book

Index 9

အပိုင်း(၉)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

အမုန်းတော်တွေပြေပါစေ


တမန် ကားဆီသို့ပြန်လာသည်။ ရနံ့နဲ့ ဂျက်ကီကို တွေ့ရတာကြောင့် စိတ်အေးသွားသည်။ ရနံ့ကတော့ သူကိုမြင်တာနဲ့ မျက်စောင်းထိုးပစ်သည်။


"ငါအရမ်းကြာသွားလို့ စိတ်တိုနေတာလား"


."ဟုတ်တယ် ဟွန့်ကားပေါ်မှာအကြာကြီးထိုင်စောင့်နေရတာ ညောငျးတာပေါ့ ဂျက်ကီ ကလည်း ကားတံခါးကိုပေးတောင်မကိုင်ဘူး"


"ဟုတ်လား ဂျက်ကီငါသားကြီးက သိပ်လိမ်မာတာပဲကွာ တာဝန်အရမ်းကျေလွန်တယ်"


တမန် ဂျက်ကီခေါင်းကို ဖွဖွလေးပွတ်၍ပြောသည်။ဂျက်ကီကလည်း သူကိုချီးမွမ်းမှန်းသိလို့ထင်တယ် အမြီးနှံ့ကာ ဟောင်၏။ ရနံ့မှာသာ သူတို့နှစ်ယောက်လုံးကို မျက်စောင်းထိုးပစ်သည်။


"ဂျက်ကီ သူ့ထွက်ပြေးဖို့ပြင်သေးလား"


တမန် စကားကြောင့် ရနံ့မှာ ဂျက်ကီကို စိတ်တိုသလိုကြည့်ပြသည်။ စိတ်ထဲမှာ" ငါထွက်ပြေးဖို့လုပ်တာကို နင်သခင်ကိုတိုင်လို့ကတော့ နောက်နေ့ကစပြီး နင်နဲ့တန်တဲ့ အစုတ်ပလုတ်ဟင်းတွေပဲစားမယ်မှတ်"ပြောကာ ဂျက်ကီကိုလည်း ခေါင်းဖွဖွလေးပွတ်ကာ ဖားရသည်။


ဂျက်ကီအခုနဲ့က ကျွေးထားတဲ့ ကြက်ကင်ကြောင့်ထင်တယ် တမန်ကို မပြေးကြောင့် ဟောင်ပြသည်။ ဂျက်ကီရဲ့အမူအရာကို တမန်က နားလည်တာကြောင့် ရနံ့ကိုကြည့်ပြီး


"ဂျက်ကီကမင်းထွက်မပြေးဘူးတယ် နောက်လည်းအဲလိုပဲ ငါစကားနားထောင် "


"ရှင်နဲ့ ဂျက်ကီက ဘဝတူလိုပြောရင် စိတ်စိုးရသေးတယ် ခွေးစကားကိုရှင်တစ်ယောက်ပဲနားလည်တယ်လေ ဒါကြောင့် ရှင်က ဂျက်ကီအမျိုးပဲ"


"ဲဒေါ်ပန်းရနံ့သင်း ခင်ဗျား ကျုပ်ကို ခွေးနဲ့နှိုင်းနေတာလား "


"မသိဘူးလား အံ့ဪပ သူကိုအရှေ့ထားပြီးပြောနေတာတောင် ပြန်မေးနေရသေးတယ်"


"မင်းနော် လွန်လာပြီး"


"လွန်တော့ ဘာလုပ်ချင်လဲ ပြောစမ်း ရှင်ကိုကြောက်မယ်များထင်နေလား ဝေးသေး "


ဒေါသတကြီး ရန်လိုနေတဲ ရနံ့ကို တမန် မျက်ထောင့်နီနဲ့ကြည့်၏။ သို့သော် သူမကလည်း သူ့ထက်စိတ်တိုသောပုံစံဖြစ် ပြန်ကြည့်သည်။ ဂျက်ကီကတော့ အကင်းပါစွာ သူနဲ့မဆိုင်သလို့ ခွေခွေလေးဝပ်နေသည်။


"မင်းနော် ငါလုပ်ရင်သေတော့မယ်"


"အောင်မာ ရှင်မှာပဲ လက်ပါတယ်ထင်မနေနဲ့ ကျွန်မ မှာလည်းလက်ပါတယ် ကျွန်မအသားကိုထိရဲရင်ထိကြည့်လိုက် ရှင်ခေါင်းကဆံပင်မွှေးတွေမကျွတ်ရင်ကြိုက်သလိုပြော"


"ကြောက်စရာချည်း လက်စသတ်သော ငါယူထားတာ နူးညံသိမ်မွေ့တဲ့ မိန်းကလေးမဟုတ်ဘဲ အမေကြမ်းကြီးပါလား"


"ရှင့်ကြောင့် ကျွန်မ အခုလိုအမေကြမ်းဖြစ်ရတာ ရှင်နဲ့ရန်မဖြစ်ချင်ဘူး ကားမောင်းတော့"


"မင်းငါကို အမိန့်ပေးစရာမလိုဘူး ငါကမင်းရဲ့ဒရိုင်ဘာမဟုတ်ဘူး"


"သိပါတယ် ရှင်က မကောင်းဆိုးဝါးကြီးဆိုတာ"


"မင်းနော် ငါကိုများမကောင်းဆိုးဝါးတဲ့ မင်းသာ အရူးမ"


"အဲဒီအရူးမကို လက်ထပ်ချင်တဲ့ ရှင်ကလည်းအရူးကြီးပဲ တော်ပြီး ဘာမှဆက်ပြောဖို့မကြံနဲ့ အိမ်ပြန်မယ် "


ရနံ့ စကားဆုံးသည်နှင့် တမန် ကားကို သတ်မှတ်ထားသည့်မောင်းနှုန်းထက်ကျော်မောင်းကာအိမ်သို့ပြန်၏။ ရနံ့ကတော့ ကားအမြန်မောင်းရင် ကြောက်တာကြောင့် အော်ဟစ်ကာ အရှိန်လျော့ခိုင်းသည်။


*****


"အိမ်မှာလူမရှိပါလား မယ်မြ ငါသားဒီအိမ်မှာတကယ်ရှိတာလား"


"ရှိပါတယ် မမလေး အပြင်သွားလားမသိဘူး"


"နင် မှာ သော့အပိုရှိလား"


"ရှိပါတယ် "


ရှိရင် ပေး "


လှကေသီ ခြံတံခါးက အိမ်ထဲဝင်လိုက်၏။ အိမ်ကလေးက သန့်ရှင်းသပ်ရပ်သဖြင့် သားဖြစ်သူရဲ့ဇနီးကိုသဘောကျမိသည်။ယောကျာ်းဖြစ်သူကလည်း သားက သူလို့ပေါ့ပျက်ပျက်နေတဲ့ မိန်းကလေးကိုမယူတာကြောင့် ကျေနပ်မိ၏။


"ကိုကြီးကလေးမက အိမ်ထောင်မှုနိုင်နင်းတယ် ကြည့်ပါအုံး ဘယ်နေရာမှာရှုပ်ပွညစ်ပေခြင်းမရှိဘူး ဘုရားစင်ဆိုလည်း ပန်းတွေဝေဆာနေရော့ ဖုန်တစ်စက်တောင်မရှိဘူး ကေသီသားက မိန်းမရွှေးတော်တယ်"


"မင်းသားကို ချီးမွမ်းမနေနဲ့ ကောငျမလေးကို အလိုမတူပဲခိုးပြေးလာတာလည်း သတိရအုံး ကောငျမလေးသာ တိုင်ချက်ဖွင့်ရင် မင်းသားအချုပ်ခန်းထဲရောက်မယ်"


"ဒယ်ဒီ ကလည်းနမိတ်မရှိနမှမရှိ မောင်လေးကိုပြောနေပြန်ပြီး သမီးကတော့ မောင်လေးကို ထောင်ကျမခံနိုင်ဘူး အဲဒီမိန်းကလေး နားဝင်အောင်ပြောမှာပဲ"


"နားဝင်အောင်ပြောရင်လည်း ချိုချိုသာသာပြောပါသမီးရယ် "

.

"ဟုတ်ကဲ့ပါ မာမီ သမီးအတက်နိုင်ဆုံးပြောကြည့်ပါမယ်"


တစ်အောက်နေ့ တမန်တို့ပြန်လာကြသည်။ အိမ်ထဲတွင် မိဘတွေကိုတွေ့တာကြောင့် တမန် မျက်နှာအလိုမကျမှုဖြစ်သွားရ၏။ ရနံ့မျက်နှာလေးကတော့ လရောင်နဲ့ထိတွေ့လိုပွင့်တဲ့ပန်းလေးပမာ ပြုံးသွားသည်။ ဒါကို တမန်တွေ့တာကြောင့် ရနံ့ လက်ကိုဆုပ်ကိုင်ပြီး သတိပေးသည်။ ရနံ့ကလည်း လူကြီးတွေကို မြင်မြင်ချင်းငိုကာ တမန်က သူကို့အတင်း ခေါ်လာကြောင်းတိုင်သည်း။


သမီးကို အန်တီသားကအတင်းခေါ်လာတာ သမီးမှာစေ့စပ်ထားတယ်လူရှိတယ်ဆိုတာ သူသိရဲ့သားနဲ့ အင့်ဟင့် အခုတော့ သမီးရဲ့အရှက်နဲ့ သမီးရဲ့အသိုင်းအဝိုင်းကို သူများတွေဝိုင်းပြောကြတော့မယ်"


ကေသီမှာ ချွေးမအချောလေးကို ဖက်ပြီးနှစ်သိမ့်ကာ သားကိုလည်း မနာအောင်ရိုက်ရသည်။


ဒီသားမိုက်ကြောင့် မာမီ တောငျပနျးပါတယျ သမီးရယ် အဖြစ်ပျက်တွေက ဖြစ်ပြီးပြီးဆိုတော့ ပြန်ပြင်လို့မရဘူးလေးဒါကြောင့် မာမီ သမီးတို့ကို အခမ်းနားဆုံးဖြစ်အောင်လက်ထပ်ပေးပါမယ် သမီးရဲ့ဖေဖေနဲ့ ဘွားဘွားကြီးကိုလည်း အန်တီလိုက်တောင်ပန်းပါမယ် နော် ဒီသားမိုက် အရမ်းဆိုးတယ် မုန်းတမန် အခုချက်ချင်း ရန်ကုန်ပြန်လိုက်ဖို့ပြင်ပါ"


"သားမလိုက်ဘူး မာမီ သူနဲ့ဒီမှာပဲအကျဉ်းချုပ်လက်ထပ်ပြီး အခြေချတော့မယ်"


"မင်းလုပ်ချင်သလို လုပ်လို့မရဘူး မုန်းတမန် ငါတို့လူကြီးတွေမျက်နှာပျက်အောင်မလုပ်နဲ့ မိန်းကလေးတစ်ယောက်ကို ဖြစ်သလိုလက်ထပ်တာကတော့ ဒယ်ဒီလုံးဝမကြိုက်ဘူး မင်းရဲ့သဘောအတိုင်းအရာရာလိုက်လုပ်လို့မရဘူး အခုချက်ချင်းပြန်လိုက်ခဲ့ ငါလုပ်ငန်းမှာ မင်းဝင်ဉီးစီးလုပ်ကိုင်ပါ"


"သားဒီမှာပဲ အခြေချတော့မယ် ဒယ်ဒီ"


"တိတ်စမ်း မိဘကလက်နဲ့ရေးရင် ခြေနဲ့ဖျက်ဖို့မစဉ်းစားနဲ့ မုန်းတမန် မိဘစီစဉ်တာကိုနာခံပါ"


ဖခင်ဖြစ်သူရဲ့ စကားကြောင့် တမန် ငြိမ်ကာ နားထောင်လိုက်ရသည်။ အိမ်မှာအငယ်ဆုံးဖြစ်တဲ့ တမန်ဟာ မိခင်အပေါ်မချွဲရတော့ပါ။ မိခင်ကလည်း သားထက် ရနံ့လေးကို ပိုကရုစိုက်သည်။ အပြန်လှမ်းတစ်လျှောက်မှာ တမန်ကို ဆူပူကြိမ်းမောင်းကာ ရနံ့ကို လိုလေသေးမရှိအောင်ကရုစိုက်သည်။


"သမီး ဒါကြိုက်လား မာမီ လမ်းကဝယ်လာတာ ကားမူးမှာစိုးလို့"


"ကြိုက်တယ် မာမီ"


"ဒါဆိုရင် စားလိုက် အရမ်းကြီးလည်းမစားနဲ့ ဗိုက်နာမယ် ဒီသရက်သီးသုတ်က မာမီသုတ်တာလောက်မကောင်းဘူး အိမ်ရောက်ရင် သမီးကိုအများကြီးသုတ်ကျွေးမယ်"


်"ဟုတ်ကဲ့ မာမီ"


"သမီး မဂ်လာဆောင်ကို ဘယ်လိုလုပ်ချင်လဲ "


"သားစဉ်းစားထားတာကတော့.."


"တိတ်စမ်း မင်းကိုမမေးဘူး ငါသမီးကိုမေးတာ မင်းဘာသာကားမောင်းစရာရှိတာမောင်း "


"မာမီကလည်း သားမဂ်လာဆောင်ပဲကို့"


"ဒါပေမဲ့လည်းသမီးရဲ့သဘောကအဓိကပဲ မာမီရဲ့သမီးလေးက အရမ်းချစ်ဖို့ကောင်းတယ်ကွယ် နောက်နေ့ကျရင် မာမီစိန်ဆိုင်မှာ သမီးအတွက် လက်ဝတ်လက်စားတွေရှိတယ် သမီးကြိုက်တာရွေး မာမီက လက်ဆောင်ပေးမှာ"


"မာမီ သားကိုရော့"


"မင်းကလိုလို့လား မှေးကတညျးက ဖြုန်းတီးလာတာ အခုကစပြီးအလုပ်ကောင်းကောင်းလုပ် သမီး သူ့ကိုအလိုက်သိပ်မလိုက်နဲ့ သမီးမကြိငက်တာရှိရင်ပြော မာမီဆုံးမပေးမယ်"


အရမ်းသဘောကောင်းတဲ့ ယောက်ခမကြောင့် ရနံ့ ဝမ်းသာရသည်။ မိခင်ရဲ့အချစ်တွေကိုငတ်လာတဲ့ သူမ ဒျေါကသေီကို မိခင်ရင်းတစ်ဖွယ် ချစ်ခင်လာသည်။

တမန်ကတော့ မိခင်ဖြစ်သူကို အံ့ဪလွန်လို့ ဘာပြောရမှန်းမသိပါ။ သားကို ရိုက်ဖို့နေနေသာသာဆူတောင်မဆူရက်တဲ့ မာမီဟာ ရနံ့ကြောင့် သူကို့ မင်းတွေဘာတွေတောင်ခေါ်လာသလို့ ရိုက်လည်းရိုက်၏။ ဒါပေမဲ့လည်း သူပျော်သည်။ ရနံ့ကို မာမီက သမီးအရင်းတစ်ယောက်လိုချစ်ခင်လို့ပါ။


********


ဧည်ခန်းထဲမှာ လူတွေစုံလင်စွာရှိသော်လည်း ငြိမ်သက်တိတ်ဆိတ်နေ၏။ ဒေါ်လှကေသီကလည်း အသကျ၇၀ရှိသညျ့ အမျိုးသမီးကို တောင်ပန်းစကားဆိုလာသည်။ ရနံ့ကတော့ ခေါင်းလေးငုတ်ကာ တမန်ဘေးနားမှာငြိမ်ငြိမ်လေးထိုင်နေသည်။


"ွကေသီသားရဲ့လုပ်ရပ်ကြောင့် အန်တီကိုတောင်ပန်းတယ် အန်တီတို့ ပတ်ဝန်းကျင်မှာဘယ်လောက်အရှက်ရမလဲဆိုတာ ကေသီ သိပါတယ် အဲဒီအတွက်ကြောင့်လည်း ကေသီ ထပ်တောင်ပန်းပါတယ်"


"တောင်ပန်းတာနဲ့ အရာအရာကပြီးဆုံးပြီးလား ကေသီ အန်တီရဲ့အသိုင်းဝိုင်းမှာဘယ်လောက်မျက်နှာပျက်ရလဲ မနေ့ကစေ့စပ်ပွဲလုပ်တာမကြာသေးဘူး တစ်ခြားတစ်ယောက်နဲ့လိုက်ပြေးတဲ့ဆိုစကားကြောင့် အန်တီမြေးရဲ့အရှက်တွေကအကုန်မြောင်းထဲရောက်ကုန်ပြီး ဒါနဲ့ မြေးက မုန်းတမန်နောက်ကို ကြည်ဖြူစွာလိုက်သွားတာလား သူ့က အတင်းခေါ်သွားတာလား"


ဘွားဘွားကြီး မေးခွန်းကြောင့် ရနံ့ စိတ်လေးသွားရသည်။ ရနံ့ သူကို့သေလောက်အောင်မုန်းပေမဲ့လည်း မာမီကိုစိတ်မဆင်းရဲစေချင်ဘူး။ရနံ့ လိုချင်တဲ့အခြေအနေကိုရောက်တာတုန်း တွေဝေနေမိသည်။ အရင်တုန်းက တမန်ဆီက လွှတ်ရင် အလိုမတူပဲခေါ်သွားတာကြောင့် ထောင်ကျအောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့သည်။အခုတော့ ရနံ့ ဝေခွဲမရဖြစ်သည်။


"မြေး ဘွားဘွားကြီးမေးနေတယ်လေ အတင်းခေါ်သွားတာလား သူ့ကမြေးကိုအတင်းခေါ်ဆောင်သွားရင်တော့ ဘွားဘွားကြီး တရားပြန်ဆွဲပစ်!!


"မဟုတ်ပါဘူး ဘွားဘွားကြီး "


ရနံ့စကားကြောင့် ဖေဖေမျက်နှာကွက်ခနဲ့ပျက်သည်။မမလည်း စိတ်တိုစွာကြည့်၏။ရနံ့ မှာ ဖေဖေအကြည့်ကြောင့် ဝမ်းနည်းစိတ်တွေအလိုလိုဝင်လာရသည်။ 


"ကဲ့သမီးက သားနောက်ကိုကြည်ဖြူစွာလိုက်ခဲ့တာတဲ့ ကလေးနှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးတာပဲရှင့် သားရှင်ဖြစ်တဲ့ ကေသီက ဒီကသမီးပန်းရနံ့သင်းရဲ့ အဘွားနဲ့အဖေဆီမှာ ဒီလက်ဝတ်ရတနာတွေနဲ့တင်းတောင်းပါတယ်ရှင့်"


အရည်အသွေးကောင်းတဲ့ လက်ဝတ်ရတနာအများကြီးကြောင့် ရနံ့မှာ မာမီကိုအားနာရသည်။ဘွားဘွားကြီးကလည်း တမန်တို့က သူတို့လောက်မချမ်းသာဘူးထင်ထားသော်လည်း လက်ဝတ်ရတနာကိုတွေ့လိုက်ရကြောင့် တမန်တို့က အရမ်းချမ်းသာမှန်းသိလိုက်သည်နှင့် မြေးနဲ့သဘောတူချင်သွားသည်။ ရနံ့ရဲ့ဖေဖေကတော့ တမန်ကိုလုံးဝသဘောမကျပါ။ဒါပေမဲ့လည်း သမီးက ပေါကျလိုပဲစားနဲ့မရတာကံကောငျးတဲ့လိုဖွသေိမျ့ရသညျ။


အန်တီ သဘောမကျလို့များလား ကေသီဆိုင်မှာတော့ ဒီဇိုင်းလှလှလေးတွေရှိပါသေးတဲ့ ကေသီက သမီးနဲ့လိုက်မယ်ထင်ပြီးယူလာတာပါ မကြိုက်ရင်လည်း ကေသီ ရွေးလိုရအောင် ဆိုင်ကဝန်ထမ်းတွေကို ဖုန်းဆက်ပြီးယူခိုင်းလိုက်မယ် အန်တီစိတ်တိုင်းကျရွေးပါ"


"မလိုပါဘူး မလိုပါဘူး အန်တီကအဓိကမဟုတ်ပါဘူး မြေး ကြိုက်ရင်ပြီးတာပါ မဂ်လာဆောင်ကိုတော့အမြန်လုပ်စေချင်တယ် အန်တီရဲ့ဒီအိမ်ကိုလည်း မြေးတို့လင်မယားအတွက်လက်ဖွဲတယ်ဆိုကာသဘောတွေကောင်းနေသည်။


rate now: