အမုန်းတော်တွေပြေပါစေ
"မင်းနော် ငါခွေးက မင်းထက်ကျက်သရေပိုရှိတယ် မိန်းကလေးဖြစ်ပြီးအပင်တက်ရလား"
"ရှင် ခွေးစုတ်က လိုက်ဆွဲတာကို့ ငါကိုဆွဲချင်တဲ့ ခွေးစုတ် ကဲ့ဟာ"
ရနံ့ စိတ်တိုတိုနဲ့ မာကာလာသီးအကြီးတစ်လုံးကို ခူးကာ ဂျက်ကီ ပစ်ပေါက်သည်။ဂျက်ကီကို ချက်ကောင်းထိသွားတာကြောင့် ရနံ့ လက်ခုပ်တီးက ပျော်လိုက်သေးသည်။ ဂျက်ကီကတော့ နာလွန်လို့အော်ပြီး ရနံ့ကို မဲကာ ခုန်ခုန်ပြီး လှမ်းဟပ်သည်။
အမေ့ ရှင်ခွေးကိုထိန်းအုံး"
"မင်းကဘာလို မာလာကာသီးနဲ့ပစ်လဲ ငါသားကြီး အရမ်းစိတ်တိုနေပြီး ဂျက်ကီ လာ လာ အဲဒီအရူးမ ကိုမကိုက်နဲ့ မင်းဘာရူးသွားမယ် လာ လာ..
"ဘာရှင့် ကျွန်မက မရှုးဘူး ရှင်သာ ခွေးနဲ့ပေါင်းပြီး ခွေးစိတ်ဖြစ်နေတယ် လူကြီး ပြောကာ မာကာလာသီး ခူးကာ တမန်ကိုပစ်ပေါက်သည်။တမန် ကလည်း ရနံ့ကို ဘာမှမလုပ်သေးဘဲ ဂျက်ကီကို လှောငျအိမျထဲ အရင်ထည့်သည်။ မထည့်ရင် သူမကို ကိုက်မှာလေ။
ရနံ့ကတော့ ခွေးနဲ့တမန် အထဲဝင်သွားလျှင် မာကာလာပင်ပေါ်ကနေဆင်းပြီး ခြံတံခါးဆီသို့ပြေး၏။ တံခါး သော့ကိုဖွင့်သော်လည်း ဖွင့်မရတာကြောင့် စိတ်ညစ်နေတုန်း ရုတ်တရက် အပွေ့ချီခံရသဖြစ် လန့်ကာ အော်မိသည်။
"အေမ့!!!"
"ပြောစမ်း မပြေးဘူးဆို အခုတော့ ခြံတံခါးသော့ကို အလျှင်အမြန်ဖွင့်နေတယ်ပေါ့ မင်းသိထားရမှာက အခုမင်းယူထားတဲ့သော့က ဒီအိမ်ရဲ့သော့မဟုတ်ဘူး မင်းအဲလိုယူမှန်းသိလို့ တမင်သက်သက်ထားထားတာ "
"လူယုတ်မာကြီး ကျွန်မ ရှင်ကို လက်မထပ်နိုင်ဘူး"
"Ok ဒါဆိုရင် လက်ထပ်ဖြစ်အောင် ဘီလူးဆိုင်းတီးမှာရမှာပေါ့ ကဲ့လာ မင်းကိုအခန်းထဲခေါ်ပြီး...."
တမန် စကားမဆုံးခင် ရနံ ကိုပွေ့ချီကာ ခေါ်၏။ သူမကလည်း အတင်းရုန်းသည်။ နောက်ဆုံးတော့ သူမ ငိုကာ တောင်ပန်းမှာ တမန် ဧည်ခန်းရဲ့ ထိုင်ခုံမှာ အောက်ချပေးတော့၏။
"အခုကြတော့လည်း ကြောက်နေလိုက်တာ "
"ကြောက်တာပေါ့ ရှင်ကလူမဟုတ်တာခွေးဘီလူးကြီးကို့ပြောကာ လျာထုတ်ပြီးပြောင်ပြကာ အခန်းထဲသို့ပြေးဝင်သွားသည်။
********
"တောင်း တောင်း..တောင်"
"ငရုတ်သီးကမညက်သေးဘူးလား"
""ရှင်ထောင်းထားတာကလည်း အသုံးကိုမကျလိုက်တာ ငရုတ်သီးက အဖက်လိုက်ကြီး သေချာထောင်း"
ကြက်သွန်နီလှီးကာ ဆရာကြီးလို့ ဆူပူကြိမ်မောင်းနေတဲ့ ရနံ့ကို တမန် ငရုတ်ဂျပွေ့နဲ့ရွယ်သည်။ရနံ့က မျက်လုံးဝေ့ကြည့်လျှင် တမန် မှာ ငရုတ်သီးကို စိတ်တိုတိုနဲ့ထောင်းသည်။
"ရှင်နော် သေချာညက်အောင်ထောင်း"
"ထောင်းနေပါတယ်ကွာ မင်းကလည်း ငါလက်ပြုတ်တော့မယ် "
"ယောကျာ်းကြီးဖြစ်ပြီး ငြီးနေရသေးတယ် ရပြီး ရပြီး ပန်ကန်ဆေးဖို့ ရေမရှိတော့ဘူး ရေသှားငျပေး"
"သိတယ် ဆရာမလုပ်နဲ့ မင်းပြောမှငါသိတာမဟုတ်ဘူး ငါကိုစိတ်မရှည်တဲ့လေသံနဲ့မပြောနဲ့"
"သိရင်လည်း ကြွပါရှင့် စိတ်ရှည်စရာကောင်းတဲ့ဆိုတော့ ကဲ့..ကဲ့မြန်မြန်ကြွပါ"
စူပုတ်ပုတ်မျက်နှာနဲ့ ရေပုံးနှစျပုံးကိုဆှဲကာ ရေတှငျးတှငျ ရေငင်သည်။ ရေငင်ပြီးလျှင် စောင့် ကြီးအောင့်ကြီးနဲ့ စဉ့်အိုးထဲလာထည့်ပေးသည်။ရနံ့ကလည်း အားကျမခံ သူလို့စောင့်ကြီးအောင့်ကြီးနဲ့ ကြက်သားကိုခုတ်သည်။
"ဒုန်း ဒုန်းး"
"မင်းငါကို စောင့်ကြီးအောင့်ကြီးလုပ်နေတာလားဘာလဲ မင်းချက်ကျွေးရမှစားရမယ် ထင်နေလား ငါလည်းချက်တတ်တယ်"
"ချက်တတ်ရင်လာချက် "
"ချက်မယ် ချက်မယ် သူတစ်ပါးစေတနာမပါဘဲ ချက်တယ်ဟင်းက မီးလို့ပူလောင်တယ်"
"လာချက် လာချက် ကျွန်မကတော့ ရှင်လက်ယာကိုမြည်းဖို့စောင့်နေပါမယ်"
"ပေးမြည်းစရာလား မင်းဘာသာချက်စားပေါ့"
"အို... ဘာလိုချက်ရမလဲ ရှင်ပဲချက်မယ်ဆို ချက်ပေါ့"
"မင်းကို ငါစေတနာမရှိဘူး ဒါကြောင့်ချက်မကျွေးနိုင်ဘူး"
"မကျွေးနဲ့ ကျွန်မမှာလည်း လက်ပါတယ် ကိုယ်ဘာသာချက်စားမယ်ပြောကာ တမန်ကိုယ်ကြီးကို တွန်းဖယ်ပြီး မီးဖိုချောင်ကို မှောင်ပိုင်စီးလိုက်၏။
မင်းက မီးဖိုချောင်ကိုအပိုင်ယူထားတော့ ငါက ဘာနဲ့ ချက်ရမှာလဲ"
"ရှင်မှာ လက်ပါတယ်မဟုတ်လား ကိုယ်ဘာသာ တစ်နေရာမှာ မီးဖိုပြီးချက် "
"ချက်ပြမယ် မင်းလက်ယာထက်ကောင်းစေရမယ်"
"ကြက်သားက တစ်ယောက်တစ်ဝက်နော် "
"အကုန်လုံးတစ်ယောက်တစ်ဝက်ပဲ ညီတူမျှတူယူရမယ် "
"ကျွန်မ တစ်ဝက်စီခွဲလိုက်မယ် "
ရနံ့ တစ်ဝက်စီခွဲတာ အရမ်းမျှတပါသည်။ ကြက်သားအသားတုံးတွေအကုန်လုံး သူမ ပန်းကန်ထဲထည့်ပြီး တမန် ပန်ကန်းထဲကိုတော့ အရိုးတွေချည်းပါပဲ ။တမန် မကျေနပ်ကြည့်ဖြစ်ကြည့်လျှင်
"ရှင်က သွားကောင်းတယ်အရိုးကိုက် "
"ငါကခွေးလား"
"ရှင်ဘာသာသိမှာပေါ့ ဒါမှမဟုတ် ဂျက်ကီကိုသွားမေးကြည့်ပါလား"
"မင်းနော်.!!
"ဗြဲ ဗြဲ.."
ရနံ့ လျာထုတ်ပြကာ လုပ်စရာရှိတာလုပ်၏။ တမန်မှာ ရနံ့ရဲ့ ကလေးဆန်တဲ့အပြုအမှုကို နှစ်သက်မြတ်နိုးစွာဖြစ်ပြီး ပြုံးချင်ပေမဲ့ စိတ်စိုးချင်ယောင်ဆောင်ကာ ဒေါသတကြီးနဲ့ ကြက်အရိုးကိုချက်ဖို့ပြင်သည်။
တစ်နာရီကြာပြီးနောက် ရနံ့ရဲ့ကြက်သားဟင်းအိုးလေးက မဆာလာနံ သင်းသင်းလေးနဲ့ချက်လိုပြီးသွားသည့်အပြင် ကန်စွန်းရွက်ကြော် ချဉ်ပေါင်ဟင်းရည်တစ်ခွက် ပါချက်ပြီးသွားသည်။
တမန်ရဲ့ ကြက်သားကတော့ အရောင်မလှအဆင်မလှနဲ့ပါ။ ရနံ့က သူကြက်သားဟင်းကိုကြည့်ပြီး
ဪ လက်စသတ်သော့ နာတာရှည်ဖျားနာနေတဲ့ ကြက်သားဟင်းပါလား စားကောင်းမဲ့ပုံပေါ်တယ် ချက်ရတာပင်ပန်းသွားပြီးထင်တယ် မျက်နှာမှာလဲ အိုးမဲတွေနဲ့"
"မင်းမရိနဲ့ ဟွန့် ငါအခုပဲရေချိုးပြီး ထမင်းစားမှာ"
"ကောင်းပါတယ်"
ရနံ့ မျက်နှာမဲ့ရွဲ့ကာ ဖြေပြီး ရေချိုးဖို့ပြင်သည်။ရေချိုးပြီးလျှင် နှစ်ယောက်အတူတူထမင်းစားသည်။ရနံ့ကတော့ စားကောင်းကောင်းဖြစ် စားလိုက်တာနှစ်ပန်းကန်ကုန်သည်။ တမန်ကတော့ တစ်ပန်ကန်တောင်အရာမယွင်းပါ။ ကြက်သားဟင်းကလည်း နည်းနည်းမှမလျော့ပါ။ ရနံ့ မသိမသာ လှမ်းခိုးကြည့်ပြီး ကျေနပ်သောမျက်နှာဖြစ် ပိုတဲ့ကြက်သားဖတ်တွေကို ထမင်းနဲ့နယ်ပြီး လောင်အိမ်ထဲက ဂျက်ကီကိုသွားကျွေးဖို့ပြင်သည်။
"မင်းငါခွေးကို ကျွေးစရာမလိုဘူး"
"မကျွေးရင် သူ့ဗိုက်ဆာနေမှာပေါ့"
"ငါသူကိုကျွေးထားတယ်"
ရနံ့ ဂျက်ကီ အစာကျွေးတဲ့ခွက်ကိုကြည့်လိုက်လျှင် တမန် ကျွေးထားတဲ့ ထမင်းကို လုံးဝမစားတာတွေ့ရတာကြောင့် တမန်ကိုမျက်စောင်းထိုးကြည့်ကာ
"ရှင် ခွေးစုတ်က ရှင်ချက်တဲ့ဟင်းဘယ်လောက်တောင် ကောင်းလိုလဲမသိဘူး နည်းနည်းမှကိုမစားတာ "
"မင်းနော်!!"
"အမှန်ပြောတာ ဒေါသတှထှေကျပွမနနေဲ့ ဂျက်ဂီ နင်ဗိုက်ဆာပြီးမလား ရော့စား "
ဂျက်ကီက ရနံ့ကိုမာန်ဖီသော်လည်း ရနံ့ကျွေးတဲ့ ထမင်းကိုတော့ အားပါတရစားသည်။ တမန် ကလည်း သူချက်ထားတဲ့ ဟင်းမကောင်းတာကြောင့် သွန်ပစ်ဖို့ပြင်သည်။
"ဒီမှာ ရှင်ဟင်းမသွန်နဲ့ ကျွန်မ ပြန်ပြင်ချက်ပေးမယ် ရှင်ဟင်းဘယ်လို အရသာရှိလဲ ကျွန်မသိတယ် မြည်းကြည့်ပြီးပြီး ရှင်လိုပဲ အရမ်းဆိုးဝါးတယ်ဆိုတာ သိတာကြောင့် ကျွန်မ ချန်ထားတဲ့ ကြက်သားနဲ့တစ်ခြားဟင်းတွေပါထည့်စားလိုက် နောက်ကို ကျွန်မကို အာမခံနဲ့ ရှင်နဲ့ဂျက်ဂီကို အငတ်ထားပစ်မယ်ဘာမှတ်နေလဲ"
ရနံ့ ကြိမ်ဝါးပြီးပြောကာ စားပြီးသာ ပန်းကန်တွေကို ဆေးကြောသန့်စင်နေ၏။ တမန် နဲ့ဂျက်ကီကတော့ ရနံ့ပြောစကားကို အာရုံထဲမဝင်က ထမင်းကိုသာ အားရပါးရစားနေကြသည်။
******
တမန် ခြံထောင့်မှာ မြေပေါက်ပြီး အပင်စိုက်ဖို့လုပ်နေသည်။ ဂျက်ကီကလည်း ဘေးနားကအရိပ်ရတဲ့အပင်အောက် အိပ်နေသည်။ရနံ့ကတော့ အိပ်ခန်းထဲက ဗီရိုကိုဖွင့်ကြည့်ပြီး အံ့ဪလျက်ဖြစ်နေသည်။
"ကြည့် အရူးကောင် ငါအတွက်အဝတ်စားဝယ်ထားတာကိုမပြောဘူး ငါမှာ ဝတ်ပြီးသာ အင်ကျီတွေကိုပဲပြန်ဝတ်နေရတာ အကျင့်ပုတ်တာ.. အဟီး ဂါဝန်လေးတွေကလည်း လှလှလေးတွေချည်းပဲ ငါအကြိုက်အရောင်တွေချည်းပဲ နေစမျးပါအုံး ဒီအဝတ်အစားတွေကို ဘယ်တုန်းကဝယ်ပေးထားတာလဲ"လို့ ရေရွတ်ကာဗီရိုတံခါးပိတ်ပြီး တမန် ရှိရာဆီသို့ ထွက်လာခဲ့သည်။
ေနာက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်
"
"
"