book

Index 8

အပိုင်း(၈)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

အမုန်းတော်တွေပြေပါစေ


"ရှင်ဝယ်ပေးတာလား"


မြက်ရှင်းနေရင် အစမရှိအဆုံးမရှိပြောလိုက်တဲ့ စကားကြောင့် တမာန် ပေါက်တူးပေါက်နေတာရပ်လိုက်ပြီး ဘာကိုဆိုလိုတာလဲဆိုသည့် သဘောဖြစ် မျက်ခုံးပင့်ပြသည်။


"အဝတ်စားတွေကို ရှင်ဝယ်ပေးတာလား"


"ဟုတ်တယ်လေး ဘာလိုလဲ"


"ဒါဆိုရင်ဘာလို့ ဝယ်ထားကြောင်းမပြောတာလဲ"


"မင်းကရော့ လက်မပါဘူးလား ဗီယိုတံခါးဖွင့်ကြည့်ပါလား"


"မရှိဘူးထင်လို့ပေါ့ အကျင့်ပုတ်တာ ဝယ်ထားပေးတဲ့လို့ပြောရင် ရှင်ပါးစပ်ကို ကျွန်မက အပ်နဲ့ချုပ်မှာမိုလို့လား"


"ကျေးဇူးတင်စကားရော့ပြောမှာမို့လို့လား မင်းက"


"မပြောပါဘူး  ရှင်ဘာသာဝယ်တာ ကျွန်မ ဝယ်ခိုင်းတာမှမဟုတ်တာ"


"တွေ့လား မင်းက စေတနာနဲ့မတန်တဲ့ မိန်းမပဲ အဝတ်စားတွေကြိုက်ရော့ကြိုက်ရဲ့လား"


"ကြိုက်တယ်လို့လည်းမဟုတ်ပါဘူး ကျွန်မ မှာဝတ်စရာမပါတော့ဝတ်ရမှာပေါ့"


"မင်းကိုအတင်းမဝတ်ခိုင်းဘူးနော် မကြိုက်ရင်မဝတ်နဲ့ ဖျာပတ်နေ အဝတ်စားမရှိရင် ဂုန်နီအိတ်တွေရှိတယ် မင်းဘာသာကြိုက်တဲ့ ဒီဇိုင်းဆွဲပြီးချုပ် ငါကလည်းစေတနာနဲ့ မင်းကြိုက်တဲ့အရောင်တွေရွှေးဝယ်လာရသေးတယ် ကျေးဇူးမတင်ဖင်လန်ပြဆိုတာ မင်းလို့မိန်းမမျိုး"


"ရှင်နော် ရိုင်းတဲ့စကားတွေမပါနဲ့ ဒီလိုဝတ်စရာမရှိအောင် ရှင်ပဲဒီကိုခေါ်လာပြီးတော့ ဟွန့် လာပြီးကျေးဇူးတင်ခံခြင်းသေးတယ် ဟွန့်..ဝေးသေး"


ရနံ့ စကားကိုအနိုင်ပိုင်းကာ တမန်ကို မျက်စောင်းထိုးကာထိုနေရာကနေထွက်ခဲ့သည်။ တမန်ကတော့ ရနံ့စွာတာလေးကို ပြုံးနေမိသည်။ ရနံ့နဲ့အခုလို မတည့်အတူနေရတာ အရမ်းပျော်ဖို့ကောင်းတယ်။ဒီဘဝလေးကို သူ့မြတ်နိုးတန်ဖိုးထားသည်။


********


"မင်းအဆင်သင့်ဖြစ်ရင် သွားကြမယ်"


"တမန် စကားကြောင့် ခေါင်းကိုအမြန်ဖြီးကာ အိမ်ရှေ့ထွက်ခဲ့သည်။ ရနံ့ကိုမြင်လျှင် တမန် နှစ်သက်မြတ်နိုးသောကွောငျ့ မျက်ဝန်းတွေက ချစ်ရည်ရွန်းလျက်၏။  သနပ်ခါးကိုမှုံနေအောင် ခြေဆုံးခေါင်းဆုံးလိမ်းကာ ဆံပင်ရှည်ကို တစ်ချောင်းထဲကျစ်ဆံမြီကျစ်ထား၍ ခြံထဲကနှင်းဆီးပန်း နီနီလေးကိုပန်ထား၏။ ချည်ထည်ဝင်စက် ကြက်သွေးရောင်လေးက သူမ အသားအရည်နဲ့လိုက်ဖက်သည်။


"ဘာငေးနေတာလဲ သွားမယ်"


"မင်းအလှမှာမျောသွားတယ်လို မထင်နဲ့ ဘယ်လောက်ပြင်ပြင် ဒီရုပ်ကဒီရုပ်ပဲဖြစ်နေတာကြောင့် စဉ်းစားနေတာ မင်းဘာလို ဒီလောက်ရုပ်ဆိုးရတာလဲလို့"


"ကျွန်မ ရုပ်ဆိုးရင် ဘာလိုယူထားသေးလဲ ရှင်ရဲ့ရည်းစားဟောင်းချောချောတွေကို သွားယူပါလား"


"မင်းရုပ်ဆိုးတော့ ငါရဲ့ချောမောမှုကိုပေါ်လွင်စေတာပေါ့ကွာ"


"လိပ်ကြီး သူကိုယ်သူအရမ်းချောတယ် အမယ်လေး ဂျက်ကီရေ နင်သခင်တော့ ဂေါက်နေပြီး နင်လည်းသတိထားပေါင်း တော်ကြာနင်လည်း ဂေါက်နေအုံးမယ်"


"မင်းသာ အရူးမ "


"ရှင်သာရူးနေတာ ကဲ့သွားမယ်"


"အပြင်သွားမယ်ဆိုလို့ပျော်နေတာလား မင်းနော်မဟုတ်တာတွေလုပ်ဖို့စိတ်မကူးနဲ့"


"ကျွန်မ ကဘာလုပ်နေလိုလဲ "


"မင်းထွက်ပြေးဖို့ကြံစည်နေတာလား"


"ရှင်ကလည်း သိပ်ပြီးမုန်းစရာကောင်းတဲ့လူပဲ"


"မင်းအရမ်းမုန်းတယ်လူကို မင်းလက်ထပ်ရတော့မယ်ဆိုတာ မှတ်ထားအုံး"


"မှတ်ထားတယ် ကျွန်မ အရမ်းမုန်းတယ်ရှင်ကိုလည်း ဆက်မုန်းဖို့မှတ်ထားတယ်"


သူမ စကားကြောင့် တမန် ရင်ထဲစိုးရိမ်တွေဝင်လာရသည်။ သူမ ဆီကအမုန်းဆိုတဲ့ စကားလုံးကို သူမကြားချင်ပါ။ သူနဲ့နေနေတဲ့ တစ်လျှောက်သူမဆီက အမုန်းဆိုတယ် စကားလုံးကိုမကြားရသော်လည်း သူမရင်ထဲမှာ သူ့ကိုအမြဲမုန်းနေတာတော့ သူသိလိုက်ရ၏။


မင်းငါကိုမချစ်ဘူးဆိုတာ သိနေတယ်ငါကလည်း ငါအချစ်တွေကို မင်းအရှေ့မှာဘယ်တော့မှထုတ်မပြဘူး ဘာကြောင့်လဲဆိုတော့ ငါအချစ်တွေကို မင်းစော်ကားလို့မရအောင်ပါ  ငါဘယ်တော့မှထုတ်မပြောဘူး"တွေးကာ ဂျက်ကီကို ပှေ့ခြီကာ ကားဆီသို့သွားသည်။


ရနံ့ကလည်း ဂျက်ကီကိုခေါ်သွားတာမြင်ရင် စိတ်ညစ်ရသည်။ သူမကို တစ်ချိန်လုံး ဂျက်ကီစောင့်ကြည့်နေတော့မှာ သိနေလို့ပါ။


*****


"ွမာမီ မောငျလေး ဘယ်မှာရှိလဲ သမီးသိပြီး"


"ဘယ်မှာလဲ သမီး"


"သမီးသူငယ်ချင်းက မောင်လေးကို စျေးမှာတွေ့လိုက်တယ်တဲ့ သူတို့နေတဲ့ မြို့က စျေးမှာ"


"သမီးသူငယ်ချင်း သီတာရဲ့ရွာလား"


"ဟုတ်တယ် မာမီ"


"အဲဒီမှာ မာမီတို့ အိမ်ရှိတယ် သေချာပါပြီးသားအဲဒီကိုသွားတာ "


်"ဒါဆိုရင်လည်း ပြင်ဆင်စရာရှိပြီး ပြင်ဆင်ပြီးသွားကြရအောင်"


"မာမီသားကမိန်းမ ခိုးပြေးသွားတာဆိုတော့ ဘေးအိမ်က ပန်းရနံ့သင်းကိုခိုးပြေးသွားတာလား"


"ဟုတ်တယ် သမီးရေ မာမီတော့စိတျညစျတာပဲ သားက အဲဒီကောင်မလေးကို ကားပေါ်ခေါ်တင်သွားတာလူတိုင်းတွေ့လိုက်တယ်တဲ့ ဟိုဘက်အိမ်ကလူတွေလည်း မာမီကို လာရန်တွေ့တာပေါ့ မာမီမှာ မနည်းတောင်ပန်းလိုက်ရတယ် ကောင်မလေးနဲ့စေ့စပ်ထားတဲ့ ကိုပြည့်ဆိုသူကလည်း သားကိုတွေ့ရင် ပြန်ပေးဆွဲမှုနဲ့ထောင်ချမယ်လို့ ခြိမ်းခြောက်သွားတယ်"


"အောင်မာ ငါ မောင်လေးကိုများဒင်းက ထောင်ချအုံးမယ်တဲ့ သူကောင်မ ရွတာတော့မပြောဘူး"


"သမီး စကားလုံးရိုင်းရိုင်းတွေမပြောနဲ့ မာမီ မကြိုက်ဘူး ပြီးတော့ ကောင်မလေးကိုကြည့်ရတာ သားကို အရမ်းမုန်းနေတဲ့ပုံပါ သားကသာ ဇွတ်အတင်း သူလုပ်ချင်တာလုပ်သွားတာပဲ မာမီပြောမယ်နော် ဟိုရောက်ရင်ကောင်မလေးကို ကောငျးကောငျးမှနျမှနျဆကျဆံပါ သမီးဒယ်ဒီကို မာမီဖုန်းဆက်လိုက်အုံးမယ်"


******

"မင်းလိုချင်တာ ရပြီးလား"


"ရပြီး စုံပြီး ရှင်ဘာဝယ်စရာရှိသေးလဲ"


ရနံ့အမေးကိုမဖြေဘဲ ရနံ့လက်ထဲက အထုပ်တွေကိုယူပြီ၏။ထိုနောက် ရနံ့ကို ဘာမပြောညာမပြော ကားပေါ်တင်ပြီး တံခါးကိုပိတ်လိုက်၏။ ဂျက်ကီကလည်း ရနံ့ဘေးနားမှာရှိသည်။


"ဂျက်ကီ သူကို့ကြည့်ထား ကားတံခါးတောင်မထိစေနဲ့"ပြောကာ သူ့ထွက်သွားလျှင် ရနံ့မှာ သူမျက်နှာကြီးကို လက်နဲ့အားပါးတရးဆွဲကုတ်ချင်လိုက်တာပြောမနေပါနဲ့ မုန်းလိုက်တာ ဘယ်လိုမုန်းမှန်းကိုမသိတာ။


တမန် သွားတာ ၁၅မိနစ်ကြာနေသဖြစ် ရနံ့ပျော်သွားရသည်။အကြောင်းကတော့ ထွက်ပြေးဖို့ပဲဖြစ်သည်။ ရနံ့ ဝမ်းသာအားရ ကားတံခါးကို ကိုင်လိုက်လျှင် ရနံ့ရဲ့ လက်ကိုက်ဝတ်လေးကွာ ဂျက်ကီက ငုံခဲသည်။ရနံ့ ကြောက်အားလန့်အားဖြစ်ကားတံခါးကို လွှတ်လိုက်လျှင် ဂျက်ကီက လက်ကောက်ဝတ်ကို လွှတ်ပြီး ဝုတ်..ဝုတ်.ဝုတ်လို့ ဟောင်သည်။


"ဂျက်ကီ ငါနင့်ကိုအစားကျွေးထားတယ်လေ နင်သခင်မရှိတုန်း ငါလွတ်လပ်ခွင့်ပေးပါ ငါသူနဲ့အတူမနေနိုင်ဘူး သူ့ကိုအရမ်းမုန်းတယ် နင်သူအကြောင်းသိလို့လား သူ့ကလူရှုပ်လူပွေတစ်ယောက် ပြီးတော့ အရမ်းလည်းဆိုးတာနော် ငါက လူကောင်း သူနဲ့လိုက်ဖက်တယ်လို့ နင်ထင်လား"


ဂျက်ကီ နားလည်မလည်တော့မသိပါ ရနံ့မှာ စကားတွေအများကြီးပြောနေမိသည်။ ဂျက်ကီက နားရွက်ထောင်ကာ ရနံ့ပြောသမျှကို မျက်လုံးပြူးပြူးနဲ့ကြည့်နေပုံက အသဲယားစရာပါ။ရနံ့လည်း ဂျက်ကီ မဟောင်ပဲနားထောင်နေတာကြောင့် ဂျက်ကီရဲ့ ခေါင်းကိုဖွဖွလေးပွတ်ပေးပြီး ကားတံခါးကို ဖွင့်ဖို့ပြင်လျှင် အလွန် သခင်အပေါ် တာဝန်ကျေတဲ့ ဂျက်ကီက ရနံ့လက်ကောက်ဝတ်လိုက်ငုံပြန်သည်။ရနံ့လည်း ဘယ်လိုမှာ ဂျက်ကီကို စည်းရုံးလို့မရတာကြောင့် စိတ်တိုပြီး 


ဂျက်ကီ နင်ငါချက်ကျွေးဟင်းစားပြီးတော့ ငါကိမြလွှတ်ပေးဘူးပေါ့ ရတယ် နောက်တစ်ခါကျရင် နင်သခင်ချက်တဲ့ ဟာတွေပဲစားခိုင်းမယ် ခွေးစုတ်ခွေးနာ နင်သခင်လိုပဲ နင်ကလည်းအရမ်းမုန်းဖို့ကောင်းတာပဲ ငါကို မျက်လုံးပြူး နားရွက်ထောင်ပြီး ကြည့်မနေနဲ့ ငါဘယ်မှာမသွားဘူး ကိုယ်ဘာသာအိပ်စရာရှိတာအိပ် ခှေးစုတျရဲ့"


ရနံ့ ဒေါသတကြီးပြောသောအခါ ဂျက်ကီက သူသခင်အတိုင်း ရနံ့ကို ဒေါသတကြီးဟောင်သည်။ ရနံ့လည်း ဂျက်ကီကို အမြင်ကပ်စွာကြည့်ပြီး ဝယ်လာတဲ့ ကြက်ကင်ကိုအားပါးတရကိုက်စားပြသည်။ ကြက်ပေါင်ကို မြင်လျှင် အရမ်းဟောင်နေတယ် ဂျက်ကီက ဟောင်သံရပ်၍ အမြီးနှံ့ကာ ရနံ့ကို မြူးတူးတဲ့ မျက်ဝန်းတွေကြည့်သည်။


"နင်စားချင်နေပြီးမဟုတ်လား ဒါဆိုရင်ငါကို ထွက်သွားခွင့်ပေး နင်ကိုဒီကြက်ကင် အကုန်ကျွေးမယ် ဘယ်လိုလဲ"


ရနံ့ မျက်လုံးပင့်မေးသည်။ အလွန်သခင်အပေါ်တာဝန်ကျေတဲ့ ဂျက်ကီက သရေတမြမြကျနေသော်လည်း မစားဘူးဆိုသည့်သဘောဖြစ် ရနံ့ အနားကနေအဝေးကိုသွားပြီး ကြက်ကင်ကိုမျှော်ကြည့်နေသည်။ ရနံ့မှာ တာဝန်ကျေလွန်သော် ဂျက်ကီကို အမြင်ကပ်ရသော်လည်း သနားတာကြောင့် ကြက်ကင်ကို တစ်ဝက်ကျွေးရသည်။ ထိုအခါမှာ ဂျက်ကီ ရနံ့ကို အူယားဖားယား ဖာတာအမြီးကိုနှံ့နေရော။


နောက်နေ့ဆက်ရန်


စာရေးသူ သှေးမိန့်


rate now: