြင်းကိုကြုံရ၏ ။ တစ်ချို့နေရာများတွင်

သုံးလေ နေထိုင်ကြသလို တစ်ချို့နေရာများတွင်ဆိုပါက အခြေမကျမှီရက်ပိုင်းအတွင်း ပြောင်းရွေ့ကြရပြန်သည်။

အဘယ်ကြောင့်ရွေ့ပြောင်းခြင်းအား

ပညာသီလကိုမေးမြန်းကြည့်သော်လည်း

သူပညာစုံချိန်တစ်နေ့အားလုံးသိရမည်ဆိုသောကြောင့် သူသင်ယူရသောပညာရပ်များကိုသာ ဂါမဏိတစ်ယောက် အပုတ်တကုတ်လေ့လာဆည်းပူးလျက်ရှိနေတော့သည်။

  မနက်စောစောနေထွက်ချိန် 

အပေါ်ပိုင်းဗလာကျင်းကာ တောင်ရှည်ပုဆိုးအားခါးတောင်းကျိုက်လျက် လူရွယ်တစ်ယောက်လက်နက်မဲ့သိုင်းပညာရပ်များအား ပါးစပ်မှမာန်အပြည့် အော်ဟစ်၍လေ့ကျင့်နေ၏ ။ ရှည်လျားသောအရပ်အမောင်း။ ဗလတောင့်တောင့် ၊ အသားညိုညိုဖြင့် တည်ကြည်ခန့်ညားသောမျက်နှာတွင် နူတ်ခမ်းမွေးစစဖြင့်လူရွယ်မှာ ယောက်ကျားပီသခန့်ညားသူပင်။ ရှည်လျားသောဆံပင်အား

လျောင်တစောင်းထုံးလျက် သူ့အသွင်မှာ

တကယ့်ရန်သူနဲ့တိုက်ခိုက်နေသည်အလား ကြည့်ကောင်းလွန်းလှ၏ ။ 

ဒူးတံတောင် ခြေကန်ချက် လက်သီး လက်ဝါး အစုံစုံသော လက်နက်မဲ့တိုက်

ကွက်များကို ကျွမ်းကျင်ပိုင်နိူင်စွာလေ့ကျင့်နေခြင်းပင်။

  ထို့နောက်လူငယ်မှာ ဘေးဖက်စင်ပေါ်တွင်ထောင်ထားသော ဓားလှံလက်နက်များထားရာစင်ပေါ်မှဓားရှည်နှစ်ချောင်းကိုဆွဲယူရင်းဓားသိုင်းအားတစ်ကွက်ခြင်းအားမာန်အပြည့်ဖြင့် ထိုး၊ခုတ်၊ကာစသည်ဖြင့် ရန်သူနဲ့တိုက်ခိုက်နေသည်အလား လေ့ကျင့်လျက်ရှိနေပြန်သည်။ ဓားသိုင်းလေ့ကျင့်ပြီးသွားသော

အခါ ။ လှံရှည်တစ်လက်ကိုဆွဲယူပြီး 

လှံတံအား ကျွမ်းကျင်ပိုင်နိူင်စွာဖြင့်

ဖြင့်သိုင်းကွက်ခင်းနေပြန်၏ ။ 


... ရြီ......


ခွပ်...ခွပ်...ခွပ်....


ထိုအချိန်တွင် လက်ခေါက်မူတ်သံတစ်ချက်ထွက်ပေါ်လာပြီး မြင်းကြီးတစ်ကောင်မှာ လူရွယ်လေ့ကျင့်ရာနေရာဘေးမှ ပြေးထွက်သွားတော့၏ ။

   လူရွယ်မှ လှံအားပစ်ချကာ လက်နက်စင်ပေါ်မှ လေးနဲ့ မြှားဗူးကို လျင်မြန်စွာ

ဆွဲယူ၍ မြှားဗူးကို ကျောတွင်လွယ်၍ 

လေးကို အဆင်သင့်ကိုင်လျက် မြင်းဘေးမှပြေးလိုက်ရင်း ကုန်းနှီးမပါသော

မြင်းပေါ်သို့ မြင်းလည်ဆံမွေးများအားလက်နှစ်ဖက်ဖြင့်ကိုင်၍

အရှိန်ဖြင့်ခုန်တက်လိုက်၏ ။ ထို့နောက်

မြင်းဘေးတစ်ဖက်တစ်ချက်အားခိုစီးသည်။ တစ်ခါတစ်ရံမြင်း၀မ်းဗိုက်အောက်သို့ရောက်သွားပြန်သည်။

ထို့နောက် မြင်းကျောပေါ်ပြန်တက်ကာ

ပြေးနေသောမြင်းပေါ်မတ်တတ်ရပ်လျက် မြှားဗူးမှ မြှားသုံးချောင်းဆွဲထုတ်လျက် ရှေ့တွင် တစ်နေရာဆီခွဲ၍လူပုံစံ

ပြုလုပ်ထားသော ကောက်ရိုးအရုပ်သုံးရုပ်ရှိရာ လေးညှိ့တင်၍တစ်ချက်ပြီးတစ်ချက်ပစ်လွတ်လိုက်တော့၏ ။


  ...ဝှစ်....ဝှစ်....ဝှစ် ...


....ဖောက်....ဖောက်.....ဖောက်...


  လေကိုခွင်း၍သွားသောမြှားသုံးစင်းမှာ

ပစ်မှတ်ကို တစ်ချက်ပြီးတစ်ချက်ထိမှန်သွားတော့၏ ။ မြှားတံသုံးစင်းလုံးမှာကောက်ရိုးရုပ်များ၏ သေကွင်းသေကွက်နေရာများဖြစ်သော နှလုံးသားတည့်တည့်ကိုစိုက်၀င်လျက်ရှိနေသည်။


 ...ယား...


မြင်းပေါ်မှ လူရွယ်မှာ ညာသံတစ်ချက်

ပြုလိုက်ရင်း မြင်းပေါ်မှနောက်ကျွမ်းပစ်ချလိုက်သောအခါ မြေပြင်ပေါ်ဟန်မပျက်ပေါ့ပါးစွာ ကျလာကာ မတ်တတ်ရပ်အနေအထားအတိုင်းရှိနေ၏ ။


   ...ဖြောင်း...ဖြောင်း...

ဖြောင်း......

..လူလေးရဲ့ သိုင်းစွမ်းရည်တွေအပြင်

မြင်းစီးအတတ် မြှားပစ်ပညာရပ်တွေက

အံ့မခန်းပါပဲလား..."


" အဘိုးကတော့ မြေးကိုမြှောက်ပြန်ပြီ

ဒီပညာရပ်တွေဟာ အဘိုးသင်ပေးထားတဲ့အတိုင်း မြေးကလိုက်လုပ်တာပဲလေ ..."


 လက်ခုတ်သံတဖြောင်းဖြောင်းခတ်လျက်လူရွယ်အနားသို့ရောက်လာသူက

ပညာသီလပင်ဖြစ်၏ ။

   လူရွယ်ကား ဂါမဏိပင် သုံးနှစ်ကျော်ဆိုသောအချိန်ကာလအတွင်းစရောက်ကာစဆယ့်ခြောက်နှစ်အရွယ် ပိန်ခြောက်

ခြောက်ကောင်လေးမဟုတ်တော့ပဲ ထွားကျိုင်းသောလူငယ်အဖြစ်ရောက်ရှိ

ကာ ပညာသီလသင်ပေးသောပညာရပ်တိုင်းကိုလည်းဆုံးခန်းတိုင် တသွေမတိမ်း

သင်ယူထားသောတပည့်တစ်ယောက်လည်းဖြစ်နေခဲ့ချေပြီ ။

   " တော်ပါတယ်လူလေးရယ်

အဘိုးသင်ပေးစရာပညာရပ်တိုင်းကို

လူလေးက ဆရာထက်တပည့်လက်စောင်းထက်လိုက်လုပ်နိူင်ပါတယ် 

ဒါပေမယ့် ဘယ်ပညာမဆို စိတ်အတွင်း

နှလုံးသားနဲ့ ခံစားပါ ပိုစွမ်း ပိုထိရောက်ပါလိမ့်မယ် ...."


  " ဟုတ်ကဲ့ပါ အဘိုး မြေးမှတ်သား

လိုက်နာပါ့မယ် ...."


   " လူလေး မနက်ဖြန် ခရီးထွက်ရမယ်

ဒီနေ့လေ့ကျင့်မူတွေ နားကြရအောင်.."


   " ဗျာ ...ဒါဆိုမြေးက အဘိုး

ကိုခွဲရတော့မှာပေါ့ ..."


    " တွေ့ဆုံ ကြုံကွဲ ဓမ္မတာသဘောတရားတွေပါပဲ မြေးရေအဲလောက်ကြီးခံစားမနေပါနဲ့ .....

အဘိုးဆီကို အထောက်တော်ဆီကတဆင့် မင်းသားလေးဆီကစာချွန်တော်ပါးလိုက်တယ် ..

လူလေးသေချာနားထောင် မင်းသားလေးစက္ကဒေ၀ဟာ သူ့ရည်ရွယ်ချက်တစ်

ခုအတွက် ပညာအရာမှာတစ်ဖက်ကမ်းခတ်ထူးချွန်တဲ့ ပညာရှင်ဆယ်ယောက်

စုခဲ့တယ် အဘိုးအပါအ၀င်ပေါ့ ပြီးတော့

အဲဒီပညာရှင်တွေ ဆီမှာ တပည့်တစ်ယောက်စီကို အပ်နှံသင်ကြားစေခဲ့တယ်

အခုက သတ်မှတ်ချိန်တစ်ခုပြည့်ပြီမို့

ပညာရှင်တွေဆီကတပည့်ဆယ်ယောက်

သူနေရာအရပ်ကိုလွတ်လိုက်ဖို့ပြောလာတယ် လူလေး...."


" ဟင်...မြေးတို့ကို ခေါ်ပြီး

ဘာလုပ်မှာလဲမသိဘူးနော် အဘိုး..."


  " မင်းသားလေး ပြောကြားချက်အရ

သူဟာလူလေးတို့အားလုံးထဲက 

အတော်ဆုံးတစ်ယောက် ရွေးလိမ့်မယ်

ပြီးရင်ရာထူးဘွဲ့ထူးတွေပေးလိမ့်မယ် "


" တစ်ခြားဆရာတွေကရော အဘိုးလောက်တော်ကြလား ဒီပညာတွေပဲ

အသုံးပြု ယှဉ်ပြိုင်ရမှာမဟုတ်လား 

အဘိုး ..."


 " အဘိုးထက်အဆရာပေါင်းမကသာ

သူတွေချည်းပဲလူလေး တစ်ချို့ဆိုရင်

သိုင်းစွမ်းရည်ထူးချွန်းတဲ့အပြင်ရန်သူကို

လှည့်ဖျားနိူင်တဲ့ ရုပ်ပြောင်း ကိုယ်ပွား

အတတ်ပညာကျွမ်းကျင်သူတွေတောင်

ရှိတယ် သူတို့တပည့်တွေလည်းအခုအဲဒီပညာတွေ သင်ပေးထားလောက်ရောပေါ့...."


   " ဒီလိုဆိုရင် လွယ်တော့မလွယ်လောက်ဘူးနော်အဘိုး

ဒါပေမယ့် စိတ်ချပါ အဘိုးမြေးပဲ

ဒီပြိုင်ပွဲမှ ဗိုလ်စွဲစေရပါမယ် ..."


   " အစစအရာရာတော့သတိထားရမယ့်လူလေးရေ

လူလေးပြိုင်ပွဲမသွားခင်တို့မြေးအဘိုး

ညစာထမင်းကို ဟင်းကောင်းကောင်း

ချက်စားကြရအောင်..လာ..."


 ပညာသီလမှာ ဂါမဏိပခုံးကိုဖက်၍

အိမ်ဆီသို့လျောက်လာကြတော့သည်။

 သုံးနှစ်ကျော်အတွင်းပညာသီလအနေဖြင့် ဂါမဏိကို သံယောဇဉ် ဖြစ်မိသလို ဂါမဏိမှာလည်းပညာသီလအား

သံယောဇဉ်ဖြစ်မိသည်။

 သို့သော်လည်း

ရည်မှန်းချက်ကြီးမားသောသူ့သခင်

မင်းသားလေး စက္ကဒေ၀အကြောင်း

ပြန်တွေးမိသောအခါ သူ့သက်ပြင်း

မောကြီးတစ်ချက် ဂါမဏိမသိအောင်

ကြိတ်ချလိုက်မိတော့သည်။

========================


၂.ဆက်ရန်


   မြူခိုးအလင်္ကာ


rate now: